← Chapters

သခင်ဖန်း၏ ခန့်မှန်းချက်

Vol. 4 Ch. 54

သခင်ဖန်း၏ ခန့်မှန်းချက်

Vol. 4 Ch. 54

"တစ်နာရီ?"

ယွမ်ဟုန် ထိတ်လန့်သွားပြီး သူ့မျက်လုံးများပင် ပြုတ်ထွက်လုနီးနီး ​ဖြစ်သွားသည်။

"သေချာရဲ့လား?"

မုရှန့်အစီအရင် ဖွဲ့စည်းမှုတွင် လေ့ကျင့်ခြင်းအတွက် ကန့်သတ်ချက်များ ရှိသည်။ အများစုမှာ နန်းတော်ပင်လယ်ဘုံကို ပြီးမြောက်ပြီးသူများသာ ဝင်ရောက်ခွင့်ရှိပြီး စစ်မှန်သောစွမ်းအင်ကိုလည်း အသုံးပြုခွင့် မရှိပေ။

၎င်းသည် ကိုယ်ခံအား စမ်းသပ်လေ့ကျင့်ရန် အထူးနေရာ တစ်ခုဖြစ်သည်။

တန်းလိနယ်ပယ်ကို ထိုးဖောက်ထားသူများပင် တန်းလိစွမ်းအင် ငါးခုသာ ရှိသည်။ နန်းတော်ပင်လယ် နယ်ပယ်သည် လူတစ်ဦး၏ ခွန်အားကို များစွာ တိုးစေနိုင်သော်လည်း ၎င်းသည် စစ်မှန်သော ဝိညာဥ်စွမ်းအင်၏ အကျိုးသက်ရောက်မှုဖြစ်သည်။

နန်းတော်ပင်လယ် နယ်ပယ်ကို ရောက်ပြီး ခွန်းအားက တန်းလိစွမ်းအင် ၆ခုထဲရောက်ရင် မဆိုးလှပေ။

မကြာသေးမီ နှစ်များအတွင်း အကျော်ကြားဆုံး ကျန်းဝူဘုရင်၏ သမီးဖြစ်သူ မင်းသမီးလော့ရုံသည်ပင် အကောင်းဆုံး ကိုယ်ခံပညာ လေ့ကျင့်မှုရလဒ်များမှာ အများဆုံး တန်းလိစွမ်းအင် ၈ခုသာရှိသည်။

ထို့အပြင် သူမသည် နန်းတော်ပင်လယ်နယ်ပယ်၏ ပြီးပြည့်စုံမှု အဆင့်ကို ရောက်ရှိနေတာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်ပြီး ထိုကဲ့သို့ ခွန်အားဖြင့် သူမသည် အခန်း၈တွင် ဆယ်မိနစ်ခန့်သာ တောင့်ခံနိုင်သည်။

လွန်ခဲ့တဲ့ တစ်လခွဲလောက်က ဝူအဆင့်တောင် မဟုတ်သေးတဲ့ ကောင်လေးတစ်ယောက်က ကိုးခန်းမှာ တစ်နာရီလောက် နေခဲ့တာတဲ့လား?

ယွမ်ဟုန်မှာ သူ့ခေါင်းကို မလှည့်နိုင်တော့အောင် တောင့်တင်းသွားလေသည်။

"အဲဒါအမှန်ပါပဲ!"

မုန့်လင် ကူကယ်ရာမဲ့ ခေါင်းညိတ်လိုက်သည်။

သူထိုသတင်းကို ပထမဆုံး ကြားလိုက်ရသည့် အချိန်ကဆိုရင် သခင်ဖန်းထက်ပင် ထိတ်လန့်သွားခဲ့သည်။

မုရှန့်အစီအရင် ဖွဲ့စည်းမှု၏ အခန်းကိုးတွင် တစ်နာရီ တောင့်ခံရမယ်ဆိုတာ သူ၏ လက်ရှိခွန်အားနှင့်ပင် လုပ်နိုင်မည် မဟုတ်ပေ။

