အကုန်ထွက်လာခဲ့!
Vol. 4 Ch. 46
လုရွှမ်က ဘယ်သူလဲ? ယခင်ဘဝက အရူးဧကရာဇ်ဟု သိကြသည့် အထွတ်အထိပ် ပုဂ္ဂိုလ်တစ်ဦးလေ။ နှစ်ယောက်သားက ဖုံးကွယ်ရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း အစမ်းလေ့ကျင့်စဥ် အတွင်း ခံစားရသော ဒဏ်ရာလား ထိုးနှက်သည့် ဒဏ်ရာများလား ဆိုတာ တစ်ချက်ကြည့်၍ မြင်နိုင်သေးသည်။
စမ်းသပ်မှု အများစုတွင် တောရိုင်းတိရစ္ဆာန်များနှင့် တိုက်ခိုက်ခြင်း ပါ၀င်သည်။ ဒဏ်ရာရသူများသည် ၎င်းတို့နှင့်တူပါက မလွတ်မြောက်နိုင်ဘဲ ကျိန်းသေသေရမည်ဟု ဆိုလိုခြင်း ဖြစ်သည်။
သူတို့လိုပဲ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေကို ထိခိုက်မှု မရှိအောင် တူညီတဲ့ ဒဏ်ရာတွေ ရခဲ့ပေမယ့် အသက်ရှင်လျက် ပြန်လာနိုင်သေးတယ်ဆိုတော့ ရိုက်နှက်ခံရတဲ့ ဖြစ်နိုင်ခြေတစ်ခုပဲ ရှိတော့သည်။
ပြီးတော့ ထိုနှစ်ယောက်မှာ သူ့ကိုထွက်သွားစေချင်နေကြတော့ သေချာပေါက် သူနဲ့အကြီးကြီး ပတ်သက်နေလိမ့်မည်။ အဲဒီလိုဆိုရင် ဥပဒေအဖွဲ့ကလွဲရင် တခြား ဘယ်သူ့ကိုမှ စဥ်းစားလို့ မရချေ။
ချောင်မင် ဒဏ်ရာရပြီးနောက် တစ်ဖက်လူက ပြန်လာပြီး လက်စားချေပုံရသည်။ သို့သော် သူကအပြင်တွင် လေ့ကျင့်နေသဖြင့် ရှာမတွေ့ဘဲ တူညီသော အိပ်ဆောင်ရှိ လူနှစ်ဦးအပေါ် ဒေါသပုံချ သွားကြသည်။
"ဘာ?... ဥပဒေအဖွဲ့! လုရွှမ် မင်းဘာတွေပြောနေတာလဲ?.." ယွမ်ချောင် လန့်ဖျပ်စွာပြောသည်။
"မပြောလည်းရတယ် ငါအခုသွားမေးမယ်!" လုရွှမ် လှည့်ပြီး ထွက်သွားသည်။
"လုရွှမ် မသွားနဲ့!"
သူ တိုက်ရိုက် ထွက်သွားတာကိုမြင်တော့ ယွမ်ချောင်နဲ့ ရန်းလင်တို့သည် ထိတ်လန့်တုန်လှုပ်သွားပြီး သူတို့ခန္ဓာကိုယ်ထဲက နာကျင်မှုတွေကို တွန်းလှန်ပြီး သူ့ရှေ့မှာ ရပ်လိုက်ကာ
"မင်း မြန်မြန်ထွက်ပြေးတော့!! တကယ်လို့ ဖမ်းမိရင် မင်းသေချာပေါက် သေလိမ့်မယ်..."
