← Chapters

ချန်ဖုန်း ဒုတိယအပိုင်း

Vol. 2 Ch. 24

ချန်ဖုန်း ဒုတိယအပိုင်း

Vol. 2 Ch. 24

"ငါတို့...."

ချန်ဖုန်းဆီက ဖိအားကို ခံစားလိုက်ရသည်နှင့် ယွမ်ချောင် နှင့် ရန်းလင်တို့မှာ ချွေးတွေ ထွက်ကျလာသည်။

သားရဲသွေးဆေးကို စားသုံးခြင်းသည် ၎င်းတို့၏ ခွန်အားကို မြှင့်တင်ပေးသော်လည်း ၎င်းတို့သည် အောက်တန်းရဲ့ ရွှေတံဆိပ်နေရာ ရထားတဲ့ ဝူအဆင့်ပညာရှင် ချန်ဖုန်းထက် များစွာ နိမ့်ကျနေသေးသည်။

"နောက်ကွယ်က စကားပြောတာ ဆိုရင်တောင် မင်းသူတို့ကို ဒူးထောက်ခိုင်းစရာ မလိုဘူးမလား?"

လုရွှမ်သည် တစ်ဖက်မှ မျက်မှောင်ကျုံ့ကာ ဆိုလိုက်သည်။

ရန်းလင်နဲ့ ယွမ်ချောင်တို့က နောက်ကွယ်မှာ အတင်းပြောတာ မှန်သည်။ သို့သော် ဘယ်သူက နောက်ကွယ်မှာ အတင်းမပြောတတ်ကြလို့လဲ။ ဘယ်သူကရော ပြောခွင့်မရှိလို့လဲ။

ဒီလို အခြေအနေနဲ့တွေ့ရင် အရှက်မရအောင် မကြားချင်ယောင်ဆောင်ပြီး ထွက်သွားလိုက်ရုံပဲ။ ဒီလိုတစ်ဖက်သားကို ဒူးထောက်ခိုင်းတဲ့ အမူအရာက နည်းနည်းတော့ လွန်သွားပြီ။

"အိုး....နောက်ထပ် လူပိုတစ်ယောက်ပါလား? ငါ့ကိုဒီလိုပြောရဲရအောင် မင်းက ဘယ်သူမလို့လဲ?"

ချန်ဖုန်းက အစပိုင်းမှာ စိတ်ဆိုးသွားပြီး အနှောင့်အယှက်ပေးတဲ့ အသံရှင်ကို မြင်တဲ့အခါမှာတော့ သူက ဟားတိုက် ရယ်မောရင်း

"သူတို့လိုပဲ ဘာမှ အသုံးမကျတဲ့ ကောင်ပါလား... ဒါဆိုလည်း သူတို့နဲ့အတူ ဒူးလာထောက်လိုက်လေ!"

လက်ငါးချောင်း ဖြန့်ကာ သုံးယောက်လုံးကို ဖမ်းလိုက်သည်။

ဝူအဆင့် ပညာရှင်၏ ကိုယ်ခန္ဓာအား ဝိညာဉ်စွမ်းအင်များဖြင့် ချုပ်တည်းထားသောကြောင့် ပို၍ပင် သန်မာစေသည်။ သူရှေ့ကိုသာ အဝတ်တစ်ထည် ရောက်လာခဲ့ရင် လုံးဝ စုတ်ပြဲသွားလိမ့်မည်။

ဒီလိုစွမ်းအင်မျိုးက ယခင်က လန်ရော့ရှင်းသာ ရှိနေရင် ခုခံနိုင်မည်မဟုတ်။ အောက်ခြေအဆင့်တွင် နံပါတ်တစ် ဖြစ်လာသည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။

လူတိုင်းသည် ထိုလက်ဖဝါးအောက်တွင် ကောင်လေး ၃ယောက် အမျိုးမျိုးသော ညှင်းပန်းနှိပ်စက်မှုများကို ခံစားကြရတော့မည်ဟု ထင်ကြသည်။

ဟူ......

