← Chapters

ငါသူနဲ့ ကောင်းကောင်း ကစားပေးရမယ်

Vol. 4 Ch. 50

ငါသူနဲ့ ကောင်းကောင်း ကစားပေးရမယ်

Vol. 4 Ch. 50

ဖန်းရှစ် မုရှန့်အစီအရင် အပြင်ဘက်တွင်။

လှပသော မိန်းကလေး နှစ်ယောက် အရှေ့တွင် ရပ်နေပုံက မရေမတွက်နိုင်သော လူအများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။

"လော့ရုံ ဒီနေ့ အဲဒီလူ ထပ်လာမယ်လို့ ထင်လား?"

သူတို့ထဲက တစ်ယောက်က အရပ်ရှည်ရှည် သွယ်လျပြီး သူမက နောက်တစ်ယောက်ကို သံသယစိတ်နဲ့ ကြည့်လိုက်သည်။

"ဒါပေါ့ မုရှန့်အစီအရင်ထဲမှာ လေ့ကျင့်တယ်ဆိုတာ ဇွဲရှိဖို့ လိုအပ်တယ် ခွန်အားကို အပြည့်အဝ အားထုတ်ဖို့အတွက် အနည်းဆုံး ဆယ်ရက်လောက် အချိန်ယူရမယ်... အဲဒီကောင်လေးက ဆဌမမြောက် နေရာကို ၂၇ မိနစ်အထိ ကြာနိုင်ပြီး သူ့ရဲ့ ခန္ဓာကိုယ်က အရမ်းကြီး သန်မာလောက်တယ် ဒီလိုလူက ဘယ်လိုလုပ် အရှုံးပေးပြီး ဆက်မလုပ်နိုင်မှာလဲ?"

လော့ရုံဟုခေါ်သော မိန်းကလေးသည် ထိုလူထပ်လာမည်ဟု စိတ်ပိုင်းဖြတ်ထားပုံပေါ်သည်။

သူတို့ကတော့ မင်းသမီးလော့ရုံ နှင့် လင်ရှောင်းရှောင်းပင် ဖြစ်သည်။

မနေ့က ခြောက်ခန်းမြောက်မှာ ၂၇ မိနစ်ကြာနေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရသည်။ မသိချင်ယောင် ဆောင်နေလို့ မရဘူးလေ။ အဲဒီပါရမီရှင်က ဘယ်သူလဲ? ခန္ဓာကိုယ် ကြံ့ခိုင်အောင် ဘယ်လိုကျင့်ထားသလဲ သိချင်သည်။

ဒါကြောင့် မိုးလင်းတာနဲ့ ပြေးချလာပြီး အခန်းတံခါးဝမှာ စောင့်နေလိုက်သည်။

ထိုလူ ဆက်ပြီး လေ့ကျင့်နေသရွေ့ မုရှန့်အစီအရင် ဖွဲ့စည်းပုံထဲကို ထပ်ဝင်မှာ သေချာသည်။ သူဘယ်သူလဲဆိုတာ မသိရသေးမချင်း ထိုင်စောင့်တာ အကောင်းဆုံးပဲ။

သူ့ကိုဘာလို့ အထဲကိုဝင်ပြီး မစောင့်တာလဲ? လော့ရုံက မင်းသမီးလေး ဖြစ်နေရင်တောင် ပိုက်ဆံအများကြီး သုံးစရာ မရှိဘူးလေ။

"ဒါပေမယ့် ... သူ့ကိုတွေ့တော့ရော ဘာဖြစ်လဲ? ခြောက်ခန်းထဲမှာ ၂၇ မိနစ်လောက် နေနိုင်တာ သူ့အစွမ်းက ငါတို့ထက် မပျော့ဘူးဆိုတာ သေချာတယ် နင်သူ့ကို ကျင့်ကြံခြင်းရဲ့ လျှို့ဝှက်ချက်တွေကို သင်ပေးချင်တယ် ဆိုရင်တော့ မပြောတတ်ဘူး"

လင်ရှောင်းရှောင်း မျက်နှာပေါ်တွင် အနည်းငယ် ထူးဆန်းနေသော အကြည့်များဖြင့်။

ပြောရရင် သူမဟာ သူမရှေ့ကလူထက် အများကြီး နိမ့်ကျမနေပေ။ သူမစိတ်ထဲမှာ ဘာတွေဖြစ်နေလဲ တကယ်ကို နားမလည်ဘူး ဖြစ်နေသည်။

"စိတ်မပူပါနဲ့.... ရှာတွေ့တာနဲ့ သူသင်ပေးလာစေရမယ် ဆိုတာ ၁၀၀% သေချာတယ်!"

