မုရှန့်အစီအရင်ဖွဲ့စည်းပုံ
Vol. 3 Ch. 42
လုရွှမ် တစ်ဖက်လူကို တစ်ချက်ကြည့်လိုက်သည်။
"ဆရာကြီး ခင်ဗျားလိုလူတွေက လေ့ကျင့်ဖို့ အချိန်ပိုလိုတယ်...တချို့ အသေးအဖွဲ့ ကိစ္စတွေကို... ကိုယ့်ဟာကိုယ် အမြဲတမ်းလုပ်ဖို့ မဖြစ်နိုင်ဘူး... အစေခံတစ်ယောက်ရှိခြင်းက ဒုက္ခအများကြီးကို ကယ်တင်နိုင်တယ်...နောက်ပိုင်းမှာ တကယ် မလိုအပ်ဘူးဆိုရင် သူ့ကို ပြန်လွှတ်လိုက်ပါ... အချိန်အများကြီး ဖြုန်းမနေနဲ့"
ယွမ်ဟုန် ရယ်လျက် ဆိုလိုက်သည်။
"ဒါအမှန်ပဲ!" လုရွှမ် ခေါင်းညိတ်လိုက်သည်။
တကယ်ဆို သူအခု အလုပ်ချင်ဆုံးက ကျင့်ကြံဖို့ပဲ။ ငွေရှာတာ ဆေးပင်ဝယ်တာတွေက အချိန်ကုန်စေတယ်။ အစေခံတစ်ယောက် ရှိတာကလည်း သိပ်တော့ ပြဿနာမရှိလောက်ပေ။
"အဲဒါအပြင် ဆရာသခင် ကျန်းဝူအင်ပါယာကို ရောက်ရှိလာတော့ ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်တဲ့ အသေးအဖွဲ့ ကိစ္စတွေ မလွဲမသွေ ရှိလိမ့်မယ်။ ဆရာသခင်က ဂရုမစိုက်ရင်တောင် လူတွေနဲ့ ပေါင်းသင်းဆက်ဆံဖို့ လိုအပ်နေသေးတယ်လေ အစေခံ တစ်ဦးရှိရင် သူ့ကို ဆောင်ရွက်စေမယ် တခြားသူတွေက ဆရာသခင်က မာနကြီးတယ်လို့ မထင်ကြတော့ဘူးပေါ့ လူတိုင်းကို ကျေနပ်အောင် လုပ်နိုင်မယ် မဟုတ်ဘူးလား?"
ယွမ်ဟုန်မှ ဖြည်းဖြည်းမှန်မှန်ဖြင့် ရှင်းပြ၏။
လုရွှမ် ခေါင်းညိတ်ပြန်သည်။
တစ်ဖက်လူ ပြောသောစကားသည် အမှန်တရားပင်။ လောက၌ နေထိုင်ကြသော လူများသည် မည်မျှပင် အေးစက်ပြီး သန့်စင်နေပါစေ လောကီရေးရာများတွင် ရောယှက်နေကြဆဲ ဖြစ်ပြီး အရာခပ်သိမ်းတို့သည် တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာကြလိမ့်မည်။
တစ်ယောက်တည်း လေ့ကျင့်ဖို့ ဘယ်မှာ အချိန်ရမှာလဲ?
အစေခံတစ်ဦးကို ရှိခြင်းသည် ကွဲပြားခြားနားသည်။ တစ်ခုခုရှိသရွေ့ သူ့ကို ကိုင်တွယ်ခွင့်ပေးနိုင်သည်။
"ကောင်းပြီ မင်းကိုအရင်ဆုံး ငါ့ရဲ့အစေခံ ဖြစ်ခွင့်ပေးမယ်... မင်းကောင်းကောင်း စွမ်းဆောင်နိုင်ရင် တစ်လအတွင်းမှာ မင်းရဲ့ကျင့်ကြံမှု ပြဿနာကို ကူညီဖြေရှင်းဖို့ ငါစဉ်းစားမယ်.... မင်းရဲ့စွမ်းဆောင်ရည် မကောင်းရင် မင်းဘာလုပ်သင့်လဲ သိမှာပါ!"
စိတ်ထဲတွင် အတွေးတစ်ခုဖြင့် လုရွှမ်သည် စကားရပ်လိုက်ပြီး အဖွဲ့ခေါင်းဆောင် လျောက်ချင်းကို လက်ပြလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဆရာကြီး ကျေးဇူးတင်ပါတယ် ဆရာ!"
