← Chapters

နင်က တကယ်မျက်စိကန်းနေတာပဲ

Vol. 2 Ch. 28

နင်က တကယ်မျက်စိကန်းနေတာပဲ

Vol. 2 Ch. 28

"နင်....."

ဆူးယာသည် အလောင်းအစား ဆုံးရှုံးသွားသောကြောင့် ဒေါသထွက်နေပြီဖြစ်သည်။ ယခင်က သူမအား အမြဲနာခံခဲ့သော ကောင်လေးမှ သူမအား ထွက်သွားရန် ပြောနေသည်ကို မြင်လိုက်ရတော့ ဒေါသက သူမမျက်နှာကို နီရဲလာစေ၏။

"ချန်ဖုန်းကို အနိုင်ယူလိုက်တာနဲ့ မာနကြီးနေတာလား? ဒါကသေးငယ်တဲ့ နေရာလေးက ရွှေတံဆိပ်နေရာလေးပဲ! အဆင့်မြင့်နေရာနဲ့ ဝေးပါသေးတယ်! ကမ္ဘာကို မမြင်ဖူးရင် မမြင်ဖူးဘူးပေါ့ ဘာတွေ မာနထောင်လွှားနေတာလဲ!!"

ထိုစကားထွက်လာသောအခါ ဆူးယာ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားသည်။

"ငါလောင်းကြေးက အခုပဲ ရှုံးသွားပြီ...ငါ လောင်းကြေးကို ဝန်ခံဖို့ ဆန္ဒရှိတယ်.... ဟုတ်ပြီ... အခု ငါ မျက်စိကန်းနေတယ်၊ မျက်လုံးလည်း မရှိဘူး ဘယ်လိုလဲ? ပျော်သွားပြီလား? နင့်ကို ရှုံးသွားလို့သာ ပြောရတာ ငါ့ကိုဝန်ခံခိုင်းမယ် ဆိုရင်တော့ အဝေးကြီး လိုသေးတယ်!"

မထင်မှတ်ပဲ 'ဖယ်ပေး' ဟုသာ ပြောမိသော်လည်း တစ်ဖက်လူက မိုက်မဲစွာ အများကြီး ပြောလာသဖြင့် လုရွှမ်၏ မျက်လုံးများထဲ ထူးဆန်းသွားကာ ခေါင်းယမ်းလိုက်သည်။

"ဦးနှောက်မှာ ပြဿနာရှိနေတာကိုး"

စကားပြီးသောအခါတွင် သူက တစ်ဖက်လူကို လျစ်လျူရှုကာ လှည့်ထွက်သွားပြီး လူတိုင်း၏အမြင်မှ ခဏအတွင်း ပျောက်ကွယ်သွားခဲ့သည်။

သူ့အတွက် အရေးအကြီးဆုံးက ကျင့်ကြံဖို့ဖြစ်ပြီး ဦးနှောက်ပြဿနာရှိတဲ့ ကလေးမလေးနဲ့ ငြင်းခုံဖို့ အချိန်မရှိပါ။

ထင်ရှားသည်စွာဖြင့် ဆူးယာ၏ ထူးဆန်းသော အမူအကျင့်ကို သူ "အရူး" ဟု သတ်မှတ်ခဲ့သည်။

"နင်.." ဆူးယာ ဒေါသနဲ့အတူ ရူးတော့မတတ်။

သူမသည် တစ်ဖက်လူ၏ မျက်လုံးထဲက အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ စိတ်ဆိုးတာ သို့မဟုတ် စိတ်မချမ်းသာတာ မဟုတ်ဘဲ လျစ်လျူရှုလိုက်ခြင်းသာ။

လုံးဝကို လျစ်လျူရှုသွားတာ။

သူမက ဘယ်သူလဲ? အရည်အချင်း မြင့်မားပြီး မရေမတွက်နိုင်သော လူများ၏ လိုက်လံပိုးပန်းမှုကို ခံရသော ပန်းတစ်ပွင့် ဖြစ်သည်။ အရင်က သူမအတွက် ထိုသူ အရာအားလုံးကို လုပ်ဆောင် ပေးခဲ့ဖူးသည်။

သူ ရုတ်တရက် ဘယ်လို ဖြစ်သွားတာလဲ?

