← Chapters

ဖမ်းဆီးခြင်း

Vol. 3 Ch. 35

ဖမ်းဆီးခြင်း

Vol. 3 Ch. 35

"မင်း....အဆင်ပြေတယ်?"

သူထွက်လာတာကိုမြင်တော့ မုယန်ဖုန်းသည် မကောင်းဆိုးဝါး တစ်ကောင်ကို ကြည့်နေသလိုမျိုး အပေါ်၊ အောက်၊ ဘယ်ညာ မျက်လုံးပြူး၍ ကြည့်နေသည်။

ရွှေဝိညာဉ်ရေကန်ထဲမှာ လေးရက်လောက် နေပြီးတဲ့နောက်မှာ ရွှေချည်ကြိုး တစ်ရာကျော် ဆုံးရှုံးသွားခဲ့သည်။ သူ့မျက်လုံးနဲ့သာ မမြင်ခဲ့ရင် ဟာသတစ်ခုလို့တောင် ထင်ကောင်း ထင်မိလိမ့်မည်။

တခြားသူသာဆိုရင် အထဲကို အနှစ်ခံရပြီး သတ္တုတုံးကြီး ဖြစ်သွားမှာ ကြောက်ရသည်။ ဒါပေမဲ့ သူက ဘာမှကိုမဖြစ်ဘူး။ ဒါကလူကို တကယ်ထူးဆန်းစေတာပဲ။

"ဘာမှမဖြစ်ဘူးလေ!"

လုရွှမ်က သူ့စိတ်ရှုပ်စရာတွေကို လျစ်လျူရှုပြီး လက်ဖဝါးကိုယမ်းကာ

"ဒါတွေကိုဝယ်လိုက် ဒီည ခင်ဗျားကို ကုသပေးမယ်!"

"လင်ရှူးမြက်၊ အမြစ်မရှိသောပန်း... ဟွားကော်သားရဲဆေးလုံး..."

စာရင်းကို လက်ခံရရှိပြီးနောက် မုယန်ဖုန်းသည် စိတ်ရှုပ်ထွေးနေသော မျက်လုံးများဖြင့်

"ဒီဆေးဖက်ဝင် အပင်တွေက အရမ်းများတယ်... ငါ့ရဲ့အဆုတ်ယင် ဖြတ်ခြင်းကို တကယ်ကုသပေးနိုင်မှာလား?"

သူမယုံတာ မဟုတ်ဘဲ မယုံရဲတာ ဖြစ်လေသည်။

စာရင်းထဲက ဆေးဖက်ပင်တွေက ဈေးကြီးတာ မဟုတ်ဘူးဘဲ အားလုံးက သာမန်များသာဖြစ်ပြီး လမ်းဘေးမှာတောင် ခူးဆွတ်လို့ ရသည်။ ဒီလိုရိုးရှင်းတဲ့ ဆေးပင်က သူ့ဒဏ်ရာဟောင်းတွေကို သက်သာပျောက်ကင်းစေတာ အမှန်ပဲလား။

"ခင်ဗျား မယုံလည်း ရတယ်....ကျုပ်ဘာမှ ပြောမှာမဟုတ်ဘူး!"

လုရွှမ်သည် သူ့လက်များကို ဝှေ့ယမ်းကာ ထွက်လာခဲ့သည်။

"ငါယုံတယ်!"

မုယန်ဖုန်း လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။

မယုံလို့ မရဘူးလေ။ ရွှေကြိုးတစ်ရာကျော် ရင်းနှီးမြှုပ်နှံပြီးပြီ။ မယုံလို့ မကုသရင် အားလုံး ပျက်စီးကုန်မှာ မဟုတ်ဘူးလား? နှစ်ပေါင်းများစွာ စုဆောင်ထားတာတွေလည်း အလကား ဖြစ်သွားမယ်လေ

"ဒီည ခင်ဗျားကို လာရှာမယ်!"

