← Chapters

ဂုဏ်ယူပါတယ် ဆူးယာ

Vol. 4 Ch. 47

ဂုဏ်ယူပါတယ် ဆူးယာ

Vol. 4 Ch. 47

"သွားပြီ...."

"နောက်ကျသွားပြီ..."

အော်လိုက်တဲ့ အသံကိုကြားတော့ ယွမ်ချောင်နဲ့ ရန်းလင်တို့ ခြေထောက်တွေ ထော့နဲ့ ထော့နဲ့ ဖြစ်ပြီး မြေပြင်ပေါ် လဲကျသွားသည်။

သူသည် တံခါးအစောင့်ကို ဒဏ်ရာရရှိစေခဲ့ပေမယ့် ပြန်လှည့်ပြေးလို့ ရသေးသည်။ မည်သို့ပင် ဆိုစေကာမူ ဥပဒေအဖွဲ့ကို စော်ကားခဲ့တဲ့အတွက် အဆိုးဆုံးမှာ သူသည် နောက်ထပ် ပြစ်မှုတစ်ခုဖြင့် တရားစွဲခံရမည် ဖြစ်သည်။

အဖမ်းခံလိုက်ရလျှင် အရာအားလုံးသည် အချည်းနှီးသာ ဖြစ်သွားလိမ့်မည်။

ယခုမူကား တံခါးအပြင်ဘက်တွင် ရပ်ကာ အော်ပင် အော်ဟစ်လိုက်သေးသည်။

ဥပဒေအဖွဲ့က လူတွေအကုန်လုံးကို ထွက်လာခိုင်းတယ်?

ဒါကို စဉ်းစားရင်း ယွမ်ချောင်နဲ့ ရန်းလင်တို့မှာ တုန်တုန်ယင်ယင် ဖြစ်လာကြ၏။

ဤအရာသည် ဆက်ဆံရေးကို မီးတောက်များပေါ်တွင် တိုက်ရိုက်တင်ခြင်းနှင့် အတူတူပင် ဖြစ်ပြီး ကယ်တင်ရန် အလွန်နောက်ကျနေပြီဖြစ်သည်။

"ဥပဒေအဖွဲ့က လူတွေကို ထွက်လာခိုင်းတယ်?"

"ဘာတွေဖြစ်နေတာလဲ?"

"ကြည့်စမ်း! တစ်စုံတစ်ယောက်ကတော့ ဥပဒေအဖွဲ့ကို ပြဿနာ သွားရှာနေတယ်!"

"ဥပဒေအဖွဲ့က တခြားသူတွေကို မနှောက်ယှက်ရင်တောင် မဆိုးပါဘူး.... သူက နေရာအထိကို သွားပြီး ပြဿနာ ရှာတယ်တဲ့လား?"

.......

လုရွှမ်၏အသံသည် ကွင်းပြင် တစ်ခုလုံးတွင် ပဲ့တင်ထပ်နေပြီး မရေမတွက်နိုင်သော အကယ်ဒမီ ကျောင်းသားများလည်း အော်သံကို ကြားရပြီး အားလုံးက ရူးသွပ်တော့မလို ဖြစ်သွားသည်။

တကယ်ကြီး မဟုတ်ဘူးမလား!

ဥပဒေအဖွဲ့ကသာ အမြဲတမ်း တခြားသူတွေကို အနိုင်ကျင့်ခဲ့တာ။ အခုတော့ လူတစ်ယောက်က ဥပဒေအဖွဲ့ကို ပြဿနာလာရှာနေပြီတဲ့လား။

"ဒီအသံက..."

ကျယ်ပြန့်သော အကယ်ဒမီ၏ လမ်းပေါ်တွင် လှပသော ရုပ်ရည်သွင်ပြင် တစ်ခုသည် မရေမတွက်နိုင်သော ယောက်ျားလေးများကို ရပ်တန့်ရန် ဆွဲဆောင်နိုင်၏။

အေးစက်ပြီး မာနကြီးသော အငွေ့အသက်များ ထွက်ပေါ်လာကာ လှပသော ရုပ်သွင်သည် ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။

"ဟမျ့!"

