မင်းဘာမလို့လဲ
Vol. 2 Ch. 26
"အာ?"
"ဒါ....ဒါ....."
"တကယ်ကြီးလားဟ?"
ချန်ဖုန်းကို ချီးကျူးခဲ့တဲ့ ပရိသတ် တော်တော်များများက ပါးစပ်ကို ကျယ်ကျယ်ဖွင့်ပြီး အေးခဲသွားကြသည်။
အဲဒါ ဝူအဆင့်ကြီးလေ
ထို့အပြင် ချန်ဖုန်းသည် မူလနယ်ပယ် အလယ်အလတ်ရှိ နံပါတ်တစ်အဆင့် ကျောင်းသားဖြစ်ပြီး သူ့ကိုတစ်ဖက်က ပေါ့ပေါ့ပါးပါး ရိုက်သွားသည်လေ။
"လုရွှမ်.... ဘယ်လိုလုပ် ဒီလောက်တောင် သန်မာနေရတာလဲ?"
ပရိတ်သတ်ထဲမှ ရန်းလင်နဲ့ ယွမ်ချောင်တို့သည် တံတွေးကို မြိုချလိုက်ပြီး မျက်လုံးများ ပြူးကျယ်သွားကာ မေးတွေလည်း ပြုတ်ကျလုနီးပါး ဖြစ်နေသည်။
ကိုယ့်မျက်စိနဲ့ သေချာ မြင်နေရတာတောင် တကယ့်အစစ်အမှန် ဆိုတာကို မယုံနိုင်ဘူး။ ဒါက နှစ်အတော်ကြာ အတူအိပ်ခဲ့တဲ့ ညီအစ်ကိုတဲ့လား?
ချန်ဖုန်းက သူတို့အောက်တန်းမှာ အသန်မာဆုံးလူပဲ။ သိုင်းကွက် တစ်ကွက်ပဲ ရှိသေးတယ် မလှုပ်နိုင်တော့ဘူး ဆိုတော့ ပြောရရင် လုရွှမ်က ဘယ်အဆင့်အထိ ရောက်နေပြီလဲ?
"မ မဖြစ်နိုင်ဘူး... သူကဘာမှ အသုံးမကျတဲ့ လူတစ်ယောက်ပဲ ဘယ်လိုလုပ် အစွမ်းထက်နိုင်မှာလဲ…”
ဆူးယာက ထအော်သည်။
ရင်းနှီးကျွမ်းဝင်မှုအရ ဤလူငယ်နှင့် ရင်းနှီးသူမှာ မည်သူနည်း။ နှစ်ပေါင်းများစွာ ကြာအောင် ငယ်ရွယ်သော ချစ်သူသည် နောက်ဆုံး အတားအဆီးကိုတောင် မဖြတ်ကျော်ရသေးတာ အောက်တန်းကလူတွေ အားလုံးသိသည်။
နောက်ပြီး သူ့ခန္ဓာကိုယ်ပေါ်မှာ ငွေဘယ်လောက်ရှိမှာ မလို့လဲ?
သူမအမြင်မှာ လုရွှမ်ဟာ အဆင့်တက်နိုင်ဖို့ ဆေးလုံးတွေတောင် ဝယ်နိုင်မှာ မဟုတ်ဘူး။ သူက ကွင်း၅ကွင်းနယ်ပယ်ကို တက်နိုင်တယ်ဆိုပေမယ့် ဝူအဆင့်ကိုတော့ ရောက်နိုင်မှာမဟုတ်ဘူး။
ဘယ်လိုလုပ် ချန်ဖုန်းလို မူလအမှတ် အလယ်အလတ် အဆင့်ကို ရိုက်ထုတ်နိုင်မှာလဲ။ ဒါလုံးဝ မဖြစ်နိုင်ဘူး။
အဓိကကတော့ သူမသည် လုရွှမ်ကို နားလည်ကာ လုရွှမ် ကျိန်းသေ ရှုံးမယ် လို့ပြောလိုက်တာပဲ။ ဒါပေမယ့် နောက်ဆုံးမှာတော့ ဒီလို အခြေအနေ ဖြစ်သွားတယ်အတွက် သူမမျက်နှာကို ဖျက်ရိုက်လိုက်သလိုပဲ။
"နိုင်ပြီ! တချို့လူတွေက လုရွှမ်မနိုင်ဘူးလို့ ပြောခဲ့သလားလို့နော်?"
