ဖော်ထုတ်မယ်
Vol. 4 Ch. 53
မင်းသမီးလော့ရုံ နှင့် လင်ရှောင်းရှောင်းတို့ မုရှန့်အစီအရင် အခန်းများ၏ အပြင်ဘက်တွင် ရပ်နေကြသည်ကို မြင်လိုက်ရသဖြင့် လုရွှမ် မအံ့သြတော့ပေ။
သူမတို့ကို ဒီရက်တွေမှာ တစ်စုံတစ်ယောက်ကို စောင့်နေသလိုမျိုး နေ့တိုင်း မြင်နေရတယ်လေ။
သို့သော် သူနှင့် ဘာမှမဆိုင်ပါ။
သူ့အား စိုက်ကြည့်နေသော လူနှစ်ယောက်ကို လျစ်လျူရှုကာ လုရွှမ်သည် မုရှန့်အစီအရင်ထဲသို့ တိုးဝင်လာခဲ့သည်။
"သူ့ပုံစံကို ကြည့်ရတာ မတူဘူး..."
လူငယ်လေး ဝင်လာတာကိုမြင်တော့ နှစ်ယောက်သား လိုက်မလိုက် ဆက်ဆွေးနွေးကြသည်။
"ကိစ္စမရှိပါဘူး ဟုတ်မဟုတ် လိုက်သွားကြည့်ရအောင်"
ပုံပန်းသဏ္ဌာန်က မဟုတ်ဘူးလို့ ထင်ရပေမယ့် သံသယဝင်နေသေးတာကြောင့် လိုက်မကြည့်ရရင် စိတ်မချနိုင်ဘူး ဖြစ်နေသည်။
မင်းသမီးလော့ရုံသည် လုရွှမ်နောက်သို့ အနီးကပ်လိုက်ကာ မုရှန့်အစီအရင် ဖွဲ့စည်းပုံထဲသို့ ဝင်တော့မည် ဖြစ်သော်လည်း သူမ မထွက်ခွာမီတွင် လူငယ်သည် ပြန်ထွက်လာပြန်၏။
"အမ်?"
နှစ်ယောက်သား တစ်ချိန်တည်း အံ့အားသင့်သွားကြသည်။
ဒီကောင်လေးက အချိန်တိုင်း အကြာကြီး ဝင်နေတတ်တယ် မဟုတ်လား? ဒီတစ်ခါ ပြန်ထွက်လာတာ အရမ်းမြန်နေသလိုပဲ သူတို့နောက်က လိုက်လာတာကို တွေ့သွားလို့လား?
စိတ်ထဲမှာ ထူးဆန်းလာကာ မုရှန့်အစီအရင် အပြင်က အခန်းကို လှည့်ပတ်သွားလာနေတဲ့ လူငယ်ကို မြင်လိုက်ရပြီး ခဏကြာတော့ ပျောက်ကွယ်သွား၏။
"ငါပြောတယ် မဟုတ်လား? သူမဟုတ်ပါဘူးဆို!"
မင်းသမီးလော့ရုံသည် လုရွှမ် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။
သူသာဆိုရင် အခန်း၉ထဲဲကို ဝင်သွားပြီး ပြန်ထွက်လာမှာပဲလေ။ အခုပုံစံကို ကြည့်ရတာ သူမဟုတ်ပုံပဲ။
"မဟုတ်ဘူး ထင်တယ်... ဒီလိုလုပ် ငါအခန်း၉မှာ သွားစောင့်နေလိုက်မယ် ဒီနေ့ သူအဲဒီမှာပေါ်လာရင် သေချာပေါက် တွေ့ရမှာပဲ... ငါသူ့ကိုဖမ်းလို့ မမိဘူးဆိုတာ မယုံဘူး"
လုရွှမ် မဟုတ်တာကိုတွေ့တော့ မင်းသမီးလော့ရုံလည်း အပြင်းအထန် ပြောလိုက်သည်။
မုရှန့်အစီအရင် ဖွဲ့စည်းမှုမှာ စောင့်နေရင် ရွှေစတွေ အများကြီး ကုန်လိမ့်မည်။ ဒီအတိုင်းလည်း မခန့်မှန်းချင်တော့ပေ။ မဟုတ်ရင် ထိုင်ခန့်မှန်းနေရင်း လောပြီး သေသွားနိုင်သည်။
"ကောင်းပြီ နင်ဝင်ပြီး စောင့်လိုက် ငါဒီမှာ ရှာလိုက်မယ်!"