ယောက်ျားလေး များစွာ၏ ပူပြင်းနေသော အသွင်အပြင်ကို မြင်လိုက်ရသောအခါ ထိုဖြူစင်သော ကျောက်စိမ်းမျက်နှာပေါ်တွင် လေးလေးနက်နက် အထင်အမြင် သေးမှုများဖြင့် အေးစက်စွာ နှာမှုတ်လိုက်သည်။

"လူကြီးမင်းမော့ရဲ့ အကူအညီနဲ့ ငါက မူလနယ်ပယ်၏ ပထမအတားအဆီးကို ဖြတ်ကျော်ပြီး အရေပြားနှင့် အရိုးနယ်ပယ်ရဲ့ အစောပိုင်းအဆင့်ကိုတောင် ရောက်နေပြီ"

ယုံကြည်မှုအပြည့်နဲ့ မာနကြီးတဲ့ နှုတ်ခမ်းတွေဟာ ပေါ့ပေါ့ပါးပါး ဖွင့်ဟလာပြီး

"မူလအမှတ်ရဲ့ နှောင်းပိုင်းအဆင့်ကို ရောက်ပြီး ချန်ဖုန်းကို အနိုင်ယူဖို့ အခွင့်အရေး မရခဲ့ဘူး? ဒါပေမယ့်... ဘာအကျိုးရှိလဲ!"

"အရေးပြားအရိုး နယ်ပယ် နဲ့ မူလအမှတ် ကြားမှာ ကြီးမားတဲ့ ခြားနားချက်တစ်ခု ရှိတယ်.... အခု ချန်ဖုန်းက ငါ့ရှေ့မှာ ရပ်နေရင်တောင် သူ့ကို လက်တစ်ချောင်းတည်းနဲ့ ချေမှုန်းနိုင်ပြီ!"

ထိုအကြောင်းကို သူမ ပိုတွေးလေ သူမမျက်လုံးတွေ ပိုတောက်ပလာလေ ဖြစ်ပြီး ယုံကြည်မှုအပြည့်နဲ့ ရယ်မောလိုက်သည်။

ထိုသူမှာ လုရွှမ်၏ မူခန္ဓာကိုယ်ပိုင်ရှင်ရဲ့ ငယ်ချစ်ဦး ဆူးယာပင် ဖြစ်၏။

ယခုအချိန်တွင် ဆူးယာသည် သန့်ရှင်းသော အလင်းရောင်ဖြင့် သူမ၏ခန္ဓာကိုယ်အနှံ့ အစွမ်းထက်သော ရောင်ဝါများ ဖြာထွက်နေသည်။

သူမ၏ခန္ဓာကိုယ်ပေါ်ရှိ အဆင့်မြင့် ကျောင်းသူများ၏ အဝတ်အစားများသည်လည်း သူမ၏ မြင့်မြတ်သော အဆင့်အတန်းကို ပြသနေ၏။

သူမကို မတွေ့ရတာ ရက်အတော်ကြာနေပြီ။ ဒီအတောအတွင်း သူမဟာ အဆင့်မြင့် အတန်းက ကျောင်းသူတစ်ယောက် အဖြစ် အဆင့်တက်သွား ရုံတင်မကဘဲ မူလအမှတ်နယ်ပယ်ကို ဖြတ်ကျော်ကာ အရေပြားအရိုး နယ်ပယ်ရဲ့ အစောပိုင်းအဆင့်ကို ရောက်နေလေပြီ။

ကြွက်သားများ၊ အရိုးများနှင့် အရေပြားများကို လေ့ကျင့်ပေးခြင်းအပြင် အရေပြားနှင့် အရိုးနယ်ပယ်၏ အစောပိုင်းအဆင့်သည် အဆင့်မြင့် အကယ်ဒမီများတွင်ပင် နေရာတစ်ခု ရရှိပါသေးသည်။

လွန်ခဲ့သော တစ်လခွဲကျော်က သူမသည် ကွင်း၅ကွင်း ကိုယ်ခံပညာရှင် တစ်ဦးသာဖြစ်ပြီး တစ်လခွဲ ကြာပြီးနောက်တွင် သူမသည် အရေပြားအရိုးနယ်ပယ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ထိုကဲ့သို့ လျင်မြန်သော လေ့ကျင့်မှုအရှိန်ကြောင့် သူမမှာ ဂုဏ်ယူလို့ မဆုံးတော့ချေ။

"မူလနယ်ပယ်ရဲ့ နှောင်းပိုင်းအဆင့်က ဘာမှမဟုတ်ပါဘူး ဒုတိယအဆင့် အဂ္ဂိရတ်ပညာရှင် တစ်ယောက်က အစွမ်းထက်တယ်လို့ ယူဆလို့ရပေမယ့် အဲဒီအဆင့်နိမ့်တဲ့ အဆင့်က ဘာမှမဟုတ်ဘူး!"

