ဆရာကြီး လာပြီ (ဒုတိယပိုင်း)
Vol. 3 Ch. 40
ကျန်းဝူ ဖန်းရှစ်ရှိ ဆုလာဘ်တံတိုင်းရှေ့တွင် သူ၏အသွင်အပြင် ပြောင်းလဲလာသော လုရွှမ် ရပ်နေပါသည်။
ဒီကို နောက်တစ်ကြိမ် ထပ်လာရဦးမည်ဟု သူလုံးဝ မထင်ထားဘဲ ဈေးကွက်တစ်ခုလုံး တုန်လှုပ်ချောက်ချားသွားကာ လူအမြောက်အများကို ဆွဲဆောင်နိုင်ခဲ့သည်။ ယခုအခိုက်အတန့်တွင် သူသည် နံရံရှေ့မှာ ငြိမ်သက်စွာ ရပ်နေပြီး မေးခွန်းများကို ဖြေနေပါသည်။
မုယန်ဖုန်း ပြောသလိုပဲ။ [မုရှန့်အစီအရင် ဖွဲ့စည်းပုံ] က ဖန်းရှစ်ထဲမှာ ရှိပါသည်။ ဒါပေမယ့် စျေးက မသေးလှပေ။ သူ့မှာ ရှိတာက မလုံလောက်တာကြောင့် အချိန်နဲ့အမျှ ရွှေစတွေ စုဆောင်းရမည်။
အရင်က မေးခွန်းတွေကို ဖြေခြင်းအားဖြင့် ရွှေစပေါင်း ၅သိန်း ကျော်ရခဲ့ပေမယ့် ဆေးပင်တွေနဲ့ မှော်ဆေးလုံးတွေ ဝယ်ခဲ့လို့ အကုန်လုံးနီးပါးကို သုံးပြီးသွားပြီ။
အစီအရင် ပုံစံထဲကို ဝင်သွားရင် ၁နာရီတောင် မပြည့်သေးဘဲ ပြန်ထွက်လာရလောက်သည်။ မတက်နိုင်ဘဲ ဆုလာဘ်တံတိုင်းရှေ့ ရောက်လာရုံပဲ ရှိတော့သည်။
ဤအရာသည် အချိန်မဖြုန်းဘဲ အလျင်မြန်ဆုံးဖြစ်သည်။
ဗုန်းဗုန်းဗုန်း
ပြီးပြည့်စုံသော! ပြီးပြည့်စုံသော! ပြီးပြည့်စုံသော!
လိမ္မော်ရောင်မီးများ သူ့နောက်တွင် တဖျပ်ဖျပ်ဖျပ်ခတ်နေကာ မေးခွန်း တစ်ခုစီတိုင်းသည် လူတိုင်းအတွက် စိတ်ကူးမယဉ်နိုင်တဲ့ ပြီးပြည့်စုံသော အဖြေများဖြစ်သည်။
မေးခွန်းတွေ ဘယ်လောက် ဖြေခဲ့မှန်းမသိတာကြောင့် ရပ်လိုက်ကာ။
"စုစုပေါင်း ဘယ်လောက်လဲ?"
ဒီမေးခွန်းတွေကို ဖြေဖို့က ရွှေစတွေကို ဖြုန်းဖို့ပဲ။ အရေးကြီးဆုံးက လေ့ကျင့်ဖို့လေ။ ဒီမှာ အချိန်မဖြုန်းနိုင်ဘူး။ မင်းမှာ ရွှေစတွေ အလုံအလောက်ရှိတာနဲ့ ထွက်သွားလို့ရပြီ။
"လူကြီးမင်းရဲ့ ရွှေစတွေက စုစုပေါင်း ၂.၄၅ သန်းပါ!"
