← Chapters

ဝူအဆင့်၃

Vol. 3 Ch. 37

ဝူအဆင့်၃

Vol. 3 Ch. 37

တုယန်နှင့် လျိုချွမ်း နှစ်ဦးစလုံး သူနှင့် စကားများရန်ဖြစ်ပြီးနောက် အသတ်ခံခဲ့ရပြီး လူများကသူ့ကို သံသယဝင်လာကြတာ ထူးဆန်းတာတော့ မဟုတ်။

သို့သော် တိုက်ဆိုင်နေ၏။

"ထားလိုက်တော့ ငါ့မှာ ဒါတွေကို စဉ်းစားဖို့ အချိန်မရှိဘူး....အခု အရေးကြီးတာက အဆင့်တက်ဖို့ပဲ"

အတန်ကြာ စဉ်းစားပြီးနောက် မူလပိုင်ရှင်၏ မှတ်ဉာဏ်သည် လွတ်သွားကာ ထိုနေရာတွင် ဘာမျှမရှိဟု ထင်ရတာကြောင့် လုရွှမ်လည်း ခေါင်းခါလိုက်သည်။

ဘယ်လို အကြောင်းကြောင့်ပဲဖြစ်ဖြစ် ပူးပေါင်းကြံစည်မှုပဲ ဖြစ်ဖြစ် မတော်တဆမှုပဲ ဖြစ်ဖြစ်၊ သူ့မှာ ခွန်အားမရှိရင် တခြားသူတွေက လာသတ်ပစ်နိုင်တယ်။

ဒါကြောင့် ဒီလူနှစ်ယောက်ရဲ့ သေဆုံးရခြင်း အကြောင်းအရင်းကို ခန့်မှန်းဖို့ ကြိုးစားမယ့်အစား သူ့ရဲ့ ခွန်အားကို မြှင့်တင်တာက ပိုကောင်းပါတယ်။

ပေါ့ပေါ့ပါးပါး တစ်ခုခုစားပြီး အိပ်ဆောင်ကို ပြန်လာတဲ့အခါ ယွမ်ချောင်နဲ့ ရန်းလင်တို့ ရှိမနေတာ တွေ့ရသည်။

လုရွှမ်သည် ကုတင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်ကာ ကျင့်ကြံမှု အခြေအနေထဲ ဝင်ရောက်ခဲ့သည်။

ဒီရက်ပိုင်းထဲ ဆင်သံချပ်ရွှေကိုယ်ထည်ကိုသာ လေ့ကျင့်နေခဲ့တာကြောင့် ယွမ်ယန်ကျင့်စဥ်ကို ပစ်ထားခဲ့မိသည်။ တက်နိုင်သမျှ မြန်မြန် ကျင့်ကြံရမည်။

ဟုန်း.....ဟုန်း.....

တဟုန်းဟုန်း တောက်လောင်နေသော ဝိညာဉ်စွမ်းအင်များကို လေထဲမှ ဆွဲစုပ်ကာ သွေးကြောများတစ်လျှောက် ဖြည်းညှင်းစွာ စီးဆင်းသွားစေ၏။ ခဏအကြာတွင် တစ်ကိုယ်လုံးကို ဝိညာဥ်စွမ်းအင်များ ပြည့်စေခဲ့သည်။

"အရေပြားနဲ့ အရိုးနယ်ပယ်က ကြွက်သား၊ အရွတ်၊ အမြှေးပါး၊ အရိုးနှင့် အင်္ဂါအစိတ်အပိုင်းတွေကို တောင့်တင်းစေတဲ့ စွမ်းအင်ရှိတယ်... အရင်က ဆင်သံချပ် ရွှေကိုယ်ထည်ကို လေ့ကျင့်ခဲ့ပေမယ့် အဲဒါကို ပြန်ဖြည့်တင်းဖို့ ဝိညာဉ်စွမ်းအင်ကို သုံးလိုက်ရင် အကျိုးသက်ရောက်မှုက ပိုကောင်းလာလိမ့်မယ်"

လေးရက်ကြာမျှ သတ္တုစွမ်းအားကို မရပ်မနား စုပ်ယူပြီးနောက် သူ၏ ရုပ်ခန္ဓာသည် အရေနှင့် အရိုးနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး တန်းလိစွမ်းအင် ၂ခုအထိ ရောက်နေပြီ ဖြစ်သည်။

ဒီအခြေအနေကို ရောက်ရင်တော့ ဘယ်သူမဆို ကျေနပ်နေလိမ့်မည်။ သို့သော် သူကတော့ မတူဘူးလေ။

သူ၏အမြင်အရ ရုပ်ခန္ဓာသည် ရှေ့ဆက်သွားရန်အတွက် ဝိညာဉ်စွမ်းအင်မှ အာဟာရ လိုအပ်နေသေးသည်။

ဗုန်း.....