သူ့သဘောတူချက်ကိုကြားတော့ လျောက်ချင်းမှာ စိတ်လှုပ်ရှားစွာနဲ့ ထပ်ခါတလဲလဲ ဂါဝရပြုနေတော့သည်။
ဥပဒေအဖွဲ့ရှိ လူတိုင်းသည် သူတို့ကြောက်ရွံလေးစားရတဲ့ ခေါင်းဆောင်က တခြားသူရဲ့ အစေခံဖြစ်နေတယ် ဆိုတာကိုသာ သိရင် ဝမ်းသာကြမှာ မဟုတ်ဘဲ လုံးဝ မယုံကြမှာ ဖြစ်သည်။
"အိုး သနားစရာပဲ!"
"ငါလည်း သူ့အစေခံ ဖြစ်ပါရစေလို့ တောင်းဆိုခဲ့သင့်တယ်!"
"အခွင့်အရေးတွေ ဆုံးရှုံးသွားပြီ....ထပ်ရှာချင်ရင်တောင် မရနိုင်လောက်တော့ဘူး..."
.........
သူတို့ပတ်ဝန်းကျင်မှာ စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေတဲ့ လူအုပ်ကြီးတွင် အားလုံးက စိတ်မကောင်းစွာနဲ့ သက်ပြင်းတွေ ချနေကြပြီး ရင်ဘတ်ကိုလည်း ထုနေကြသေးသည်။
အစေခံတစ်ယောက်ရဲ့ အဆင့်အတန်းက နိမ့်ကျနေပေမယ့် မင်းသခင်က ဘယ်သူလဲဆိုတဲ့အပေါ်မှာ မူတည်သေးတယ်လေ
အခြားအရာများကို မပြောဘဲ ကျန်းဝူအင်ပါယာရှိ ဆရာကြီး၏ အရေးကိစ္စများကို ၎င်း၏ ကိုယ်စားပြုအဖြစ် လုပ်ဆောင်ရန် သူ့ကို အပ်နှင်းမည်ဖြစ်ပြီး လူသိနည်းသော အဖွဲ့ခေါင်းဆောင် လျောက်ချင်း၏ တန်ဖိုးသည် အဆတစ်ရာအထိ မြင့်တက်လာနိုင်မှာ ဖြစ်သည်။
အနာဂတ်တွင် အကယ်ဒမီ ကျောင်းအုပ်ကြီး နှင့် ကျန်းဝူဖန်းရှစ် ပိုင်ရှင်သည် သခင်တစ်ဦးကိုရှာဖွေလိုပါက သူ့ထံမှ ဖြတ်သွားရမည်ဖြစ်သည်။ အဘယ်မှာ အဆင့်အတန်း မမြင့်သနည်း?
သူ့ပတ်ဝန်းကျင်က ဆွေးနွေးမှုတွေကို ကြားတော့ လျောက်ချင်း ခေါင်းကိုမြှောက်ပြီး မတ်တပ်ထရပ်လိုက်ကာ သူ့စိတ်ထဲမှာ မာနတွေ တဟုန်ထိုး တက်လာသည်။
"ဆရာကြီး...ကျုပ်က ဒီဖန်ရှစ်ပိုင်ရှင် ယွမ်ဟုန်ပါ နောက်တစ်ခါ မလာခင် ကျုပ်ကို ကြိုသတင်းပို့လိုက် ကျုပ်လူကိုယ်တိုင် လာနှုတ်ဆက်မယ်.... ဒီတစ်ခါတော့ တကယ်ကို နှေးသွားခဲ့မိပါတယ်"
ဆရာကြီးကို မြင်တော့ ယွမ်ဟုန်သည် ဆရာကြီး၏ သူ့အပေါ် ပထမဆုံးအမြင်ကို ကောင်းမွန်စွာ ရှိစေချင်သည်။ ထို့ကြောင့် အပြုံးဖြင့် အမြန်နှုတ်ဆက်လိုက်သည်။
"လုပ်စရာရှိသေးလို့ နှုတ်ဆက်ပါတယ်...."
ဖန်ရှစ်ပိုင်ရှင် ရောက်လာခြင်းမှာ ပြဿနာများစွာကို ရပ်တန့်စေခဲ့တာ သေချာကြောင်း သိလိုက်ရသဖြင့် လုရွှမ်လှည့်ကာ ပြေးထွက်လာခဲ့သည်။
အခု ထွက်မသွားရင် တစ်ယောက်ပြီး တစ်ယောက် ထပ်လာနေရင် ဘယ်လိုလုပ်မလဲ? ဒါတွေက ဘယ်တော့မှ ပြီးမယ်ဆိုတာ ဘယ်သူသိမှာလဲ?