ထိုင်နေသော လုရွှမ်သည် စတင်လှုပ်ရှားလိုက်သည်။ သူ၏လက်ညိုးနှင့် လက်ခလယ်ကို အသာအယာ ထုတ်လိုက်ကာ ချန်ဖုန်း၏ အစွမ်းထက်သော လက်ဖဝါးကို လေထဲတွင် အေးခဲသွားစေ၏။

သူမည်မျှပင် ကြိုးစားသော်လည်း မလှုပ်နိုင်ဘဲ ပြိုင်ဘက်ရဲ့ လက်ချောင်းထိပ်မှာတင် ရပ်တန့်သွားရသည်။

"မင်း..."

ချန်ဖုန်း၏ တပည့်များ ထိတ်လန့်သွားသည်။

လုရွှမ် -"သွားစမ်း!"

လုရွှမ်က လက်ကောက်ဝတ်ကို လှန်လိုက်သည်။

ဘာမှ မတုံ့ပြန်ရခင်မှာပဲ ချန်ဖုန်းဟာ သဲအိတ်လို ပစ်ချပြီး မြေပြင်ပေါ် ပစ်ချခံလိုက်ရတော့သည်။

ခန်းမထဲက လူတွေအားလုံး အံ့သြသွားကြသည်။

ဒီကိုလာစားကြတဲ့ လူအားလုံးနီးပါးက ကျန်းဝူအကယ်ဒမီက ကျောင်းသားတွေဖြစ်ပြီး သူတို့နှစ်ယောက်ကြားက ပဋိပက္ခကို အစကတည်းက မြင်နေကြသည်။

သူတို့နဲ့ဘာမှမဆိုင်တဲ့အတွက် အားလုံးက စိတ်လှုပ်ရှားနေရင်း တစ်ဖက်ကနေသာ ကြည့်နေခဲ့ကြသည်။

ပထမနေရာက ချန်ဖုန်းရှိနေရင် ဘယ်ကရောက်လာမှန်း မသိတဲ့ ကောင်လေးသုံးယောက်ဟာ အိပ်မက်တောင် မက်ချိန်မရဘဲ လုံးဝ ဒုက္ခရောက်တော့မယ်လို့ ထင်ထားခဲ့တာ။

ပထမနေရာရဲ့ ချန်ဖုန်းက ခွေးလိုဝက်လို ပေါ့ပေါ့ပါးပါး ပစ်ပေါက်ခံလိုက်ရမယ်လို့ ဘယ်သူက ထင်မှာလဲ။

တကယ်ကြီးလား?

ဒီကောင်က ဘယ်သူလဲ။ ဒီလောက် အစွမ်းထက်တဲ့ လူကို အဆင့်ပြိုင်ပွဲမှာ ဘာကြောင့် မတွေ့ခဲ့ရတာလဲ?

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ……"

"ဒီကောင်လေးက ဘယ်သူလဲ"

"ငါမှတ်မိပြီ... လုရွှမ်လို့ ခေါ်တယ်ထင်တယ်!"

"လုရွှမ်? လန်ရော့ရှင်းကို အနိုင်ယူခဲ့တဲ့ အငယ်တန်းက ကောင်လေး?"

တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အခန်းထဲတွင် ရုတ်ရုတ်သဲသဲဖြစ်လာပြီး နောက်ဆုံးတွင် တစ်ယောက်ယောက်က သူ့ကို မှတ်မိသွားသည်။

ပြိုင်ပွဲစင်မြင့်ရှေ့တွင် လန်ရော့ရှင်းကို အနိုင်ရခြင်းသည် ကြီးမားသော တိုက်ပွဲမဟုတ်သော်လည်း လျိုချွမ်း၏ ပြိုင်ဆိုင်မှုကို လွှမ်းမိုးခဲ့ပြီး လူများစွာကို 'လုရွှမ်' ဟူသောအမည်ကိုမှတ်မိစေခဲ့သည်။

ဒီအကြောင်းကို ကြားတော့ အားလုံး အံ့ဩသွားကြသည်။

လတ်စသတ်တော့ ဒါက လုရွှမ်ကိုး တကယ်သန်မာတာပဲ။

"ဒါ......."

