၉ကွင်းနယ်ပယ်
Vol. 2 Ch. 21
နှစ်ယောက်သား လမ်းလျှောက်လာရင်း လုရွှမ်က စောစောတုန်းက အတိုင်းပဲ။ ဖဲချပ်လို မျက်နှာထားနဲ့ ပျော်ရွှင်နေတာလည်း မဟုတ် ဝမ်းနည်းနေတာလည်း မဟုတ်ချေ။
ချိုးကျာမင်ကတော့ ခေါင်းခါနေတာကို မရပ်ဘဲ စစ်ဆေးမှုက အောင်မြင်သွားလား ရှုံးနိမ့်သွားလား မသိရသေး။
"ဆရာ……"
သူတို့ရဲ့ အမူအရာတွေကို မြင်တော့ ရှောင်းရှောင်း သည်းမခံနိုင်တော့ဘဲ မော့ကြည့်လိုက်သည်။
"ဟူး....ပါရမီရှင် တစ်ယောက်လို့ မပြောရဘူး... လုရွှမ်က အကဲဖြတ်မှုကို အောင်အောင်မြင်မြင်နဲ့ ကျော်ဖြတ်နိုင်ခဲ့ပြီ... သူက ကျန်းဝူ အဂ္ဂိရတ်ပညာရှင် အဖွဲ့မှာ အသက်အငယ်ဆုံး ဒုတိယအဆင့် အဂ္ဂိရတ်ပညာရှင် ဖြစ်လာပြီ"
ဆရာချိုးက ကျေနပ်မှု အပြည့်ဖြင့် ပြုံးပြီး သူ့ရှေ့က လူငယ်ကို ကြည့်လိုက်ကာ သူ့မျက်လုံးထဲမှာ ချီးမွမ်းရိပ်တွေက ပြည့်လျှံနေတော့သည်။
လူငယ်လေး ပြောတာခဲ့တဲ့ သူလုံးဝ သေချာတယ်လို့ ပြောခဲ့တုန်းက နည်းနည်း ချဲ့ကားတယ်လို့ ထင်မိပေမယ့် အခုတော့ ဒါဟာ ကြီးကျယ်တဲ့ စကားလုံးတာ သိခဲ့ရပြီ။
ယခင်အကဲဖြတ်မှုအတွင်း သူ၏စိတ်ဝိညာဉ် စွမ်းအားအပေါ် လူငယ်၏ ထိန်းချုပ်မှုကို တွေးတောရင်း ဝါရင့်ဒုတိယအဆင့် အဂ္ဂိရတ်ပညာရှင်တစ်ဦး ဖြစ်သည့်တိုင် ရှက်လည်းမရှက်နိုင်ပေ။
ဒီလိုလူငယ်တစ်ယောက်က ဘယ်လိုလုပ် လုပ်နိုင်သွားတယ် ဆိုတာ တကယ်မသိဘူး ဖြစ်နေတယ်။
"ဒါက……"
မူလက သူမတွင် မျှော်လင့်ချက် မီးတောက်နေသေးသော်လည်း ချိုးကျာမင်၏ အတည်ပြုချက်ကို ကြားပြီးနောက် ရှောင်းရှောင်းသည် သူမ၏ ပါးပြင်တွင် ပူလောင်သော နာကျင်မှုကို ခံစားခဲ့ရသည်။
စောစောကတင် သူမဟာ မာနကြီးစွာနဲ့ တစ်ဖက်လူက သူမကို မနိုင်ပါဘူးဆိုပြီး ရယ်မောခဲ့တာလေ။ ရလဒ်ကရော?
ပါရမီရှင်တစ်ယောက်လို့ အမြဲပြောလေ့ရှိတဲ့ သူမဟာ ဒီအချိန်မှာ သူ့မျက်နှာက ရောင်လုမတတ် နီရဲနေတယ်လို့ ခံစားလာရ၏။
"ဒီမှာ...ဒါက မင်းကို ခုနက ကတိပေးထားတဲ့ စတုတ္ထတန်း အဂ္ဂိရတ်တံဆိပ်ပြား ပဲ!"
