ဆင်သံချပ်ရွှေကိုယ်ထည်
Vol. 3 Ch. 33
တစ်သက်လုံး လူဖြစ်ခဲ့ဖူးသော နတ်ဆိုးဟောင်းတစ်ဦးအနေနှင့် ဧကရာဇ်ကျိုးရန်၏ သစ္စာဖောက်မှုကို တွေ့ကြုံခံစားခဲ့ရသော လုရွှမ်သည် ကြင်နာတတ်သူ မဟုတ်ပေ။ အခက်အခဲများ တွေ့သောအခါတွင်သာ သူသည် အခြားသူများကို ကူညီလိမ့်မည်။
သူ့ရှေ့က မုယန်ဖုန်းက သူနဲ့ဘာမှမဆိုင်ဘူး။ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကြောင့် သေလူလိုပဲ ဖြစ်နေပြီ။ သူ့ကိုဂရုစိုက်နေစရာ လိုလို့လား?
ယခုလို ပြောဆိုရခြင်း အကြောင်းရင်းမှာ ရွှေဝိညာဥ်ရေကန်သည် ကျင့်ကြံမှုအတွက် ကြီးမားသော အကူအညီဖြစ်သည်။ မုယန်ဖုန်းကတော့ ရွှေဝိညာဥ်ရေကန်၏ စောင့်ရှောက်သူဖြစ်ပြီး သူနှင့်ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ခြင်းဖြင့် လေ့ကျင့်ရေး အရင်းအမြစ်များအတွက် အချိန်များစွာကို သက်သာစေနိုင်သည်။
အခု သူအလိုအပ်ဆုံး အရာက အချိန်ပါပဲ။
မဟုတ်ပါက ချန်ဖုန်းနှင့် တိုက်ခိုက်ခြင်း ကဲ့သို့သော ငြီးငွေ့ဖွယ်ကောင်းတဲ့ အရာကို သူသဘောတူခဲ့မည် မဟုတ်ပေ။
"မင်းက သန့်စင်တဲ့ ယန်စွမ်းအင်ကို လေ့ကျင့်နေတာ?" မုယန်ဖုန်း၏ နှုတ်ခမ်းများ ချောက်ကပ်သွားသည်။
"အင်း... အဆုတ်ယင်ဖြတ်သန်းခြင်းကို ကျွန်တော် ကုနိုင်တယ်လို့ပြောရင် ကုနိုင်လို့ပဲ! ဒါပေမဲ့ အခုကျင့်ကြံမှုအဆင့်က မလုံလောက်သေးဘူး... ရွှေဝိညာဉ်ရေကန်နဲ့ နောက်ထပ် ရွှေဝိညာဉ် ရွှေချည်ကြိုးတွေ လိုအပ်နေသေးတယ်"
လုရွှမ်က "ကျင့်ကြံလို့ပြီးတာနဲ့ ယင်အဆိပ်ဖယ်ရှားဖို့ ခင်ဗျားကို ကူညီပေးနိုင်တယ်"
အသက်ရှင်ခြင်းနှင့် သေခြင်းတရားကို တွေ့ကြုံပြီးနောက် ကတိအားလုံးသည် အတုအယောင်သာ ဖြစ်ကြောင်း သူသိပြီး သူယုံကြည်နိုင်သည့် တစ်ခုတည်းသော အရာမှာ အပေးအယူဖြစ်သည်။
ကုသချင်သရွေ့ သူ့အခြေအနေနဲ့သူ သဘောတူလိမ့်မည်။
"ကောင်းပြီ!" ခဏတုံ့ဆိုင်းပြီးနောက် မုယန်ဖုန်းမှ ခေါင်းညိတ်လိုက်သည်။
အနည်းငယ် ပဟေဠိဖြစ်နေသော်လည်း ဒါက တစ်ခုတည်းသော အခွင့်အရေးဖြစ်တာကို သူသိသည်။ လွတ်သွားပါက သူ့တစ်သက်လုံး အိမ်စောင့်အဖြစ် ဤနေရာတွင် ထာဝစဉ်နေရမည် ဖြစ်သည်။
