← Chapters

အဂ္ဂိရတ်

Vol. 2 Ch. 18

အဂ္ဂိရတ်

Vol. 2 Ch. 18

"ဘာ? ဆယ့်တစ်မျိုးလုံး ဖြေသွားတယ်?"

"ဘယ်လို ဖြစ်တာလဲ? ဆေးပင်တွေက ၁၀မျိုးပဲလို့ ပြောခဲ့တာ မဟုတ်ဘူးလား?"

အကဲဖြတ် စင်မြင့်ပေါ်ရှိ အဂ္ဂိရတ်ဆရာ သုံးယောက်သည်လည်း ထိုစကားကို ကြားတော့ အားလုံးက အစတွင် အံ့ဩသွားကာ သံသယများ ပြည့်နှက်သွားကြသည်။

သေတ္တာထဲတွင် ဆေးဖက်ဝင်ပစ္စည်း ဆယ်မျိုးသာ ရှိသည်။ သူတို့လည်း ၎င်းတို့ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်တာကို ဘယ်လိုလုပ် ဆေးပင်က ဆယ့်တစ်မျိုး ရှိလာတာလဲ?

"ငါ စောစောက ကြေညာတာ မှားသွားတာ ဒီလုရွှမ်ကပဲ ဒီအကဲဖြတ်မှုရဲ့ ရွှေတံဆိပ်နေရာ ရရှိသူဖြစ်ပြီး ဆေးပင်ဆိုင်ရာ ပစ္စည်းတွေ ဆယ့်တစ်မျိုးကို တိတိကျကျ ဆုံးဖြတ်ခဲ့တယ်!"

ခဏတာ အံ့အားသင့်သွားပြီး လူကြီးမင်းချိုးက ပြောသည်မှာ

"သူက နံပါတ်တစ်လား?"

ရှောင်းရှောင်းသည် လူတိုင်း၏ အထင်ကြီး လေးစားဖွယ် မျက်လုံးများကို လက်ခံနေပြီး အမှတ်ပြည့် အဂ္ဂိရတ်ပညာရှင် တစ်ဦးဖြစ်လာရန် စီစဉ်နေ၏။

အကဲဖြတ် စစ်ဆေးသည့် လမ်းတစ်လျှောက်မှာလည်း သူမအဖြေက လုံးဝပြည့်စုံနေရာ သူမသည် ထိုစကားကို ကြားလိုက်သောအခါ မျက်နှာတစ်ခုလုံး စိမ်းဖန့်ဖန့်နဲ့ နီရဲလာသည်။

သူမဟာ နံပါတ်တစ်ဖြစ်ကြောင်း မကြေငြာရင် ထားပါတော့ သူမ အသက် (၅) ချက်တောင် ပြည့်အောင်မရှုရသေးခင် သူမပထမရတဲ့ အကြောင်းက ကြေညာချက်မှားနေကြောင်း ပြောတာဟာ သူမမျက်နှာကို ဖြတ်ရိုက်လိုက်တာနဲ့ အတူတူပဲ။

"လူကြီးမင်း သေတ္တာထဲမှာ ဆေးပစ္စည်း ဆယ်မျိုးပဲ ရှိတာ မဟုတ်လား၊ ၁၁မျိုးဆိုတာက ဘာကိုဆိုလိုတာလဲ?"

သူမ၏ သွားများကို ကြိတ်ချေရင်း သွေးအန်ချင်စိတ်ကို ထိန်းချုပ်ကာ မော့ကြည့်လိုက်သည်။ အခြားသူများကလည်း ရှင်းပြချက်ကို ကြားလို၍ တညီတညွတ်တည်း ကြည့်နေကြသည်။

"သေတ္တာကို ပတ်ထားတဲ့ အနက်ရောင်အဝတ်ကို ဖယ်လိုက်ပါ!"