လုရွှမ် တည်ငြိမ်စွာပြောပြီး မြေအောက်နန်းတော်ထဲက ထွက်လာခဲ့သည်။

…………………………

မြေအောက်နန်းတော် အပြင်ဘက်၌

ချောင်မင်နှင့် အခြားသူများသည် အချိန်အတော်ကြာသည်အထိ ၎င်းတို့၏ နာကြည်းမှုများကို ပြေလျော့စေရန် လုရွှမ်ကို စောင့်နေကြသည်။ လုရွှမ်ရဲ့ စိတ်မကောင်းစရာ မြင်ကွင်းကိုကြည့်ဖို့ ဝမ်ချောင်လည်း လိုက်ပါလာ၏။

"သင်းထောက် ချောင်မင်... ငါတို့ အဲဒီကလေးကို ဘာလို့ ဝင်မဖမ်းတာလဲ? ငါတို့ ဒီမှာပဲ စောင့်နေကြမှာလား?"

ဝမ်ချောင် သူ့ရှေ့က လူတစ်ယောက်ကို သံသယနဲ့ ကြည့်လိုက်သည်။

ဥပဒေအဖွဲ့၏ သင်းထောက်တစ်ဦး အနေဖြင့် ချောင်မင်တွင် စွမ်းအင် အမြောက်အများရှိပြီး လုရွှမ်သည် သံသယရှိသူ ဖြစ်သောကြောင့် အလျင်အမြန် ဝင်ရောက်ဖမ်းဆီးနိုင်သည်။

သူဘာကြောင့် အပြင်မှာရပ်ပြီး စောင့်နေရတာလဲ?

"သွားဖမ်းမယ်? ဖောက်ဝင်မလို့လား? ဟမ်း... ရွှေဝိညာဉ်ရေကန်ကို စောင့်နေတာ ဘယ်သူလဲမသိဘူးလား?"

ချောင်မင်၏ အနက်ရောင်မျက်လုံးများက ကြောက်ရွံ့မှု အရိပ်အမြွက် ပြနေသည်။

"အဲဒါက မုယန်ဖုန်း မလား? သူက လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ပါရမီရှင် ဖြစ်ခဲ့လို့ သူ့ကို ကြောက်နေသေးပေမယ့် အခုအဆင့် မတက်နိုင်ဘဲ အကယ်ဒမီမှာ ပုန်းအောင်းနေတဲ့ အညစ်အကြေး တစ်ခုပဲလေ! သူ့ကိုဘာလို့ ကြောက်နေရမှာလဲ?"

ဝမ်ချောင်က ထူးဆန်းတဲ့ အကြည့်တစ်ချက်နဲ့ ပြန်မေးလာသည်။

"ဦးနှောက် မရှိဘူးလား? အမှိုက်ကောင်!"

ချောင်မင်၏ မျက်နှာသည် မည်းမှောင်သွားပြီး

"စီနီယာမုယန်ဖုန်းဆိုတာ တစ်ချိန်က ကိုယ်ခံပညာအဆင့် ရှစ်ခုမြောက် သိုင်းပညာကို တတ်မြောက်ခဲ့တဲ့ အရမ်းအားကောင်းတဲ့ သူတစ်ဦးပဲ.... သူ့နောက်ခံက အရမ်း အစွမ်းထက်ပါတယ် ဒဏ်ရာတွေကြောင့် အဆင့်မတက်နိုင်ဘူး ဆိုပေမယ့် ဝူအဆင့်၅ အဆင့်၆တောင် ယှဉ်လို့မရဘူး... မင်း သတိထားတာကောင်းမယ်! မဟုတ်ရင် ဘယ်လိုသေလို့ သေသွားမှန်တောင် မသိဘဲနေမယ်!"

"အာ...ဟုတ်!" ဝမ်ချောင် လန့်သွားသည်။

အရင်တုန်းကတော့ မုယန်ဖုန်းဟာ ပါရမီရှင်တစ်ယောက်ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ချိန်က ထိုလူထိမှန်ခဲ့တဲ့ ကျုံးရှစ်နယ်ပယ် အဆင့်ဆိုတဲ့ တည်ရှိမှုကို သူဘယ်တုန်းကမှ အိပ်မက် မမက်ခဲ့ဖူးပေ။

ကျုံးရှစ်နယ်ပယ်။ ကျန်းဝူအင်ပါယာ တစ်ခုလုံးတွင် စွမ်းအင်အား အသန်မာဆုံး မင်းသားသည်ပင် ဝူအဆင့်၇၏ အထွတ်အထိပ်ထက် မပိုပေ။

"ငါတို့ရဲ့ ပစ်မှတ်က လုရွှမ်ပဲ မုယန်ဖုန်းကို သွားစလို့ မဖြစ်ဘူး...လူတိုင်း စိတ်မရှည်တော့ဘူးလို့ ခံစားရရင် အဲဲဒီကောင်လေး ထွက်လာတာနဲ့ သက်ညှာနေစရာ မလိုဘူး တစ်ခါတည်းသာ ရိုက်ပစ်လိုက်...ရိုက်ပြီးမှ သံကြိုးနဲ့ချည်တာကို ဆက်ပြောမယ်!"