"ရွှေချည်မျှင်ကို မင်းကိုပေးလို့ရတယ်.... မင်းလိုချင်သလောက်တော့ ငါ့မှာရှိတယ် ဒါပေမယ့်... ရွှေဝိညာဉ်ရေကန်ရဲ့ သတ္တုဓာတ်ကို ရွှေချည်ကြိုးကို ကာကွယ်ထားပေမယ့် ရွှေဝိညာဉ်ရေကန်ရဲ့ ပြင်းထန်တဲ့စွမ်းအားက မင်းအတွက် အန္တရာယ်ရှိနေတုန်းပဲ။ အရေပြားနဲ့ အရိုးနယ်ပယ် အဆင့်ကို မရောက်သေးရင် သာမန်အတိုင်း ရွှေချည်တစ်ဝက်ကိုပဲ ကန့်သတ်ချက်အဖြစ် ရမယ်... ကျန်းဝူအကယ်ဒမီရဲ့ အမြင့်ဆုံးစံချိန်က ၁၀ပုံ၇ပုံပဲ ရှိမယ်....အဲဒါထက် ကျော်သွားရင် ခန္ဓာကိုယ်အတွက် ဘာကောင်းကျိုးမှ ရလာမှာ မဟုတ်ဘူး"
မုယန်ဖုန်းက ရှင်းပြလေသည်။
"ကျုပ်သိပြီ..."
လုရွှမ် ဒီအကြောင်းကို သိပေမယ့် သူ့ရဲ့ကျင့်ကြံနည်းက သာမာန်လူတွေနဲ့ မတူဘူးလေ။
"ဒါတွေအတွက် စိတ်ပူစရာ မလိုပါဘူး... လုံလောက်တဲ့ ရွှေဝိညာဉ်နဲ့ ရွှေချည်မျှင်ကို ပေးပါ!"
"ကောင်းပြီ!"
သူ့ဆုံးဖြတ်ချက်ကို ကြည့်ပြီး မုယန်ဖုန်းက ဆက်မပြောတော့ပေ။
တစ်ဖက်သား စကားအတိုင်း လုရွှမ်သည် သူ့ရှေ့ရှိ မြေအောက်နန်းတော်ဆီသို့ တည့်တည့်လျှောက်သွားကာ ခဏအကြာတွင် ရွှေဝိညာဉ်ရေကန်ဆီသို့ ရောက်လာခဲ့သည်။
ကျန်းဝူအကယ်ဒမီ၏ ရွှေဝိညာဥ်ရေကန်သည် ကြီးမားသည် မဟုတ်ဘဲ မီတာဆယ်ဂဏန်းမျှသာကျယ်သည်။
လန်ရော့ရှင်းလည်း သူတို့အထဲမှာ ပါ၀င်သည်။ သူမမှာ မူလအမှတ် နယ်မြေရဲ့ ခွန်အားတစ်ခုမှာသာ ရှိသေးသည်။ သူမကို ရွှေရောင်ဝိညာဉ်နဲ့ ရွှေချည်မျှင်တွေက အကာအကွယ် ပေးထားပေမယ့် သူမရဲ့ဦးခေါင်းဟာ အေးစက်တဲ့ ချွေးတွေနဲ့ ဖုံးလွှမ်းနေဆဲဖြစ်ပြီး သူမရဲ့နူးညံ့တဲ့ခန္ဓာကိုယ်က တုန်ယင်နေ၏။
ကြည့်ရတာ ကြာကြာတောင့်ခံနိုင်မည့်ပုံ မပေါ်ပေ။ ကျင့်ကြံသူများကို လျစ်လျူရှုပြီး လုရွှမ်သည် ရေကန်ထဲသို့ ဆင်းသွားသည်။
သူဝင်လိုက်သည်နှင့် တပြိုင်နက် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ခွဲထုတ်ပစ်ချင်သော အင်အားက မူလအမှတ်တစ်လျှောက် ပြင်းထန်စူးရှသော နာကျင်မှုကို ချက်ချင်း ခံစားလိုက်ရသည်။
သတ္တု၏ အဓိက တိုက်ခိုက်မှုဖြစ်တဲ့ အားနည်းသော သွေးကြောများ အတွင်းသို့ ဝင်ရောက်လာသည်နှင့် တပြိုင်နက် ဒဏ်ရာများ ရရှိမည်ဖြစ်သည်။ ထို့ကြောင့် အောက်တန်းမှ ရွှေတံဆိပ်ရသည့် ကျင့်ကြံမှုကောင်းသူများသာ ဝင်ရောက်နိုင်ခြင်း ဖြစ်၏။
