← Chapters

နည်းလမ်းနှစ်ခု

Vol. 3 Ch. 32

နည်းလမ်းနှစ်ခု

Vol. 3 Ch. 32

"အာ?"

"ငါ ငါ ငါ ငါ...."

"အကြီးအကဲ မုယန်ဖုန်းက အလျှော့ပေးလိုက်တာလား?"

"နာလိုက်တာ!... အိပ်မက် မဟုတ်ဘူးဟ!"

လူများစွာသည် သူတို့ကိုယ်သူတို့ အိပ်မက် မက်နေမည်ကို စိုးရိမ်သဖြင့် လျင်မြန်စွာကိုယ့်ပါးကို ရိုက်ကြသည်။

တစ်ဖက်သား၏ မောက်မာမှုကို ရယ်မောခဲ့ပြီးနောက် မုယန်ဖုန်းသည် ရှေ့သို့လှမ်းကာ ရိုးသားစွာ တောင်းပန်ခဲ့သည်။

တစ်ဖက်မှာတော့ ပြောလို့မပြီးသေးခင် ဝမ်ချောင်လည်း မြေပြင်အပေါ် အလှံခဲ့ရသလို အကြီးအကဲ မုယန်ဖုန်းကလည်း ရုတ်တရက် ပြောင်းလဲသွားတာကြောင့် လူတိုင်း ဆွံ့အနေကြတော့သည်။

အစ်ကိုရေ....မင်းငါတို့မျက်နှာကို ဖြတ်ရိုက်ဖို့ အထူးတလည်များ ရောက်လာခဲ့သလား?

ပြီးတော့ ဘယ်ပြန်ညာပြန် ရိုက်လိုက်တာကလည်း အရမ်း သက်တောင့်သက်သာ ဖြစ်နေသလိုပဲ....

"မင်း အခုပြောခဲ့တဲ့ 'အဆုတ်ယင်ဖြတ်ခြင်း' အကြောင်းက ဘယ်သူ့ဆီက သိတာလဲ မေးလို့ရမလား" မုယန်ဖုန်းက သူ့ရှေ့က လူငယ်ကို စိုက်ကြည့်ကာ မေးလိုက်သည်။

တခြားသူတွေ ပြောသလိုပဲ။ သူဟာ တစ်ချိန်တုန်းက ကျန်းဝူအင်ပါယာ တစ်ခုလုံးမှာ ထင်ရှားကျော်ကြားတဲ့ ပါရမီရှင်တစ်ဦး ဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့် မာနကြီးတဲ့စိတ်တွေကို မွေးမြူခဲ့ပေမယ့် လက်တွေ့မှာတော့ သူ့ကို ပြင်းပြင်းထန်ထန် ရိုက်ချခံခဲ့ရတယ်။

စမ်းသပ်မှုတစ်ခုမှာ သူဒဏ်ရာရခဲ့ပြီး သူ့ခန္ဓာကိုယ်ဟာ ပျက်စီးသွားခဲ့လို့ နောက်အဆင့်တွေ ထပ်တက်ဖို့ နည်းလမ်းမရှိခဲ့ဘူး။

အဲဒီအချိန်တုန်းက သူသည် မရေမတွက်နိုင်သော နာမည်ကြီး သမားတော်များနှင့် အဂ္ဂိရတ်ဆရာများကို ကူညီစစ်ဆေးပေးရန် တောင်းဆိုသော်လည်း အကြောင်းရင်းကိုတောင် ရှာမတွေ့ခဲ့ပေ။

နောက်ဆုံးတော့ အဆင့်၇ ဆရာနဲ့တွေ့ပြီး ကံကောင်းစွာနဲ့ သူက တစ်ချက်ကြည့်ပြီးတော့ "အဆုတ်ယင်ဖြတ်ခြင်း" လို့ ပြောလာ၏။

ယင်ချီဓာတ်ဟာ အဆုတ်ကို နာကျင်စေတာကြောင့် ဖြစ်ပြီး ခန္ဓာကိုယ်နဲ့ ပေါင်းစပ်ထားလို့ ဖယ်ရှားလို့မရသလို ပျောက်ကင်းအောင် မကုသနိုင်ပေ။

