ခဏစောင့်
Vol. 2 Ch. 19
မီးကိုအစပြုခြင်း၊ မီးဖိုကိုအပူပေးခြင်း၊ ဆေးပင်များ သန့်စင်ခြင်း ဝိညာဥ်စွမ်းအင် ထုတ်လွှတ်ခြင်း စသည်တို့ကို တစ်ချိန်တည်းတွင် ပြုလုပ်သွားသော်လည်း လုရွှမ် ဘယ်လိုမှ ပြောင်းလဲမသွားချေ။
စိတ်ထဲတွင် လှည့်ကွက်များစွာ ရှိနေသော်လည်း သာမန်အဆန်ဆုံး နည်းလမ်းကိုသာ အသုံးပြုခဲ့သည်။ သို့သော် တခြားလူတွေရဲ့ အမြင်မှာတော့ ၎င်းသည်လုံးဝ ပြီးပြည့်စုံဆဲဖြစ်သည်။
"တော်လိုက်တာ!"
"သူ့ရဲ့ ကိုယ်ရေးရာဇဝင်ကို ယူလာခဲ့!"
"လုရွှမ်...ဘယ်သူ့တပည့်လဲ? ငါတစ်ခါမှမကြားဖူးဘူး!"
"အဂ္ဂိရတ်ပညာက အရမ်း အရေးကြီးတယ် အဲဒါကြောင့် စိတ်ကတည်ငြိမ်နေပြီး လှုပ်ရှားမှုကလည်း ရေပြင်လို ချောမွေ့နေရမယ်...ကြည့်ရတာ ဒီကောင်လေးတော့ အောင်မြင်မှု ကြီးကြီးမားမား ရတော့မယ့်ပုံပဲ"
မကြာမီတွင် အဂ္ဂိရတ်ပညာရှင် သုံးဦး၏ မျက်လုံးများက သူ့ကို အာရုံစိုက်မိသွားကာ သူတို့၏ မျက်နှာများသည် ချီးမွမ်းခြင်းများဖြင့် ပြည့်နှက်နေသည်။
မဖြစ်သေးသော အဂ္ဂိရတ်ပညာရှင် တစ်ဦးမပြောနဲ့ သူတို့ကိုယ်တိုင် ဆိုရင်တောင် ဆေးကို မြန်မြန်ဆန်ဆန် သန့်စင်လိုပြီး အချိန်ကောင်းနှင့် ခွန်အားရှိရင်တောင် လုံလောက်စွာ လုပ်နိုင်မှာကို ကြောက်ရသည်။
ဆယ်မိနစ်လောက်ကြာတော့ လုရွှမ် ရပ်တန့်သွားသည်။ အဂ္ဂိရတ်မီးဖိုကို ဖွင့်လိုက်တော့ ဆေးနံ့တွေ ထွက်လာ၏။
ပထမတန်းစား ရှန်းရွှယ်ဆေးကို အောင်မြင်စွာ သန့်စင်ပြီးသွားပြီ!
"ဒီလောက်တောင် မြန်တယ်....."
လုရွှမ် မီးဖိုဖွင့်လိုက်တာ မြင်တော့ ရှောင်းရှောင်းရဲ့ အမူအရာက ရုပ်ဆိုးသွားတော့သည်။
မှော်ဆေးလုံးကို သန့်စင်ခြင်း၏ အမျိုးမျိုးသော အဆင့်များသည် ခက်ခဲပြီး ရှုပ်ထွေးသည်။ သူမရဲ့ဆရာ ဒုတိယအဆင့် အဂ္ဂိရတ်ပညာရှင် ချိုးကျာမင်တောင် ဒီလောက်မမြန်နိုင်ဘူး။
"ဟမ့် ဆေးလုံးသန့်စင်တဲ့အခါ မြန်တယ်ဆိုတာ အသွင်အပြင်တစ်ခုပဲ... ဆယ်မိနစ်လောက်ပဲ ကြာတော့ အဆင့်က သေချာပေါက် မမြင့်နိုင်ဘူး... ငါ မှန်မှန်လုပ်ဆောင်ပြီး အရည်အသွေးကို ကျော်နေသရွေ့ ငါ့ကို အောင်နိုင်သူလို့ သတ်မှတ်လို့ရတယ်။"
ခဏအကြာတွင် ရှောင်းရှောင်းသည် သူမ၏ ယုံကြည်မှုကို ပြန်လည်ရရှိခဲ့သည်။
ဆယ်မိနစ်အတွင်း သန့်စင်ထားတဲ့ ဆေးလုံးက ဘယ်လိုလုပ် အရည်အသွေးမြင့် ဆေးလုံးဖြစ်နိုင်မှာလဲ?
