← Chapters

အကြံဉာဏ်ပေးခြင်း

Vol. 3 Ch. 31

အကြံဉာဏ်ပေးခြင်း

Vol. 3 Ch. 31

"ဝမ်ချောင် အရိုက်ခံလိုက်ရတာလား?"

"ဒါ.....ဒါ....."

"ငါအမြင် မမှားဘူးမလား?"

လုရွှမ်ကို သင်ခန်းစာပေးမယ်ဆိုပြီး ဟစ်ကြွေးခဲ့တဲ့ ဝမ်ချောင်တစ်ယောက် မျက်နှာကို ဆိုးဆိုးဝါးဝါး အရိုက်ခံထားရတာကြောင့် အင်မတန် ကြည့်ရဆိုးနေသည်။

ရပ်ကြည့်နေသူများမှာလည်း ကိုယ့်မျက်လုံးကို မယုံနိုင်လောက်အောင် ဖြစ်နေကြသည်။

စောစောက အဖြစ်အပျက်က မြန်ဆန်လွန်းလို့ အသက်၃ချက်တောင် မရှူလိုက်ရသလိုပဲ။ အစကတော့ သင်ခန်းစာ နည်းနည်းပေးလိုက်တာနဲ့ ထိုကောင်လေး အရှုံးပေးပြီး နာခံမှုရှိလာမယ်လို့ ထင်ထားတာ။

အဲဒီလို ပြောင်းပြန်ဖြစ်တာမျိုးတော့ တစ်ခါမှ မတွေ့ဖူးဘူး။ အဆင့်မြင့် ကျောင်းသားက မြေကြီးပေါ်မှာ လဲနေပြီး အောက်တန်း ကျောင်းသားက လုံးဝဒဏ်ရာ မရသွားဘူးလေ။

"ဒါက သူ့ရဲ့ ခွန်အားအစစ်လား?"

တစ်ဖက်တွင် စကားပြောလာသူသည် လန်ရော့ရှင်း ဖြစ်ပြီး သူမ၏ နုနယ်သော ခန္ဓာကိုယ်သည် တုန်တုန်ယင်ယင် ဖြစ်နေကာ မျက်နှာသည်လည်း ဖျော့တော့နေ၏။

လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကောင်လေးနဲ့ သူမ ရန်ဖြစ်တုန်း ဒီနည်းလမ်းကို အသုံးပြုခဲ့မယ်ဆိုရင် သူမ ရှက်နေရုံတင်မကဘဲ အခုတောင် မထနိုင်ဘဲ အိပ်ယာပေါ်မှာ လဲလျောင်းနေရဆဲ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ တွေးမိသည်။

"သူကငါ့ကို မိန်းကလေးတစ်ယောက်လို့ မြင်ပြီး အဲဒီလို မတိုက်ခဲ့တာ ဖြစ်နိုင်တယ်...."

ရင်ဘတ်ကို မတိုက်ခိုက်ဘဲ တခြားနေရာတွေကို တိုက်ခိုက်ခဲ့ရင် ဒီဝမ်ချောင်ထက် ပိုဆိုးသွားလိမ့်မည်။ သေချာပြောရရင် သူမ 'အရှက်မရှိတဲ့ ကောင်'လို့ ပြောခဲ့တဲ့သူက သူမအပေါ် သက်ညှာခဲ့တာ ဖြစ်နိုင်သည်။

"ကံကောင်းတာက ငါ့မှာ ရင်သားရှိနေလို့ပေါ့ မဟုတ်ရင်..."

ထိုအခိုက်အတန့်တွင် တုန်ယင်နေသော လန်ရော့ရှင်းသည် တစ်ဖက်လူက သူ့အပေါ် "ရိုင်းစိုင်း" နေခြင်းကို ဝမ်းသာမိသည်။ "ရိုင်းစိုင်း" သည်က ကြည့်ကောင်းတဲ့ အရာတော့ မဟုတ်ပေ။

လက်တွေ့မှာ သူမအပေါ် ရိုင်းစိုင်းခဲ့သူက ဝမ်ချောင်အပေါ် ယဥ်ယဥ်ကျေးကျေး ရက်စက်နေမှုကို ကြည့်ပြီး သူမဦးရေပြားတွေပင် ထုံကျင်လာသည်။ မထိတ်လန့်ဘဲ မနေနိုင်တော့။

