ကျွန်တော် အစေခံလုပ်ပါ့မယ်
Vol. 3 Ch. 41
"ကျန်းဝူအကယ်ဒမီရဲ့ ကျောင်းအုပ်?" လုရွှမ် ရပ်တန့်သွားသည်။
တခြားသူ တစ်ယောက်ဆိုရင် သူ့မှာ ဘယ်လိုမျက်နှာမျိုးပဲ ရှိနေပါစေ ဂရုမစိုက်ဘဲ လှည့်ထွက်သွားမှာဖြစ်သည်။ မျက်စိရှေ့က လူကတော့ မတူချေ။
ယခု သူသည် အကယ်ဒမီ၏ ကျောင်းအုပ်ကြီးဖြစ်ပြီး နန်းတော်ထဲက မင်းသားလိုပဲ ကြမ်းတမ်းတဲ့သူလို့ အရင်ကတည်းက ကြားဖူးပါသည်။ အဆင့်၇ အထွတ်အထိပ် အဆင့်ဖြစ်ကာ သူတစ်ခါမှ မတွေ့ဖူးပေမယ့် မျက်စိရှေ့က အဖိုးကြီး ဖြစ်နေမယ်လို့တော့ မထင်ထားဘူး။
သူနဲ့သာ မိတ်ဆွေကောင်းအဖြစ် မိတ်ဖွဲ့လိုက်ရင် ဥပဒေအဖွဲ့က သူ့ကိုနှောင့်ယှက်ရဲမှာ မဟုတ်တော့ဘူး။
"ဟုတ်ပါတယ်!"
ကျောင်းအုပ်ကြီး လော်ယန်ချင်လည်း စိတ်အားထက်သန်စွာ ပြန်ကြည့်လိုက်သည်။
အရင်က ပြီးပြည့်စုံတဲ့ အဖြေကို ကြားတော့ သူ နည်းနည်း ဝမ်းနည်းသလို ခံစားရ၏။ အဖြေက အလုပ်မဖြစ်တာကြောင့် မဟုတ်ဘဲ သူ့ပြဿနာက သက်သာရုံသာ သက်သာပြီး ပျောက်ကင်းသွားတာ မဟုတ်သောကြောင့်ပင်။
သူ့ရှေ့က ဒီလူက နာကျင်မှုကို သက်သာစေနိုင်တယ်လို့ ရိုးရိုးရှင်းရှင်းပဲ ပြောခဲ့တာမို့ သူ့ကို ကုသပေးနိုင်လောက်သည်။ ထို့ကြောင့် ဖန်းရှစ်ကို နေ့တိုင်းလာပြီး သူ့ကို စောင့်မျှော်ရင်း နေခဲ့သည်။
နောက်ဆုံးမှာ သူ့ရဲ့ ကြိုးစားအားထုတ်မှုကို အရာထင်ခဲ့ပြီး ဆရာကြီးက ထွက်ပေါ်လာခဲ့ရာ ပြေး၍ တားရလေ၏။
"အအေးဒဏ်ကြောင့် ကျန်ရစ်တဲ့ သွေးအေးခဲရောဂါ...အနောက်ဘက် နေဝင်သွားချိန် မိုးသောက်လင်းချိန် ယင်ချီ ပျောက်ကွယ်သွားတဲ့အခါ သည်းမခံနိုင်တဲ့ ဝေဒနာ ခံစားရလိမ့်မယ်... ပြင်းထန်တဲ့အခါ လူကို အဝတ်ချွတ်ပြီး အရေပြားကို ခွာချပစ်ချင်တဲ့ အထိပဲ!"
ကျောင်းအုပ်ကြီး လော်ချင်းယန်ကို ငုံ့ကြည့်ရင်း လုရွှမ်ပြောလိုက်သည်။
"ငါ့ရဲ့ ခန့်မှန်းချက် မှန်ရင် မင်းရဲ့ သူငယ်ချင်းလို့ ခေါ်တာက မင်းကိုယ်တိုင်ပဲ!"