ခဏအကြာတွင် သူသည် ဖန်းရှစ်မှ ထွက်လာခဲ့ပြီး သူ့နောက်ကို ဘယ်သူမှ မလိုက်လာကြောင်း အတည်ပြုပြီးနောက် လူသူကင်းမဲ့သော လမ်းကြားတစ်ခုကို ဝင်လိုက်သည်။
သူ၏ အသွင်အပြင်နှင့် ၀တ်စားဆင်ယင်မှုကို ပြန်လည်ပြောင်းလဲခဲ့သည်။
ဖန်းရှစ်ကို ပြန်ရောက်တော့ ဒီအချိန်မှာ လူအုပ်ရဲ့ စိတ်အားထက်သန်မှုမှာ လုံးဝမလျော့သွားဘဲ ဆုပေးမယ့် နံရံရှေ့မှာ လူတွေပြည့်နေပါသေးသည်။
လူအုပ်ကို ကျော်ဖြတ်ကာ လုရွှမ်သည် ရုံးခန်းရှေ့သို့ ရောက်လာသည်။
"ငါ့ကို [မုရှန့်အစီအရင်ဖွဲ့စည်းပုံ] ဖွင့်ပေးပါ!"
"မုရှန့်အစီအရင်ဖွဲ့စည်းပုံ? ကြည့်လိုက်ဦးမယ်... အခန်း တစ်ခန်းရှိသေးတယ်... ဒီဘက်ကိုကြွပါ"
ဝန်ဆောင်မှုပေးသူ တစ်ဦးက လမ်းပြပေးသည်။
စုန့်ယွဲ့၏ စံနမူနာဖြင့် ဖန်းရှစ်၏ ရှေ့စားပွဲ ဧည့်ကြိုများသည် များစွာ သိသိသာသာ တိုးတက်ကောင်းမွန်လာပြီး လူများကို အလွယ်တကူ မထီမဲ့မြင် ပြုဝံ့တော့မည် မဟုတ်ပေ။
မုရှန့်အစီအရင် ခင်းထားသော အခန်းသည် ဧည့်ကြိုရှေ့စားပွဲနှင့် မနီးမဝေးတွင်ရှိပြီး မကြာမီ နှစ်ယောက်သား ထိုရှေ့သို့ ရောက်လာခဲသည်။
"မုရှန့်အစီအရင်ဖွဲ့စည်းပုံ အခင်းအကျင်းမှာ စုစုပေါင်း အခန်းဆယ်ခန်း ပါရှိပါတယ်....အထဲ ပိုသွားလေလေ ပိုခက်လေလေပါပဲ...ခင်ဗျားမှာ အင်အားရှိမှ ရှေ့ကို တိုးသွားတာ အကောင်းဆုံးပဲ မဟုတ်ရင် ခင်ဗျားအတွက် အန္တရာယ်ရှိတယ်"
ဝန်ဆောင်မှုပေးသည့် ဝန်ထမ်းက ရှင်းပြသည်။
"အင်း!" လုရွှမ် ခေါင်းညိတ်သည်။
ဒါကို သူသိထားပြီးသား ဖြစ်ပြီး တခြားသူက ရှင်းပြဖို့လည်း မလိုအပ်ပါဘူး။
"ဒါက အထူး အကာအကွယ်ပစ္စည်းပါ ဝယ်ရင် ရွှေစ၁သောင်းနဲ့ ရလိမ့်မယ်...ငှားရင် တစ်နာရီကို ရွှေစ ၁ထောင် ပေးရရှိမှာပါ..."
ဝန်ဆောင်မှုဝန်ထမ်းက ချပ်ဝတ်တန်ဆာပုံစံ အဝတ်အစား တစ်ထည်ကို ထုတ်ယူပြီး ပြောလာ၏။
မုရှန့်အစီအရင် ဖွဲ့စည်းပုံထဲတွင် ရုပ်သေး တိုက်ခိုက်မှုများသည် အလွန်ပြင်းထန်ပြီး သတိမပြုမိပါက ဒဏ်ရာရရှိမည် ဖြစ်သည်။ ထို့ကြောင့် ဖန်းရှစ်သည် အကာအကွယ် ပစ္စည်းများကို အထူးထုတ်လုပ်ထားသည်။
"မလိုပါဘူး!" လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
ဤနေရာသို့ ရောက်ရှိလာခြင်းသည် ခန္ဓာကိုယ်၏ ကြံ့ခိုင်မှုကို မြှင့်တင်ရန် တိုက်ခိုက်ခြင်း၏ အချိန်ကို လာယူခြင်းဖြစ်သည်။ အကာအကွယ် ပစ္စည်းများကို သုံးပါက ၎င်းသည် အကျိုးသက်ရောက်မှုကို ဆုံးရှုံးစေမည် ဖြစ်သည်။
"မလိုဘူး?"