လုရွှမ်သည် သူမကို အရှက်ရစေခဲတာကို အထပ်ထပ် အခါခါ တွေးတောရင်း သူမ၏ လှပသော မျက်လုံးများသည် အေးစက်သွားခဲ့၏။

မူလအမှတ်၏ နှောင်းပိုင်းအဆင့်က အလွန် အစွမ်းထက်တာလား? အရေခွံနှင့် အရိုးနယ်ပယ်၏ အစောပိုင်းအဆင့်မှာ ရှိတဲ့ သူမက လူများစွာကို သေအောင် အလွယ်တကူ နှိပ်စက်နိုင်သည်လေ။

ဒုတိယအဆင့် အဂ္ဂိရတ်ပညာရှင် တစ်ယောက်၏ အဆင့်အတန်းသည် နိမ့်ကျနေခြင်း မရှိသော်လည်း ကျန်းဝူအကယ်ဒမီ ကဲ့သို့ သေးငယ်သော နေရာတစ်ခုတွင်သာ ၎င်းတို့၏ အစွမ်းအစများကို ပြသနိုင်သည်။

လူကြီးမင်းမော့၏ စကားအရ အဂ္ဂိရတ် စတုတ္ထအဆင့် ဖြစ်နေရင်တောင် ဝူယန်အကယ်ဒမီမှာ ဘာမှမဟုတ်သေးပေ။ ထို့အပြင် လူကြီးမင်းမော့မှ သူမ၏အရည်အချင်းနှင့် အနာဂတ်တွင် သူမကြိုးစား သင်ယူနေသမျှ ကာလပတ်လုံး သူမသည် ဆဋ္ဌမတန်း အဂ္ဂိရတ်ပညာရှင် ဖြစ်လာနိုင်သည်ဟု ဆိုသည်။

သူမသည် အနာဂတ်တွင် ဆဋ္ဌမအဆင့် အဂ္ဂိရတ်ပညာရှင် ဖြစ်လာပြီး ပြိုင်ဘက်ကင်းသူ ဖြစ်လာလိမ့်မည်။ ထို့ကြောင့် ဒုတိယတန်းစား အဂ္ဂိရတ်ပညာရှင်ငယ်လေးက ဘာအရေးပါတော့မလဲ?

"ခဏနေတွေ့ရင် သူ့ကို အရှက်ခွဲပြမယ်...."

အေးစက်သော လေသံဖြင့် ဆူးယာ တွေးလိုက်သည်။

"ပြီးရင် ကျောင်းကနေ ဂုဏ်ယူစွာနဲ့ ထွက်လိုက်မယ် ပိုကောင်းတဲ့ အဆင့်ကိုသွားမယ်....ဒီနေရာမှာ သူ့ကိုတစ်ယောက်တည်း ထားခဲ့ပြီး နောင်တရစေရမယ်...."

ဒီအကြောင်းကို သူမ ပိုတွေးလေ ပိုပျော်လေဖြစ်လာကာ မထိန်းနိုင်ဘဲ တိုးတိုးလေး ရယ်လိုက်သည် ။

လူကြီးမင်းမော့ရဲ့ စီစဥ်မှုအရ သူမလည်း ထွက်ခွာတော့မှာဖြစ်ပြီး ထွက်မသွားခင် ပြန်အရှက်ခွဲပြီး လက်စားချေသွားရမည်။

စိတ်ထဲမှာ တိတ်တဆိတ် ဝမ်းသာနေစဥ် ခဏမှာ နားထဲကို အသံတစ်သံ ဝင်လာသည်။ ဥပဒေအဖွဲ့က လူတွေအကုန်လုံးကို ထွက်လာခိုင်းတဲ့ အသံပဲ။

"ဒီအသံက အရမ်းရင်းနှီးတာပဲ!"

အသံကိုကြားတော့ ဆူးယာ ခဏလောက် ထိတ်လန့်သွားပြီး ချက်ချင်း ပြုံးလိုက်ကာ

"ငါကသူ့ကို လိုက်ရှာမလို့ လုပ်နေတာ ဒီနေရာမှာ တွေ့မယ်လို့ မမျှော်လင့်ထားဘူး!"

