အဆင့်၂ အဂ္ဂိရတ်ပညာရှင်
Vol. 2 Ch. 20
"ခဏ စောင့်ရမယ်?"
"ဘာကိုဆိုလိုတာလဲ? ခဏစောင့်ပြီးရင် သူ့ရဲ့စိတ်စွမ်းအား အတိုင်းအတာက ၀.၄ကိုရောက်မယ်လို့ ပြောချင်တာလား?"
"တကယ်ကြီးလား? အဲ့လောက်ကြီး ဟန်ဆောင်မနေပါနဲ့ ဟုတ်ပြီလား?"
"တကယ်သာဆိုရင် ငါဒီမှာ သေရလိမ့်မယ် ခံစားနေရတယ်... ဒါမဖြစ်နိုင်တဲ့အလုပ်ပဲ!"
လူငယ်၏ စကားကိုကြားတော့ လူတိုင်းသည် ရင်ခုန် စိတ်လှုပ်ရှားတဲ့ ခံစားချက်တွေပင် ပေါက်ဖွားလာသည်။ အမြဲတမ်း မာနကြီးနေသော ရှောင်းရှောင်းသည်ပင် သွေးအန်လုနီးပါးပင်။
အခြားသူများက သူမသည် မာနကြီးပြီး အရူးနေသူဟု ပြောနေကြသော်လည်း ဤလူနှင့် နှိုင်းယှဥ်ကြည့်လျှင် သူမက ဘာမှမဟုတ်သေးဘူး။
ခဏစောင့်ရမယ်.. မင်းညီမကို စောင့်ပါလား ၀.၃ အဆင့်ကနေ ၀.၄ အဆင့်အထိ ထိုးဖောက်ရတယ်ဆိုတာ ကစားစရာလို လွယ်ကူနေတယ်များ ထင်လား?
တကယ်သာ လွယ်တယ်ဆိုရင်တော့ အဂ္ဂိရတ်ဆရာတွေ အခုအချိန်မှာ ရှားပါးမယ့်အစား ဟိုးက လမ်းပေါ်မှာပါ အဂ္ဂိရတ်ဆရာတွေ ရှိလိမ့်မယ်။
မျက်စိရှေ့က လူများ ဘယ်လိုပဲ ပြောနေပါစေ လုရွှမ်သည် အလွန်အာရုံစိုက်ပြီး ကိုးမှတ်ဝိညာဥ် နည်းလမ်းကို ထပ်မံအသုံးပြုနေ၏။
ဤလှည့်ကွက်သည် စိတ်စွမ်းအားကို တွန်းလှန်ရန် ရုပ်ခန္ဓာကို လှုံ့ဆော်ပေးသည်။ နာကျင်မှုအပြင် ခံနိုင်ရည်ရှိရန် ခက်ခဲသည့်အပြင် ကျင့်ကြံမှုကို အကျိုးသက်ရောက်စေနိုင်မယ့် ဘေးထွက်ဆိုးကျိုးလည်း မရှိလို့ ထပ်မံအသုံးပြုရန် အဆင်ပြေသည်။
သူ့မျက်လုံးများကို မှိတ်ထားရင်း အမှတ်ကိုးခုကို အလုံပိတ်ထားပြီး သည်းမခံနိုင်သော နာကျင်မှုကို ထပ်မံခံစားနေရသည်။ လုရွှမ်၏ တစ်ကိုယ်လုံးရှိ ကြွက်သားများ တောင့်တင်းနေသကဲ့သို့ပင်။
ကိုးမှတ်ဝိညာဉ် နည်းလမ်းတွင် ဘေးထွက်ဆိုးကျိုး မရှိသော်လည်း အကြိမ်အရေအတွက် များလာသည်နှင့်အမျှ နာကျင်မှုသည် ပိုမိုပြင်းထန်လာကာ ပထမအကြိမ်တွင် ခံနိုင်ရည်ရှိသော်လည်း ဒုတိယအကြိမ်တွင် မခံနိုင်ဖြစ်လာသည်။
သူ့စိတ်နှင့်ပင် ထိန်းမနိုင်သိမ်းမနိုင် ဖြစ်လာသည်။
လက်ရှိနေရာတွင် အကယ်၍ ဧကရာဇ်ငါးပါးထဲက တစ်ပါးသူသာ ဖြစ်ခဲ့လျှင် ဤဝေဒနာမျိုးသည် သည်းခံနိုင်မည်မဟုတ်။
သို့ရာတွင် လုရွှမ်က ဘယ်သူလဲ။ သူသည် တစ်သက်တာလုံး လူသားတစ်ဦးဖြစ်ခဲ့ပြီး သေခြင်းတရားကိုပင် တွေ့ကြုံခဲ့ရပြီးပြီလေ။ ဤဝေဒနာမျိုးက ဘာအရေးလဲ။
ဘုန်း!