ယွမ်ယန်ကျင့်စဥ်မှ စုပ်ယူလိုက်သော ကြီးမားသော စွမ်းအင်သည် ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်ပြီးနောက် ခန္ဓာကိုယ်ထဲရှိ ကြွက်သားများ အားလုံးသို့ ဖြန့်ဝေသွားပြီး ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းသည် သိသာထင်ရှားစွာ တိုးတက်လာခဲ့သည်။

ဘယ်လောက်ကြာသွားလဲ မသိ။

ဟူ.......

လုရွှမ် မျက်လုံးဖွင့်လိုက်သည်။

"နောက်ဆုံးတော့ ကြွက်သားတွေ၊ အရွတ်တွေ၊ အမြှေးပါးတွေ၊ အရိုးတွေနဲ့ ကလီစာတွေကို ဝိညာဉ်စွမ်းအင်နဲ့ ပြန်ပြီး ချုပ်ငြိမ်းစေခဲ့ပြီ.... ခွန်အားက အရေခွံနဲ့ အရိုးတွေကို ပြီးပြည့်စုံတဲ့အထိ ချိုးဖျက်နိုင်ခဲ့တာပဲ"

မတ်တပ်ထရပ်ပြီး လက်သီးကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။

ဝုန်း.....ဝုန်း....ဝုန်း...ဝုန်း...

လေထဲတွက် အဆက်မပြတ် ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်တစ်ခုလုံး၏ ကြွက်သားများ၊ အရိုးများနှင့် အတွင်းအင်္ဂါများ တွန်းတိုက်မိသလို အသံမြည်လာသည်။

"တန်လိစွမ်းအား ၄ခု! တန်လိစွမ်းအင် ရအထိ ရောက်လာလိမ့်မယ်လို့ မထင်ထားဘူး...တန်းလိနယ်ပယ် အထွတ်အထိပ် စွမ်းအင်နဲ့တောင် ယှဥ်နိုင်တယ်!"

လုရွှမ် ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

ဝူအဆင့်၃ တစ်ဦး၏ အစောပိုင်းအဆင့်တွင် တန်းလိစွမ်းအင် တစ်ခု၊ အလယ်တန်း အဆင့်တွင်၂ခုနှင့် အထွတ်အထိပ်တွင် တန်းလိစွမ်းအင် ၄ခုတို့ ရှိသည်။

ယွမ်ယန်ကျင့်စဥ်နဲ့ ဆင်သံချပ်ရွှေကိုယ်ထည် တို့ကြောင့် သူ့ရဲ့အရေပြားနဲ့ အရိုးနယ်ပယ်က ဒီလိုစွမ်းအားမျိုး ရှိလာတာ ဖြစ်သည်။

အောင်မြင်မှုက တစ်ဖက်ကမ်းမှာဆိုရင် ခန္ဓာကိုယ်က လှေတစ်စင်းပဲ။ လှေသာရှိနေရင် အောင်မြင်မှုရဲ့ အဆုံးသတ်အထိ ရောက်အောင် သွားနိုင်လိမ့်မည်။

ဤသင်္ဘော၏ စွမ်းအင်ကိုသုံးပြီး အုတ်မြစ်ချရန် ဝူအဆင့်၃က အလွန်အရေးကြီးပါသည်။

အရင်ဘဝတုန်းကတော့ ကျင့်ကြံရေး နည်းလမ်း မြောက်များစွာကို တွေ့ခဲ့ပြီး စိတ်ကို ကောင်းကောင်း မထိန်းနိုင်တဲ့ လေ့ကျင့်ရေးသမား တော်တော်များများကိုလည်း တွေ့ဖူးသည်။

