← Chapters

နဂါးဆင်ရွှေလက်ဝါး

Vol. 3 Ch. 44

နဂါးဆင်ရွှေလက်ဝါး

Vol. 3 Ch. 44

ဒုန်းဒုန်း ဒုန်းဒုန်း

ထိုးနှက်သံများ ဆက်တိုက်ထွက်ပေါ်လာပြီး လုရွှမ်သည် အထပ်ထပ် အခါခါ နောက်ဆုတ်နေတာတောင်မှ တောက်လောင်နေသော လက်သီးပေါင်းများစွာကို ခုခံနေရသည်။

ဆဌမအခန်းတွင် ဆယ်မိနစ်နီးပါး ရှိနေခဲ့ပြီးပြီ။

ဤကာလအတွင်း သူ၏ ကြံ့ခိုင်သန်စွမ်းမှုနှင့် ထူးကဲသော မျက်စိအမြင်တို့ကို အားကိုး၍ ရုပ်သေးခုနစ်ကောင်နှင့်အတူ တိုက်ခိုက်ခဲ့ပြီး အလွန်အမင်း ထိခိုက်မှုမရှိခဲ့ချေ။

ဆန့်ကျင်ဘက်အားဖြင့် ရုပ်သေးခုနစ်ကောင်သည် သူ၏အရူးအမူး တိုက်ခိုက်ခြင်းအောက်တွင် ပိုမိုနှေးကွေးလာသည်။

သို့သော် ရုပ်သေးသည် နာကျင်မှုကို သတိမပြုမိ။ သူ့နဂါးဆင် လက်ဖဝါးဖြင့် အဆက်မပြတ် တိုက်ခိုက်နေသော်လည်း ဆုတ်ခွာရန် ရည်ရွယ်ချက် ရှိပုံမရပေ။

နှစ်ဘဝလုံးရဲ့ တိုက်ပွဲ အတွေ့အကြုံကြောင့်သာ မဟုတ်ရင် လက်ရှိမှာသူ ဒဏ်ရာအပြင်းအထန်ရပြီး မြေပြင်ပေါ်လဲကျနေမှာကို ကြောက်ရသည်။

အဆက်မပြတ် တိုက်ခိုက်ခံရပြီး ရုပ်ပိုင်းဆိုင်ရာ အားထုတ်မှုနဲ့အတူ လူတစ်ကိုယ်လုံး ကန့်သတ်ချက် ရောက်သွားတာကြောင့် သူ့ခေါင်းထဲလည်း အနည်းငယ် ရှုပ်ထွေး မူးဝေနေပါသည်။

"ကျင့်ကြံခြင်းက ဒီလိုကန့်သတ်ချက်မျိုး လိုအပ်တယ်....ဒီကန့်သတ်ချက်ကို ဖြတ်ကျော်နိုင်သရွေ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှု ရရှိနိုင်တယ်"

ဤကန့်သတ်ချက်မျိုးသည် သူ့အတွက် များစွာအကျိုးရှိသည်ကို သိသဖြင့် လုရွှမ်သည် မတုန်မလှုပ်ဘဲ သူ့မျက်လုံးများတွင် အဆိပ်မီးတောက်များ တောက်လောင်လာကာ သွားများကို အံကြိတ်ပြီး ဆက်လက်တိုက်ခိုက်သည်။

ဇွဲလုံ့လ ရှိမှသာလျှင် ခွန်အားတိုးတက်နိုင်ပြီး ကျင့်ကြံခြင်းသည်လည်း ထိရောက်မှုရှိသည်ဟု မှတ်ယူနိုင်မည်။ တစ်ဝက်တစ်ပျက်နဲ့ စွန့်လွှတ်လိုက်မယ် ဆိုရင် ဒါဟာ ငွေကိုပင် ဖြုန်းတီးရာရောက်သေးသည်လေ။

"မောလိုက်တာ... "

ဆယ့်ငါးမိနစ်လောက် ကြာသွားသည်။

အဆက်မပြတ် ပြင်းထန်စွာ တိုက်ပွဲဝင်ပြီးနောက် သူ့ခန္ဓာကိုယ်အနှံ့ ကြွက်သားများ နာကျင်နေပြီဖြစ်၍ လူလည်း မူးဝေလာသည်။

ဝုန်းဝုန်းဝုန်း!