တပည့်၏ စိတ်ဓာတ်ကျနေခြင်းကို မမြင်ဘဲ ချိုးကျာမင်သည် ကတိပေးထားတဲ့ အတိုင်း အဆင့်၄ အဂ္ဂိရတ်တံဆိပ်ပြားကို ထုတ်ကာ လုရွှမ်အား ပေးလိုက်သည်။
အဆင့်၂ အဂ္ဂိရတ်ပညာရှင် တစ်ယောက်အနေနဲ့ ကတိပြုပြီးသား ကိစ္စကို ဖျက်မည်မဟုတ်။
"ကျေးဇူးပါပဲ နှုတ်ဆက်ပါတယ်!"
အဂ္ဂိရတ်တံဆိပ်ပြားကို ယူပြီးနောက် လုရွှမ်သည် တစ်ဖန်ပြန်၍ လှည့်ကာ ထွက်သွားလေသည်။
ဒဏ္ဍာရီထဲက ၉ကွင်းနယ်ပယ်ကို ထိုးဖောက်ရန်အတွက် ဆေးကို အမြန်ဝယ်လိုသောကြောင့် ဤနေရာတွင် ရပ်နေရန် အချိန်မရှိပါ။
"နင်...မသွားနဲ့"
ဘာမှ မပြောသလို တစ်ချက်ကလေးတောင် မကြည့်ဘဲ ထွက်သွားတာကို မြင်လိုက်ရတော့ ရှောင်းရှောင်း သည်းမခံနိုင်ဘဲ အမြန်ပြောလိုက်သည်။
ခုနကတော့ ကိုယ့်ကိုကိုယ် မောက်မာနေခဲ့မိပေမယ့် အခုသူက ဒုတိယတန်း အဂ္ဂိရတ်ဆရာဖြစ်သွားပြီ။ သိကျွမ်းနေရင်တောင် နောက်ပြန်လှည့်မကြည့်တာ ထားပါ အခုသူမကို ဘာမှ မပြောသလို လှည့်လည်း မကြည့်ဘူး။ ဘာသဘောလဲ?
"နင်....နင်အရမ်း အစွမ်းထက်တယ် ဆိုတာ ငါဝန်ခံပါတယ်... ဒါပေမယ့် တစ်နေ့ကျရင် ငါနင့်ကိုသေချာပေါက် နိုင်စေရမယ်!"
သူမပြောတာကို မကြားသလိုမျိုး တစ်ဖက်လူက ဘာမှမထူးခြားစွာ ထွက်သွားတာကို တွေ့ရတော့ ရှောင်းရှောင်းက သူမရဲ့ ငွေရောင်သွားတွေကို ကိုက်လိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်ပါတော့သည်။
တစ်ဖက်လူက "ငါစောင့်နေမယ်" ဒါမှမဟုတ် "မင်းမှာ သတ္တိတွေ အများကြီးရှိတာပဲ" ဆိုတဲ့စကားတွေ ပြောမယ်လို့ တွေးလိုက်ချိန်မှာပဲ သူမနားထဲ ခြေသံတွေ ဆက်ထွက်လာတာကို ကြားလိုက်ရပြီး ကောင်လေးကို ပြန်ကြည့်လိုက်တော့ ဝေးဝေးကို လျှောက်သွားခဲ့ပြီးပြီ။
"မုန်းစရာကြီး……"
ရှောင်းရှောင်း၏ မျက်နှာ နီရဲလာသည်။
ငါအခုနင့်ကို စိန်ခေါ်နေတာ နင်က လှည့်မကြည့်တဲ့အပြင် ဘာမှတောင် ပြောမသွားဘူး ဒီအတိုင်း ထွက်သွားတာက ဘာသဘောလဲ?
"ရှောင်းရှောင်း...."