"ဟုတ်တယ် ငါတို့နှစ်ယောက်လုံး ဒုက္ခရောက်ကုန်ပြီ မလိုအပ်တဲ့ အနစ်နာခံမှုတွေ လုပ်စရာ မလိုဘူး....ဥပဒေအဖွဲ့က ဒီလူတွေက ယုတ္တိမရှိဘူး မင်းကို သတ်ပြီးရင်တောင် မင်းအပေါ် ရာဇ၀တ်မှုတွေ ပုံချလာနိုင်တယ်။ အရင်ထွက်သွားပြီး အရည်အချင်း ရှိတဲ့အခါ နောက်မှ ပြန်လာလည်း အဆင်ပြေပါတယ် လုံးဝ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့"
ရန်းလင်က ကမန်းကတန်း ပြောလိုက်သည်။
သူတို့နှစ်ယောက်ရဲ့ စိုးရိမ်မှုက ပြောမပြတတ်အောင်ပါပဲ။ သူတို့ သုံးယောက်ဟာ အတူတူ အိပ်ဆောင်မှာနေတာ ကြာပါပြီ။ နက်နဲတဲ့ ဆက်ဆံရေး ရှိခဲ့တာ ကြာပြီ။
"ကြည့်ရတာ သူတို့ကို လျစ်လျူရှုထားလို့ မရတော့ဘူးပဲ.... သူတို့က သတ္တိကောင်းနေကြတုန်းပဲ....."
ဥပဒေအဖွဲ့က လုပ်သွားတယ်ဆိုတာကို သူတို့စကားထဲက သိလိုက်ရတော့ လုရွှမ် မျက်စိအသာ မှိတ်သွားသည်။
ပြန်လည်မွေးဖွားပြီးနောက် သူသည် လေ့ကျင့်မှုကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး ဤလူများနှင့် ငြင်းခုံရန် အချိန်မရှိခဲ့သလို မလိုအပ်ဟု ထင်ခဲ့ရာ ပိုမိုဆိုးရွားလာမည်ဟု မမျှော်လင့်ခဲ့ပေ။
သူ့ကို ဆိုးဆိုးဝါးဝါး ဆက်ဆံတာ အဆင်ပြေပေမယ့် အိပ်ခန်းထဲမှာ သူ့အခန်းဖော်တွေကို အခုလို ဆက်ဆံလိုက်တာက သူ့ရဲ့ အဓိကအချက်ကို ထိသွားပြီ။
"မင်းတို့ဒီမှာနေခဲ့ ငါခဏပြန်လာခဲ့မယ်!"
အခန်းဖော်နှစ်ယောက်က သူ့ကြောင့် ရက်စက်စွာ ရိုက်နှက်ခံရပုံကို တွေးရင်း လုရွှမ်သည် ဒေါသနှင့် အပြစ်ရှိစိတ်များ တစ်ပြိုင်နက် တောက်လောင်လာလေသည်။
"လုရွှမ် စိတ်လိုက်မာန်ပါ မလုပ်နဲ့! မင်းရဲ့အင်အားက အောက်ခြေအဆင့်မှာ နံပါတ်တစ်ဆိုပေမယ့်... ဥပဒေအဖွဲ့ အများစုက အဆင့်မြင့်အတန်းက လူတွေ ငါတို့မခံနိုင်လောက်ဘူး"
"ဟုတ်တယ် အဲဒီလူတွေက ဝူအဆင့်ကို ရောက်နေခဲ့တာ နှစ်အတော်ကြာပြီ ပြီးတော့ ကိုယ်ခံပညာကိုလည်း လေ့ကျင့်ထားကြသေးတယ်... မင်းသွားလို့ မဖြစ်ဘူး"
ထိုလူငယ်၏ မျက်လုံးထဲရှိ မီးတောက်ကို မြင်လိုက်ရတော့ ရန်းလင်နဲ့ ယွမ်ချောင်းတို့ သူ့ကို စိတ်လှုပ်ရှားစွာ တားလိုက်သည်။
"မင်းတို့ဒဏ်ရာတွေကို ကုဖို့ ဆေးရှာပေးမယ်!"
