← Chapters

ရှောက်ချန်ကြောက်လန့်သွားပြီ

Vol. 2 Ch. 27

ရှောက်ချန်ကြောက်လန့်သွားပြီ

Vol. 2 Ch. 27

"မင်းဘာပြောလိုက်တယ်?"

လက်အောက်ငယ်သား လက်ခံဖို့ သူ့ဖက်က အစပျိုးပေးလိုက်ပြီ ဆိုတော့ ထိုကောင်လေးက အပြေးအလွှား ရောက်လာတော့မယ်လို့ သူထင်ထားခဲ့သည်။

ဒီလိုစကားမျိုး ကြားရလိမ့်မယ်လို့ အိပ်မက်တောင် မမက်ခဲ့ဖူးဘူး။ သူ့ကိုယ်သူ နားကြားများ မှားသလားလို့ပင် တွေးမိ၏။ မျက်နှာကလည်း မည်းမှောင်သွားကာ။

"ကောင်လေး မင်းငါဘယ်သူလဲဆိုတာ သိလား?"

"သွားစမ်း!"

လုရွှမ်သည် ထိုသို့သော အမိုက်စား လူမိုက်နှင့် စကားပြောရန် အလွန်ပျင်းသောကြောင့် သူ့လက်ကို ပေါ့ပေါ့ပါးပါးပဲ ဝှေ့ယမ်းလိုက်သည်။

"အာ……"

"ငါ...ငါနားကြားမမှားဘူး မလား!"

"သူက အဆင့်မြင့်အတန်းက အဂ္ဂိရတ်ပညာရှင် ရှောက်ချန်ကို ထွက်သွားခိုင်းတယ်?"

"စီနီယာရှောက်ချန်သာ သူ့ငယ်သားဖြစ်ဖို့ ငါ့ကိုခေါ်ရင် ငါသေချာပေါက် စိတ်လှုပ်ရှားပြီး ခုန်တက်သွားမှာ... သူက ငြင်းလိုက်တဲ့အပြင် ဒီလိုစကားမျိုးတောင် ပြောတယ်?"

လုရွှမ်၏ စကားနှင့် အပြုအမူကို ကြားရ မြင်လိုက်ရတော့ အားလုံး ရူးသွပ်သွားကြသည်။

ဆေးလုံးများ ဝယ်ယူခြင်းကို ကန့်သတ်ထားသောကြောင့် အဂ္ဂိရတ်ဆရာ၏ လက်အောက်ခံတစ်ဦး ဖြစ်လာခြင်းသည် မရေမတွက်နိုင်သောဝူအဆင့်များ၏ အိပ်မက်မက်ထဲက အရာတစ်ခုဖြစ်သည်။

"မင်း......သေချင်နေတာပဲ!"

ရှောက်ချန် ဒေါသပေါက်ကွဲလာပေ၏။

သူသည် ပထမတန်းစား အဂ္ဂိရတ်ပညာရှင် တစ်ဦးဖြစ်ပြီး သူသွားလေရာရာ၌ ထူးထူးခြားခြား ဧည့်သည်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည်။

သူသည် ကျန်းဝူ နန်းတော်သို့ ဝင်ရောက်သောအခါတွင် ဘုရင်မင်းမြတ်သည်ပင် သူ့ကို ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံလိမ့်မည်။ ဟိန်းဟောက်သံနှင့်အတူ သူ လှုပ်ရှားတော့မည့် အချိန်တွင် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

"ရှောက်ချန်....နင်ဘာလုပ်တာလဲ?"

"ရှောင်းရှောင်း? မင်းဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ? မင်းသမီးလော့ရုံ မင်္ဂလာပါ.... "

ဆူပူကြိမ်းမောင်းသံကို ကြားတော့ အစက ပြန်တိုက်ခိုက်မလို့ ဆိုပေမယ့် စကားပြောလာသူကို မြင်တော့ ရှောက်ချန် ရပ်သွားသည်။ ရှောင်းရှောင်းက အဆင့်မြင့် အတန်းက မက်မွန်ပန်းလေးပဲ။

