← Chapters

အလောင်းအစား

Vol. 2 Ch. 25

အလောင်းအစား

Vol. 2 Ch. 25

ကျန်းဝူအကယ်ဒမီ၏ ပြိုင်ပွဲစင်မြင့်သည် ၃မီတာကျော်မြင့်ပြီး စင်မြင့်တစ်ခုလုံးကို ပြင်းထန်သော အစိမ်းရောင် ကျောက်များဖြင့် ဆောက်လုပ်ထားသည်။

ယွမ်ချောင်နှင့် လုရွှမ်တို့သည် စင်မြင့်၏ ဘေးတွင်ရပ်နေကြသည်။ အောက်တန်း နံပါတ်တစ်လူနဲ့ ယှဥ်ပြိုင်မယ့်သတင်းက ကျောင်းဝင်းအတွင်း ပျံ့နှံ့သွားခဲ့ပြီး ယခုအချိန်တွင် အောက်တန်းမှ ကျောင်းသားအားလုံးနီးပါး ရောက်လာရာ ပရိသတ်များဖြင့် စည်ကားလျက်ရှိသည်။

"အဲဒီကောင်လေးက ဘယ်သူလဲ? ငါ့ရဲ့စံပြပုဂ္ဂိုလ် ချန်ဖုန်းကိုတောင် စိန်ခေါ်ရဲတယ်ပေါ့ တကယ်သေချင်နေတာလား?"

"သူ့နာမည်က လုရွှမ်... ပြီးခဲ့တဲ့ တစ်ခေါက်က လန်ရော့ရှင်းကို အနိုင်ယူခဲ့တဲ့လူ"

"လန်ရော့ရှင်းနဲ့ တိုက်ခိုက်တာလား...သူ့ကိုကြည့်ရတာ တော်တော်လေး မာနထောင်လွှားနေတာပဲ! သူ့တကယ့် ခွန်အားက အတော်ဆိုးဝါးမှာ သေချာတယ်!"

"ပိုးစုန်းကြူးရဲ့ အလင်းက နေနဲ့လကို ယှဉ်ဝံ့မှာလား? ငါ့အထင်တော့ သိုင်းကွက်၃ကွက်တောင် မပြီးသေးဘူး ချန်ဖုန်းဆီကနေ ခွေးလို အရိုက်ခံရလိမ့်မယ်"

ချွေ့ကျူလုံမှာ ဖြစ်ပျက်ခဲ့တာကို ပရိသတ် တော်တော်များများက မသိခဲ့ကြပါဘူး။ လူဆိုးကောင်လေးက အနိုင်ရတဲ့ ချန်ဖုန်းကို စိန်ခေါ်လိုက်တာကို အားလုံးက အေးစက်စွာ လှောင်ပြောင်ကြပါတော့သည်။

"ချန်ဖုန်းကို စိန်ခေါ်တယ်? ငါ့အာရုံကို ဆွဲဆောင်ဖို့ ဒီဟာကို သုံးချင်တာား ? ကလေးဆန်လွန်းတယ်! လူကြီးမင်းမော့ရဲ့ အကူအညီနဲ့ ငါကဝူအဆင့် နယ်ပယ်ကို ရောက်သွားပြီ...ပြီးတော့ မူလနယ်ပယ်ရဲ့ နှောင်းပိုင်းအဆင့်မှာ ရှိနေပြီ! ငါ မပါဝင်ခဲ့ပေမယ့် ပြိုင်ပွဲမှာ ချန်ဖုန်းက ငါ့ပြိုင်ဘက် မဟုတ်တာတော့ သေချာတယ်!"

စင်မြင့်အောက်၌ သွယ်လျသောရုပ်သွင်သည် မဝေးသော နေရာတွင် ရပ်နေပြီး ပျော့ပြောင်းသော မျက်နှာပေါ်တွင် ရယ်မောလျက်။ ထိုသူမှာ မူလပိုင်ရှင်၏ ငယ်ချစ်ဦး ဆူးယာပဲ ဖြစ်သည်။

ထိုနေ့တွင် လမ်းခွဲပြီးနောက် သူမသည် နောင်တရနေသော်လည်း နောက်ကြောင်း ပြန်မလှည့်နိုင်တော့သည်ကို သိလိုက်ကာ လူကြီးမင်းမော့ကို ထပ်မံတွေ့ဆုံခဲ့သည်။

သူ့အကူအညီဖြင့် သူမသည် အဆင့်တချို့ကို ဖြတ်ကျော်သွားခဲ့ပြီး ရက်အနည်းငယ်အတွင်း ဝူအဆင့်သို့ တိုးလာရုံသာမက မူလအမှတ်၏ နှောင်းပိုင်းအဆင့်သို့လည်း ရောက်ရှိလာခဲ့သည်။

သူမ၏ ခွန်အားသည် အလွန်တိုးပွားလာပြီး စိတ်ထဲတွင် မာနကြီးလာပြန်သည်။

နောင်တ? ဘာကြောင့်နောင်တရ ရမှာလဲ?

