၆ခန်းမြောက်
Vol. 3 Ch. 43
ဝန်ထမ်း၏ မထီမဲ့မြင်ပြုမှုနှင့် အတွေးအမြင်များကို အာရုံစိုက်ရန် အချိန်မရှိသော လုရွှမ်သည် မုရှန့်အစီအရင် ပုံစံထဲသို့ လျှောက်သွားသည်။
ပထမအခန်းရှေ့ရှိ ပွင့်လင်းသော နေရာ၌ လူတစ်ဒါဇင်ခန့် တင်ပျဉ်ခွေ ထိုင်ကြနေပြီး မျက်နှာများနီရဲ ရောင်ရမ်းကာ ဒဏ်ရာပြင်းထန်စွာ ရထားကြပုံရသည်။
ပထမလှိုင်းတွင် တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နိုင်သရွေ့ မုရှန့်အစီအရင် ဖွဲ့စည်းမှုသည် ၎င်းတို့အား အနားယူရန် အချိန်ပေးမည်ဖြစ်သော်လည်း ဤနေရာတွင် အနားယူခြင်းသည် ငွေများစွာ ကုန်ကျမည်ဖြစ်ပြီး လူအများက လှည့်ထွက်ရန် ရွေးချယ်ကြမည် ဖြစ်သည်။
"ဟားဟား... နောက်ထပ် သေလမ်းလာရှာတဲ့ လူတစ်ယောက် ရောက်လာပြီ"
"အကာအကွယ် ဝတ်စုံတောင် မဝတ်ထားဘူး... မွေးကင်းစနွားက တကယ် ကျားကို မကြောက်ဘူးပဲ"
"မြန်မြန် ထွက်သွားရမှာပါပဲ"
... ...
သူရောက်လာတာကို မြင်တော့ ထိုင်နေတဲ့လူတွေ အားလုံးကသူ့ကို မျက်လုံးပြူးကြည့်လာပြီး ရယ်မောကြလေသည်။
သူတို့ အကာအကွယ် ဝတ်စုံဝတ်ထားတာ မမြင်ဘူးလား။ သူတို့အားလုံး ဒီလို အရိုက်ခံလိုက်ရတယ်။ ဘာမှမဝတ်ဘဲ ဒီအတိုင်းဝင်သွားရင် သေလမ်းရှာနေတာ မဟုတ်လို့ ဘာလဲ?
ဝှစ်.....
သူတို့၏ ငြင်းခုံမှုများကို လျစ်လျူရှုကာ လုရွှမ်သည် ဖွဲ့စည်းခြင်းကို စတင်ခဲ့သည်။
ဝူ....ဝူ....
ရုပ်သေးရုပ်နှစ်ကောင်က ရုတ်တရက် သူ့ဆီသို့ ပြေးလာသည်။
ဒီရုပ်သေးနှစ်ကောင်ဟာ တန်းလိနယ်ပယ်ရဲ့ အစောပိုင်းအဆင့်မှ ခွန်အားတွေရှိပြီး သူတို့ရဲ့ အရှိန်က အလွန်မြန်သည်။ သူတို့ ရှေ့ကို မရောက်ခင်မှာ လေဟုန်ခွင်းသံတွေက ပတ်ပတ်လည်မှာ ရှိနေပြီး လေကို ဖိအားတစ်ခု ဖြစ်လာစေစည်။
"အားနည်းလွန်းတယ်!" လုရွှမ် ခေါင်းခါလိုက်သည်။
သူသည် တန်းလိနယ်ပယ်၏ အစောပိုင်းအဆင့်တွင်သာ ရှိသော်လည်း ဆင်သံချပ်ရွှေကိုယ်ထည် နှင့် ယွမ်ယန်ကျင့်စဥ်တို့ကြောင့် သူ့တွင် တန်းလိစွမ်းအင် ငါးခုရှိပြီဖြစ်သည်။
သူ၏ရှေ့တွင်တော့ တန်းလိစွမ်းအင် တစ်လုံးတည်းသာရှိသော ရုပ်သေးသည် သူ့အတွက် တကယ်ကို အားနည်းလွန်းလှသည်။ .