နောက်ဆုံးတော့ မိုးကြိုးသံလို ပြင်းထန်တဲ့ ဝိညာဉ်စွမ်းအားတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး အရင်က အားနည်းခဲ့တဲ့ အဆင့်ဟာ ချက်ချင်း ပြောင်းလဲသွားပုံရပြီး တခြားအဆင့်ကို ရောက်သွားသည်။
ဝူ......
လုရွှမ် မျက်လုံးဖွင့်ပြီး ဆရာချိုးကို ကြည့်လိုက်သည်။
"ကောင်းပြီ စပြီး စမ်းကြည့်ရအောင်!"
ခွမ်း!
ချိုးကျာမင် ထိတ်လန့်သွားပြီး သူ့လက်ထဲက ခွက်က ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
တစ်ဖက်လူက စမ်းကြည့်ဖို့ ပြောခဲ့စဥ်က ဟာသလို့ပဲ ထင်ခဲ့တာ။ ခဏကြာပြီးရင် နောက်ဆုတ်သွားလိမ့်မယ်လို့ ထင်ခဲ့ပေမယ့် တကယ်ဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့ချေ။
မျက်လုံးတွေ မှိတ်ထားပြီး နေရာမှာ မတ်တပ်ရပ်လိုက်တာနဲ့ ဝိညာဉ်စွမ်းအားက ၀.၄ အဆင့်အထိ ရောက်နိုင်တယ်?... နောက်နေတာ မဟုတ်တာ သေချာရဲ့လား။
"၀.၃အဆင့် နဲ့ ၀.၄ အဆင့်ကြားမှာ ခြားနားချက်က ၀.၁ပဲ ရှိပေမယ့် အဆင့်နိမ့်နှင့် အလယ်အလတ်အဆင့် ဝိညာဉ်စွမ်းအား ကြား ကွာဟချက်ပဲ... လူတွေ တော်တော်များများက အဲ့လိုမလုပ်နိုင်ကြဘူး...ဒါက ကလေးကစားစရာ မဟုတ်ဘူး... မင်း ထိုးဖောက်သွားပြီ ဆိုတာ သေချာလား?"
ချိုးကျာမင် တံတွေးမျိုချလိုက်သည်။ အခုအခြေအနေကို ရောက်လာတာတောင် သူ့ခမျာ ယုံကြည်ရခက်နေဆဲ။
ဝိညာဉ်စွမ်းအား၏ အဆင့်သည် အဆင့်တက်လာသည်နှင့် အမျှ ပိုခက်ခဲလာသည်။ ၀.၁ မှ ၀.၂ သည် အလွန်ရိုးရှင်းပြီး လေ့ကျင့်နိုင်သူတွေ မနည်းလှ။
သို့သော်လည်း ၀.၂ မှ ၀.၃ အထိဆို ခက်ခဲလာပြီ။ အသက်နှစ်ဆယ်မတိုင်ခင် အောင်မြင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ထို့အတွက်ကြောင့် အဂ္ဂိရတ်သမားများသည် အလွန်ရှားပါခြင်း ဖြစ်သည်။
၀.၃ မှ ၀.၄အဆင့်သည် အဆင့်နိမ့် နှင့် အလယ်အလတ်အဆင့် ဝိညာဉ်စွမ်းအားများ ပါ၀င်ကာ ယခင်ပုံစံထက် ပိုမိုခက်ခဲသည်။ မရေတွက်နိုင်သော ပထမအဆင့် အဂ္ဂိရတ်ပညာရှင်များသည် အဆင့်တစ်ခု ချိုးဖောက်ဖို့ ဘယ်လိုလုပ် လွယ်ကူပါ့မလဲ။
"ဘာပြဿနာမှ မရှိပါဘူး" လုရွှမ်က ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်ါ
"ဒါဆို... မင်းဘယ်လောက်သေချာလဲ"
သူက စမ်းသပ်ရန် စိတ်အားထက်သန်နေတာကို တွေ့ရသောအခါ ချိုးကျာမင်သည် သူ့နှလုံးသားအတွင်းက တုန်လှုပ် ချောက်ချားမှုကို မျိုသိပ်ထားရသည်။
သူ့ရှေ့က ဒီကလေးရဲ့ ဝိညာဉ်စွမ်းအားက ၀.၄အဆင့်ကိုသာ ရောက်သွားရင် အဖွဲ့အစည်း တစ်ခုလုံး၏ အာရုံကို ဆွဲဆောင်မိသွား သေချာပါတယ်။
ထို့အပြင် သူ၏အနာဂတ် အောင်မြင်မှုများနှင့် နှိုင်းယှဉ်ပါက သူက အားနည်းသည်ထက် ပိုသန်မာလေသည်။
နောက်ဆုံးတော့ သူကိုယ်တိုင်က အသက်လေးဆယ်ကျော်နေပြီ ဖြစ်ပြီး သူ့မှာအဆင့်မှာ ၀.၄၅ပဲ ရှိသည်။
"လုံးဝ..."