သူတို့နှစ်ဦး၏ မျက်လုံးထဲတွင် တကယ့် စိုးရိမ်ပူပန်မှုကို မြင်လိုက်ရတော့ လုရွှမ်သည် သူ၏ ပြန်လည်မွေးဖွား ပြီးကတည်းက တောင့်တင်းနေသော နှလုံးသားကို အနည်းငယ် လှုပ်ခါသွားစေ၏။
"မင်း အခု အပြင်မထွက်တာ ပိုကောင်းမယ်.... သူတို့ သိရင် ဒုက္ခရောက်လိမ့်မယ်..."
"ငါသတိထားပါ့မယ်!"
စကား ဆက်မပြောတော့ဘဲ လုရွှမ်သည် သူတို့နှစ်ယောက်ကို ကွေ့ရှောင်သွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်။
"သူဒီအတိုင်း ထွက်သွားလို့ ဥပဒေ ထိန်းသိမ်းရေး အဖွဲ့ထဲက တစ်ယောက်ယောက်နဲ့ တွေ့ရင်... တကယ် အခြေအနေ ဆိုးတော့မှာ"
သူ လှည့်ထွက်သွားတာကို မြင်လိုက်ရတော့ ရန်းလင် ဒဏ်ရာရထားကို မေ့သွားပြီး စိုးရိမ်တကြီးနဲ့ ပြောလိုက်သည်။
"မဟုတ်ဘူး...သူ ငါတို့အတွက် ကုသဆေး သွားရှာတာ မဟုတ်ဘူး! ဥပဒေအဖွဲ့က တစ်ယောက်ယောက်ကို ရသွားရှာတာပဲ!"
ယွမ်ချောင်သည် စောစောက လုရွှမ်မျက်နှာက တစ်ခုခု မှားနေတာကို မြင်လိုက်ရပြီး သူ့မျက်နှာက ဖျော့တော့သွားတော့သည်။
"ဥပဒေအဖွဲ့ထဲက တစ်ယောက်ယောက်ကို သွားရှာတာ?"
"အင်း ငါတို့က ဥပဒေအဖွဲ့ကြောင့် ဒဏ်ရာရသွားတာကို သူမြင်တော့ သူ့ကြောင့် ဖြစ်မှန်းသိတယ် အဲဒါကြောင့် ဖြေရှင်းဖို့သွားတာ!"
ယွမ်ချောင် ရှင်းပြလိုက်သည်။
"ဥပဒေအဖွဲ့က လူတွေနဲ့ ကျိုးကြောင်းပြ ဖြေရှင်းနိုင်ရင် ဥပဒေအဖွဲ့လို့ ခေါ်ဦးမလား? မြန်မြန်သွားတားရအောင်! မဟုတ်ရင် သူတို့သဘောထားနဲ့ဆို လုရွှမ်ကို သတ်ပစ်မှာ သေချာတယ်!"
ရန်းလင်ကလည်း ယခုအချိန်တွင် ထိတ်လန့်သွားပြီး တုံ့ပြန်လာ၏။
ဥပဒေအဖွဲ့က ကျိုးကြောင်း ဆီလျော်တယ်ဆိုရင် သူတို့နှစ်ယောက်ကို ဘယ်လိုလုပ် ဒီလောက်ထိ ဆိုးဆိုးရွားရွား ရိုက်နှက်ခံရမှာလဲ။
အလျင်စလို ပြေးထွက်သွားပြီး မအောင်မြင်ရင်လည်း မျက်နှာရစရာမရှိအောင် အရိုက်ခံရနိုင်သည်။
ရန်းလင်တွေးမိတာကို ယွမ်ချောင်လည်း တွေးမိလေသည်။ နှစ်ယောက်သား ဒဏ်ရာတွေကို ကြိတ်မှိတ်သည်းခံရင်း ဥပဒေအဖွဲ့ ရှိရာသို့ အမြန်ဆုံး ပြေးလိုက်သွားကြသည်။