တပည့်ဖြစ်သူ၏ ဒေါသထွက်နေပုံကို မြင်တော့ ချိုးကျာမင်လည်း ရှေ့ထွက်လာခဲ့သည်။
"ဆရာ... သူတပည့်ကို အနိုင်ကျင့်တယ် ဝူး.."
ချိုးကျာမင်ရဲ့ ပခုံးပေါ်မှာ လဲလျောင်းရင်း ရှောင်းရှောင် မခံနိုင်တော့ဘဲ ငိုချလိုက်ပါတော့သည်။ အမြဲတမ်း ချီးကျူးခံခဲ့ရတဲ့ မင်းသမီးလေးက ဒီလိုနာကျင်မှုကို ဘယ်လိုလုပ် ခံနိုင်ရည် ရှိမှာလဲ။
လုရွှမ်က သူမရဲ့ စိန်ခေါ်မှုကို ဂရုတောင်စိုက်မသွားဘူး။
သန်မာတဲ့ သူတွေက ပါးစပ်နဲ့ အသံကောင်း ဟစ်နေကြတာ မဟုတ်။ တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားရင် ထွက်ပေါ်လာကြတာ။
သူမနဲ့ စကားများပြီး အချိန် ဖြုန်းတီးမယ့်အစား ခွန်အားကို မြှင့်တင်ဖို့ အချိန်ကို အကျိုးရှိရှိ အသုံးချလိုက်တာက ပိုကောင်းသည်။ သူ လမ်းလျှောက်လာရင်း မကြာမီပင် ယခင်ကောင်တာသို့ ရောက်လာခဲ့သည်။
လျိုရှင်းဆိုတဲ့ မိန်းကလေးက ကောင်တာရှေ့မှာ ရှိနေတုန်းပင်။
သူပြန်လာတာကို မြင်တော့ လျိုရှင်းက သူမမျက်လုံးထဲက အထင်အမြင်သေးပြီး လှောင်ပြောင်တာကို မဖုံးကွယ်နိုင်တော့ဘဲ
"ရှင်ဘာလို့ ဒီလောက်ကြာမှ ပြန်လာတာလဲ? ရှင် အဂ္ဂိရတ်ပညာကို မစမ်းသပ်တော့ဘူးလား? ကြည့်ရတာ ရှင် အထုတ်ခံရပြီထင်တယ်..."
ဗုန်း....
သူမစကားမဆုံးခင်မှာ အဂ္ဂိရတ်တံဆိပ်ပြား တစ်ပြားက သူမရှေ့က စားပွဲပေါ်ကျလာသည်။ လုရွှမ်က
"ငါ့ကို စတုတ္ထတန်း နဂါးကျားဆေးလုံး ထုတ်ပေး!"
သူမက အရောင်းဝန်ထမ်းလေး တစ်ယောက်သာဖြစ်ပြီး သူ့ကို စိတ်ဆိုးပြီး ခွန်အားနှင့် တိုက်ရိုက်စကားပြောရန် လိုအပ်ချက် ရှိနေသေးသည်။
"နဂါးကျားဆေးလုံး... အဆင့်၄ အဂ္ဂိရတ်တံဆိပ်ပြား? ရှင်..."
အဆင့်၄ အဂ္ဂိရတ်တံဆိပ်ပြားကို မြင်တော့ သူမမျက်အိမ်များ ကျဉ်းသွားကာ တစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်သွားသည်။
အဂ္ဂိရတ်တံဆိပ်ပြား မရှိဘဲ ဆေးဝယ်ချင်နေသေးတယ် ဆိုပြီး မကြာသေးခင်ကမှ သူမ လှောင်ပြောင်ခဲ့တာကို အခုတော့ အဆင့်၄ အဂ္ဂိရတ်တံဆိပ်ပြားကို ထုတ်ပြလာပြီ....