သူမက အဂ္ဂိရတ်ပညာရှင် တစ်ယောက် ဖြစ်သလို လှလည်းလှသည်။ သူမကို လိုက်ဖို့ ပစ်မှတ်ထားထားရာ ရုတ်တရက် သူမကို အခုမြင်တွေ့လိုက်ရတော့ သူ မလှုပ်ရဲတော့ဘူး။

မင်းသမီးလော့ရုံ အတွက်တော့ သူ့အဆင့်အတန်းက ပိုလို့တောင် လေးစားစရာကောင်းပြီး စော်ကားဝံ့တဲ့သူတော့ မဟုတ်။

ထို့အပြင် သူမသည်လည်း မိန်းမလှလေး ဖြစ်၏။

"နင့်ရဲ့ လက်အောက်လူ မဖြစ်ချင်တာနဲ့ တိုက်ခိုက်တော့မလို့လား?"

လင်ရှောင်းရှောင်း ရှောက်ချန်ကို အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။

သူမ လုရွှမ်ကို သဘောမကျပါ။ အဂ္ဂိရတ်ပညာ အကဲဖြတ်စဥ်က လုရွှမ်ကသူမကို တမင်အနိုင်ယူသွားတယ်လို့ ခံစားရပေမယ့် အဲဒီကိစ္စထက်စာရင် သူမရှေ့ကလူကို ပိုမုန်းတီးလေသည်။

အာဏာကို အားကိုးတာ အဆင့်အတန်းကို အသုံးချပြီး လက်အောက်ငယ်သား စုဆောင်းတာက အဂ္ဂိရတ်ဆရာတွေရဲ့ မျက်နှာကို အိုးမဲသုတ်နေသလိုပဲ။

"ငါက ကိုယ့်ကိုကိုယ် ဟုတ်လှပြီလို့ ထင်နေတဲ့ ဒီကောင်လေးကို သင်ခန်းစာ ပေးမလို့...ဘယ်သူ့ကို စော်ကားလို့ရပြီး ဘယ်သူ့ကိုတော့ စော်ကားလို့ မရဘူးဆိုတာ သိစေဖို့...."

ရှောက်ချန်၏ မျက်လုံးများက အေးစပ်နေသည်။

"နင်က သူ့ထက် ပိုသန်မာနေလို့လား?" လင်ရှောင်းရှောင်းက တချက်ကြည့်လိုက်သည်။

"မဟုတ်ပေမယ့်... ငါက အဂ္ဂိရတ်ပညာရှင် တစ်ယောက်ဖြစ်နေလို့ အဂ္ဂိရတ်ဆရာတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို စော်ကားလို့ မရဘူး!"

ရှောက်ချန်က သူ့လက်ကို ဝှေ့ယမ်းလိုက်လေသည်။

"အဂ္ဂိရတ်ဆရာရဲ့ ဂုဏ်သိက္ခာလား?" လင်ရှောင်းရှောင်းက ပြုံးလိုက်သည်။

နင်က ပထမအဆင့်ပဲ ရှိသေးတယ် ဒါပေမယ့် နင်ရှေ့ကလူက ဒုတိယအဆင့်ဟဲ့

ကိုယ့်ထက် အဆင့်အတန်း မြင့်တဲ့သူကို အဂ္ဂိရတ်ပညာရှင် တစ်ယောက်ရဲ့ ဂုဏ်သိက္ခာအကြောင်း ပြောမလို့လား?

လင်ရှောင်းရှောင်းက ခေါင်းယမ်းလိုက်ပြီး ရှောက်ချန်ကို သနားစိတ်ဖြင့် ကြည့်ကာ လျစ်လျူရှုလိုက်သည်။

"ကောင်လေး... ဒီနေ့ အနိုင်ကျင့်တာကို အပြစ်မတင်နဲ့... အဓိက အကြောင်းရင်းက မင်းမျက်စိမှုန်နေလို့ အဂ္ဂိရတ်ပညာရှင်ကို စော်ကားခဲ့တာကိုပဲ အပြစ်တင်နေလိုက်!"

