← Chapters

သွားစမ်း!

Vol. 3 Ch. 36

သွားစမ်း!

Vol. 3 Ch. 36

"ဒီကောင်က သူ့ဘာသာ လာတောင်းဆိုနေတာလေ... သူ့လက်ချောင်း တစ်ချောင်းကို မထိနဲ့လို့ ပြောတာတော့ ငါကဒီအတိုင်း လှုပ်ရှားပေးလိုက်ရုံပဲ....လျိုချွမ်းသေတာကတော့ ငါအခုမှသိတာ"

လုရွှမ်က နည်းနည်းလေးမှ ထိတ်လန့်တကြား ဖြစ်မနေဘဲ မျက်နှာကလည်း ဘာမှမထူးခြားချေ။

"ဟုတ်ပြီ.... ရှင်းပြစရာကတော့ ရှင်းပြပြီးသွားပြီ....ဖယ်ပေး! ငါ ကျင့်ကြံဖို့ ကျန်သေးတယ် မင်းတို့နဲ့ ပေါက်ကရတွေ လုပ်နေဖို့ စိတ်မပါဘူး"

"ပေါက်ကရ?"

"ငါတို့ ဥပဒေအဖွဲ့က ရှုပ်နေတာလို့ ပြောရဲတယ်ပေါ့?"

"ကောင်လေး....မင်းခေါင်းကို မြည်းတစ်ကောင်က နင်းသွားလို့လား? ဥပဒေအဖွဲ့က မင်းလျိုချွမ်းကို သတ်လိုက်တယ်လို့ ထင်ရင် မင်းသတ်လိုက်လို့ပဲပေါ့! အခုချက်ချင်း ငါတို့နဲ့ ပြန်လိုက်ပြီး အမှားကို ဝန်ခံလိုက် မင်းကိုပေါ့လျော့တဲ့ ပြစ်ဒဏ်ပေးနိုင်ပါတယ် ဒီလိုမှ မဟုတ်ရင် ဒီနေရာမှာ မင်းကိုသတ်လိုက်ရင်တော့ ဘယ်သူမှ လာပြောရဲမှာ မဟုတ်ဘူး!"

"ဒီကောင်လေးက သူ့ဦးနှောက်မှာ ပြဿနာရှိနေတာပဲ... ဘာလို့ သူ့ကို ဒီလောက်ပြောနေတာလဲ? တစ်ခါတည်း သူ့ကို ခေါ်သွားလိုက်... ရာဇ၀တ်မှုတွေကိုတောင် ကျူးလွန်ထားပြီကို သူဝန်မခံဘူးဆိုတာ ငါမယုံဘူး!"

.......

လုရွှမ်၏ စကားကိုကြားတော့ ချောင်မင်နှင့် အခြားလူများသည် ဒေါသကြောင့် သွေးအန်လုနီးပါး ဖြစ်သွားကြသည်။

ဒီလေသံက အရွယ်ရောက်ပြီးသူက ကလေးကို ရိုင်းစိုင်းနေတာမြင်လို့ ရိုက်ပုတ်ချင်သလို ဖြစ်နေတယ်။ တကယ် ဟန်ဆောင်တတ်လွန်းတာပဲ

ကောင်လေး မင်းကိုယ်မင်း ဘယ်သူထင်နေလဲ? အောက်ခြေအတန်းက လူလေးသာသာပဲလေ လူတိုင်းကြောက်ရတဲ့ ဥပဒေအဖွဲ့ကို လာရှုပ်နေတာလို့ ပြောရဲစရာလား

ဦးနှောက်က တကယ်ပဲ ပြဿနာရှိနေတာလား?