တာဝန်ခံ ဧည့်ကြို စုန့်ယွဲ့က ခပ်မြန်မြန် ရှေ့တိုး၍ ပြောလိုက်သည်။
ယခင်အဖြစ်အပျက် အပြီးတွင် စုန့်ယွဲ့၏ အဆင့်အတန်းသည် သိသိသာသာ တိုးတက်လာပြီး သူမသည် ဧည့်ကြိုတာဝန်ခံ ဖြစ်လာခဲ့ကာ သူမ၏လစာနှင့် ဝင်ငွေသည်လည်း နှစ်ဆတိုးလာသည်။
သူမ ဧည့်ကြိုအတွက် တာဝန်ယူရသည့် အလုပ်တစ်ခုသာ ရှိသည်။
ဤလူကို အလွန် ကျေးဇူးတင်မိသည်။ သူ့ကြောင့်သာ မဟုတ်ပါက သူမသည် အနိမ့်ဆုံးအလုပ်ကို လုပ်နေပြီး အခြားသူများ၏ လှောင်ပြောင်ခြင်းကို ခံရနိုင်သေးသည်။
ထို့အတွက်ကြောင့် သူပြန်လာသည်ကိုမြင်သောအခါ သူမသည် အလွန် စိတ်လှုပ်ရှားသွားပြီး ခုန်ပေါက်လုနီးပါးဖြစ်ခဲ့သည်။ သူ့ကိုဧည့်ခံရန် အလျင်အမြန် သွားခဲ့သော်လည်း သူမကို စိတ်ဓာတ်ကျစေသည့် အရာမှာ တစ်ဖက်က သူမကို မမှတ်မိခြင်းပင်။
ရိုးရိုးသားသား ပြောရရင် သူမဟာ တော်တော်ချောမောပြီး ဧည့်ခံသူတွေ ကြားထဲမှာ ရာထူးက မြင့်မားပါသည်။ သူမ ဧည့်ကြို စားပွဲမှာရှိစဉ်တုန်းက သူမနဲ့ စကားစမြည်ပြောဖို့ နေ့တိုင်း မရေမတွက်နိုင်အောင် လာခဲ့သူတွေ ရှိလေသည်။
ဒါပေမယ့် ကျွန်မရှေ့မှာ ဒီတစ်ယောက်ကတော့ ထိုအချက်တွေကို လုံးဝမြင်ပုံမပေါ်ဘူး။ သူမကို အနည်းငယ် ကူကယ်ရာမဲ့စေသည်။
"နှစ်သန်းလေးသိန်းငါးသောင်း... လုံလောက်ပြီ!"
မိန်းကလေး၏ နှလုံးသားထဲက နာကြည်းမှုကို သတိမထားမိဘဲ လုရွှမ်က ခေါင်းညိတ်ပြပြီး ရွှေကဒ်ကို ပေး၍
"ငါ့အတွက် ဖြည့်ပေး!"
"ဟုတ်ကဲ့!"
စုန့်ယွဲ့က ကတ်ကိုယူကာ ခဏအကြာတွင် ပြန်ရောက်လာသည်။
"လူကြီးမင်း ထည့်ပြီးပါပြီ"
"အင်း!" ကတ်ကိုဆွဲယူပြီးနောက် လုရွှမ် လှည့်ထွက်လာခဲ့သည်။
"အင်း အဲဒီလူကြီးမင်း ထွက်သွားတော့မယ်..."
"လူကြီးမင်း မသွားပါနဲ့ဦး....ကျုပ်က ကျန်းဝူငွေထိန်းဘဏ်က သူဌေးပါ....ကျုပ် လူကြီးမင်းကို တစ်ခုလောက် မေးချင်လို့ပါ... "
လူဝကြီးတစ်ယောက်က စိုးရိမ်တကြီးနဲ့ အော်ရင်း ရောက်လာ၏။
"လူကြီးမင်း ကျုပ်မှာ တောင်းဆိုစရာ ရှိပါတယ်... လူကြီးမင်း သဘောတူရင် ကျေဇူးဆပ်ဖို့ ရွှေစအလုံအလောက် ရှိပါတယ်" ဟု သန်မာသောလူကလည်း တောင်းပန်လာသည်။
"သခင်လေး...တကယ်လို့ ရှင်ကျွန်မရဲဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်တယ် ဆိုရင် ဒီမိန်းကလေးက ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်နဲ့ရင်းပြီး ကျေးဇူးဆပ်ပါ့မယ်" မိန်းကလေး တစ်ယောက်ကလည်း မျက်နှာရဲရဲနဲ့ ပြောလေ၏။
……
ဆူညံသံကြားတော့ လုရွှမ်ဟာ ခဏတာ မူးဝေသွားသလို ဖြစ်သွား၏။ အထူးသဖြင့် အဲဒီအမျိုးသမီး။
မင်းကို ဘယ်သူမှ ဘာမှမလိုချင်ဘူး ဟုတ်ပြီလား ပြီးပြည့်စုံတာတော့ ဟုတ်ပါတယ်။ ရိုးရိုးသားသားပြောရရင် မင်းကို ပြီးပြည့်စုံအောင် လုပ်နိုင်တဲ့သူကိုတော့ ငါလေးစားတယ်။
"ငါသွားမလို့ ဖယ်ကြ!"
