← Chapters

လျိုချွမ်း အသတ်ခံရပြီ

Vol. 3 Ch. 34

လျိုချွမ်း အသတ်ခံရပြီ

Vol. 3 Ch. 34

ကျန်းဝူအကယ်ဒမီရှိ ဥပဒေအဖွဲ့မှ လူတိုင်း၏ မျက်နှာများသည် အရောင်ဖျော့နေကြ၏။

အလောင်းတစ်လောင်းသည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေပြီး ထိုလူသည် မသေဆုံးမီ အံ့သြထိတ်လန့်စေသည့် အရာတစ်ခုကို ကြုံတွေ့ရသကဲ့သို့ သူ့မျက်နှာပေါ်တွင် အရိပ်အယောင် တချို့ကို တွေ့ရ၏။

"နှလုံးကို ဖောက်ပြီး အသတ်ခံလိုက်ရတာပဲ... တစ်ချက်တည်းနဲ့ သေသွားတာ တုံ့ပြန်ချိန်တောင် ရလိုက်မှာ မဟုတ်ဘူး! သူ့ကို တိုက်ခိုက်တဲ့သူရဲ့ ခွန်အားက အရမ်းမမြင့်နိုင်ဘူး မူလအမှတ်ရဲ့ နှောင်းပိုင်းအဆင့် ဒါမှမဟုတ် အထွတ်အထိပ်အဆင့် ဖြစ်နိုင်တယ်... အလောင်းပုံစံကို ကြည့်ရတာ သေနေတာ လေးရက်လောက်ရှိပြီ!"

အလောင်းကို စစ်ဆေးပြီးနောက် လူငယ်တစ်ဦး မတ်တပ်ရပ်လိုက်သည်။

"ကျန်းဝူအကယ်ဒမီမှာ ငါ့ရဲ့ ဥပဒေအဖွဲ့ဝင်ကို သတ်ရဲတဲ့သူတွေ ရှိတယ်ပေါ့?.. သတ္တိတော်တော် ရှိနေတာပဲ!"

ပင်မထိုင်ခုံတွင် အေးစက်သော မျက်လုံးများဖြင့် အုံ့မှိုင်းနေသော လူငယ်လေး တစ်ယောက်က

"စုံစမ်း!! သေချာ စစ်ဆေးစမ်း!!"

ဥပဒေအဖွဲ့၏ ဒုခေါင်းဆောင် လေးယောက်အနက်မှ ချိုဝမ့်ထျန်းဖြစ်သည်။ အဆင့်မြင့်အတန်းမှ ကျောင်းသားတစ်ယောက် ဖြစ်ကာ ဝူအဆင့်၃ နယ်ပယ်ရှိသူ ဖြစ်လေ၏။

ဝူအဆင့်သုံးများသည် ပြင်းထန်သော ဝိညာဥ်စွမ်းအင်များကို ပိုင်ဆိုင်ထားပြီး ၎င်းတို့၏ တိုက်ခိုက်ရေး စွမ်းအားသည် ဆင်တစ်ကောင်ကဲ့သို့ ကြောက်စရာကောင်းလှသည်။

"ခေါင်းဆောင်ချိုကို သတင်းပို့ပါတယ်... လူသတ်သမားက အခင်းဖြစ်ပွားရာ နေရာမှာ ခြေရာလက်ရာတွေ မကျန်ခဲ့ပါဘူး... ဒါပေမယ့် အလောင်းရဲ့ လက်သည်းတွေထဲမှာ အထည်အနည်းငယ် ကျန်နေခဲ့ပါတယ်။ သေချာစစ်ဆေးကြည့်တော့ အငယ်တန်း ကျောင်းသားတွေ ဝတ်ဆင်တဲ့ ထူးခြားတဲ့ အဝတ်အစား ဖြစ်နိုင်တယ်... ကွယ်လွန်သူ ဝတ်ဆင်ထားတဲ့ အဝတ်နဲ့ မတူဘူး!"