"ဆင်သံချပ်ကာဂိုဏ်းရဲ့ ထိပ်တန်းခံစစ် သိုင်းစွမ်းရည် [ဆင်သံချပ်ရွှေကိုယ်ထည်]က ပထမဝူအဆင့် နယ်ပယ်တွေအတွက် အကောင်းဆုံး လေ့ကျင့်မှုပဲ။ အခု အရင်ဘဝက ကာလကြာရှည် လေ့ကျင့်ချင်ခဲ့တဲ့ ဒီထူးခြားတဲ့ စွမ်းရည်တွေကို အခုစမ်းကြည့်ရမယ်... "
ရေကန်ထဲမှာ တင်ပျဉ်ခွေထိုင်နေတဲ့ လုရွှမ်ရဲ့ မျက်လုံးတွေက စိတ်လှုပ်ရှားမှုတွေနဲ့ တောက်ပနေသည်။
ဂိုဏ်းခြောက်ခုအနက် ရွှမ်ချင်ဂိုဏ်းသည် ကမ္ဘာပေါ်တွင် နံပါတ်တစ်ဖြစ်သည်။ သို့သော် ခန္ဓာကိုယ်ကို ပထမဦးစွာ ကာကွယ်ရန်ဖို့က ဆင်သံချပ်ဂိုဏ်း၏ ဆင်သံချပ် ရွှေကိုယ်ထည်မှလွဲ၍ အခြားမရှိပေ။
အစပိုင်းမှာတော့ ဆင်သံချပ်ကာဂိုဏ်းရဲ့ လျှို့ဝှက်စာကြည့်တိုက်မှာ အထွတ်အထိပ်ဆုံး ကျွမ်းကျင်မှုအဖြစ် [ဆင်သံချပ်ရွှေထည်] ကို တိတ်တဆိတ် လေ့လာခဲ့သည်။
ရွှေကိုယ်ထည်က ဘယ်သူမှ အလွယ်တကူ မထိုးဖောက်နိုင်မယ့် အကာအကွယ် တစ်ခုပဲ။
ဤသိုင်းပညာကို ဝူပထမအဆင့် နယ်ပယ်မှာ လေ့ကျင့်ထားဖို့ လိုအပ်ပြီး အချိန်နှောင်းသွားရင် ခန္ဓာကိုယ်ထဲက တခြားစွမ်းအင်တွေနဲ့ ကွဲလွဲသွားနိုင်တာကြောင့် နောက်ပိုင်း လေ့ကျင့်ချင်တယ် ဆိုရင်တောင် မဖြစ်နိုင်တော့ပေ။
အရင်ဘဝ ထိုသိုင်းပညာကို ရှာတွေ့ခဲ့တုန်းကတော့ ကမ္ဘာပေါ်မှာ ထိပ်တန်းရောက်လုနီးပါး ဖြစ်နေပြီမို့ သဘာဝအတိုင်း မလေ့ကျင့်နိုင်ခဲ့ဘဲ နှမြောစရာကြီး ဖြစ်သွားခဲ့သည်။
ဧကရာဇ်ကျိုးရန်၏ တိုက်ခိုက်ခံရခြင်း မတိုင်ခင်ကသာ လေ့ကျင့်နိုင်ခဲ့လျှင်ပင် သူ့ကို သတ်ရန် လွယ်ကူမည်မဟုတ်ပေ။
ယခု သူသည် ပြန်လည်မွေးဖွားပြီး ပထမဝူအဆင့် ဖြစ်လာသည်နှင့်အမျှ အခွင့်အရေးကို လက်လွှတ်မခံသင့်ပေ။ ဤအချက်ကို ချန်ဖုန်းနှင့် ယှဉ်ပြိုင်ခြင်း မပြုမီက စဉ်းစားထားခဲ့တာ ဖြစ်သည်။
ရွှေဝိညာဉ်ရေကန် အကူအညီမပါဘဲ ဆင်သံချပ်ရွှေကိုယ်ထည်ကို လေ့ကျင့်နိုင်သော်လည်း တိုးတက်မှုမှာ များစွာနှေးကွေးနိုင်သည်။ ဤသတ္တု ရေကန်မျိုး၏ အကူအညီဖြင့် လေ့ကျင့်မှုအရှိန်ကို မြှင့်တင်နိုင်ပါသည်။
"ခန္ဓာကိုယ်ကို မီးဖိုအဖြစ်ယူ....ခန္ဓာကိုယ်ကို ရတနာအဖြစ်သုံး.... ရွှေကို အရည်ကျိုပြီး အချင်းချင်း ပေါင်းစည်းစေ....."