မင်းသမီးလောရုံက သူမရဲ့ အပြစ်ကင်းစင်တဲ့ ကျောက်စိမ်း မျက်နှာပေါ်မှာ ယုံကြည်မှု အပြည့်ရှိတဲ့ အပြုံးတစ်ခုနဲ့ ပြောလာ၏။

"၁၀၀%?"

လင်ရှောင်းရှောင်း သူမရဲ့ ယုံကြည်မှုတွေ ဘယ်ကလာမှန်း မသိတာကြောင့် အံ့သြသွားလေသည်။

"နင်က ငတုံးလား... ငါတို့ အလှမယ် နှစ်ယောက်က သူ့ကို တောင်းဆိုကြမယ်လေ သူက ယောက်ျား ဖြစ်နေသရွေ့တော့ မငြင်းဆန်နိုင်ပါဘူး အဆိုးဆုံး နင်သူ့ကို မင်းရဲ့ ဆရာအဖြစ် ကိုးကွယ်လို့ ရတယ်.... ရှာတွေ့ရင် ငါ့ကို ကြည့်ထား.... ငါသေချာ သင်ပေးမယ်!"

သူမ ယုံကြည်ပုံမပေါ်တာကို မြင်တော့ မင်းသမီးလော့ရုံက နှုတ်ခမ်းကို တွန့်ပြီး ပြောလိုက်သည်။

"သူ့ကို တောင်းဆိုမယ်? သူ့ကို ဆရာတင်မယ်?"

လင်ရှောင်းရှောင်းမှာ ရယ်ရခက် ငိုရခက်ဖြစ်သွားကာ

"ဒါဆို ဒါက နင့်ရဲ့လှည့်ကွက်ပေါ့ တကယ်လို့ ငါတို့ကသူ့ကို ရုပ်ရည်ကိုပြပြီး တောင်းဆိုခဲ့ရင် သူ့မှာတခြား အတွေးမရှိနိုင်ဘူးလို့ နင်သေချာလို့လား?"

သူမတို့ဟာ ကျောင်းက အလှလေးတွေဖြစ်ပြီး ကျန်းဝူအင်ပါယာ တစ်ခုလုံး၏ ထိပ်တန်းအလှမယ်တွေပင်။ ပုံမှန် သူတို့မောက်မာနေရင်တောင် မရေမတွက်နိုင်တဲ့ လူတွေကို ဆွဲဆောင်နိုင်ပြီးသား။

တကယ်လို့ သူတို့အလှကို အသုံးချလိုက်လို့ တစ်ဖက်လူက စွဲလမ်းသွားပြီး ဖယ်ရှားလို့ မရတော့ရင် ဘယ်လိုလုပ်ကြမလဲ?

"သူ့မှာ တခြားအတွေးတွေ ရှိတာမရှိတာ ထားလိုက်စမ်းပါ ငါတို့ရဲ့အဓိက ရည်ရွယ်ချက်က လေ့ကျင့်တဲ့ နည်းလမ်းပဲ...၂၇မိနစ်ကြာအောင် သူဘယ်လို တောင့်ခံခဲ့တယ်ဆိုတဲ့ လျိုဝှက်ချက်ပဲ...."

မင်းသမီးလော့ရုံသည် ဂရုမစိုက်ဟန် တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် ပြုံးပြလိုက်ကာ

"ဘာလဲ? မလုပ်ရဲဘူးလား? မလုပ်ရဲရင် ထားလိုက်လေ ငါကအဂ္ဂိရတ်ဆရာ မဟုတ်ဘူး.. ဘယ်သူကမှ ငါ့မျက်နှာကို လာရိုက်မှာ မဟုတ်ဘူး... နင်ပြောတာကို ငါမှတ်မိသေးတယ် တကယ်လို့ အခန်း၆ခန်းမြောက်မှာ ၁၅မိနစ်ကျော် တောင့်ခံနိုင်ခဲ့ရင် အဆင့်၂ အဂ္ဂိရတ်ဆေးလုံးကိုလည်း သန့်စင်နိုင်မှာတဲ့...."