လင်ရှောင်းရှောင်းက ပိုကောင်းတဲ့ နည်းလမ်းကို မစဉ်းစားနိုင်တာကြောင့် သူမ ခေါင်းညိတ်လိုက်သည်။
အပြင်မှာ စောင့်နေတော့ ဘယ်သူလဲ ဆိုတာ ခန့်မှန်းလို့ မရပေမယ့် ကိုးခန်းထဲ ထပ်ပေါ်လာရင် အဲဒါလူပဲ ဖြစ်ရမယ်။
လူနှစ်ယောက်က သူ့ကိုလိုက်ရှာနေမှန်း မသိဘဲ လုရွှမ်သည် ယခုအချိန်တွင် ဖန်းရှစ်၏ ရှေ့ကောင်တာတွင် ရပ်နေသည်။
"မုရှန့်အစီအရင် အခန်းတွေမှာ အခန်း၁၀ မရှိဘူးလား? ဘယ်လိုလုပ် အခန်း၉မှာ ဆုံးနေတာလဲ?"
သူ့ရဲ့ကျင့်ကြံမှု တိုးတက်လာတာနဲ့အမျှ ကိုးခန်းက သူ့အပေါ် သက်ရောက်မှု မရှိတော့ပေ။ အဓိက ရည်ရွယ်ချက်က အခန်း၁၀ကို စိန်ခေါ်ဖို့ပဲ။
"ဒါ... ကျွန်တော်လည်း မသိဘူး ကျွန်တော် အထက်လူကြီးကို ခေါ်ပေးပါ့မယ်"
ဝန်ထမ်းက ခဏလောက် အေးခဲသွားပြီး တောင်းပန်စကား ပြန်ပြော၏။ ခဏစောင့်ပြီးနောက် လူလတ်ပိုင်းတစ်ဦး ရောက်လာသည်။
"မင်္ဂလာပါ... ကျုပ်က ဖန်းရှစ်ရဲ့ ဘဏ္ဍာထိန်း မုန့်လင်ပါ....မင်း အခန်း၁၀ကို ရှာနေတယ်လို့ ကြားတယ်"
လူလတ်ပိုင်းက မေး၏။
မုန့်လင်ဆိုသည်မှာ ယွမ်ဟုန်၏ အိမ်တော်ထိန်းကြီးပဲ ဖြစ်လေသည်။
"အင်း!" လုရွှမ် ခေါင်းညိတ်သည်။
"ဒီလမ်းပါ!" မုန့်လင်က ခေါင်းညိတ်ပြပြီး အခန်းထဲသို့ ခေါ်သွားသည်။
"အရင်တုန်းက မုရှန့်အစီအရင် အခန်း၁၀ ရှိခဲ့တယ်... ဒါပေမဲ့ အန္တရာယ်များလွန်းတယ် နှစ်အတော်ကြာ ဝင်လာတဲ့သူတွေ အားလုံး သေကုန်ပြီ... အဲဒါကြောင့် ပိတ်လိုက်တာ" ဟု မုန့်လင်က ရှင်းပြသည်။
"ပိတ်လိုက်တာ?" လုရွှမ်က မျက်မှောင်ကြုတ်ကာ
"ကျွန်တော့်အတွက် ဖွင့်ပေးနိုင်မလား ဝင်ပြီး လေ့ကျင့်ချင်လို့!"