လင်ရှောင်းရှောင်း စကားရပ်သွားတာကို မြင်လိုက်ရတော့ ရှောက်ချန်သည် သူ့စကားက သူမကို ထိမိသွားတယ်လို့ တွေးမိပြီး ချက်ချင်းပဲ ကျေနပ်စွာနဲ့ ခေါင်းကိုမော့လိုက်သည်။ ဆက်လက်တိုက်ခိုက်လိုတဲ့ လုရွှမ်ဆီကို ရောက်သွားသည်။

ဤလူကို သင်ခန်းစာတစ်ခု သင်ပေးဖို့ လက်ဖဝါးကို မြှောက်လိုက်သည့် အချိန်တွင် အေးစက်သော အသံတစ်သံ ထွက်ပေါ်လာ၏။

"ငါ မင်းကို ထွက်သွားဖို့ ပြောခဲ့တာ မင်း မကြားဘူးလား" လုရွှမ်က ဟစ်အော်လိုက်သည်။

"သေချင်နေတာပဲ!"

သူက အဂ္ဂိရတ်ဆရာတစ်ယောက် ဖြစ်ကြောင်း ပြောနေချိန်မှာ မမျှော်လင့်ဘဲ တစ်ဖက်လူက သူ့ကိုဒီလို ပြောလာတော့ ရှောက်ချန်လည်း လှုပ်ရှားဖို့ ပြင်လိုက်ချိန်မှာ ရုတ်တရက် တံဆိပ်ပြားတစ်ခုကို တွေ့လိုက်ရ၏။

ဒါကိုမြင်တော့ သူ့အမူအရာက ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်က တုန်လှုပ်သွားသည်။

"အ ...အ... အဆင့်၂...."

လူငယ်၏ လက်ထဲတွင်ရှိသော တံဆိပ်သည် ဒုတိယအဆင့် အဂ္ဂိရတ်ပညာရှင် တစ်ဦးသာ ကိုင်ဆောင်ထားနိုင်သော တံဆိပ်ပြားဖြစ်သည်။ မျက်နှာပြင်ပေါ်တွင် ရေးထွင်းထားသည့် 'လုရွှမ်' ဟူသော စကားလုံးသည် ကြည်လင်ပြတ်သားစွာ တောက်ပနေပါသည်။

သူသည် ဒုတိယအဆင့် အဂ္ဂိရတ်ဆရာတစ်ယောက် ဖြစ်သည်။ အဂ္ဂိရတ်ဆရာများ၏ အဆင့်များသည် ခက်ခဲပြီး အဆင့်တိုင်းသည် ကွဲပြား၍ ကျော်လွန်၍မရနိုင်သော ကြီးမားသော ကွာခြားချက်တစ်ခု ရှိသည်။

ဒုတိယတန်းစား အဂ္ဂိရတ်ဆရာကို သူ့အစွမ်းပြဖို့ လုပ်လိုက်တဲ့အပြင် သူ့ကိုတောင် အောက်လက်ငယ်သားအဖြစ် သိမ်းယူဖို့ ပြင်လိုက်သေးတယ်? ငလူးပဲဟေ့!

အကယ်၍ အခုကိစ္စကို အဂ္ဂိရတ်ပညာရှင် အစည်းအရုံးကိုသာ ပို့လိုက်လျှင် သူ၏ အဂ္ဂိရတ်ပညာရှင် အရည်အချင်းကို ဖျက်သိမ်းမည်မှာ သေချာပါသည်။

အေးစက်နေသော ချွေးများက သူ့ခေါင်းပေါ်မှ ချက်ချင်း ထွက်လာသည်။

"တောင်းပန်ပါတယ် ငါ...ငါ... ငါ အခုထွက်သွားပါ့မယ် အခုသွားပါ့မယ်"

မြှောက်ထားသော လက်ဖဝါးကို အမြန်ချချလိုက်ပြီး ရှောက်ချန်သည် ဝမ်းနည်းသောမျက်နှာဖြင့် ခေါင်းတဆက်ဆကိ ညိတ်ပြလိုက်သည်။

သူ့မှာ အဂ္ဂိရတ်ပညာရှင် တစ်ယောက်အနေနဲ့ အဆင့်အတန်းရှိတာကြောင့် မရေမတွက်နိုင်တဲ့ ဝူအဆင့်တွေရဲ့ ရှာဖွေခြင်းကို ခံခဲ့ရသည်။ တကယ်လို့ သူ့နေရာကို ဆုံးရှုံးသွားရင် သူ့လက်အောက်က လူတွေက သူ့ကိုအထင်သေးကြလိမ့်မည်။

ထို့ကြောင့် သူ့ထက် ပိုသန်မာသော အဂ္ဂိရတ်ပညာရှင်များကို သူ မစော်ကားရဲပေ။

ဝူ.....