"ဘယ်သူငါ့ကို သင်ပြချင်သေးလဲ"

ဝမ်ချောင်ရဲ့ အခြေအနေကိုကြည့်ပြီး စကားမပြောနိုင်ကြတော့တဲ့ လူအုပ်စုဖက်သို့ လုရွှမ် လှည့်ကြည့်လိုက်သည်။

သူ၏ အသက်ရှုကြပ်မှုအောက်တွင် သူ့ရှေ့ရှိလူတိုင်းသည် စီနီယာတန်း၏ ထူးချွန်သော ကျောင်းသားဖြစ်သော်လည်း မည်သူမျှ စကားမပြောရဲကြဘဲ ငြိမ်သက်နေကာ အပ်ကျသံကိုပင် မကြားရပေ။

မတိုင်ခင်က အော်ဟစ် စကားပြောသံတွေက မကျယ်သော်လည်း ဒီလူတွေရဲ့ ခွန်အားက ဝမ်ချောင်နဲ့ အတူတူလောက်ပဲ။ အားနည်းသူတွေက အရေခွံနဲ့ အရိုးနယ်ပယ်ရဲ့ အစောပိုင်းအဆင့်မှာပဲ ရှိသေးသည်။

ဝမ်ချောင်သည်ပင် ပြိုင်ဘက် မဟုတ်။ ဤကဲ့သို့ ဆိုးရွားသော တိုက်ပွဲကို မည်သူ ခံဝံ့မည်နည်း။

ဝုန်း.....

တိတ်ဆိတ်နေချိန်တွင် ရွှေဝိညာဉ်ရေကန်ရှေ့ရှိ တံခါးသည် ဖြည်းညှင်းစွာ ပွင့်လာပြီး ဆရာတစ်ဦး အသွင်အပြင်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထွက်လာသည်။

"ဘာတွေဖြစ်နေကြတာလဲ?"

မြေပြင်ပေါ်မှာ ခွေးသေတစ်ကောင်လို လဲလျောင်းနေတဲ့ ဝမ်ချောင်ကိုတွေ့တော့ ဆရာက မျက်မှောင်ကြုတ်ပြီး မကြာခင်မှာပဲ သူ့မျက်လုံးတွေက လုရွှမ်ကို စိုက်ကြည့်လိုက်သည်။

"ကျန်းဝူအကယ်ဒမီက ကိုယ်ပိုင်လက်တွေ့ စိန်ခေါ်တာကို ခွင့်မပြုဘူးဆိုတာ မင်းမသိဘူးလား"

မကျေမနပ်ဖြစ်နေသော သူ့အသံတွင် အေးစက်သော ညည်းသံတစ်ခု ထွက်ပေါ်လာသည်။

"ဆရာ... ကျွန်တော်တို့ တိုက်ခိုက်နေတာ မဟုတ်ပါဘူး ဒါပေမယ့် ဒီကျောင်းသား ဝမ်ချောင်က ကျွန်တော့်ကို လေ့ကျင့်ရေးနည်း သင်ပေးစေချင်ခဲ့တာ ကံမကောင်းစွာနဲ့ ကျွန်တော့်ရဲ့ အခြေခံကျင့်စဥ်က အရမ်းအားနည်းပြီး ခန္ဓာကိုယ်က အရမ်းအားနည်းတဲ့အတွက် ဒဏ်ရာရသွားခဲ့တယ်!"

လုရွှမ်က ယုံကြည်မှုအပြည့်နဲ့ ပြန်ပြောလိုက်သည်။

"......"

လူတိုင်း မူးဝေသွားကြသည်။

အထူးသဖြင့် စကားမပြောနိုင်တော့ဘဲ မြေပြင်ပေါ်တွင် လဲလျောင်းနေရသော ဝမ်ချောင်သည် မျက်ရည်များဝဲလျက်။

ငါကသာ ခံရတဲ့လူပါ ဟုတ်ပြီလား?.

မင်းလို အောက်တန်းက ကလေးတစ်ယောက်က ငါ့လိုအကြီးတန်း ကျောင်းသားကို ကျင့်ကြံမှုနဲ့ ပတ်သက်ပြီး အကြံဉာဏ် တောင်းချင်တယ်ပေါ့? ငါ့ဦးနှောက်က ဘယ်လောက်ကြီးလို့ မင်းကိုသင်ပြနိုင်မှာလဲလို့...