အလောင်းကို ခွဲစိတ်စစ်ဆေးခဲ့သူ လူငယ်က ဆက်လက်ပြောပြသည်။

"အောက်တန်းက လူတွေအတွက် အဝတ်အစားတွေက အတူတူပဲ မဟုတ်လား? သူမသေခင်မှာ လူသတ်သမားကို ဖမ်းမိခဲ့ရမှာ!! သူ့ကိုသတ်တဲ့သူက အောက်တန်းက ကျောင်းသားဖြစ်ရမယ်... ဘယ်သူလဲဆိုတာ ရှာကြည့်လိုက်... သူနဲ့ မကြာသေးခင်က ဘယ်သူနဲ့ ပဋိပက္ခဖြစ်ခဲ့တယ်? ဆိုတာ သေချာစစ်ဆေးကြည့်!"

ချိုဝမ့်ထျန်း၏ မျက်လုံးထဲတွင် မီးပွားများ တောက်လောင်နေသည်။

သူ့စကားကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် လူတစ်ဦးက မတ်တပ်ထရပ်ပြီး

"ခေါင်းဆောင် စစ်ဆေးစရာ မလိုပါဘူး...သူက ဘယ်သူနဲ့ ပြဿနာရှိလဲ ကျွန်တော် သိတယ်!"

စကားပြောသူ၏ မျက်နှာသည် နီရဲပြီး ရောင်ရမ်းကာ မျက်နှာက ဖြူဖျော့နေသည်။ သူ့ဒဏ်ရာက မသက်သာသေးသည့် ပုံပေါ်၏။ လုရွှမ်သာ ဤနေရာတွင် ရှိနေခဲ့ပါက သေချာပေါက် ထိုသူကို မှတ်မိလိမ့်မည်။

၎င်းသည် လုရွှမ် ရွှေဝိညာဥ်ရေကန်ထဲ မဝင်ခင်က ရိုက်နှက်ခြင်းကို ခံခဲ့ရသော ဝမ်ချောင်ပဲ ဖြစ်သည်။

"ဘယ်သူလဲ?" ချိုဝမ့်ထျန်းက တချက်ကြည့်လိုက်သည်။

"အောက်တန်းက လုရွှမ်!" ဝမ်ချောင် အံကြိတ်လိုက်သည်။

သူသည် ဥပဒေအဖွဲ့၏ အဖွဲ့ဝင်လည်းဖြစ်သည်။

လုရွှမ်၏ သေလုနီးပါး ရိုက်နှက်မှုကြောင့် ရွှေဝိညာဥ်ရေကန်ကို မသွားနိုင်ဘဲ သုံးရက်ပြည့်အောင် အနားယူကာ ပြန်လည်ကုစားရန် အိမ်ဆောင်သို့ ပြန်သွားခဲ့ရသည်။

သတင်းတစ်ပုဒ်ကို ကြားတာနဲ့ သူအမြန် ထွက်လာခဲ့၏။

သူသည် သုံးရက်ကြာပြီးနောက် သက်သာလာသော်လည်း ဘာမှမလုပ်ဘဲ လုရွှမ်၏ သတင်းကို မေးမြန်းရန် လူတစ်ဦးကို စေလွှတ်ခဲ့ရာ သူ့အကြောင်းများစွာ သိခဲ့သည်။

"လုရွှမ်?" ချိုဝမ့်ထျန်းက သံသယစိတ်ဖြင့် ကြည့်လိုက်သည်။

သူအဲဒီနာမည်ကို အရင်က တစ်ခါမှ မကြားဖူးဘူး။

လုရွှမ်သည် အဂ္ဂိရတ်ပညာရှင် အဖွဲ့အစည်းတွင် ကျော်ကြားမှုများစွာ ရရှိခဲ့သော်လည်း အဖွဲ့အစည်းသည် အမြဲတမ်း အေးစက်စက်နေခဲ့ပြီး တစ်စုံတစ်ယောက်က စတင်မေးမြန်းရန် အစပြုခြင်းမရှိပါက ပညာရှင်များ၏ အချက်အလက်များကို ထုတ်ပြန်ကြေညာခြင်း မပြုပေ။