လုရွှမ်သည် သတိမလစ်သွားသေးတာကြောင့် နောက်ကျောကို သုံးကြိမ်ဆက်တိုက် ထိုးခြင်းခံလိုက်ရသည်။ နာကျင်မှုသည် သူ့ဝိညာဉ်ကို ထိုးဖောက်သွားပြီး သူ့သွားများကြားမှ သွေးများက နှုတ်ခမ်းထောင့်မှာ ချိုမြိန်စွာ စီးကျလာ၏။

ဒဏ်ရာရသွားပြီ!

"ငါတောင့်မခံနိုင်ဘူးဆိုတာ မယုံဘူး!"

မျက်လုံးများ နီမြန်းလာပြီး လုရွှမ်ဆီမှ ဟိန်းဟောက်သံ ထွက်လာပြီး နောက်ဆုတ်မည့်အစား ရှေ့သို့ တိုးသွားလေသည်။ သူသည် လက်ဖဝါးများကို လှုပ်ခါ၍ ရုပ်သေးရုပ်နှစ်ကောင်၏ တိုက်ခိုက်မှုကို တားဆီးလိုက်သည်။

တစ်ချိန်တည်းတွင် သူသည် ခြေဖဝါးကို မြှောက်ကာ အခြားရုပ်သေးကို ကန်လိုက်သည်။

ဗုန်း!

ခြေဖဝါးမှ မကန်မီတွင် အခြားရုပ်သေးရုပ် တစ်ရုပ်က သူ့၏ ရင်ဘတ်ကို တိုက်ရိုက် ချိန်ရွယ်ထားသည်။

ဒီလက်သီးရဲ့ ခွန်အားနဲ့ စွမ်းအားကို ကြည့်လိုက်တာနဲ့ သူ့လက်ရှိ အခြေအနေနဲ့ဆို သူ့နံရိုးတွေ မလွဲမသွေ ကျိုးသွားမှာဖြစ်ပြီး လူလည်း အချိန်တိုအတွင်း ပြန်ကောင်းလာဖို့ ခက်ခဲစေနိုင်တဲ့ ဒဏ်ရာတွေ ရသွားလိမ့်မည်။

"သေစမ်း!"

ယွမ်ယန်ကျင့်စဥ်သည် သူ့ရင်ဘက် အတွင်း၌ ကျယ်လောင်စွာ ဟိန်းဟောက်၍ သူ့ခန္ဓာကိုယ်အတွင်း လျင်မြန်စွာ ခုန်ထွက်သွားပြီး သူ့အရှိန်သည် တခဏချင်း မြန်ဆန်သွားသည်။

တခြား ရုပ်သေးရုပ်များကို ပိတ်ဆို့ထားသည့် လက်ဖဝါးများကို ပြန်ဆုတ်ကာ သူ့ထံသို့ လက်သီးများ ရောက်လာတော့မည့် အချိန်တွင် ရိုက်ချလိုက်သည်။

ဗုန်း!

ရုပ်သေးသည် လက်ဖဝါးဖြင့် ထိမှန်ကာ ဇောက်ထိုး ပျံသွားကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားခဲ့သည်။

"ခွန်းအားက ထိုးဖောက်နိုင်မယ်လို့ မမျှော်လင့်ထားဘူး နဂါးဆင်လက်ဝါးက ပထမဆုံး အောင်မြင်မှု အဆင့်ကို အရင်ရောက်ခဲ့ပြီ!"

တိုက်ခိုက်မှုကို ခုခံထားနိုင်သည်ကို မြင်လိုက်ရသဖြင့် လုရွှမ် အနည်းငယ် ပြုံးလိုက်သည်။

ကျင့်ကြံခြင်းတွင် အောင်မြင်မှုရရှိရန် သူ့ကိုယ်သူ အတင်းအကြပ် တွန်းအားပေးနေခဲ့သည်။သို့သော်လည်း သူ၏ ကျင့်ကြံမှုက များဟွည မတိုးတက်သေးပါ။

လက်ရှိ သူသည် နဂါးဆင်လက်ဝါး၏ ပထမအဆင့်ဖြစ်ပြီး အကြီးစား အောင်မြင်မှု အဆင့်သို့ရောက်ရန် လိုသေးသည်။

ကိုယ်ခံပညာကို ဝင်ခွင့်အဆင့်၊ ကျွမ်းကျင်မှု၊ အောင်မြင်မှု အသေးစား၊ အကြီးစား အောင်မြင်မှုနှင့် ပြီးပြည့်စုံမှုဟူ၍ ပိုင်းခြားထားသည်။