မင်းသမီးလော့ရုံက မျက်လုံးကလေးမှေးလျက် ယခင်က သူမစိတ်လှုပ်ရှားစွာ လက်သီးဆုပ်ထားတာကို လွှတ်ပြီး ပြုံးပြလိုက်သည်။
ရှောင်းရှောင်းရဲ့ အမြင်အာရုံကို သူမယုံကြည်ပြီး လုရွှမ်အောင်နိုင်မည်ဟု ထင်ထားသော်လည်း အောင်ပွဲရရန် လွယ်ကူမည်ဟု သူမ မမျှော်လင့်ထားသေးပေ။
သူမ၏လှပသော မျက်လုံးများဖြင့် လုရွှမ်ကို နောက်ထပ်နှစ်ခါ ပြန်ကြည့်ရန် မထိန်းနိုင်တော့ပေ။
"သူ သူကံကောင်းသွားလို့ပါ...နင်ကြည့်လိုက် ချန်ဖုန်း ပြန်ထလာပြီ အခုဘယ်သူ နိုင်မလဲဆိုတာ မသေချာဘူး!"
ဆူးယာ အံကြိတ်ရင်း ပြန်ပြောလေ၏။
လုရွှမ်နဲ့ နှစ်ပေါင်းများစွာ အတူနေခဲ့ပြီး သူ့ကိုဘယ်တော့မှ အကြည့်မမှားခဲ့ဘူး။ လုရွှမ် အခုလိုဖြစ်သွားတာက သူမကို စိတ်မသက်မသာ ဖြစ်စေသလို သူမကိုသတ်တာထက် ပိုဆိုးလေသည်။
"ဟီးဟီး!"
မင်းသမီးလော့ရုံသည် စကားများများမပြောဘဲ ပေါ့ပေါ့ပါးပါး ပြုံးကာ ပြိုင်ပွဲစင်မြင့်ကို ဆက်လက်ကြည့်ရှုနေသည်။
သေချာတာကတော့ ချန်ဖုန်းဟာ စင်မြင့်ပေါ်မှ ပြန်ထလာပေမယ့် လူမြင်ကွင်းမှာ အရိုက်ခံရပြီး ရှက်ရွံ့ပေါက်ကွဲလုနီးပါး ဖြစ်နေပါပြီ။
သူ့သွားတွေကို အံကြိတ်ရင်း ရှောက်ချန်ပေးခဲ့တဲ့ အားဖြည့်ဆေးကို သူ့ပါးစပ်ထဲကို တိတ်တဆိတ် ထည့်လိုက်သည်။ ဤဆေး၏ ဘေးထွက်ဆိုးကျိုးများ မည်မျှပင်ပြင်းထန်နေပါစေ သူသောက်ရန် ကျန်နေသေးသည်။
သို့မဟုတ်ပါက သူသည် အကယ်ဒမီတွင် လှောင်ပြောင်ခံရပြီး အကယ်ဒမီသမိုင်းတွင် အရှက်ရဆုံး နံပါတ်တစ် ဖြစ်လာမည်ဖြစ်သည်။
ဘုန်း!
စွမ်းအင်မြင့် ဆေးလုံးသည် ခန္ဓာကိုယ်ထဲသို့ ဝင်လာပြီး သူ့ခန္ဓာကိုယ်ရှိ ကြွက်သားများ ချက်ချင်းနိုးထလာသည်။ မျက်လုံးများ နီရဲလာကာ ရှောက်ချန်ပြောသလိုပဲ ယခင်ကထက် သူ့တစ်ကိုယ်လုံး ခွန်အား နှစ်ဆနီးပါး တိုးလာသည်။
"ငါမင်းကို သတ်ပစ်မယ်!"