ဆရာကြီးချိုးသည် ရှောင်းရှောင်း၏ မေးခွန်းကို မဖြေဘဲ ပြတ်ပြတ်သားသား ပြောလိုက်သည်။ လူတိုင်းကလည်း သူတို့ လက်ကိုဆန့်လိုက်ကြရာ

"သစ်မွှေးသစ်သား? ဒီသေတ္တာကို ဆေးဖက်ဝင်သစ်သားနဲ့ ပြုလုပ်ထားတာပဲ... ဆယ့်တစ်မျိုးရှိတယ်ဆိုတာ မထူးဆန်းတော့ပါဘူး"

"လတ်စသတ်တော့ အဲ့လိုကိုး... ဒီစာမေးပွဲမေးခွန်းမှာ ထောင်ချောက်တွေ ရှိနေတာပဲ..."

"သစ်သားကို ထိတွေ့ရုံနဲ့ ခံစားနိုင်တယ်.. ဒီကောင်လေးက တကယ့် ကျွမ်းကျင်မှု ရှိတာလား ဒါမှမဟုတ် ကံကောင်းတာလား?"

သေတ္တာရဲ့ အရည်အသွေးကို မြင်တော့ လူတိုင်း ရုတ်တရက် သဘောပေါက်သွားပြီး တချို့က သဘောကျကြသလို တချို့ကလည်း ပဟေဌိတွေ ဖြစ်သွားကြသည်။

သစ်မွှေးမှာ အနံ့မရှိသလို ထူးထူးခြားခြား ဘာမှ မရှိပါချေ။ ထိတွေ့မိရုံလေးနဲ့ သိတယ်ဆိုတော့ လူကိုတကယ် ယုံကြည်ရခက်စေတာပဲ။

ဒါပေမဲ့ လုရွှမ်လို့ ခေါ်တဲ့ ဒီကောင်လေးက ကိုင်လိုက်ပြီးတာနဲ့ အသက်ရှူချိန် လေးဆယ်အတွင်း အဖြေစာရွက်မှာ ရေးခဲ့ချတယ်။ ပထမနေရာရဖို့ သူက တကယ်ကို ထိုက်တန်ပါတယ်။

"ပထမစမ်းသပ်မှု အောင်မြင်တဲ့ လေးယောက်ကတော့ လုရွှမ်၊ ရှောင်းရှောင်း၊ လျိုယွဲ့နဲ့ နဲ့ ရင်ရှန်... ကျန်တဲ့သူတွေကတော့ ကျောက်တုံးစင်မြင့်ပေါ်ကနေ ထွက်သွားရမှာပါ!"

လူတိုင်း၏ မှတ်ချက်များကို လျစ်လျူရှုပြီး လူကြီးမင်းချိုးသည် ရလဒ်များကို ကြေငြာပြီး ဒုတိယအကဲဖြတ်ခြင်းကို ဆက်လက်လုပ်ဆောင်ခဲ့သည်။

"ပထမအဆင့်က ဆေးကို ခွဲခြားသိမြင်ဖို့ ဖြစ်ပြီး ဒုတိယအဆင့်က စိတ်ဝိညာဉ်စွမ်းအား အတိုင်းအတာကို စမ်းသပ်မှာ ဖြစ်တယ်... အကယ်၍ အဂ္ဂိရတ်ပညာရှင် တစ်ဦးဖြစ်ချင်တယ် ဆိုရင် ၀.၃ ထက်မနည်းတဲ့ စိတ်စွမ်းအားရှိရမယ်။ ဒါက စွမ်းအားတိုင်းတာတဲ့ မိုးပျံသစ်သားပဲ မင်းတို့လေးယောက်က တစ်ယောက်ပြီး တစ်ယောက် လာစမ်းကြ... သစ်သားအမှတ်က အောင်အောင်မြင်မြင် တက်သွားတယ်ဆိုရင် အဲဒါက စမ်းသပ်မှု အောင်မြင်ပြီ...သစ်သားအမှတ် မြင့်လေလေ အဆင့်ပိုမြင့်လေပဲ”

"မိုးပျံသစ်သားနဲ့ စမ်းသပ်တာလား? အင်း!"