"အိုး.....ဆရာသခင်ပြောတာ အမှန်ပါပဲ"
လော်ချင်းယန် လန့်သွားပြီး အကြိမ်ကြိမ် ခေါင်းညိတ်လိုက်သည်။
သူသည် အဆင့်အတန်းရှိသူ တစ်ဦးဖြစ်သည်။ ပထမတွင် ပြဿနာရှိနေကြောင်း ဝန်ခံရန် ရှက်ရွံ့မိသော်လည်း မမျှော်လင့်ဘဲ သူ့ရှေ့က ဆရာသခင်က ၎င်းကို တစ်ချက်ကြည့်လိုက်ပြီး ရောဂါစတင်ခြင်း အကြောင်းကိုပင် ပြောပြလာသည်။
"ကောင်းပြီ၊ ကုသလို့ရတယ်…" လုရွှမ်က ပြောသည်။
"ရောဂါပျောက်နိုင်သရွေ့ ဆရာကြီး လိုအပ်တာရှိရင် အစွမ်းကုန်ကူညီပါ့မယ်..."
စကားသံကြားတော့ လော်ယန်ချင်း အရမ်းစိတ်လှုပ်ရှားသွားပြီး ငိုလုမတတ် ကတိပေးလိုက်လေသည်။
ဒီရောဂါက သူ့ကို ခြောက်လှန့်နေခဲ့တာ ကြာပြီ။ ရောဂါကြောင့် သူ့ကိုယ်သူ သတ်သေချင်နေတာလည်း ကြာပါပြီ။
သူ့အမြင်အရတော့ သူ့ရှေ့က သြဇာကြီးတဲ့ ဆရာသခင်က ပိုက်ဆံနဲ့ သိမ်းသွင်းလို့မရဘူး။ ဒါ့ကြောင့် ပိုက်ဆံအကြောင်း ထည့်ပြောလို့ မဖြစ်သေးပေ။ တစ်ဖက်ကို မပျော်မရွှင်ဖြစ်အောင် ပိုက်ဆံကိစ္စ ပြောဖို့ ရှက်စရာ ကောင်းလှ၏။
သို့သော် သူ့ရှေ့က "ဆရာကြီး" သည် သူ့အကယ်ဒမီရှိ အငယ်တန်း ကျောင်းသားတစ်ဦး ဖြစ်ပြီး သူအလိုချင်ဆုံး အရာက ပိုက်ဆံဖြစ်သည်ကို သူသိလျှင် ချက်ချင်းပင် မူးဝေသွားပေလိမ့်မည်။
"ကောင်းပြီ ခဏစောင့်...ကျုပ်အားတဲ့အခါ ခင်ဗျားကိုလာရှာမယ်!"
ဒီလူက သိပ်ကြင်နာတာကိုမြင်တော့ လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
ချက်ချင်း ကုသဖို့ မကူချင်ညီတာ မဟုတ်ပါ။ ဒါပေမယ့် ဒီလို သွေးအေးခဲတဲ့ ရောဂါကို ကုသဖို့ ဆိုရင် အရင်ဆုံး စစ်မှန်တဲ့ စွမ်းအင် ရှိရမယ်။ သူကလက်ရှိမှာ နန်းတော်ပင်လယ်နှင့် ဝေးကွာနေသေးသည်။
နည်းလမ်းကို သိသော်လည်း ပျောက်ကင်းအောင် မကုသနိုင်သေးပေ။
ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို စောင့်ခိုင်းလိုက်ပါမယ် သူ နှစ်ပေါင်းများစွာ ရှင်သန်ခဲ့ပြီး အချိန်ကာလတစ်ခုကို ဂရုမစိုက်လောက်ပါဘူး
"ကျေးဇူးတင်ပါတယ် ဆရာကြီး..."
ကတိကိုရယူပြီး လော်ယန်ချင်းသည် လျင်မြန်စွာ ခေါင်းညိတ်လိုက်ပြီး လက်သီးများကို စိတ်လှုပ်ရှားစွာ ဆုပ်ထားလိုက်သည်။
သူ့အမြင်အရတော့ ဒီလိုဆရာမျိုးက သဘောတူပြီးတာနဲ့ သူ့နာတာရှည်ရောဂါကို သေချာ ကုသပေးလိမ့်မယ်လို့ ဆိုလိုတယ်ဆိုတာ နားလည်သည်။ ပျောက်ကင်းတဲ့အထိ အချိန်ကို ရေတွက်ရမယ့် အချိန်ပဲ။
"ဒါက ကျုပ်ရဲ့ အမှတ်အသားကို ကိုယ်စားပြုတဲ့ တံဆိပ်ပြားပါ ဆရာသခင် ဒါကို အရင်ယူသွားပါ.... လိုအပ်တာရှိရင် ကျုပ်ဆီကို ဒီတံဆိပ်ပြားနဲ့ အတူ တစ်စုံတစ်ယောက် စေလွှတ်လိုက်ပါ....ဒီအဖိုးကြီးက မီးပင်လယ် ဖြတ်ရမယ်ဆိုရင်တောင် ဆောင်ရွက်ပေးပါ့မယ်"
လုရွှမ် နောင်တရသွားမှာ ကြောက်တာကြောင့် လော်ချင်းယန်သည် သူ့ရဲ့တံဆိပ်ပြားကို ဦးစွာပေးလိုက်လေသည်။
"ဆရာကြီး...ကျွန်တော့်ကိုလည်း ကယ်ပေးဖို့ တောင်းဆိုပါတယ်!"