နေရာမှာ မတ်တတ်ရပ်ပြီး လှုပ်ပင်မလှုပ်ချေ။
ဝုန်း.....
ရုပ်သေးရဲ့ လက်သီးက သူ့ခန္ဓာကိုယ်ကို ထိသွားသည်။
"ဟားဟား.... မြန်မြန်ကြည့် အဲဒီကလေးက ကြောက်လွန်းလို့ ဘယ်လိုရှောင်ရမှန်းတောင် မသိတော့ဘူး!"
"သနားစရာ ကောင်းချက်! ပြန်သွားတဲ့အခါ အိပ်ယာထဲမှာ ခဏလောက် လှဲရမယ်ထင်တယ်!"
"ငါအကာအကွယ် ဝတ်စုံ ၀တ်ထားရင် ဒဏ်ရာ သက်သာလိမ့်မယ်.. အခုတော့ နံရိုး ဘယ်လောက်ကျိုးနေပြီလဲ မသိဘူး..."
.......
လုရွှမ်သည် ရှောင်တိမ်းမနေတာ တွေ့တော့ တင်ပျဉ်ခွေ ထိုင်နေသောလူများ တစ်ချိန်တည်းတွင် ရယ်မောလိုက်ကြသည်။
မုရှန့်အစီအရင် ဖွဲ့စည်းပုံထဲ ဝင်လာပြီဆိုမှတော့ ခွန်အားတွေ တိုးတက်လာဖို့ ရုပ်သေးရုပ်တွေနဲ့ တိုက်ခိုက်ရမှာပဲ မလား။ တောင့်ခံနိုင်လေ အောင်မြင်မှုက ပိုကြီးလေပဲ။
သူတို့ရှေ့က ကောင်လေးလို ရောက်လာတာနဲ့ တုံ့ပြန်ချိန်တောင် မရဘဲ ချက်ချင်း တိုက်ခိုက်ခံရတာကိုတော့ ပထမဆုံးအကြိမ် မြင်ဖူးခြင်းသာ ဖြစ်သည်။
ရုပ်သေးတွေက အစွမ်းထက်သလို ရုပ်သေးက နာကျင်မှုကိုလည်း မခံစားရပေ။ သူတို့ရဲ့ လက်သီးတွေကို အထူးသတ္တုနဲ့ ပြုလုပ်ထားတဲ့အတွက် ခန္ဓာကိုယ်ကို ထိမိတဲ့အခါ သည်းမခံနိုင်လောက်အောင် နာကျင်မှုက ပြင်းထန်၏။
လူတိုင်း၏ အမြင်တွင် သူတို့ရှေ့မှ အံ့အားသင့်စရာ ကောင်းသော လူငယ်သည် သူရှောင်ရန် အချိန်မရသေးမီ ထိမှန်သွားရာ သူမသေရင်တောင် တုန်လှုပ်သွားနိုင်သည်။
သို့သော်လည်း ရယ်သံများ မပြီးဆုံးခင် တစ်စုံတစ်ယောက်က လည်ပင်းကို လာညှစ်ထားသကဲ့သို့ ရယ်သံများ လုံး၀ ထွက်မလာတော့ချေ။
"ဒါမဖြစ်နိုင်ဘူး!"
"လူရော ဟုတ်ရဲ့လား?"
လူအပေါင်းတို့ တုန်လှုပ်သွားကြသည်။
သူ့ရှေ့က ရုပ်သေးအရိုက်ခံရတဲ့ ကောင်လေးက ဒဏ်ရာမရရုံတင် မဟုတ်ဘဲ သူ့ကိုယ်ကို ထိုးချလိုက်တဲ့ ရုပ်သေးရဲ့လက်သီးက သံမဏိနဲ့ ထိမိသွားပုံရပြီး လက်တွေ တုန်ခါသွားတာကို တွေ့လိုက်ရသည်။
ဒါက အထူးပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ရုပ်သေးရုပ်တွေလေ။ တုန်လှုပ်သွားတဲ့ လက်က ကွဲကြေသွားတယ်?
အမြင်မလွဲဘူးမလား?
"တကယ် အားနည်းလွန်းတယ်!"