လုရွှမ် ခေါင်းညိတ်လိုက်သည်။

မိုးပျံသစ်သား စမ်းသပ်မှုသည် စိတ်ဝိညာဉ်ခွန်အားကို စမ်းသပ်ရန် သုံးသည့် ကိရိယာတစ်ခုဖြစ်သည်။

မိုးပျံသစ်သားသည် စိတ်ဝိညာဉ်၏ စွမ်းအားကို ခံနိုင်ရည်ရှိ၍ ထိန်းထားနိုင်သည့် အထူးသစ်သားတစ်မျိုးဖြစ်ပြီး ၎င်းသည် အနည်းဆုံး 0.3 သို့မဟုတ် ထိုထက် ပိုရောက်ရှိသွားကြောင်း ညွှန်ပြသည်။

မိုးပျံသစ်သား၏ စမ်းသပ်မှုသည် စိတ်ဝိညာဉ်စွမ်းအား၏ အတိုင်းအတာကို စမ်းသပ်ရန်အတွက် အရေးကြီးသော သင်္ကေတတစ်ခုဖြစ်ပြီး ၎င်းသည် အမှန်ကန်ဆုံး နည်းလမ်းလည်းဖြစ်သည်။

အရင်ကတော့ ခန့်မှန်းကြည့်ခဲ့ရုံပဲ အခုတော့ တကယ်ပဲ ဒီလိုစမ်းသပ်ကြတာကိုး

"ပထမတစ်ယောက်ကတော့ ရင်ရှန်!"

ရင်ရှန်ဟာ ပထမအဆင့် စမ်းသပ်မှုအတွက် ဆေးပင် ရှစ်မျိုးကို မှန်ကန်စွာရေးခဲ့ကာ အောင်မြင်ခဲ့ပြီး ယခုတစ်ကြိမ်မှာတော့ ပထမဆုံး ထွက်ခွင့်ရခဲ့သည်။

အကဲဖြတ်ရန် အသုံးပြုသည့် မိုးပျံသစ်သားသည် စွန်ပလွံ အရွယ်အစားသာရှိပြီး အမြင့်ကိုတိုင်းတာရန် ပေတံတစ်ခုနှင့် စားပွဲပေါ်တွင် ပြားချပ်ချပ် တင်ထားသည်။

အရှေ့ကို လျှောက်လာရင်း ရင်ရှန်က စားပွဲပေါ်မှာ သူ့လက်ချောင်းများကို ညင်သာစွာ ဖိလိုက်သည်။

ဝူ.....

စူးစူးစိုက်စိုက်ကြည့်ရင်း မိုးပျံသစ်သား အမှတ်သည် မြည်သံနှင့်အတူ ရုတ်တရက် ခုန်တက်သွားသည်။ သို့သော ၀.၂ကျော်သာ ပြေးတက်သွားခဲ့သည်။

"နှစ်လက်မ... ၀.၂၈ ဝိညာဉ်စွမ်းအား အရည်အချင်းမပြည့်မီ!"

တစ်လက်မသည် ၀.၁ ဝိညာဉ်စွမ်းအားကို ကိုယ်စားပြုပြီး ၀.၃ကို ကျော်ဖြတ်သွားမှသာ အရည်အချင်း ပြည့်မီသည်ဟု ဆိုမှာဖြစ်သည်။

ဒုတိယ လျိုယွဲ့သည် စင်မြင့်ရှေ့သို့ ရောက်လာပြီး မိုးပျံသစ်သားသည် သုံးလက်မမျှသာ ပျံသွားကာ ၀.၃ကို ချောမွေ့စွာ ကျော်ဖြတ်တာကြောင့် သူမ ခြေထောက်ကို အားတက်သရော ခုန်မိလိုက်သည်။

"ရှင့်ရဲ့အပြင်းထန်ဆုံး ခွန်အားကိုသုံး... ဒီတစ်ခါတော့ ကျွန်မသေချာပေါက် ရှင့်ကိုနိုင်စေရမယ်!"