နောက်ဆုံးမှာတော့ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကြသည်။

"သာမန်လူတွေက ရုပ်ခန္ဓာရဲ့ နန်းတော်ပင်လယ်ကိုဖွင့်ပြီး စစ်မှန်တဲ့ စွမ်းအင်ကို အကန့်အသတ်နဲ့ စုဆောင်းကြတယ် အဲဒါက တန်းလိ၅ခုပဲ! ဒဏ္ဍာရီအရ သူတော်စင် အဆင့်တွေကပဲ တန်းလိစွမ်းအင် ၉ခုအထိ ပိုင်ဆိုင်နိုင်ကြတယ်လို့ ပြောတယ်... အရင်ဘဝက ငါနန်းတော်ပင်လယ်ကို မဖွင့်ဘဲ မတော်တဆ စွမ်းအင်၉ခုအထိတောင် စုဆောင်းနိုင်ခဲ့တယ်.... ကြည့်ရတာ ဒီဘဝလည်း လုပ်နိုင်မယ့်ပုံပဲ"

သူ့ခန္ဓာကိုယ်ပေါ်က စွမ်းအားတွေကို ခံစားလိုက်ရတော့ လုရွှမ်ရဲ့ မျက်လုံးတွေထဲ အလင်းရောင်တွေနဲ့ ပြည့်လျှံလာသည်။

ဝူအဆင့်၄မှာ နန်းတော်ပင်လယ်ဘုံဖြစ်ပြီး ခန္ဓာကိုယ်တွင်းရှိ နန်းတော်ပင်လယ်ကို ဖွင့်ပေးကာ ဝိညာဉ်စွမ်းအင်ကို စစ်မှန်သောစွမ်းအင်အဖြစ် စုစည်းကာ ဝူအဆင့်သို့ အမှန်တကယ် တက်လှမ်းခြင်း ဖြစ်သည်။

သာမန် ကျင့်စဉ်ငါးခု၏ စွမ်းအားဖြင့် စစ်မှန်သော စွမ်းအင်ကို စုဆောင်းပြီး နန်းတော်ပင်လယ်ကို ပွင့်စေနိုင်သည်။ မွေးရာပါ သူတော်စင်သာလျှင် ကိုယ်ခန္ဓာကို တန်းလိစွမ်းအင် ကိုးခုအထိ ကျင့်ကြံနိုင်၏။

သာမန်လူတို့အဖို့တော့ ကောင်းကင်ကို စိန်ခေါ်နေသကဲ့သို့ အခွင့်အရေး မရှိသလောက်ပင်။

သူ၏ယခင်ဘဝတွင် ဤအဆင့်သို့ ရောက်ရှိရန် အခွင့်အလမ်း အရှိဆုံးကို ကြုံတွေ့ခဲ့ရပြီး ချောမွေ့စွာ အောင်မြင်သွားခဲ့ရာ ဧကရာဇ်ငါးပါးထဲတွင် အကျော်ကြားဆုံးဖြစ်လာခဲ့သည်။

ဤဘဝတွင် သူသည် ဤအခွင့်အရေးမျိုးကို မည်ကဲ့သို့ ရှာဖွေရမည်ကို စဉ်းစားနေခဲ့သော်လည်း ယခုတွင် ယွမ်ယန်ကျင့်စဥ်နှင့် ဆင်သံချပ်ရွှေကိုယ်ထည်ကို လေ့ကျင့်ထားပြီ။

သူအခု တန်းလိနယ်ပယ် ရောက်လာပြီမို့ တန်းလိစွမ်းအင်၉ကို ထိုးဖောက်ရန်အတွက် အလားအလာကောင်း ရှိနေပြီ။

"တန်းလိနယ်ပယ်အထိ တစ်ခါတည်း သွားလိုက်ကြတာပေါ့!"

ယခု သူသည် အရေခွံနှင့် အရိုး၏ ပြီးပြည့်စုံသော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် တစ်ကြိမ်တည်းတွင်ပင် သူသည် စွမ်းအားအပြည့် အနေအထားကို တိုက်ရိုက်ထိအောင် ရိုက်နိုင်သည်။

စဉ်းစားပြီးတာနဲ့ လုရွှမ် အသက်ပြင်းပြင်း ရှူလိုက်ပြီး ယွမ်ယန်ကျင့်စဥ်ကို ထပ်ပြီး နိုးထစေပြန်သည်။

တစ်နာရီလောက် ကြာသော်

လုရွှမ် နောက်တစ်ကြိမ် မတ်တတ်ထရပ်ပြီး မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ အရာအားလုံးက ရှင်းလင်းပြက်သားနေ၏။

