အကဲဖြတ်ခန်းမ
Vol. 2 Ch. 16
အဂ္ဂိရတ်ပညာရှင် အကဲဖြတ်မှုတွင် အဆင့်များစွာ လိုအပ်သော်လည်း အဆင့်မြင့် အလုပ်သင် နေရာအတွက် အောင်မြင်ရန် အလွန်ခက်ခဲပေသည်။
ပျမ်းမျှ အလုပ်သင် ဆယ်ယောက်တွင် တစ်ယောက်သာ အောင်မြင်နိုင်ချေရှိသည်။ထို့ကြောင့် တရားဝင် အဂ္ဂိရတ်ပညာရှင်သည် အလွန်မြင့်မားသော အဆင့်အတန်းတစ်ခု ရှိခြင်းသည်။
ဤအခြေအနေကြောင့် ကျန်းဝူအင်ပါယာ၏ တော်ဝင် မိသားစုများကပင် အဂ္ဂိရတ်ပညာရှင်များကို ပေါ့ပေါ့တန်တန် အပြစ်ပေးဝံ့ခြင်း မရှိကြ။
"အဂ္ဂိရတ် ပညာရှင်တွေက စိတ်ဝိညာဉ်စွမ်းအားကို အာရုံစိုက်ကြပြီး သူတို့ရဲ့ ခွန်အားကို [ဝိညာဥ်စွမ်းအင်တိုင်းတာခြင်း]နဲ့ ညွှန်ပြနိုင်တယ်... သာမန်လူတွေက ကျင့်ကြံထားတာ မရှိလို့ သူတို့အဆင့်က ၀.၁ပဲဲ ရှိတယ်။ သူတို့ရဲ့ စုစုပေါင်း စိတ်စွမ်းအား ဆယ်ပုံတစ်ပုံကိုသာ အသုံးပြုနိုင်ကြတယ်!"
"တရားဝင် အဂ္ဂိရတ်ပညာရှင် တစ်ယောက်က အဆင့်တစ်ပဲ ရှိသေးပေမယ့် စွမ်းအင်လည်ပတ်ဖို့ အရမ်းပြင်းထန်တဲ့ စိတ်စွမ်းအား လိုအပ်တယ်... စိတ်ဝိညာဉ်စွမ်းအား အတိုင်းအတာက အနည်းဆုံး ၀.၃ ကိုရောက်နေရမယ် ဆိုလိုတာက စုစုပေါင်း စိတ်စွမ်းအားရဲ့ ဆယ်ပုံသုံးပုံကို အသုံးပြုနိုင်ရမယ်"
ဤခန္ဓာကိုယ်သည် သာမန်မျှသာဖြစ်သူ၏မှတ်ဉာဏ်ကို ပေါင်းစည်းပြီးနောက် အဆင့် ၀.၂သို့ ရောက်ရှိနိုင်သည်။ ၎င်းသည် ပထမတန်းစား အဂ္ဂိရတ်ပညာရှင်နှင့် ဝေးကွာနေသေးသည်။
တရားဝင် အဂ္ဂိရတ်ပညာရှင်ကို အကဲဖြတ်နေသည့် အခန်းအပြင်ဘက်သို့ ရောက်ရှိလာတော့ လုရွှမ်သည် အလျင်စလို မ၀င်ရောက်ဘဲ ခေတ္တရပ်ကာ
"ကြည့်ရတာ ဒီနည်းလမ်းကိုပဲ သုံးရတော့မယ်ထင်တယ်"
"ကိုးမှတ်ဝိညာဥ်နည်းလမ်း"
စိတ်ထဲတွင် လှုပ်လှုပ်ရှားရှားဖြင့် နာမည်တစ်ခု ပေါ်လာသည်။
ကိုးမှတ်ဝိညာဥ်နည်းလမ်းသည် ဝိညာဉ်စွမ်းအားကို မြှင့်တင်ရန်အတွက် သူယခင်ဘဝက အဂ္ဂိရတ်ဆရာအသင်း အဖွဲ့ချုပ်တွင် တွေ့ခဲ့သော အရိုးရှင်းဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းဖြစ်သည်။
ဘေးထွက်ဆိုးကျိုးမရှိဘဲ ဝိညာဉ်စွမ်းအား အားနည်းနေချိန်တွင် ကျင့်ကြံရန်အတွက် သင့်လျော်သည်။
"ကိုယ်ခန္ဓာရဲ့ ဝိညာဥ်စွမ်းအင် နေရာကိုးခုကို နှိုးဆွပေးရမှာ...ဒါပေမဲ့ အဲဒါကလူကို အသည်းခိုက်အောင် နာကျင်စေလိမ့်မယ် ဝိညာဉ်စွမ်းအားကို မြှင့်တင်ဖို့ ဒီနည်းလမ်းက ဝိညာဉ်စွမ်းအားကို ကနဦး ပြုစုပျိုးထောင်ရာမှာ အလွန်ထိရောက်တယ်...ဒါပေမယ့် အဆင့်တစ်ခုကို ကျော်လွန်သွားရင်တော့ အသုံးမဝင်တော့ဘူး!"