ခွန်အားတိုးလာသည်နှင့်အမျှ ချန်ဖုန်း၏ ယုံကြည်မှုသည် အလွန်တိုးလာကာ သူ ထပ်မံဟိန်းဟောက်၍ လက်သီးဖြင့် ထိုးချလိုက်လေသည်။
ဝူ......
အင်အားကြီးသော အသံသည် လေထုကို ဖိချလိုက်ကြီး အသံတချို့ ထုတ်လွှတ်လိုက်သည်။
"ချန်ဖုန်းက ဒီလိုမျိုး ရှုံးသွားမှာမဟုတ်ဘူးလို့ ငါပြောခဲ့သားပဲ!"
"မိုက်လိုက်တာ ငါ့ရဲ့အိုင်ဒေါက မျှော်လင့်ထားသလိုပဲ....ချန်ဖုန်း အဲဒီကလေးကို မြေကြီးထဲအထိ ရိုက်ချပစ်လိုက်!"
"အစ်ကိုဖုန်း...အဲဒီကောင်လေးကို ရိုက်ပစ်!"
ချန်ဖုန်းသည် နောက်တစ်ကြိမ် ကြမ်းတမ်းလာသည်ကို တွေ့လိုက်ရသဖြင့် အောက်ဖက်ရှိ လူအုပ်ကြီးသည် ပြန်လည်အသက်ဝင်လာပြီး သူ့ပရိသတ်များစွာက ကျယ်လောင်စွာ အော်ဟစ်လာကြသည်။
"မဟုတ်သေးဘူး"
တခြားသူတွေရဲ့ စိတ်လှုပ်ရှားမှုတွေနဲ့ မတူဘဲ လင်ရှောင်းရှောင်းက မျက်မှောင်ကြုတ်လိုက်သည်။ အဂ္ဂိရတ်ပညာရှင် တစ်ယောက်အနေနဲ့ သူမဟာ လူ့ခန္ဓာကိုယ်ရဲ့ ကန့်သတ်ချက်ကို သိထားသည်။
ဒီချန်ဖုန်းဟာ ကန့်သတ်ချက်ကို ရှင်းရှင်းလင်းလင်း ရောက်သွားပါပြီ။ ဘာကြောင့် သူ့ခွန်အားတွေ ရုတ်တရက် ဒီလောက်တိုးလာတာလဲ?
"ဘာမှားလို့လဲ?"
မင်းသမီးလော့ရုံက တစ်ချက်ကြည့်လိုက်သည်။
"အဲဒီချန်ဖုန်း ဆေးသောက်လိုက်ပြီ... ငါထင်တာ မမှားဘူးဆိုရင် ပထမတန်းစား ခွန်အားမြင့်ဆေးလုံးပဲ"
လင်ရှောင်းရှောင်းမှ ထုတ်ပြောလိုက်သည်။
"ခွန်အားမြင့်ဆေး? ငါသိပြီ... အဲဒါက အချိန်တိုအတွင်း စွမ်းအင်ကို ၂ဆတိုးလာစေတဲ့ ဆေးပဲ! လုရွှမ်တော့ ပြဿနာတက်ပြီ!"
မင်းသမီးလော့ရုံ ခဏလောက် ထိတ်လန့်သွားပြီး သူမ၏ ကျောက်စိမ်းလက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ထားရန် မထိန်းနိုင်တော့ပေ။
လုရွှမ်အတွက် သူမ စိတ်မပူသော်လည်း အလောင်းအစား ရှုံးမည်ကို ပိုစိုးရိမ်လာသည်။
"ရုတ်တရက် နှစ်ဆတိုးလာတယ် ချန်ဖုန်းရဲ့ ခွန်အားက မူလအမှတ်ရဲ့ နှောင်းပိုင်းအဆင့်ကို ရောက်နေပြီ... လုရွှမ်သာ အနိုင်ယူချင်တယ်... အရမ်းခက်ခဲသွားမှာကို ကြောက်တယ်!"