"ဆရာသခင်ရဲ့ အမြင့်ဆုံးရွှေကတ်ကို ကိုင်ပြီး တစ်လခွဲကြာ ကိုယ်ခံပညာရှင် ဖြစ်လာတယ်.... သူ့မှာ ခွန်အားအပြည့်ရှိတဲ့ နယ်ပယ်က သန်မာသူတွေကို အနိုင်ယူဖို့ ခွန်အားရှိတယ်။ အဓိကက မုရှန့်အစီအရင် အခန်း၉မှာ တစ်နာရီတောင် နေနိုင်ခဲ့တယ်... သေချာသွားပြီ ငါသူ့ရဲ့နောက်ကြောင်းကို သိပြီ!"

သူ့ရဲ့အတည်ပြုချက်ကို ယွမ်ဟုန် မတ်တပ်ထရပ်ပြီး ခဏလောက် ရေရွတ်ရင်း သူ့မျက်လုံးတွေက ပို၍ပို၍ တောက်ပလာ၏။

"သခင်ဖန်း ဆိုလိုတာက...."

"ခန့်မှန်းချက်က မှန်မယ်ဆိုရင် လုရွှမ်က ဆရာသခင်ရဲ့ တံခါးပိတ် တပည့်ပဲ ဖြစ်ရမယ်! ဆရာသခင်လိုလူက ဘာလို့ဒီမှာနေပြီး ပိုက်ဆံမရှိရတာလဲ ဆိုတာကို ငါအမြဲ တွေးခဲ့ဖူးတယ် အခုနောက်ဆုံးတော့ သူ့တပည့်အတွက် ဖြစ်ရမယ်လို့ ငါထင်တယ် လုရွှမ်ရဲ့ အရည်အချင်းကို မြင်တော့ တပည့်အဖြစ် လက်မခံဘဲ မနေနိုင်တော့ဘဲ ဖြစ်သွားမယ်... ပြီးတော့ ပိုက်ဆံရှာဖို့ တံတိုင်းပေါ်က မေးခွန်းတွေ ဖြေတာကလည်း ဒီတပည့်အတွက်ပဲ!"

သခင်ဖန်း ယွမ်ဟုန်သည် သူ့ဘာသာ ပြောလာသည်နှင့်အမျှ ပိုမိုရှင်းလင်းလာပြီး သူ၏ မျက်လုံးများသည် ခက်ခဲသော ပြဿနာများကို ဖြေရှင်းခဲ့သလို ဉာဏ်ပညာ အလင်းရောင်များဖြင့် တောက်ပလာခဲ့သည်။

"ဒါ... သခင်ဖန်းက တကယ်ထက်မြတ်တာပဲ"

မုန့်လင်လည်း ရုတ်တရက် သဘောပေါက်သွားသည်။

အမှန်ပင် ဤဖြေရှင်းချက်ကပင် လုရွှမ် ရုတ်တရက် အဆင့်တွေ ထိုးဖောက်လာခဲ့တဲ့ အကြောင်းကို သက်သေပြနိုင်၏။

"အရင်တုန်းကတော့ သူက သာမန်ဆရာသခင် တစ်ယောက်လို့ပဲ ထင်ထားခဲ့တာ...ဒါပေမဲ့ သူ့တပည့်ကတောင် အခန်း၉မှာ တစ်နာရီ နေနိုင်ခဲ့တယ်ဆိုတော့....အဲ့တော့ သူ့အရည်အချင်းက ထိပ်တန်းဆရာသခင် တစ်ယောက်ဆိုတာ သေချာတယ်... ဟုတ်တယ် ထိပ်တန်းဆရာပဲ!"