အခုလေးပဲ ကျင့်ကြံထားပြီး ဝိညာဉ်စွမ်းအားက ၀.၄အဆင့်ကို ကျော်လွန်နေပြီ။ အကဲဖြတ်မှု မပြီးမြောက်ဘူးဆိုရင် သူလည်း သေသွားနိုင်သည်။
"လုံးဝ?"
"အရမ်းမိုက်တယ် မဟုတ်လား?"
"အစောနက စစ်ဆေးမှုမှာ ၀.၃အဆင့်ပဲရှိတာကို အခုက ၀.၄အဆင့်? လုံးဝတောင် သေချာနေသေးတယ် နောက်နေတာ မဟုတ်တာ သေချာလား?"
"ကြည့်ရတာ သူနောက်နေတာ မဟုတ်လောက်ဘူး.... ဒီကောင်က ထူးထူးခြားခြား အရည်အချင်း ရှိကောင်းရှိနိုင်တယ်..."
လုရွှမ်၏ ယုံကြည်မှုကို ကြားတော့ လူတိုင်း အံသြသွားပြန်သည်။
ဒီနေ့ရရှိခဲ့တဲ့ အံ့အားသင့်မှုက လူတိုင်းရဲ့ ဘဝတစ်ခုလုံး ပမာဏကို ကျော်လွန်သွားပြီ။ လူတိုင်းရဲ့ မျက်နှာပေါ်က အမူအရာက အနည်းငယ် ထုံထိုင်းနေကြသည်။
"လုံးဝ သေချာတယ်? ဒီလိုဆိုရင် စမ်းကြည့်ရအောင်!"
သူ့ရဲ့ အတည်ပြုချက်ကို ကြားတော့ ချိုးကျာမင်က ဆက်မထိုင်နိုင်တော့ဘဲ လုရွှမ်ကို စိုက်ကြည့်ရင်း
"ဒါပေမယ့် အတိုင်းအတာက ၀.၄အဆင့်ကို တကယ်ရောက်ရင် မင်းဒုတိယအဆင့် အဂ္ဂိရတ်ဆရာ တံဆိပ်ကို လက်ခံရရှိဖို့ အရည်အချင်း ပြည့်မီတယ်... ငါ့အခြေအနေအရ မင်းကို အကဲဖြတ်ဖို့ အရည်အချင်း မပြည့်မီလို့ မင်းကို အကဲဖြတ်ဖို့ တတိယတန်း အဂ္ဂိရတ်ပညာရှင်ကို ငါရှာလာခဲ့မယ် ခဏစောင့် ငါသွားရှာမယ်!"
စကားပြောပြီးနောက် ချိုးကျာမင်လှည့်ပြီး အခန်းဆီသို့ လျှောက်သွားကာ ခဏအကြာတွင် နောက်တဖန် လုရွှမ်ကို ပြန်ကြည့်ကာ
"ကောင်းပြီ အကဲဖြတ်ဖို့နေရာ စီစဉ်ပြီးပြီ... ငါနဲ့လိုက်ခဲ့၊ တခြားသူတွေနဲ့ ခဏနေပါဦး.... ဒုတိယအဆင့် အဂ္ဂိရတ်ပညာရှင် အကဲဖြတ်တာက ပြင်ပလူတွေ မြင်ဖို့ အဆင်မပြေဘူး!"
"အင်း!"