အဂ္ဂိရတ်ဆရာတောင်မှ သူ့ကို မကုသနိုင်ဘဲ စိတ်ဓာတ်ကျစေတဲ့အတွက် ရွှေဝိညာဥ်ရေကန်ကို စောင့်ရှောက်ဖို့ သူ့မိခင်ကျောင်းတော်ကို ပြန်လာခဲ့သည်။

ဒီအကြောင်းတွေကို တခြားဘယ်သူ့ကိုမှ မပြောခဲ့ဖူးပါဘူး။ ဒဏ်ရာရတယ် ဆိုတာကိုသာ အကယ်ဒမီ တစ်ခုလုံးက သိပေမယ့် ဘယ်လိုဒဏ်ရာမျိုးနဲ့ ဘာအကြောင်းကြောင့်လဲဆိုတာ မသိကြဘူး။

ထို့အတွက်ကြောင့် လုရွှမ်က "အဆုတ်ယင်ဖြတ်သွားပြီ" ဟုပြောသောအခါ သူသည် အေးစက်သော ချွေးများဖြင့် တုန်လှုပ်သွားခဲ့သည်။

သူ့ရှေ့က လူငယ်လေးဟာ သူ့ရောဂါကို ကုစားနိုင်မယ်လို့ မထင်ထားပေမယ့် သူ့ရောဂါလက္ခဏာတွေရဲ့ အကြောင်းရင်းကို တစ်ယောက်ယောက်က ပြောပြတာကို ကြားဖူးမှာပဲ။

"အဆုတ်မှာ အပေါက်သေးသေးလေးတွေ ဖြစ်နေတာလေ သူများပြောစရာ လိုသေးလို့လား? ကြည့်လိုက်တာနဲ သိတယ်! ခင်ဗျား အသက်ရှူပုံက အသက်ရှူကြပ်နေတာ ခင်ဗျားမျက်နှာက ဖြူဖျော့ပြီး မျက်ခုံးအလယ်က မည်းနေတယ်။ ခင်ဗျားခန္ဓာကိုယ်ထဲမှာ ယင်စွမ်းအင်တွေ ရှိနေတယ်ဆိုတာ ထင်ရှားပါတယ်...ကျင့်ကြံမှု မတိုးတက်လာတာကို ခဏလောက် စဉ်းစားကြည့်ရအောင် ခင်ဗျား မတိုးတက်တာက အဆုတ်သွေးကြောကို ဒဏ်ရာရထားလို့ပဲ သဘာဝကျကျ မဖြေရှင်းနိုင်ဘူးပေါ့!"

လုရွှမ် ပေါ့ပေါ့ပါးပါးနဲ့ ပြောလိုက်သည်။

သူပြောတာက ရိုးရိုးရှင်းရှင်းပါပဲ။ တစ်ချက်ကြည့်လိုက်ရုံနဲ့ ပြဿနာရဲ့ အဓိကအချက်ကို ရှာတွေ့ဖို့က အလွန်မြင့်မားတဲ့ မျက်လုံးတွေနဲ့ ဆေးဝါးဗေဒနဲ့ လူ့ခန္ဓာကိုယ်ကို နက်နက်နဲနဲ နားလည်ဖို့ လိုအပ်သည်။

ဒါကိုဖြေရှင်းဖို့ကတော့ အဆင့်၇ အဂ္ဂိရတ်ပညာရှင် မပြောနှင့် အဆင့်၈ အဆင့်၉ အဂ္ဂိရတ်ပညာရှင်တွေတောင် မလုပ်နိုင်ကြပေ။

"ဟုတ်ပါတယ်..... "

မုယန်ဖုန်းသည် ရှက်ရွံ့သွားပြီး သူ့လက်သီးများကို အလိုအလျောက် ဆုပ်ထားကိုင်ကာ စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် တုန်ယင်သွားသည်။

ဤစကားများကို သူကြားသိရသည်မှာ အစတွင် သူ့ကို ရောဂါရှာဖွေပေးသော အဆင့်၇ ဆရာကြီးဖြစ်သည်။ လုရွှမ် ပြောသည့် စကားလုံးများနဲ့ အတိအကျနီးပါး အတူတူပင်။

လူငယ်လေးရဲ့ ယုံကြည်မှုရှိတဲ့ မျက်လုံးတွေနဲ့ ဆုံးဖြတ်ချက်ချတဲ့ အပြုအမူကို မြင်လိုက်ရတော့ အကြောင်းတစ်ခုခုကြောင့် သူ့အပေါ် ယုံကြည်မှု တစ်မျိုးတိုးလာသလို ရုတ်တရက် ခံစားလိုက်ရသည်။

တစ်ဖက်လူက သူ့ရောဂါကို ကုသပေးနိုင်မလား မသိ။

"ကုသလို့....ရနိုင်မလား မသိဘူး?"