ရှောင်းရှောင်း အလှည့်ရောက်သောအခါ သူမသည် လုရွှမ်အနားက ဖြတ်သွားရင်း သူမသည် အေးစက်စွာနဲ့ ကြည့်လိုက်သည်။

သူမ၏စိန်ခေါ်မှုအတွက် လုရွှမ်ကတော့ အလွန်ပျင်းနေပါပြီ။

"ဟွန့်...……"

တစ်ဖက်လူက သူမရဲ့ စိန်ခေါ်မှုကို ငြင်းမယ်လို့ ထင်ခဲ့ပေမယ့် သူ့ရဲ့အမူအရာက ပြောင်းလဲမသွားသလို သူမကိုတောင် မကြည့်နေဘူး။ ရှောင်းရှောင်းရဲ့ ဖြူစင်တဲ့ မျက်နှာက ချက်ချင်းဆိုသလို အစိမ်းရောင် ပြောင်းသွားတော့သည်။

"ဟမ်!"

ကိုယ့်ကိုကိုယ် တော်တော်လေး အထင်ကြီးနေတာပဲ။ အံကြိတ်ကာ မိုးပျံ သစ်သားအမှတ်ဆီသို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်သည်။

သစ်သားအမှတ်သည် ရုတ်တရက် ခုန်တက်သွားပြီး ၀.၃ ပတ်ဝန်းကျင်အထိ ပျံသန်းသွားသည်။

"သုံးလက်မနဲ့ ငါးဆင့်လား? ဝိညာဉ်စွမ်းအား ၀.၃၅... အံ့သြစရာပဲ"

"မဆိုးဘူး... မဆိုးဘူး...."

အဂ္ဂိရတ်ပညာရှင် သုံးဦးက ဤအောင်မြင်မှုကို တစ်ပြိုင်နက် ချီးကျူးခဲ့ကြသည်။

၀.၀၅သာရှိရင်လည်း စိတ်စွမ်းအား တိုးလာမှုတိုင်းသည် ကြိုးစားအားထုတ်မှုများစွာ လိုအပ်သည်။ အကယ်၍ အမှန်တကယ် လေ့ကျင့်လိုပါက တစ်နှစ် သို့မဟုတ် နှစ်နှစ်ကြာအောင် ကြိုးစားမှုမရှိဘဲ ပြီးမြောက်ရန် မဖြစ်နိုင်ပေ။

တရားဝင် အဂ္ဂိရတ်ပညာရှင် အများအပြားသည် စမ်းသပ်မှုအတွက် နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ကြသော်လည်း ဤအဆင့်သို့ မရောက်နိုင်ကြပေ။

ဒီရှောင်းရှောင်း ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေရှိနေတာ ဒီအရည်အချင်းတွေ ရှိနေလို့ကိုး။

"ဟမ့် ကျွန်မရှင့်ကို ဟန်ဆောင်ခွင့် ပြုလိုက်မယ်! မင်း ဘယ်လောက်ကြာကြာ ခံနိုင်မလဲဆိုတာ ကြည့်လိုက်ဦးမယ်"

ရလဒ်များ ထွက်လာပြီးနောက် ရှောင်းရှောင်းသည် မျက်တောင်မခတ်ဘဲ ရောက်လာသော လုရွှမ်ကို စိုက်ကြည့်နေလိုက်သည်။

တံခါးမှာတုန်းက သူမမျက်လုံးထဲတောင် မဝင်ခဲ့တဲ့ ကောင်လေးက ပထမ စမ်းသပ်မှုမှာတင် သူမကိုကျော်တက်သွားခဲ့တယ်။ သူမကိုလည်း မျက်နှာပျက်စေခဲ့တယ်။

ကြည့်လိုက်ပါဦးမယ်။ ဒီကောင်လေးက တကယ် အရည်အချင်း ရှိတာလား ဒါမှမဟုတ် မျက်စိမမြင်တဲ့ ကြောင်က ကြွက်သေတစ်ကောင်ကို ရသွားသလို ဖြစ်နေသလား ဆိုတာ။

စူးစူးရှရှ အကြည့်တွေကို လျစ်လျူရှုပြီး လုရွှမ်က ရှေ့ကို လျှောက်သွားပြီး လက်ဖဝါးကို ညင်သာစွာ ဖိလိုက်သည်။

ဘုန်း.....!