ယခင်ဘဝက အလွတ်ကျက်ခဲ့သော နည်းလမ်းများသည် သူ့စိတ်ထဲတွင် ကခုန်နေကာ ငြိမ်သက်စွာ ကျင့်ကြံနေသည်။
ဝှစ်......ဝှစ်....
သူ၏ တိတ်ဆိတ် ငြိမ်သက်မှုနှင့်အတူ ရေကန်အတွင်းရှိ မရေမတွက်နိုင်သော သတ္တုစွမ်းအင်များက သူ့ခန္ဓာကိုယ် မျက်နှာပြင် တစ်လျှောက်သို့ ဝင်ရောက်လာပြီး သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို အဆက်မပြတ် ပြောင်းလဲလာစေသည်။
"အမ်း? ရွှေဝိညာဉ် ရွှေချည်ကြိုးက လောင်ကျွမ်းတာ အရမ်းမြန်တာပဲ.... ဆိုလိုတာက သူက သတ္တုသဘာဝကို မြန်မြန်ဆန်ဆန် စုပ်ယူလိုက်တာပေါ့ အရေခွံနဲ့ အရိုးအဆင့်ကိုတောင် မရောက်ဖူးတဲ့သူက ဒီလို သတ္တုစွမ်းအင်ကို ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ?"
နောက်မှလိုက်လာသော မုယန်ဖုန်းသည် ရေကန်ထဲသို့မ၀င်ဘဲ အဝေးတွင်ရပ်နေ၏။ လုရွှမ်၏ အသွင်အပြင်ကို မြင်လိုက်ရသဖြင့် မအံ့သြဘဒ မနေနိုင်တော့ပေ။
ရွှေဝိညာဉ်ချည်ရဲ့ လောင်ကျွမ်းတဲ့ အရှိန်နဲ့ သတ္တုစွမ်းအင်ကို စုပ်ယူနိုင်တဲ့ အရှိန်ကို လုရွှမ်ရဲ့လက်ထဲရှိ ရွှေချည်ကြိုး မီးတောက်တွေနဲ့ တောက်လောင်နေပုံကို ကြည့်တာနဲ့ သိနိုင်၏။
အသက်ရှုတိုင်း နာကျင်မှုက နည်းနည်းတော့ သက်သာသွားနိုင်ပေမယ့် သတ္တုစွမ်းအားကို စုပ်ယူသည့် အမြန်နှုန်းသည် အခြားသူများထက် အနည်းဆုံး ဆယ်ဆ ပိုမြန်နေသည်။
သတ္တုစွမ်းအင်က ပြင်းထန်တာကြောင့် လူတွေကို ကြီးကြီးမားမား ထိခိုက်မှုတွေ ဖြစ်စေနိုင်ပြီး စုပ်ယူမှု အမြန်နှုန်းက ဆယ်ဆ ပိုမြန်တော့ ဘယ်လိုလုပ် ခံနိုင်ရည်ရှိမှာလဲ?
"ငါသာ ဒီအရှိန်နဲ့ စုပ်လိုက်ရင် ရွှေကြိုးနှစ်ခုနဲ့ အများဆုံး ကာကွယ်ထားရင် မခံနိုင်လောက်တော့ဘူး!"
