ဆရာကြီး လာပြီ (ပထမပိုင်း)
Vol. 3 Ch. 39
ကျန်းဝူ ဖန်းရှစ်။
သခင်ဖန်းသည် တိတ်ဆိတ်သော အခန်းထဲမှ တံခါးဖွင့်ပြီး ထွက်လာသည်။
"ဟားဟား!"
ယွမ်ဟုန် စိတ်အားထက်သန်စွာ ထွက်လာခဲ့သည်။ သူ့မျက်နှာပေါ်တွင်လည်း ကျေနပ်မှုတွေ အပြည့်ဖြင့်။
"အဲဒီလူကြီးမင်းရဲ့ နည်းလမ်းအတိုင်း လုပ်လိုက်တာ ဆေးဖော်တာ အောင်မြင်သွားမယ်လို့ မထင်ထားဘူး! ပြီးတော့ အဆင့်က အရင်က သန့်စင်မှုထက် အများကြီး ပိုမြင့်သေးတယ်"
သူ့လက်ဖဝါးထဲက မှော်ဆေးလုံးကို ကြည့်လိုက်တော့ ယွမ်ဟုန်က ကျေနပ်အားရမှု အပြည့်နဲ့။
အဲဒီနေ့တုန်းက လူကြီးမင်းတစ်ယောက် ဆုလာဘ်တံတိုင်းပေါ်က ပဟေဠိများကို ပြီးပြည့်စွာ ဖြေရှင်းပေးသွားတယ်လို့ သိရတော့ အပြေးအလွှား သွားကြည့်ခဲ့ပေမယ့် ထိုလူကြီးမင်းက မရှိတော့ပြီ။
သို့သော်လည်း ထိုလူကြီးမင်းချန်ခဲ့တဲ့ အဖြေက သူ့ကို အများကြီး အထောက်အကူ ဖြစ်စေခဲ့သည်။ တစ်လခွဲအတွင်းမှာပဲ သူ့ရဲ့ အဂ္ဂိရတ်ပညာဟာ ကြီးကြီးမားမား တိုးတက်လာတယ်လို့ ခံစားမိလာသည်။
ဒီလိုသာ ဆက်သွားမယ်ဆိုရင် အချိန်တိုအတွင်း မြင့်မားတဲ့အဆင့်ကို ရောက်မှာ သေချာပါသည်။
"ဆရာကြီးလို့ကို မပြောရဘူး... နေရာတော်တော်များများကို တစ်ချက်တစ်ချက်နဲ့ နည်းနည်းလေးပဲ ပြောင်းထားပေမယ့် လောကအသစ်ကို ပြောင်းလဲစေသလို လူတွေကို အသိပညာ ကြွယ်ဝလာစေတာပဲ"
ဆုလာဘ်တံတိုင်းတွင် ကျန်ခဲ့သော အဖြေများစွာကို တွေးရင်း ယွမ်ဟုန် အလွန်စိတ်လှုပ်ရှားသွားသည်။
ဒီမေးခွန်းတွေကို အကြိမ်ပေါင်း မရေတွက်နိုင်အောင် ကြိုတွေးထားပေမယ့် အဖြေမရှာနိုင်ဘဲ လူကြီးမင်းရဲ့ အဖြေကိုမြင်ပြီးမှ ဒီလိုပြဿနာမျိုးကို ဒီလို လုပ်နိုင်သေးတာပဲ ဒီနည်းလမ်းလည်း ရှိသေးတယ် ဆိုတာ သဘောပေါက်သွားခဲ့သည်။
လူတိုင်း တော်တော်များများမှာ တိမ်များကြားမှ အပြာရောင် ကောင်းကင်ကြီးကို မြင်လိုသည့် အတွေးရှိကြသည်။ ၎င်း၏ အဂ္ဂိရတ်ပညာသည် ခုန်ပျံကျော်လွှားကာ အရှိန်အဟုန်ဖြင့် တိုးတက်နေပြီဟု အတိအကျ ခံစားရ၏။
"အဲဒီလူကြီးမင်း နောက်တစ်ခေါက် ပြန်လာခဲ့ရင်...ငါသူ့ကို ငါ့ဆရာအဖြစ် သေချာပေါက်ရှိခိုးပြီး မေးခွန်းပေါင်းများစွာ မေးပစ်မယ်!"
