← Chapters

လုရွှမ်များဖြစ်နေမလား?

Vol. 4 Ch. 52

လုရွှမ်များဖြစ်နေမလား?

Vol. 4 Ch. 52

ဟူ.....

လုရွှမ် ဆေးရည်တွေကနေ နောက်တစ်ကြိမ် မတ်တတ်ထရပ်လိုက်သည်။ မုရှန့်အစီအရင် အခန်း၈ထဲဲကို ဝင်ခဲ့တာ တစ်ရက်ရှိသွားပြီ

တစ်ရက်လေ့ကျင့်ပြီးနောက် ဆင်သံချပ် ရွှေကိုယ်ထည်သည် အကြီးစား အောင်မြင်မှု အဆင့်တွင် လုံး၀ စုစည်းလာပြီး ကြံ့ခိုင်မှုကလည်း ပြန်လည် ကောင်းမွန်လာသည်။ တန်းလိ နယ်ပယ်၏ အထွတ်အထိပ် အဆင့်သို့ မဖြတ်ကျော်ရသေးသော်လည်း မြန်လှသည်။

"မုရှန့်အစီအရင် ဖွဲ့စည်းမှုက မျှော်လင့်ထားတဲ့အတိုင်း တန်းလိနယ်ပယ်အတွက် တကယ် အထောက်အကူ ဖြစ်စေတာပဲ!"

တိုးတက်လာတဲ့ ခွန်အားပြောင်းလဲမှုကို ခံစားရင်း လုရွှမ် ပြုံးလိုက်သည်။

တန်းလိနယ်ပယ်သည် ဝူအဆင့်များ၏ နောက်ဆုံးခြေလှမ်း ဖြစ်သည်။ ဆင်သံချပ် ရွှေကိုယ်ထည်ကြောင့်သာ မဟုတ်ရင် ကိုယ်ခံပညာ လေ့ကျင့်မှုက နှေးကွေးနေနိုင်သည်။

အရင်ဘဝက မှတ်ဉာဏ်တွေနဲ့ ယွမ်ယန်ကျင့်စဥ်သာ မရှိခဲ့ဘူးဆိုရင် ဒီအခြေအနေထိ ရောက်နိုင်ဖို့ ၃လလောက် အချိန်ယူဖို့ လိုလိမ့်မည်။

မုရှန့်အစီအရင် ဖွဲ့စည်းမှု အကူအညီနဲ့ နှစ်ရက်လောက်ကြာတော့ အောင်မြင်ခဲ့သည်။ ရုပ်သေးပင်လယ်ဂိုဏ်းက ရေးဆွဲထားတဲ့ ရုပ်သေးရုပ်က တကယ်ကို အစွမ်းထက်တယ်လို့ ပြောရမည်။

"ဒီနေ့ ဆက်သွားကြည့်မယ်!"

မနေ့ညက ဒဏ်ရာဟာ ဆေးရည်ထဲမှာ စိမ်ထားလိုက်တာနဲ့ အကောင်းအတိုင်း ပြန်ဖြစ်လာပြီ။ လုရွှမ် မနားတော့ဘဲ ဖန်းရှစ်ဖက်သို့ ဆက်ထွက်လာခဲ့သည်။

တစ်နာရီ ကြာပြီးရင်တော့ ဤနေရာသို့ တစ်ဖန်ပြန်လာပြီး ဆေးရည်၌ ဆက်လက်စိမ်သည်။ ဤသို့ဖြင့် ၃ရက် ကုန်သွားခဲ့သည်။

"နောက်ဆုံးတော့ တန်းလိနယ်ပယ်ရဲ့ အထွတ်အထိပ်ကို ဖြတ်ကျော်သွားခဲ့ပြီ... တန်းလိစွမ်းအင် ၈ခုအထိတောင် တိုးလာပြီ...နောက်ဆုံး အဆင့်ပဲ ကျန်တော့တယ် ၁၀ခန်းမြောက်က တန်းလိစွမ်းအင် ၉ခုအထိ ထိုးဖောက်နိုင်မလား ဆိုတာ သွားကြည့်လိုက်ရအောင်"