ယွမ်ဟုန်၏ မျက်လုံးများသည် တောက်ပစွာ တောက်ပနေ၏။

"ဒီလို​အဆင့်ရှိတဲ့ ဆရာကြီးတစ်ယောက်နဲ့သာ ပေါင်းသင်းဆက်ဆံရေး ကောင်းမယ်ဆိုရင် သူက ငါ့ရဲ့ အဂ္ဂိရတ်ပညာကို အများကြီး တိုးတက်စေမှာ သေချာတယ်.... အဲဒီကိစ္စကလည်း မအောင်မြင်တာ မဖြစ်နိုင်ဘူး"

"ဒါပေမဲ့ ဒီဆရာက နည်းနည်းတော့ ချဥ်းကပ်ဖို့ မလွယ်ဘူး... ငါတို့လိုလူကို သူ့မျက်စိထဲ​ ဘယ်လိုလုပ် ထည့်မှာလဲ? အစကတော့ သူ့ကိုဘယ်လို ချဥ်းကပ်ရမလဲ မသိဘူး ဖြစ်နေတာ သူ့တပည့်ရှိရင်တော့ အဆင်ပြေသွားပြီ"

သူသည် ဆရာသခင်ကဲ့သို့ အဆင့်အတန်း မြင့်သူတစ်ဦးကို ဆက်သွယ်ရန် အရည်အချင်း မပြည့်မီသော်လည်း တစ်ဖက်လူ၏ တပည့်ကိုတော့ ဆက်သွယ်နိုင်သည်လေ။

ဆရာသခင်သည် တပည့်အား အဆင့်မြင့် ရွှေကတ်ကို ပေးဆောင်သည် ဟူသောအချက်မှာ ဤတပည့်ကို လွန်စွာချစ်ပါသည်ဟု ပြောနေသကဲ့သို့ပင်။

သူနဲ့သာ ဆက်သွယ်နိုင်မယ် ဆိုရင် ဆရာသခင်နဲ့ ဆက်သွယ်ဖို့ကလည်း အဆင်ပြေလာလောက်သည်။

ဒီအကြောင်းကို သူပိုတွေးလေလေ အဓိပ္ပါယ်ရှိလေလေလို့ ခံစားလာရကာ ယွမ်ဟုန်သည်ရယ်မောရင်း မတ်တပ်ရပ်ကာ လက်ကိုဝှေ့ယမ်းလိုက်သည်။

"လမ်းပြ....အဲဒီလုရွှမ်ကို လူချင်းတွေ့ချင်တယ်"

"ဟုတ်!"

မုန့်လင်က ထက်မြက်တဲ့လူ ဖြစ်လို့ သခင်ဖန်းရဲ့ ဆိုလိုရင်းကို ချက်ချင်းနားလည်ပြီး အမြန်လမ်းပြလိုက်သည်။

.......

လုရွှမ် မျက်မှောင်ကြုတ်လိုက်သည်။

လုပ်ရည်ကိုင်ရည်က အရမ်းဆိုးတာပဲ။ အခန်း၉မှာ ဘယ်လောက် နေခဲ့တယ်ဆိုတာကို သွားစစ်ဆေးတာ နာရီဝက်လောက်ရှိပြီ။ လက်ဖက်ရည်တိုက်ဖို့ စားပွဲထိုး တစ်ယောက်တောင် လွှတ်လိုက်သေးတယ်။

တကယ် နှေးလိုက်တာ...

"သခင်လေး လက်ဖက်ရည် သောက်ပါဦး..."

စားပွဲထိုး ရောက်လာသည်။

"အဲဒီဘဏ္ဍာထိန်း မုန့်လင် ဘယ်အချိန် ရောက်လာမှာလဲ မင်းသွားမေးပေး..."

လုရွှမ် လက်ဝေ့ယမ်းပြီး ပြောလိုက်သည်။

အလျင်လိုနေသော်လည်း စားပွဲထိုး သေးသေးလေးအပေါ် ဒေါသမထွက်ချင်ပေ။

"ဒါ...."

စားပွဲထိုး၏ မျက်နှာမှာ ခါးသီးမှု အပြည့်ရှိနေသည်။ သူမသည် ဖန်းရှစ်ထဲက အသစ်ဝင်လာသူ ဖြစ်ပြီး ဘဏ္ဍာထိန်း မုန့်လင်ကိုတွေ့ဖို့ မည်သို့ အရည်အချင်း ပြည့်မီနိုင်မည်နည်း။

"စောင့်စေမိလို့ တောင်းပန်ပါတယ်......"