အထူးသဖြင့် ဝမ်ချောင်ကို သွေးအန်တဲ့အထိ တိုက်ရိုက်ချပစ်လိုက်တာလေ

သူပြောတဲ့ 'ငါ့လက်ချောင်း တစ်ချောင်းကို ထိကြည့်' ဆိုတာက သူ့ရဲ့လက်ချောင်း တစ်ချောင်းကိုတောင် လာမထိရဘူးလို့ ပြောတာလေ။ လက်ချောင်း တစ်ချောင်းကလွဲရင် ကျန်တဲ့နေရာ အကုန်ရတယ်လို့ ပြောတာမဟုတ်ဘူး နားလည်လား

"သေနာကောင်....မင်းကိုယ်မင်း သေကြောင်းရှာနေမှတော့ ငါတို့အားမနာတာ အပြစ်မတင်နဲ့!! သူ့ကိုဖမ်းလိုက်ပြီး အရိုးတွေ ချိုးပစ်! ခုခံတာနဲ့ တစ်ခါတည်း သတ်ပစ်လိုက်!"

ချောင်မင် ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

"မင်းက သူတို့ရဲ့ ခေါင်းဆောင်ထင်တယ်...အရိုးချိုးတာလား? တစ်ခါတည်း သတ်တာလား? အစကတော့ မင်းနဲ့ စကားအချေအတင် ပြောဖို့ စိတ်မပါဘူး... ဒါပေမဲ့ မင်းဘာသာ တမင်ပြဿနာ လာရှာနေမှတော့ စိတ်မကောင်းပါဘူး...."

လုရွှမ်အတွက်တော့ ဒီလူတွေဟာ တကယ်ကို ချီးထုပ်တွေပဲ။

ဒီရက်ပိုင်း ရွှေဝိညာဥ်ရေကန်မှာ လေ့ကျင့်နေတာ လူသတ်ဖို့ ဘယ်လိုလုပ် အချိန်ရနိုင်မလဲ? ဒါ့အပြင် သူနဲ့ ပဋိပက္ခဖြစ်ခဲ့လို့ ကိုယ့်ကိုယ်ကို သတ်သေခဲ့တာလား?

အဲ့လိုဆို ဧကရာဇ်ကျိုးရန် သူ့ကိုသတ်ခဲ့တာကရော သူ့ကိုယ်သူ သတ်သေခဲ့တာပဲလား?

ယုတ္တိ လုံးဝမရှိဘူး!

ဒီကောင်တွေက လူသတ်သမားကို မရှာဘဲ သူ့ကို လာနှောက်ယှက်နေတယ်?

သို့သော် ရှင်းပြသင့်သည်များကို ရှင်းပြပြီးနောက် တစ်ဖက်က တိုက်ခိုက်ချင်သေးတယ် ဆိုရင်တော့ ၎င်းတို့အား ယဉ်ကျေးနေရန် မလိုအပ်။

လုရွှမ်သည် သူ့ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။

သူ့အရှိန်က မမြန်ဘူးထင်ရပေမယ့် ဘယ်သူကမှ မမျှော်လင့်ထားတဲ့ လမ်းကြောင်းအတိုင်း ပေါ်လာ၏။ မျက်စိတစ်မှိတ် အတွင်းမှာပဲ လူလေးယောက်ရဲ့ ဝိုင်းထဲကနေ ပြေးထွက်လာပြီး ချောင်မင်ဆီကို ရောက်သွားသည်။

"ရောက်လာတာနဲ့ အတော်ပဲ!"

သူ့အနားရောက်လာတာကို မြင်တော့ ချောင်မင်က ဝမ်ချောင်လောက် မထိတ်လန့်ပေမယ့် သူ့အရိုးတွေ ကြွက်သားတွေ တဆတ်ဆတ် တုန်လာသည်။

အရေပြားနဲ့ အရိုးတွေနယ်ပယ် ပြီးပြည့်စုံအဆင့်။ ကြွက်သားတွေ၊ အဆစ်တွေ၊ အရေပြားတွေ၊ အရိုးတွေနဲ့ အတွင်းအင်္ဂါတွေ အားလုံးဟာ သာမန်လူတွေထက် သာလွန်သည်။

လှုပ်ရှားမှုနှင့် အသက်ရှူသံတွေက ကျားတစ်ကောင်လို လူတွေကို ဖိနှိပ်ထားနိုင်၏။

ဝူ.....