ပိုက်ဆံရှိတော့ရော သခင်လေးချင်ဟွာထက် ပိုရှိမှာလား? စွမ်းအင်ရှိတော့ရော သခင်လေးချင်ဟွာထက် ပိုသန်မာမှာလား?

လူကြီးမင်းမော့ မပြောနဲ့ အခုသူမကိုတောင် ယှဥ်နိုင်မှာမလို့လား? ပိုက်ဆံက အသာထား နာမည်ရှိ ဆရာတစ်ပါးရဲ့ သင်ကြားပြသမှု မရှိရင်၊ ကောင်းမွန်တဲ့ ကျင့်ကြံရေးနည်းလမ်း မရှိရင် အောင်မြင်မှာတဲ့လား?

ပြီးတော့..

ဒီရက်ပိုင်း သူမသောက်ခဲ့ရတဲ့ မှော်ဆေးလုံးတွေ အကြောင်း စဥ်းစားမိတော့ ပိုလို့တောင် မာနထောင်လွှားလာခဲ့သည်။

ဘယ်ဆေးကိုမှ မဝယ်ဖူးပေမယ့် စည်းမျဉ်းတွေကို သိနေပါသည်။ အဂ္ဂိရတ်ပညာရှင်မဟုတ်ရင် အဂ္ဂိရတ်တံဆိပ်ပြား မရှိဘဲ ဘာကိုမှ မဝယ်နိုင်ဘူး။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း လူကြီးမင်းမော့သည် ပထမတန်း ဆေးလုံး၃လုံးနဲ့ ဒုတိယတန်း ဆေးလုံး၁လုံးကို သူ့ကျင့်ကြံမှုမှာ အသုံးပြုဖို့အတွက် ဝယ်ပေးခဲ့သည်။

ဒီလိုမျိုးဟာ ငွေတစ်ခုတည်းနဲ့ ပြီးမြောက်နိုင်တဲ့ အရာမဟုတ်ဘူး။ ဖန်းရှစ်ရဲ့ ထိပ်တန်းရွှေကဒ်ကရော ဒါတွေကို ဝယ်နိုင်မှာလား?

ကွင်း၅ကွင်းကရော အခုသူမရဲ့ မူလအမှတ်နယ်ပယ်ထက် ပိုကောင်းနိုင်မှာလား?

အရေးကြီးဆုံး အချက်မှာ လူကြီးမင်းမော့ရဲ့ စမ်းသပ်မှုအပြီးတွင် သူမတွင် အဂ္ဂိရတ်ပညာရှင်တစ်ဦး၏ အရည်အချင်းလည်း ရှိနေပါသေးသည်။ သူမသည် အနာဂတ်တွင် အပြင်းအထန်လေ့လာနေသမျှ ကာလပတ်လုံး တကယ့်အဂ္ဂိရတ်ပညာရှင် တစ်ယောက်ဖြစ်လာမည်မှာ သေချာပါသည်။

ဒါကိုတွေးပြီး အတွေးတွေကို ပိုယုံကြည်လာကာ အနည်းငယ် တုန်လှုပ်နေတဲ့ စိတ်တွေ တည်ငြိမ်လာပြန်သည်။

မာနကြီးသော ငန်းတစ်ကောင်ကဲ့သို့ သူမလည်ပင်းကို မြင့်မြင့်ထားလိုက်သည်။

"အိုး အဲဒါဆူးယာ မဟုတ်ဘူးလား...နင် ဝူယန်အကယ်ဒမီကို ကျင့်ကြံဖို့ သွားပြီမဟုတ်လား? ဘာလို့ မသွားသေးတာလဲ? လုရွှမ်ရဲ့ ပြိုင်ပွဲကို လာကြည့်တာလား?"