ပတ်ဝန်းကျင်က ဆူညံသံတွေ ပိုတိုးလာတာကိုမြင်တော့ လုရွှမ်က မျက်မှောင်ကြုတ်ပြီး စုန့်ယွဲ့ကို လမ်းပြခိုင်းလိုက်သည်။
မပြေးလို့ မဖြစ်တော့ဘူးလေ။ ဒီမှာသာ ဆက်နေရင် ကျင့်ကြံဖို့ မပြောနှင့် ဒီမှာ သေတဲ့အထိ ညှစ်ခံရလိမ့်မည့။
လူအရမ်းများတာပဲ!
မေးခွန်းတစ်ခုကို ဖြေလိုက်တာက လူအများကို ဆွဲဆောင်နိုင်မယ်လို့ တကယ်ကို မမျှော်လင့်ထားပေ။
လုရွှမ်က အဲဒါကို မစဉ်းစားမိပေ။ ဒီမေးခွန်းတွေက သူ့မျက်လုံးထဲမှာ ရိုးရှင်းလွန်းသည်။ တစ်ခုနဲ့နှစ်ခု ဝင်ဖြည့်လိုက်တာနဲ့ ပြီးသွားပြီး ဘာမှ မကွာခြားချေ။
သူအမြင်အရတော့ ဒီမေးခွန်းတွေကို ဖြေဆိုရတာ လွယ်လွန်းသည်။ ကျန်းဝူအင်ပါယာမှာ ထိုသို့သော အရည်အချင်းက အိပ်မက်ပင် မမက်ဖူးကြသည်ကိုတော့ သူမမျှော်လင့်ထားခဲ့။
ဒီငွေရှာနည်းက နောက်တစ်ခါဆို အဆင်မပြေနိုင်လောက်ဘူး ထင်ပါသည်။
လူတွေဆီက အဝိုင်းခံထားရတဲ့ မကောင်းဆိုးဝါး တစ်ကောင်လိုပဲ။ သူ့နှလုံးသားက သန်မာတယ် ဆိုရင်တောင် အခုအချိန်မှာ ဘာမှမလုပ်နိုင်ပေ။
"ဖယ်ပေး! ဖယ်ပေး!"
"မင်းညီမကို ဖယ်ပါလား!! ငါ့လည်ပင်းကို တောင့်ထားရတာ မမြင်ဘူးလား?"
"လည်ပင်းကို တောင့်ထားရလည်း လက်မောင်းကို တစ်ဖက်ကို ညှစ်ပြီး အကြာကြီး လှုပ်နေတာပဲ။ သည်းမခံနိုင်ဘူးလား?"
"နောက်ကကောင် မင်းဘာလုပ်ချင်တာလဲ? ဘာလို့ ငါ့ဖင်ကို လာထိနေတာလဲ?"
……
လုရွှမ်သည် ရှေ့သို့ လျှောက်သွားသည်ကို မြင်လိုက်ရသည်နှင့် သူ့နောက်မှ လူများက တဖန်စိတ်လှုပ်ရှားလာပြီး အားအင်အပြည့်ဖြင့် ရှေ့သို့ တဟုန်ထိုး ပြေးသွားကာ နေရာအနှံ့ ဟိန်းဟောက်သံများ စိတ်ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာသည်။
ဖန်းရှစ်မှာရှိတဲ့ အထူးလုံခြုံရေး အစောင့်တွေက သူတို့ကိုတားတာ မဟုတ်ရင် သူ အမြန်ပြေးသွားနိုင်မှာ မဟုတ်ဘူး။
"ဆရာကြီးနေပါဦး!"