ခံစားချက်မဲ့စွာ သက်ပြင်းချရင်း လုရွှမ်က ခေါင်းခါပြန်သည်။
ဖုံးကွယ်မထားရသည့် အကြောင်းရင်းမှာ ပထမ ဤရုပ်သေးများ၏ ခွန်အားသည် သူ့အမြင်တွင် အားနည်းလွန်းပြီး ဒုတိယအချက်မှာ ဆင်သံချပ်ဝတ်ရွှေကိုယ်ထည်၏ ခံနိုင်ရည်ကို စမ်းကြည့်ချင်သောကြောင့်ပင်။
၎င်းကို စမ်းသုံးကြည့်ပြီးနောက် မျှော်လင့်ထားသည့်အတိုင်း ဖြစ်ခဲ့ပြီး တန်းလိစွမ်းအင်၏ တွန်းအားသည် ခန္ဓာကိုယ်ပေါ် ထိမှန်ခဲ့သော်လည်း သက်ရောက်မှု လုံးဝမရှိခဲ့ပေ။
"နောက်အခန်းကို ဆက်ကြည့်စမ်း!"
ပထမအခန်းတွင် ခွန်အားအပြည့်ရှိသော အစောပိုင်းအဆင့် ရုပ်သေးနှစ်ကောင်သာ ရှိသည်။ ဤနေရာ၌ မတ်တပ်ရပ်ပြီး အရိုက်ခံရပါက ထိခိုက်ဒဏ်ရာရမည် မဟုတ်ပါ။ သဘာဝအတိုင်း အကျိုးသက်ရောက်မှုလည်း ရှိမည်မဟုတ်။
ရုပ်သေးတွေ ရှုပ်ယှက်ခတ်နေတဲ့ ဒုတိယအခန်းဆီ လျှောက်သွားလိုက်သည်။
ဒုတိယအခန်းတွင် လူခုနစ်ဦး သို့မဟုတ် ရှစ်ဦးခန့် ထိုင်နေပြီး ၎င်းတို့၏ ဒဏ်ရာများမှာ ယခင်အခန်းများထက် ပိုဆိုးသည်။
လူတိုင်းကို လျစ်လျူရှုပြီး လုရွှမ် အစီအရင် ဖွဲ့စည်းမှုကို စတင်ရန် လျှောက်သွားလိုက်သည်။
တန်းလိနယ်ပယ် အဆင့်၃ အလယ်အလတ် အဆင့်ရှိ ရုပ်သေးရုပ်များ ထွက်ပေါ်လာသည်။
ဝုန်းဝုန်းဝုန်း
ရုပ်သေးရုပ်များသည် အင်အားအပြည့်ဖြင့် အဆင့်၃ အလယ်အလတ်ရှိ တန်းလိစွမ်းအင် နှစ်ခုကို ပိုင်ဆိုင်ထားသည်။ လုရွှမ်သည် နေရာတွင် ရပ်ကာ ရုပ်သေးများအား အကြိမ်ပေါင်းများစွာ ဆက်တိုက် ရိုက်စေခဲ့သည်။
ထိုရိုက်ချက်တွေက ဆင်သံချပ်ရွှေကိုယ်ထည်ကို မထိုးဖောက်နိုင်သေးတာကို ခံစားရတာကြောင့် မဆိုင်းမတွ ရှေ့ဆက်လာခဲ့သည်။
"အခုနက... တစ်ယောက်ယောက် လာတာလား?"
"ဟုတ်တယ် ထင်တယ်... "
"ဒါဆို ငါအမြင် မှားနေတာ မဟုတ်ဘူးပေါ့... လာတဲ့လူကို ရုပ်သေးက အကြိမ်ပေါင်းများစွာ ဆက်တိုက် ထိုးသတ်တာတောင် ဘာမှမဖြစ်ဘဲ တတိယအခန်းကို ဝင်သွားတယ်!"
"ဟုတ်ပုံရတယ်……"
"သေစမ်း....ဒါ....."
.......