အကြီးစား အောင်မြင်မှု အဆင့်မှာ ၎င်းသည် ဤကိုယ်ခံပညာအစုံကို နက်ရှိုင်းစွာ နားလည်ပြီး လွတ်လွတ်လပ်လပ် သုံးနိုင်သည်ဟု သိထားနိုင်သည်။

နဂါးဆင်လက်ဝါး ပို၍ သာလွန်လာလေ အရှိန်က လျင်မြန်လာကာ လုရွှမ်အပေါ် ဖိအားသည်လည်း များစွာ သက်သာရာရသွားမှာ ဖြစ်သည်။

သို့ရာတွင် အရှေ့တွင်ရှိနေတာက မောပန်းနွမ်းနယ်ခြင်း မရှိတဲ့ ရုပ်သေးခုနစ်ကောင်ဖြစ်ကာ ဆယ်မိနစ်ကြာအောင် တောင့်ခံထားပြီးရင် အန္တရာယ်ရှိသော အခြေအနေသို့ ရောက်ရှိသွားလိမ့်မည်။

ကံမကောင်းစွာနဲ့ နောက်ထပ် နှစ်မိနစ်ကြာအောင် ကြံ့ကြံ့ခံနေခဲ့သော နဂါးဆင်လက်ဝါးသည် ဆက်၍ မထိုးဖောက်နိုင်တော့ဘဲ အားပြင်းပြင်းဖြင့် ဖျက်စီးသွားခဲ့သည်။

ထို့ကြောင့် လက်သီးနှစ်ချက် ထိုးပြီးနောက် တိုက်ပွဲနယ်မြေမှ ဆုတ်ခွာခဲ့ရသည်။

ဝူ.......

အနားယူရာ နေရာသို့ ရောက်သောအခါ ရုပ်သေးများသည် ချက်ချင်း တိုက်ခိုက်ခြင်း မပြုတော့ပေ။ လုရွှမ် မြေပြင်ပေါ်ထိုင်ရန် နေရာရာယူရင်း ငြီးငြူလိုက်သည်။

မိနစ်သုံးဆယ်နီးပါး အဆက်မပြတ်ခဲ့တဲ့ တိုက်ပွဲမှာ ယွမ်ယန်ကျင့်စဥ်က အားကောင်းနေသော်လည်း သူ့အားရှိသမျှ ကုန်ခမ်းစေပြီး အနည်းငယ် အားနည်းသွားစေသည်။

"ငါ ဆက်မလုပ်နိုင်တော့ဘူး ထင်တယ် သက်သာလာဖို့ ဆေးပင်တွေ အရင်ဝယ်ပြီး မနက်ဖြန်မှ ဆက်လုပ်မယ်!"

မတ်တပ်ထရပ်ပြီး လုရွှမ် ထွက်လာခဲ့သည်။

ယခုအချိန်တွင် သူ့ခန္ဓာကိုယ်သည် မောပန်းနွမ်းနယ်နေပြီး အိပ်ချင်နေသော်လည်း အိပ်ချိန်မဟုတ်ကြောင်း သိသည်။ ဤအခြေအနေသည် သူ၏ခွန်အားကို တိုးလာစေရန်အတွက် အကောင်းဆုံး အချိန်ဖြစ်သည်။

ဆေးပင်များ အလုံအလောက်ရှိပြီး အထူးဆေးအရည်ဖြင့် စိမ်ပါက သူသည် လျင်မြန်စွာ တိုးတက်နေမည်မှာ သေချာသည်။

မုရှန့်အစီအရင် အခင်းအကျင်းခန်းထဲက အမြန်ထွက်လာပြီး ဖန်းရှစ်ထဲ ပြန်လာခဲ့သည်။

"မင်းမှာ အကာအကွယ် ပစ္စည်းမရှိတာတောင် မင်းဒီလောက်ကြာအောင် တောင့်ခံနိုင်တယ်?"

