← Chapters

ရွှေဝိညာဥ်ရေကန်

Vol. 2 Ch. 29

ရွှေဝိညာဥ်ရေကန်

Vol. 2 Ch. 29

တောအုပ်ထဲတွင် ရုပ်ပုံသဏ္ဌာန်တစ်ခုသည် ပုံရိပ်ကဲ့သို့ ပြေးလွှားနေပြီး ရပ်တန့်လိုက်တိုင်း သူခြေကုပ်ယူရာ သစ်ပင်တို့ တုန်ခါသွားသည်။

ဝူ.....

ပုံရိပ်သည် ရပ်တန့်သွားပြီး အဖြူရောင် မျဉ်းတစ်ကြောင်းကိုသာ သူ့အနောက်တွင် ချန်ရစ်ခဲ့သည်။ အသက်ပြင်းပြင်း ရှုထုတ်လိုက်ရင်း

"သုံးရက်ရှိသွားပြီ... နောက်ဆုံးတော့ လုံရှန့်သိုင်းပညာရဲ့ အသေးစား အောင်မြင်မှုအဆင့်ကို အောင်မြင်သွားပြီ"

အနက်ရောင် မျက်လုံးများက တောက်ပစွာ ပေါ်ထွက်နေပြီး လေးနက်သော ပျော်ရွှင်မှုကို ထုတ်ဖော်နေသူက လုရွှမ်ပဲ ဖြစ်၏။

ပြိုင်ပွဲစင်မြင့်မှ ထွက်ခွာပြီးသည့်နောက် ဤနေရာသို့ ထပ်မံရောက်ရှိလာခဲ့သည်။ ယခုတစ်ကြိမ်တွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ပြီး စားနပ်ရိက္ခာ အလုံအလောက် ဝယ်ယူခဲ့သည်။သုံးရက်အတွင်း မှော်စွမ်းအင်ကို အဆင့်မတက်ဘဲ ကိုယ်ခံပညာကိုသာ လေ့ကျင့်ခဲ့သည်။

ဝူအဆင့်တွေရဲ့ နယ်ပယ်ကို ရောက်တာနဲ့ ခန္ဓာကိုယ်တွင် လေ့ကျင့်နိုင်တာ ဖြစ်သည်။

ဝူအဆင့်ကဲ့သို့ ကိုယ်ခံပညာကို အဆင့်ငါးဆင့် ခွဲခြားထား၏။ နတ်ဘုရား၊ သူတော်စင်၊ ဝိညာဥ်၊ တစ္ဆေနှင့် သေခြင်း အဆင့်များဖြစ်ပြီး အဆင့်တစ်ခုစီကို အောက်၊ အလယ်၊ အထက်နှင့် အထွတ်အထိပ်ဟူ၍ အဆင့်လေးဆင့် ခွဲခြားထားသည်။

ထို့အပြင် ကိုယ်ခံပညာ ကျွမ်းကျင်ပညာရှင်များ၏ ကျွမ်းကျင်မှု အတိုင်းအတာအရ ၎င်းတို့အား ဝင်ခွင့်အဆင့်၊ ကျွမ်းကျင်မှုအဆင့်၊ အသေးစား အောင်မြင်မှုအဆင့်၊ ကြီးကျယ်သော အောင်မြင်မှုအဆင့်နှင့် ပြီးပြည့်စုံမှုအဆင့် ဟူ၍ မတူညီသော အခြေအနေငါးမျိုးဖြင့် ခွဲခြားထားသေးသည်။

ကိုယ်ခံပညာ အဆင့်မြင့်လေ ထိန်းချုပ်မှုအဆင့်မြင့်လေ စွမ်းအားပြသနိုင်လေဖြစ်သည်။ တိုက်ခိုက်ရေး စွမ်းအားကလည်း ပိုအားကောင်းလေဖြစ်သည်။

ချန်ဖုန်းသည် ယခင်က အသုံးပြုခဲ့သော ကိုယ်ခွဲသိုင်းစွမ်းအင်သည် ကိုယ်ခံပညာ တစ်ခုဖြစ်ပြီး အနိမ့်ဆုံး အသေးစား အဆင့်ဖြစ်သည်။ ၎င်းကို လေ့ကျင့်ထားလျှင်ပင် ဝင်ခွင့်အဆင့် လက်သီးတစ်ခုသာ ဖြစ်၏။