တံဆိပ်ပြားကို လက်ခံပြီးနောက် လုရွှမ်သည် သူ့ရှေ့တွင် "ဗုန်း" ဟူသောအသံ ကြားသောအခါ လှည့်ကြည့်လိုက်၏။ လူတစ်ဦးသည် သူ့ရှေ့တွင် ဒူးထောက်လျက် လဲကျသွားသည်။
မော့ကြည့်လိုက်တော့ လူငယ်လေး တစ်ယောက် စိတ်အားထက်သန်စွာ ကြည့်နေတာကို တွေ့လိုက်ရသည်။
ဤလူငယ်သည် မီးခိုးရောင် အဝတ်အစားများကို ဝတ်ဆင်ထားပြီး ယခင်ဥပဒေအဖွဲ့နှင့် တူညီပြီး ကော်လံတွင် ရွှေရောင်ပန်းတံဆိပ်ကို တပ်ဆင်ထားရာ ကြည့်လိုက်တာနဲ့ မြင့်မြတ်ပုံပေါ်၏။
"မင်းက ကျန်းဝူ အကယ်ဒမီရဲ့ ဥပဒေအဖွဲ့ကလား" လုရွှမ် သံသယနဲ့ မေးလိုက်သည်။
"ဟုတ်ပါတယ် ကျွန်တော်က ဥပဒေအဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင် လျောက်ချင်းပါ...ကျွန်တော့်ရဲ့ လေ့ကျင့်မှုမှာ တစ်ခုခု လွဲမှားနေတယ် ကူညီပေးဖို့ ဆရာကြီး တောင်းပန်ပါတယ်..."
ဥပဒေအဖွဲ့ခေါင်းဆောင် လျောက်ချင်းသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ အသနားခံနေသော မျက်လုံးများဖြင့် ကြည့်နေသည်။
သူသည် ဆရာသခင် ထွက်ပေါ်လာမယ့် အချိန်ကို ဤရက်များတွင် လာစောင့်နေသော်လည်း ကျောင်းအုပ်ကြီးက ခြေတစ်လှမ်း စောသွားမယ်လို့ မမျှော်လင့်ခဲ့ပေ။
"မင်းရဲ့ ကျင့်ကြံမှုမှာ ပြဿနာရှိတယ်?..."
လုရွှမ်က တစ်ချက်ကြည့်လိုက်ပြီး
"ငါနဲ့ ဘာဆိုင်လို့လဲ?"
ဥပဒေအဖွဲ့သည် သူ့ကို မကြာခဏ နှောက်ယှက်လေ့ရှိသည်။ စိတ်ဆိုးစရာ အကြောင်းမရှိသော်လည်း နှစ်ကြိမ်ဆက်တိုက် မပျော်မရွှင် ဖြစ်စေသည်။ ဤလူကတော့ အဖွဲ့ထဲက အမြင့်ဆုံးခေါင်းဆောင် ဖြစ်ပေ၏။
ဥပဒေအဖွဲ့သည် ဒီလိုအလွန် မိုက်မဲနေတာ သူနှင့် ပတ်သက်မှု တစ်ခုခုရှိရမည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့် သူ့ကို ကယ်တင်ရမည်နည်း။
"ဆရာကြီး..... "
မမျှော်လင့်ဘဲ ကျောင်းအုပ်ကြီးနဲ့ စကားကောင်းကောင်း ပြောခဲ့သော ဆရာကြီးသည် သူ့ကို အာရုံစိုက်ရန် အလွန်ပျင်းနေသဖြင့် လျောက်ချင်းလည်း ဒူးထောက်ရာက ရှေ့သို့ ရွှေ့သွားပြီး
"ဆရာကြီး....ကျွန်တော့်ရဲ့ ကျင့်ကြံမှု ပြဿနာကို ကူညီဖြေရှင်းပေးနိုင်ရင် ကျွန်တော်ဆရာကြီးရဲ့ အစေခံ လုပ်ပါ့မယ်"
လုရွှမ်က စကားမပြောနိုင်သော မျက်နှာဖြင့် ကြည့်ကာ
"မင်းတွေးတာ ပြည့်စုံသားပဲ!"