သူ့ကိုယ်သူ ကောင်းကောင်းမာနထားရင်း ရယ်မောလိုက်ကာ ခေါင်းကို လှည့်ကြည့်လိုက်တော့ မင်းသမီးလော့ရုံနှင့် အခြားမိန်းကလေး လျှောက်လာနေတာကို တွေ့လိုက်ရသည်။

သူမက နောက်ခံဖြစ်ပါစေ ရုပ်ရည်ရူပကာမှာ ဖြစ်စေ မင်းသမီးလော့ရုံကို မယှဥ်နိုင်ချေ။

"ငါအခုနကပဲ သွားပြီးပြီ"

ဆူးယာက အော်ပြောလိုက်သည်။

သခင်လေးချင်ဟွာဆီ ရောက်သွားပြီးနောက် သူမရဲ့အမြင်တွေ ကျယ်လာကာ သူမရှေ့ကလူက အောက်ခြေတိုင်းပြည်က မင်းသမီးလေးသာသာပဲ ဖြစ်သွားသည်။

"အိုး... "

မင်းသမီးလော့ရုံက နှုတ်ဆက်စကားပြောတာကို ရပ်လိုက်ပြီး သူ့ဘေးနားက ကောင်မလေးကို ကြည့်ကာ

"ရှောင်းရှောင်း... သူတို့ နှစ်ယောက်ထဲက ဘယ်သူနိုင်မယ်ထင်လဲ "

"မသိဘူး! ဒါပေမယ့်... လုရွှမ်အရိုက်ခံရဖို့ ငါတကယ် မျှော်လင့်ထားပေမယ့် အတန်းထဲက နံပါတ်တစ်လို့ ခေါ်တဲ့လူကို နိုင်ဖို့တော့ အရမ်းခက်ခဲတယ်ဆိုတာ ငါသိတယ်!"

မိန်းကလေးက ပြောရင်း ခေါင်းခါရမ်းလိုက်သည်။ ထိုမိန်းကလေးသည် လုရွှမ် နှင့် အဂ္ဂိရတ်ပညာရှင်ကို စမ်းသပ်ခဲ့သော လှပသည့် လင်ရှောင်းရှောင်း ဖြစ်သည်။

သူမနှင့် မင်းသမီးလော့ရုံတို့သည် အဆင့်မြင့်အတန်းမှ တပည့်လေးများဖြစ်ပြီး ၎င်းတို့နှစ်ဦးစလုံးသည် များသောအားဖြင့် ဆက်ဆံရေးကောင်းမွန်ကြသည်။

ယနေ့တွင် သူတို့နှစ်ယောက်အတူတကွ တွဲလျှောက်လာရင်း လုရွှမ်သည် အခြားသူများနှင့် ပြိုင်နေသည်ဟူသော သတင်းကြားသောအခါတွင် သူတို့နှစ်ယောက်လုံး ရောက်ရှိလာကြသည်။

ကြည့်လိုက်ပြီးနောက် သူမကို မျက်နှာပျက်စေသော လုရွှမ်သည် အမှန်တကယ်ပင် ကျန်းဝူအကယ်ဒမီမှ ဖြစ်ပြီး သူသည် အတန်းနိမ့် ကျောင်းသားတစ်ဦး ဖြစ်လေသည်။

ဒါကိုသိလိုက်ရတော့ လုရွှမ်ကို အရိုက်ခံစေချင်ပေမယ့် သူ့ကိုရှုံးလည်း မရှုံးစေချင်သေးဘူး။ သူရှုံးသွားရင် သူမက အောက်တန်းက ကောင်လေးကိုတောင် ရှုံးခဲ့ပါတယ်လို့ မဆိုလိုသွားဘူးလား။

လော့ရုံ -"ချန်ဖုန်းကို နိုင်ဖို့ခက်မယ်လို့ ပြောလိုက်တာလား? မသိရင်လည်း လျှောက်မပြောနဲ့လေ"

ဘေးက ဆူးယာသည် သူတို့နှစ်ယောက်ကြား စကားပြောတာကို ကြားတော့ လင်ရှောင်းရှောင်းက လုရွှမ်ကို ကောင်းကောင်း သိပုံရတာကြောင့် သူမ အနည်းငယ် စိတ်မသက်မသာ ဖြစ်မိကာ ငြင်းဆိုလိုက်သည်။

"တခြားဘယ်သူမှ လုရွှမ်အကြောင်းကို မသိကြပါဘူး... ငါတို့ကအတူ ကြီးပြင်းလာခဲ့တာမို့ ငါအသိဆုံးပဲ! အကြောက်အလန့် ရှိပြီး ရုပ်ပိုင်းဆိုင်ရာက အားနည်းတယ်.. သူ့စွမ်းအင်က မကြာသေးခင်ကမှ နည်းနည်းပါးပါး တိုးတက်လာပေမယ့် မူလအမှတ် နယ်ပယ်က ချန်ဖုန်းနဲ့ ယှဥ်လိုက်ရင်တော့ ကမ္ဘာကြီးနှစ်ခုလိုပဲ ကွာတယ်... သူကနိုင်မှာတဲ့လား? ရယ်စရာ ကောင်းလိုက်တာ!"