လုရွှမ် မိုက်မဲတာတွေ မလုပ်မိအောင် တားဆီးရမည်။
ယွမ်ချောင် မှန်းဆထားသည့်အတိုင်း လုရွှမ်သည် မည်သည့်ကုသဆေးကိုမျှ မရှာဖွေဘဲ ဥပဒေအဖွဲ့၏ ဌာနချုပ်ဆီသို့ တိုက်ရိုက်သွားခဲ့သည်။
အရင်က သူတို့ကို ဂရုမစိုက်ချင်ဘူး။ သူ့မှာ အချိန်မရှိဘူးလို့ ခံစားရလို့ပဲ။ ဒါပေမယ့် ဒီလူတွေ ဒီလောက် အရှက်မဲ့မယ်လို့ မမျှော်လင့်ထားဘူး။ တကယ် သည်းမခံနိုင်စရာပဲဖယ
ဥပဒေအဖွဲ့၏ ဌာနချုပ် တည်နေရာသည် အကယ်ဒမီ၏ အရှေ့ဘက်ခြမ်းတွင် ရှိပြီး ၎င်းတို့နေထိုင်ရာ အိပ်ဆောင်နှင့် သိပ်မဝေးလှသဖြင့် အချိန်တိုအတွင်း ဤနေရာသို့ ရောက်ရှိလာခဲ့သည်။
"ဘယ်သူလဲ? ဥပဒေအဖွဲ့ ဌာနချုပ် နေရာကို လာချင်တိုင်း လာလို့ရမယ် ထင်နေလား?"
တံခါးနားရောက်တာနဲ့ လူတစ်ယောက် ထွက်လာပြီး ကျယ်လောင်စွာ အော်ဟစ်လေသည်။
ဥပဒေအဖွဲ့မှာ အဖွဲ့ဝင်တွေ အများကြီးရှိပေမယ့် သူ့ကို လူတိုင်းမသိကြပါဘူး။
"မင်းကို ရပ်ခိုင်းနေတာ မကြားဘူး? နားမကြားဘူးလား? မျက်စိကန်းနေတာလား? အတန်းနိမ့်ကျောင်းသား!! မင်းက ဥပဒေအဖွဲ့ထဲကို ဖြစ်သလို ဝင်ချလာတယ်ပေါ့! အခုထွက်သွား!! မဟုတ်ရင် မင်းကိုအခုဖမ်းပြီး ကောင်းကောင်းရိုက်ပစ်မယ်!!"
လုရွှမ်က မရပ်တာကိုမြင်တော့ ဥပဒေကျောင်းသားတွေက ကျယ်လောင်စွာ အော်ပြောကြလေ၏။
ဝူ.....
ဆူပူကြိမ်းမောင်းခြင်း မပြီးမီတွင် လက်ဖဝါးတစ်ဖက်သည် ပြတ်သားသော အသံနှင့်အတူ လွှဲရိုက်လိုက်စဥ် လူတစ်ယောက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားသည်ကို တွေ့လိုက်ရသည်။
"အား....လူတစ်ယောက် ဥပဒေအဖွဲ့ထဲ ဖောက်ဝင်လာတယ်....."
အရိုက်ခံရတဲ့အခါ သူ့ရှေ့ကလူဟာ လမ်းမှားလာတာ မဟုတ်ဘဲ ဥပဒေအဖွဲ့ကို ပြဿနာရှာဖို့ အထူးတလည် ရောက်လာတယ်ဆိုတာ သိသွားလေသည်။
စိုးရိမ်တကြီး အော်လိုက်သည်။ သို့သော် အော်ဟစ်သံက မဆုံးသေးဘဲ ခြေတစ်ချောင်းက ထပ်ရောက်လာသည်။
ဗုန်း!
သူ့ပါးစပ်ထဲက သွားတွေအားလုံး ကျိုးထွက်သွားပြီး သူ့ဦးနှောက်က ထိတ်လန့်မှုများ ပြည့်သွားကာ တိုက်ရိုက် ပြေးထွက်သွားတော့သည်။
"ဒီတစ်ခါတော့ သွားပြီ...."