ထို့ကြောင့် ကျန်းဝူအကယ်ဒမီမှာ လုရွှမ်က အဆင့်၂ အဂ္ဂိရတ်ပညာရှင် ဆိုတာကို သိသူသိပ်မရှိ။ ဝမ်ချောင် အရိုက်ခံလိုက်ရတဲ့ အကြောင်းကိုတောင် လူတော်တော်များများ မသိကြချေ။

"အောက်တန်းကနေ ထွက်လာတဲ့ ကလေးတစ်ယောက်ပဲ...သူအရင်က အောက်တန်း ရွှေတံဆိပ်နေရာက ချန်ဖုန်းကို အနိုင်ယူပြီး ရွှေဝိညာဉ်ရေကန်ထဲကို ဝင်ဖို့ အရည်အချင်းပြည့်မီခဲ့တယ်!"

ဝမ်ချောင်က မုန်းတီးစွာနဲ့ ပြောလေ၏။

"ငါ့ဒဏ်ရာက သူ့ဆီက ခိုးကြောင်ခိုးဝှက် အရိုက်ခံလိုက်ရတာ!"

အငယ်တန်း ကျောင်းသားဆီက ဒီလို ရိုက်နှက်ခံရတာ ရှက်ဖို့ကောင်းတယ်။

"သူရိုက်လိုက်တာလား?"

ချိုဝမ့်ထျန်း ခဏလောက် အံ့အားသင့်သွားပြီး အေးစက်စွာကြည့်ကာ သူ့အသံက ဖော်ရွေမှုမရှိစွာဖြင့်

"မင်းဒဏ်ရာကြောင့် သူ့ကို တမင်အပြစ်တင်ပြီး ဥပဒေအဖွဲ့ကို မင်းအတွက် လုပ်ပေးစေချင်နေတာလား? !"

"မဟုတ်ပါဘူး! ကျွန်တော် အဲ့လိုတွေးမိပေမယ့် မလုပ်ရဲပါဘူး"

ဝမ်ချောင် အံ့အားသင့်သွားသည်။

"ကျွန်တော် ဝန်ခံပါတယ်.. ကျွန်တော် သူ့ကို သင်ခန်းစာတစ်ခု ပေးချင်ပေမယ့် ဒီနည်းလမ်းကို မသုံးချင်ပါဘူး.... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော်ပြန်လည် ကျန်းမာလာခဲ့တယ်.... သူ့အကြောင်းကို စုံစမ်းနေတုန်း တချို့အရာတွေကို သိခဲ့တယ်!"

"အမ်?"

"သေဆုံးသွားတဲ့သူကို လျိုချွမ်း လို့ခေါ်တယ်... သူကတော့ အောက်တန်း ကျောင်းသားငါးယောက်ထဲက တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ လေ့ကျင့်မှုအဆင့်က မနိမ့်ပါဘူး! တုယန် သေဆုံးရတဲ့ အကြောင်းရင်းကို မစုံစမ်းခင်မှာ လုရွှမ်ကို သွားရှာတွေ့ခဲ့ပေမယ့် ရက်စက်စွာ အရိုက်ခံရပြီး ဒဏ်ရာ အပြင်းအထန် ရသွားတယ်!သူတို့နှစ်ယောက် ရန်ငြိုးတွေရှိတယ် လုရွှမ်ရဲ့ အင်အားက မူလနယ်မြေရဲ့ နှောင်းပိုင်းအဆင့်မှာမှာပဲ"

ဝမ်ချောင်က ပြောပြသည်။

"တုယန် သေဆုံးရတဲ့ အကြောင်းရင်းကို စုံစမ်းပြီးပြီလား?"

"ဟုတ်....တုယန်မသေခင်မှာ သူလုရွှမ်နဲ့ ပဋိပက္ခတွေ ငြင်းခုံမှုတွေ ရှိခဲ့ဖူးတယ်... အဲဒါကြောင့် ဒီလူက သံသယဖြစ်စရာလို့ ပြောတာပါ!"

"ဒီကောင်လေးက တစ်ခုခု မှားနေပြီထင်တယ်!"