တစ်ဖက်မှ လန်ရော့ရှင်းမှာလည်း ပါးစပ်လေးဟလျက်။

ကျောင်းဝင်းထဲက လူတော်တော်များများက သူမဟာ မာနကြီးတယ်လို့ ပြောကြပေမယ့် သူ့ရှေ့က ဒီကောင်လေးနဲ့ နှိုင်းယှဥ်လိုက်ရင် သူက ရိုးရိုးရှင်းရှင်း မိန်းကလေးကောင်း တစ်ယောက်သာ ဖြစ်သွားသည်။

စီနီယာကျောင်းသားကို ရိုက်နှက်ဆုံးမပြီး လေ့ကျင့်နည်းကို သင်ပေးတာပါလို့ ယုံကြည်မှုအပြည့်နဲ့ ပြောနေတုန်း။ သူ ဘယ်လောက် အရေထူလိုက်လဲ? ဆရာ့ရှေ့မှာတောင် မရှက်မကြောက်ဘဲ လိမ်ပြောရဲတယ်?

"ကျင့်ကြံရေး နည်းလမ်းအတွက် အကြံဥာဏ်တောင်းတာလား? မင်းရဲ့အဝတ်အစားကို ကြည့်ပြီး မင်းက အောက်တန်းက ဖြစ်မယ် မင်းကသာ အတန်းမြင့်တဲ့ သူ့ကို လမ်းညွှန်နေတာများလား?

လူတိုင်းရဲ့မျက်နှာပေါ်မှာ ထူးဆန်းတဲ့ အမူအရာတွေကို မြင်တော့ ဆရာက တစ်ခုခုမှားနေတာကို သတိထားမိပြီး သံသယစိတ်နဲ့ ကြည့်နေလိုက်သည်။

ကျန်းဝူအကယ်ဒမီ၏ အဝတ်အစားများ အားလုံးကို စည်းမျဉ်းများ အတိုင်း ဝတ်ဆင်ရပြီး အောက်တန်းက ကျောင်းသား ၀တျစုံမြားသညျ အဆင့်မြင့်အတန်းက ကျောင်းသားများနှင့် လုံးဝမတူဘဲ အလွယ်တကူ ခန့်မှန်းနိုင်သည်။

လုရွှမ်က ကြည့်လိုက်တာနဲ့ ငယ်ရွယ်ပုံပေါ်ပြီး သူ့အဝတ်အစားတွေက အောက်တန်းက တပည့်မှန်း သိသာ၏။ အတန်းကြီးတွေက အောက်တန်းတွေကို လေ့ကျင့်နည်း သင်ပေးတယ်လို့ ကြားပေမယ့် ပြောင်းပြန်ဖြစ်နေတာမျိုးတော့ မတွေ့ဖူးချေ။

"အတန်းငယ်တွေက အတန်းမြင့်တွေကို အကြံဉာဏ် မပေးရဘူးလို့ ဘယ်သူပြောလဲ?"

လုရွှမ်က ဆက်၍ "သူတင်မဟုတ်ဘူး... ခင်ဗျားရဲ့ ကျင့်ကြံမှု တစ်ခုခု အဆင်မပြေရင် ကျွန်တော် ခင်ဗျားကို အခမဲ့ အကြံဉာဏ်ပေးလို့ရတယ်!"

သူ့အရင်ဘဝတုန်းကတော့ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံးဖြစ်တဲ့ နတ်ဆိုးကြီး တစ်ကောင်ဖြစ်ပြီး အရူးတစ်ယောက်အနေနဲ့ ကမ္ဘာကို လွှမ်းမိုးသွားခဲ့ဖူးသည်။ စကားတစ်ခွန်းပဲ ညွှန်ပြခံရရင်တောင် ဂိုဏ်းခြောက်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တွေက အလွန်ဝမ်းသာကြလိမ့်မည်။

အခုပြန်မွေးလာတာ အောက်ခြေအဆင့်က သာမန်ကျောင်းသား တစ်ယောက်ပဲ။ ကျန်းဝူအကယ်ဒမီရဲ့ ကျောင်းအုပ်ကြီး သို့မဟုတ် နိုင်ငံတော် ဘုရင်မင်းမြတ်ကိုပင် ညွှန်ပြနိုင်တာ ဆရာတစ်ယောက်ကို ညွှန်ပြဖို့က ပြဿနာမဟုတ်ပါဘူး။

သို့သော် တခြားသူတွေရဲ့ နားထဲမှာတော့ သူ့စကားလုံးတွေက အင်မတန် မောက်မာသွားတာလည်း ဖြစ်နိုင်သေးသည်။

"မောက်မာလိုက်တာ!"