"အဲဒီကိုးနေရာက ကောင်းကင်၊ မြေကြီး၊ လူ၊ စွမ်းအား၊ လျှို့ဝှက်ဆန်းကြယ်၊ ယင်၊ ယန်၊ ချီ နဲ့ လေးစားမှုပဲ..."
ဤနည်းလမ်းသည် စိတ်ဝိညာဉ်စွမ်းအားကို လျင်မြန်စွာ တိုးစေနိုင်သော်လည်း ၎င်းသည် ကြီးမားသော အန္တရာယ်ကိုလည်း သယ်ဆောင်လာနိုင်သည်။
ပထမဆုံးအနေနဲ့ ကိုးမှတ်လို့ခေါ်တဲ့ ဝိညာဥ်အမှတ်တွေကို ကိုးတန်းအဆင့် ဒါမှမဟုတ် အထက်အဆင့်ကို ရောက်သွားတဲ့ အဂ္ဂိရတ်ပညာရှင်တွေကသာ တွေ့ကြုံခံစားနိုင်မှာ ဖြစ်သည်။
သာမန်လူတွေက ထိုနေရာကို အတိအကျ ရှာတွေ့ဖို့မပြောနှင့် အဲဒါကို လုံးဝမသိဘူးချေ။ ဒုတိယအချက်မှာ ဝိညာဥ်အမှတ် ကိုးခု၏ နှိုးဆွမှုသည် အလွန်နာကျင်ပြီး ခံနိုင်ရည် မရှိပါက နာကျင်လွန်းလို့ ရူးသွားနိုင်၏။ အရူးအမူးဖြစ်လာရန် လွယ်ကူသည်။
ထို့အတွက်ကြောင့် ဤကိုးမှတ်ဝိညာဥ် နည်းလမ်းသည် အစွမ်းထက်သော်လည်း ၎င်းကို မည်သူမျှ အသုံးမပြုဖူးဘဲ ဒဏ္ဍာရီတွင်သာ ရှိနေသည်။
နောက်ဆုံးမှာ ကိုးမှတ်ကို နားလည်နိုင်ပေမယ့် စကားလုံးနဲ့ ရှင်းပြလို့မရချေ။ မေးကြည့်မယ်ဆိုရင် ကိုးမှတ်ကို အဂ္ဂိရတ်ပညာရှင်တွေ အားလုံးသာ သိနေရင် ဘယ်လိုလုပ် တခြားနိမ့်ကျတဲ့ နည်းလမ်းတွေကို သုံးနေကြဦးမှာလဲ။
လုရွှမ်သည် ပြန်လည်မွေးဖွားလာခဲ့ပေမယ့် မှတ်ဉာဏ် မပျောက်ဆုံးခဲ့ဘဲ ဝိညာဥ်ကိုးမှတ်ကို နားလည်မှုလည်း ရှိကာ သူ၏ ခိုင်မာသောနှလုံးသားနှင့် ပေါင်းစပ်လိုက်ရင် လူတွေမလုပ်နိုင်တဲ့ အရာကို သူ့အတွက်တွေ လွယ်လွယ်ကူကူ လုပ်နိုင်လိမ့်မည်။
အထူးနည်းလမ်းအတိုင်း သတိပင်လယ်ထဲမှာ အာရုံစူးစိုက်ပြီး အပ်စိုက်ရာ နေရာကိုးခုကို ဖိလိုက်သည်။
ဘန်း ဘန်းဘန်းဘန်းဘန်း ဘန်းဘန်းဘန်းဘန်း!