ဆေးအရည်ထဲက ထလာပြီးကတည်းက လုရွှမ်ရဲ့ အသက်ရှူသံတွေဟာ တည်ငြိမ်နေခဲ့သည်။

သူသည် အခန်း၉တွင် သုံးရက်ဆက်တိုက် လေ့ကျင့်ခဲ့ပြီး သူ၏ ခွန်အားကို ခုန်ကျော်ကာ စည်းချက်ကျကျ မြှင့်တင်နိုင်ခဲ့သည်။ မနေ့ညက သူသည် အဆင့်တစ်ခု ထိုးဖောက်ကာ တန်းလိနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။

ခွန်အားသည်လည်း လိုချင်သလောက် တန်းလိစွမ်းအင် ရှစ်ခုအထိ တိုးလာခဲ့သည်။

ခန္ဓာကိုယ် ကြံ့ခိုင်မှု နယ်ပယ်တွင် အများဆုံး တန်းလိစွမ်းအင် ငါးခုသို့ ရောက်သောအခါတွင် သာမာန် လေ့ကျင့်နည်းအတိုင်း တိုးတက်ရန် ခက်ခဲသွားသည်။

နန်းတော်ပင်လယ်ဘုံကို အာရုံစူးစိုက်ပြီး စစ်မှန်သော စွမ်းအင်ကို စုဆောင်းခြင်းဖြင့်သာ ဆက်လက် တိုးတက်လာနိုင်သည်။

လုရွှမ်သည် တန်းလိနယ်ပယ်၏ ပြီးပြည့်စုံမှု အဆင့်သို့ မရောက်ရှိမီ တန်းလိစွမ်းအင် ရှစ်ခု၏ စွမ်းအားကို ပိုင်ဆိုင်ထားပြီးဟု သတင်းပျံ့နှံ့သွားပါက မည်သူမျှ ယုံမည်မဟုတ်ပေ။

သို့သော် ထိုသို့သော စုဆောင်းမှုမျိုး မရှိပါက ယခင်ဘဝ၏ တန်းလိစွမ်းအင် ၉ခုကိုစိန်ခေါ်ရန် မဖြစ်နိုင်ပါ။

ထိုအမြင့်သို့ ရောက်မှသာလျှင် လောက၏ ထိပ်ဆုံးတွင် တစ်ဖန် ပြန်လည် ရပ်တည်နိုင်မည်ဖြစ်သည်။ သို့မဟုတ်ပါက ဧကရာဇ်ကျိုးရန်ကို အနိုင် မယူနိုင်တဲ့အပြင် ဘယ်လို လက်စားချေမလဲ? ဘယ်လို သွေးကြွေးဆပ်မလဲ?

သန့်ရှင်းသော အဝတ်အစားကို ဝတ်ကာ လုရွှမ်သည် ဖန်းရှစ်ဆီသို့ ဆက်လက် လျှောက်သွားခဲ့သည်။

မင်းသမီးလော့ရုံ ယနေ့တွင် အလွန်စိတ်ဓာတ်ကျနေပါသည်။

သူမနှင့် လင်ရှောင်းရှောင်းတို့သည် မုရှန့်အစီအရင် အပြင်ဘက်တွင် နေ့တိုင်း စောင့်ဆိုင်းနေခဲ့ကြသော်လည်း ထို "ပါရမီရှင်" ကို မမြင်ခဲ့ကြပေ။

"အဲဒီလူက မလာဘူးလား?"

လင်ရှောင်းရှောင်းသည် သူမ၏ စိတ်ရှည်မှုကို အနည်းငယ် ဆုံးရှုံးသွားကာ

"ထားလိုက်ရအောင်!"

"ဟင့်အင်း...သူက အခန်း၆မှာ ၂၇မိနစ်ပဲ တောင့်ခံခဲ့တယ်ဆိုတာ ထားပါတော့... အခုက အခန်း၈မှာ မိနစ်၃၀လောက် တောင့်ခံခဲ့တာ! အဲဒီလို သန်မာတဲ့လူကို ငါမတွေ့ချင်ဘဲနဲ့တော့ ဒီအချိန်အထိ စောင့်နေမှာ မဟုတ်ဘူး...ဘယ်သူလဲဆိုတာ ငါရှာမတွေ့ဘူးလို့ မယုံဘူး!"