သူပြောခဲ့တာတွေက အမှန်တရား ဆိုရင်တောင် သူ့အစေခံဖြစ်ဖို့ ဘယ်လိုလွယ်နိုင်မှာလဲ!
ကြီးကျယ်ခမ်းနားသော အရူးဧကရာဇ်က သူ၏အစေခံတွေကို ကျပန်း စုဆောင်းခြင်းမျိုး မပြုပါဘူး။
မုယန်ဖုန်း၏ ကိုယ်ပိုင်စွမ်းအားသည် အားကောင်းသည်။ ဤနှစ်များအတွင်း သူ မတိုးတက်ရခြင်း၏ အကြောင်းရင်းမှာ အဆုတ်ယင်ဒဏ်ကြောင့် ဖြစ်ပြီး နောင်တွင် ကောင်းစွာ လေ့ကျင့်ပေးမည် ဆိုပါက သူ့ကို ကူညီပေးမည် ဖြစ်သောကြောင့် သူသဘောတူပြီး စဉ်းစားရုံသာ ဖြစ်သည်။
သူ့ရှေ့က ဒီလူက သေးသေးလေးပဲ။ ပြီးတော့ သူမကြိုက်တဲ့ ဥပဒေအဖွဲ့က ခေါင်းဆောင်လေ
"ဟားဟား ဒီကလေးက တကယ်ကို အကြံကောင်း ရှိတယ်"
"အကယ်လို့ ဒီဆရာသခင်က အစေခံအဖြစ် ရွေးချယ် ချင်တယ်ဆိုရင် ငါတို့ထဲက အပြေးအလွှား စာရင်းသွင်းတာနဲ့ မင်းရဲ့အလှည့်တောင် ရောက်ပါ့မလား?"
"ကောင်လေး ဒီကနေ ချက်ချင်း ထွက်သွားတော့ ငါတို့ ဆရာကြီးနဲ့ စကားပြောစရာ ရှိသေးတယ်..."
"ကောင်းကင်နဲ့ မြေကြီးရဲ့အမြင့်ကို ငါမသိပေမယ့် သခင်ရဲ့အစေခံဖြစ်ချင်ရင် မင်းမှာ ဘာအရည်အချင်းတွေ ရှိလို့လဲ?"
.......
လျောက်ချင်း၏ စကားများသည် သူ့နောက်မှ လူတိုင်း၏ နားကြားသို့ ပျံ့နှံ့သွားပြီး အားလုံးက တစ်ချိန်တည်း ရယ်မောကြတော့သည်။
လူတိုင်းသည် အဂ္ဂိရတ်ဆရာ၏ အစေခံမဖြစ်နိုင်ကြပါ။
"ကျွန်တော်...ကျွန်တော်....."
လူတိုင်း၏ လှောင်ပြောင်သံကို ကြားတော့ လျောက်ချင်း ရှက်ရွံ့သွားသည်။
တစ်ဖက်လူက အမှန်အတိုင်း ပြောနေတာကို သူသိသည်။ ကျန်းဝူအကယ်ဒမီမှာရှိတဲ့ ဥပဒေအဖွဲ့ကို ချုပ်ကိုင်ထားတဲ့ သူက အရမ်းသြဇာကြီးပြီး နာမည်ကြီးသည်။
သူကတော့ အကယ်ဒမီ ကျောင်းဝင်းအတွင်းက ကျောင်းသားတွေကြားမှာ ထိပ်တန်းဖြစ်ခဲ့တယ်။
လူတွေက မင်းကို ဂရုမစိုက်ကြတာ မင်းကံပါပဲ။
ကျောင်းအုပ်ကြီးလော်တောင် အခုနက သတိထားပြီး စကားပြောနေတာ မတွေ့ဘူးလား?