လူတိုင်း ထိတ်လန့်သွားရုံသာမက ရန်းလင် နှင့် ယွမ်ချောင်လည်း ထိတ်လန့်သွားကြသည်။

သူတို့ရှေ့က အခန်းဖော်က လန်ရော့ရှင်းကို အနိုင်ယူပြီး ကြံ့ခိုင်မှု မညံ့ဘူးဆိုတာ သူတို့သိပေမယ့် ဒီလောက် အစွမ်းထက်မယ်လို့ မမျှော်လင့်ထားဘူးလေ။

ချန်ဖုန်းက ဝူအဆင့်မူလနယ်ပယ်ရဲ့ အလယ်တန်းအဆင့်မှာ။ ပထမနေရာကိုတောင် ရပြီးနေပြီဖြစ်ပြီး ဒီလိုမျိုး ပစ်ပေါက်ခံလိုက်ရတာလား?

တံတွေ မျိုချရင်း ရန်းလင်နှင့် ယွမ်ချောင်တို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

သူတို့နှစ်ယောက်ဟာ အတူတူ အိပ်ဆောင်မှာ ရှိကြပေမယ့် ဒီကောင်လေးကို ကြည့်လေ နားမလည်လာလေပဲ။

သို့သော် ယခုအချိန်သည် မေးခွန်းများ မေးရမည့်အချိန် မဟုတ်ကြောင်းလည်း သူတို့သိကြသည်။ ရွှံ့နွံဖုံးနေသော မျက်နှာနှင့် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ချန်ဖုန်းကိုကြည့်ရင်း ရန်းလင်သည် သူ့ဒေါသကို ဖြေလျော့သွားသလို ခံစားလိုက်ရသည်။

"ဒါက နံပါတ်တစ်လား? ကြည့်ရတာ ဘာမှမဟုတ်သလိုပဲ"

မင်း အခုနက မာနကြီးနေတာ မဟုတ်ဘူးလား သူတို့ကို ဒူးထောက်ပြီး တောင်းပန်ခိုင်းနေတာ မဟုတ်ဘူးလား?

လုရွှမ်တောင် သိပ်မလှုပ်လိုက်ရဘဲ ဘာလို့ ဒီမှာ အတင်းအကြပ် ဟန်ဆောင်နေတာလဲ?

"မင်း ခိုးကြောင်ခိုးဝှက်နဲ့!! ငါ့ကို ထိပ်တိုက်တိုက်ခိုက်ရဲလား"

ဒါကိုကြားတော့ ချန်ဖုန်းဟာ သွေးအန်လုမတတ် မတ်တပ်ရပ်ဖို့ ရုန်းကန်ရင်း အံကြိတ်ထားတဲ့ သွားတွေနဲ့ ဟောက်လိုက်သည်။

သူက အခုနမှ တိုက်ခိုက်ဖို့ ခွန်အားကို လုံး၀ မသုံးထားဘူး။ လုရွှမ်မှာ ဒီလို ခွန်အားတွေ ရှိလာမယ်လို့ မမျှော်လင့်ထားတာကြောင့် ကြိုတင်ပြင်ဆင်ခြင်း မရှိခဲ့။

သူ့အထင်တော့ မျက်စိရှေ့က ကောင်လေးက ခိုးကြောင်ခိုးဝှက်နဲ့ တိုက်ခိုက်လိုက်တာပဲ ဖြစ်မည်။ အဲ့လောက် မသန်မာနိုင်ဘူး။

ထိပ်တိုက်သာ ရင်ဆိုင်လိုက်ရင် အစွမ်းကုန် သုံးနေသရွေ့တော့ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။

"ထိပ်တိုက်ရင်ဆိုင်မယ်?"