မနေနိုင်တော့ဘဲ မေးလိုက်သည်။ သူမေးလိုက်သောအခါတွင် သူ့အသံသည် အနည်းငယ် တုန်ယင်နေမှုကို သယ်ဆောင်ထား၏။

ဒီ "အဆုတ်ယင်ဖြတ်ခြင်း" က သူ့ကို ဆယ်နှစ်ကျော် နှောက်ယှက်ခဲ့ပြီး ကျင့်ကြံမှု အဆင့်တွေ တိုးလာဖို့ လမ်းပျောက်စေခဲ့သည်။ သူ့စိတ်တွေ ဘယ်လောက်ပဲ သန်မာနေပါစေ အချိုးအကွေ့တစ်ခု ဖြစ်လာနိုင်တယ်ဆိုတာ သိရက်နဲ့ မထိန်းချုပ်ထားနိုင်ခဲ့။

ကံကောင်းထောက်မစွာနဲ့ အခြားကျောင်းသားများ ဒီသတင်းကို မကြားခဲ့ပေ။ မဟုတ်ရင် သေတဲ့အထိ ကြောက်လန့်သွားကြလိမ့်မယ်။

"ရတယ်!"

လုရွှမ်က ခေါင်းညိတ်ပြီး "နည်းလမ်းနှစ်ခုရှိတယ်!"

"နှစ်ခုလား?" မုယန်ဖုန်း လန့်သွားသည်။

အရင်က အဆင့်၇ဆရာက မကုသနိုင်တော့ဘူးလို့ ပြောခဲ့သည်။ သူလည်း 'မကုသနိုင်ဘူး'ဆိုတဲ့ စကားအတိုင်း ကောင်းကောင်း ပြင်ဆင်ထားခဲ့၏။

လူတစ်ယောက်က 'နည်းလမ်းနှစ်ခု' ရှိတယ်လို့ ပြောလာမယ်လို့ ဘယ်သူက ထင်မှာလဲ?

"အင်း ပထမတစ်ခုက အဆင့်၈ ယန်မီးသားရဲဆေးလုံးကို ရှာရမှာ....ခင်ဗျားရဲ့ ခန္ဓာကိုယ်ပေါ်မှာ နေ့တိုင်းသယ်ထားပြီး အဲဒီယန်မီးရဲ့ စွမ်းအားကို စုပ်ယူပြီး ယင်ဓာတ်တွေကို ဖယ်ရှားပေးရမယ်.... အဆိပ်ကို တစ်နှစ်ခွဲလောက်အတွင်း အပြီးတိုင် ရှင်းပစ်နိုင်တယ်!"

လုရွှမ်က ရှင်းပြလေသည်။

"အဆင့်၈ ယင်မီးသားရဲ ဆေးလုံး?"

ဖုယန်ဖုန်း၏ စိတ်လှုပ်ရှားနေသော မျက်နှာသည် မှေးမှိန်သွားလေ၏။

အဆင့်၈ ယန်မီးသားရဲဆိုတာ ဝူအဆင့်၈၏ ခွန်အားနှင့် နှိုင်းယှဥ်လို့ရသော်လည်း ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်နှင့် ခိုင်မာသော ခုခံအားကိုကြောင့် ဆေးရဖို့ မလွယ်လှ။

ဤကဲ့သို့သော ခွန်အားဖြင့် ကျန်းဝူအင်ပါယာ၏ နံပါတ်တစ်ကျွမ်းကျင်သူ ဘုရင်ကြီးလော့လင်ပင်လျှင် ၎င်း၏ ပြိုင်ဘက်မဟုတ်နိုင်။

ဘုရင်လော့လင်သည် အဆင့်၇ ကိုယ်ခံပညာရှင်အဆင့်ကို ပြီးမြောက်အောင် စွမ်းဆောင်နိုင်သော သန်မာသူတစ်ဦးသာဖြစ်ပြီး ဆရာကြီးအဆင့်ကို ရောက်ဖို့ အလှမ်းဝေးနေသေးသည်။