"မသိနားမလည်တဲ့ကောင် သူ့ရှေ့က ဘယ်သူလဲဆိုတာ သူမသိဘူးလား? ဒီလိုစကားကို ပြောရဲတယ်! ဒါက လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ဘုရင့်နိုင်ငံမှာ ကျော်ကြားခဲ့တဲ့ ပါရမီရှင် မုယန်ဖုန်းလေ!"

"မုယန်ဖုန်း? အသက်၁၇နှစ်မှာ ဝူအဆင့်ကိုရောက်ပြီး အသက်၂၀မှာ ဝူအဆင့်၏အဆင့်ငါးဆင့် နေရာကိုရောက်ခဲ့တဲ့သူ.... နိုင်ငံတော် ပြိုင်ပွဲမှာလည်း ပထမနေရာ ရခဲ့တာ မဟုတ်လား?"

"သူ့ရဲ့ အရည်အချင်းအရ ဘယ်သူကများ ပိုမြင့်တဲ့အဆင့်ကို ရောက်နိုင်ဦးမှာလဲ? ဒါပေမယ့် ကံမကောင်းစွာနဲ့ ပါရမီရှင်ကို ကောင်းကင်က မနာလိုဖြစ်တော့ စမ်းသပ်မှုမှာ မတော်တဆ ထိခိုက်ဒဏ်ရာရသွားတယ်လေ... နောက်ပိုင်းမှာ သူ့ရဲ့ကျင့်ကြံမှု တိုးတက်ဖို့ ခက်ခဲသွားတဲ့အတွက် သူပြန်လာခဲ့ရတယ်.... ရွှေဝိညာဉ်ရေကန်ကိုစောင့်ရှောက်ဖို့ အကယ်ဒမီက တာဝန်ပေးခဲ့တာတဲ့ ဝမ်ချောင်ကို အနိုင်ယူနိုင်လိုက်တာနဲ့ သူ့ကို သွားညွှန်ပြမယ်တဲ့လား မောက်မာနေတာ မဟုတ်လို့ ဘာလဲ?"

လုရွှမ်၏ စကားကို ကြားသောအခါ လူတိုင်း ရူးသွပ်သွားကြသည်။

ကောင်လေး၊ မင်းအရမ်း မောက်မာနေပါလား

သူဘယ်သူလဲဆိုတာ မသိရင်တောင်မှ ရွှေဝိညာဉ်ရေကန်ကို ကာကွယ်နေတဲ့ ဆရာဖြစ်ရမယ်ဆိုတာ ခန့်မှန်းမိရမယ်လေ

စကားမှားသွားပြီး လျှာဖြတ်ခံရမှာ မကြောက်ဘူးလား

"အိုး? ငါ့ကိုညွှန်ပြမယ်?"

လူလတ်ပိုင်း ဆရာမုယန်ဖုန်း၏ မျက်နှာသည် မည်းမှောင်နေပြီး မကျေမနပ်ဖြစ်ဖြင့် လက်ဖဝါးကို ဝှေ့ယမ်းကာ

"ကျင့်ကြံသူတွေက ခိုင်မာတဲ့ ယုံကြည်ချက်နှင့် မဆုတ်မနစ်သော ကြိုးစားမှုအပေါ် အားကိုးတယ်! ပါးစပ်စကားနဲ့ မတိုက်ခိုက်ဘူး ရွှေဝိညာဥ်ရေကန်က စကားကြီးစကားကျယ်နဲ့ အသုံးမဝင်တဲ့လူကို မကြိုဆိုဘူး! ငါဒီကကိစ္စတွေကို ဂရုမစိုက်ဘူး၊...တခြားတစ်ယောက်က ကိုင်တွယ်လိမ့်မယ်၊ ထွက်သွား!"

"ဟီးဟီး... အပ်ကြီးနဲ့ အထိုးခံရပြီ"

"ကြည့်လို့ကောင်းတဲ့ ပွဲပဲ!"