သူ့ကိုယ်ပိုင် အခြေအနေအရ မုယန်ဖုန်း သူ့ရင်ထဲမှာ မှန်းဆသလိုဖြင့်
"သူ တောင့်ခံနိုင်မလား ကြည့်ရအောင်!"
မကြာမီတွင် ရွှေချည်မျှင်တစ်စင်းသည် သန့်ရှင်းစွာ လောင်ကျွမ်းသွားပြီ ဖြစ်သည်။ လုရွှမ်၏ မျက်နှာသည် နာကျင်ခြင်း သို့မဟုတ် ထိန်းထားနိုင်ခြင်းမရှိသော အရိပ်အယောင် တစ်စက်မျှမရှိဘဲ ငြိမ်သက်နေဆဲဖြစ်သည်။
"အံ့သြစရာပဲ!"
မုယန်ဖန်က သူ့လက်ဖဝါးဖြင့် ရွှေတွေပစ်ချနေသလို အံ့ဩနေတော့သည်။
နာရီဝက်လောက်ကြာတော့ လန်ရော့ရှင်းက ဆက်မထိန်းနိုင်တော့ဘဲ ရေကန်ထဲက ထွက်သွားလေသည်။ ယခုအချိန်တွင် သူမသည် ရွှေချည်မျှင်၏ သုံးပုံတစ်ပုံသာ သုံးခဲ့သည်။
တစ်နာရီကြာပြီး နောက်တွင် အဆင့်မြင့် အတန်းက လူအများအပြားသည် ရေကူးကန်မှ တစ်ယောက်ပြီး တစ်ယောက် ထွက်လာကြပြီး ရွှေချည်ကြိုးသည် သုံးလို့ ကုန်လုနီးပါး ဖြစ်နေပြီဖြစ်သည်။
သူတို့အတွက် ကန့်သတ်ချက် တစ်ခုရှိနေပြီဖြစ်ပြီး ဆက်လက်နေပါက ၎င်းတို့၏ ကျင့်ကြံမှုအတွက် ကောင်းကျိုးမပေးရုံ သာမက ခန္ဓာကိုယ်အတွင်း သတ္တုဂုဏ်သတ္တိများ အလွန်အကျွံ စုဆောင်းမှုကြောင့် ပျက်စီးမှုများလည်း ကြုံတွေ့ရမည်ဖြစ်သည်။
ရေကူးကန်ထဲက ထွက်သွားပြီးနောက် မုက တခြားသူတွေကို မြေအောက်နန်းတော်ကနေ ထွက်သွားခွင့် ပေးလိုက်သည်။
ဤအခိုက်တွင် လုရွှမ်သည် အခြားသူများ မခံနိုင်သော သတ္တုစွမ်းအားများ အကြား မလှုပ်မယှက် ရေကူးကန်ထဲတွင် ထိုင်နေဆဲဖြစ်ပြီး သူ့အပေါ် ဘာဖိအားမှ မရှိသလိုပင်။
ဤသို့ဖြင့် သုံးရက်ကြာသွားခဲ့သည်။
ရေကန်ထဲက လူငယ်ကို ကြည့်လိုက်တော့ မုယန်ဖုန်းပင် အေးစက်စက် ချွေးတွေ ထွက်ကျလာ၏။
"ဒီနှစ်တွေအတွင်းမှာ ငါ စုဆောင်းထားခဲ့တာတွေ အခုမင်းကြောင့် ကုန်ခါနီးနေပြီ..."
သုံးရက်အတွင်း လုရွှမ်သည် ရွှေကြိုးတစ်ရာနီးပါးကို သုံးခဲ့သည်။
မုယန်ဖုန်းမှာ ထိုလူငယ်လေး ထိန်းထားနိုင်မည်မဟုတ်ဟု မူလက ထင်ထားခဲ့သော်လည်း ယခုတော့ လုံးဝမိုက်မဲနေပြီး တစ်ဖက်သားကို သဘောတူလိုက်သည့်အတွက် နောင်တရနေသည်။
ဒါဟာ နှစ်ပေါင်းများစွာ သူ့ရဲ့ စုဆောင်းထားခဲ့တာတွေ လုံးဝနီးပါး ဆုံးရှုံးသွားလုနီးပါးပဲ။