ရန်းလင် နှင့် ယွမ်ချောင်တို့သည် အနောက်မှ ပြေးလာနေစဥ် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ထိတ်လန့်သွားကြ၏။
လုရွှမ်က ဥပဒေအဖွဲ့ရဲ့ အကြောင်းတွေကို ကျောင်းအုပ်ကြီးဆီ သွားပြီး ပြောပြမယ်လို့ ထင်ခဲ့ပေမယ့် ဒီမှာလာတိုက်နေမယ်လို့ သူတို့ အိပ်မက်တောင် မမက်ဖူးဘူး။
သူက ဥပဒေအဖွဲ့ဝင် တစ်ယောက်ကို ရိုက်ချလိုက်တယ်?
ဥပဒေအဖွဲ့ဆိုတာ ဘာလဲ?
အဖွဲ့သားများ အားလုံးသည် အကယ်ဒမီ၏ ထူးချွန် ကျောင်းသားများ ဖြစ်ကြပြီး စကားတစ်ခွန်းမှ မပြောရဲဘဲ ဖြတ်ကျော်သွားရတဲ့ လူများဖြစ်ကြသည်။
ရန်းလင်နဲ့ ယွမ်ချောင်တို့ နှစ်ယောက်စလုံး ရူးသွပ်သွားကြသည်။
သူတို့သူငယ်ချင်းက ဘယ်တုန်းက ဒီလောက်ထိ ယုတ်မာလာတာလဲ?
မင်းက အောက်ခြေအဆင့်မှာ နံပါတ်တစ်ဖြစ်ပြီး ကိုယ်ခံပညာရှင် တစ်ယောက်အဖြစ် အဆင့်တက်သွားရင်တောင် ဥပဒေအဖွဲမှာ အကြီးတန်းကျောင်းသားတွေ အများကြီးရှိတယ်။
ဒီလူတော်တော်များများက ဝူဒုတိယအဆင့် ဒါမှမဟုတ် တတိယအဆင့်ကို ရောက်နေကြပြီလေ။ မင်း အလျင်စလို ပြေးသွားရင် သေမင်းကို ရှာနေတာနဲ့ မတူဘူးလား?
"မဖြစ်ဘူး... ဥပဒေအဖွဲ့ထဲက လူတွေ မရောက်လာခင် သူ့ကိုဆွဲခေါ်သွားရမယ် မဟုတ်ရင် အတွင်းထဲက ကျွမ်းကျင်သူတွေ အများကြီး ထွက်လာရင် ထွက်ပြေးဖို့ မဖြစ်နိုင်တော့ဘူး!"
လုရွှမ်သည် ဥပဒေအဖွဲ့၏ တံခါးစောင့်ကို လက်သီးနှင့် ထိုးလိုက်ရုံသာ ရှိသေးသည်။ ထိုသူမထွက်သွားမီ အော်ခဲ့သော်လည်း အသံက အကျယ်ကြီး မဟုတ်သဖြင့် အတွင်းလူများက မကြားနိုင်ပေ။
အကယ်၍ သူ လှည့်ထွက်ပြေးမည် ဆိုပါက အချိန်မှီသေးသည်။
ဒါကို စဉ်းစားရင်း ယွမ်ချောင်နဲ့ ရန်းလင်သည် တစ်ပြိုင်တည်း ခေါင်းညိတ်လိုက်ပြီး လုရွှမ်ကို ဆွဲဖို့ အပြေးအလွှား သွားခါနီးမှာ လူငယ်လေးက လက်နှစ်ဖက်နဲ့ သူ့ခါးကိုထောက်ရင်း ကျယ်လောင်တဲ့ အသံကို လွင့်လိုက်တော့သည်။
အသံက အကယ်ဒမီ တစ်ခုလုံးကိုပင် ဖုံးသွားလောက်သည်။
"ဥပဒေအဖွဲ့ထဲက လူတွေ... အကုန်ထွက်လာခဲ့!!"