ဝမ်ချောင်ရဲ့ ရှင်းပြချက်တွေကို နားထောင်ပြီးနောက် ချိုဝမ့်ထျန်းက ခေါင်းညိတ်လိုက်ပြီး

"ချောင်မင် မင်းသွားပြီးတော့ အဲဒီလုရွှမ်ကိုဖမ်းပြီး သေသေချာချာ စစ်ဆေးမေးမြန်းလိုက်... လူနှစ်ယောက် ဆက်တိုက်သေဆုံးပြီးပြီ ပြီးတော့ တစ်ယောက်က ဥပဒေအဖွဲ့ရဲ့ အဖွဲ့ဝင်....မစစ်ဆေးရင် ဘယ်သူမှ သိမှာမဟုတ်ဘူး! ကံကောင်းထောက်မစွာနဲ့ ခေါင်းဆောင်က ပြီးခဲ့တဲ့ ရက်အနည်းငယ်က ကျန်းဝူဖန်းရှစ်မှာ နေခဲ့လို့ပေါ့ မဟုတ်ရင် ငါတို့အားလုံး အပြစ်ပေးခံရပြီး ဘယ်သူမှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး!"

ခေါင်းဆောင်ချိုဝမ့်ထျန်းရဲ့ ပြောသံကြားတော့ အခန်းက ချက်ချင်း လူတိုင်းရဲ့ မျက်လုံးထဲမှာ မှုန်ကုပ်ကုပ်နဲ့ ထိတ်လန့်တကြား ဖြစ်သွားကြသည်။

ဥပဒေအဖွဲ့၏ ခေါင်းဆောင်သည် ကျန်းဝူ အကယ်ဒမီ၏ ကျောင်းသားတစ်ဦးဖြစ်သော်လည်း သူရဲ့စစ်မှန်သော စွမ်းအားသည် ကျောင်းသားများ၏ နယ်ပယ်ကို ကျော်လွန်ပြီး ပိုမိုမြင့်မားသော အဆင့်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

ချိုဝမ့်ထျန်းသည် ဒုခေါင်းဆောင် ဖြစ်သော်လည်း အသင်းခေါင်းဆောင်၏ လက်သီး တစ်ချက်ကိုပင် မဖမ်းနိုင်ပေ။

"ဒီကိစ္စကို ငါသေချာကိုင်တွယ်မယ်!"

ခေါင်းဆောင်ရဲ့ အသံကြောင့် ကြောက်လန့်ပြီး ချောင်မင်လို့ခေါ်တဲ့ ဥပဒေအဖွဲ့ဝင်က မတ်တပ်ရပ်လိုက်ပြီး

"ဒါက သံပါးစပ် ဖြစ်နေရင်တောင် ငါ့လက်ထဲ ရောက်လာရင် ငါသေချာပေါက် ဖွင့်နိုင်တယ်!"

"ခေါင်းဆောင် အဲဒီလူက ရက်စက်ကြမ်းကြုတ်တဲ့ အကျင့်စရိုက်ရှိတယ်... ဥပဒေအဖွဲ့ကိုတောင် တိုက်ခိုက်ရဲတဲ့ သတ္တိရှိတယ် သူနဲ့တွေ့တာနဲ့ သံကြိုးနဲ့ချည်ပြီး ကောင်းကောင်း ပညာပေးလိုက်တာ အကောင်းဆုံးပဲ မဟုတ်ရင် နောက်ပိုင်း သူကပြဿနာ များလာလိမ့်မယ်!"

ဝမ်ချောင်က ဝင်ပြောသည်။

"ချောင်မင်က အရေခွံနှင့် အရိုးနယ်ပယ်ရဲ့ ပြီးပြည့်စုံတဲ့ အဆင့်ကို ရောက်နေသူပဲ... အရေခွံနှင့် အရိုးနယ်ပယ်ရဲ့ နှောင်းပိုင်းအဆင့်က နောက်ထပ် လူလေးဦးကို စေလွှတ်လိုက်!..."

