မျက်နှာကိုနောက်တစ်ခါ ဖြတ်ရိုက်ခံရခြင်း
Vol. 4 Ch. 49
"အား.....မင်း! မင်း!"
ပြင်းထန်သော ဝေဒနာကြောင့် ချိုဝမ့်ထျန်းသည် အခုနလေးက မောက်မာမှုတွေ မရှိတော့ဘဲ သူ့မျက်လုံးများထဲတွင် ထိတ်လန့်နေမှုများ ထင်ထင်ရှားရှား ပေါ်ထွက်လာသည်။
"ဗုန်း.....ဗုန်း....."
အော်ဟစ်သံကို လျစ်လျူရှုရင်း လုရွှမ်သည် သူ့လက်ကို ဆန့်တန်းလိုက်သည်။ သူ့လက်ချောင်းကို ထိလိုက်တိုင်း ချိုဝမ့်ထျန်း၏ ခန္ဓာကိုယ်ပေါ်ရှိ အက်ကွဲသံများ ထွက်လာကာ အရိုးတွေ ပြီးပြည့်စုံခြင်း မရှိတော့ပေ။
"ခေါင်းဆောင်ချိုကို ဖမ်းချုပ်ထားတယ်?"
"ဒါ... ဒါ... သူက အတန်းနိမ့် ကျောင်းသား မဟုတ်ဘူးလား? အတန်းနိမ့် ကျောင်းသားက တန်လိနယ်ပယ်က ခေါင်းဆောင်ချိုကို ဘယ်လိုလုပ် အနိုင်ယူ နိုင်မှာလဲ!"
"ငါ မျက်စိကန်းသွားတာလား?"
လူတိုင်းနီးပါး မူးဝေ သွားကြသည်။
အားလုံးက မြန်မြန်ဆန်ဆန် ဖြစ်ပျက်သွားတော့ သူတို့ဘာမှ တုံ့ပြန်ချိန် မရလိုက်ကြ။ သံလက်ဝါး တိုက်ခိုက်မှုနဲ့ ကျော်ကြားတဲ့ ချိုဝမ့်ထျန်းက ဒီလိုအရိုက်ခံလိုက်ရမယ်လို့ မထင်ထားခဲ့ချေ။
သူတို့ရဲ့မျက်လုံးထဲက သန်မာတဲ့လူဟာ သူ့အရိုးတွေ ကျိုးကြေကာ ခွေးသေတစ်ကောင်လိုပဲ ဘယ်လောက်ပဲ ရုန်းနေပါစေ အရာမဝင်။
သံမဏိကဲ့သို့ သံလက်ဖဝါးကို လက်နှစ်ချောင်းဖြင့် ညင်သာစွာ ဖိထားသည်။
"ခေါင်းဆောင်ချိုကို လွှတ်လိုက်... "
"မြန်မြန်ရပ်လိုက်..."
အခြားဥပဒေ အဖွဲ့ဝင်များက တုံ့ပြန်သော်လည်း ထိုလူများကသာ အော်သာ အော်ဟစ်ကြပြီး မည်သူမျှ အလျင်စလို မတိုက်ရဲကြပေ။
သူတို့ရှေ့က ထိုလူဟာ ခေါင်းဆောင်ချိုတောင် သိုင်းကွက်တစ်ကွက်ပဲ သုံးလိုက်ရတာလေ။ သူတို့မှာ သတ္တိ၁၀ခုလောက် ရှိနေရင်တောင် အရှေ့တက်ရဲမှာ မဟုတ်ချေ။
"သွားစမ်း!"