သူမ၏ စိတ်ဝိညာဉ်စွမ်းအားသည် ပြိုင်ဘက်ကို သာလွန်၍ နည်းလမ်းသည်လည်း မပျော့ညံ့ပေ။ မည်သို့ပင်ဆိုစေကာမူ အရည်အသွေးသည် ပြိုင်ဘက်ကို သာလွန်နေသရွေ့ အားလုံး အဆင်ပြေပြီးသား။
မှော်ဆေးလုံး၏ အရည်အသွေးကို အဆင့်ငါးဆင့် ခွဲခြားထားသည်။ သာမန်အဆင့်၊ အရည်အချင်း ပြည့်မီသောအဆင့်၊ အဆင့်မြင့်၊ ထူးချွန်သောအဆင့် နှင့် ပြီးပြည့်စုံသည့် အဆင့်တို့ဖြစ်သည်။
ဒီအကဲဖြတ်မှုမှာ ဆေးလုံးက သာမန်အဆင့် ဖြစ်နေရင်တောင် အောင်မြင်နိုင်သည်။
ဒီကိုမလာခင်မှာ သူမဟာ ရှန်းရွှယ်ဆေးလုံးကို အထူးလေ့ကျင့်ခဲ့သည်။ အလွန်ကျွမ်းကျင်ပြီး အရည်အချင်းပြည့်မီတဲ့ အဆင့်တစ်ခုကို ရောက်နေပါပြီ။ သူမဟာ ဒီအချိန်ကို သတိထားနေသရွေ့တော့ အဆင့်မြင့် မှော်ဆေးလုံးကို သန့်စင်ဖို့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး။
အဆင့်မြင့်တဲ့ ဆေးလုံးတွေကို ကာလကြာရှည်စွာ ကျော်ကြားခဲ့သော ပထမတန်းစား အဂ္ဂိရတ်ပညာရှင်ပင်လျှင် အလွယ်တကူ သန့်စင်မရနိုင်ပေ။
ဒါကိုတွေးပြီး အဆင့်ဆင့် သေသေချာချာ ပြုလုပ်နေတော့သည်။ အချိန်က တစ်နာရီ အတိုင်းအတာကို နီးကပ်လာတဲ့အခါ ဘေးက လျိုယွဲ့မှ မီးဖိုကို ဖွင့်လိုက်လေ၏။
အနံ့သင်းသင်းလေးပဲ ဆေးသန့်စင်တာ ပြီးပြည့်စုံသွားပြီ။
"လျိုယွဲ့ အောင်မြင်သွားပြီ...သာမန်အဆင့် ဆိုပေမယ့် စစ်ဆေးမှု အောင်မြင်ပြီး တရားဝင် အဂ္ဂိရတ်ပညာရှင် ဖြစ်လာပါပြီ"
"အဆင့်မြင့် အဆင့်ရှိဆေးလုံးကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့တဲ့ ရှောင်းရှောင်း အကဲဖြတ်ခြင်းကို အောင်မြင်ပြီး တရားဝင် အဂ္ဂိရတ်ပညာရှင် ဖြစ်လာပါပြီ"
မှော်ဆေးလုံးများအား စင်မြင့်ပေါ်သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး အဂ္ဂိရတ် ပညာရှင်သည် ဆေးလုံးကို သေချာစစ်ဆေးကာ ရလဒ်ကို ကြေညာခဲ့သည်။
သူမသည် မြင့်မားသော အဆင့်အထိ သန့်စင်ခဲ့ကြောင်း ကြားလိုက်ရသဖြင့် ရှောင်းရှောင်းသည် လုရွှမ်အား စိတ်လှုပ်ရှားစွာကြည့်ကာ မျက်ခုံးပင့်ပြလိုက်သည်။
"ငါက အဆင့်မြင့်အဆင့်...အဲ့အဆင့်ကို နင် မရောက်နိုင်သရွေ့ ငါနိုင်တယ်!"