ထိုလူကြီးမင်းအကြောင်း တွေးမိတော့ အဖိုးကြီးယွမ်ဟုန်လည်း ခဏတာ အကူအညီမဲ့သလို ခံစားလိုက်ရသည်။
စောစောကသာ သိခဲ့မယ်ဆိုရင် အဲဒီမှော်ဆေးလုံးကို သန့်စင်ပေးခဲ့မှာ မဟုတ်ဘူး
"ကျွတ်....ကျွတ်....ကျွတ်.."
တွေးမိတိုင်း နောင်တရနေတော့သည်။ ထိုစဥ် ခြေသံတချို့ ကြားလာရပြီး မုန့်လင် ရောက်လာ၏။
"အဲဒီလူကြီးမင်းရဲ့ သတင်းကို ကြားရပြီလား?"
သူကို မြင်လိုက်ရတော့ ယွမ်ဟုန်ရဲ့ မျက်လုံးထဲမှာ မျှော်လင့်ချက်တွေ ပြည့်လျှံနေသည်။
ဒီရက်တွေမှာ မုန့်လင်ကို ဆက်တိုက် မေးနေပေမယ့် ဘယ်လောက်ပဲ မေးနေပါစေ တစ်ဖက်က ပျောက်ကွယ်သွားပုံရပြီး သတင်းလုံးဝ မရခဲ့ချေ။
ထိုလူကြီးမင်းသည် လေထဲမှာ ပေါ်လာပြီး လေထဲမှာ ပျောက်သွားသလိုပဲ။
"မရသေးပါဘူး"
မုန့်လင် ခေါင်းခါလိုက်သည်။
"အမှိုက်! သူမေးခွန်းတွေ အများကြီး ဖြေနေတာကို တွေ့ခဲ့တာကို မင်း သူ့ကို ဘာလို့မဆွဲထားခဲ့တာလဲ?" ယွမ်ဟုန်မှ ကြိမ်းမောင်းတော့သည်။
"ဆွဲထားရမယ်?... သူက ဆရာကြီးလေ... သူ့နောက်မှာ ဝူအဆင့် နောက်လိုက်တွေရှိရင် ကျွန်တော်တို့ဖန်းရှစ် ပြိုသွားမှာကို ကြောက်ရတယ်..."
မုန့်လင်မှာ ပိုတော့မယ့် မျက်နှာနဲ့ ပြောလိုက်သည်။
အဂ္ဂိရတ်ဆရာကြီး တစ်ယောက်ကို ဆွဲထားရမှာလား? အဲဒါက သေလမ်းရှာတာပဲ မဟုတ်လား?
အဂ္ဂိရတ်ဆရာ၏ ခွန်အားကို မဆိုထားနှင့် သူ့နောက်ကွယ်မှ အစေခံများသည် စျေးကွက်တစ်ခုလုံးကို ဖြိုဖျက်နိုင်ပြီး ကျန်းဝူအင်ပါယာတောင် မခံနိုင်မှာ ကြောက်ရသည်။
"ငါက အတင်းအကျပ် အင်အားသုံးခိုင်းတာ မဟုတ်ဘူး အကျိုးကျေးဇူးကို ပြောနေတာ!"
ယွမ်ဟုန်၏ အသံသည် သံမဏိကဲ့သို့ မာထန်နေပြီး
"အကျိုးကျေးဇူးတွေကို မင်းနားလည်လား? သူက ဒီကိုဖြတ်သွားခဲ့တဲ့ ဆရာသခင်ဖြစ်ပြီး သူ့မှာ ပိုက်ဆံမရှိလို့ ဆုကြေးတံတိုင်းကို ဝင်ဖြေတာ....အဲ့လိုဆိုမှတော့ သူ့ကို ပိုက်ဆံထပ်ပေးရုံပေါ့... သူ့ကို ဆွဲထားနိုင်သရွေ့ ငါတို့ဖန်းရှစ်မှာ ပိုက်ဆံမလောက်ရင် ရှားပါးတဲ့ ဆေးပင်တွေလည်း ရတာပဲလေ ဘာပဲဖြစ်ဖြစ် သူ့ကို ဆွဲထားသရွေ့တော့ အရာအားလုံးက လွယ်လွယ်လေးပဲ”
"ဟုတ်!"