လုရွှမ်သည် ချိုးကျာမင်ကို အနီးကပ်လိုက်ကာ တစ်ဖက်ခန်းဆီသို့ လျှောက်သွားကာ ခဏအကြာတွင် လူတိုင်းရှေ့မှာ ပျောက်ကွယ်သွားခဲ့သည်။
အခန်းထဲတွင် ခဏတာ တိတ်ဆိတ်သွားသည် ။
အဂ္ဂိရတ်ဆရာကို အကဲဖြတ်နိုင်သူတွေ အားလုံးဟာ ထူးချွန်သူတွေပါ။ သူတို့အားလုံးက သူတို့ရဲ့ ပင်ကိုယ်စွမ်းရည်တွေကို အားကိုးကြပြီး သူတို့ရဲ့မျက်လုံးတွေက ထိပ်တန်းထက် ပိုမြင့်မားကြသည်။
ကမ္ဘာပေါ်က သူရဲကောင်းတွေထက် သာလွန်တယ်လို့ ထင်နေခဲ့ကြတယ်။ လုရွှမ်လို့ ခေါ်တဲ့ ဒီလူကို တွေ့ပြီးမှသာ သူတို့က ထက်မြက်တဲ့သူတောင် မဟုတ်ကြတော့သလိုပင်။
ယခင်ကမာနနှင့် ကိုယ့်ကိုကိုယ် ယုံကြည်မှုတို့သည် တစ်ဖက်သားရှေ့တွင် ကွဲကြေသွားခဲ့သည်။
အထူးသဖြင့် ထိတ်လန့်မှုနှင့် တည်ငြိမ်မှုတို့ကြောင့် မည်မျှပင် အံ့သြစရာ ကောင်းသည်ဖြစ်စေ သူ့မျက်နှာတွင် အမူအရာပြသည့် အရိပ်အယောင်ပင် မမြင်ရ။
ဒီကောင်လေးက ဘယ်ကထွက်လာမှန်း တကယ်မသိဘူး။
"ရှောင်းရှောင်း... ဒီလုရွှမ်က အကဲဖြတ်မှုကို ကျော်လွှားနိုင်မယ်လို့ ထင်လား?"
လျိုယွဲ့သည် ဤတစ်ကြိမ်တွင် သူမဆန္ဒအတိုင်း တရားဝင် အဂ္ဂိရတ်ပညာရှင် ဖြစ်လာပြီး သူမဘေးနားရှိ ရှောင်းရှောင်းကိုလည်း ကြည့်လိုက်သည်။
"ငါက ဘယ်လိုလုပ် သိမှာလဲ? အဲ့ကောင်လေးက... သူအရမ်းသေချာတယ်လို့ ပြောသွားတယ် မဟုတ်လား?"
ရှောင်းရှောင်းက ဟစ်အော်လိုက်ပြီး သူမနှလုံးသားထဲမှာ ဒေါသတွေထွက်နေခဲ့တယ်။
မူလက သူမသည် အဖွဲ့အစည်းတွင် အသက်အငယ်ဆုံး အဂ္ဂိရတ်ပညာရှင် ဖြစ်လာပြီး တစ်ရှိန်ထိုး နာမည်ကြီးလာ၏။ နောက်ဆုံးတွင် အကဲဖြတ်မှု အောင်မြင်သော်လည်း အကြောင်းတစ်ခုခုကြောင့် အဆင်မပြေ ဖြစ်ခဲ့ရသည်။
ဒီလူငယ်လေးရဲ့ အလင်းတန်းတွေက အားလုံးကို ဖယ်ထုတ်လိုက်ပြီး သူမမှာ ဘာတစ်ခုမှ မရတော့ပေ။
အကဲဖြတ်မှု သုံးခုထဲက တစ်ခုကို အောင်နိုင်ခဲ့တယ်ထင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ မျက်လုံးတစ်မှိတ် အတွင်းမှာပဲ မျက်နှာကို ပါးရိုက်ခံလိုက်ရတာပဲ ဖြစ်သည်။
"လုံးဝ သေချာတာ? ဒါက ချဲ့ကားလွန်းတယ်... ဒါပေမယ့် မပြောတတ်ဘူး ဒီကောင်လေးမှာ မရေမတွက်နိုင်တဲ့ လျှိုဝှက်ချက်တွေ ရှိပုံရတယ် အဲဒါက လူတွေမြင်ဖို့ ခက်တယ်...ပြောရရင် ရှောင်းရှောင်း... နင်ပြောကြည့် ဒီကောင်လေးမှာ အစကတည်းက ၀.၄အဆင့် ရှိနေတာများလား? စောစောက တမင်ထုတ်မပြဘဲ အခုမှ နင့်ဆီက အာရုံစိုက်ခံချင်လို့ ထုတ်ပြတာ ဆိုရင်..."