ဝန်ဆောင်မှု ဝန်ထမ်းက ခဏတာ အံ့အားသင့်သွားပြီး သူ့ရဲ့ မျက်လုံးတွေက မထီမဲ့မြင်ပြုကာ
"ဒါဆို မင်း သည်းမခံနိုင်ရင် ချက်ချင်း ထွက်လာခဲ့ပါ"
လုရွှမ်ကတော့ ဘာမှမပြောတော့ဘဲ အခန်းထဲသို့ ၀င်သွားသည်။
"ဟား.... သူက ကောင်းကင်နဲ့ မြေကြီးရဲ့ အမြင့်ကို မသိတဲ့ ကောင်ပဲ...ခဏကြာရင် ဝက်ခေါင်းလို အရိုက်ခံရမှာ မြင်ယောင်သေးတယ်... ပြီးတော့ အကာအကွယ်ပစ္စည်းရဲ့ အရေးကြီးပုံကို သူသိလာလိမ့်မယ်!"
သူဝင်သွားတာကိုမြင်တော့ ဝန်ဆောင်မှု ဝန်ထမ်းက အေးစက်စွာ ပြုံးလိုက်သည်။
ဒီမှာအလုပ်လုပ်ရင်း နေ့တိုင်း အကာအကွယ် ပစ္စည်းမပါဘဲ အပြေးအလွှား ဝင်သွားတဲ့ ကိုယ့်ကိုယ်ကို ဟုတ်လှပြီလို့ ထင်နေတဲ့ ကောင်တွေကို မြင်ဖူးပြီးသား။ ရလဒ်အနေနဲ့ သူတို့အားလုံး မျက်နှာ မြေကြီးအရောင်တွေနဲ့ ပြန်ထွက်လာရတာပဲ။
မုရှန့်အစီအရင်ဖွဲ့စည်းပုံက ကြောက်စရာ ကောင်းလွန်းသည်။ လွယ်လွယ်နဲ့ ဝင်နိုင်ရင် ပိုက်ဆံအများကြီး ပေးနေရမှာတောင် မဟုတ်ဘူး။
တစ်နာရီအတွက် ရွှေစ၁သိန်း
ရိုးရိုးရှင်းရှင်း ပိုက်ဆံကောက်ရုံပါပဲ။
"ဒီကောင် ဒီထဲမှာ ဘယ်လောက်ကြာကြာ နေနိုင်မယ် ထင်လဲ?"
သူ့စကားတွေကို ကြားတော့ တခြားဝန်ဆောင်မှု ဝန်ထမ်းတစ်ယောက် ရောက်လာပြီး ပြုံးပြလာ၏။
"ဒီလူရဲ့ မှေးမှိန်နေတဲ့ မျက်နှာကို ကြည့်ပြီး သုံးမိနစ်လောက် နေနိုင်ရင် မဆိုးပါဘူး!"
ပထမဝန်ထမ်းက ပြောလိုက်သည်။
"ငါးမိနစ်လောက် ကြာမယ်ထင်တယ်!"
ဒုတိယ ဝန်ထမ်းက ထပ်ပြောလိုက်၏။
"ငါးမိနစ်လား? မင်းငါ့ကို လာနောက်နေတာလား မင်းသမီးလော့ရုံကို မင်းသိလောက်ပါတယ်"
"ကျန်းဝူ တော်ဝင်မိသားစု၏ ထိပ်တန်း ပါရမီရှင်အဖြစ် လူသိများသလို ကျန်းဝူအကယ်ဒမီရဲ့ ထိပ်တန်းဖြစ်တည်မှု တစ်ခုလေ မသိစရာလား?"
"သူမဒီကို ပထမဆုံးရောက်တုန်းက ရှစ်မိနစ်ပဲကြာတယ်"
"ရှစ်မိနစ်? အဲဒီတုန်းက သူမခွန်အားက ဘယ်လောက်လဲ?"