ပြတ်သားသော အသံကိုးမျိုးဖြင့် ဝိညာဥ်အမှတ် ကိုးခုကို တံဆိပ်ခတ်လိုက်ရာ ရိုးတွင်းခြင်ဆီ အတွင်းသို့ ထိုးဖောက်ဝင်ရောက်လာသည့် နာကျင်မှုသည် ခန္ဓာကိုယ်အနှံ့ ချက်ချင်းပျံ့နှံ့သွားပြီး စိတ်ဝိညာဉ်ကို လှုံ့ဆော်ပေးလာ၏။
ဤဝေဒနာသည် စိတ်ဝိညာဉ်မှ ဆင်းသက်လာ၍ သာမန်လူတစ်ဦးဖြစ်သည့် ဝူအဆင့်၉ လူတစ်ဦးပင် သည်းမခံနိုင်တော့ဘဲ ညည်းညူနေလိမ့်မည်။
သို့သော် လုရွှမ်အတွက်က မဟုတ်ချေ။ သူက နေရာတွင်သာ ငြိမ်သက်စွာထိုင်နေပြီး နာကျင်မှုတွေက သူ့ခန္ဓာကိုယ်မှာ ဖြစ်ပေါ်နေတာ မဟုတ်တဲအတိုင်းပင်။
ဟမ်!
အစွမ်းထက်သော လှုံ့ဆော်မှုအောက်တွင် ၀.၂ အဆင့်သာရှိသော မူလစိတ်ဝိညာဉ် စွမ်းအားသည် လျင်မြန်စွာ တိုးလာပြီး အကြိမ်၁၀လောက် ဆက်ကြိုးစားလိုက်ရင် ထက်ဝက်နီးပါး တိုးလာလိမ့်မည်။
"အဆင်ပြေလောက်ပြီ..."
ဝိညာဉ်စွမ်းအားက ၀.၃ ရောက်လုနီးနီး ဖြစ်နေပြီဟု ခံစားရသဖြင့် လုရွှမ်သည် ရပ်တန့်လိုက်ပြီး ကိုးမှတ်ပေါ်က ဖိနှိပ်ထားမှုကို ရုတ်သိမ်းလိုက်သည်။
သာမာန် ကျင့်ကြံမှုတွင် ဝ.၂ မှ ၀.၃ အထိ တစ်နှစ် သို့မဟုတ် နှစ်နှစ်ကြာအောင် ကျင့်ကြံလည်း မအောင်မြင်နိုင်ပေ။ သူပြောလိုက်ရင်တော့ မရေမတွက်နိုင်သော လူများကို ဒေါသထွက်ပြီး သေစေမည်မှာ သေချာသည်။
ဒါပေါ့။ ဒီလိုအရမ်း မြန်တာက သူ့ရဲ့ မြင့်မားတဲ့ အရည်အချင်းတွေကြောင့် မဟုတ်ဘဲ သူ့ရဲ့ အသိပညာ၊ အံ့သြစရာကောင်းတဲ့ ခံနိုင်ရည်နဲ့ စိတ်ဆန္ဒကြောင့်ပဲလေ။
ဒီလိုမှမဟုတ်ရင် အသက်တစ်ဒါဇင်လောက် ရှိရင်တောင် မထိန်းနိုင်ဘဲ စိတ်ဝိညာဥ်က မိမိကိုယ်တိုင်ကို အနိုင်ယူပြီး လုံးဝ အရူးတစ်ယောက်လို ဖြစ်သွားလိမ့်မည်။
"ရှောင်းရှောင်း အဲဒီကောင်လေး အဲ့မှာ ရပ်နေတာကြာပြီ၊ သူက ငကြောက်တော့ မဟုတ်ဘူးမလား"
သူ့စိတ်ဝိညာဉ် စွမ်းအားကို မြှင့်တင်ပြီး ဖရိုဖရဲ စိတ်တွေကို တည်ငြိမ်အောင် လုပ်နေစဥ် မလှမ်းမကမ်းမှ အသံတိုးတိုးလေးကို ကြားလိုက်ရသည်။
စကားပြောသူမှာ မျက်နှာဝိုင်းဝိုင်းနှင့် သေသပ်သော မျက်လုံးများနှင့် အသက်ခပ်ငယ်ငယ် မိန်းကလေးဖြစ်ပြီး အနည်းငယ် ချစ်စရာကောင်းသည်။
"အဂ္ဂိရတ်အဖွဲ့ထဲက လူတွေက အဲဒီကို အကြောင်း တစ်ခုခုကြောင့် သွားကြတာ ဒီလိုမြင့်မြတ်တဲ့ နေရာကို တဖြည်းဖြည်း အာရုံမစိုက်ကြတော့ပေမယ့် ကြောင်လေး ခွေးလေးတွေတောင် အနီးနားကို ကပ်သွားနိုင်ကြတာ...သူမသွားရဲရင်တော့ ရှက်စရာကြီး!"
အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။
လုရွှမ်၏အမြင်အရ သူမသည် ခရမ်းရောင်ဂါဝန်ကို လှပသော အသွင်အပြင်ဖြင့် ဝတ်ဆင်ထားပြီး အရပ်ရှည်ရှည် သွယ်လျသော မိန်းကလေးတစ်ဦး ဖြစ်သည်။
သူမ၏အလှ ယခင်ကမြင်ဖူးသည့် မင်းသမီးလော့ရုံထက် အနည်းငယ် နိမ့်ကျနေသော်လည်း သူမသည် ဆူးယာနဲ့ သိပ်မကွာချေ။ သေချာပေါက် အလှလေးစာရင်းဝင် တစ်ယောက်တော့ ဖြစ်လိမ့်မည်။
မိန်းကလေး၏ မျက်လုံးများသည် မောက်မာမှုများ ပြည့်နှက်နေပြီး လုရွှမ်ကိုကြည့်တဲ့ မျက်လုံးများတွင် မထီမဲ့မြင်ပြုမှု အပြည့်ရှိနေသည်။
ထိုအချိန်တွင် လုရွှမ်သည် မိန်းကလေး၏ ရင်ဘတ်တွင် ငွေရောင်အရွက် သင်္ကေတတစ်ခု အလင်းရောင် ပြန်ဟပ်နေပြီး သစ်ရွက်ပေါ်ရှိ ခြေရာသုံးချောင်းကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။
အထက်တန်း အဆင့်မြင့် အဂ္ဂိရတ်ပညာသင်ပဲ။
အထောက်အထားကို ကိုယ်စားပြုသည့် အဆင့်သတ်မှတ်ချက်မှ ခြေတစ်လှမ်းသာ ကွာတော့သည်။
ကျန်းဝူကျောင်းတော် တစ်ခုလုံးတွင် ရှားရှားပါးပါးဟု ယူဆရသည့် အသက် ၁၆နှစ် သို့မဟုတ် ၁၇နှစ်တွင် ဤအဆင့်သို့ သူမရောက်ရှိခဲ့သည်မှာ အံ့သြစရာပင်။
"မြန်မြန် မဖယ်သေးဘူးလား?"