လက်သီးတစ်ချက် ထွက်လာသည်။

ပြင်းထန်သော စွမ်းအားသည် ပြိုကျနေသော ကျောက်တုံးကြီး တစ်ခုလို သူ့ဆီမရောက်မီတွင် တုန်လှုပ် ချောက်ချားနိုင်သည့် ဖိနှိပ်မှုတစ်ခု ပါလာ၏။

ချီစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော စွမ်းအားသည် တန်းလိနယ်ပယ်၏ အစောပိုင်းအဆင့်နှင့် များစွာ ကွာခြားမှု မရှိပေ။ ဆက်လက် လေ့ကျင့်နေသရွေ့ တစ်လအတွင်း ဖြတ်ကျော်နိုင်မည်ဖြစ်သည်။

ဒီလို အရည်အချင်းတွေ ရှိနေတာပဲ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေတာ မထူးဆန်းတော့ပါဘူး။

"အဆင်ပြေသားပဲ!"

လုရွှမ်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး သူ့လက်ငါးချောင်းကို ဆွဲဆန့်၍ ဘေးသို့ရှောင်ထွက်သွား၏။

သူ့ရှေ့မှ ရူးကြောင်ကြောင် လက်သီးချက်သည် လေကိုသာ ထိမှန်သွားပုံရပြီး ချောင်မင်သည်လည်း ၎င်း၏ ခွန်အားကို မထိန်းနိုင်ဘဲ မြေကြီးကိုသာ ရိုက်မိသွားသည်။

တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်နှင့် ခုနစ်ကြိမ် သို့မဟုတ် ရှစ်ကြိမ်ကြာပြီးနောက် သူရပ်လိုက်ပြီး ရှက်ရွံ့စွာ ကြည့်လိုက်သည်။

"ငါမင်းကို သတ်မယ်....."

ဂုဏ်သိက္ခာရှိသော ဥပဒေအဖွဲ့၏ သင်းထောက်ဖြစ်သော အရေပြားနှင့် အရိုးနယ်ပယ် ပြည့်စုံသောအဆင့်ဖြစ်တဲ့ သန်မာသော အမျိုးသားတစ်ဦးသည် အတန်းနိမ့် ကလေးငယ်တစ်ဦး၏ လှည့်ပတ်ကစားခြင်းကို ခံနေရသည်။

ချောင်မင်သည် ဒေါသကြောင့် သေဆုံးလုနီးပါးဖြစ်လာသည်။ ထိုစဥ်

"အား……"

အရေပြားနှင့် အရိုးနယ်ပယ်၊ အရေပြားနှင့်အရိုးများကို သန့်စင်ပေးခြင်း၊ ရိုးတွင်းခြင်ဆီ သန့်စင်ခြင်းနှင့် အတွင်းအင်္ဂါများကို သန့်စင်ခြင်း ဖြစ်ရာ ဆံပင်ကို သန့်စင်ခြင်း မပြုနိုင်ခဲ့။ သူ့ဆံပင်တွေ စုတ်ပြဲပြီး ဦးရေပြားက သွေးတွေ စီးကျလာရာ ပြင်းထန်တဲ့ နာကျင်မှုကြောင့် ချောင်မင်က အော်ဟစ်လိုက်သည်။

"မင်း.....သေချင်နေတာပဲ"

"စီနီယာ ချောင်မင်ကို လွှတ်လိုက်..."

ချောင်မင်က သူ့ကိုယ်သူ ကာကွယ်ရင်း ဖမ်းနိုင်မယ်လို့ တခြားသူတွေက ထင်နေကြပေမယ့် မျက်စိတစ်မှိတ် အတွင်းမှာ ဒီလိုပြောင်းလဲမှုမျိုး ဖြစ်လာမယ်လို့ ဘယ်သူမှ အိပ်မက်မမက်ခဲ့ကြဘူး။

ဖြောင်း.....ဖြောင်း....ဖြောင်း ဖြောင်း

စူးစူးရှရှ အသံလေးသံ ဆက်တိုက် ထွက်ပေါ်လာပြီး အဆုံးမဲ့ ညည်းတွားသံများသည် လျင်မြန်စွာ ဖြတ်ကျော်လာသော ဥပဒေအဖွဲ့မှ ကျောင်းသားများအားလုံး မြေပြင်ပေါ်တွင် လဲကျသွားသော အသံများပင် ဖြစ်သည်။