လင်ရှောင်းရှောင်းလည်း ခေါင်းညိတ်လိုက်သည်။ သူမသည် လုရွှမ်ကို အနိုင်ရလိုသော်လည်း ၎င်းတို့နှစ်ဦးကြားရှိ စွမ်းအင်ကွာဟချက်မှာ ကြီးမားလွန်းပြီး အနိုင်ရနိုင်ခြေမှာ နည်းပါးလွန်းလှသည်။
"ဟင့်!"
နှစ်ယောက်ကြား စကားစမြည်ကို နားထောင်ရင်း ဆူးယာသည် မင်းသမီးလေးလို ဂုဏ်ယူမိသလို လည်ပင်းကို မော့ထားလေ၏။
သို့သော်လည်း ဒီမာနထောင်လွှားမှုတွေ မပြီးသေးခင် သူ့တစ်ကိုယ်လုံး အေးခဲသွားပြန်သည်။
"အာ.... မဖြစ်နိုင်တာ"
သူမ၏ နှုတ်ခမ်းများ တုန်ရီလာကာ သူမ၏ နူးညံ့သော ခန္ဓာကိုယ်လေးလည်း တုန်ခါသွားသည်။
စင်ပေါ်က လုရွှမ်မှာ ပြိုင်ဘက်ရဲ့ ခွန်အားကို လုံးဝ ဂရုမစိုက်တာတွေ့တော့ ပါးရိုက်ခံလိုက်ရသလို တောင့်တင်းသွားရပြန်၏။
ဝုန်း!
ဤတစ်ကြိမ်တွင် ချန်ဖုန်းသည် ခုခံနိုင်စွမ်းမရှိသေးဘဲ ပြိုင်ပွဲ စင်မြင့်ပေါ်မှ လွင့်ကျကာ မြေပြင်ပေါ်တွင် လဲကျသွားခဲ့သည်။
ထပ်ပြီး အရိုက်ခံလိုက်ရပြန်ပြီ
ပရိသတ်များ အသံတိတ်သွားသည်။
လင်ရှောင်းရှောင်းလည်း သူမ၏ နှုတ်ခမ်းများကို ဟလျက် သူမ၏ မျက်လုံးများသည် ထိတ်လန့်မှု အပြည့်နှင့်။
စွမ်းအားမြင့်ဆေးကို သောက်ခဲ့သော ချန်ဖုန်းသည် မူလအစအဆင့်နှင့် နှိုင်းယှဥ်လျှင် ၂ဆမြင့်သွားပြီ။ ဒါပေမဲ့ တစ်ပုံတည်းတူအောင် ထပ်ပြီး အရိုက်ခံလိုက်ရတယ်။
ဒါက ဘယ်လိုစွမ်းအားမျိုးလဲ?
ဒီကောင်လေးက အောက်တန်းကရော ဟုတ်သေးရဲ့လား?
"မင်းရှုံးသွားပြီ ငါ့ကို ယွမ်လိဆေးလုံး နဲ့ [ရွှေဝိညာဉ်ရေကန်] ကို ဝင်ဖို့ အခွင့်အရေး အားလုံးလွှဲပေး!"
ပြိုင်ပွဲစင်မြင့်မှ လျှောက်လာရင်း လုရွှမ်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ချန်ဖုန်းကို ကြည့်ကာ ဘာမှမထူးခြားသလိုနဲ့ ပြောလာသည်။
နံပါတ်တစ်လို့ ခေါ်တဲ့ ဒီအရာက တကယ်ကို သူ့မျက်လုံးထဲမှာ ဘာမှမဟုတ်ဘူး။ ဒီနှစ်ခုအတွက်သာ မဟုတ်ရင် ဒီမှာ သူနဲ့ ပြိုင်ဖို့ အချိန်ယူမနေဘူး။
"ဒီလိုလူကို အောက်ခြေအဆင့်မှာ သူ့ကိုယ်သူ ဖုံးကွယ်ထားမယ်လို့ မမျှော်လင့်ထားပါဘူး... မဆိုးပါဘူး..မဆိုးပါဘူး ကောင်လေး...မင်းက ငါ့အတွက် အရမ်းသင့်တော်တယ်.. ငါ့လက်အောက်ခံဖြစ်ဖို့ အရည်အချင်းပြည့်မီတယ်"
ဖြောင်း....ဖြောင်း...