ဝူအဆင့်၃ အစောပိုင်းကာလ။

တန်းလိစွမ်းအင် ၅ခု။

"တန်းလိနယ်ပယ်ပဲ....ဒီထက် တိုးတက်ချင်တယ် ဆိုရင် ရိုးရှင်းတဲ့ ကျင့်ကြံရေးနည်းနဲ့ တိုးလို့မရဘူး အမြန်ဆုံးနည်းလမ်းက... [မုရှန့်အစီအရင်]ပဲ...ဒါပေမယ့် ဒီလိုနေရာ သေးသေးလေးမှာ အဲဒီဟာရှိပါ့မလား မသိဘူး"

လုရွှမ် လေ့ကျင့်တာကို ရပ်လိုက်သည်။

တန်းလိနယ်ပယ်ထိ ရောက်လာခဲ့ပြီ။ အဆင့်တက်ဖို့ တရားထိုင်သလို ထိုင်နေရုံနဲ့တော့ မပြီးသေးချေ။ အမျိုးမျိုးသော တိုက်ခိုက်ရေးနှင့် ဝိညာဥ်စွမ်းအင် စုပ်ယူခြင်းကသာ ခန္ဓာကိုယ် အတွင်းပိုင်းက ကြွက်သားတွေကို ပေါင်းစည်းစေမှာ ဖြစ်သည်။

လေ့ကျင့်လေ ပိုသန်မာလာလေ ဖြစ်သည်။

သာမာန် အခြေအနေအရဆို အတွေ့အကြုံများ ရယူရန် ဝိညာဉ်သားရဲများကို လိုက်လံရှာဖွေခြင်းနှင့် တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာစေရန် အမျိုးမျိုးသော ပြိုင်ပွဲများတွင် ပါဝင်ရန် လိုအပ်သည်။

သို့သော် မုရှန့်အစီအရင် ဟုသည့် အမြန်နည်းလမ်း တစ်ခုလည်း ရှိပါသည်။

၎င်းသည် ရုပ်သေးပင်လယ်ဂိုဏ်းမှ တီထွင်ဖန်တီးထားသည့် အရာတစ်ခု ဖြစ်သည်။ အစီအရင်တွင် မရေမတွက်နိုင်သော ရုပ်သေးများ ပါရှိသည်။ အစီအရင်ထဲ ဝင်ရောက်မိသည်နှင့် အဆုံးထိ တိုက်ခိုက်ခံရမှာ ဖြစ်သည်။

ဤတိုက်ခိုက်မှုမျိုးအားဖြင့် ခွန်အားကို စုစည်းနိုင်ပြီး လေ့ကျင့်မှုကို တိုးတက်စေနိုင်သည်။

ရုပ်သေးပင်လယ်ဂိုဏ်းသည် ထိုအရာများကို ရှေးရှေးတုန်းက ဖန်တီးခဲ့ပြီး နေရာတိုင်းတွင် ရောင်းချခဲ့သည်။ ၎င်းတို့ကို သူယခင်ဘဝက နေထိုင်ခဲ့သည့် နေရာတိုင်းတွင် တွေ့နိုင်သည်။

ဤဝေးလံသော ကျန်းဝူအင်ပါယာမှာ ၎င်းကို ရှာတွေ့နိုင်မလား မသိ။

"မေးဖို့ တစ်စုံတစ်ယောက်ကို ရှာရမယ်ထင်တယ်..."

သေသွားသော နောင်တော်သည် သူ့ရဲ့စွမ်းအင်မှာ လုံးဝပြဿနာ ရှိနေတာမို့ ဤအကြောင်းကို များများစားစား သိပုံမရ။ ဒီအကြောင်းကို မေးဖို့ တစ်စုံတစ်ယောက်ကို ရှာရတော့မည်။

ဘယ်သူ့ကိုမေးရမလဲ။

"မုယန်ဖုန်း သိလောက်တယ်..."

လူတစ်ယောက်နာမည် သူ့စိတ်ထဲမှာ ပေါ်လာပြီး ချက်ချင်းပဲ ထခုန်လိုက်သည်။

"အာ.....မုယန်ဖုန်း...."

ဒီကောင်လေးကို ကုသပေးမယ်လို့ ကတိပေးခဲ့ပြီး လေ့ကျင့်နေတာနဲ့ မေ့သွားခဲ့တာပဲ။

အပြင်ကို မော့ကြည့်လိုက်တော့ အရှေ့ဘက်ခြမ်းက အနည်းငယ်နီနေပြီး နေရောင်က အနည်းငယ် ပေါ်လာကာ မိုးလင်းခါနီးပြီ။

"သွားကြည့်ကြည့်ရအောင်!"