"အိုး? မင်းယုံကြည်ချက်ရှိလား? ငါတို့ လောင်းကြေး ထပ်ကြရင်ရော?"

မင်းသမီးလော့ရုံ၏ မျက်ခုံးများသည် လသို့ ကွေးညွတ်သွားသည်။

ထိုနေ့တွင် သူမသည် တိတ်တဆိတ် စုံစမ်းမေးမြန်းရန် တစ်စုံတစ်ဦးကို စေလွှတ်ခဲ့သည်။ လုရွှမ်သည် ဥပဒေအဖွဲ့ လျိုချွမ်းကို အနိုင်ယူရုံသာမက လွန်ခဲ့သည့် ရက်အနည်းငယ်က လန်ရော့ရှင်းကိုလည်း အနိုင်ယူခဲ့ပုံရသည်။

ရှောင်းရှောင်းရဲ့ စကားပြောပုံက ဒီမိန်းကလေးထက်စာရင် ပိုကောင်းသေးတယ်။

"လောင်းကြေး? ဘာကိုလောင်းမှာလဲ"

ဆူးယာ ပြန်ကြည့်လိုက်သည်။

"ဘယ်သူရှုံးမလဲ ဆိုတာပေါ့..."

မင်းသမီးလော့ရုံ သူမ၏ မေးစေ့ကို လက်ဖဝါးဖြင့် ထောက်ကာ သူမ၏ လှပသော မျက်လုံးများ မှိတ်ထားပြီး ရုတ်တရက် ရယ်မောလိုက်ပြီး

"ဘယ်သူရှုံးလဲ? လူတိုင်းရှေ့မှာ ငါ မျက်စိကန်းနေတယ် အမြင်မရှိဘူးလို့ ပြောခဲ့တာပဲနော်"

"အမြင်မရှိဘူး?"

ဆူးယာ၏ မျက်နှာသည် အနည်းငယ် ရုပ်ဆိုးလာသည်။

"ဘာလဲ? ဝန်မခံရဲဘူးလား? လုရွှမ်နဲ့ အရမ်းရင်းနှီးတယ်လို့ နင်ပြောတာ မဟုတ်ဘူးလား?I

မင်းသမီးလော့ရုံ ပြုံးပြီး

"ကြည့်ရတာ နင်လည်း ရယ်စရာစကားတွေ ပြောနေပုံရတယ်!"

"လောင်းဆိုလည်း လောင်းတာပေါ့ ဘယ်သူက ကြောက်နေလို့လဲ!"

ဆူးယာက အံကြိတ်ရင်း ပြောလိုက်သည်။

သူမသည် လုရွှမ်နှင့် ကြီးပြင်းလာခဲ့ရာ လုရွှမ်အကြောင်းကို သူမလောက် မည်သူမှ မသိနိုင်တော့ပေ။ အခုတလောမှာ သူမမှာ မှော်ဆေးလုံးတွေ ရှိနေပြီ။ ဆရာတစ်ယောက်ရဲ့ လမ်းညွှန်မှုကို ခံယူထားပြီး မူလအမှတ်ရဲ့ နှောင်းပိုင်းအဆင့်ကို ရောက်နေပါပြီ။

နောက်ခံမရှိတဲ့ ကောင်လေးက ဒီအဆင့်ကို ရောက်နိုင်မယ်လို့ မထင်ပါဘူး။

"ဒါဆို ဆုံးဖြတ်လိုက်ပြီနော်... ကြည့်! သူတို့ရဲ့ ပြိုင်ပွဲက စနေပြီ!"

မင်းသမီးလော့ရုံက သူ့ကတိကို မြင်တော့ ပြုံးပြီး ဘာမှ မပြောတော့ချေ။ တခဏချင်းမှာပဲ လှပတဲ့ မျက်လုံးခြောက်စုံက ပြိုင်ပွဲစင်မြင့်ကို တပြိုင်နက်တည်း ကြည့်လိုက်ကြသည်။

......