သူမဘယ်လို ဖြေရမှန်းမသိ ဖြစ်နေချိန် ရယ်မောသံ ကြားလိုက်ရကာ ဘဏ္ဍာထိန်းက ပြုံးပြုံးရွှင်ရွှင်နဲ့ လမ်းလျှောက်လာတာကို တွေ့လိုက်ရသည်။

"တောင်းပန်တဲ့စကားကို မင်းတို့ ဘဏ္ဍာထိန်းကိုပဲ ပြောခိုင်းလိုက်!"

စားပွဲထိုးသည် မယုံနိုင်လောက်အောင် အံ့ဩသွား၏။

မုန့်လင်သည် ဖန်းရှစ်တွင် သာမန်ဘဏ္ဍာထိန်း တစ်ဦးဖြစ်သော်လည်း သူ့အဆင့်အတန်းသည် အလွန် လေးစားစရာ ကောင်းသည်။ လွန်ခဲ့သည့်ရက် အနည်းငယ်က သခင်လေးတစ်ပါးက သူ့ကိုလာရှာသော်လည်း တံခါးဝမှာတင် အငြင်းခံလိုက်ရသည်။

အဓိကအချက်က အဲဒီသခင်လေးဟာ ဒေါသမထွက်ဝံ့တဲ့အတွက် စိတ်ပျက်လက်ပျက်နဲ့ ထွက်သွားခဲ့ရသည်။

ထိုကဲ့သို့ ကြောက်စရာကောင်းတဲ့ နောက်ခံရှိသူက လူငယ်လေးကို 'တောင်းပန်ပါတယ်' ဆိုတဲ့စကား ဆိုရမယ်တဲ့လား။

စားပွဲထိုးသည် လုရွှမ်ကို ပြန်မကြည့်နိုင်ဘဲ မနေနိုင်တော့ပေ။

မတိုင်ခင် ဒီကိုရောက်တာစဥ်က သူမအတွက် အလွန်အဆင်မပြေ ဖြစ်နေတုန်းပဲ။ မထင်မှတ်ဘဲ သူမနဲ့ အသက်အရွယ် သိပ်မကွာတဲ့ ကောင်လေးက ဘဏ္ဍာထိန်းမုန့်လင်ကို ထိုစကားမျိုး ပြောရဲတယ်တဲ့လေ။

စိတ်ထဲမှာ ထူးဆန်းနေတုန်း ခြေသံကြားလိုက်ရပြီး အခန်းတံခါးကို လှမ်းကြည့်လိုက်တော့ မူးလဲလုမတတ် ဖြစ်သွားသည်။

"သခင်ဖန်း....."

သူမ၏ နှုတ်ခမ်းများသည် ထိတ်လန့်တုန်လှုပ်မှုကြောင့် မတည်မငြိမ် ဖြစ်လာသည်။

ဖန်းရှစ်မှာ သူမ နေတာကြာပြီ။ ဖန်းရှစ်ပိုင်ရှင်ကို သူမ တစ်ကြိမ်ပဲ တွေ့ဖူးပေမယ့် ဒါက သူမကို လေးလေးနက်နက် မှတ်မိနေစေ၏။

ဒီဆိုင်ပိုင်ရှင်ကတော့ ကျန်းဝူအင်ပါယာရဲ့ နံပါတ်တစ် အဂ္ဂိရတ်ပညာရှင် ယွမ်ဟုန်ဖြစ်ပြီး ကျန်းဝူဘုရင် လော့လင်နဲ့ ညီအစ်ကိုလို ဆက်ဆံရေးရှိကာ သူ့အဆင့်အတန်းကို မိုးတိမ်ထဲမှာ ထားသလိုမျိုး ရိုသေလေးစား ကြရသည်။

ထိုလူဟာ သာမန်ဆို တံခါးပိတ်ထားရာမှ ထွက်မလာပေ။ အခုက ဘယ်လိုအကြောင်းကြောင့် ထွက်လာတာလဲ?