ဤအသံသည် အလွန်ရင်းနှီးသည်။ သူတို့နှစ်ဦးသည် ငယ်စဉ်ကလေးဘဝ ကတည်းက နှစ်ပေါင်းများစွာ အတူနေထိုင်ခဲ့ကြပြီး အသံကြားလိုက်ကတည်းက လုရွှမ်ဆိုတာ သိလိုက်သည်။

သူမသည် လှည့်၍ အသံထွက်လာသည့် နေရာသို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်စဥ် ဥပဒေအဖွဲ့ရှေ့ရှိ ရင်ပြင်တစ်ခုတွင် ဖြစ်နေသည်။

ဤနေရာတွင် စိတ်လှုပ်ရှားစွာ ကြည့်ရှုနေသည့် ကျောင်းသား အနည်းငယ် ရှိနေပြီပြီး ဥပဒေအဖွဲ့ရှေ့တွင် အေးစက်စွာ ရပ်နေသော လူငယ်လေးမှာ သူမ ရင်းနှီးသော ပုံစံဖြစ်သည်။

"ဥပဒေအဖွဲ့? ဥပဒေအဖွဲ့ကို ပြောင်ပြောင်တင်းတင်း နှောက်ယှက်နေတာပဲ"

လူငယ်လေး၏ ပုံသဏ္ဍာန်ကို မြင်တော့ ဆူးယာက လှောင်ပြောင်ရင်း

"ငါဉာဏ်ကောင်းလို့ သူနဲ့အတူ ရှိမနေခဲ့မိတာကို ကျေးဇူးတင်ရမယ်....အရင်က အဆင့်မတက်ခဲ့လို့ ထားပါတော့ အခုမှ မူလအမှတ် နှောင်းပိုင်းအဆင့်ပဲ ရှိသေးတာကို ဥပဒေအဖွဲ့ကို လာပြီး ပြဿနာရှာနေတယ်... တကယ် သေချင်နေပုံပဲ"

"တကယ်ကို ရေတွင်းအောက်ခြေက ဖားတစ်ကောင်က ကမ္ဘာကြီးကို မမြင်ဖူးဘူးပဲ.... အောက်တန်းအဆင့်က ပထမနေရာကို ရခဲ့တယ်ဆိုပြီး ထိန်းမနိုင် သိမ်းမနိုင် ဖြစ်နေတာ.... ကမ္ဘာကြီးက ဘယ်လောက်ကြီးလဲ မသိသေးဘူးကိုး..."

ဆူးယာသည် သူမ၏ရင်ဘတ်ပေါ် လက်ကို ပိုက်ကာ သူမ၏ မျက်လုံးများက ပို၍ ရှုံ့မဲ့ လာနေသည်။

လူကြီးမင်းမော့ နှင့် စကားပြောခြင်းမှ တစ်ဆင့် ကမ္ဘာကြီးသည် အလွန်ကြီးမားကြောင်း သူမသိရပြီး ကျန်းဝူအင်ပါယာသည် ၎င်းတို့ထဲက အစွန်အဖျားဆုံးနှင့် အသေးငယ်ဆုံးသော နေရာတစ်ခုသာ ဖြစ်သည်။

အပြင်ဘက်တွင် မရေမတွက်နိုင်သော သန်မာသူများရှိသည်။ ၎င်းတို့မှာ ဥပဒေအဖွဲ့ထဲက ကြောက်စရာကောင်းသော တည်ရှိမှုများစွာထက်ပင် ရှိနေပါသည်။ ဝူအဆင့်၃ ကျင့်ကြံသူတွေလည်း မနည်းလှချေ။

မူလအမှတ် နယ်ပယ်ရဲ့ နှောင်းပိုင်းအဆင့်က ကောင်လေးနင်က ဒီမှာ ပြဿနာရှာဝံ့တယ်? ဒုက္ခရောက်မှာ မကြောက်ဘူးလား?