"ဒါ..." မုန့်လင်ခဏတုံ့ဆိုင်းသွားပြီး
"ငါမင်းကို မခေါ်သွားချင်လို့ မဟုတ်ဘူး...အဲဒါက မင်းဝင်ချင်ရင် အခန်းကိုးမှာ ဆယ်မိနစ်ကျော်ကျော် အသက်ရှင်နိုင်ရမယ်!"
မုရှန့်အစီအရင် ဖွဲ့စည်းခြင်းအား ပြုပြင်ထိန်းသိမ်းခြင်း သို့မဟုတ် အကဲဖြတ်ခြင်း မလုပ်ဖြစ်ချေ။
ဘဏ္ဍာထိန်းကြီး မုန့်လင်သည်လည်း ဝင်မကြည့်တာ ကြာပြီဖြစ်တာကြောင့် တစ်စုံတစ်ယောက် အခန်း၉မှာ ၁နာရီ နေခဲ့တယ်ဆိုတာ မသိသေးပေ။
"ဒါက ငါ့ရွှေကတ်ပါ... သုံးစွဲမှု မှတ်တမ်းတွေရှိတယ် မင်းစစ်ဆေးလို့ရတယ်...."
ရှင်းပြဖို့ ပျင်းလွန်းလို့ လုရွှမ်က ရွှေကတ်ကို ပေါ့ပေါ့ပါးပါး လွှဲပေးလိုက်သည်။
"အမ်!"
မုန့်လင်က ခေါင်းညိတ်ပြပြီး သူ့ရှေ့က လူသာ အခန်း၉ကို တကယ်ဝင်ပြီး ဆယ်မိနစ်လောက် နေခဲ့မယ်ဆိုရင် ကတ်ပေါ်က သုံးစွဲမှုမှတ်တမ်းက အမှန်ပဲ ပေါ်လာလိမ့်မည်။
ကတ်ကို လက်ခံရရှိပြီးနောက် မုန့်လင်သည် တစ်စုံတစ်ဦးအား စစ်ဆေးရန် တောင်းဆိုတော့မည့် အခိုက် ကတ်၏ အသွင်အပြင်ကို မြင်သောအခါတွင် သူ့မျက်နှာသည် ပြောင်းလဲသွားပြီး အလျင်စလို မတ်တပ်ရပ်လိုက်ကာ
"ဒီမှာ ခဏစောင့်ပါ ကျွန်တော် စစ်ဆေးလိုက်မယ်.... ကိုးခန်းမှာ ၁၀မိနစ်ကျော် နေနိုင်တယ်ဆိုတာ အတည်ပြုပြီးတာနဲ့ အခန်း၁၀ကို ဖွင့်ပေးပါမယ်"
ပြောပြီးတာနဲ့ အမြန် ထွက်သွားသည်။
သို့သော်လည်း ကတ်ကို စစ်ဆေးမည့်အစား ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သခင်ဖန်း၏ တိတ်ဆိတ်သော အခန်းသို့ ရောက်လာပြီး တံခါးကိုဖွင့်ကာ ဝင်သွားခဲ့သည်။
"ဆရာကြီး ထပ်လာတာလား?"
သူတိုက်ရိုက် ဝင်ချလာကိုမြင်တော့ သခင်ဖန်းယွမ်ဟုန်သည် အံ့အားသင့်သွားပြီး အမြန်ထရပ်လိုက်၏။
အရင်တစ်ခေါက်က ဆရာကြီးနှင့် သေသေချာချာ စကား မပြောခဲ့ရသည့်အတွက် အလွန် စိတ်ဆိုးသွားခဲ့သည်။
မုန့်လင်က သူ့ကို အသိပေးခြင်းမရှိဘဲ ထပ်ပြေးလာခဲ့တာမို့ ဆရာကြီး ပြန်ပေါ်လာခြင်း ဖြစ်မည်လား။
"မဟုတ်ဘူး..." မုန့်လင်က ခေါင်းခါလိုက်ပြီး
"ဒါပဲ... ဒါကျွန်တော်တို့ ဆရာကြီးကိုပေးလိုက်တဲ့ အမြင့်ဆုံး ကတ်ပြား!"