ထို့အတွက်ကြောင့်ပင် ခန္ဓာကိုယ်ကို အသွင်ပြောင်းလို့ မရချေ။

လုံရှန့်သိုင်းပညာသည် အစပိုင်းတွင် ရွှမ်ချင်းဂိုဏ်း၏ ထိပ်တန်းသိုင်းပညာ ဖြစ်သည်။ ၎င်းသည် အဆင့်ဆင့် ရွေ့လျားမှုတစ်ခုဖြစ်သည်။ ပထမအဆင့်ကို ဝူအဆင့်ရောက်သူများ လေ့ကျင့်နိုင်သည်။

စွမ်းအားသည် အဆင့်နိမ့် သာမန်သိုင်းပညာနှင့် များစွာကွာခြားခြင်း မရှိသော်လည်း လေ့ကျင့်မှုအဆင့် တိုးလာသည်နှင့်အမျှ စွမ်းအားသည်လည်း တဖြည်းဖြည်း တိုးလာမည်ဖြစ်သည်။

ဒုတိယအဆင့်တွင် ၎င်းသည် အထက်တန်းအဆင့် သာမန်သိုင်းပညာနှင့် ယှဉ်နိုင်နေပြီဖြစ်သည်။

တတိယအဆင့်သည် တစ္ဆေအဆင့်နိမ့် သိုင်းပညာနှင့် ယှဉ်နိုင်နေပြီဖြစ်သည်။

နဝမအဆင့်သို့ ရောက်သောအခါ ၎င်းတို့သည် နတ်ဘုရားအဆင့် ကိုယ်ခံပညာနှင့် ယှဉ်နိုင်နေပြီဟု ဆိုကြသည်။ သို့သော် ရွှမ်ချင်ဂိုဏ်းကို မရေမတွက်နိုင်အောင် နှစ်ပေါင်းများစွာ အမွေဆက်ခံခဲ့သောကြောင့် အမြင့်ဆုံးအဆင့်အထိ ကျင့်ကြံသူများသည် အဆင့်၇နှင့် ၈ကိုသာ ရောက်ခဲ့ကြသည်။

လုရွှမ်သည် သူ၏ယခင်ဘဝတွင် ဤသိုင်းပညာကို လေ့ကျင့်ခဲ့ဖူးပြီး ရွှမ်ချင်ဂိုဏ်း၏ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ အဆင့်၇ကို ထိုးဖောက်နိုင်ခဲ့သူ ဖြစ်လေသည်။

အဆင့်၇ကို ရောက်ပြီးနောက်မှာ တိုးတက်ဖို့ ခဲယဥ်းလာလေပြီ။ သူလည်း ပိုမြင့်တဲ့အဆင့်ကို မရောက်နိုင်ခဲ့ပေ။

ဒီပြန်လည်မွေးဖွားခြင်းမှာ ကိုယ်ခံပညာရွေးချယ်ဖို့ အချိန်အတော်ကြာ စဉ်းစားခဲ့ပြီး နောက်ဆုံးမှာတော့ ဒီသိုင်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ပထမအချက်အနေဖြင့် ဤကိုယ်ခံပညာသည် မပြောင်းလဲဘဲ ယခင်ဘဝမှာ အဆင့်ခုနှစ်အထိ ကျင့်ကြံနိုင်ခဲ့သည်။ ဒုတိယအချက်မှာ သူသည် ယခင်ဘဝက အထွတ်အထိပ်အဆင့်သို့ မရောက်ရှိနိုင်ခဲ့သည့်အတွက် အနည်းငယ်ဝမ်းနည်းစရာ ကောင်းခဲ့သည်။

ဒီဘဝမှာတော့ အထွက်အထိပ်အဆင့်ကို ချိုးဖောက်ရမည်။

"အရင်ဘဝက အတွေ့အကြုံသာ မရှိရင် ဒီလိုမျိုး ခွန်အားတွေနဲ့ စတင်ချင်တယ် ဆိုရင်တော့ သေးငယ်တဲ့အောင်မြင်မှုလို့ မပြောရမှာပဲ"