မိုးပျံသစ်သား အမှတ်က ရုတ်တရက် ခုန်တက်သွားပြီး လေထဲသို့ ပြေးတက်သွားသည်။

၀.၃ဖြစ်ပြီး ရှောင်းရှောင်းကို မကျော်ခဲ့ပါဘူး။

"၀.၃ စိတ်ဝိညာဉ်စွမ်းအား.... အောင်မြင်တယ်"

၎င်းသည် ၀.၃ အထိရှိသရွေ့ စစ်ဆေးမှုအောင်မြင်ရန် လုံလောက်သော ဝိညာဉ်စွမ်းအား ရှိတယ်လို့ ဆိုရမှာ ဖြစ်သည်။

"ဟင့် ရှင့်ကို မာနကြီးခွင့် ပေးထားလိုက်ဦးမယ် ကျွန်မလောက်တော့ တော်မှာမဟုတ်ဘူး"

လုရွှမ်၏ မိုးပျံသစ်သား အမှတ်သည် အရှည်၀.၃ သာသာရှိ၍ သူမ၏ထက် နိမ့်ကျသည်ကို မြင်လိုက်ရသဖြင့် ရှောင်းရှောင်းသည် သူမ၏ ဖြူစင်သောလည်တိုင်ကို မော့ကာ ဂုဏ်ယူစရာကောင်းသော ငန်းတစ်ကောင်ကဲ့သို့ ပေါ်လွင်လာသည်။

ပထမအဆင့် ရှုံးနိမ့်မှုဟာ ချက်ချင်းဆိုသလို ပြန်လည် ကောင်းမွန်လာသလိုပင်။

ဤအကြိမ်တွင် လူသုံးဦးသည် ဒုတိယ အကဲဖြတ်စစ်ဆေးမှုကို ဖြေဆိုအောင်မြင်ခဲ့သည်ကို တွေ့လိုက်ရသောအခါ တာဝန်ရှိသော အဂ္ဂိရတ်ပညာရှင် သုံးဦးက ကျေနပ်စွာ တစ်ပြိုင်နက်တည်း ခေါင်းညိတ်ကြပြီး ၎င်းတို့အနက်မှ တစ်ဦးက တတိယအကြိမ် စစ်ဆေးမှု၏ အကြောင်းအရာကို ပြောပြလာသည်။

"အခုမင်းတို့အားလုံးရှေ့မှာ အိုးတစ်လုံးနဲ့ ဆေးဖက်ဝင်ပစ္စည်းတွေ သုံးပုံရှိနေပြီ။ တစ်နာရီအတွင်း ပထမတန်း ရှန်းရွှယ်ဆေးလုံးကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့ရင် မင်းတို့ အောင်မြင်သွားပြီ!"

ယခုအချိန်တွင် လုရွှမ်နှင့် အခြားလူများရှေ့တွင် အဂ္ဂိရတ်အိုးများ ရှိနေပြီဖြစ်သည်။ သူတို့အားလုံးသည် သာမန်လူများဖြစ်သော်လည်း ပထမတန်း မှော်ဆေးလုံးကို သန့်စင်ရန် လုံလောက်ပါသည်။

"သန့်စင်ဆေးလုံးမှာ ဘယ်သူက အဆင့်အမြင့်ဆုံးလဲ ဆိုတာ ရှင်နဲ့ပြိုင်မယ်!..ပြိုင်ရဲလား!!"