"တကယ်တော့ အဆင်ပြေပါတယ် သူမနိုင်တော့ဘူးဆိုရင် ငါထွက်ပြီး သူ့ကို ကယ်တင်လိုက်ပါ့မယ်...ငါ့ကိုထောက်ပံ့ပေးခဲ့တဲ့ နှစ်တွေ အားလုံးနဲ့ ပေးခဲ့တဲ့ ကရုဏာကိုလည်း ပြန်ဆပ်တယ်လို့ သဘောထားလိုက်ပေါ့" ဆူးယာ လှမ်းကြည့်နေရင်း ဆိုလိုက်သည်။

"ဥပဒေအဖွဲ့ရဲ့ သင်းထောက် ချောင်မင်ကို ငါသိတယ်... စကားနည်းနည်း ပြောလိုက်ရင် အရေပြားအရိုး နယ်ပယ် အစောပိုင်းအဆင့်က စီနီယာကျောင်းသား တစ်ယောက်အနေနဲ့ ငါ့ရဲ့အဆင့်အတန်းကြောင့် မျက်နှာသာပေးမယ်လို့ ထင်ပါတယ်"

ဆူးယာက ယုံကြည်မှုအပြည့်ဖြင့် ရပ်နေသည်။ ယွမ်ချောင်နဲ့ ရန်းလင်တို့ စိတ်ပူနေချိန်မှာပဲ ဥပဒေအဖွဲ့ရဲ့ ကျောင်းသားတွေက အော်သံကြားပြီး တစ်ယောက်ပြီး တစ်ယောက် ပြေးထွက်လာကြသည်။

ဥပဒေအဖွဲ့မှ ကျောင်းသား အယောက်၂၀ ကျော်သည် ဂိတ်မှထွက်၍ လုရွှမ်အား အေးစက်နေသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

"ပြဿနာရှာဖို့ ဥပဒေအဖွဲ့ကို လာရဲတယ်ပေါ့!!... ကောင်လေး မင်း တကယ်သတ္တိရှိတာပဲ!"

အေးစက်သော နှာမှုတ်သံတစ်ခု ထွက်ပေါ်လာပြီးနောက် လူအုပ်ကြီးနောက်မှ အသွင်အပြင် တစ်ခု ထွက်လာသည်။

"ခေါင်းဆောင်ချို....သူ သူက လုရွှမ်...."

ထိုရုပ်၏နောက်ကွယ်မှ လူငယ်တစ်ဦးသည် လုရွှမ်၏ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်ရပြီး သူ့မျက်နှာမှာ တုန်လှုပ်ခြောက်ခြားစွာဖြင့် အော်ဟစ်နေလေသည်။

သူပြောနေတဲ့ ခေါင်းဆောင်ချိုကတော့ ဥပဒေစိုးအဖွဲ့ရဲ့ လက်ထောက်ခေါင်းဆောင် ချိုဝမ့်ထျန်းပင် ဖြစ်ပေသည်။

မတိုင်ခင်က စကားပြောသူမှာ မြေအောက်နန်းတော်ရှေ့တွင် နှစ်ကြိမ်ဆက်တိုက် အရိုက်ခံခဲရသော ဝမ်ချောင် ဖြစ်သည်။

သင်းထောက်ချောင်မင်ကတော့ ဒဏ်ရာက အရမ်းပြင်းထန်နေပြီး လှုပ်လို့မရတော့ဘဲ လဲလျောင်းနေရဆဲ ဖြစ်နိုင်သည်။

"လုရွှမ်? မင်းက လုရွှမ်လား? ကောင်လေး... အရပ်လေးမျက်နှာ လိုက်ရှာတာတောင် မင်းကိုမတွေ့ဘူး...မင်းက ချောင်မင်ကိုတောင် ဒဏ်ရာရအောင် လုပ်ရဲတယ် ဒါက ကြီးမားတဲ့ ရာဇ၀တ်မှုတစ်ခုပဲ....ငါကမင်း ထွက်ပြေးသွားပြီလို့ ထင်လိုက်တာ... မင်းက ထွက်မပြေးတဲ့အပြင် တံခါးဝအထိ ရောက်လာမယ်လို့ မထင်ထားဘူး....လာစမ်း!! သူ့ကိုချ!"

မထင်မှတ်ပဲ ဒီလူက လုရွှမ်ဖြစ်နေတာပဲ။ ချိုဝမ့်ထျန်းရဲ့ မျက်လုံးတွေ အေးစက်လာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ဟုတ်!"

အခြားဥပဒေ အဖွဲ့ဝင်များက လုရွှမ်ကို ဝိုင်းထားလိုက်ကြတော့သည်။

"ချောင်မင်း... ဒဏ်ရာရသွားတယ်?"

ချိုဝမ့်ထျန်း၏ ကြိမ်းမောင်းသံကို ကြားလိုက်ရသောအခါ တစ်ဖက်မှ ဆူးယာ အံ့အားသင့်သွားသည်။

All Chapters