"ဟုတ်တယ်!" လင်ရှောင်းရှောင်း ခေါင်းညိတ်လိုက်သည်။

အဂ္ဂိရတ်ပညာသည် စိတ်စွမ်းအား အတိုင်းအတာ သာမက ရုပ်ခန္ဓာနှင့် စိတ်ဆန္ဒကိုပါ လိုအပ်သည်။

"ထိုလူ" ကြောင့် သူမသည် မကြာသေးမီကပင် ကျင့်ကြံမှုတွင် အာရုံစိုက်နေခဲ့ပြီး ဒုတိယတန်း မှော်ဆေးလုံးကို ပြန်လည်သန့်စင်ရန် ပြင်းပြင်းထန်ထန် ကြိုးစားနေသော်လည်း ကံမကောင်းစွာဖြင့် အောင်မြင်တဲ့အထိ တောင့်မခံထားနိုင်ခဲ့ဘူး။

သူမရဲ့ ဆရာချိုးရဲ့ ထင်မြင်ယူဆချက် အရတော့ အဓိကအားဖြင့် သူမရဲ့ စိတ်ဆန္ဒ ကင်းမဲ့မှုကြောင့် ဖြစ်သည်ဟု ဆို၏။ အကယ်၍ သူမသာ ခြောက်ခန်းမှာ ၂၇ မိနစ်လောက် ဆက်နေနိုင်ခဲ့ရင် သူမရဲ့ စွမ်းအားကို မြှင့်တင်ဖို့ နည်းလမ်း ရှိလာမှာ ဖြစ်သည်။

အများကြီး မဟုတ်ဘဲ ၁၅ မိနစ်ကြာအောင် ထိန်းနိုင်ပါက သူမသည် ဒုတိယတန်း မှော်ဆေးလုံးကို သေချာစွာ ပြန်လည် သန့်စင်နိုင်လိမ့်မည်။

"ဘာလဲ? နင်အရင်တစ်ခေါက်က ရှုံးခဲ့တာကို ပြန်အနိုင် မယူချင်ဘူးလား"

မင်းသမီးလော့ရုံ မြေခွေးတစ်ကောင်လို ပြုံးကာ တစ်ဖက်လူ၏ တေးထားသည့် ရန်ငြိုးကို ဆုပ်ကိုင်ထားလိုက်သည်။

"သေချာပေါက် အနိုင်ယူမှာ!"

မျက်လုံးတွေ မှိတ်ထားလိုက်သည်။

အောက်တန်းက ကောင်လေးကို ရှုံးလိုက်ရခြင်းက သူမကို ပိုပိုပြီး ဒေါသဖြစ်စေခဲ့သည်။ လက်စားမချေရင် သူမဟာ လင်ရှောင်းရှောင်း မဟုတ်တော့ဘူး။

"ဒါဆို ခဏစောင့်!"

မင်းသမီးလော့ရုံက သူမရဲ့ ငါးစာကို လာဟပ်နေတာမြင်တော့ ပြုံးပြီး ဆက်မပြောတော့ဘဲ မုရှန့်အစီအရင် ဖွဲ့စည်းပုံအပြင်ဘက်မှာ အလှမယ် နှစ်ယောက်အဖြစ် ဆက်လက် စောင့်ကြပ်နေတော့သည်။

စကားတစ်ခွန်းမှ မပြောဘဲနေလိုက် စကားစမြည်ပြောလိုက် လုပ်နေကြစဉ်တွင် လူတစ်ဦးသည် ဖြည်းညှင်းစွာ လျှောက်လာ၏။

"ရှင်?"