ဤသိုင်းပညာကို သေးငယ်သော အောင်မြင်မှုဆီသို့ လျင်မြန်စွာ လေ့ကျင့် နိုင်ခဲ့ခြင်းကြောင့် လုရွှမ်သည် သူ၏ယခင်ဘဝနှင့် ပတ်သက်မှုတစ်ခုခုရှိနေသည်ကို သိလိုက်သည်။

မဟုတ်ပါက ဤမျှမြင့်မားတဲ့ သိုင်းပညာက သိုင်းပညာတစ်ခုမျှ ဖြစ်သောကြောင့် အောင်မြင်စွာ လေ့ကျင့်ရန် မဖြစ်နိုင်ပေ။ မူလအမှတ်၏ ပထမအဆင့်မှာဆို လေ့ကျင့်ဖို့ လုံးဝ မဖြစ်နိုင်တော့ပေ။

"ကျင့်ကြံမှုက မူလအမှတ်ရဲ့ နှောင်းပိုင်းအဆင့်ကို ကျော်ဖြတ်ပြီး အထွတ်အထိပ်အဆင့်ကို ရောက်နေပြီ... ပြီးပြည့်စုံမှုအဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်"

လုရွှမ် ရယ်လိုက်သည်။

ယွမ်ယန်ကျင့်စဥ်သည် အမှန်တကယ်ပင် ကြီးစိုးနေပါသည်။ သုံးရက်ကြာအောင် သူသည် ကိုယ်ခံပညာကို မရပ်မနား လေ့ကျင့်ခဲ့ပြီး စွမ်းအင်ကျင့်စဥ်ကို တမင်တကာ မလေ့ကျင့်ခဲ့ပေ။

သို့သော်လည်း သူ၏ လေ့ကျင့်မှုသည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

"ရွှေဝိညာဉ်ရေကန်ကို သွားရမယ့်အချိန်ရောက်ပြီ!"

သူ့အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီးတာနဲ့ လုရွှမ်ဟာ တောထဲက ထွက်လာခဲ့တော့သည်။

ရွှေဝိညာဉ်ရေကန်အား အဆင့်မြင့် အတန်း၏ ပြိုင်ပွဲအပြီး လေးရက်မြောက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး သူကတော့ ချန်ဖုန်းမှတစ်ဆင့် ဝင်ရောက်ခွင့်ရခဲ့သည်။ ကိုယ်ခံပညာကို လေ့ကျင့်ပြီးနောက် ဝင်ရောက်ကြည့်ရှုဖို့ အချိန်ရောက်လေပြီ။

ရွှေဝိညာဥ်ရေကန်သည် သဘာဝတရားမှ သတ္တုပစ္စည်းများဖြင့် ဖွဲ့စည်းထားသည်။ ၎င်းသည် ယခုသူရှိရာနှင့် မဝေးလှသော အကယ်ဒမီ အနောက်ဘက် တောင်ပေါ်တွင် တည်ရှိသည်။

………

ရေကန်အပြင်ဘက်တွင် မြေအောက်နန်းတော်တစ်ခု ဆောက်ထားသဖြင့် ဝင်ရန်အရည်အချင်းမရှိပါ ပြင်ပမှ ပိတ်ဆို့ထားခြင်း ခံရလိမ့်မည်။ ထိုအခိုက်တွင် မြေအောက်နန်းတော် အပြင်ဘက်တွင် အမျိုးသား အမျိုးသမီး စုစုပေါင်း ကိုးဦး ရှိနေ၏။

ရွှေဝိညာဥ်ရေကန်ကို အောက်ခြေ အတန်းများမှ ရွှေတံဆိပ်နေရာ ရထားသူများသာ ဝင်ခွင့်ရရန် အရည်အချင်း ပြည့်မီသည်။ အဆင့်မြင့် အတန်းကတော့ မတူချေ။

အကယ်ဒမီမှ ပေးအပ်သော တာဝန်များကို ထမ်းဆောင်ပြီး အရည်အချင်း ရှိသရွေ့ ဝင်ရောက်ခွင့် ရှိလေသည်။