နောက်ဆုံး သူထွက်လာတာကို မြင်တော့ သူ့ကို လိုက်ပို့တဲ့ ဝန်ထမ်းက ရူးသွပ်သွားတော့သည်။

မုရှန့်အစီအရင် ဖွဲ့စည်းပုံထဲ ပထမဆုံး ဝင်လိုက်တာနဲ့ နာရီဝက်ကျော်ကြာအောင် သည်းခံနေခဲ့တယ် ဆိုတော့ သေချာပေါက် လူသားမဖြစ်နိုင်ဘူး။

သူ့ရှေ့က ကောင်လေးက ခြောက်ခန်းလောက်မှာ နာရီဝက်နီးပါး ကြာအောင် နေခဲ့တယ်ဆိုတာ သူ မသိသေးပါဘူး။ သူသိရင် သေသွားမှာတောင် ကြောက်ရသည်။

လူတွေက နန်းတော်ပင်လယ်ဘုံ ရောက်မှသာ ဒီနေရာကို လာကြတာများသည်လေ။ သူက တန်းလိနယ်ပယ် အစောပိုင်းအဆင့်ပဲ ရှိသေးတာကို ဝင်သွားတယ်ဆိုတော့ သေလမ်းရှာတာ မဟုတ်လို့ ဘာများဖြစ်နိုင်ဦးမလဲ?

"ငါ ဆေးပင်တွေလိုတယ် ငါ့အတွက်ဝယ်ပေးပါ...ပြီးတော့ တစ်လတ်စတည်း လှည်းတစ်စီးရှာခဲ့ပေး...."

လုရွှမ်မှ လိုအပ်သော ဆေးပင်များကို ရှင်းပြပြီး အဆင့်မြင့်ရွှေကတ်ကို ထုတ်ပေးလိုက်သည်။

အဆင့်မြင့် ရွှေကတ်ကို တွေ့တော့ ဧည့်ကြိုလေးက ဘာလုပ်ရမှန်း မသိဖြစ်သွားသည်။ သို့ပေမယ့် အချိန်တိုတို အတွင်းမှာ အားလုံး အဆင်သင့်ဖြစ်စေခဲ့သည်။

ဆေးပင်များကို ယူကာ သူ့ခန္ဓာကိုယ်ပေါ်ရှိ ပင်ပန်းနွမ်းနယ်မှုကို တောင့်ခံရင်း လုရွှမ်သည် ရထားပေါ်သို့တက်၍ အကယ်ဒမီကျောင်းဆီသို့ ထွက်ခွာလာခဲ့သည်။

ထွက်သွားပြီးပြီးချင်းမှာ လှပပြီး ဒေါသကြီးတဲ့ မိန်းကလေး နှစ်ယောက် ဖန်းရှစ်တံခါးကနေ ဝင်လာကြလေသည်။

"လော့ရုံ ငါဒီတစ်ခေါက် ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မယ်ထင်လဲ?"

ဘယ်ဘက်ခြမ်းက အရပ်ရှည်ပြီး လှပတဲ့ မိန်းမပျိုလေး တစ်ယောက်က ပြုံးပြီး မေး၏။

"အရင်တစ်ခေါက်က အခန်းခြောက်ခန်းထဲ ရောက်တော့ ဆယ်မိနစ်လောက် တောင့်ခံထားနိုင်ခဲ့တယ် ဒီတစ်ခါတော့ တိုးတက်မှုရှိတယ်လို့ မှတ်ယူလို့ရအောင် ဆယ့်တစ်မိနစ်လောက် ဆက်နေနိုင်ရင် မဆိုးပါဘူး!"

လော့ရုံလို့ ခေါ်တဲ့ မိန်းကလေးက ခဏလောက် စဉ်းစားပြီး ပြောလေသည်။

"၁၁မိနစ်? ဟမ့် နင်ငါ့ကို အရမ်းအထင်သေးတာပဲ... ဒီနေ့ငါ ၁၂မိနစ်နေပြမယ် ကြည့်နေလိုက်!"

အရပ်ရှည်ရှည် သွယ်လျသော မိန်းကလေးက ဟစ်အော်လိုက်သည်။

"ဒါဆို နင်လုပ်နိုင်မလား ကြည့်လိုက်မယ် နင်မလုပ်နိုင်ဘူးဆိုရင်တော့ ငါကရီမှာနော်!"