လုရွှမ်သည် သူမ ရင်ဘတ်ပေါ်ရှိ ငွေရောင်အရွက်ကို ကြည့်နေတာ မြင်လိုက်ရသည်နှင့် မိန်းကလေး ရှောင်းရှောင်းသည် မျက်မှောင်ကြုတ်လိုက်သည်။
လုရွှမ် ဂရုမစိုက်ဘဲ လမ်းဆက်လျှောက်လိုက်သည်။
ကိုယ့်ကိုကိုယ် ယုံကြည်မှု အလွန်အမင်း စွဲလမ်းသော ကလေးမလေး တစ်ယောက်သာ ဖြစ်ပြီး သူသည် နှစ်ပေါင်းများစွာကြာအောင် နေထိုင်လာခဲ့သည့် ဘီလူးတစ်ကောင် ဖြစ်သောကြောင့် သဘာဝအတိုင်း ဂရုမစိုက်ပေ။
"ရှောင်းရှောင်း အကျင့်က အဲ့လိုပဲ.. အပြစ်မမြင်ပါနဲ့... "
မျက်နှာဝိုင်းစက်သော မိန်းကလေးသည် အနည်းငယ် အားနာသွားပုံဖြင့် ဖြတ်သွားသည့်အခါ လုရွှမ်ကိုလှည့်ပြောရင်း ရှောင်းရှောင်းနောက်မှ အခန်းထဲသို့ လိုက်သွားခဲ့သည်။
လုရွှမ်လည်း အနည်းငယ် ပြုံးပြပြီး နောက်မှ လိုက်သွားခဲ့သည်။ အခန်းထဲကို ဝင်လာတော့ ဆေးရနံ့ သင်းသင်းလေးဟာ လူတွေကို လန်းဆန်းသွားစေ၏။
ခန်းမအတွင်း၌ လူလေး ငါးဦးမျှသာ ရှိကြပြီး ကိုယ့်အလုပ်ကိုယ် လုပ်နေကြသည်။ အသံတစ်ခုကြား လိုက်ပုံဖြင့် လူလတ်ပိုင်း အမျိုးသားတစ်ဦး ရောက်လာသည်။
"ဒါက အဂ္ဂိရတ်ပညာရှင်တွေကို အကဲဖြတ် စစ်ဆေးပေးတဲ့ အဂ္ဂိရတ်အဖွဲ့အစည်း အကဲဖြတ်ခန်းမပဲ.... အကဲဖြတ်မှုမှာ ပါဝင်ဖို့လာတာ မဟုတ်ဘူးဆိုရင် ကျေးဇူးပြုပြီး ချက်ချင်း ထွက်ခွာပေးပါ"
"တရားဝင် အဂ္ဂိရတ်ပညာကို အကဲဖြတ် စစ်ဆေးခံဖို့ လာတာပါ"
"အစစ်ဆေးခံမယ့် အဂ္ဂိရတ်ဆရာလား? မင်းက အကြီးတန်း အလုပ်သင်လား?"
လူလတ်ပိုင်းအရွယ်က မျက်လုံးပြူးသွားသော်လည်း လုရွှမ်ကိုယ်ပေါ်၌ ရာထူးကို ကိုယ်စားပြုသည့် ငွေရောင်သစ်ရွက်ကို ရှာမတွေ့ခဲ့ပါ။
"မင်းရဲ့ အဆင့်တံဆိပ်က ဘယ်မှာလဲ"
"တံဆိပ်မပါရင် အကဲဖြတ်ဖို့ နည်းလမ်းမရှိဘူးလား"
လုရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။
"အဲ့လို မဟုတ်ပါဘူး တံဆိပ်တစ်ခုရှိခြင်းက လူတွေကို ယုံကြည်မှု ပိုရရှိစေသလို အဆင့်ကိုလည်း ပြသနိုင်ပါတယ်....ဒါပေါ့! မင်းမှာ ယုံကြည်မှုရှိရင် တံဆိပ်မပါဘဲ အကဲဖြတ် စစ်ဆေးခံဖို့ ပါဝင်နိုင်ပါတယ်.. ဒါပေမယ့် မင်းအရင်ဆုံး သတ်မှတ်ထားတဲ့ အခကြေးငွေကို ပေးဆောင်ရမယ်။"
ဤအကြောင်းနှင့် စပ်လျဉ်း၍ လူလတ်ပိုင်းအရွယ် အမျိုးသားသည် တစ်ဖက်သား၏ မျက်လုံးများတွင် သံသယကိုမြင်ပြီး
"စိတ်မပူပါနဲ့...ဒီအခကြေးငွေက အပ်ငွေတစ်ခုသာပါပဲ မင်းစာမေးပွဲအောင်ပြီး အဂ္ဂိရတ်ပညာရှင် ဖြစ်လာရင် မင်းကို ပြန်ပေးလိမ့်မယ်... မအောင်မြင်ရင်တော့ စိတ်မကောင်းပါဘူး... အခကြေးငွေကို ချန်ထားခဲ့ရလိမ့်မယ် ဒါကရည်ရွယ်ချက်ရှိရှိ ပြဿနာလာရှာတဲ့ လူတချို့ကို ဒုက္ခမဖြစ်အောင် တားနိုင်ဖို့ပဲလေ။"
"အိုး ဘယ်လောက်လဲ?" လုရွှမ်က မေးလိုက်သည်။
"ရွှေစတစ်သောင်း!"