တံတွေးမျိုချရင်း လျိုရှင်းသည် ထိတ်လန့်တုန်လှုပ်သွားကာ ဖျော့တော့သွားသည်။
အဂ္ဂိရတ်ပညာရှင် အဖွဲ့အောက်မှာ နေခဲ့တာ ဘယ်လောက်တောင် ကြာသွားပြီလဲမသိပေမယ့် တစ်ချက်ကြည့်ရုံနဲ့ တံဆိပ်ပြားက အတုလား အစစ်လားဆိုတာ သိနေပြီ။
အဆင့်၄ အဂ္ဂိရတ်တံဆိပ်ပြား ကိုင်ထားသူကို အလွယ်တကူ လှောင်ပြောင်မိခဲ့တယ်။ ဒါ ကိုယ့်သေတွင်း ကိုယ်တူးနေသလိုပဲ။
"ကျွန်မ သွားယူခဲ့ပါ့မယ်"
လျိုရှင်းက ထပ်မပြောဝံ့တော့ဘဲ အဂ္ဂိရတ်တံဆိပ်ပြားကို ယူကာ ခဏအကြာတွင် ကျောက်စိမ်းသေတ္တာ တစ်လုံးကို လွှဲပေးလာသည်။
"စုစုပေါင်း ... ရွှေစ ၃သိန်းပါ!"
စတုတ္ထတန်း မှော်ဆေးလုံးသည် ရွှေစ၃သိန်း ကုန်ကျတယ်ဆိုတာ ရိုးရိုးသားသား ပြောရလျှင် စျေးမကြီးချေ။
လုရွှမ်အတွက်တော့ ငွေက ကိန်းဂဏန်းတွေချည်းပဲ။ မရှိတော့ဘူး ဆိုရင် ဖန်းရှစ်ကိုသွားပြီး ရှာဖွေလိုက်ရုံပဲ။ ထိပ်တန်းကတ်ကို သုံးပြီး ကျောက်စိမ်းသေတ္တာကို ဝယ်ယူလိုက်သည်။
ထို့နောက် ချက်ချင်းပင် အဂ္ဂိရတ်ပညာရှင် အဖွဲ့အစည်းရုံးမှ ထွက်ခွာလာခဲ့သည်။
"ကြားလိုက်လား? စောစောလူက အဆင့်၂ အဂ္ဂိရတ်ပညာကို အောင်မြင်သွားတာတဲ့"
"အဆင့်၂ အဂ္ဂိရတ်ပညာ?"
"ဟုတ်တယ်.. ဒုတိယအဆင့် အဂ္ဂိရတ်ဆရာလို့ခေါ်တဲ့ ဆရာကြီးချိုးကျာမင်တောင် ရှုံးသွားတယ်တဲ့...."
"တော်လိုက်တာ!"
လုရွှမ် ထွက်သွားသည်နှင့် တပြိုင်နက် ခန်းမတစ်ခုလုံး စကားစမြည် ပြောသံများ ပြည့်လာသည်။
ကျန်းဝူ အဂ္ဂိရတ်ပညာရှင် အဖွဲ့မှ အသက်အငယ်ဆုံး ဒုတိယအဆင့် အဂ္ဂိရတ်ပညာရှင်ကို မွေးထုတ်ပေးခဲ့တဲ့ သတင်းမှာ ဖုံးကွယ်၍မရသော ပလိပ်ရောဂါကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။
"ဒုတိယအဆင့် အဂ္ဂိရတ်ပညာရှင်လား ငါတကယ်ပဲ အဆင့်၂ အဂ္ဂိရတ်ပညာရှင်ကို လှောင်ရယ်ခဲ့တာလား?"
လျိုရှင်းသည် ငိုတော့မယ့် မျက်နှာနဲ့ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
ဒုတိယတန်းစား အဂ္ဂိရတ်ပညာရှင်ကို ကျန်းဝူဘုရင်ပင် ယဉ်ကျေးပျူငှာစွာ ဆက်ဆံရမည်ဖြစ်ပြီး အလွယ်တကူ လျစ်လျူမရှုဝံ့။ သူမကတော့ သူ့ကို ရယ်မောလိုက်သည်တဲ့။
......