ခေါင်းဆောင်ချို၏ လည်ပင်းကို ဆုပ်ကိုင်ထားပြီး လက်မလွှတ်ဘဲ လုရွှမ်သည် ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်သည်။
"အာ"
ထိုအသံကိုကြားတော့ ခေါင်းဆောင်ချိုရဲ့ သနားစရာကောင်းတဲ့ အခြေအနေကို သတိရလိုက်ငးကာ အခုလေးတင် အော်ငေါက်နေကြတဲ့ ဥပဒေအဖွဲ့မှ အဖွဲ့ဝင်တွေသည် တစ်ချိန်တည်းမှာ နောက်ပြန်ဆုတ်သွားကြ၏။
တန်းလိနယ်ပယ်က ဒုခေါင်းဆောင်ကို တစ်ချတည်းနဲ့ အနိုင်ယူပြီး ဥပဒေအဖွဲ့က အဖွဲ့ဝင်တွေကိုပါ စကားတစ်ခွန်းတည်းနဲ့ နောက်ဆုတ်သွားစေခဲ့သည်။
ဒီမြင်ကွင်းကို မြင်လိုက်ရတော့ ဆူးယာမှာ သူမမျက်နှာကို ထပ်အရိုက်ခံလိုက်ရသလို ပူလောင်နာကျင်သွားသည်။
တစ်ဖက်လူက သူ့ကိုယ်သူ အရှက်ခွဲဖို့ ဒီကိုရောက်လာတယ်လို့ သူမထင်ခဲ့သော်လည်း တစ်ဖက်က သူ့အစွမ်းအစကို ထုတ်ပြပြီး သူတကယ် ခွန်အားရှိကြောင်း သက်သေပြသွားသည်။
အခုနကပဲ အရိုးပြားနဲ့ အရိုးနယ်ပယ်ကို ရောက်ခဲ့လို့ ကိုယ့်ကိုကိုယ် အရမ်းတော်နေပြီ ထင်နေခဲ့တာ။ ရလဒ်ကတော့ ထိုသူက တန်းလိနယ်ပယ် ရောက်နေတဲ့ လူကိုတောင် အရိုးတွေ ချိုးပစ်နိုင်နေပြီ။
နင်ငါ့မျက်နှာကို ဖျက်ရိုက်ဖို့ ရည်ရွယ်ချက်ရှိရှိများ လာခဲ့တာလား?
ဆူးယာသည် ငိုတော့မည့် ပုံစံဖြင့် အသက်ရှူမဝသလိုပင် ခံစားလာရကာ ဝင်ပုန်းဖို့ မြေကြီးပေါ်မှာ အက်ကွဲကြောင်း မရှိတာကိုပင် မုန်းတီးလာမိသည်။
ဘာလို့များ တိုးတက်နေပြီလို့ ဟန်ဆောင်ချင်တယ်လာတဲ့ ခံစားရတိုင်း တစ်ဖက်လူက ငါနဲ့ ပိုပိုပြီး ဝေးကွာအောင် မြင့်သွားရတာလဲ? တကယ် လိုက်မမီနိုင်တော့ဘူး
အရင်ကတော့ ဆူးယာဟာ သူမရှေ့က လူငယ်လေးဟာ အရည်အချင်းမရှိလို့ ပိုက်ဆံမရှိလို့ တန်ဖိုးမရှိဘူးလို့ ခံစားမိပေမယ့် ရလဒ်ကိုတော့ သူမ စိတ်ကူး မယဉ်ခဲ့ဖူးဘူး။
တစ်ယောက်နဲ့ တစ်ယောက်တွေ့ပြီး ရက်အနည်းငယ် အကြာမှာတော့ ထိုကောင်လေးက သူမနဲ့ ပိုပိုပြီး ဝေးကွာနေလေပြီ။
"ရန်းလင်... မင်း...ငါ့ကို လာဆွဲကြည့်စမ်း.... အိပ်မက်များ မက်နေတာလား"
လူအုပ်နောက်ကွယ်မှ ယွမ်ချောင်သည် ဤမြင်ကွင်းကို မြင်ပြီး တံတွေးမျိုချကာ ခေါင်းကို ပြင်းပြင်းထန်ထန် ခါလိုက်သည်။
"ဒါက အိပ်မက်မဟုတ်ဘူး... လုရွှမ်ဟာ ငါတို့ စိတ်ကူးတောင် မယဉ်ရဲတဲ့ အဆင့်အထိ ကြီးထွားလာခဲ့တာပဲ" ရန်းလင်က ပြောလိုက်သည်။
တစ်ချိန်က သူတို့ရှေ့ကလူက သူတို့နဲ့ သိပ်မခြားနားဘူး။ ပိုတောင် ဆိုးနေဦးမယ်။ သူကအမြဲတမ်း သူတို့ရဲ့ ဂရုစိုက်မှုကို လိုအပ်ခဲ့သူပင်။
ယခုမူကား ခွန်အားအရ သူတို့နဲ့ တစ်ဖက်လူလည်း တဖြည်းဖြည်း ဝေးကွာသွားပြီ ဖြစ်လေသည်။
"ငါတို့က တစ်ကမ္ဘာတည်းက လူတွေ မဟုတ်တော့ဘူး!"