"မုန်းစရာကောင်းလိုက်တာ!"

ဒေါသမျက်နှာကြီး နီမြန်းလာကာ ဆူးယာသည် ခြေထောက်ကို စောင့်လိုက်ပြီး

"နင်ကခွန်အားတွေ တိုးလာတယ်ဆိုပြီး ငါ့ရှေ့မှာ ဟန်ဆောင်နေတယ်ပေါ့? စွမ်းအင် သန်မာလာတယ် ဆိုရင်တောင် နင်ကဝူအဆင့် ဖြစ်နေတုန်းပဲ နင့်မှာ ဆေးဝယ်ဖို့ အရည်အချင်း ပြည့်မီလို့လား? ဆေးအကူအညီ မပါဘဲ ဝူဒုတိယအဆင့်ကို တက်ချင်တယ် ဆိုရင်တော့ အိပ်မက်သာ မက်နေလိုက်တော့!"

ဤကာလအတွင်း သူမသည် ဆေးသုံးလုံးသောက်ခဲ့ပြီး ဆေး၏အစွမ်းကို သူမသိနေပြီဖြစ်သည်။ ဆေးလုံးကို အားကိုးခြင်း မရှိပါက မြင့်မားသော အဆင့်သို့ တက်လှမ်းရန် အိပ်မက်တစ်ခုပဲဆိုတာ သံသယဖြစ်စရာ မရှိ။

၎င်း၏အမြင်တွင် ဤအချိန်ကာလ အတွင်း ကောင်လေး၏ လျင်မြန်သော တိုးတက်လာမှုသည် ကံကောင်းသွားလို့သာ ဖြစ်ပြီး သူ၏စစ်မှန်သော အရည်အချင်းသည် သူမထက် များစွာ နိမ့်ကျနေပါသေးသည်။

ဆေးလုံး အကူအညီမပါဘဲ အနာဂတ်တွင် သူမကို အဘယ်သို့ ယှဥ်နိုင်မည်နည်း။

ယခု မောက်မာမှုသည် ယာယီမျှသာ ဖြစ်ပြီး သူမသာကောင်းကင်ကို ပျံတက်သည်ကို မြင်တဲ့နေ့က အဲဒီလုရွှမ် ငိုရမည့်အချိန်များပင် ဖြစ်လိမ့်မည်။

"ဆေးဝယ်ဖို့ အရည်အချင်း ပြည့်မီတာလား?"

မူလက မင်းသမီးလော့ရုံ အလောင်းအစားပြုလုပ်ရန် ကမ်းလှမ်းခဲ့သည်ကို လင်ရှောင်းရှောင်းမှ ၎င်းကို အလေးအနက် မထားသော်လည်း ဆူးယာ၏စကားကို ကြားသောအခါတွင် ထူးဆန်းသော အမူအရာဖြင့် သူမမျက်နှာကို ကြည့်လိုက်မိသည်။

"ဟုတ်တယ်... သူ့ရဲ့ လက်ရှိအင်အားက ငါနဲ့ အတူတူပဲ... သူ့မှာ မူလအမှတ်ရဲ့ နှောင်းပိုင်းအဆင့်မှာ တိုက်ခိုက်နိုင်တဲ့ အစွမ်းရှိပေမယ့် သူက အဂ္ဂိရတ်ပညာရှင် မဟုတ်ဘူး အဂ္ဂိရတ် တံဆိပ်ပြားလည်း မရှိတော့ ဆေးဝယ်ဖို့ မဖြစ်နိုင်ဘူး... သူ့အဆင့်တက်တာကို ကူညီဖို့ ဆေးမရှိဘူး သူ့ရဲ့ အရည်အချင်းတွေနဲ့ ဒီလိုမျိုး ခွန်အားတွေ ရောက်ရှိလာနေပြီ ဆိုပေမယ့် ဒီထက်ပိုပြီး တိုးတက်ဖို့ မဖြစ်နိုင်တော့ဘူး!"