ချောင်မင်က အော်ပြောလိုက်သည်။

"ကောင်းကင်ကြီးရဲ့ အမြင့်ကို မသိတဲ့လူလေးတစ်ယောက်ပဲ....အကယ်ဒမီက ကျောင်းသားတွေကို တစ်ယောက်ပြီး တစ်ယောက် သတ်ရဲတယ်ဆိုမှတော့ အဲဒါက ခွင့်မလွှတ်နိုင်တဲ့ ကြီးလေးတဲ့ ရာဇ၀တ်မှုကို ကျူးလွန်လိုက်တာပဲ"

"အောက်တန်းက ကောင်လေးတစ်ယောက်ပဲလေ သူ့စွမ်းအင်က ဘယ်လောက်ပဲရှိရှိ ဒီတစ်ခေါက် ကောင်းကောင်း မသင်ပြရင် အကယ်ဒမီရဲ့ စည်းကမ်းက ဘာလုပ်တော့မှာလဲ?"

"ငါတို့ကို အကြာကြီး စောင့်ခိုင်းတာကလည်း ရက်စက်ကြမ်းကြုတ်ပြီး ခွင့်မလွှတ်နိုင်တဲ့ ရာဇ၀တ်မှုပဲ!"

……

လုရွှမ်အကြောင်းကို လူအနည်းငယ်က ပြင်းပြင်းထန်ထန် အထင်အမြင် သေးစွာဖြင့် အေးစက်စွာ အော်ဟစ်လိုက်ပြီး ချိုဝမ့်ထျန်း၏အမိန့်ကိုလည်း သိပ်မနှစ်သက်ပုံရသည်။

မူလအမှတ် နယ်ပယ်မှ လူလေးတစ်ဉီးမျှသာဖြစ်ပြီး သူတို့မျက်လုံးထဲကိုပင် မဝင်ချေ။ ဒီလောက် အဆင့်မြင့်သူတွေကို စေလွှတ်ပြီး လာဖမ်းခိုင်းစရာလား?

ဝမ်ချောင်က ချဲ့ကားပြောနေတာ ဖြစ်ရမည်။

ဝုန်း.....

စကားပြောနေစဉ် မြေအောက်နန်းတော် တံခါးပွင့်လာပြီး လုရွှမ်ထွက်လာခဲ့သည်။

"နောက်ဆုံးတော့ ထွက်ပြီလား?"

"နောက်ဆုံးတော့ ထွက်လာပြီပေါ့?"

သူပေါ်လာတာကိုမြင်တော့ ချောင်မင်သည် အေးစက်စွာပြုံးပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး

"သူ့ကို ဖမ်းဆွဲခေါ်လာခဲ့!"

"ဟုတ်!"

သူ့အမိန့်ကိုလိုက်နာပြီး ဥပဒေအဖွဲ့ဝင် ကျောင်းသားလေးယောက်က ရယ်မောကာ ထွက်လာပြီး သတ်ပစ်ဖို့ အသင့်ဖြစ်နေပြီ ဖြစ်သော ယုန်ဖြူတစ်ကောင်ကို ကြည့်နေသလို လုရွှမ်ကို ကြည့်နေသည်။

"အမ်?"

မမျှော်လင့်ဘဲ မြေအောက်နန်းတော်မှ ထွက်သွားသည်နှင့် တစ်စုံတစ်ယောက်က သူ့ကို ဖမ်းဖို့လုပ်နေတာကို သိလိုက်ရသောအခါ လုရွှမ် မျက်မှောင်ကြုတ်လိုက်သည်။

သူ့အဝတ်အစားတွေ ကနေတဆင့် ဥပဒေအဖွဲ့တွေ ဆိုတာ မှတ်မိသည်။ ပတ်ပတ်လည်ကိုကြည့်လိုက်တော့ လူအုပ်ရဲ့နောက်မှာ ဝမ်ချောင်ကို တွေ့လိုက်ရ၏။

"လူရှာလာတာ မင်းလား?" လုရွှမ်က လှမ်းကြည့်သည်။

ရွှေဝိညာဉ်ရေကန်ထဲကို မ၀င်ခင်က ဒီလူကို ရိုက်နှက်ပြီး မြေအောက်နန်းတော်က ထွက်သွားစေခဲ့သည်။ အခုအချိန်မှာ သူနဲ့ ဘာမှ မသက်ဆိုင်ဘူးလို့ ပြောရင် သူ့ကို ဘယ်သူမှ ယုံမှာ မဟုတ်ပါဘူး။

"ငါ?"