သူ့နောက်ကွယ်က ဆွေးနွေးမှုများကို လျစ်လျူရှုကာ လုရွှမ်သည် အိပ်ဆောင်နောက်ဘက် တောအုပ်ဆီသို့ ပြန်သွားခဲ့သည်။
"၉ကွင်းကို စလိုက်ရအောင်!"
မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ခန္ဓာကိုယ် အနေအထားကို ချိန်ညှိပြီး နဂါးကျားဆေးပြားကို မျိုချလိုက်သည်။
ဟုန်းဟုန်း!
အဆင့်၄ မှော်ဆေးလုံး ဆိုတဲ့အတိုင်းပဲ ခန္ဓာကိုယ်ထဲသို့ဝင်သည်နှင့် တပြိုင်နက် တစ်ကိုယ်လုံးရှိ ကြွက်သားများ လောင်ကျွမ်းသွားသလိုပင် နဂါးနှင့် ကျားတို့၏ အားသည် ပြင်းထန်လာသည်။
ခန္ဓာကိုယ်အတွင်း လည်ပတ်နေသော စွမ်းအားများ တည်ငြိမ်သွားသည်။ အသံ၈ကွင်း နယ်ပယ်ကို မကြာသေးခင်ကမှ ထိုးဖောက်ထားပြီးပြီ။ နေ့တစ်ဝက်မှာပဲ သူသည် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီမို့ အချိန်မရွေး ထိုးဖောက်သွားနိုင်သည်။
ယခုအချိန်တွင် နဂါးကျားဆေးလုံး၏ အစွမ်းသည် တစ်ဝက်မျှသာ အသုံးပြုရသေး၏။
"စကြရအောင်!"
သိရမည်မှာ လက်ရှိအချိန်က အကောင်းဆုံး အခွင့်အရေးပင်။ အရှိန်အဟုန် ဖြစ်စေ သို့မဟုတ် စွမ်းအင်ဖြစ်စေ ၎င်းတို့သည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။
အကယ်၍ ယခုအချိန်တွင် ဒဏ္ဍာရီဆန်သော ၉ကွင်းနယ်ပယ်ကို မထိုးဖောက်နိုင်ပါက အနာဂတ်တွင် အောင်မြင်ရန် ပို၍ခက်ခဲသွားလိမ့်မည်။
အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ လုရွှမ်သည် မျက်ခုံးပင့်လိုက်ပြီး သူ့တစ်ကိုယ်လုံးက စွမ်းအင်များကို တစ်ချက်ချင်း လွှတ်လိုက်ပြီး သူ၏ စိတ်ဝိညာဉ်သည် လေထဲမှ ပြင်းထန်သော အငွေ့အသက်ကို စုပ်ယူရန် ပျံ့နှံ့သွားသည်။
ဗုန်း!
ဝိညာဉ်စွမ်းအင်များ ခန္ဓာကိုယ်ထဲသို့ ဝင်လာသည်နှင့် တပြိုင်နက် မရေတွက်နိုင်သော ဓားရှည်များကဲ့သို့ ချက်ခြင်း ထိုးဖောက်သွားသည့်နှယ် ပြင်းထန်လာ၏။
မူလက မပြောင်းလဲသေးသော ဝိညာဉ်စွမ်းအင်သည် သူ့ခန္ဓာကိုယ်ထဲတွင် တဟုန်းဟုန်း တောက်လောင်လာကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ၈ကွင်း၏ အထွတ်အထိပ်သို့ မြှင့်တင်ထားသော ခန္ဓာကိုယ်သည် ကွဲအက်သွားပြီး ခန္ဓာကိုယ် တစ်ခုလုံး သွေးများ စီးကျလာသည်။
ဤအခိုက်အတန့်တွင် လုရွှမ်သည် သူ့ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများဖြင့် စစ်မြေပြင်မှ တွားသွားလာသည့် တစ္ဆေတစ်ကောင်နှင့်တူပြီး အချိန်မရွေး သေသွားတော့မည့်နှယ်။
"ပိုင်ရွှယ်ဟွေ့ကောင်းကင်မြေပုံ...ထိုးဖောက်စေ!!"