မုန့်လင်လည်း ထပ်ခါတလဲလဲ ခေါင်းညိတ်ပြသော်လည်း သူ့စိတ်ထဲတွင်တော့ အသံထွက်နေ ရယ်မိလေသည်။
တကယ်လို့ အဲ့လိုသာ လုပ်ခဲ့မယ်ဆိုရင် အရင်က ခင်ဗျားရဲ့တွန့်တိုတဲ့ အကျင့်စရိုက်အရ ကျွန်တော့်ကို မသေမချင်း သေအောင်ရိုက်မှာ မဟုတ်ဘူးလား
ခင်ဗျားရဲ့ ကျစ်ယွမ်တင် မီးဖိုထဲကို တိုက်မိတာတောင် သတ်တော့မလို့လေ။ ပြီးတော့ တခြားသူတွေကို ပိုက်ဆံနဲ့ဆေးဖက်ဝင်ဖို့ ကတိပေးမိရင် ကျွန်တော့်ကို မသတ်ဖူးဆိုရင် ထူးဆန်းသွားလိမ့်မည်။
အရင်တစ်ခေါက်က တံဆိပ်ပြားမှာ အမှားတစ်ခုရှိလို့ ရာဂဏန်းလောက်သာရှိတဲ့ ရွှေစတစ်ခုကြောင့် ဒေါသပေါက်ကွဲလာတယ်လေ။ တိတိကျကျ အချိန်မီမပြင်ဆင်ခဲ့ရင်တော့။
မုန့်လင် တကယ်ပဲ မလုပ်ဝံ့ပါဘူး!
"ကောင်းပြီ ဆက်စုံစမ်းထား.. ငါဆေးဖော်တာ ဆက်လုပ်ဦးမယ်!"
စကားတစ်ခွန်း ပြောပြီးနောက် ယွမ်ဟုန်လှည့်ကာ အခန်းထဲသို့ပြန်ဝင်ပြီး တံခါးကို ပြန်ပိတ်လိုက်သည်။
"ဆရာကြီးရဲ့ အဖြေအရ ဒီဆေးလုံးကို အချိန်အတိုင်းအတာ တစ်ခုအထိ သမအောင် ပြုပြင်ပြီးမှ ဆေးမီးဖိုထဲကို ပြန်ထည့်ရမယ်.... အခု ဆေးထည့်လိုက်မယ် လေပူက လေထဲက ပါလာနိုင်တယ်...."
ကျစ်ယွမ်တင် ရှေ့မှာ ရပ်ပြီး မီးဖိုကို ထပ်ပြီး အပူပေးလိုက်သည်။
မီးဖိုက ပူလာတာကြောင့် ယွမ်ဟုန်လည်း သူအရင်ကတွေ့ဖူးတဲ့ အဖြေတွေကို ပြန်အမှတ်ရပြီး ခဏကြာတော့ လက်ဖဝါးကို ယမ်းပြီး ဆေးပင်ပစ္စည်းတွေကို အဲဒီထဲကို ပစ်ချလိုက်ပါတော့သည်။
ဝူဝူဝူ....
အိုးထဲက အပူလှိုင်းတွေ တဆတ်ဆတ် တုန်နေပြီး ဆေးပင်ပစ္စည်းတွေက ဝင်လာတာနဲ့ တပြိုင်နက် အရည်ပျော်သွားပြီး တကယ့်ကို လှပတဲ့ ရွှေရောင်အစက်လေးတွေ ဖြစ်သွားသည်။
"ဟားဟား...ဒါက နည်းလမ်းကောင်းပဲ..."
ကျယ်လောင်စွာ ရယ်မောရင်း ယွမ်ဟုန်သည် ဆေးပင်ပစ္စည်းများကို ဆက်လက် ချထားတော့မည့် အခိုက် တိတ်ဆိတ်နေသော အခန်းတံခါးကို အပြင်ဘက်မှ တွန်းဖွင့်လိုက်သံကို ကြားရသောအခါ။
ဗုန်း.....
ပြင်ပအချက်များကြောင့် တုန်လှုပ်သွားသော ကျစ်ယွမ်တင်၏ စွမ်းအားကို နောက်တစ်ကြိမ် မထိန်းချုပ်နိုင်တော့ဘဲ ပေါက်ကွဲသံနှင့်အတူ မီးခိုးများ ထွက်လာသည်။ အနက်ရောင် မီးခိုးများက တစ်အိမ်လုံးကို မှုတ်ထုတ်လိုက်ကာ ယွမ်ဟုန်၏ မျက်နှာမှာလည်း မည်းနက်နေလေသည်။
"ငါ့သား ယွမ်တင်လေး....... မုန့်လင် မင်းသေချင်နေတာလား!"