မရပ်မနား စကားပြီးသောအခါ ရှောက်ချန်သည် ပြေးတာထက်ပင် ပိုမြန်ကာ လှည့်ထွက်သွားသည်။

"ဟင်?"

"ငါ မျက်စိကန်းသွားတာလား?"

"ဘာတွေ ဖြစ်ကုန်တာလဲ?"

ဒီအဖြစ်အပျက်ကို မြင်လိုက်ရတော့ အပျော်တမ်းကြည့်ဖို့ ပြင်ဆင်နေကြတဲ့ လူအုပ်ကြီးက ရူးသွပ်သွားပြန်သည်။

စီနီယာကျောင်းသား တစ်ဦးလည်းဖြစ် အဂ္ဂိရတ်ပညာရှင်ဖြစ်သလို ဂုဏ်ယူရမှု နှစ်ခုရှိသူ တစ်ဦးအနေဖြင့် ရှောက်ချန်သည် အကယ်ဒမီတွင် ကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ကာလကြာရှည်စွာ ရှိနေသူအားလုံးနီးပါးက သူ့ကို သိကြသည်။

သူ့အဆင့်အတန်းကို အားကိုးနေပြီး ဘယ်သူ့ကိုမှ မျက်စိထဲ မထည့်ခဲ့ဘူး။ အခု အောက်တန်းက တပည့်လေးက သူ့ကို'သွားစမ်း'လို့ ပြောလိုက်တာနဲ့ ထွက်သွားရတယ်? သူတို့အမြင် မမှားဘူးမလား?

အားလုံးက လုရွှမ်ကို တဖန်ပြန်ကြည့်လိုက်သော် သူတို့၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုအပြည့်ဖြင့်။

တစ်ချက်တည်းနဲ့ ပထမနေရာက လူကို လွင့်သွားအောင် ရိုက်ပစ်ကာ စကားတစ်ကြောင်းတည်းနဲ့ အဆင့်မြင့်တန်းက အဂ္ဂိရတ်ပညာရှင် တစ်ယောက်ကို နှင်ထုတ်လိုက်နိုင်တယ်။ မကြောက်လို့ မဖြစ်တော့ဘူးလေ

"အစ်ကိုချန်...."

ချန်ဖုန်းလည်း အံသြသွားသည်။

သူ့အမြင်အရတော့ သူ့ရှေ့က ဒီအစ်ကိုချန်က အဂ္ဂိရတ်ပညာရှင် ဖြစ်ပြီး အဆင့်မြင့် အတန်းက ထိပ်တန်းအနည်းစုကိုတောင် ဂရုမစိုက်ဘူး။ ဒါကြောင့် အောက်တန်းက လူတွေကို ဘယ်လိုလုပ် ကြောက်မှာလဲ?

ရှုထောင့်ကြောင့် လုရွှမ်၏ လက်ဖဝါးပေါ်ရှိ တံဆိပ်ကို ရှောက်ချန်သာ မြင်လိုက်ရပြီး သူ့ရှေ့ရှိ လူငယ်လေးသည် ထိုကဲ့သို့ ကြောက်စရာကောင်းသည့် လက္ခဏာရှိသည်ကို မမြင်လိုက်ရပေ။

"ဒါက ယွမ်လိဆေးလုံးပါ.... ငါသုံးဖို့ အချိန်မရသေးပါဘူး...ဒါက [ရွှေဝိညာဉ်ရွှေချည်ကြိုး] ပါ... ဒီအရာကသာ ရွှေဝိညာဉ်ရေကန်ထဲကို ဝင်နိုင်တာ.... တခြားလူတွေဆီက လုယူမခံရစေနဲ့... "

ရှောက်ချန် ထွက်သွားပြီးနောက် ချန်ဖုန်းသည် ရှိုက်ကြီးတငင် ငိုကြွေးခဲ့ပြီး ဆုလာဘ်ကို စွန့်လွှတ်ရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။