"ဟင်? မင်းဘာကိုဆိုလိုတာလဲ" ယွမ်ဟုန် အံ့အားသင့်သွားသည်။
"ဒီလိုပါ...."
မုရှန့်အစီအရင် ဖွဲ့စည်းမှု၏ အခန်း၁၀ထဲသို့ ဝင်ရောက်ချင်တဲ့ လုရွှမ်၏ ကြိုးပမ်းမှု အကြောင်းကို မုန့်လင် ပြောပြလိုက်သည်။
"မင်းဆိုလိုတာက... ဒီကောင်လေးက ဆရာကြီးကို ငါတို့ပေးခဲ့တဲ့ အမြင့်ဆုံးကတ်နဲ့ ပိုက်ဆံသုံးနေတာလား?"
ယွမ်ဟုန် နောက်ဆုံး နားလည်သွားတော့ သူ့မျက်လုံးတွေက ပိုတောက်ပလာ၏။
"ဟုတ်တယ် ကျွန်တော်တို့ ထုတ်ထားတဲ့ အဆင့်မြင့် ရွှေကတ်နဲ့ တစ်ကယ့်ကို ပုံစံတူပဲ...အပြင်ကကြည့်ရင် မပြောနိုင်ဘူး... ဒါပေမယ့် ဆရာကြီး နောက်ဆုံးအကြိမ် ရောက်လာတော့ ကတ်ပေါ်မှာ အမှတ်အသား တစ်ခုထားခဲ့တယ် ဒါကိုကြည့်လိုက်...."
မုန့်လင် ရှင်းပြလိုက်သည်။
"ဒီလူက ဘယ်သူလဲ? မင်း စစ်ဆေးပြီးပြီလား? အခု စစ်ဆေးကြည့်စမ်း!"
"ဟုတ်!" မုန့်လင်က ခေါင်းညိတ်ပြပြီး ခဏကြာတော့ ပြန်လာခဲ့သည်။
"ကျွန်တော် သိလာပြီ!"
ကျန်းဝူ ဖန်းရှစ်သည် ကျန်းဝူအင်ပါယာ တစ်ခုလုံးတွင် အချိတ်အဆက်မိသော လူများနှင့်အတူ အကြီးဆုံး ကုန်သွယ်ရေး နေရာကြီးဖြစ်ပြီး လုရွှမ်သည် သူ၏အသွင်အပြင်ကို မဖုံးကွယ်ထားသောကြောင့် ရှာဖွေရလွယ်ကူသည်။
"အဲဒီကောင်လေးက လုရွှမ်လို့ခေါ်ပြီး ကျန်းဝူအကယ်ဒမီရဲ့ အငယ်တန်း ကျောင်းသားပါ!"
မုန့်လင်လည်း ခပ်သွတ်သွတ် ပြန်ပြောလိုက်သည်။
"ကျန်းဝူအကယ်ဒမီက... အငယ်တန်း အဆင့်နိမ့်?" ယွမ်ဟုန် အံ့အားသင့်သွားပြီး
"သေချာလား?"