လုရွှမ် ထွက်သွားပြီးနောက် မယုံနိုင်စရာ ဆွေးနွေးမှုများလည်း အခန်းတွင်းမှ ထွက်ပေါ်လာသည်။
အကာအကွယ် ပစ္စည်းမပါပဲ နေရာမှာရပ်ပြီး ရုပ်သေးရဲ့ ရိုက်နှက်ခြင်းကို ခံရတာကို ဘာမှဖြစ်မလာဘူး? လူတိုင်းက သူတို့ လှည့်စားခံရတယ်လို့ပဲ ထင်နေကြ၏။
အခန်း၄!
အခန်း၅!
တတိယအခန်းသည် တန်းလိနယ်ပယ်၏ နှောင်းပိုင်းအဆင့် အဆင့်၄၏ ရုပ်သေးရုပ်များဖြစ်သည်။
ပဉ္စမအခန်းသည် တန်းလိနယ်ပယ်၏ ပြီးပြည့်စုံသော ရုပ်သေးခြောက်ရုပ် ဖြစ်သည်။
လုရွှမ်၏ လက်ရှိအင်အားနှင့် တူညီသော တန်းလိစွမ်းအင် ငါးခုစွမ်းအားဖြစ်သော တန်းလိနယ်ပယ် ပြီးပြည့်စုံတဲ့အဆင့်မို့ တစ်ချိန်တည်းတွင် တိုက်ခိုက်ခြင်းကြောင့် နောက်ဆုံးတွင် သူ့ကို ဖိအားများ ခံစားရစေသည်။
သို့သော်လည်း ယခင်တိုက်ပွဲ အတွေ့အကြုံနှင့် ဆင်သံချပ်ရွှေကိုယ်ထည်၏ ခုခံမှုနှင့်အတူ ဖိအားက အထူးမြင့်မားခြင်း မရှိလေရာ အကဲဖြတ်ခြင်းကို လျင်မြန်စွာ ကျော်ဖြတ်ပြီး ဆဌမမြောက်အခန်းသို့ ဝင်ရောက်ခဲ့သည်။
ဝင်တဲ့ အခန်းက ပိုနက်လေလေ လေ့ကျင့်သူ နည်းလေလေပါပဲ။
အရင်ကတော့ တစ်ဒါဇင်ကျော်၊ ခုနစ်ယောက်၊ ရှစ်ယောက်လောက်ရှိပေမယ့် ပဉ္စမအခန်းမှာတော့ တစ်ယောက် သို့မဟုတ် နှစ်ယောက်ပဲ ရှိတော့သည်။
ဝုန်း.....
ဆဌမအခန်း တံခါးကို တွန်းဖွင့်လိုက်သည်။
ဒီအခန်းထဲမှာတော့ တစ်ယောက်မှ မရှိပေ။ ပိုခက်လေလေ ဝင်နိုင်သူတဲ့ လူနည်းလေလေ ဖြစ်ပုံရသည်။
"ဒီအခန်းက ငါ့ကို အောင်မြင်အောင် ကူညီပေးနိုင်လောက်တယ်"
အနားယူသည့် နေရာ၌ ရပ်ကာ အသက်ရှုချိန်ညှိရင်း လုရွှမ် ရုပ်သေးရုပ်ဆီသို့ ခြေလှမ်းနှစ်လှမ်းဖြင့် ရောက်လာပြီး ၎င်း၏ မြင့်မြတ်သော ရွှေကတ်ကို ထုတ်ကာ ကတ်အပေါက်ထဲသို့ ထည့်လိုက်သည်။
ဤသည်မှာ ရုပ်သေးကို အသက်သွင်းရန် အဆင့်ဖြစ်ပြီး ၎င်းသည် ကုန်ကျစရိတ်ကိုလည်း နုတ်ယူသွားမှာ ဖြစ်သည်။
၎င်းကို ထိုအချိန်က ရုပ်သေးပင်လယ်ဂိုဏ်းမှ အထူးထုတ်လုပ်ထားပြီး အလွန်အဆင်ပြေသည်။
ဝူ.....
အမြင့်မြတ်ဆုံး ရွှေကတ်သည် ကတ်အပေါက်ထဲသို့ ဝင်သွားသည်နှင့် ဖွဲ့စည်းခြင်းက ချက်ချင်း အသက်ဝင်လာသည်။
ဟူး ဟူး ဟူး ဟူး!