ဤဥပဒေအဖွဲ့မှ အဖွဲ့ဝင်များသည် အရေပြားနှင့် အရိုးနယ်ပယ်၏ နှောင်းပိုင်းအဆင့်တွင်သာ ရှိကြပြီး လုရွှမ်သည် ချောင်မင်လို ပြီးပြည့်စုံသောအဆင့်ကိုပင် အလွယ်တကူ အနိုင်ယူနိုင်ခဲ့သည်။

"ငါ့ကို လွှတ်စမ်း!"

သူ့ခေါင်းပေါ်မှ ကိုက်ခဲနေသော နာကျင်မှုကို မျိုသိပ်ကာ ချောင်မင်ကို ပြင်းစွာ ဟောက်လိုက်သည်။

အခြားသူများ ဥပဒေအဖွဲ့နှင့် တွေ့သောအခါတွင် ၎င်းတို့အားလုံးကို နာခံစွာဖြင့် ဖမ်းဆီးခံကာ လွတ်မြောက်ရန်အတွက် ရတနာမျိုးစုံကိုပင် ကမ်းလှမ်းခဲ့သည်။

သူတို့ရှေ့က ကောင်လေးကတော့ နည်းနည်းလေးမှ မနာခံဘဲ အားလုံးကို မြေပြင်ပေါ် တိုက်ရိုက် ရိုက်ချပစ်သလို ဆံပင်ကို လှမ်းဆွဲပြီးတောင် ကိုင်ပေါက်ပစ်နေ၏။

ဒါဟာ ရိုးရိုးရှင်းရှင်း ဥပဒေမဲ့နေတာပဲ!

"လွှတ်ရမယ်? ကောင်းပြီ!"

လုရွှမ်က ပေါ့ပေါ့ပါးပါး လှန်လိုက်သည်။

ဝှစ်......

ချောင်မင်၏ ခေါင်းပေါ်ရှိ ဆံပင် အပိုင်းအစကြီး တစ်ခုလုံး စုတ်ပြဲသွားကာ သူ့တစ်ကိုယ်လုံး စုတ်ပြတ်သတ်စွာ မြေပြင်ပေါ် လဲကျသွားသည်။

"အား……" ချောင်မင်က အော်ပြန်၏။

"မင်းငါ့ကို ဒီလိုမျိုး ဆက်ဆံရဲတယ်!! မင်းမိသားစု တစ်ခုလုံးကို ငါသတ်ပစ်မယ်!! သေစရာနေရာမရှိအောင် လုပ်ပစ်မယ်!!..."

သို့သော် အော်ငေါက်ခြင်း မပြီးမီတွင် ကောင်လေး၏ မူလက ဘာမှမထူးခြားသော မျက်လုံးများထဲတွင် အေးစက်သော အကြည့်နှင့်အတူ သူ့ရှေ့တွင် ပေါ်လာသည်။

"ငါ့မိသားစုကို သတ်မယ်? သေချာလား?"

ဂျွတ်!

မေးခွန်းတစ်ခုနှင့်အတူ ချောင်မင်၏ လက်မောင်းရှိ အရိုးများသည် အပိုင်းပိုင်း ဖြစ်တဲ့အထိ တိုက်ရိုက် အနင်းခံလိုက်ရလေ၏

"ငါ……"

တစ်ဖက်သား၏ လျစ်လျူရှုသော မျက်လုံးများနှင့် ပြတ်ပြတ်သားသား လုပ်ရပ်ကို မြင်လိုက်ရသောအခါ ချောင်မင်သည် အလွန် ထိတ်လန့်သွားပြီး ကျိန်ဆဲခါနီး စကားများက လည်ချောင်းဝမှာတင် တစ်သွားသည်။

"ငါ့ကို ခြိမ်းခြောက်တာကို မကြိုက်ဘူး ဒါက ပထမ အကြိမ်ပဲ...ဒုတိယ အကြိမ် မလိုချင်ဘူး"

ဂျွတ်....