သူ့အချစ်ဆုံး မီးဖိုကထပ်ပြီး ပေါက်ကွဲနေတာကို မြင်တော့ ယွမ်ဟုန်က ချက်ချင်း ပြေးထွက်သွားသည်။ သူ့တစ်ကိုယ်လုံး ပေါက်ကွဲထွက်မတတ် ဒေါသထွက်လာပြီး သူ့မျက်နှာက နီမြန်းလာသည်။
တံခါးကို တွန်းဝင်လာတဲ့ ကောင်လေးကို ကြည့်ကာ သားရဲတစ်ကောင်လို ဟောက်လိုက်သည်။
"ကျွန်တော် ကျွန်တော်..... "
မုန့်လင် တုန်လှုပ်သွားသည်။
"ငါ့ကို အရေးမကြီးရင် မနှောင့်ယှက်နဲ့လို့ ပြောထားတာ မင်း နားမလည်ဘူးလား? ဒါမှမဟုတ် မင်း ဦးနှောက်မှာ ပြဿနာ ရှိနေတာလား? မင်း ဒီနေ့ သင့်တော်တဲ့ အကြောင်းပြချက် မပေးနိုင်ရင် မင်းကို ငါမသတ်ရင် ငါ့ကိုယွမ်ဟုန်လို့ မခေါ်နဲ့တော့!"
ယွမ်ဟုန်သည် သူ့ရဲ့ဆေးမီးဖို ကျစ်ယွမ်တင်ကို တင်းတင်းကြပ်ကြပ် ဖက်ထားလေသည်။ ဆေးမီးဖိုက ထားပါတော့ သူစောစောက ဖော်စပ်နေတဲ့ ဆေးလုံးလေး။ ဒီကောင်သာ ဝင်မနှောင့်ယှက်ရင် အဆင်ပြေနေပြီကို။
နောက်တစ်ကြိမ် ကြိုးစားကြည့်ဖို့ဆိုတာ လွယ်မှာ မဟုတ်ဘူး။
"ဟိုဟာ.....သခင်ဖန်း....အဲဲဒီဆရာကြီး လာပြီ!"
မုန့်လင် တုန်တုန်ယင်ယင်နဲ့ ပြောလိုက်သည်။
"ဆရာကြီး... ဘယ်ကဆရာကြီးလဲ?"
ယွမ်ဟုန်ရဲ့ ဒေါသတွေက မီးမငြိမ်းသေးပေ။
"အဲဒီပြီးပြည့်စုံတဲ့ အဖြေရဲ့ သခင်လေ..."
မုန့်လင်က အလျင်စလိုပြောသည်။
"အာ? သူလာပြီ? ဘယ်မှာလဲ?"
ယွမ်ဟုန်က ရေအေးနဲ့ အပက်ခံလိုက်ရသလို ခုန်ထလိုက်ပြီး
"သူ့ကိုတွေ့ဖို့ ငါ့ကို မြန်မြန် ခေါ်သွား!"
"ဒီအတိုင်း သွားမလို့လား? ဒါပေမယ့်...ဆေးမီးဖိုအိုး?"
"အကြော်အိုးက ကိစ္စ သေးသေးလေးပါ... တစ်နေ့ကို ဘယ်နှစ်ခါ ပေါက်ကွဲနေမှန်း မသိဘူး"
ယွမ်ဟုန်က သူ့မျက်နှာထက်မှ ပြုံးပြပြီး
"မပေါက်ကွဲရင် မအောင်မြင်နိုင်ဘူး....ပေါက်ကွဲတာကမှ ပိုကောင်းတာလေ"
"... " မုန့်လင်။
………………
"အဖွဲ့ခေါင်းဆောင် ကျွန်တော်တို့ ဒီမှာ တချိန်လုံးစောင့်နေရမှာလား?"