သူမစကားမဆုံးခင်မှာ စင်မြင့်ပေါ်မှ အသံထွက်လာသည်။
"လုရွှမ် ဆေးလုံးသန့်စင်ခြင်း အောင်မြင်တယ် ပြီးပြည့်စုံတဲ့အဆင့်..."
"ဘာ?? ပြီးပြည့်စုံတဲ့အဆင့်? ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ပြီးပြည့်စုံတဲ့ ဆေးအဆင့်ကို ဘယ်လိုလုပ် ရနိုင်မှာလဲ..."
ရှောင်းရှောင်း ရုတ်တရက် ထခုန်လိုက်သည်။သူမမျက်နှာကို ဖုံးထားခဲ့သော စိတ်လှုပ်ရှားမှုသည် မယုံကြည်နိုင်စရာ အဖြစ်သို့ ပြောင်းလဲသွားသည်။
ပြီးပြည့်စုံတဲ့ဆေး? လာနောက်နေတာလား?သူက အဂ္ဂိရတ် ပညာရှင်တောင် မဖြစ်သေးဘူးလေ။ သူမဆရာတောင် မလုပ်နိုင်တာကို။
သူမစင်ပေါ်ကို အလျင်အမြန် ပြေးသွားပြီး ဆေးကို တစ်ချက်ကြည့်လိုက်ပြီးနောက် မျက်နှာလှလှလေး ဖျော့တော့သွားသည် ။
တစ်ဖက်လူ ပြောသည့်အတိုင်းပင်။ ဤ မှော်ဆေးလုံးသည် လုံးဝန်းပြီး အစွမ်းထက်သော ဆေးစွမ်းအင်များဖြင့် ပြီးပြည့်စုံသော အဆင့်သို့ ရောက်နေပြီဖြစ်သည်။
ဆယ်မိနစ်အတွင်း ပြီးပြည့်စုံတဲ့အဆင့်ကို သန့်စင်သွားတာပဲ!
"ဘာပဲဖြစ်ဖြစ် ငါ တစ်ကြိမ် အောင်မြင်ခဲ့တယ်... အခု အဂ္ဂိရတ်ပညာနဲ့ ဆေးပညာမှာ နင့်လောက်မကောင်းဘူး ဆိုရင်တောင် ငါ့ရဲ့ စိတ်ဓာတ်စွမ်းအားက နင့်ထက် ပိုသန်မာသရွေ့ အနာဂတ်မှာ နင့်ကို သေချာပေါက် ကျော်ဖြတ်နိုင်မှာပဲ!"