သူ တိတ်တိတ်လေး သက်ပြင်းချရင်း မကြာခင်မှာပင် ရန်းလင်သည် တိုက်ခိုက်ရေး စိတ်ဓာတ်များ ပြည့်နှက်လာပြီး လက်သီးများကို ဆုပ်ထားကာ
"စိတ်မပူပါနဲ့ မင်းရဲ့ခြေရာအတိုင်း ငါသေချာပေါက် လိုက်ခဲ့မယ်!"
"သူတို့ကို တောင်းပန်လိုက်!"
စဉ်းစားနေစဉ်အတွင်း လုရွှမ်သည် ချိုဝမ့်ထျန်းကို ဆွဲခေါ်ကာ လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။
ဤအခိုက်အတန့်တွင် ချိုဝမ့်ထျန်းသည် သူ့အရင်က ခွန်အားများ လုံးလုံးလျားလျား ပျောက်ဆုံးသွားလေပြီ။ သူ့မျက်လုံးများက ထိတ်လန့်မှုများ ပြည့်နှက်နေပြီး သူ့ခန္ဒာကိုယ်က နာကျင်မှုကို မငြင်းဆန်နိုင်ပေ။
ဘုန်း!
ချိုဝမ့်ထျန်းသည် မြေပြင်ပေါ်တွင် လှဲချပြီး ဒူးထောက်လိုက်သည်။
"ငါချိုဝမ့်ထျန်း မင်းတို့ကို ရိုးရိုးသားသား တောင်းပန်ပါတယ်.... ငါ မျက်စိကန်းပြီး မင်းကို မထိခိုက်စေသင့်ဘူး..." လို့ သူ့သွားတွေကို အံကြိတ်ရင်း ချိုဝမ့်ထျန်းက ဆိုလိုက်သည်။
"ဒါကမှ တကယ်အင်အားပဲ..."
သူတို့ကို ကြောက်လန့်စေသော ဥပဒေအဖွဲ့၏ လက်ထောက် ခေါင်းဆောင်က တောင်းပန်ရန် မဝံ့မရဲ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်တာကို မြင်ရတော့ ရန်းလင် နှင့် ယွမ်ချောင်တို့၏ မျက်နှာများ နီမြန်းလာပြီး လက်သီးများကို ဆုပ်ထားသည်။
သူတို့ကို ဥပဒေအဖွဲ့က ဖမ်းဆီးခဲ့ပြီး ရိုက်နှက်ခဲ့တာကို စကားတစ်ခွန်းမှ မပြောဝံ့ပေမယ့် လုရွှမ်ကတော့ သူတို့အမှားကို ဝန်ခံစေဖို့ တိုက်ရိုက်လာ၍ ရိုက်ခဲ့သည်။
ဒါကမှ တကယ့်ခွန်အားပဲ
ခွန်အားမရှိရင် ဘာမှ အရေးမပါဘူး
ဒီလောက်ကြီး ကြီးပြင်းလာခဲ့တာ ဒီအချိန်လိုမျိုး ခွန်အားကို ဘယ်တုန်းကမှ မတောင့်တခဲ့ဘူး။
"လုရွှမ်က ဒီလိုစိတ်ဓာတ်ကို ငါတို့ဆီ ယူဆောင်လာခဲ့တာပဲ..."