လုရွှမ်၏ ခြေဖဝါးများအောက်တွင် အက်ကွဲသံများ ထွက်ပေါ်လာသည်။

အရင်ဘဝက ကြီးကျယ်ခမ်းနားတဲ့ အရူးဧကရာဇ် လုရွှမ်ဆိုတဲ့ နတ်ဆိုးတစ်ကောင်ဟာ အမြဲတမ်း သူများကိုပဲ ခြိမ်းခြောက်တတ်ပြီး မျက်စိရှေ့က ဒီကောင်လေးက သူ့ကိုခြိမ်းခြောက်ရဲနေ၏။

မိသားစုဆိုတဲ့ စကားတောင် ထည့်ပြောလိုက်သေးတယ်။ သေတွင်းတူးနေတာ မဟုတ်လို့ ဘာဖြစ်မှာလဲ

"အား...……"

ဟူ.....ဟူ.....

ဒီမြင်ကွင်းကို မမြင်ခင် မြေပြင်ပေါ် လှဲချခံခဲ့ရတဲ့ ဥပဒေအဖွဲ့ဝင် ကျောင်းသားများ နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်နေပြီး သွားတွေ အချင်းချင်း ရိုက်နေတာပင် မရပ်ကြတော့။

တစ်ချိန်တည်းမှာပင် သူတို့သည် တစ်ဖက်လူကို ခြိမ်းခြောက်ခြင်း မပြုခဲ့သည့်အတွက် ဝမ်းသာမိသည်။ မဟုတ်ပါက ထိုသို့ သနားစရာကောင်းသော အခြေအနေက သူတို့ကိုယ်တိုင်လည်း ဖြစ်သွားနိုင်သည်။

"သွားစမ်း!"

ချောင်မင်၏ အရိုးများကို ကြိတ်ပြီးနောက် လုရွှမ်သည် မလှုပ်ရှားတော့ဘဲ ဟစ်အော်လိုက်သည်။

"ဟုတ်ကဲ့!"

"ဟုတ်ကဲ့!"

ဥပဒေအဖွဲ့ဝင် ကျောင်းသား အများအပြားသည် နာကျင်မှုကို မြင်ယောင်ကြည့်ရင်း ချောင်မင်နဲ့ ဝမ်ချောင်ကို ဆွဲမကာ မနားတမ်း ပြေးထွက်သွားကြလေ၏။

သူတို့မျက်လုံးထဲမှာတော့ သူတို့ရှေ့က ကောင်လေးက လူသားမဟုတ်ဘဲ ဘီလူးတစ်ကောင် ဖြစ်နေပြီ။ သူ့ဘေးနား ခဏလောက်တောင် မနေရဲပါဘူး။

ထွက်ခွာသွားသော လူများကို လျစ်လျူရှု၍ လုရွှမ်လည်း လှည့်ထွက်သွားသည်။

သူ စိတ်ထားကောင်းတာတော့ မဟုတ်ပေ။ ဒီလူတွေကို သတ်ပစ်ဖို့ မထိုက်တန်သေးလို့သာ ဖြစ်သည်။

လူနည်းနည်းပဲလေ သူတို့ကိုသတ်ပြီး သူ့ရဲ့လက်ကိုတောင် ညစ်ပတ်သွားစေဦးမယ်

"တုယန် နဲ့လျိုချွမ်း နှစ်ယောက်လုံး သေကုန်ပြီ... သူတို့နှစ်ယောက်စလုံး အသက်မရှင်ခင်မှာ ငါနဲ့ ပဋိပက္ခတွေရှိခဲ့တော့ ငါ့ကို သံသယဖြစ်တာက ပုံမှန်ပဲ...ဒါပေမယ့် ဒါကတိုက်ဆိုင်လွန်းတယ်!"

သူသိလိုက်သော သတင်းကိုတွေးရင်း လုရွှမ် မျက်မှောင်ကြုတ်လိုက်သည်။

All Chapters