လုရွှမ်က မမျှော်လင့်ဘဲ သူ့ကို စိုက်ကြည့်လာတဲ့အခါ ဝမ်ချောင် လန့်ဖျတ်သွားခဲ့ပြီး သူ့ပတ်ဝန်းကျင်မှာ ပြင်းထန်တဲ့ ဥပဒေအဖွဲ့ဝင် အများအပြားကို မြင်လိုက်ရတော့မှ ညစ်ညမ်းတဲ့ အပြုံးနဲ့ တုံ့ပြန်လိုက်ကာ။

"ငါ့မှာ ဒီလို မျက်နှာကြီးကြီး မရှိပါဘူး အပြစ်တင်ချင်ရင် မာနကြီးပြီး ကြီးစိုးချင်လွန်းနေတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်!! ဥပဒေအဖွဲ့က လူကိုတောင် သတ်ရဲတယ်ပေါ့!!"

"လူသတ်တယ်?"

လုရွှမ် မျက်မှောင်ကြုတ်ပြီး "ဥပဒေအဖွဲ့?"

"ဟုတ်တယ်... မင်းမှာ ဦးနှောက်ရှိရင် ချက်ချင်း ဒူးထောက်လိုက်! မင်းတုယန်နဲ့ လျိုချွမ်းကို ဘယ်လို သတ်ခဲ့တယ်ဆိုတာ ဝန်ခံလိုက်.... မဟုတ်ရင် သင်းထောက် ချောင်မင်က မင်းဘဝကို သေတာထက် ပိုဆိုးစေလိမ့်မယ်..."

ဝမ်ချောင်က ပြုံးပြီး အော်ဟစ်လိုက်လေသည်။

"လျိုချွမ်း သေပြီ?" လုရွှမ် အံ့သြသွားသည်။

အဲဒီကောင်က အိပ်ဆောင်ထဲကို ပြေးဝင်ပြီး သူ့ကို ဒုက္ခရောက်အောင် လုပ်တဲ့အပြင် ယွမ်ချောင်နဲ့ တခြားသူတွေကိုတောင် ရိုက်နှက်ခဲ့သေးတယ်လေ။ သူ့ကို သင်ခန်းစာ ပြန်ပေးမယ်လို့တောင် ပြောနေသေးတာ။

ဘယ်လိုလုပ် သေသွားတာလဲ?

"ဟန်ဆောင်မနေနဲ့! မင်းနဲ့သူ ပြဿနာ ဖြစ်ထားတယ်! ပြီးတော့ သတ်တဲ့သူက မူလအမှတ်ရဲ့ နှောင်းပိုင်းအဆင့်လောက်က ဆိုတော့ အားလုံး မင်းနဲ့ညီတယ်.... မင်းကို ချက်ချင်းဝန်ခံဖို့ ငါအကြံပေးတယ် အဲ့လိုဆို မင်းအသက်ရှင်နိုင်တယ်... မဟုတ်ရင်တော့ ငါတို့ မယဉ်ကျေးတာကို အပြစ်မတင်နဲ့!"

ဝမ်ချောင်သည် စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ဟောက်လိုက်သည်။

အရင်က မင်းငါ့ကို မောက်မာပြီးတော့ ရိုက်ခဲ့တာ မဟုတ်လား? ဥပဒေအဖွဲ့ထဲက လူတိုင်းက ဒီနေ့ဒီကိုရောက်လာကြပြီး အရေပြားနဲ့ အရိုးနယ်ပယ် ကျွမ်းကျင်တဲ့ ချောင်မင်ရှေ့မှာ မာနကြီးဝံ့သလား။

"ယဥ်ကျေးမနေဘူး?"