သူ့ရှေ့က ဆေးဖက်ဝင်ပစ္စည်းတွေကို တစ်ချက်ကြည့်လိုက်တော့ ရှန်းရွှယ်ဆေးလုံးအတွက် တကယ်လိုအပ်နေတဲ့ အရာတွေပဲ။ လုရွှမ်ဟာ မိန်းကလေးတစ်ယောက်ရဲ့ အသံ နားထဲမှာ မြည်လာတဲ့အခါ သူ့မီးဖိုကို မီးလင်းခါနီး နေပါပြီ။

အသံရှင်က ရှောင်းရှောင်းပင်။

မိန်းကလေးက ပထမအဆင့်ကို ကျရှုံးပြီးနောက်မှာ သူ့ကို မှတ်ထားပုံရပြီး ရမှတ်ကို သူ့ထက် ပိုရမှ အဆင်ပြေမယ့်ပုံပဲ။

ပထမစမ်းသပ်ချက်နှင့် ဒုတိယစမ်းသပ်မှုတွင် အောင်နိုင်သူနှင့် အရှုံးများ အသီးသီးရှိသောကြောင့် ၎င်းကို သရေပွဲအဖြစ်သာ ရေတွက်နိုင်ပြီး တတိယစမ်းသပ်မှုတွင် မည်သူသည် ဉာဏ်ကြီးရှင် အစစ်အမှန်နှင့် နံပါတ်တစ်ဖြစ်ကြောင်း အမှန်တကယ် ဆုံးဖြတ်နိုင်မည်။

သူမရဲ့ မာနနဲ့ ပတ်သက်ပြီးတော့ လုရွှမ် ခေါင်းအသာခါလိုက်သည်။ သူသည် ငယ်ရွယ်သော မိန်းကလေးနဲ့အတူ စိတ်ဆိုးနေတာတွေ လုပ်နေမှာမဟုတ်။

သူဒီနေရာကို ရောက်လာတာက စစ်ဆေးမှုကို ကျော်ဖြတ်ပြီး ယွမ်လီဆေးကို ဝယ်ဖို့ အရည်အချင်းပြည့်မီစေရန် အဂ္ဂိရတ်ဆရာတစ်ယောက် ဖြစ်လာဖို့သာ။ ဘယ်သူက ပိုကောင်းတယ် မကောင်းဘူးဆိုတာကို သူ့ခေါင်းထဲ ထည့်မနေဘူး။

လုရွှမ်က သူမကို ထပ်ပြီး လျစ်လျူရှုနေတာကို မြင်လိုက်ရတော့ ရှောင်းရှောင်း သူမရဲ့ အဆုတ်တွေ ပေါက်ကွဲတော့မယ်လို့ ခံစားရတဲ့အထိ ဒေါသထွက်လာတော့သည်။

သူမက လှပထက်မြတ်ပြီး အမြဲလိုလို တခြားသူတွေဆီက ချစ်ခင်အားပေးမှုကို ရခဲ့တဲ့လူပဲ။

သူမ အမြင်အရတော့ သူ့ရှေ့က ဒီလူက လူဆိုးတစ်ယောက်လို ဟန်ဆောင်နေတာပဲ။ ဟုတ်ပြီ၊ အခုတော့ ဟန်ဆောင်ထားလိုက်ဦးပေါ့ အဂ္ဂိရတ်ပညာ ဆုံးရှုံးသွားတဲ့အခါ ဘယ်လိုနေမလဲ ကြည့်လိုက်ဦးမယ်။

"ဟန်ဆောင်နေလိုက်...ခဏနေလို့ ကျွန်မရှင့်ကို နိုင်သွားတဲ့အခါ ရှင်ဘယ်လိုလုပ်မလဲ ကြည့်ရသေးတာပေါ့!"

ရှောင်းရှောင်းသည် သူမ၏ ငွေရောင်သွားများကိုကိုက်ရင်း ကြမ်းတမ်းစွာ ပြောလိုက်သည်။

သူမအံကြိတ်နေချိန်မှာ တစ်ဖက်က ကောင်လေးက မီးကို ထွန်းနေပြီ။ ရှောင်းရှောင်းလည်း ကမန်းကတန်း အမှီလိုက်သွားသည် ။

All Chapters