"ဆရာကြီး....ကျွန်တော့်ရဲ့ ကျင့်ကြံမှု ပြဿနာကို ကူညီဖြေရှင်းပေးနိုင်ရင် ကျွန်တော်ဆရာကြီးရဲ့ အစေခံ လုပ်ပါ့မယ်!"
လျောက်ချင်းက သူ့သွားတွေကို အံကြိတ်ရင်း နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။
အစေခံများနှင့် နောက်လိုက်များသည် သခင်ငယ်လေးနှင့် သခင်ကို အတူတူပင် ခေါ်ကြသော်လည်း ကွာခြားချက်မှာ ကြီးမားဆဲဖြစ်သည်။
နောက်လိုက်သည် သခင်၏ အမိန့်ကိုနာခံကာ သခင့်အတွက် အထောက်အပံ့ ဖြစ်နေနိုင်သော်လည်း သခင်သည် အိမ်ရှင်မိသားစု၏ ရေရှည်နှင့် ရေတို အလုပ်သမားများကဲ့သို့ မည်သည့် အလုပ်မျိုးမဆို အခကြေးငွေ ပေးဆောင်ရမည် ဖြစ်သည်။
အစေခံတစ်ဦးသည် သခင်၏အမိန့်ကို လုံးလုံးလျားလျား နာခံကာ ချက်ချင်းသေဆိုလျှင် မတွန့်ဆုတ်နိုင်ပေ။ ငွေနှင့် ပတ်သက်၍ သူပျော်ပါက ဆုချပြီး မပျော်ပါက ထွက်သွားခိုင်းလိမ့်မည်။
အစေခံ တစ်ဦးဖြစ်လာသောအခါ လွတ်လပ်မှုနှင့် သမာဓိဟူ၍ မရှိတော့ဘဲ သူ့မျက်လုံးထဲတွင် သခင်တစ်ဦးတည်းသာ ရှိပါသည်။
လုရွှမ်မှာ သူ့ရှေ့က ဥပဒေအဖွဲ့ခေါင်းဆောင်က ဒီလောက်ရက်စက်ပြီး သူ့အစေခံ ဖြစ်လိုစိတ်ရှိလိမ့်မယ်လို့ မမျှော်လင့်ထားချေ။ သူက ခေါင်းခါနေရင်း
"ငါမလိုအပ်ဘူး!"
နေ့တိုင်း လေ့ကျင့်ဖို့တောင် အချိန်မရှိတာ သူ့အစေခံတွေကို သင်ခန်းစာပေးဖို့ ဘယ်လိုလုပ် အချိန်ရနိုင်မလဲ။
ထို့အပြင် ကျန်းဝူအင်ပါယာ ကဲ့သို့သော သေးငယ်သောနေရာသည် မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် ထွက်ခွာသွားမည် ဖြစ်ပြီး အနာဂတ်မှာ ထွက်ခွာသည့်အခါ ၎င်းအတွက် စိတ်ပူစရာ မရှိစေရန် အစေခံများနှင့် အခြားအရာများကို အလိုမရှိပေ။
အရင်ဘဝက ညီအစ်ကိုတွေရဲ့ သစ္စာဖောက်ခြင်းကို ခံခဲ့ရပြီးနောက် အရေးအကြီးဆုံး အရာက သူ့ကိုယ်ပိုင်ခွန်အား သစ္စာစောင့်သိမှုပဲ။ ခင်မင်မှုလို့ ခေါ်တဲ့ အရာအားလုံးဟာ အတုအယောင်တွေပဲဆိုတာ သူသိလိုက်ပြီ။
"ဆရာကြီး ကျွန်တော့်အထင်တော့ ခင်ဗျား အစေခံတစ်ယောက် လိုလိမ့်မယ်"
အဖွဲ့ခေါင်းဆောင် လျောက်ချင်းကို ငြင်းဆိုနေချိန် လုရွှမ်ရှေ့မှ အဘိုးအိုတစ်ဦး ဖြတ်သွားကာ တောက်ပသော မျက်လုံးများဖြင့် သူ့ကို လှမ်းကြည့်နေ၏။
ကျန်းဝူအင်ပါယာရှိ နံပါတ်တစ် အဂ္ဂိရတ်ပညာရှင် ကျန်းဝူဖန်းရှစ် ပိုင်ရှင် ယွမ်ဟုန်ပင် ဖြစ်လေသည်။