ချိုဝမ့်ထျန်းက ခေတ္တရပ်လိုက်ပြီး

"ချောင်မင် အဲဒီကောင်လေး ခုခံဖို့ သတ္တိရှိရင် သူ့အရိုးကို ချိုးပစ်လိုက်လို့ ရတယ် ဒါမှမဟုတ် ... သူ့ကို နေရာမှာတင် သတ်ပစ်နိုင်တယ်!"

"ဟုတ်! ကြည့်ရတာ ဝမ်ချောင်က အောက်တန်းက ကလေးကို ကြောက်လို့ထင်တယ်"

သူ့နှုတ်ခမ်းတွေကို နမ်းရင်း ချောင်မင်က

"ဥပဒေအဖွဲ့ရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ငါသူ့ကို ခံစားခွင့်ပေးလိုက်မယ်! နောင်တရနေရင်တောင် လွှတ်ပေးမှာ မဟုတ်ဘူး!"

"ဥပဒေအဖွဲ့ကို စော်ကားလိုက်တာက သူ့ဘဝတစ်လျှောက်မှာ အမိုက်မဲဆုံး ဆုံးဖြတ်ချက်ပဲဆိုတာ သူ့ကို သိခိုင်းလိုက်စမ်းပါ!"

……………………………………

ဟူ......

ရွှေဝိညာဉ်ရေကန်ထဲသို့ ဝင်ပြီးနောက် လေးရက်မြောက်သောနေ့တွင် သူသည် မုယန်ဖုန်း စုဆောင်းထားသော နောက်ဆုံးရွှေချည်မျှင်ကို သုံးခဲ့ပြီး စိတ်ပျက်လက်ပျက် အကြည့်များကြားမှ မျက်လုံးများ ပွင့်လာခဲ့သည်။

"ကြိုးစားအားထုတ်မှုက အဆင်ပြေသားပဲ ဆင်သံချပ် ရွှေကိုယ်ထည်က အသေးစား အောင်မြင်မှုရဲ့ ပထမအဆင့်ကို ရောက်လာပြီ"

လုရွှမ်က ဝမ်းသာအားရဖြင့် ပြောလိုက်သည်။

ကိုယ်ခံပညာကို ဝင်ခွင့်အဆင့်၊ ကျွမ်းကျင်မှု၊ အသေးစား အောင်မြင်မှု ၊ ကြီးမားတဲ့ အောင်မြင်မှုနှင့် ပြီးပြည့်စုံမှုဟူ၍ ပိုင်းခြားထားသည်။

အသေးစား အောင်မြင်မှု အတိုင်းအတာ တစ်ခုအထိ လေ့ကျင့်ထားနိုင်တာ သိုင်းပညာကို နက်ရှိုင်းစွာ နားလည်ထားသူမို့ ဖြစ်သည်။

"ဒီရွှေဝိညာဉ်ရေကန်က အနိမ့်ဆုံးဖြစ်နေတာ နှမြောစရာပဲ... ဆင်သံချပ်ရွှေကိုယ်ထည်က သေးငယ်တဲ့ အဆင့်ရဲ့နောက်ပိုင်းကို ရောက်တဲ့အခါ ရွှေချည်မျှင်တွေ ဘယ်လောက်ပဲရှိရှိ တိုးတက်မှုက ကြီးကြီးမားမား ဖြစ်မှာမဟုတ်ဘူး။ ဒီမှာဆက်ကျင့်နေလည်း ဘာမှအသုံးမဝင်ဘူး!"

လုရွှမ် ရေကူးကန်ထဲမှ ထွက်လာခဲ့သည်။

ကျန်းဝူ အကယ်ဒမီ၏ ရွှေဝိညာဉ်ရေကန်သည် အရိုးရှင်းဆုံး ဖြစ်သည်။ ဆင်သံချပ်ရွှေကိုယ်ထည်သည် အောင်မြင်မှု အသေးစားလေး ဆိုရင်တောင် ရလဒ်က ကောင်းနေပါပြီ။ ဆက်နေပါက အချိန်ကုန်မည်သာ ဖြစ်သည်။