မေ့တယ်ဆိုတော့လည်း မေ့တယ်ပေါ့။ သူ့ကို ဒီလောက်စောင့်ခိုင်းထားရတာ ကိစ္စကြီးလည်း မဟုတ်ပါဘူး။

အိပ်ဆောင်မှာ တစ်ယောက်မှ မရှိပေ။ သူ့အခန်းဖော် နှစ်ယောက်က တစ်နေရာရာမှာ ဆော့ပြီး ပြန်မလာသေးပုံရသည်။

ကျင့်ကြံခြင်း၊ ကောင်းကင်ကို တိုက်ခိုက်ခြင်း၊ အသက်ပြန်မရှင်ခြင်းမှာ သာမာန်ကိစ္စ တစ်ခုဖြစ်ပြီး သူ ပြန်လည်မွေးဖွားလာသည်မှာ တစ်လခွဲကျော်ရှိပြီ။

အမှန်တကယ်တော့ အိပ်ဆောင်နေခဲ့ရတာက တစ်ညသာ ရှိသည်။

……

စွမ်းအင်တွေ တိုးတက်လာပြီး အရှိန်ကလည်းမြန် အချိန်ကလည်း မကြာဘဲ နောက်တစ်ကြိမ် ရွှေဝိညာဥ်ရေကန်ကို ထပ်ရောက်လာခဲ့သည်။

အရှေ့မရောက်ခင် မြေအောက်နန်းတော်ရှေ့မှာ လှည့်ပတ်ကြည့်နေတဲ့ လူအရိပ်တစ်ခုကို တွေ့ရ၏။ သူ့မျက်နှာမှာ စိုးရိမ်စိတ်တွေ ပြည့်နှက်နေလေသည်။

ထိုသူက မုယန်ဖုန်းပင်။

သူ့မှာ ဆေးကုဖို့ အခွင့်အရေး ရှိသေးမှန်း သိတာနဲ့ ညမမှောင်ခင် ဒီမှာစောင့်နေခဲ့တာ ဘယ်သူသိမှာလဲ။ သူ တစ်ညလုံး စောင့်ခဲ့ရတယ်လေ။

"ငါ လူငယ်တစ်ယောက်ကို မယုံခဲ့သင့်ဘူး... သူ့အမေဝမ်းထဲက ကျင့်ကြံနေရင်တောင် သူ့အသက်အရွယ် အရတော့ အရမ်းတော်မနေနိုင်ဘူး..."

"ဒါပေမဲ့... တစ်ချက်တည်းနဲ့ [အဆုတ်ယင်ဖြတ်ခြင်း] လို့ ဘယ်လိုပြောနိုင်မှာလဲ? ဒီလက္ခဏာအတွက် ဆရာကြီး ယွမ်ဟုန်ဆီသွားပေမယ့် သူတောင် သတိမထားမိလိုက်ဘူး..."

"အမှတ်မှားသွားတာလား ဒါမှမဟုတ် ငါအချိန်ကို နားကြားလွဲသွားလို့ ဒီညမဟုတ်တာလား..."

လှည့်ပတ်ရင်းနဲ့ သူ့ကိုယ်သူ စကားပြောနေမိသည်။

အနှစ် 20 နီးပါး ညှဉ်းပန်းနှိပ်စက်ခံရပြီး ကုသမှုခံယူရန် အခွင့်အလမ်း ရှိသော်လည်း သူသည် သူ့အသက်အတွက်လည်း စိတ်ပူမိသည်။

"အဟမ်း!"

သူ့ကိုဒီလို မြင်လိုက်ရတော့ လုရွှမ်လည်း အနည်းငယ် ရှက်သွားပြီး သူမေ့သွားတာကြောင့် တစ်ဖက်လူကို တစ်ညလုံး စိတ်ပူပူနဲ့ စောင့်စေခဲ့မိသည်။

"နောက်ဆုံးတော့ မင်းရောက်လာပြီ!"

ထိုအသံကိုကြားတော့ မုယန်ဖုန်း၏ မျက်လုံးများ တောက်ပလာပြီး မျက်လုံးထဲတွင်လည်း မျက်ရည်များ ပြည့်လုမတတ်။

All Chapters