သက်လတ်ပိုင်းလူက ပြန်ဖြေ၏။
"တစ်သောင်း?"
လုရွှမ် ခေတ္တဆွံ့အသွားသည်။ အဂ္ဂိရတ်ပညာသည် ငွေကုန်ကြေးကျခံ လုပ်ငန်းတစ်ခုအဖြစ် ထိုက်တန်ပြီး အကဲဖြတ်ရန် အပ်ငွေများစွာ လိုအပ်သည်။ ကံကောင်းထောက်မစွာနဲ့ သူသည် အလုံအလောက် ယူဆောင်လာ၏။
မဟုတ်ပါက အကဲဖြတ်ရန်အတွက် အရည်အချင်းတောင် မရှိဘူးဟု ဖြစ်သွားလိမ့်မည်။ ပိုက်ဆံက နေရာယူနိုင်တာပဲ။ ဘယ်နေရာရောက်ရောက် သူမပါရင် မဖြစ်သေးဘူး။
"ဒါက ဖြည့်ရမယ့် အချက်အလက်တွေပါ ဖြည့်ပြီးရင် ငါမင်းကို အဲဒီကို ခေါ်သွားပေးမယ် ဒီနေ့ အကဲဖြတ်မယ့်သူ အနည်းငယ်ပဲ ရှိတော့တယ် တာဝန်ခံ ဆရာနဲ့ ကြိုချိန်းထားရင် စောင့်ဆိုင်းရတဲ့ ပြဿနာတွေကို သက်သာစေနိုင်တယ်"
ဖန်းရှစ်၏ အမြင့်မြတ်ဆုံး ရွှေကတ်ကို လွှဲပေးပြီးနောက် လူလတ်ပိုင်းအမျိုးသား၏ စိတ်နေသဘောထားမှာ များစွာတိုးတက် ကောင်းမွန်လာပြီး အမည်ကတ်တစ်ခုကို ပေးအပ်လာခဲ့သည်။
"ကျေးဇူးတင်ပါတယ်! "
အမည်ကတ်ကို ယူပြီးနောက် လုရွှမ်က အဲဒါကို ကြည့်လိုက်သည်။ ဖြည့်စွက်ရမယ့် အရာတွေက အရမ်းရိုးရှင်းပြီး အချိန်အများကြီး မယူတဲ့အတွက် စကားမပြောဘဲ အားလုံးကို ဖြည့်စွက်ပြီး လွှဲပြောင်းပေးလိုက်သည်။
"အကဲဖြတ်ခန်းမက အရှေ့မှာပဲ ငါမင်းကို ခေါ်သွားပေးမယ်"
သူဖြည့်ထားတာကို မြင်တော့ လူလတ်ပိုင်းအရွယ်က ဘာအမှားအယွင်းမှ မရှိဘူးဆိုတာကို သေချာစစ်ဆေးပြီးမှ လမ်းပြဖို့ ရှေ့ကို လျှောက်သွား၏။
အကဲဖြတ်ရန် စာမေးပွဲခန်းသို့ လာနိုင်သည့်သူများသည် အဂ္ဂိရတ်ဆရာများဖြစ်ရန် အလားအလာ အလွန်များသောကြောင့် ထိုလူများ၏ သဘောထားသည် ရိုသေမှု လုံးဝပြည့်နေကြသည်။
ခဏအကြာတွင် နှစ်ယောက်သား တံခါးတစ်ပေါက်ရှေ့တွင် ရပ်လိုက်ကြပြီး လူလတ်ပိုင်းအရွယ် အမျိုးသားက
"အကဲဖြတ်ရေးတာဝန်ခံ သုံးဦးစလုံးက တရားဝင် အဂ္ဂိရတ်ဆေးဆရာတွေ ဖြစ်ပြီး တစ်ယောက်က ဒုတိယအဆင့်ကို ရောက်နေပြီ... မင်းစကားပြောရင် သတိထားပါ"
လုရွှမ်က ခေါင်းညိတ်ပြပြီး ဝင်သွားသည် ။