မင်းသမီးလော့ရုံသည် သွားများကို ကြိတ်လိုက်သည်။

ထူးဆန်းပေမယ့် ဘယ်ကိစ္စပဲဖြစ်ဖြစ် အကြောင်းအရင်းကတော့ ရှိတာပဲ။ မဟုတ်ရင် ဘယ်လူငယ်က ဒီလိုစွမ်းအားမျိုး ရှိတာလဲ?

"ပြီးခဲ့တဲ့တစ်ခေါက်က ငါတို့ တစ်နေကုန်စောင့်ပြီး သံသယဖြစ်စရာ လူတစ်ယောက်မှ ဝင်လာတာ မတွေ့ဘူး ဒါပေမယ့် သူကို အခန်း၈ကိုတောင် ဝင်သွားခဲ့ပြီးပြီ....ငါတို့ တစ်ယောက်ယောက်ကိုများ လွတ်သွားသေးလား?"

လင်ရှောင်းရှောင်း ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

လွန်ခဲ့သော သုံးရက်က ဤနေရာ၌ တစ်နေကုန်စောင့်နေသော်လည်း သူတို့စိတ်နှလုံးထဲတွင် ထင်မြင် ယူဆထားသော "ပါရမီရှင်" ကို မတွေ့ခဲ့ရသော်လည်း အတွင်းဘက်တွင် အခန်း၈ကို တစ်စုံတစ်ယောက်မှ ချိုးဖျက်သွားသည်။

သူမတို့ကတော့ ဘယ်သူ့ကိုမှ သံသယ မဝင်မိသေးပေ။

"ဒါက ဖြစ်နိုင်တယ်! ဒါပေမယ့် အခန်းရှစ်က သူဒီရက်ထဲမှာ ထားခဲ့တဲ့ မှတ်တမ်းပဲ ရှိသေးတယ် အဲဒီနေ့ကတည်းက သူ မလာဖြစ်တာ ဖြစ်နိုင်လား?"

မင်းသမီးလော့ရုံ အံ့သြသွားသည်။

ဒီဖြစ်နိုင်ချေကို သူမလည်း စဉ်းစားမိပေမယ့် လွန်ခဲ့တဲ့ သုံးရက်လောက်က အခန်းရှစ်ရဲ့ မှတ်တမ်းတွေကို ဘယ်သူမှ မချိုးဖျက်ခဲ့ဘူး။ အဲဒီတော့ ထူးဆန်းသွားပြီ။

"ပထမအခန်းကနေ အခန်းရှစ်အထိ မှတ်တမ်းမရှိဘူး ကိုးခန်းကို သွားခဲ့တာ ဖြစ်နိုင်မလား?"

ရုတ်တရတ် လင်ရှောင်းရှောင်း၏ မျက်လုံးများ တောက်ပလာပြီး ဖြစ်နိုင်ချေရှိသည်ကို တွေးလိုက်မိသည်။

ဒီ၃ရက်ထဲ အခန်း၉ကို ဘယ်သူမှ မထိုးဖောက်ထားခဲ့ရင် ထိုလူမလာသေးဟု ဆိုလိုသည်။ အခန်း၈ကို စိန်မခေါ်တော့ဘဲ အခန်း၉ကို တိုက်ရိုက်သွားခဲ့တာ ဖြစ်နိုင်သည်။

"အဲဒါ...ဖြစ်နိုင်တယ်!"

မင်းသမီးလော့ရုံ ခဏလောက် ထိတ်လန့်သွားပြီး ထခုန်လိုက်သည်။

အဲဒီလိုဆိုရင် ဒီသုံးရက်က အလကား ထိုင်စောင့်နေသလို ဖြစ်သွားပြီပေါ့

"ခဏစောင့် ငါအခန်း၉ကို သွားကြည့်လာခဲ့မယ်!"