တစ်ချိန်တည်းမှာပင် သူတို့သည် ကျေးဇူးတင်ခြင်း အပြည့်ဖြင့် ဤစိတ်ဓာတ်ကို သူတို့ရှေ့ရှိ လူငယ်လေးမှ ယူဆောင်လာကြောင်းကိုလည်း နားလည်ခဲ့ကြသည်။
"သူတို့အားလုံး ဒဏ်ရာ အပြင်းအထန် ရထားလို့ ဆေးကုသမှုခံယူဖို့ လိုတယ်... ရွှေစတစ်သန်းလောက်ပဲ ပေး... အများကြီး မလိုဘူး!"
လုရွှမ်က ချိုဝမ့်ထျန်း တောင်းပန်တာကိုမြင်ပြီးနောက် တည်ငြိမ်စွာ ပြောလာ၏။
"တစ်သန်း"
ချိုဝမ့်ထျန်း မူးလဲလုနီးပါး ဖြစ်သွားသည်။
ဤနှစ်များတွင် ဥပဒေအဖွဲ့၏ ခေါင်းဆောင် အနေဖြင့် ၎င်း၏ လက်အောက်ငယ်သားများထံမှ လက်ဆောင်ပစ္စည်းများကို လက်ခံခဲ့ပြီး စုစုပေါင်း ရွှေစ၈သိန်း ကျော်သာ ရှိသေးသည်။
"ဘာလဲ? မယူပေးချင်တာလား?"
လုရွှမ်သည် မျက်ခုံးပင့်ကာ လက်ဖဝါးကို ထပ်မံဖြန့်လိုက်သည်။
"ငါယူမယ်....ငါယူပေးပါ့မယ်..."
သူ့လက်ဖဝါးကိုမြင်တော့ ချိုဝမ့်ထျန်းက သူအထိခံလိုက်ရတဲ့ တစ်နေရာရာမှာ အရိုးအက်သွားမယ်ဆိုတာ သေချာပေါက် သိလိုက်တဲ့အတွက် သူ့မျက်နှာက ကြောက်ရွံ့ထိတ်လန့်သွားပြီး အကြိမ်ကြိမ် ခေါင်းညိတ်ပြလိုက်တော့သည်။
လူက သေမင်းခံတွင်းဝ ရောက်တော့မယ်လေ မယူပေးလို့ ဘယ်ဖြစ်ပါ့မလဲ?
မကြာခင်မှာ သူစုဆောင်းထားတဲ့ စုဆောင်းငွေအားလုံးကို ထုတ်ပြီး သူ့ပတ်ဝန်းကျင်မှာရှိတဲ့ ဥပဒေအဖွဲ့ဝင်တွေရဲ့ ပိုက်ဆံအားလုံးကို စုဆောင်းပြီးမှသာ တစ်သန်းအထိ စုဆောင်းနိုင်ခဲ့သည်။
"သူက မင်းကို ပိုက်ဆံနဲ့ လျော်ကြေးပေးတာ... ဆေးဝယ်ပြီး မင်းရဲ့ခန္ဓာကိုယ်ကို ပြန်ကျန်းမာအောင် ကုလိုက်!"
လုရွှမ်က ရွှေစတစ်သန်းနှင့်အတူ ရွှေကတ်ကို ပေးလိုက်သည်။
"လုရွှမ် ဒါကို လက်မခံနိုင်ဘူး..."
"ဒါ မင်းလိုချင်တာ.... မင်းပိုင်တာပါ..."
ရန်းလင်နဲ့ ယွမ်ချောင်တို့ လက်ဖဝါးများ တုန်ခါသွားသည်။
သူတို့မိသားစုက မချမ်းသာဘူး။ ကျောင်းတက်ပြီးကတည်းက သူတို့လက်ထဲမှာ ရွှေစ၁၀စထက် မပိုဘူး။ တစ်ခါတည်းနဲ့ ရွှေစတစ်သန်း ပေးလာတော့
"ယူထားပါ!"