သူ့မျက်နှာကိုမြင်တော့ လုရွှမ် အသာခေါင်းခါပြီး ဖျတ်ကနဲ သူ့ရှေ့ကို ရောက်သွားကာ

"ဒဏ်ရာတွေ နာကျင်နေတာတောင် မေ့သွားပုံပဲ!"

"မင်းဘာလုပ်မလို့လဲ?"

ဝမ်ချောင် အံ့အားသင့်သွားပြီး နှစ်လှမ်းဆုတ်သွားခဲ့သည် ။သို့သော် သူ့ပတ်ဝန်းကျင်တွင် ဥပဒေအဖွဲ့ဝင်များနှင့် အဆင့်မြင့် ဝမ်ချောင်ပါ ရှိနေသည်ကို သတိရလိုက်သဖြင့် ချက်ချင်းပင် ငြိမ်သက်သွားကာ မျက်လုံးများထဲ ရက်စက်မှုဖြင့်။

"ဥပဒေအဖွဲ့က သင်းထောက်ချောင်မင် ဒီမှာပဲ! မင်းဘာလုပ်ချင်နေတာလဲ? ငါမင်းကို ပြောလိုက်မယ်!! ဒီနေ့မင်းငါ့လက်ချောင်း တစ်ချောင်းကို ထိတာနဲ့ မင်းတစ်သတ်လုံး နောင်တရစေရမယ်!"

"ကောင်းပြီလေ!"

လုရွှမ်က သူ့ခေါင်းကိုမော့ပြီး အပေါ်ကိုကြည့်ကာ

"မင်းရဲ့လက်ချောင်းလေး တစ်ချောင်းကို ငါမထိဘူး!"

ဟူ.....

စကားကျလာသည်နှင့် တပြိုင်နက် လက်ငါးချောင်းဆန့်၍ ဝမ်ချောင်ကို ရုတ်တရက် ဖမ်းဆုပ်လိုက်သည်။

"မင်း……"

မထင်မှတ်ပဲ လူငယ်က စကားပြောပြီးတာနဲ့ ဝမ်ချောင်က လန့်ဖျပ်သွားပြီး နောက်ပြန်ဆုတ်ချင်ပေမယ့် သူ့ကို ပြိုင်ဘက်ရဲ့ လက်ဖဝါးက ဖုံးအုပ်ထားတာ တွေ့လိုက်ရသည်။

ဝုန်း....ဝုန်း....ဝုန်း....

အသံများ ဆက်တိုက် ထွက်ပေါ်လာပြီးနောက် ဝမ်ချောင်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေရပြီ ဖြစ်သည်။ ရုတ်တရက် မြေကြီးပေါ် ပြုတ်ကျသွားတဲ့ ဝမ်ချောင်မှာ သူ့လက်အရိုးနှင့် ခြေထောက်အရိုးများအားလုံးကို လုရွှမ်က ချက်ချင်းပင် ကျိုးကြေသွားစေကာ လက်ချောင်းတစ်ချောင်းသာ ကျန်တော့သည်။

"အား……"

ပြင်းထန်သော ဝေဒနာတွင် ဝမ်ချောင်သည် ဝံပုလွေတစ်ကောင်လို အော်ဟစ်ကာ မျက်လုံးများ မှိန်သွားကာ ငြိမ်ကျသွားခဲ့သည်။

"ဥပဒေအဖွဲ့က လူတွေကို နာကျင်အောင်လုပ်ဖို့ သတ္တိရှိတယ်ပေါ့? ! ကောင်လေး... မင်းက သိပ်သတ္တိရှိတာပဲ!"

လုရွှမ်ရဲ့ လှုပ်ရှားမှုတွေက မြန်လွန်းတယ်။ လူတိုင်း တုံ့ပြန်ချိန်မရလိုက်ဘဲ တိုက်ပွဲက ပြီးသွားပြီ။ ဝမ်ချောင်က မြေပြင်မှာ သတိလစ်နေတာကို တွေ့လိုက်ရတော့ ချောင်မင် ဟောက်လိုက်သည်။

ဝှစ်....

တခဏချင်းမှာပဲ အရေပြားနဲ့ အရိုးနယ်ပယ်ရှိ ကျောင်းသားတွေနဲ့ ချောင်မင်တို့သည် လုရွှမ်ကို တချိန်တည်း ဝိုင်းရံလိုက်ကြသည်။

All Chapters