ထိုအချိန်တွင် လက်ခုပ်သြဘာသံများ ထွက်ပေါ်လာပြီး ရှောက်ချန်သည် ဘေးတစ်ဖက်မှ ထွက်လာကာ လုရွှမ်ကိုကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်နေလေသည်။
သူ၏ လက်အောက်ငယ်သား ဖြစ်လာခြင်းသည် ဘုန်းကြီးသောအရာ ဖြစ်ပုံရသည်။
"အစ်ကိုချန်....ကျွန်တော်..."
ချန်ဖုန်းက သူ့ဒဏ်ရာတွေကို ဂရုမစိုက်တော့ဘဲ စိုးရိမ်တကြီး မျက်နှာထားနဲ့ အမြန်ထလိုက်သည်။
ရှောက်ချန်၏ ခွန်အားသည် အဆင့်မြင့် အတန်းတွင် အဆင့် မသတ်မှတ်ထားသော်လည်း သူသည် တရားဝင် အဂ္ဂိရတ်ပညာရှင်တစ်ဦးဖြစ်သည်။
ရုပ်ရည်ကောင်းတာကြောင့် ဆေးလုံးတွေကို အလိုရှိသလို စုဆောင်းထားနိုင်သည် လက်အောက်ငယ်သားတွေလည်း မနည်းပေ။ အဆင့်မြင့်အတန်းက လူတွေတောင် သူ့အဖွဲ့ထဲ ဝင်ချင်တိုင်း ဝင်လို့မရချေ။
ချန်ဖုန်းသည် ပထမနေရာ ရရှိပြီးနောက် ချွေ့ကျူလုံကို သွားရသည့် အကြောင်းအရင်းမှာ ရှောက်ချန်၏ လက်အောက်ငယ်သားဖြစ်ဖို့ အခွင့်အရေး ရယူလိုသောကြောင့် ဖြစ်သည်။
လူမြင်ကွင်းမှာ အရှက်ကွဲရလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။
ဒီရလဒ်ကြောင့် သူ့ကို လက်မခံတော့ရင် နောက်တစ်ကြိမ် ကြိုးစားဖို့ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး။ အရေးကြီးဆုံးက ဘာဖြစ်လို့ လုရွှမ်ကို ရွေးချယ်ရတာလဲ?
လုရွှမ် သူ့လက်အောက်ခံဖြစ်သွားရင် သူဘာဖြစ်သွားမလဲ?
"ပါးစပ်ပိတ်ထား! အသုံးမကျတဲ့ အရာတွေ!"
ရှောက်ချန်၏ မျက်နှာသည် မည်းမှောင်သွားပြီး သူ့လက်ကို နောက်သို့ထားကာ လုရွှမ်ကိုသာ ထပ်မံကြည့်၍
"ဘယ်လိုလဲ? မင်းမှာ ဒီတစ်ခါပဲ အခွင့်အရေးရှိမယ်... မင်းလက်လွှတ်လိုက်တာနဲ့ သွားပြီ မင်းအလျင်စလို ဆုံးဖြတ်ချက်မချဖို့ ငါအကြံပေးတယ်... မဟုတ်ရင် နောက်မှ နောင်တရလိမ့်မယ်!"
"မင်းရဲ့ လက်အောက်ငယ်သားလား?"
လုရွှမ်က တစ်ချက်ကြည့်လိုက်သည်။
"မှန်တယ်!" ရှောက်ချန်က ခေါင်းညိတ်လိုက်သည်။
"မင်းက ဘာမလို့လဲ?"
လုရွှမ် ပြန်မေးလိုက်လေ၏။