အနောက်က အသံကိုကြားတော့ လုရွှမ်က အရှိန်ပြင်းပြင်းနဲ့ ရှေ့ကို ပြေးသွားပေမယ့် သူ ဝေးဝေးမသွားခင်မှာ အဘိုးအိုတစ်ယောက်က သူ့ကို တားလိုက်သည်။
"သူလား?"
"သူတကယ်လာတယ်? ငါတကယ်ကို မမျှော်လင့်ထားဘူး မင်းသားက သူ့ကို တစ်ကြိမ်ဖိတ်တယ်လို့ ကြားဖူးတယ်... ဒါပေမဲ့ မသွားဘူးတဲ့လေ..."
"ဒီလို အဆင့်အတန်းနဲ့ လူတောင် ဒီလူကြီးမင်းကို လာရောက် ဂါရဝပြုရတာ တကယ့်ကို အံ့သြစရာပဲ!"
"သူ ဒီမှာရှိနေတော့ ငါတို့ သူ့ကိုတွေ့လို့ မဖြစ်ဘူးထင်တယ်..."
.......
အဘိုးကြီး ပေါ်လာတာကို မြင်တော့ သူ့နောက်က လူတွေလည်း အပြေးအလွှား မတက်ဝံ့တော့ဘဲ ခေါင်းသာခါနေရသည်။
ဤအဘိုးအို၏ အဆင့်အတန်းသည် နိမ့်ကျနေပုံ မပေါ်။
"ဖယ်ပေး!"
လုရွှမ်က ဒီလူရဲ့ အဆင့်အတန်းကို မသိပေမဲ့ သူသိလည်း ဂရုစိုက်မှာ မဟုတ်ပါ။ သူ့ရှေ့မှာ ရပ်နေတာကို မြင်တော့ မျက်မှောင်ကြုတ်လိုက်သည်။
"ဆရာကြီး စိတ်မဆိုးပါနဲ့ ကျုပ်ကို ခဏလောက် အချိန်ပေးပြီး စကားနည်းနည်းပြောခွင့်ပြုပါ!"
အဘိုးအိုက ကမန်းကတန်း ပြောလိုက်သည်။
"အချိန်မရှိဘူး!"
လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
နောက်ကွယ်မှာ လူတွေအများကြီး ရှိနေသလို လူတိုင်းက စကားနည်းနည်း ပြောချင်နေကြတယ်။ ငါဘာလို့ ဂရုစိုက်နေရမှာလဲ?
"အာ.....သူက အချိန်မရှိဘူးလို့ ပြောလိုက်တယ်?"
"ဆရာသခင်က မျှော်လင့်ထားတဲ့အတိုင်း တကယ်သတ္တိရှိတာပဲ!"
"သူ့လို အဆင့်အတန်းနဲ့တောင် ဆရာသခင်က သူ့ကို တွေ့ဖို့ အချိန်မရှိဘူးလို့ ပြောတယ်...ငါတို့တော့ စကားမပြောနိုင်တော့ဘူး ထင်ပါတယ်"
.........
လုရွှမ်၏အဖြေကို ကြားတော့ လူတိုင်း လန့်သွားပြီး တစ်ယောက်ကို တစ်ယောက် တုန်လှုပ်ခြောက်ခြားစွာ ကြည့်နေကြသည်။
ဆရာသခင်ကတော့ ဆရာသခင်ပါပဲ။ မင်းရှေ့က ဒီလူက မင်းသားကတောင် မထီမဲ့မြင်မပြုတဲ့သူ။ မင်းက အချိန်မရှိဘူးလို့ တကယ်ပြောရဲတယ်?
"စကားတစ်ခွန်း...တစ်ကြောင်းတည်းပါ..."