ယခုသူသည် ဝူအဆင့်၄၏ ပြီးပြည့်စုံမှုအဆင့်သာ ရှိပြီး ဆရာကြီးအဆင့်မှာ ရှိတဲ့ ယင်မီးသာရဲကို သတ်နိုင်ဖို့ မိုင်တစ်ရာ ရှစ်ထောင်ထက်မနည်း ဝေးကွာသည်။ ၎င်း၏ သားရဲသွေးဆေးသည် ရောဂါကို ကုသပေးနိုင်ကြောင်း သိနေသော်လည်း မလုပ်နိုင်သေးဘူးပေ။

ထို့ကြောင့် ဤနည်းလမ်းသည် ဘာမှသုံးမရပေ။

"ဒုတိယတစ်မျိုးကရော ဘယ်လိုလဲ?"

တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ထုတ်မေးလိုက်သည်။

"ဒုတိယနည်းလမ်းက ခင်ဗျားအတွက် သန့်စင်တဲ့ ယန်စွမ်းအင် ရှိတဲ့သူကို ရှာရမယ်...ခင်ဗျားရဲ့ သွေးကြောတွေကို ကူညီပြီး အာဟာရဖြည့်ပေးခိုင်းရမယ် အချိန်အတော် ကြာပြီးရင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်လိမ့်မယ်။ အဲဒီအချိန်မှာ ခန္ဓာကိုယ်ကို ပေါ့ပေါ့ပါးပါး ထားရမယ် ဒါပေမဲ့ တစ်ချက်မှားလိုက်တာနဲ့ တစ်ဖက်လူက ခင်ဗျားကို အလွယ်တကူ သတ်ပစ်နိုင်တယ်....ယင်အဆိပ်က ကြောက်ဖို့ကောင်းတယ် ထိန်းချုပ်မှုမရှိရင် နှစ်ဖက်စလုံးအတွက် ထိခိုက်နိုင်တယ်... ကျွန်တော် ခင်ဗျားကို မကုပေးနိုင်ဘူး အဲဒါက ကျွန်တော့်ကို ထိခိုက်စေနိုင်သလို ကျွန်တော့်ရဲ့ ကျင့်ကြံမှုလည်း ကျဆင်းသွားနိုင်တယ်!"

လုရွှမ်က ရှင်းပြလေ၏။

"သန့်စင်တဲ့ ယန်စွမ်းအင်လား? ကြည့်ရတာ နည်းလမ်းသိလည်း.... အကူအညီ မဖြစ်ဘူးပဲ..."

မုယန်ဖုန်းက ခေါင်းခါပြီး ကူကယ်ရာမဲ့ ပြုံးလိုက်သည်။

ကိုယ်ခံပညာစွမ်းအင်က အမျိုးအစား များစွာရှိပါသည်။ ယင်၊ ယန်၊ သတ္တု၊ သစ်သား၊ ရေ၊ မီးနဲ့ မြေကြီးတို့ဖြစ်၏။ စွမ်းအင် တစ်မျိုးမျိုးကို မိမိအရည်အချင်းနှင့် သက်ဆိုင်ပြီး လေ့ကျင့်ပြီးသည်နှင့် ပြောင်းလဲ၍မရပေ။

သန့်စင်သော ယန်စွမ်းအင်။ ပြင်းထန်သော ယန်မီး သတိမထားမိရင် အသက်ရှင်လျက် လောင်ကျွမ်းသွားနိုင်သည်။ ဒီလောက် လေ့ကျင့်ရခက်တဲ့ လူကို ကျန်းဝူအင်ပါယာ တစ်ခုလုံးမှာ ဘယ်သူမှ ရှာမတွေ့နိုင်ဘူး။

သူ့ရဲ့ လက်ရှိ ကြံ့ခိုင်မှု အနေအထားနဲ့ ဘယ်မှာ ရှာတွေ့နိုင်မှာလဲ? ရှာတွေ့နိုင်ရင်တောင်မှ သူ့ကို ကုသပေးဖို့ ဘယ်သူက စွန့်စားချင်မှာလဲ?