နာကျင်ကိုက်ခဲမှုကို ထိန်းထားရင်း သွားများကို ကြိတ်ကာ ဆက်ထိန်းထားသည်။
အသက်ရှူသံ တစ်ချက်
အသက်ရှုသံ နှစ်ချက်!
အသက်ရှူသံ သုံးချက်!
ဗုန်း!
အသက်ရှူသံ ငါးချက်မြောက်တွင် ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြီး ဝိညာဉ်စွမ်းအင်၏ အကျိုးသက်ရောက်မှု အောက်တွင် ရုပ်ခန္ဓာသည် ချည်နှောင်မှု အချို့ကို ချိုးဖျက်သွားပုံရပြီး အဆင့်၁ ဝူအဆင့်ကိုပင် ကျော်တက်သွားသည့် အားကောင်းသော စွမ်းအားတစ်ခု မွေးဖွားလာသည်။
"ဒါက ကွင်းကိုးကွင်းရဲ့ နယ်ပယ်လား? ဟားဟား...ငါလုရွှမ် နောက်ဆုံး အဲဒီနယ်ပယ်ကို ရောက်လာမယ်လို့ မထင်ခဲ့ဘူး!"
သူ့ခန္ဓာကိုယ်မှာ ပြောင်းလဲသွားတာကို ခံစားလိုက်ရတော့ လုရွှမ်က ရယ်လိုက်သည်။ သို့သော် ယခုအချိန်သည် ပျော်ရွှင်ရမည့်အချိန် မဟုတ်ကြောင်းကိုလည်း သူသိသည်။
၉ကွင်းကို ထိုးဖောက်ဖို့ အသက်ရှူချိန် ၅ချက်ကို အသုံးပြုခဲ့ရာ တစ်ချက်ကတော့ အလကားဖြစ်သွားခဲ့သည်။ သို့သော် သူ့မှာ အသက်ရှူချိန် ၄ချက် ကျန်သေးသည်။
အကယ်၍ ထိုလေးချက်အတွင်း မူလအမှတ်ကိုပါ ရှာမတွေ့ဘူး ဆိုရင်တော့ သူသေရလိမ့်မည်။
"လူ့ခန္ဓာကိုယ်ရဲ့ မူလအမှတ် ရှိနိုင်ခြေ အရှိဆုံး နေရာ ၃၆ခု ရှိတယ်။"
အချိန်တိုတောင်းသော်လည်း လုရွှမ် လုံးဝမထိတ်လန့်ဘဲ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသော ရောင်ခြည်ကို လမ်းညွှန်ကာ သူ့မှတ်ဉာဏ်ထဲတွင် ဖြစ်နိုင်ခြေအရှိဆုံးနေရာဆီသို့ ပြေးသွားခဲ့သည်။
"အမ်း? မဟုတ်သေးဘူး!"
"ဒီနေရာလည်း မဟုတ်သေးဘူး"
"မဟုတ်သေးဘူး!"