"အဲဒီတုန်းက တန်းလိနယ်ပယ်ရဲ့ အလယ်အလတ် အဆင့် တော်ဝင်မိသားစုရဲ့ ကျင့်ကြံရေးတွေနဲ့ ကိုယ်ခံပညာတွေ လေ့ကျင့်ထားသူတောင် ဒီလိုမျိုး လေ့ကျင့်မှုကို ရှစ်မိနစ်ပဲ ကြာမြင့်တယ်.... ဒီအံ့အားသင့်စရာ ကောင်းတဲ့ လူငယ်လေးက ငါးမိနစ်လောက် ကြာနိုင်မယ်ထင်လား? နောက်နေတာလားဟ!"
ဝန်ထမ်းနှစ်ယောက် စကားစမြည် ပြောဆိုနေကြစဥ် တစ်ယောက်ပြီး တစ်ယောက် တံခါးကို စိုက်ကြည့်နေကြသည်။ ကောင်လေးက ဘယ်လိုမှ မထိန်းနိုင်ဘဲ ရှုပ်ပွစွာ ထွက်လာတာကို သိချင်တာကြောင့် အသီးသီး သူတို့ရှေ့က စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေ၏။
မကြာခင် သုံးမိနစ်ကြာသွားသည်။
အခန်းထဲက ဘယ်သူမှ ထွက်မလာဘူး။
ငါးမိနစ် ကျော်သွားတော့လည်း ဘယ်သူမှ ပေါ်မလာဘူး။
"ဆယ်မိနစ်တောင် ကြာနေပြီ သူအထဲမှာ မေ့မြောနေတာများလား?"
"မဖြစ်နိုင်ဘူး သတိလစ်သွားရင် အလိုအလျောက် အပြင်ကို လွှတ်ထုတ်လိုက်လိမ့်မယ်.... မထွက်လာသေးရင် သူ ဆက်တောင့်ထားနိုင်လို့ ဖြစ်မယ်"
"ပထမဆုံးအကြိမ် မုရှန့်အစီအရင် ဖွဲ့စည်းပုံထဲကို ဝင်ပြီး ဆယ်မိနစ်လောက် ဆက်နေနိုင်တယ်လား?
ဆယ်မိနစ်ခန့် လျှင်မြန်စွာ ကုန်လွန်သွားသော်လည်း မည်သူမျှ ပေါ်မလာသေးပေ။
ဒီကောင်လေးရဲ့ မျက်နှာက မသိနားမလည်တဲ့ ပုံစံနဲ့။ ဒီကို ပထမဆုံး လာခဲ့တာ ဖြစ်ရမယ်။ သူ ပထမဆုံး အကြိမ်လာတာကို ဆယ်မိနစ်ထက် ပိုကြာအောင် နေနိုင်ခဲ့တာလား?
ပြီးတော့ အကာအကွယ် ပစ္စည်းလည်း မရှိဘူးလေ တကယ်လား? အမြင်မမှားဘူးမလား?
"ခဏစောင့် သူချက်ချင်း ထွက်လာမယ်လို့ ငါထင်တယ်..."
ပထမဝန်ထမ်းသည် မယုံကြည်နိုင်ဘူး ဖြစ်နေသည်။ သို့သော် သူ့ကို စိတ်ပျက်သွားစေသည်မှာ မကြာမီ နာရီဝက်ကြာသွားသည်။
အထဲကို ဝင်သွားတဲ့ ကောင်လေးက မုရှန့်အစီအရင်ဖွဲ့စည်းပုံထဲ ဝင်သွားမဟုတ်ဘဲ အိပ်ဆောင်ထဲ ဝင်သွားသလိုပဲ။
"နာရီဝက်?... သူက လူရောဟုတ်ရဲ့လား?"
အခုလေးတင်ပဲ လုရွှမ်ကို ငါးမိနစ်တောင် မထိန်းနိုင်တော့ဘူး ထင်ပြီး ရယ်နေတဲ့ ဝန်ထမ်းမှာ မျက်နှာကို ပါးရိုက်ခံလိုက်ရသလို နာကျင်နေပြီး မျက်လုံးတွေ ပြာလာကာ ရူးတော့မတတ် ဖြစ်နေသည်။
မင်းက ပထမဆုံး ရောက်ဖူးတာနဲ့တင် နာရီဝက်လောက် တောင့်ခံနိုင်တယ်ပေါ့ ငါမျက်စိကန်းနေတာ မဟုတ်ဘူးမလား?