သူမ၏ မျက်နှာနီမြန်းလာကာ ရှောင်းရှောင်းသည် လုရွှမ်ထံရောက်လာပြီး ငွေရောင်သွားများကို ဖွင့်ဟရင်း ဟစ်အော်လိုက်သည်။
အရှုံးလား? သူမအရှုံးကို ဝန်ခံမှာ မဟုတ်ဘူး။
အဂ္ဂိရတ်ဆရာအတွက် အရေးကြီးဆုံးက ဘာလဲ။ စိတ်ဝိညာဉ်စွမ်းအားပဲ။ စိတ်စွမ်းအား အတိုင်းအတာ မြင့်မားနေသမျှ ဆေးပညာ ခွဲခြားမှုနှင့် အဂ္ဂိရတ်ပညာကို ကျင့်ကြံနိုင်တယ်။
ဒါကိုတွေးပြီး သူမထပ်မံ၍ မိမိကိုယ်ကို ယုံကြည်မှုရှိလာပြန်သည်။
လုရွှမ်သည် သူမ၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနှင့် ပတ်သက်၍ လုံးဝ ဂရုစိုက်မနေချေ။
အဂ္ဂိရတ်ဆရာ၏ ဝိညာဉ်စွမ်းအား အတိုင်းအတာသည် အရေးကြီးသော်လည်း ဆေးပညာနှင့် အဂ္ဂိရတ်ကို ခွဲခြားသိမြင်ရန် အားထုတ်မှုများစွာ လိုအပ်သေးသည်။
သို့မှာသာ ပြင်းထန်သော ဝိညာဉ်စွမ်းအားကို ရရှိစေရုံသာမက အဂ္ဂိရတ်ပညာရှင်လည်း ဖြစ်လာလိမ့်မည်။
အရင်ဘဝက ဧကရာဇ်ငါးပါးဆိုတာ ဘုရင်တစ်ပါးကဲ့သို့ပင် ၎င်းတို့အားလုံးသည် လူသားများ၏ အထွတ်အထိပ်တွင် ရပ်တည်ခဲ့ကြပြီး ၎င်းတို့၏ ဝိညာဉ်စွမ်းအား အတိုင်းအတာများသည် အလွန်အစွမ်းထက်ကြသည်။
သို့သော်လည်း သူသည် ဆေးဘက်ဆိုင်ရာ သူတော်စင်၏ အထွတ်အထိပ် စွမ်းရည်ကို အမှန်တကယ် ပိုင်ဆိုင်ထားသူ တစ်ဦးတည်းသာဖြစ်သည်။
"ဒါက မင်းရဲ့အရည်အချင်းတွေကို ကိုယ်စားပြုတဲ့ အဂ္ဂိရတ် ပညာရှင်တံဆိပ်ပဲ၊ မင်းမှာ အဂ္ဂိရတ်တံဆိပ်ပြား မရှိရင်တောင် ဒီအထောက်အထားနဲ့ ပထမတန်းနဲ့ ဒုတိယတန်းဆေးပြားတွေ ဝယ်လို့ရသေးတယ်!"
သုံးဦးစလုံး အကဲဖြတ်ခြင်း အောင်မြင်သွားသော် စင်မြင့်ပေါ်ရှိ အဂ္ဂိရတ်ပညာရှင် အများအပြားက ကျေနပ်စွာ ခေါင်းညိတ်ကြပြီး ပထမတန်း မှော်ဆေးဆရာ တံဆိပ်များကို ပေးအပ်ကြသည်။
တံဆိပ်ကို ရရှိပြီးနောက် လုရွှမ်သည် အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။
"အဂ္ဂိရတ်ပညာရှင် အဖွဲ့အစည်းမှာ အကောင်းဆုံး ခန္ဓာကိုယ် လေ့ကျင့်ရေးဆေးက ဘာလဲ?"