"အကြီးအကဲ မုယန်ဖုန်းက မိုက်မဲပြီး ကြွားဝါတဲ့လူတွေကို မုန်းတယ်...သူက မာနကြီးလွန်းလို့ တားမြစ်ချက်တစ်ခုကို ချိုးဖောက်လိုက်တာပဲ..."

"ကိုယ့်သေတွင်း ကိုယ်တူးနေတာလေ... ဝမ်ချောင်ကို ပညာပေးတယ် ဆိုတာက ထားပါတော့ သူက အကြီးအကဲ မုယန်ဖုန်းကိုတောင် ညွှန်ပြချင်နေသေးတယ်....သေဖို့လမ်းရှာနေတာနဲ့ မတူဘူးလား?"

"စကားကြီး စကားကျယ်?" လုရွှမ် အသာခေါင်းခါလိုက်သည်။

အရင်ဘဝတုန်းက အကြံဥာဏ်တွေ ပေးချင်ရင်၊ သူ့ကိုသစ္စာဖောက်ခဲ့တဲ့ ဧကရာဇ်ကျိုးရန်တောင်မှ နာခံမှုရှိရှိ နားထောင်ရလိမ့်မယ်။ ကျန်တဲ့ ဧကရာဇ်လေးပါးကလည်း နာခံမှု အပြည့်နဲ့ တန်းစီနေလိမ့်မယ်။

သူ့ကို မောက်မာနေတယ်လို့ ပြောရဲတယ်ပေါ့? လာနောက်နေတာလား?

"သေးငယ်တဲ့ အဆုတ်ယင်ဖြတ်ခြင်းလေးပဲ...."

လုရွှမ်က သူ့ခေါင်းကို ခါယမ်းကာ လှည့်ထွက်သွားပြီး

"ဒါက စကားကြီး စကားကျယ်လို့ ထင်ရင် ငါ အခုထွက်သွားလို့ရပေမယ့် မင်းရဲ့ အခုဆုံးဖြတ်ချက်ကို နောင်တ မရဘူးဖို့ မျှော်လင့်ပါတယ်!"

"ဟန်ဆောင်နေလိုက်တာ!"

"ဟန်ဆောင်ရုံတင်သမကဘူး အကြီးအကဲ မုယန်ဖုန်းကိုတောင် စော်ကားနေသေးတယ်... အကြီးအကဲက ဘယ်သူလဲ? လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က နာမည်ကြီးခဲ့တဲ့ ပါရမီရှင်တစ်ယောက်အနေနဲ့ နောင်တရမှာလား?"

"အကြီးအကဲ မုယန်ဖုန်းကို စိတ်ဆိုးအောင် လုပ်နေတာပဲ"

တခြားသူတွေလည်း ပြိုလဲလုမတတ် ဖြစ်သွားသည်။

မောက်မာသူတွေကို တွေ့ဖူးပေမယ့် ဒီလောက်မောက်မာနေတာတော့ မတွေ့ဖူးဘူး။ အစ်ကိုကြီးရေ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ။ အဆင့်နိမ့် ကျောင်းသားဖြစ်ပြီးတော့ ဟန်ဆောင်နေသေးတာလား?

အကြီးအကဲ မုယန်ဖုန်းက မင်းဆီက ညွှန်ပြတာကို ခံယူမတဲ့လား? အိပ်မက်မက်နေလိုက်!

လူတိုင်းက ဒီလိုမျိုး တွေးပြီး ကောင်လေးရဲ့ ပြက်လုံးတွေကို ကြည့်တော့မယ့် အချိန်မှာပဲ သူတို့အားလုံး ရုတ်တရက် အေးခဲသွားပြီး အသီးသီး တုန်လှုပ် ခြောက်ခြားသွားသလိုမျိုး ရှိနေတဲ့ နေရာမှာပဲ တောင့်တင်းသွားကြသည်။

သူတို့မျက်လုံးထဲ ပါရမီရှင် ဆရာကြီး မုယန်ဖုန်းက လုရွှမ်ရှေ့ကိုသွား၍ ခြေလှမ်းနှစ်လှမ်းနဲ့ အမြန်ပိတ်ဆို့လိုက်သည် ။

"ကျေးဇူးပြုပြီး...နေပါဦး!"

All Chapters