ထိုလူကို မြင်လိုက်ရတော့ လင်ရှောင်းရှောင်းရဲ့ လှပတဲ့မျက်နှာဟာ ချက်ချင်းဆိုသလို ရုပ်ဆိုးသွားပြီး မျက်ရည်ကျများပင် လုနီးဖြစ်နေပြီ။

လက်စားချေမယ်လို့ ပြောလိုက်တာနဲ့ ရောက်ချလာရောလား?

သူမကို မျက်နှာပျက်စေသော ယောက်ျားက သူမ၏ မျက်လုံးများရှေ့တွင် ပေါ်လာသည်ကို တွေ့လိုက်သည်နှင့် ချက်ချင်း စိတ်ပျက်သွားတော့သည်။

"ဟေး လုရွှမ် ဟုတ်တယ်မလား? ရှင် ဒီမှာ ဘာလုပ်နေတာလဲ?"

သူ့သူငယ်ချင်းရဲ့ အမူအရာကိုမြင်တော့ မင်းသမီးလော့ရုံက ပြုံးပြီး ရှေ့ကို တိုးသွားသည်။

သူမဟာ ဒီလူငယ်လေး အကြောင်းကို အရမ်းသိချင်ပေမယ့် စုံစမ်းလိုက်တိုင်း အတိအကျ မသိရတာကြောင့် သူမလို မင်းသမီးလေးကို ထူးဆန်းသွားစေခဲ့သည်။

ယွမ်ချောင် နှင့် ရန်းလင်တို့ကိစ္စကို ကိုင်တွယ်ပြီးနောက် ဤနေရာသို့ လုရွှမ် ရောက်ရှိလာခဲ့သည်။ သူ့အတွက် လေ့ကျင့်ခြင်းသည် အရေးကြီးဆုံးဖြစ်ပြီး ကျန်တဲ့ အရာအားလုံးက ချန်ထားခဲ့နိုင်သည်။

ဒီမိန်းမနှစ်ယောက်နဲ့တွေ့ဖို့ မမျှော်လင့်ထားပေမယ့် လုရွှမ်အတွက်တော့ ဘာမှမဟုတ်တဲ့အတွက် သံသယစိတ်နဲ့ ပြန်ကြည့်လိုက်သည်။

"မင်းနေရာလား?"

"အိုး... မဟုတ်ပါဘူး!"

မင်းသမီးလော့ရုံသည် ထိုလူက ရမ်းကားပြီး ထူးဆန်းနေသော်လည်း အခုလို အမေးခံလိုက်ရတော့ သူမ မအံ့သြဘဲ မနေနိုင်တော့ချေ။

"ဒါဆို ကောင်းပြီ"

လုရွှမ် ထိုမိန်းကလေးကို လျစ်လျူရှုပြီး မုရှန့်အစီအရင် ဖွဲ့စည်းပုံဆီသို့ လျှောက်သွားသည်။

"ဒီကောင်!"

မထင်မှတ်ပဲ သူမလည်း စိတ်ပျက်လက်ပျက်ဖြစ်သွားရလေသည်။ မင်းသမီးလော့ရုံက သူမ၏ ခြေဖဝါးလေးကို စောင့်ကာ မျက်လုံးများကို မှိတ်ထားလိုက်သည်။ ထို့နောက် သူ့ရှေ့သို့ လှမ်းလာကာ

"အလျင်လိုမနေပါနဲ့ ကျွန်မနဲ့ဆူးယာ လောင်းကြေးထပ်ပြီး ရှင့်ကို တောင်းပန်ခိုင်းခဲ့တာပဲမလား? ဘာပဲဖြစ်ဖြစ် ရှင်ကျွန်မကို ကျေးဇူးတင်သင့်တယ် မလား?"

"ငါ့အတွက် မင်းကို လောင်းကြေးထပ်ခိုင်းလို့လား?" လုရွှမ်ပြန်ကြည့်ကာ မေးလိုက်သည်။

"ကျွန်မ....." မင်းသမီးလော့ရုံ အံသြသွားသည်။

"ဒါ့အပြင် သူမတောင်းပန်သည်ဖြစ်စေ မတောင်းပန်သည် ဖြစ်စေ အဲဒါ ငါ့ကိစ္စမဟုတ်ဘူး!"