"လုရွှမ် ဟုတ်တယ်မလား?"

ဖန်းရှစ်ပိုင်ရှင် ယွမ်ဟုန် ရောက်လာပြီး သူ့ရှေ့က လူငယ်ကို ပြုံးပြပြီး ကြည့်လိုက်သည်။

ဤအမူအရာကိုမြင်လျှင် စားပွဲထိုးသည် တုန်လှုပ်သွားပြန်သည်။

ထိုအပြုံးတွင် "ချီးကျူးခြင်း"တို့ ရှိနေသောကြောင့်ပင်။ ခမ်းနားထည်ဝါသော မင်းသားလေး၏ ဧည့်သည်တော် ကျန်းဝူအင်ပါယာရှိ နံပါတ်တစ် အဂ္ဂိရတ်ပညာရှင်က ချီးကျူးတယ်လား?

ထူးဆန်းသလို ခံစားလိုက်ရသည်နှင့် ကောင်လေး၏ စကားက သူမကို တိုက်ရိုက် မူးမေ့စေသလို ဖြစ်သွားသည်။

"ခင်ဗျားက ဘာလဲ?"

လူငယ်က ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

စားပွဲထိုးသည် သည်းမခံနိုင်တော့ဘဲ တစ်ကိုယ်လုံး တုန်ရီသွားတော့သည်။

ကျန်းဝူအင်ပါယာမှာ မင်းသားပြီးရင် ဒုတိယတန်းစားက ဆရာကြီးယွမ်ဟုန်ပဲ။

သူမ တွေးကြည့်နိုင်သည်။ ဆရာကြီးယွမ်ဟုန်သည် မကြာမီ စိတ်ဆိုးသွားပြီး ဤမသိနားမလည်သော ကောင်လေးကို နှင်ထုတ်တော့မည်ဟု။

သို့သော် အံ့အားသင့်စရာက မပြီးသေးချေ။ သူမရှေ့မှာရှိနေတဲ့ သခင်ဖန်းက စိတ်မဆိုးတဲ့အပြင် ပြုံးပင်ပြုံးလာသည်။

"ကျုပ်က ဖန်းရှစ်ပိုင်ရှင် ယွမ်ဟုန်ပါ"

စားပွဲထိုးလေး အေးခဲသွား၏။

သခင်ဖန်းက ဘယ်တုန်းက ဒီလောက် သဘောကောင်းသွားတာလဲ?

တစ်နေ့တုန်းက စားပွဲထိုးတစ်ယောက် တိတ်ဆိတ်နေတဲ့ အခန်းကို သန့်ရှင်းရေးလုပ်ရင်း တစ်ခုခုကို မတော်တဆ အမှိုက်အဖြစ် ပစ်ချခဲ့မိလို့ သေလုနီးပါး ရိုက်နှက်ခံခဲ့ရတယ်လေ။

သူတိတ်ဆိတ်နေတဲ့ အခန်းကို သန့်ရှင်းရေးလုပ်နေတယ်လို့ ကြားတဲ့ စားပွဲထိုးတွေ အားလုံး ထိတ်လန့် တုန်လှုပ်သွားကြသေးသည်။

အခု ကောင်လေးက “ဘာလဲ” လို့ မေးတာကို ဒေါသမထွက်ဘဲ ပြုံးနေသေးသည်။

ငါမျက်စိ ကန်းသွားတာ မဟုတ်ဘူးမလား?

"သခင်ဖန်း?"

လုရွှမ်ခဏလောက် မင်သက်သွားပြီးမှ သတိရသွားသည်။

သခင်ဖန်းကို အရင်က တစ်ခါတွေ့ဖူးပေမယ့် စကားတစ်ခွန်းပဲပြောပြီး ထွက်သွားခဲ့သည်။ သူ့မှာလည်း လေးလေးနက်နက် စိတ်မ၀င်စားတဲ့အတွက် ပြန်ဆုံတဲ့အခါ တစ်ဖက်လူကို မေ့သွားခဲ့သည်။

All Chapters