"ဘာလို့မပွင့်သေးတာလဲ? ငါတို့စောင့်နေတာ တစ်နာရီလောက်ရှိပြီ"

မီးခိုးရောင် အဝတ်အစား ဝတ်ထားသူ လူငယ်တစ်ဦးသည် လူအုပ်ကြားမှ မျက်မှောင်ကြုတ်လိုက်သည်။

"အောက်တန်းက နံပါတ်တစ် မရောက်သေးလို့ ထင်တယ် လူမစုံသေးလို့ မပွင့်လာတာ" ဟု လူတစ်ယောက်က ရှင်းပြသည်။

"ဘယ်လိုကြီးလဲ? ငါတို့ သူ့ကို အကြာကြီး စောင့်ရအောင် လုပ်နေတာလား?!" မီးခိုးရောင်ဝတ် လူငယ်ရဲ့ မျက်နှာက ကြည့်ရဆိုးလာကာ။

"ဒီတစ်ခါ နံပါတ်တစ်နေရာက လူ... သူ့နာမည် ဘယ်လိုခေါ်လဲ"

"ချန်ဖုန်းလို့ ခေါ်တာထင်တယ်"

"ချန်ဖုန်း? ဒီကလေးကို ငါသိတယ်... သူက နည်းနည်းမာနကြီးပေမယ့် သူ့မှာ အချိန်မရှိရလောက်အောင် ပျင်းရိမနေဘူး ဘာလို့ အခုထိ မလာတာလဲ"

မီးခိုးရောင်နှင့် လူငယ်လေးသည် အံ့အားသင့်သွားသည်။

"အဲဒီနံပါတ်တစ် အငယ်တန်း ချန်ဖုန်းက လွန်ခဲ့တဲ့ ရက်အနည်းငယ်က တစ်ယောက်ယောက်နဲ့ အလောင်းအစား လုပ်ခဲ့ပြီး ရှုံးသွားတယ်လေ... အခြားတစ်ယောက်ကို ရွှေဝိညာဉ်ရေကန်ထဲကို ဝင်ဖို့ အခွင့်အရေး ပေးခဲ့ရတာကို မင်းတို့အားလုံး မသိကြဘူး ထင်တယ်! အဲဒီတော့ ဒီတစ်ခေါက်လာတဲ့သူက သူမဖြစ်နိုင်ဘူး... အဲဒီလူပဲ ဖြစ်မယ်"

နောက်တစ်ယောက်က ထပ်ပြောလာ၏။

"အိုး? အောက်တန်းက ပထမနေရာက လူကို နိုင်ခဲ့တာလား? အဲဒီကောင်က အဆင့်မြင့် အတန်းကလား။"

"မဟုတ်ဘူး သူက အောက်တန်းက လာတာ....လုရွှမ်လို့ ခေါ်ပုံရတယ်!"

"လုရွှမ်? မကြားဖူးဘူး!"

မီးခိုးရောင်ဝတ် လူငယ်က ခေါင်းခါသည်။

သူသည် အဆင့်မြင့် အတန်းက ဖြစ်ပြီး အကယ်ဒမီ တစ်ခုတည်းတွင် ရှိနေသော်လည်း အတန်းနိမ့်မှ ကျင့်ကြံမှု ကျောင်းသားများ အားလုံးကို သိသော်လည်း လုရွှမ်ဟူသော လူကိုတော့ မသိပေ။

"ရော့ရှင်း... မင်းက အောက်တန်းကလူပဲ လုရွှမ်ကိုသိလား?"

မီးခိုးရောင် ၀တ်ထားသော လူငယ်သည် လူအုပ်ထဲရှိ တစ်ဦးတည်းသော မိန်းကလေးကို ကြည့်ရန် ခေါင်းကို လှည့်လိုက်သည်။

ထိုမိန်းကလေး၏ ခန္ဓာကိုယ်သည် မျဉ်းကွေးတစ်ခုလို လှပကာ သူမ၏ အသွင်အပြင်သည် လင်ရှောင်းရှောင်း၊ အခြားသူများနှင့် သိပ်မကွာသော်လည်း အနည်းငယ် အေးစက်နေကာ သူစိမ်းတွေနဲ့ အဆက်အဆံ မလုပ်ပေ။