မျက်စိတစ်မှိတ် အတွင်းမှာပင် မူလအမှတ် ပေါ်လာနိုင်သည့် နေရာ၃၆ခုလုံးကို စမ်းကြည့်သော်လည်း မူလအမှတ်မှ တုံ့ပြန်မှု မရှိပေ။
ထိုအချိန်တွင် အချိန်မီထွက်သက်တစ်ခုသာ ကျန်တော့သည်။ သူ့ခန္ဓာကိုယ်က ကန့်သတ်ချက် ပြည့်သွားပြီလို့ ခံစားလာရ၏။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... မူလအမှတ် ဖြစ်နိုင်တဲ့နေရာ စုစုပေါင်း သုံးဆယ့်ခြောက်ခု ရှိတယ်... တိမ်ပင်လယ်နယ်မြေ တစ်ခုလုံးမှာ တခြားနေရာတွေမှာ ပေါ်လာတတ်တဲ့လူ ဘယ်သူမှ မတွေ့ဖူးဘူး"
သူ့စိတ်ထဲတွင် စိုးရွံ့နေသော လုရွှမ်မှာ ကြွက်သားများ တင်းမာလာပြီး သူ့စိတ်တွေ တဒိန်းဒိန်းခုန်လာသည်။
သူသည် ဂိုဏ်းခြောက်ခု၏ စာအုပ်များကို ဖတ်ဖူးသည်။ မူလအမှတ်သည် လူတစ်ဦးနှင့် တစ်ဦး ကွဲပြားသော်လည်း ပေါ်လာနိုင်ခြေ အများဆုံးနေရာ သုံးဆယ့်ခြောက်ခုသာ ရှိသည်။
တခြားနေရာ မရှိချေ။ ဘယ်လိုလုပ် ဒီကိုရောက်လာတော့ အဲဒီစာအုပ်က အသုံးမဝင်တော့ဘူးလို့ ခံစားလာရပါလိမ့်။
နေရာသုံးဆယ့်ခြောက်ခုကို စမ်းသပ်ပြီးပြီ။ ၎င်းတို့ထဲမှ တစ်ခုမျှ မူလအမှတ် မရှိ။
ဖြစ်နိုင်ပါ့မလား။ ၉ကွင်းနယ်ပယ်က တကယ့် ဒဏ္ဍာရီပဲ ဖြစ်ပြီး ဘယ်တော့မှ မအောင်မြင်နိုင်တော့ဘူးလား။ ဒီလိုဆိုရင် ဒီဒဏ္ဍာရီက ဘယ်ကလာတာလဲ။
"မ မဖြစ်နိုင်ဘူး... အဲဒီနေရာ.... မဖြစ်နိုင်ဘူး"
သူသေတော့မယ်လို့ တွေးလိုက်တဲ့ အချိန်မှာ သူ့စိတ်ထဲမှာ အတွေးတစ်ခု ဝင်လာခဲ့သည်။
မျက်ခုံးကြား!
မျက်ခုံးကြားသည် လူ့အသိစိတ်ပင်လယ်၏ ဝိညာဉ်စွမ်းအားများ တွယ်ကပ်နေသည့် နေရာဖြစ်သည်။ ထိုနေရာသည် တိုက်ခိုက်ရေး ကျင့်ကြံသူများအတွက် အကာအကွယ် အလိုအပ်ဆုံး နေရာဖြစ်သည်။
အမှန်တော့ ထိုနေရာက အရမ်း အန္တရာယ်များပြီး ပြင်းထန်တဲ့ ဝိညာဥ်စွမ်းအင်ကို စုပ်ယူတတ်လို့ သေမင်းနတ်ဘုရားကို တစ်ချိန်လုံး ရင်ဆိုင်နေရတာနဲ့ အတူတူပဲ။
"ဂရုမစိုက်တော့ဘူး...သေတောင် သေပြီးသွားပြီပဲ! စမ်းကြည့်တာပေါ့!!"
အသက်တစ်ဝက် ကျော်သွားပြီလို့ ခံစားရပြီး ရှာမတွေ့ရင် သေခြင်းတရားကိုသာ စောင့်ဆိုင်းနေရတော့မည်။
သို့သော်လည်း လုရွှမ်က တုံ့ဆိုင်းမနေဘဲ စိတ်လှုပ်ရှားမှုနဲ့အတူ ကောင်းကင်မှ ပြင်းထန်တဲ့ ဝိညာဉ်စွမ်းအင်တွေကို သူ့မျက်ခုံး အလယ်ဗဟိုသို့ စုပ်ယူလိုက်တော့သည်။
ဝုန်း!
ကြီးမားသော အရှိန်အဟုန်ဖြင့် ဝိညာဥ်စွမ်းအင်များ ပြေးဝင်လာပြီး လုရွှမ်၏ မျက်လုံးများ မှောင်မည်းသွားတော့သည်။