ဆူးယာသည် မော့ကြွားစွာ လည်ပင်းကို မြှောက်ထားလိုက်သည်။

"သူ့မှာ မှော်ဆေးလုံး ဝယ်ဖို့ အရည်အချင်း မရှိဘူးဆိုတော့... ဧကန္တ နင့်မှာရှိလို့လား?"

လင်ရှောင်းရှောင်းသည် ဆူးယာ၏ မာနထောင်လွှားနေမှုကို ဝင်နှောင်ယှက်ဖို့ မနေနိုင်တော့ချေ။

"ငါ့မှာ အခုမှ မရှိသေးပေမယ့်... လူကြီးမင်းမော့က ငါ့အတွက် စမ်းသပ်ထားပြီးသား....ငါ့မှာ အဂ္ဂိရတ်ဆရာ တစ်ယောက်ရဲ့ အရည်အချင်းတွေ ရှိတယ်။ ငါ့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးကြောင့် အချိန်တိုအတွင်း အဂ္ဂိရတ်ပညာရှင် တစ်ယောက် ဖြစ်လာနိုင်လိမ့်မယ်....ဒီလိုဆို ဆေးဝယ်ဖို့ အရည်အချင်း ပြည့်မီပြီမလား? !"

ဆူးယာက ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြောထွက်လာသည်။ သူမသည် ကျင့်ကြံမှု စွမ်းရည် မြင့်မားရုံသာမက အဂ္ဂိရတ်ပညာ စွမ်းရည်လည်း ပါရှိသေးသည်။

လူတစ်သောင်းမှာ တစ်ယောက် သို့မဟုတ် နှစ်ယောက်က အဂ္ဂိရတ်ပညာကို တတ်စွမ်းနိုင်တယ်ဆိုတာ သိထားရလိမ့်မယ်။ ကျန်းဝူအကယ်ဒမီမှာဆို ရှောက်ချန်နဲ့ လင်ရှောင်းရှောင်းကသာ ပါရမီကောင်းတဲ့ အဂ္ဂိရတ်ပညာရှင်များ ဖြစ်ကြလေသည်။

"သိပ်မကြာပါဘူး..."

လင်ရှောင်းရှောင်း က သူမခေါင်းကို ခါယမ်းလိုက်ပြီး

"နင်ကတကယ်ပဲ ဦးနှောက်မှာ ပြဿနာရှိနေတာလား? တုံးနေတာလား မသိတော့ဘူး အခုပဲ ရှောင်ချန် လှည့်ပြီး ထွက်သွားတာ မမြင်ဘူးလား? ဘာကြောင့်လဲ နင်မခန့်မှန်းမိဘူးလား?"

"သူသုံးတဲ့နည်းကို ဘယ်သူက သိမှာလဲ"

ဆူးယာ ထိတ်လန့်သွားသည်။

ရှောက်ချန် လှည့်ထွက်သွားတာက အလွန်ထူးဆန်းနေသော်လည်း မတိုင်ခင်က ရှောင်းရှောင်း ရောက်လာတာကို မြင်သော်ကြောင့် သူမကြောင့်လို့ ထင်ခဲ့သည်။ အခုစဥ်းစားကြည့်မှ မဟုတ်သလိုပဲ။

ဒါပေမယ့် ဘာနားက ပြဿနာရှိနေပါစေ သူမအပေါ် သက်ရောက်မှု မရှိဘူးလေ

လုရွှမ်သည် ငယ်စဉ်ကတည်းက သူမနှင့် ကြီးပြင်းလာသောကြောင့် အရာအားလုံးကို ရှင်းရှင်းလင်းလင်း သိထားပြီးသား။ သူမသိသော နည်းလမ်းကို အသုံးပြုနေပေလိမ့်မည်။