"သေချာပါတယ်!" မုန့်လင် ခေါင်းညိတ်သည်။
"ဒါပေမယ့် စစ်ဆေးကြည့်တော့ ဒီလူက တကယ်ကို ထူးဆန်းတယ်... လွန်ခဲ့တဲ့ တစ်လခွဲကျော်လောက်က ၅ကွင်းနယ်ပယ် သိုင်းပညာရှင်ရဲ့ အစွမ်းအစတောင် မရှိခဲ့ပေမဲ့ သိပ်မကြာခင်မှာပဲ လျိုချွမ်းကို ဒဏ်ရာရစေခဲ့ပြီး ၅ကွင်းနယ်ပယ်ကို ရောက်သွားခဲ့တယ် နောက်ပြီး မူလအမှတ်ရဲ့ အစောပိုင်းကာလ ချန်ဖုန်းကို စိန်ခေါ်ပြီး တစ်ချက်တည်းနဲ့ အနိုင်ယူခဲ့တယ်...မကြာသေးခင်က အရေပြားနဲ့ အရိုးနယ်ပယ်က ချိုဝမ့်ထျန်းကို အနိုင်ယူပြီး အခုတန်းလိနယ်ပယ်ကို ရောက်နေပြီ"
မုန့်လင်က သူစုံစမ်းထားတဲ့ အချက်အလက်တွေကို မြန်မြန်ဆန်ဆန် ပြန်ပြောပြလိုက်သည်။
ဤအရာများသည် ကျန်းဝူအကယ်ဒမီတွင် ပျံ့နှံ့နေသောကြောင့် လျှို့ဝှက်ချက် မဟုတ်ပေ။
"မင်းဆိုလိုတာက... ဒီကလေးက တစ်လခွဲကျော်အတွင်း သန်မာတဲ့ ကွင်းငါးကွင်းအောက်ကနေ ရုန်းထွက်ခဲ့ပြီး သူက အင်အားပြည့်တဲ့ အဆင့်က သန်မာတဲ့လူကိုတောင် အနိုင်ယူနိုင်ခဲ့တယ်?"
ယွမ်ဟုန်သည် မုန့်လင်အား တအံ့တသြ ငတုံးတစ်ယောက်လို ပြန်ကြည့်နေ၏။
ဒါကြီးက လျိုဝှက်နက်နဲလွန်းတယ် မဟုတ်လား?
လူတစ်ယောက်က ဒီလို လျင်မြန်တဲ့ ကျင့်ကြံမှု အမြန်နှုန်း ဘယ်လိုလုပ် ရှိနိုင်မှာလဲ?
သူသိသလောက်တော့ ကျန်းဝူအင်ပါယာ တစ်ခုလုံးမှာ ကျင့်ကြံမှု အမြန်ဆုံးပါရမီရှင် မုယန်ဖုန်းတောင် တစ်နှစ်နီးပါး အချိန်ယူခဲ့ရတယ်လေ။ တစ်လခွဲလောက်က ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?
လာနောက်နေတာလား?
"အမှန်ပါ.....အဲဒါအပြင် မနေ့က မုရှန့်အစီအရင် ဖွဲ့စည်းပုံရဲ့ အခန်း၉ကို စိန်ခေါ်ခဲ့တယ်!"
ယွမ်ဟုန်မှ မယုံကြောင်း သိလိုက်ရသဖြင့် မုန့်လင်က ဆက်ပြောလိုက်သည်။
"အခန်း၉ကို စိန်ခေါ်လိုက်တယ်? အခန်း၉မှာ တန်းလိစွမ်းအင် ၉ခု ရှိတဲ့ ရုပ်သေး၁၀ကောင် ရှိတယ်လေ... အဲဒီမှာ ၁၀မိနစ်ကျော်တောင် နေနိုင်ပါ့မလား?"
ယွမ်ဟုန်မှာ မယုံနိုင်အောင် ဖြစ်နေသည်။
မုရှန့်အစီအရင် ဖွဲ့စည်းမှု၏ ကိုးခန်းမြောက် အခန်းသည် မရေမတွက်နိုင်သော လူများအတွက် တားမြစ်ထားသော ကျိန်စာဖြစ်ပြီး မည်သူမျှ မကျော်ဖြတ်နိုင်ပေ။
"ဆယ်မိနစ်မဟုတ်ဘူး... တစ်နာရီလောက် ရှိတယ်!"
မုန့်လင် ခါးသက်စွာရယ်ရင်း ပြန်ပြောလေ၏။