သူထွက်သွားခါနီးမှာ ရုတ်တရက် ရပ်သွားကာ မေးလိုက်၏။
အဂ္ဂိရတ်ပညာရှင်အဖွဲ့ကို လာရခြင်း၏ ရည်ရွယ်ချက်မှာ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို မြှင့်တင်ရန် ဆေးလုံးများ ဝယ်ရန်ဖြစ်ပြီး ယွမ်လိဆေးလုံးသည် ရွေးချယ်စရာများထဲမှ တစ်ခုသာ ဖြစ်သည်။
အဆင့်မြင့် ဆေးလုံးများကို ဝယ်ယူနိုင်လျှင် အကျိုးသက်ရောက်မှုသည် သဘာဝအတိုင်း ပိုကောင်းလာမည်ဖြစ်သည်။
"အကောင်းဆုံးကတော့ ယွမ်လိဆေးလုံးပဲ ဒါပေမယ့် လွန်ခဲ့တဲ့ ရက်အနည်းငယ်က တစ်စုံတစ်ယောက်က ဖန်းရှစ်မှာ ဆရာကြီးယွမ်ဟုန်ရဲ့ ပြဿနာကို ဖြေရှင်းပေးခဲ့လို့ သူက စတုတ္ထတန်း နဂါးကျားဆေးကို သန့်စင်ပြီးသွားပြီ လောလောဆယ် ကျုပ်တို့ရဲ့ အဂ္ဂိရတ်ပညာရှင် အဖွဲ့အစည်းမှာ အကောင်းဆုံး ခန္ဓာကိုယ် လေ့ကျင့်ရေးဆေးပဲ"
ဆရာကြီးချိုးကျာမင်သည် လုရွှမ်ကို အလွန်ကျေနပ်နေပြီး မုတ်ဆိတ်မွေးကို လက်ဖြင့်ပွတ်ဆွဲရင်း ပြောလိုက်သည်။
"စတုတ္ထတန်း နဂါးကျားဆေးလုံး?"
လုရွှမ်၏ မျက်လုံးများ တောက်ပလာသည်။
၎င်းသည် တူညီသော ခန္ဓာကိုယ်လေ့ကျင့်ရေး မှော်ဆေးလုံး ဖြစ်သည်။ ယွမ်လိမှော်ဆေးလုံးသည် ဒုတိယတန်းစားသာ ဖြစ်ပြီး အများစုမှာ ၈ကွင်းနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်အောင် ကူညီပေးနိုင်သည်။
၉ကွင်းအတွက် သူ့ကိုယ်သူသာ အားကိုးနိုင်သည်။ နဂါးကျားဆေးလုံးကတော့ ကွဲပြားသည်။ ၎င်းတွင် နဂါးနှင့် ကျားတို့၏ စွမ်းအားများ ပါ၀င်၏။
သူယူနိုင်လျှင် သူ့ခန္ဓာကိုယ်ကို ပိုသန်မာစေမည်ဖြစ်ပြီး ကွင်းကိုးကွင်း၏ သက်ရောက်မှုမှာလည်း အနည်းဆုံး ၃၀ ရာခိုင်နှုန်း ရှိလာလိမ့်မည် ။ လေ့ကျင့်တဲ့အခါ ၃၀% ကို လျှော့တွက်လို့မရ ၁၀% ကတင် ရလဒ်ကို ဆုံးဖြတ်နိုင်နေပြီ။
ထိုသို့သော မြင့်မားသော အချိုးအဆသည် မရေမတွက်နိုင်သော ကျင့်ကြံသူများကို စွန့်စားမှုပြုစေဖို့ လုံလောက်ပါ၏။
သို့သော် သူ့ကို စိတ်ဓာတ်ကျစေ တဲ့အရာကတော့ နဂါးကျားဆေးလုဟာ စတုတ္ထတန်း မှော်ဆေးလုံး ဖြစ်ပြီး တရားဝင် အဂ္ဂိရတ်ဆရာ တစ်ယောက်ဖြစ်လာပေမယ့်လည်း ဝယ်ဖို့ အရည်အချင်း မပြည့်မီသေးချေ။
အဂ္ဂိရတ်ပညာရှင်များသည် အဆင့် မည်မျှပင်မြင့်သည်ဖြစ်စေ အဆင့်တူ သို့မဟုတ် အဆင့်တစ်ခုထက်ပိုမြင့်သော ဆေးပြားများကိုသာ ဝယ်ယူနိုင်သည်။
အဆင့်ပိုမြင့်တဲ့ ဆေးလုံးတွေ အတွက်တော့ အဂ္ဂိရတ်တံဆိပ်ပြား လိုအပ်နေသေးသည်။
"နဂါးကျားဆေးလုံး ဝယ်ချင်တယ် ....စတုတ္ထတန်း တံဆိပ်ပြား တစ်ပြားလိုနေတယ်... လူကြီးမင်းတို့ သုံးယောက်ထဲမှာ ဘယ်သူကများ ကျွန်တော့်ကို ရောင်းပေးနိုင်မလဲ?"