လျိုယွဲ့သည် သူမ၏ ပြင်းထန်သော စိတ်ကူးကို ပုံဖော်လိုက်၏။
ရှောင်းရှောင်းသည် သူမ၏ရုပ်ရည် အသွင်အပြင်နှင့် မိသားစုနောက်ခံ မည်သို့ပင်ရှိစေကာမူ စွဲမက်ဖွယ်ကောင်းသည်။ သူမ၏ ကိုယ်ပိုင်ထူးချွန်မှုနှင့် အတူ လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း အရည်အချင်းရှိသူ အများအပြားသည် သူမရှေ့တွင် အာရုံစိုက်ခံရရန် နည်းလမ်းမျိုးစုံကို အသုံးပြုခဲ့ကြပြီး မျက်နှာသာရရှိရန် မျှော်လင့်ခဲ့ကြသည်။
သို့သော် ဘယ်လိုခမ်းနားတဲ့ ဆွဲဆောင်မှုမှ အလှလေးရဲ့ မျက်လုံးထဲ မဝင်ခဲ့ချေ။
"စဉ်းစားကြည့်လေ တကယ်လို့ အကြွင်းမဲ့ စိတ်စွမ်းအား မရှိရင် သစ်သားသေတ္တာက သစ်မွှေးသစ်သားဆိုတာ ဘယ်လိုလုပ် ပြောနိုင်မှာလဲ? ပြီးတော့ ပြီးပြည့်စုံတဲ့ မှော်ဆေးလုံးကို အချိန်တိုလေး အတွင်းမှာ ဘယ်လို သန့်စင်ပေးနိုင်မှာလဲ? အစကတည်းက သူ့မူလခွန်အားက ၀.၄အဆင့်အထိ ရောက်နေပြီသား ဖြစ်ရမယ် မဟုတ်ရင် မျက်လုံးတွေကိုမှိတ်ပြီး ခဏရပ်နေလိုက်တာနဲ့ သူ့ဝိညာဉ်စွမ်းအားကို တိုးစေနိုင်တယ်လို့ ဘယ်သူက ယုံမှာလဲ?”
လျိုယွဲ့ဟာ စူပါစုံထောက်တစ်ယောက် ဖြစ်သွားပုံဖြင့်
"သူ့လုပ်ရပ်တွေက နင့်ရဲ့အာရုံကို ဆွဲဆောင်ဖို့ ရည်ရွယ်ချက် တစ်ခုတည်းနဲ့ တမင်သက်သက် လုပ်တာ သေချာတယ်!"
"ငါ့အာရုံကို တမင်ဆွဲဆောင်နေတာလား ငါဂရုမစိုက်ဘူး!!.."
ကောင်လေး ပျောက်သွားတဲ့နေရာကို စိုက်ကြည့်နေရင်း ရှောင်းရှောင်းက စိတ်မရှည်တော့ဘဲ
"နင်သူ့ကို အရမ်းဂရုစိုက်တာကို ငါမြင်နေရတယ် နင်ကြိုက်ရင် နင့်ဘာသာသွား!! ငါ့ကိုလာဆွဲမထည့်နဲ့!"
"ငါ? ဟီးဟီး ငါပြောစရာရှိတယ်... ဒီကောင်လေးက တကယ်ဆွဲဆောင်မှုရှိတယ်... မင်းမကြိုက်ရင် ငါရှေ့ဆက်တိုးလိုက်မှာနော် သူ့ပုံစံကို ကြည့်စမ်း... သူက တကယ်ချောတာပဲ..."
လျိုယွဲ့ ရယ်မောလိုက်သည်။
"ရှက်စရာကြီးနော်"
သူမရဲ့ အချစ်ဆုံး သူငယ်ချင်းဆီက ဒီလို "ရှက်စရာကြီး" ဆိုတဲ့ စကားလုံးတွေကို ကြားလိုက်ရတော့ ရှောင်းရှောင်းဟာ အကြောင်းပြချက် မယ်မယ်ရရမရှိဘဲ ပိုလို့တောင် စိတ်တိုသွားသလို သူမ ထိုအကြောင်းကို တွေးလေလေ ဒေါသပိုထွက်လေဖြစ်သည်။
ခြေဖဝါးတွေကို မြေကြီးပေါ် စောင့်ချလိုက်သည်။ သူမရှေ့မှ ခြေသံများ အစီအရီ ကြားလိုက်ရပြီး လူနှစ်ယောက် လျှောက်လာသည်။
ဆရာချိုး နှင့် မောက်မာသူ လုရွှမ် ဖြစ်သည်။