ရုပ်သေး၇ခုသည် သူ့ကို လှည့်ပတ်၍ ဝိုင်းရံထားသည်။
ဤရုပ်သေးများသည် သန့်ရှင်းသော စွမ်းအားအရ ၎င်းတို့တစ်ဦးစီသည် စွမ်းအားပြည့် နယ်ပယ်ကို ပြီးမြောက်ပြီးသူများထက် ပိုမိုအားကောင်းသည့် တန်းလိစွမ်းအင် ခြောက်ခုအထိ အားကောင်းကြသည်။
ယေဘုယျအားဖြင့် ဤအခန်းသည် ဝူအဆင့်၄ နန်းတော်ပင်လယ် နယ်ပယ်ရှိသူတွေ ဝင်ရောက်ရာ နေရာဖြစ်သည်။ သူ့လို နယ်ပယ်တွေကို လေ့ကျင့်ဖြတ်ကျော်ဖို့ ဒီကိုရောက်လာတဲ့ သူတွေက ကျန်းဝူအင်ပါယာ မပြောနှင့် တိမ်ပင်လယ် နယ်မြေ တစ်ခုလုံးကိုတောင် ရှာမတွေ့နိုင်ပေ။
"စကြရအောင်!"
နောက်ဆုံးတွင် ခန္ဓာကိုယ်အပေါ် ဖိအားများ ရှိလာသည်ဟု ခံစားလိုက်ရသဖြင့် လုရွှမ်၏ မျက်လုံးများ တောက်ပလာပြီး သူ့ခန္ဓာကိုယ်က ခုန်တက်ကာ ရုပ်သေးတစ်ရုပ်ဆီသို့ ဦးစွာ ပြေးသွားခဲ့သည်။
သူက ရှေ့ကို ခုန်ဆင်းလိုက်ပြီး ချက်ချင်းပဲ ရုပ်သေးနှစ်ကောင်က သူ့နောက်ကို ပြေးလာကာ သူ့ခေါင်းနဲ့ ခါးကို တိုက်ရိုက် တိုက်ခိုက်သည်။
ဤရုပ်သေးများသည် အသက်မဲ့သော်လည်း ၎င်းတို့၏ အမူအရာသည် သာမန်ခြိမ်းခြောက်မှုထက် များစွာကြီးမားသည့် ဖွဲ့စည်းမှုနှင့်အညီ ဖန်တီးထားတာဖြစ်သည်။
လေသံကို ခံစားရင်း ဆင်သံချပ် ရွှေကိုယ်ထည်သည် အားကောင်းသော်လည်း သူ၏ ကျင့်ကြံမှုအဆင့်က အားနည်းလွန်းသောကြောင့် မရှောင်မတိမ်းဘဲ ခုခံပါက သူသေချာပေါက် ဒဏ်ရာရသွားလိမ့်မည်ကို လုရွှမ် သိလိုက်သည်။
ခန္ဓာကိုယ်ကို ချက်ချင်းကျုံ့၍ ခြောက်နှစ် သို့မဟုတ် ခုနစ်နှစ်အရွယ် ကလေးတစ်ယောက် အရပ်အမောင်းလောက်အထိ ဖြစ်သွားသည်။ ဦးခေါင်းကို စောင်း၍ ခါးရ တိုက်ခိုက်မှုကို ခုခံရန် ဘယ်လက်ကို လှန်ကာ ညာလက်သည် ရှေ့တည့်တည့်သို့ လှည့်ကာ ရုပ်သေးရုပ်၏ မျက်နှာကို ရိုက်ချလိုက်သည်။
ဗုန်း!
လက်ဖဝါးရဲ့ တွန်းအားက လေထဲတွင် ပေါက်ကွဲသံကြီး ထွက်ပေါ်လာစေသည်။
ဆင်နဂါးရွှေလက်ဝါး!
ရုပ်သေးရုပ်များ၏ တန်းလိစွမ်းအင် ခြောက်ခုဖြင့် ရင်ဆိုင်ရင်း အင်အားကို လုံးဝမချန်ထားရဲတော့ဘဲ ယခု သူ့မှာရှိသမျှ ခွန်အား အားလုံးကို အသုံးပြုလိုက်သည်။