"အခု မင်းသိစေရမယ်... စောနက ငါသတိမထားမိလိုက်လို့... ငါ့ရဲ့တကယ် စွမ်းအင်နဲ့ယှဥ်ရင် မင်းက တုတ်ကလေးသာသာပဲ!"

ကြည့်ရှုသူများ ပိုများလာသည်ကို မြင်လိုက်ရသောအခါ ချန်ဖုန်းထံမှ ရှည်လျားသော ဟောက်သံ ထွက်လာပြီး လုရွှမ်ဆီသို့ ပြေးသွားခဲ့သည်။

ဟူး ဟူး!

တခဏချင်းမှာပဲ စင်ပေါ်မှာ တုန်လှုပ်ချောက်ချားနိုင်တဲ့ အသံတို့ထွက်ပေါ်လာပြီး ချန်ဖုန်း နှစ်ယောက်ဖြစ်သွားသည်။

"ဒါ ကိုယ်ခွဲသိုင်းစွမ်းအင်ပဲ.... နံပါတ်တစ်လို့ကို မပြောရဘူး သူကဒီသိုင်းပညာကိုတောင် ကျွမ်းကျင်နေပြီ!"

"ဒါက အစွမ်းထက်လွန်းတယ်.. သူက အဲဒါကို အဆင့်ပြိုင်ပွဲမှာ မပြခဲ့ဘူး!"

"ကြည့်ရတာ အတန်းပြိုင်ပွဲက သူ့ရဲ့ အပြင်းထန်ဆုံး အစွမ်းအစကို ထုတ်မပြနိုင်စေခဲ့ဘူး ထင်တယ်..."

ပရိသတ်များ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ဝူအဆင့်ရဲ့ စွမ်းအင်ကို အချက်၂ချက်ဖြင့် သတ်မှတ်နိုင်သေးသည်။ တစ်ခုကတော့ ကျင့်ကြံခြင်းပါပဲ။ ကျင့်ကြံမှုက အားကောင်းလေလေ ခန္ဓာကိုယ်ထဲမှာပါရှိတဲ့ စွမ်းအားတွေ ပိုကောင်းလာလေပဲ။

ဒုတိယကတော့ သိုင်းပညာ။ သိုင်းပညာ များများလေ့ကျင့်လေ မြင့်လေလေ အားကောင်းလေလေ ဖြစ်သည်။

ဝူအဆင့်များသာ သိုင်းပညာ လေ့ကျင့်ရန် အရည်အချင်းပြည့်မီပြီး ချန်ဖုန်းသည် ၎င်းကိုပြသရန် အတန်းနိမ့် ကျောင်းသားတစ်ဦးသာဖြစ်ပြီး လေးစားဖွယ်ကောင်းလှသည်။

ဒါကိုမြင်တော့ လူတိုင်းက သူသေချာပေါက် နိုင်လိမ့်မယ်လို့ အလိုလို ထင်နေကြသည်။

"ကိုယ်ခွဲသိုင်းစွမ်းအင်?"

ချန်ဖုန်း အပြေးအလွှား ပြေးနေတာကိုမြင်တော့ လုရွှမ် ရှောင်မသွားဘဲ ရပ်နေလိုက်သည်။

ဒါကို ကိုယ်ခွဲသိုင်းစွမ်းအင်လို့ ခေါ်တာလား? နည်းနည်း လျှော့ပြောလို့ မရဘူးလား?

တစ်ပြိုင်နက်တည်း နှစ်ယောက် ဖြစ်သွားတယ်။ အရမ်းကြည့်ကောင်းပေမယ့် အောက်ခြေထောက်တွေ ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ ခြေသလုံးတစ်ဝက်လောက်ကိုပဲ အသွင်ပြောင်းနိုင်တာမို့ ဘယ်ဟာက အစစ်လဲ ဘယ်ဟာက အတုလဲလို့တောင် ပြောနိုင်တယ်။

သူ့ခေါင်းကို ခါယမ်းကာ လက်ဖဝါးများကို မြှောက်လိုက်သည်။

ဝုန်း!

စူးရှသော အသံတစ်ခု ထွက်ပေါ်လာပြီး ကိုယ်ခွဲမှာ ပျောက်ကွယ်သွားပြီး ချန်ဖုန်း တုန်တုန်ယင်ယင်နှင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။

သူ၏ခန္ဓာကိုယ်သည် လေဖြတ်သွားသလို မြေပြင်ပေါ်တွင် တုန်လှုပ်နေ၏။

All Chapters