ဖန်းရှစ်၏ အရေးကြီးဧည့်သည် အခန်းတွင် မီးခိုးရောင်ဝတ်ရုံနဲ့ လူတစ်ယောက်သည် လက်ဖက်ရည် သောက်နေ၏။ သူက မီးခိုးရောင် လူငယ်နောက်တစ်ယောက်ကို ကြည့်ရင်း သူ့မျက်လုံးများတွင် သံသယများ ပြည့်နှက်နေသည်။
"ဟုတ်ပါတယ် ကျွန်တော်တို့စောင့်ရမှာပါ!" မီးခိုးရောင်ဝတ် လူငယ်လေးက ပေါ့ပေါ့ပါးပါး ပြန်ပြင်ပြောလိုက်သည်။
လုရွှမ်သာ ဒီမှာရှိနေရင် သူတို့ အဝတ်အစားနဲ့ကို ကြည့်ပြီး သူတို့နှစ်ယောက်လုံးက ဥပဒေအဖွဲ့ရဲ့ အဖွဲ့ဝင်တွေဆိုတာ ပြောနိုင်လိမ့်မည်။
မီးခိုးရောင်ဝတ် လူငယ်အား အဖွဲ့ခေါင်းဆောင် ဖြစ်ပြီး ဟုခေါ်ပြီး ဥပဒေ အဖွဲ့ ဝင်အားလုံးက သူ့ကို ကြောက်ရွံ့နေကြပုံ ရသည်။
"ဒါပေမယ့်... ကျွန်တော်သေချာ စုံစမ်းမေးမြန်းခဲ့တာ အဲဒီသခင်က မေးခွန်းတွေ ဖြေပြီးတာနဲ့ သူထွက်သွားတယ်တဲ့ ဖန်းရှစ်ထဲမှာ သူ့ကို ဘယ်သူမှမသိကြဘူး... ကျွန်တော်တို့ ဒီမှာစောင့်နေပြီး ဘာလုပ်မှာလဲ?"
လူငယ်က အနည်းငယ် တုန်လှုပ်စွာ ပြောလေ၏။
"သူ့ဘာသာ ဘယ်အချိန်ဘဲ ရောက်လာရောက်လာ စောင့်ရမယ်! သူပေါ်လာတာနဲ့ ငါ့ကို ချက်ချင်းပြော! ငါသွားတွေ့ပြီး ဂါဝရပြုရမယ်... မင်းဒီလို သခင်မျိုးကို တကယ်လက်လွတ်ချင်ရင် မင်းမှာ နောက်ထပ်အခွင့်အရေး ဘယ်တော့မှ မရတော့ဘူး!"
အဖွဲ့ခေါင်းဆောင်က တင်းမာစွာ ပြောလိုက်ပါတော့သည်။
"ဟုတ် ဟုတ်ကဲ့ ကျွန်တော်သိပါပြီ..."
လူငယ်သည် မုသားစကား မပြောဝံ့ဘဲ လျင်မြန်စွာ ခေါင်းညိတ်သည်။ အဖွဲ့ခေါင်းဆောင် ဆုံးဖြတ်ခဲ့တာကို သူဘယ်တော့မှ ငြင်းဆန်ဖို့ သတ္တိမရှိခဲ့ပါဘူး။
"အဖွဲ့ခေါင်းဆောင်……"
နှစ်ယောက်သား စကားစမြည် ပြောနေတုန်း အပြင်မှလူတစ်ယောက် အပြေးအလွှား ဝင်ချလာ၏။
"ဘာဖြစ်နေတာလဲ? မင်းကိုကြည့်ရတာ ပျာယာတွေခတ်နေတာပဲ!"
အဖွဲ့ခေါင်းဆောင်မှ ကြိမ်းမောင်းတော့သည်။
"ဟုတ်ကဲ့… အဲဒီဆရာကြီး အခုဆုပေးနံရံမှာ ပေါ်လာတယ်…"
ထိုလူသည် ပါးစပ်ဖွင့်၍ ပြင်းပြင်းထန်ထန် တုန်လှုပ်စွာ ပြောလိုက်သည်။
ဟူ.....
သူပြောပြီးတာနဲ့ အဖွဲ့ခေါင်းဆောင် ပျောက်ကွယ်သွားတာကို မြင်လိုက်ရပြီး သူက အမြန်ပြေးသွားတဲ့အတွက် တံခါးကို ခေါင်းနဲ့ တိုက်မိလုနီးပါးပင်။
"......" ဝင်လာတဲ့သူ၊ လူငယ်။
"အဟမ်း...ကြည့်ရတာ အဖွဲ့ခေါင်းဆောင်က ငါတို့ထက် ပိုစိတ်လှုပ်ရှားနေပုံပဲ..."