အဘိုးအိုက ထိုသူက လုံးဝမနာခံဘူးလို့ ခံစားရပေမယ့် ရှက်ရွံ့ပြီး ကမန်းကတန်း ပြောလိုက်ပြန်၏။
"ပြောပါ.... ငါ အလျင်လိုနေတယ်!"
လုရွှမ် ထွက်သွားဖို့ ခက်ခဲနေတာကို မြင်လိုက်ရတော့ မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
"ဒီလိုနည်းပါ ကျုပ်မှာ အရင်က ဒဏ်ရာရထားတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်.... နေ့ခင်းတိုင်း သူ့တစ်ကိုယ်လုံး နာကျင်ခံစားရတယ် အရင်တစ်ခေါက်က လူကြီးမင်း ချန်ခဲ့တဲ့ အဖြေတွေထဲက အတိုင်း အဲဒီသူငယ်ချင်းက စမ်းကြည့်တာ တကယ်ကို သက်သာလာတယ်... ကျုပ် မေးချင်တာက ကုသဖို့ နည်းလမ်းများ ရှိမလားလို့ပါ…"
အဘိုးအိုက စိုးရိမ်တကြီးနဲ့ ကြည့်နေသည် ။
"အဲဒါ [သွေးအေးခဲရောဂါ] လား? ကုသဖို့နည်းလမ်း? ရှိတယ်!"
သူပြောတာကို ကြားတော့ လုရွှမ်အရင်က သူဖြေခဲ့တဲ့ သွေးအေးခဲရောဂါလို့ခေါ်တဲ့ ရောဂါတစ်မျိုးကို သတိရသွားသည်။
"ဟုတ်လား?"
အဘိုးကြီးက စိတ်လှုပ်ရှားသွားပြီး သူ့ခန္ဓာကိုယ်က တဆတ်ဆတ်တုန်နေကာ
"ဒါဆို ဆရာသခင်က ငါ့သူငယ်ချင်းကို ရောဂါသက်သာအောင် ကူညီပေးနိုင်မလား?"
"မအားဘူး!"
လုရွှမ် ခြေထောက်ကို မြှောက်ပြီး ရှေ့ကို လျှောက်သွားလေသည်။
ငါက ဆရာဝန်မဟုတ်ဘူး ရောဂါကုသဖို့ အချိန်ရနေရင် ရွှေစတွေရှာဖို့ မေးခွန်းတွေကို ဖြေဖို့ ဒီကိုရောက်လာမှာတောင် မဟုတ်ဘူး။
"ဒါ... ကျေးဇူးပြုပြီး ကျုပ်ကို ကူညီပါ ဆရာကြီး...ဆရာကြီးသာ ကူညီရင် ကျန်းဝူအင်ပါယာရဲ့ မျက်နှာသာလေး တစ်ခုလို့ မှတ်ယူနိုင်ပါတယ် လိုအပ်တာရှိရင် ကျုပ် သေချာပေါက် ကူညီပေးမှာပါ! ”
အဘိုးအိုက အသနားခံတဲ့ မျက်လုံးတွေနဲ့ ပြန်ပိတ်ကြည့်ရင် ထပ်တောင်းဆိုလိုက်သည်။
"မျက်နှာသာလေး? ခင်ဗျားက ဘယ်သူလဲ?!"
လုရွှမ် သူ့မျက်တောင်တွေကို လှန်ကြည့်လိုက်သည်။
ဟန်ဆောင်ထားတဲ့ လူတစ်ယောက်နဲ့ တွေ့နေမယ်လို့ မထင်ထားဘူး။ သူ့မှာ ဘာမျက်နှာသာတွေ ရှိနေလို့လဲ? သူ့ရဲ့မျက်နှာသာကရော အလုပ်ဖြစ်မှာ မလို့လား?
"ကျုပ်နာမည်က လော်ယန်ချင်း ပါ..."
အဖိုးအိုက ခေါင်းကုတ်ပြီး
"ကျုပ်က... ကျန်းဝူအကယ်ဒမီရဲ့ ကျောင်းအုပ်ကြီးပါ"