"ရှောက်ချန်က ပထမအဆင့် အဂ္ဂိရတ်ပညာရှင် တစ်ယောက်ဖြစ်ပြီး အံ့သြဖို့ကောင်းတယ်...သူ့ကို ဒီလိုဖြစ်သွားစေတာက ဖြစ်နိုင်ချေ တစ်ခုပဲရှိတော့တယ်...အဲဒါက သူ့ထက်အဆင့်မြင့်တဲ့ အဂ္ဂိရတ်ပညာရှင်နဲ့ တွေ့လိုက်ရလို့ပေါ့!"

တစ်ဖက်လူရဲ့ အသွင်အပြင်ကို မြင်တော့ လင်ရှောင်းရှောင်းလည်း စကားမပြောတော့ဘဲ ခေါင်းကို ခါယမ်းကာ မင်းသမီးလော့ရုံကို ဆွဲခေါ်လိုက်ပြီး

"သွားရအောင်... ဒီလိုမျိုး ကိုယ့်ကိုကိုယ် အထင်ကြီးနေတဲ့ လူနဲ့ စကားမပြောချင်ဘူး!"

"ဟီး... ငါလည်းဒီလိုလူနဲ့ စကားမပြောချင်ပါဘူး..."

မင်းသမီး လော့ရုံသည် အရာအားလုံးကို ဒီအတိုင်းသာ နားထောင်နေပြီး အပြစ်ကင်းစင်သော မျက်နှာပေါ်တွင် ချစ်စရာကောင်းသော အပြုံးဖြင့် ဆူးယာရှိရာသို့ ရောက်ရှိလာပြီး သူမရှေ့မှ ကောင်မလေးကို စိုက်ကြည့်ကာ

"နင်ကသာ ခပ်ညံ့ညံ့ ဆင်းရဲသားလို့ ပြောနေပေမယ့် သူ့မှာ ဖန်းရှစ်ရဲ့ အမြင့်မြတ်ဆုံး ကတ်တစ်ခု ရှိတယ်။ နင်က သူနင့်လောက် မသန်မာဘူးလို့ ပြောပေမယ့် ချန်ဖုန်းကို တစ်ချက်တည်းနဲ့ အနိုင်ယူခဲ့တယ်! နင်က နင့်ကိုယ်နင် အဂ္ဂိရတ်အရည်အချင်း ရှိတယ်လို့ ပြောတယ် သူကတော့ အဆင့်၂ အဂ္ဂိရတ်ဆရာတောင် ဖြစ်နေပြီ... ငါဘယ်လိုပဲ ကြည့်ကြည့် နင်တကယ် မျက်စိကန်းနေတာပဲလို့ မြင်တယ်"

စကားပြီးသောအခါ မင်းသမီးလော့ရုံ လှည့်၍ လင်ရှောင်းရှောင်း နောက်မှ ထွက်လာခဲ့သည်။

"နင်……"

ဆူးယာ အသက်ပြင်းပြင်းရှူရင်း မျက်နှာလည်းပြာနှမ်းသွားသည်။

သူမကို မျက်စိကန်းနေတယ်လို့ ဝေဖန်လိုက်တာက သူမမျက်နှာကို ဖျက်ရိုက်လိုက်သလိုပဲ။ ပြင်းထန်သော အရှက်တရားက သူမကို ရူးသွပ်သွားစေသည်။

"ဒုတိယအဆင့် အဂ္ဂိရတ်ပညာရှင်?... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? သူက ဆေးပင်တွေတောင် မခွဲခြားနိုင်ဘူး... ဒါဆို သူကဘယ်လိုလုပ် အဂ္ဂိရတ်ပညာရှင် ဖြစ်နိုင်မှာလဲ"

မထွက်ခွာမီက လင်ရှောင်းရှောင်း ပြောခဲ့သည့်စကားကို တွေးရင်း ဆူးယာမှာ သံသယများ ပြည့်နှက်နေပြန်သည်။

သူသည် ချန်ဖုန်းထက် အားကောင်းသည်။ ဖန်းရှစ်ရဲ့ အဆင့်မြင့်ရွှေကတ်လည်း ရှိပြီး ဒုတိယအဆင့် အဂ္ဂိရတ်ပညာရှင်ပါ ဖြစ်နေပြန်သေး၏။

ဒါက...သူတကယ်သိခဲ့တဲ့ လုရွှမ်လား?