ဒီကောင်လေး အော်ရဲဦးမယ်လို့ မထင်ထားဘူး။ လုရွှမ်က ငြင်းဖို့စဥ်းစားထားသော်လည်း ရုတ်တရက် တစ်ခုခုကို တွေးမိသွားကာ မျက်ခုံးပင့်လိုက်သည်။

"ရတယ်လေ...ဒါပေမဲ့ မင်းရှုံးရင် မင်းကအောက်တန်းရဲ့ ရွှေတံဆိပ်နေရာက လူ မဟုတ်တော့ရုံတင် မဟုတ်ဘူး... မင်းရထားတဲ့ ဆုတွေငါ့ကို ပေးရမယ်!"

ရွှေတံဆိပ်ရထားသူသည် ယွမ်လိမှော်ဆေးလုံးကို ရနိုင်ပြီး [ရွှေဝိညာဉ်ရေကန်] သို့ ဝင်ရောက်ရန် အခွင့်အရေး ရှိသည်။

ယွမ်လီဆေးလုံးသည် ယခုအချိန်တွင် သူ့အတွက် အသုံးမဝင်သော်လည်း ရွှေဝိညာဉ်ရေကန်ထဲသို့ ဝင်ရောက်ခြင်းက များစွာအကျိုးရှိပေသည် ။

ရွှေဝိညာဥ်ရေကန်သည် ကောင်းကင်နှင့် မြေကြီးတို့မှ မွေးဖွားလာသော ဝိညာဥ်ရေကန်ဖြစ်သည်။ ၎င်းတွင် ဒြပ်စင်ငါးပါး၏ သတ္တုသဘာဝများ ပါဝင်သည်။

ဝူအဆင့်၏ မူလအဆင့်တွင် ရှိသူများအတွက်သာမက ဒုတိယအဆင့်ရှိ လူများအတွက်ပါ အလွန်အသုံးဝင်ပါသည်။

အရင်က ပြိုင်ပွဲကို စွန့်လွှတ်လိုက်ရတာကြောင့် ရွှေဝိညာဥ်ရေကန်ထဲကို ဝင်ဖို့ အခွင့်အရေးကို ဘယ်လိုရှာရမလဲ စဉ်းစားနေပေမယ့် ဒီကောင်လေးနဲ့ တွေ့မယ်လို့တော့ မမျှော်လင့်ထားချေ။

"ကောင်းပြီ!"

ချန်ဖုန်းက အံကြိတ်လိုက်သည်။

သူသာ ပြန်အနိုင်မယူရင် ဒီနေ့ အဖြစ်အပျက်က ပျံ့နှံ့သွားပြီး သူ့နံပါတ်တစ် နေရာကို တစ်ချိန်လုံး လှောင်ပြောင်နေလိမ့်မည်။

"ဒီမှာ မပြိုင်ဘူး... အကယ်ဒမီရဲ့ ပြိုင်ပွဲစင်မြင့်ကို သိတယ်မလား!! မင်းပြိုင်ရဲလား? !!"

"ရတယ်!" လုရွှမ် ခေါင်းညိတ်လိုက်သည်။

ဘာပဲပြောပြော စားပြီးခါနီးမှာ တစ်ဖက်က စားစရာတွေ အကုန်မှောက်ပစ်တော့ စားချင်တာတောင် မစားနိုင်တော့ဘူး။

သုံးယောက်သား မတ်တပ်ထရပ်ပြီး ချန်ဖုန်းနောက်မှ အကယ်ဒမီကျောင်းဆီသို့ လျှောက်သွားကြသည်။

သူတို့ ရွှေ့လိုက်သည်နှင့် မရေမတွက်နိုင်သော လူများ ချက်ချင်း လိုက်လာကြသည်။ အောက်တန်း ပထမနေရာကလူက တွေ့တောင်မတွေ့ဖူးတဲ့ လူဆီက အရိုက်ခံလိုက်ရတယ်တဲ့။

"အဲဒီကောင်လေးက မလွယ်ဘူး... မင်းရဲ့လက်ရှိခွန်အားနဲ့ အနိုင်ယူချင်ရင်တော့ လွယ်မှာမဟုတ်ဘူး"

ပြိုင်ပွဲစင်မြင့်ဆီသို့ လျှောက်လာရင်း ချန်ဖုန်းနှင့် အတူရှိနေသည့် လူငယ်လေးသည် လက်ချောင်းများကို ပွတ်သပ်ပြီး ပြောလိုက်သည်။

"အစ်ကိုရှောက်ချန် ကျွန်တော့်ကို ကူညီပေး!"