ကြည့်ရတာ နည်းလမ်းသိထားလည်း နောက်ဆုံးထိ အလုပ်မဖြစ်တော့ပုံပဲ။

"ကောင်းပြီ... ရွှေဝိညာဉ်ရေကန် မြေအောက်နန်းတော်ဖွင့်ပြီးပြီ...အားလုံးဝင်ကြရအောင်...မင်းတို့ဝင်ပြီးရင် ခန္ဓာကိုယ်မှာ ရွှေရောင်ချည်ကြိုးတစ်ခု ရှိမယ်။ ကြိုး မီးလောင်သွားရင် မင်းအပြင်ကို ထွက်လာရမယ် မဟုတ်ရင် ပြင်းထန်တဲ့ သတ္တုဓာတ်က ထွက်လာပြီး မင်းကို သတ္တုထဲကို ဆွဲနှစ်ပစ်လိမ့်မယ်!မှတ်ထားကြပါ!"

ကုသဆေး မရှိရဘူးဆိုတာ သိလိုက်ရတော့ မုယန်ဖုန်း အနည်းငယ်စိတ်ပျက်သွားပြီး လူအုပ်ကိုကြည့်ကာ လက်ကိုဝှေ့ယမ်းလိုက်သည်။

ရွှေဝိညာဉ်ရေကန်သည် ကောင်းကင်နှင့်မြေကြီးတို့၏ သတ္တုပစ္စည်းများဖြင့် ဖွဲ့စည်းထားသည်။၎င်းသည် အရေခွံနှင့်အရိုးနယ်ပယ်ရှိ သန်မာသူများ၏ ခန္ဓာကိုယ်ကို သိမ်မွေ့စေသည့် အံ့ဖွယ်အကျိုးသက်ရောက်မှုရှိပြီး တစ်ချိန်တည်းမှာပင် ၎င်းသည် အလွန်အန္တရာယ် များပြန်၏။

လူကို သတ္တုအဖြစ် ခိုင်မာသွားစေပြီး တိုက်ရိုက်သေဆုံးသွားရန် လွယ်ကူသည်။ တစ်ခုတည်းသော နည်းလမ်းမှာ ရွှေဝိညာဉ် ရွှေချည်ကြိုးဖြစ်သည်။

ရွှေဝိညာဉ်ရေကန်သို့ လာရောက်သူများသည် မိမိတို့၏ ကိုယ်ပေါ်တွင် ရွှေချည်မျှင်ကို ထားရန် လိုအပ်ပြီး ရွှေချည်မျှင်သည် တည်ငြိမ်သော လေ့ကျင့်မှုတစ်ခုအဖြစ် တည်ရှိနေမည်ဖြစ်သည်။

သို့သော် ရွှေချည်မျှင် မလောင်ကျွမ်းမီ ထွက်လာရမည်။ မဟုတ်လျှင် ကြမ်းတမ်းသော သတ္တုတန်ခိုးနှင့် တွေ့ကြုံရလိမ့်မည်။ အရေခွံနှင့် အရိုးနယ်ပယ်က ကျင့်ကြံသူတွေ မပြောနှင့် သန်မာသော သခင်များပင်လျှင် မခံနိုင်ဘဲ ကြေးရုပ်လူသားများအဖြစ်သို့ အသက်ရှင်လျက် သွန်းလောင်းကြလိမ့်မည်။

ထို့အတွက်ကြောင့် လုရွှမ်သည် ချန်ဖုန်းထံမှရရှိသော ရွှေရောင်ဝိညာဉ် ရွှေချည်ကြိုးကလည်း အရေးကြီးလေသည်။

"ဟုတ်"

ဒါကိုကြားတော့ တခြားသူတွေက တုံ့ဆိုင်းမနေဘဲ ရွှေဝိညာဥ်ရေကန်ဆီကို အမြန်ပြေးသွားကြသည်။

လုရွှမ်သည် လူအုပ်နောက်ကို လိုက်ကာ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ရုတ်တရက် ရပ်လိုက်ပြီး

"သန့်စင်တဲ့ ယန်စွမ်းအင်... အဲဒါကို ကျွန်တော် လေ့ကျင့်နေတာ!"

"ဘာ!"

ဒါကိုကြားတော့ မုယန်ဖုန်း တစ်ကိုယ်လုံး အေးခဲသွားတော့သည်။

All Chapters