"ဝူအဆင့်တစ်ယောက်ရဲ့ အစောပိုင်းကာလမှာ ရုပ်ခန္ဓာကို ဆင်သံချပ် ရွှေကိုယ်ထည်အဖြစ် လေ့ကျင့်နိုင်သွားပြီ လေးရက်အတွင်း လေ့ကျင်မှု အခြေခံကလည်း ကြီးကြီးမားမား တိုးတက်လာတယ်"

သူ့ကိုယ်ပိုင် လေ့ကျင့်မှုကို ကြည့်ရင်း လုရွှမ်၏ မျက်လုံးများ တောက်ပလာသည်။

ဝူအဆင့်တွင် မူလအမှတ်ကို ရှာဖွေပြီး ဝိညာဥ်စွမ်းအင်ကို ထိန်းချုပ်ကြသည်။ အရေပြားနှင့် အရိုးနယ်ပယ် ဒုတိယအလွှာသည် ခန္ဓာကိုယ်ကို တောင့်တင်းစေပြီး ကြံ့ခိုင်မှုကို မြှင့်တင်ပေးသည်။

လက်တွေ့မှာတော့ ဝူအဆင့်၂သည် လက်ရှိလေ့ကျင့်နေတဲ့ ဆင်သံချပ်ရွှေကိုယ်ထည်နဲ့ ကွာခြားချက် သိပ်မရှိချေ။

လေးရက်အတွင်း ဆင်သံချပ် ရွှေကိုယ်ထည် အသေးစား အောင်မြင်မှုနှင့်အတူ သူ၏ကိုယ်ပိုင် ခွန်အားသည်လည်း မူလအမှတ်၏ အထွတ်အထိပ်မှ အရေပြားနှင့် အရိုးနယ်ပယ်တို့၏ အထွတ်အထိပ်အထိ ကြီးစွာသော တိုးတက်မှုကို ရရှိခဲ့သည်။

"သာမန်အရေပြားနဲ့ အရိုးနယ်ပယ်ရဲ့ အထွတ်အထိပ်မှာ ကာကွယ်ရေးက အများကြီးတိုးလာပေမယ့် အဆုံးမှာတော့ ကန့်သတ်ချက်ရှိတယ်။ ဒါပေမယ့် ယွမ်ယန်ကျင့်စဥ်နဲ့ ဆင်သံချပ်ရွှေကိုယ်ထည်တို့ကို လေ့ကျင့်ပြီးတော့ ခန္ဓာကိုယ်၊ အရေပြားနဲ့ ကြွက်သားတွေက အဆပေါင်းများစွာ သန်မာလာပြီ....ဆိုတော့ ဒါက တန်လိနယ်ပယ်နဲ့ နီးကပ်လာပြီပေါ့....သာမန်ဝူအဆင့်၃ရဲ့အလယ်အလတ် အဆင့်နဲ့ သိပ်မကွာတော့ဘူး..."

သူ့ခန္ဓာကိုယ်ထဲတွင် ငြိမ်သက်နေသော စွမ်းအားကို ခံစားလိုက်ရသဖြင့် လုရွှမ်က တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။

တန်လိနယ်ပယ်၏ အစောပိုင်းအဆင့်တွင် သူသည် တန်လိစွမ်းအင် တစ်ခု ပိုင်ဆိုင်ထားပြီး အလယ်အလတ် အဆင့်တွင် သူသည် တန်လိစွမ်းအင်နှစ်ခု၏ ပိုင်ဆိုင်ထားမှာ ဖြစ်သည်။

ယခုသူသည် အရေပြားနှင့်အရိုးနယ်ပယ်၏ အထွတ်အထိပ်တွင်သာရှိ၍ တန်လိစွမ်းအင် နှစ်ခုကို သုံးနိုင်တဲ့အကြောင်းသာ သိသွားရင် ဒီသတင်းကို မည်သူမှ ယုံမည်မဟုတ်ပါ။

translater note - တရုတ်ကနေ ဘာသာပြန်တာကြောင့် ဖတ်ရတာ အဆင်မပြေရင် သည်းခံပေးစေလိုပါတယ်

All Chapters