မင်းသမီးလော့ရုံက စိတ်မရှည်တော့ဘဲ သွားမယ်ဆိုတာနဲ့ ချက်ချင်း အမြန်ပြေးသွားပြီး ခဏအတွင်းမှာပဲ ကြောင်အစွာနဲ့ ပြန်ထွက်လာခဲ့သည်။

"ဘယ်လိုလဲ?"

သူမ၏ အမူအရာကို ကြည့်ရင်း လင်ရှောင်းရှောင်းလည်း အနည်းငယ် ခန့်မှန်းမိသော်လည်း မမေးဘဲ မနေနိုင်ပေ။

"သူ... ကိုးခန်းထဲကို တကယ်ဝင်သွားတယ်... တစ်နာရီလောက် နေခဲ့တယ်"

မင်းသမီးလော့ရုံ၏ မျက်နှာမှာ နီရဲရဲကလေး ဖြစ်လျက်။ သူမ ဝင်သွားသည်နှင့် ထိုလူ ရှိခဲ့တဲ့အချိန်ကို မြင်လိုက်ရတော့ သူမမျက်လုံးကိုပင် မယုံနိုင်ဖြစ်မိသည်။

တစ်နာရီ!

အဲဒါ အခန်းကိုးနော်!

ဖန်းရှစ်မှာ မုရှန့်အစီအရင် ရုပ်သေးရုပ် အခန်း၁၀ခန်းရှိပြီး ၉ခန်းမြောက်က လူသားတွေရဲ့ ကန့်သတ်ချက်တွေကို စိန်ခေါ်နေပြီ။ ဘယ်သူမှ မဝင်ခဲ့တာ နှစ်အတော် ကြာနေပြီလေ။

မင်းဝင်သွားပြီး တစ်မိနစ်လောက် ဆက်နေနိုင်ရင်တောင် နှစ်ပေါင်းများစွာ ကြွားလုံးထုတ်နိုင်ပါပြီ။ ဒါပေမယ့် တစ်စုံတစ်ယောက်ကတော့ ဝင်သွားပြီး တစ်နာရီလောက် နေခဲ့တယ်တဲ့!!

အဲဒါ ဘယ်သူများလဲ?

ဒီလိုမျိုး ထူးချွန်ထက်မြက်တဲ့ လူက ကျန်းဝူအင်ပါယာမှာ ဘယ်တုန်းက ပေါ်လာလိုက်တာလဲ?

အရေးကြီးဆုံးက သူမတို့က လွန်ခဲ့တဲ့ရက်အနည်းငယ်က တံခါးမှာ စောင့်နေကြပေမယ့် အဲဒီပါရမီရှင် ရောက်လာတဲ့အချိန်ကို မသိလိုက်တာပဲ။

"အဲဒါ....ငါတို့အရင်က တစ်ခါမှ သံသယမဝင်ဖူးတဲ့ လူများဖြစ်နေမလား?"

ရုတ်တရက် မင်းသမီးလော့ရုံလည်း ယခင်က လင်ရှောင်းရှောင်း ပြောခဲ့သည့် စကားကို သတိရသွားသည်။

အခုပဲ ထပ်ပြောလိုက်တော့ အရင်က မိမိစိတ်ထဲ မဖြစ်နိုင်ဘူးလို့ ခံစားခဲ့ရတဲ့ အရာက ဖြစ်လာသလိုပင်။ နောက်ဆုံးမှာ ပါရမီရှင်က တစ်လှမ်းချင်း ထွက်ပေါ်လာခဲ့တာပဲ။

လေထဲကနေ ထွက်လာသလိုပင်။ ရုတ်တရက် ဘယ်သူမှမသိတဲ့ တစ်နေရာကနေ ထွက်လာသလိုမျိုးပင်။

"ငါတို့တွေ့တဲ့ လူတွေထဲမှာ ဘယ်သူက သံသယအနည်းဆုံးလဲ?"