လုရွှမ်က ချိုးကျာမင်နဲ့ တခြားသူတွေကို ကြည့်လိုက်သည်။
စတုတ္ထတန်း အဂ္ဂိရတ်တံဆိပ်ပြားလား။ အဲဒါ သူ့မှာမရှိချေ။ သို့သော်လည်း သူ့ရှေ့က လူသုံးယောက်က အဂ္ဂိရတ်ပညာရှင် ဖြစ်လာတာ ဒီလောက် အချိန်တွေ ကြာနေပြီဆိုတော့ သူတို့သေချာပေါက် လုပ်ပေးနိုင်လောက်သည်။
"စတုတ္ထတန်း အဂ္ဂိရတ်တံဆိပ်ပြား ငါ့မှာရှိတယ် ဒါပေမယ့်... ရောင်းမှာမဟုတ်ဘူး!"
ချိုးကျာမင် ကပြောသည်။
"မရောင်းဘူးလား?" လုရွှမ် ခေါင်းခါပြီး လှည့်ထွက်လာခဲ့သည်။
ဤသို့သော ရလဒ်မျိုးကို သူမျှော်လင့်ထားလေသည်။ အဂ္ဂိရတ်တွဆိပ်ပြားကို ရရှိရန် နည်းလမ်းသုံးမျိုးရှိသည်။
ပထမ အခြားသူများက လက်ဆောင်အဖြစ် ပေးတာ ဒုတိယက အဂ္ဂိရတ်ပညာရှင် အဖွဲ့မှ အမျိုးမျိုးသော ပြိုင်ပွဲများကို ကျင်းပပြီး အဆင့်သတ်မှတ်ပေးတာ တတိယကတော့ အဂ္ဂိရတ်ပညာရှင် အဖွဲ့၏ လုပ်ငန်းတာဝန်များကို ပြီးအောင် လုပ်ဆောင်ပေးတာ။
ဒီနည်းလမ်း သုံးမှာ ဘယ်နည်းလမ်းကမှ ရိုးရှင်းမနေချေ။ အဂ္ဂိရတ်တံဆိပ်ပြား တစ်ခုသည် မှော်ဆေးလုံးကို ကိုယ်စားပြုသည်။ ထို့ကြောင့် မည်သူမျှ ရောင်းချရန် ဆန္ဒမရှိသည်မှာ သဘာဝပင်ဖြစ်သည်။
"အဲ့လောက် မလောပါနဲ့....ငါ့စကားက မဆုံးသေးဘူးလေ"
သူထွက်သွားတော့မည်ကို မြင်လိုက်ရတော့ ချိုးကျာမင်က ပြုံးလိုက်ပြီး
"မင်းကိုငါမရောင်းပေမယ့်... မင်းရဲ့ဝိညာဉ်စွမ်းအားက တစ်နှစ်ခွဲအတွင်း ၀.၄အဆင့်ကို ရောက်စေနိုင်မယ့် တစ်ခု ငါမင်းကိုပေးမယ်"
၀.၃ မှ ၀.၄အဆင့် စိတ်ဝိညာဉ်စွမ်းအားကို တစ်နှစ်ခွဲအတွင်း ရရှိနိုင်ရန်မှာ အလွန်ခက်ခဲသည်။ လုရွှမ်၏ အဆိုးဆုံးမှာ ဝိညာဉ်စွမ်းအားဖြစ်ကြောင်း သိတာကြောင့် သူ့ကို အားပေးချင်ခဲ့သည်။
ဝိညာဉ်စွမ်းအား အဆင့်သည် ၀.၄ သို့ရောက်ရှိခဲ့ရင် ၎င်းသည် ဒုတိယအဆင့် အဂ္ဂိရတ်ပညာရှင်၏ စံနှုန်းသို့ ရောက်ရှိနေပြီဖြစ်သည်။ အောင်မြင်ပါက ကျန်းဝူအဂ္ဂိရတ် ပညာရှင်များ အဖွဲ့တွင် အသက်အငယ်ဆုံး ဒုတိယတန်း အဂ္ဂိရတ်ပညာရှင်အတွက် စံချိန်တင်နိုင်မည် ဖြစ်သည်။
"နှစ်ဝက်အတွင်း ၀.၄အဆင့်ကို ရောက်ရင် ကျွန်တော့်ကို စတုတ္ထတန်း အဂ္ဂိရတ်တံဆိပ်ပြား ပေးမှာလား?"