ပစ္စည်းနှစ်ခုကို ရရှိပြီးနောက် လုရွှမ်သည် တစ်ဖက်လူ လှည့်စားထားတာ မရှိကြောင်းတွေ့ရှိရမှ လှည့်ထွက်လာခဲ့သည်။

တစ်ဖက်လူနဲ့ ယှဥ်ပြိုင်ခဲ့တယ် ဆိုတာ ဒီပစ္စည်းတွေကြောင့်ပဲ အခုလက်ထဲကို ရောက်လာပြီဆိုတော့ ဒီမှာရပ်နေစရာ အကြောင်းမရှိတော့ဘူး။

"လုရွှမ် ခဏနေပါဦး...."

ခြေတစ်လှမ်း လှမ်းပြီးသည်နှင့် မွှေးကြိုင်သောလေသည် သူ့ဆီပျံသန်းလာကာ ပြုံးပြုံးရွှင်ရွှင်ဖြင့် သူ့ဆီသို့ အသွင်ပြောင်းတစ်ခု လျှောက်လာသည်။

မော့ကြည့်လိုက်တော့ လုရွှမ်က တစ်ဖက်လူကို မှတ်မိသွားသည်။

အဲဒီနေ့က ဆူးယာကို လက်ကောက်ပေးတုန်းက တွေ့ခဲ့တဲ့ မင်းသမီးလော့ရုံ ဖြစ်ပြီး လင်ရှောင်းရှောင်းက မဝေးတဲ့နေရာမှာ ရပ်နေသည်။သူတို့နှစ်ယောက်ရဲ့ ဘေးမှာ ချောမောလှပတဲ့ ရုပ်ရည်လေးနဲ့ ဆူးယာလည်း ရှိနေသေး၏။

အလှမယ် သုံးယောက်သည် တစ်ပြိုင်နက်တည်း ပေါ်လာကြပြီး အားလုံးက လုရွှမ်၏ ရှေ့တွင် ရပ်နေကြသဖြင့် အနီးပတ်ဝန်းကျင်ရှိ လူတိုင်းက မယုံနိုင်လောက်အောင် အံ့သြသွားကာ သူ့ကိုမျက်လုံးတွေကိုပင် မယုံရဲကြတော့။

လုရွှမ်အတွက် သူမရဲ့အလှက စိတ်လှုပ်ရှားစေခြင်း မရှိပေမယ့် ပြန်ကြည့်ကာ မေးလိုက်သည်။

"ဘာကိစ္စရှိလို့လဲ?"

"တစ်စုံတစ်ယောက်က ရှင့်ကို တစ်ခုခု ပြောချင်နေပုံပဲ"

မင်းသမီးလော့ရုံ၏ မျက်လုံးများသည် ယုတ်မာမှုပြပြီး သူမနောက်မှ ဆူးယာကို ဆွဲထုတ်လိုက်သည်။

"ငါ……"

ဆူးယာ၏ မျက်နှာ နီမြန်းသွားသည်။

ချန်ဖုန်းသည် စိန်ခေါ်ပွဲကို ရှုံးသွားပြီဆိုတော့ သူမရဲ့ အလောင်းအစားကလည်း ရှုံးသွားပြီလေ။ တစ်ဖက်လူရှေ့မှာ သူမက မျက်စိကန်းနေခဲ့တာပါလို့ ပြောချင်ပေမယ့် ကိုယ့်ကိုကိုယ် အမြဲတမ်း ဂုဏ်ယူနေခဲ့တဲ့ သူမက ဒီလိုစကားတွေကို ဘယ်လိုပြောရမလဲ။

"ဘာပြောမှာလဲ?"

မင်းသမီးလော့ရုံ နှင့် လောင်းကြေးထပ်လိုက်သည်ကို သတိမထားမိဘဲ လုရွှမ်သည် မူလပိုင်ရှင်ရဲ့ ခံစားချက်တွေကို နင်းချေခဲ့သော ဆူးယာကို မကြည့်ချင်ပေ။

"ပြောစရာ မရှိဘူးဆိုရင်လည်း ဘေးဖယ်! ငါလေ့ကျင့်ရဦးမယ်!"

All Chapters