ချန်ဖုန်းက သူ့ခေါင်းကိုလှည့် အမြန်ပြောလိုက်သည်။

"ကောင်းပြီ မင်းက ငါ့လူမမို့ ငါမင်းကို ကူညီမယ်!"

အစ်ကိုရှောက်ချန်က တုံ့ပြန်ပြီး သူ့လက်ထဲက ကျောက်စိမ်းပုလင်းကို ထုတ်လိုက်ပြီး

"ဒါက စွမ်းအားမြှင့်ဆေး... အချိန်တိုအတွင်း စွမ်းအားနှစ်ဆ တိုးမြင့်စေနိုင်တယ် ဒါပေမဲ့ ဘေးထွက်ဆိုးကျိုး ကြီးတယ်... ဆေးအာနိသင် ပျယ်သွားရင် မူလအဆင့်ရဲ့ အလယ်အဆင့်ကနေ အစောပိုင်းအဆင့်အထိ အဆင့်တစ်ခုကို ကျဆင်းသွားစေနိုင်တယ်...သုံးတာမသုံးတာ မင်းသဘောပဲ"

"အဆင့် ကျသွားမှာလား"

ကျောက်စိမ်းပုလင်းကို ကိုင်ထားရင်း ချန်ဖုန်း၏ မျက်နှာသည် နီရဲလာပြီး ဖြူဖျော့သွားကာ ထိုအကြောင်းကို တွေးနေပုံရသည်။

အဆင့်တစ်ခုကို ဆုံးရှုံးခြင်းနဲ့ အရှက်ခွဲခံရတာကို လက်စားချေခြင်းမှာ သူသေချာပေါက် အနောက်ကဟာကို ရွေးချယ်မှာပင်။

......

"သူ့နာမည်က ရှောက်ချန်... အဆင့်မြင့်အတန်းက စီနီယာကျောင်းသား.... မနှစ်က အဆင့်မြင့် အတန်းပြိုင်ပွဲမှာ ထိပ်တန်း ၁၀၀ စာရင်းဝင်ခဲ့တယ်!"

ရန်းလင်သည် သူ့ရှေ့မှ အစ်ကိုရှောက်ချန်ကို လက်ညှိုးထိုးပြပြီး လုရွှမ်အား ရှင်းပြရန် အသံကို လျှော့လိုက်သည်။

"ဒါပေမဲ့ သူနာမည်ကြီးနေတာ အားကောင်းလို့ မဟုတ်ဘူး... သူက အဂ္ဂိရတ်ပညာရှင် ဖြစ်နေလို့ သူနဲ့ လင်ရှောင်းရှောင်းက အဂ္ဂိရတ်ဆရာ အဆင့်မြင့်အတန်းက ကြယ်နှစ်ပွင့်လေ.... ကျန်းဝူ ပထမတန်းစား ဆရာကြီးယွမ်ဟုန်ရဲ့ တပည့်... အရင်နှစ်က အဂ္ဂိရတ်ပညာ အကဲဖြတ်မှုကို အဆင့်၁ အဂ္ဂိရတ်ပညာရှင်အဖြစ် အောင်ထားတယ်တဲ့"

"ပထမအဆင့် အဂ္ဂိရတ်ဆရာလား? အဂ္ဂိရတ်ကြယ်ပွင့်?"

လုရွှမ် ခေါင်းညိတ်လိုက်သည်။ လင်ရှောင်းရှောင်းဆိုတာ သူ့ကို အမြဲတမ်း စိန်ခေါ်ချင်တဲ့ မိန်းကလေးပဲ ဖြစ်မည်။

သူမအကြောင်း စဥ်းစားမိမှ ဒီရှောက်ချန်ဆိုတဲ့ ကောင်လေးရဲ့ အဂ္ဂိရတ်ပညာကလည်း ဘာမှမဟုတ်လောက်ဘူး။

All Chapters