"ဧကန္တ....ငါတကယ် ကန်းနေခဲ့တာလား? နေ့တိုင်း ငါ့နောက်ကို လိုက်နေခဲ့တဲ့သူက ဒီလောက်တောင် အစွမ်းထက်နေတာကို မမြင်နိုင်ခဲ့တာလား?"

ဆူးယာသည် သူမ၏ တခြားသူတွေအား မြင်နိုင်စွမ်းအပေါ် သံသယရှိလာပြန်သည်။

"အဲဒီကောင်လေး သွားတာ အရမ်းမြန်တာပဲ!"

လူအုပ်ထဲမှ ထွက်လာပြီးနောက် လင်ရှောင်းရှောင်းသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ လုရွှမ်သည် ဒေါသတကြီးဖြင့် တစ်နေရာမှ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။

"ဘာလဲ? ငါတို့ရဲ့ ကြီးမားတဲ့ အလှလေးရှောင်းရှောင်းက သူ့ကို ရင်ခုန်နေပြီလား? သူ့ကို ဒီလောက်တောင် ဂရုစိုက်တယ်ပေါ့?"

မင်းသမီးလော့ရုံမှ စနောက်လိုက်လေသည်။

"ဘာတွေ လျှောက်ပြောနေတာလဲ?"

လင်ရှောင်းရှောင်းက ရှက်ရွံ့စွာနဲ့

"အဲဒီလူက ငါ အဂ္ဂိရတ်ပညာရှင် အကဲဖြတ်နေချိန်မှာ ငါ့ကို အရှက်ရစေခဲ့ပြီး သူ့ကို အနိုင်ယူဖို့ အရမ်းနောက်ကျသွားတယ်... ငါကဘယ်လိုလုပ် ဂရုစိုက်ရမှာလဲ? သူ့ကိုရှာပြီး ပြိုင်ချင်မလို့ နောက်တစ်ခါ အဂ္ဂိရတ်ပညာမှာ ဘယ်သူက ပိုအားကောင်းလဲ ကြည့်ကြသေးတာပေါ့"

"အိုး....အဲ့လိုလား ငါသိပါပြီ!"

မင်းသမီးလော့ရုံသည် သူ့မျက်နှာပေါ်တွင် အပြုံးကြီးဖြင့် ကျယ်ကျယ်လောင်လောင် အော်လိုက်သည်။

"နင်က ဘာသိလို့လဲ?"

သူမရဲ့ အသွင်အပြင်ကို ကြည့်လိုက်ကာ လင်ရှောင်းရှောင်းက တစ်ဖက်လူသူမကို ရည်ရွယ်ပြီး လုပ်နေတာမှန်း သိသွားပြီး ရုတ်တရက် မျက်ခုံးပင့်လိုက်သည်။

"ငါ့အမြင်တော့ နင်သူ့ကို သိနေပုံပဲ...သိတာတောင် နည်းနည်းလေး မဟုတ်လောက်ဘူး... ငါတို့ရဲ့ ကြီးမြတ်တဲ့ မင်းသမီးက အောက်တန်းက ကောင်လေးတစ်ယောက်ကို ဂရုစိုက်နေတာများလား?"

"ဂရုစိုက်တယ်? ငါကဒီအတိုင်း ထူးဆန်းတယ်လို့ ခံစားရလို့!"