လုရွှမ်၏ မျက်လုံးများ တောက်ပလာသည်။
"မှန်တယ်!"
ချိုးကျာမင်က ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။
"စိတ်မပူပါနဲ့... ငါက ဒုတိယတန်းစား အဂ္ဂိရတ်ပညာရှင်မို့ မတတ်နိုင်တာကို မပြောဘူး!"
"ဒါဆို ကောင်းပြီ"
တစ်ဖက်သား၏ သဘောတူညီချက်ကို ကြားတော့ လုရွှမ်သည် လှည့်၍ ဝိညာဉ်စွမ်းအားကို စမ်းသပ်ထားသည့် ကျောက်စင်ပေါ်သို့ လျှောက်သွားပြီ ငြိမ်သက်စွာ ရပ်နေလိုက်သည်။
"မင်း ဘာကိုဆိုလိုတာလဲ? မင်းမှာအခု ၀.၄ ရှိတဲ့ စိတ်စွမ်းအား အတိုင်းအတာ ရှိနေပြီလား?"
သူ့လုပ်ရပ်ကိုမြင်တော့ အံ့ဩသွားရုံသာမက အခြားသူများလည်း ထိတ်လန့်သွားကြသည်။
တကယ်ကြီးလားဟ?
"အခု...?"
လုရွှမ်က တခဏတာ တုံ့ဆိုင်းသွားပြီး ခေါင်းခါလိုက်သည်။
"ငါ့ကို လန့်သေအောင် လုပ်နေတာပဲ!"
ဆရာချိုးက သက်ပြင်းချလိုက်သည်။
ဒီကောင်လေးက မိုးပျံသစ်သား အမှတ်ကို ၀.၃အထိပဲ မြှင့်တင်နိုင်ခဲ့တာ တွေ့လိုက်ပြီးသားလေ။ အချိန်တိုလေး အတွင်းမှာ ၀.၄ အမှတ်ကို ဘယ်လိုလုပ် ရောက်နိုင်မှာလဲ။
မြန်မြန်ဆန်ဆန် တိုးတက်လာတယ် ဆိုရင် တကယ်ကို ကြောက်စရာကောင်းနေပြီ။
သို့သော်လည်း ချိုးကျာမင် သူ့စကားမဆုံးခင်မှာ သူ့နောက်က ကောင်လေးမှ ထိုစကားကို ကြားလိုက်ရပြီး ပြန်ဖြေလိုက်သံက သူ့ကို မထိုင်နိုင်ဘဲ ထိုင်ခုံပေါ်ကနေ ပြုတ်ကျသွားစေသည်။
"အခုလောလောဆယ်တော့ ၀.၄အဆင့်ကို မရောက်သေးဘူး၊ ခဏစောင့်..."
စကားပြောပြီးနောက် လုရွှမ်သည် မျက်လုံးများကို မှိတ်လိုက်သည်။