လုရွှမ်က သူ့လက်ကို ဝှေ့ယမ်းပြီး
"ငါပိုက်ဆံ မလိုဘူး မင်းတို့ အဲဒါကို ယူပြီး ပြင်းပြင်းထန်ထန် လေ့ကျင့်ပါ မင်းကို တစ်စုံတစ်ယောက်က ဖမ်းရင် ငါကတစ်ဆင့် မဟုတ်ဘဲ ကိုယ့်ဘာသာ ပြန်တိုက်ခိုက်ပြီး ဖြေရှင်းကြ!"
"အင်း!"
"ငါတို့ကြိုးစားပါ့မယ်!"
ကောင်လေး၏ မျက်လုံးထဲတွင် စိတ်ပိုင်းဖြတ်ထားသည်ကို မြင်တော့ ရန်းလင် နှင့် ယွမ်ချောင်တို့သည် ရွှေကတ်ကို ယူလိုက်ကြပြီး မျက်လုံးများပင် နီရဲလာကြသည်။
ဟုတ်တယ် ငါတို့ကိုယ်တိုင်လည်း ကြိုးစားရမယ်။ အနာဂတ်မှာ တစ်ယောက်ယောက်က ငါတို့ကို တိုက်ခိုက်ရဲရင် ငါတို့ ပြန်တိုက်မယ်။
ညီအစ်ကို ကျေးဇူးတင်ပါတယ်။ ငါတို့ကို တော်တော်များများ နားလည်စေခဲ့တာပဲ
"ကောင်းပြီ ပြန်ကြရအောင်!"
ချိုဝမ့်ထျန်းနှင့် အခြားသူများကို သင်ခန်းစာတစ်ခု သင်ကြားပြီးနောက် လုရွှမ်သည် ယန်လင်းတို့အား ရွှေကတ်ကို ပေးခဲ့ပြီး လှည့်ပြန်လာခဲ့သည်။
"ရွှေစ၁သန်းကို ဒီအတိုင်း သူများကို ပေးလိုက်တယ်.... "
မထွက်သွားသေးသော ဆူးယာသည် အံကြိတ်လုနီးပါးပင်။
တန်းလိနယ်ပယ်မှာ အပြင်းထန်ဆုံး သူကိုတောင် အနိုင်ယူနိုင်တဲ့ ခွန်အားကို ပိုင်ဆိုင်ထားပြီး ရွှေစ၁သန်းကိုလည်း တခြားသူကို ဖြစ်သလိုပဲ ပေးလိုက်တယ် ဒီလူငယ်က အရင်သိထားတဲ့ ပိုက်ဆံကို နှစ်သက်တဲ့ လူငယ်တစ်ယောက်ရော ဟုတ်သေးရဲ့လား?
"သူ "
တစ်ခုခု ပြောချင်ပေမယ့် စကားတစ်ခွန်းမှ မပြောနိုင်ဘဲ မျက်လွှာချထားလိုက်သည်။
"တကယ်လို့... ငါသူ့ဆီပြန်သွားရင်... ငါတို့ပြန်စလို့ ရမှာလား"
ရုတ်တရက်ပင် စိတ်ထဲတွင် သရဲတစ်ကောင် ပြုစားလိုက်သလို အတွေးဝင်လာမိသည်။
ဒါပေမယ့် ဒီအကြံပေါ်လာပေမယ့် မဖြစ်နိုင်ဘူး ဆိုတာ သူမသိတယ်။
လူအုပ်ထဲမှာ သူမရပ်နေပေမယ့် လူငယ်က သူမကို မမြင်သလို ခေါင်းတောင် လှည့်မကြည့်ဘူး။ ဆိုလိုသည်မှာ ထိုနေ့ကတည်းကပင် သူတို့နှစ်ယောက်က သူစိမ်းတွေ ဖြစ်သွားကြပြီ။
သူမမျက်လုံးတွေ စပ်လာပြီး မျက်ရည်တွေ စီးကျလာခဲ့သည်။
အရေခွံနဲ့ အရိုးနယ်ပယ်ရဲ့ အစောဆုံးအဆင့်ကို ရောက်ခဲ့ပေမယ့် အကြောင်းတစ်ခုခုကြောင့် ပျော်ရွှင်နေမယ့်အစား အနည်းငယ် စက်ဆုပ်သွားသလို ခံစားလိုက်ရသည်။