ဒီအတွေးနဲ့ ဒီရက်ပိုင်း မုရှန့်အစီအရင် အခန်းတွေထဲကို နေ့တိုင်းလာတဲ့ လူတွေအကြောင်း သေသေချာချာ တွေးကြည့်တော့ ရုတ်တရက် စိတ်ထဲမှာ ပေါ်လာခဲ့သူက။

လုရွှမ်

"သူ မဖြစ်နိုင်ပါဘူး သူက မူလနယ်ပယ်က ကောင်လေးပဲ....မုရှန့်အစီအရင်ထဲက အခန်း၉မှာ တစ်နာရီလောက် ဘယ်လိုလုပ် နေနိုင်မှာလဲ?"

အဲဒီလူရဲ့ ပုံစံကိုတွေးမိပြီး ခေါင်းယမ်းလိုက်သည်။

"နင်ပြောကြည့်....လုရွှမ်များ ဖြစ်နေမလား? ဒီရက်ပိုင်း သူဒီကိုတစ်ချိန်လုံး လာနေခဲ့တာလေ"

ဘေးက လင်ရှောင်းရှောင်းလည်း ဒါကို တွေးနေမိပြီး ရုတ်တရက် ထပြောလိုက်၏။

"သူ...မဖြစ်နိုင်ဘူး! အခုပဲ စဉ်းစားမိတာ မူလနယ်ပယ်က ကောင်လေးက ကိုးခန်းထဲမှာ ဒီလောက်ကြာအောင် ဘယ်လိုလုပ် နေနိုင်မှာလဲ?"

မင်းသမီးလော့ရုံက ခေါင်းခါပြန်သည်။

"ငါလည်း အဲဒီလို ထင်ပါတယ်... ဒါပေမဲ့ သူအဂ္ဂိရတ် အကဲဖြတ်မှုကို အောင်မြင်မယ်လို့ မထင်ခဲ့သလို ချန်ဖုန်းကို နိုင်မယ်လို့လည်း မထင်ခဲ့ဘူးလေ"

လင်ရှောင်းရှောင်းက ရှုံ့မဲ့စွာ ပြုံးလိုက်သည်။

"ဒါ"

ထိုကောင်လေးက သူတို့ဆီကို အံ့အားသင့်စရာ အကြောင်းတွေ ယူလာပေးကြောင်း တွေးမိတော့ မင်းသမီးလော့ရုံ တိတ်ဆိတ်သွားသည်။

အဲဒီလူငယ်က လူတွေကို အံ့အားသင့်စရာတွေနဲ့ အံ့ဩစရာတွေကို အချိန်တိုင်း ပေးစွမ်းနိုင်တယ်တော့ သူက ဖြစ်နိုင်တယ်။

"ငါမယုံသေးဘူး... ငါအရင်စုံစမ်းဖူးတယ် သူက လွန်ခဲ့တဲ့ တစ်လခွဲကျော်လောက်က အဆင့်တက်လာတဲ့ လူတစ်ယောက်ပဲ...ဘယ်လိုလုပ် ဝူအဆင့်ကို ရောက်ဦးမှာလဲ? အခန်း၉ကိုရော?"

မင်းသမီးလော့ရုံမှာ မယုံနိုင်စွာဖြင့်

"အဲဒါတန်းလိစွမ်းအင် ၉ခု ရှိတဲ့ ရုပ်သေး၁၀ကောင်နော်"

"ငါလည်း မှန်းထားတာပဲ..."

လင်ရှောင်းရှောင်းက ခေါင်းယမ်းလိုက်ပြီး စကားစပြောခါနီးမှာ သူမရဲ့ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

"အရမ်းရိုးရှင်းတယ် မဟုတ်လား? ကြည့်စမ်း! သူလာနေပြီ ငါတို့အနောက်ကနေ တိတ်တိတ်လေး လိုက်သွားကြည့်ရင် အဖြေကို သေချာသိရပြီလေ"

"အမ်?"

မင်းသမီးလော့ရုံ အလျင်စလို ခေါင်းကို လှည့်လိုက်တော့ သူမကို အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သော လူငယ်က သူ့အိတ်ကပ်ထဲ လက်နှိုက်ရင်း ဖြည်းညှင်းစွာ လျှောက်လာသည်ကို တွေ့လိုက်ရသည်။

All Chapters