လုရွှမ်သာ ဒီမှာရှိနေခဲ့မယ်ဆိုရင် အဲဒီတုန်းက သူမနဲ့ ရန်ဖြစ်ခဲ့ဖူးတဲ့ အဆင့်နိမ့် မာနရှင်မိန်းကလေး လန်ရော့ရှင်း ဆိုတာကို သေချာပေါက် မှတ်မိလိမ့်မည်။

သူမသည် ရွှေတံဆိပ်နေရာ မရခဲ့သော အငယ်တန်း တပည့်ဖြစ်သော်ငြားလည်း အကြောင်းအမျိုးမျိုးကြောင့် ရွှေဝိညာဉ်ရေကန်ထဲသို့ ၀င်ခွင့်ရခဲ့သည်။

"ငါသိတယ်...အရှက်မရှိတဲ့ကောင်ပဲ!"

'အရှက်မရှိတဲ့လူ' ကိုတွေးရင်း လန်ရော့ရှင်းရဲ့ နှလုံးသားထဲ အမုန်းတရားတွေ စီးဝင်လာလေ၏။

သူမသည် ကောင်းကင်ဘုံ၏ ဂုဏ်ယူဝင့်ကြွားဖွယ် သမီးတော်ဖြစ်သည်။ သူတစ်ပါးနှင့်တိုက်ခိုက်သောအခါတွင် အခြားသူများက သတိထားတတ်ကြသည်။ သူမ၏ 'ထိုနေရာ' ကို ဤကဲ့သို့ အဖန်ဖန် တိုက်ခိုက်ခြင်းမျိုး မရှိပေ။

"အရှက် မရှိဘူး? ငါတို့ကိုလည်း အကြာကြီး စောင့်ခိုင်းထားသေးတယ်... မင်းကပါ အရှက်မရှိတဲ့ လူလို့ပြောမှတော့ သေချာပေါက် ကောင်းတဲ့ကောင် မဟုတ်နိုင်ဘူး... ရောက်လာတဲ့အခါ တစ်ချက်လောက် ရိုက်ထားမှ မဟုတ်ရင် ကောင်းကင်က ဘယ်လောက်မြင့်လဲ သိမှာမဟုတ်ဘူး"

လန်ရော့ရှင်း၏ မကျေမနပ် အမူအရာကို မြင်လိုက်ရသောအခါ မီးခိုးရောင်ဝတ် လူငယ်သည် မျက်ခုံးပင့်လိုက်ပြီး မျက်လုံးထဲတွင် အေးစက်စက် အရိပ်အယောင်များ တောက်ပလာသည်။

လန်ရော့ရှင်းသည် အကယ်ဒမီတွင် ထင်ရှားကျော်ကြားသော အလှတရား တစ်ခုဖြစ်ပြီး ၎င်းကို ယောက်ျားသားများ လွန်စွာမှ သဘောကျကြသည်။

"စီနီယာအတန်းထဲက ၈၆ ယောက်မြောက် ဝမ်ချောင်က သူ့ကို သင်ခန်းစာတစ်ခု သင်ပေးတော့မယ်... ဒီကလေးတော့ ကံဆိုးတာပဲ...."

မီးခိုးရောင်လူငယ်၏ စကားကိုကြားတော့ ရှေ့မှာပြောသော လူငယ်က ရယ်မောလိုက်၏။

"ဒီကလေးအတွက် ကိုယ်ချင်းစာမိပါတယ်! မိန်းမလှပန်းလေး လန်ရော့ရှင်းကို စော်ကားရင် ပန်းအုပ်ထိန်းသူက သူ့ကို ဖျက်ဆီးပစ်လိမ့်မယ်!"

အခြားလူက ထရယ်လေသည်။

"ငါတို့ အကြီးတန်းတွေက သူ့ကိုစောင့်နေရတာ... အကြွေးထားလို့ ဘယ်ဖြစ်မလဲ?"

ရှပ် ရှပ် ရှပ်....

ဆွေးနွေးနေစဉ်တွင် ခြေသံများ ထွက်ပေါ်လာပြီး လုရွှမ်သည် ဖြည်းညှင်းစွာ လျှောက်လာ၏။

All Chapters