လော့ရုံ မျက်တောင်ခတ်ပြီး ပြုံးပြလိုက်လေသည်။ လုရွှမ်သာ ဒီမှာရှိနေရင် သူသေချာပေါက် ထိုနှစ်ယောက်ကို မှတ်မိလိမ့်မည်။

လင်ရှောင်းရှောင်းနှင့် မင်းသမီး လော့ရုံတို့ပင် ဖြစ်လေသည်။

"ငါ့ကို ရီမယ်? ဒီတစ်ခါနင်ရော ဘယ်လောက်ကြာကြာ ခံနိုင်မလဲဆိုတာ ငါကြည့်ချင်သေးတယ်!" လင်ရှောင်းရှောင်းကလည်း ပြန်ပြောလေ၏။

"ရှစ်ခန်းထဲက ရုပ်သေးတစ်ရုပ်စီမှာ တန်းလိစွမ်းအင် ရှစ်ခုကို ပိုင်ဆိုင်ထားတယ်... အခု ငါက နန်းတော်ပင်လယ် နယ်ပယ်မှာ ပြီးပြည့်စုံတဲ့ ကိုယ်ခံပညာရှင် တစ်ယောက်ဖြစ်ပေမဲ့ ငါ့ရဲ့စစ်မှန်တဲ့စွမ်းအင်ကို မသုံးဘဲ ငါကြာရှည် တောင့်မခံနိုင်ဘူး နင်နဲ့ အတူတူ ဆယ်မိနစ်လောက်ဘဲ!"

မင်းသမီး လော့ရုံကပြောသည်။

"ကောင်းပြီ ဘယ်သူက အရင်ထက် ပိုကြာနိုင်လဲ ကြည့်ရအောင်"

လင်ရှောင်းရှောင်း ရယ်မောရင်း ပြောလိုက်လေ၏။

"ကောင်းပြီ!"

နှစ်ယောက်သား စကားပြောရင်း ရယ်မောလာကြပြီး မုရှန့်အစီအရင်ထဲသို့ အမြန် လျှောက်သွားကြသည်။ ခဏကြာတော့ ၆ခန်းမြောက်ကို ရောက်လာခဲ့၏။

"အမ်း? အခုနက တစ်ယောက်ယောက် ဒီကို ရောက်လာပုံရတယ်!"

လင်ရှောင်းရှောင်းရဲ့ အကြည့်တွေက အနည်းငယ် အံ့သြထိတ်လန့်မှုတွေ ရောနှောလျက်။

"တစ်ယောက်ယောက် ဒီကိုရောက်ခဲ့တာလား?"

မင်းသမီးလော့ရုံကလည်း သံသယတွေ အပြည့်နဲ့

"လာတော့ ဘာဖြစ်လဲ? နေ့တိုင်း ကောင်းကင်ရဲ့ အမြင့်ကိုမသိဘဲ လာစမ်းသပ်နေတဲ့ လူတွေရှိတာပဲလေ....ဒါပေမဲ့ ၆ခန်းမြောက်က တန်းလိနယ်ပယ် စွမ်းအင်၆ခု ရှိတဲ့ ရုပ်သေး၇ကောင်ရှိတယ်... ၅မိနစ်တောင့်ခံထားနိုင်ရင်တောင် ပါရမီရှင် ဖြစ်နေပြီ ...အထဲဝင်သွားပြီး ၁၀မိနစ်ကျော် တောင့်ခံထားလိုက် ဒီသတင်းသာ ပျံ့သွားရင် လူတွေလန့်ပြီး သေကုန်လိမ့်မယ်... ငါတို့ရှောင်းရှောင်းက လှလည်းလှ အဂ္ဂိရတ်ပညာနဲ့ ကိုယ်ခံပညာမှာလည်း ပါရမီရှင်ဆိုတာ သူတို့ကို သိခိုင်းလိုက်စမ်းပါ...."

"ဟီးဟီး ဝါကြွားတာ ရပ်လိုက်ပါတော့.... နင်ငါ့ကိုထပ်ပြီး ချီးကျူးနေရင် ငါလေထဲလွင့်တော့မယ်..."

လင်ရှောင်းရှောင်းက ပြုံးပြီး ကတ်အပေါက်နားကို ခြေလှမ်း နှစ်လှမ်းလှမ်းပြီး ကတ်ထည့်တော့မယ့် အချိန်မှာ ရုတ်တရက် အေးခဲသွားတော့သည်။

"ဒါ.......ဒါ..... ."

သူမ၏ နှုတ်ခမ်းများ တုန်တုန်ယင်ယင် သူမသည် ဖြစ်နေပြီး စကားတစ်လုံးမှ ထွက်ကျမလာတော့ဘဲ ထိတ်လန့် တုန်လှုပ်နေသလား အံဩနေသလား မသိတော့ပေ။

All Chapters