မင်းသမီးလော့ရုံသည် လင်ရှောင်းရှောင်း၏ စကားများကို မရှောင်လွှဲဘဲ သူမ၏ လှပသော မျက်နှာပေါ်တွင် မှတ်ချက်ချသော အမူအရာ ပေါ်လာသည်။

"ငါ တစ်ယောက်ယောက်ကို စုံစမ်းခိုင်းထားတယ် အဲဒီကောင်လေးက မထင်မရှားလေးပဲ ဒါပေမယ့် မကြာသေးခင်ကမှ အရှိန်အဟုန်နဲ့ တိုးတက်လာပြီး လူတွေကို အံ့သြစေတယ်... သူ့မှာ ကျင့်ကြံမှုစွမ်းအင် သိသိသာသာ တိုးတက်လာရုံ တင်မကဘူး အံ့သြစရာကောင်းတဲ့ အဂ္ဂိရတ် ကျွမ်းကျင်မှုတွေလည်း ရှိထားသေးတယ် အဲဒါကတကယ် စဉ်းစားရခက်တယ်"

ဒါကိုပြောရင်းနဲ့ မင်းသမီးလော့ရုံရဲ့ မျက်လုံးတွေ တောက်ပသွားပြီး သူမရဲ့ ပါးစပ်ထောင့်က ကွေးညွတ်သွားသည်။

"ရှောင်းရှောင်း.. ငါနဲ့ ဆော့ဖို့ တစ်ယောက်ယောက် ရှာတွေ့ဖို့က မလွယ်ဘူး.. အဲဒါကြောင့် ငါ့ကို ဒုက္ခမပေးပါနဲ့!"

"နင်......"

လင်ရှောင်းရှောင်းက သူ့ခြေထောက်တွေကို နင်းပြီး

"ကောင်လေးတစ်ယောက် အကြောင်း စုံစမ်းတာ ရှက်ရကောင်းမှန်း မသိတဲ့အပြင် ပွင့်ပွင့်လင်းလင်း ပြောနေတုန်းပဲ!"

"ဒါက အရမ်းပွင့်လင်းတော့ရော နင်ငါ့ကို ဘာလုပ်နိုင်မှာ မလို့လဲ? သိချင်တဲ့သူတွေက အလေးအနက်မထား ချင်ယောင်ဆောင်နေသေးတာပဲ...အဲဒါက လုံးဝကို အဓိပ္ပါယ်မရှိဘူး"

မင်းသမီး လော့ရုံသည် မထီမဲ့မြင်ပြုသော အကြည့်ဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။

"ငါ... ငါမသိချင်ဘူး! သိချင်ရင်တောင်မှ သူ့အားနည်းချက်ကိုပဲ သိချင်တယ်... ဒါမှ ကလဲ့စားချေဖို့ အခွင့်အရေး ရှာလို့ရမှာ!"

လင်ရှောင်းရှောင်းက အော်ဟစ်လိုက်သည်။

"ကောင်းပြီ နင်လည်း နင့်အလုပ်နင်လုပ်...ငါလည်း ငါစိတ်ဝင်စားတဲ့ ကိစ္စကို သွားရှာမယ် ငါတို့နှစ်ယောက် မနှောင့်ယှက်ကြေး!"

မင်းသမီးလော့ရုံ တခစ်ခစ်ရယ်ရင်း သူမ၏ သွယ်လျသော ကိုယ်ခန္ဓာသည် ဆက်ရွေ့လျားနေ၏။ မျက်နှာပေါ်တွင်လည်း အပြုံးများ ပွင့်နေသည်။

ထိုကဲ့သို့ ထူးဆန်းသော သူငယ်ချင်းနှင့် ငြင်းခုံခြင်းသည် အားနည်းချက်တစ်ခု ဖြစ်လာမည်မှာ သေချာကြောင်း သိလိုက်ရသဖြင့် လင်ရှောင်းရှောင်းသည် စကားရပ်လိုက်ပြီး နောက်မှ ထွက်ခွာသွားခဲ့သည်။

All Chapters