လုရွှမ်သည် ကောင်မလေးကို ထပ်မံ လျစ်လျူရှုကာ မုရှန့်အစီအရင် အခန်းထံ လျှောက်သွားခဲ့သည်။

သူပြောခဲ့တာတွေက အမှန်တွေပဲ။ ဆူးယာက မူလပိုင်ရှင်ဟောင်းရဲ့ စွဲလမ်းမှု သက်သက်သာဖြစ်ပြီး သူနဲ့ဘာမှမဆိုင်ဘူး။ နောက်ပြီး အဲဒီနေ့က တောင်းပန်ခဲ့တာလား? သရော်ခဲ့တာ မဟုတ်ဘူးလား?

သို့သော် တစ်ဖက်လူက ရိုးရိုးသားသား တောင်းပန်ခဲ့ရင်တောင် သူနဲ့မဆိုင်ဘူးလေ။ သူ့အတွက် အခုအရေးကြီးဆုံးက ကျင့်ကြံမှုတွေ လေ့ကျင့်မှုတွေ တိုးတက်လာဖို့ပဲ။

"ရှင်....." တစ်ဖက်လူက ဒီလိုပြောလာမယ်လို့ သူမ မမျှော်လင့်ထားတာကြောင့် မင်းသမီးလော့ရုံလည်း အံ့သြသွားရပြန်၏။

ဒီလူက ကိုယ်ချင်းစာစိတ် မရှိဘူးလား?

ဘာပဲဖြစ်ဖြစ် သူမသည် ကျန်းဝူအကယ်ဒမီ၏ ထိပ်တန်း မိန်းကလေးများထဲမှ တစ်ဦးဖြစ်ပြီး သူမ၏ အဆင့်အတန်းကို လေးစားရသည့် ကျန်းဝူ အင်ပါယာ၏ မင်းသမီးလည်းဖြစ်သည်။

ဒီကောင်လေးက သူမကို တကယ် ဂရုမစိုက်တဲ့အပြင် ဒီလိုစကားမျိုး ပြောရဲတယ်ပေါ့?

"သူက စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတယ်ဆိုတာ နင်သိပြီမလား?"

လင်ရှောင်းရှောင်းက သူမရဲ့ အမြဲတမူထူးခြားတဲ့ အချစ်ဆုံး သူငယ်ချင်းကို မျက်နှာချင်းဆိုင်ဖို့ ခြေလှမ်းပြင်လိုက်ပြီး

"စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ ကောင်ကို မေ့လိုက်....ငါက အရှက်တရားတွေကို တမင်ကြံ့ကြံ့ခံပြီး အနာဂတ်မှာ လက်စားချေမှာ ဒါပေမယ့် သူက....နင်စိတ်ဆိုးမှာလား မဆိုးဘူးလား ဆိုတာကိုတောင် ဂရုမစိုက်ဘူး....နင်တွေးနေတာကိုလည်း ဂရုမစိုက်ဘူး..."

လင်ရှောင်းရှောင်းကို ဒေါသထွက်စေတဲ့ အရာက လုရွှမ်က သူမကို မျက်နှာပါးကို ဖြတ်ရိုက်ပြီး သူမထက် ပိုသန်မာနေခဲ့တာကြောင့် မဟုတ်ဘဲ ဘယ်သူမှ ဂရုမစိုက်တဲ့ သူ့ရဲ့ မျက်လုံးထဲက အကြည့်တွေပင် ဖြစ်သည်။

နင့်ကိုယ်နင် ဘယ်သူလို့ ထင်နေလဲ

"စိတ်ဆိုးတာလား? ငါ စိတ်မဆိုးပါဘူး!"

သူမမျက်နှာမှာ ခဏတာ တင်းမာနေပြီး နူးညံ့တဲ့ ပန်းတစ်ပွင့်လို ရုတ်တရက် ရယ်မောလိုက်ကာ

"အဲဒီကောင်လေးက အရမ်း ကစားလို့ကောင်းမှာကို ငါ ရုတ်တရက် တွေ့လိုက်တယ်.... ဒီနေ့ကစပြီး ငါသူနဲ့ ကောင်းကောင်း ကစားပေးရမယ်"

All Chapters