ဝူအဆင့်၄ နန်းတော်ပင်လယ် နယ်ပယ်ကို ထိုးဖောက်သွားပြီ!
Vol. 4 Ch. 57
"တိတ်ဆိတ်တဲ့ အခန်း ရှာပေးပါ....ပြီးတော့ သခင်ဖန်း ခင်ဗျားရဲ့ အဂ္ဂိရတ်ပညာနဲ့ ပတ်သက်ပြီး ပြဿနာရှိရင် အခုပြင်လို့ရသေးတယ်...ကျွန်တော် လေ့ကျင့်ပြီးရင် ဆရာ့ဆီကို ယူသွားပေးပါ့မယ် ဒါပေမယ့်... ဆရာက အေးအေးဆေးဆေး ကြိုက်တယ် ခင်ဗျားသိချင်တဲ့ မေးခွန်းတွေကို အကျဉ်းချုပ် ချုပ်ထားရင် ပိုကောင်းမယ် အရေးမကြီးဘူး ဆိုရင် သုံးခုထက်မပိုတာ အကောင်းဆုံးပဲ!"
လုရွှမ်က ပြောလိုက်သည်။
ချိုချဉ်ပေးချိန် ရောက်သောအခါ ချိုချဉ်ပေးကာ လှည့်ကွက်ကစားချိန် ရောက်သည့်အခါ လှည့်ကွက်များကို အသုံးပြုရမည်။
လုရွှမ်သည် သူ၏ယခင်ဘဝတွင် မာနကြီးသော်ပြီး အရာများစွာကို ကိုယ်တိုင်လုပ်ဆောင်ခြင်း မရှိသော်လည်း ဤနေရာသို့ ရောက်လာသောအခါ လူတွေကြား ဆက်ဆံရေးအကြောင်း အနည်းငယ် နားလည်လာသည်။
သူ့ကို အများကြီး ကူညီပေးခဲ့တဲ့ ယွမ်ဟုန်က သူဟာ "အဲဒီသခင်" ရဲ့ တပည့်တစ်ယောက်ဖြစ်ကြောင်း သိသာထင်ရှားစွာ အထင်လွဲခဲ့လို့ ဖြစ်သည်။
တစ်ဖက်လူ၏ စိတ်ထဲတွင် သူဟန်ဆောင်ထားသော ဆရာသခင်သည် သာလွန်သော တန်ခိုးရှင်တစ်ဦး ဖြစ်သည်။ ဤကဲ့သို့ အထင်လွဲစေသော နောက်ခံသည် တချို့ကိစ္စတွေကိုတော့ အဆင်ပြေစေ၏။
မည်သို့ပင် ဆိုစေကာမူ ခွန်အား တိုးတက်စေရန်အတွက် တခြားအရာတွေက အရေးမကြီးပါ။
ဒါပေါ့ အကျိုးကျေးဇူးတွေကို တစ်ကြိမ်တည်းမှာ အများကြီး မပေးနိုင်ဘူး မဟုတ်ရင် သူ့ရဲ့ "ဆရာသခင်" ဟာ ဘယ်မှာ တန်ဖိုးရှိတော့မှာလဲ?
"ကောင်းပါပြီ ကောင်းပါပြီ!"
ယွမ်ဟုန်၏ မျက်နှာသည် နီမြန်းလာပြီး "ဆရာသခင်" ၏ တပည့်ကို တကယ် သဘောကျလာကာ ဆုချီးမြှင့်ရန် အလွန်စိတ်လှုပ်ရှားနေပါသည်။ သူက ခေါင်းကိုလှည့်၍
"မုန့်လင် ငါ့တိတ်ဆိတ်တဲ့အခန်းကို မြန်မြန်သွားပြီး သန့်ရှင်းရေး လုပ်လိုက်! ညီလေးလုကို ခေါ်သွားရမယ်!"
"လူကြီးမင်းရဲ့ တိတ်ဆိတ်တဲ့အခန်း?"
မုန့်လင် အံ့အားသင့်သွားသည်။
သခင်ဖန်းရဲ့ တိတ်ဆိတ်တဲ့အခန်းက အပြင်လူတွေကို ဘယ်တော့မှ ဝင်ခွင့်မပေးဘူး။ အရင်က သန့်ရှင်းရေးလုပ်တဲ့ စားပွဲထိုးတစ်ယောက် သေလုနီးပါး ကြိမ်းမောင်းခံခဲ့ရတယ်လေ။
သူ့ကို အကြောင်းကြားဖို့ လိုအပ်ရင်တောင် လွယ်လွယ်ကူကူ မဝင်ရဘူး။ အခု ကျန်းဝူအကယ်ဒမီက လူငယ်တစ်ယောက်ကို လေ့ကျင့်ဖို့ ဝင်ခွင့်ပြုမယ်တဲ့လား?
"သေချာပေါက် ငါ့အခန်းပေါ့ မြန်မြန်လုပ်!"
ယွမ်ဟုန်က ကြိမ်းမောင်းလိုက်သည်။
"ဟုတ်ကဲ့ ဟုတ်ကဲ့!"
သူ့တိတ်ဆိတ်တဲ့အခန်းလို့ တစ်ဖက်လူက အတည်ပြု ပြောနေတာကြောင့် မုန့်လင် တုန်တုန်ယင်ယင်ဖြင့် လုရွှမ်ကို ခေါ်ဆောင်သွားတော့သည်။
ယွမ်ဟုန်၏ တိတ်ဆိတ်သော အခန်းသည် ဤနေရာနှင့် မဝေးဘဲ လုရွှမ်အထဲသို့ ဝင်သွားပြီးသောအခါ သူသည် ပြန်လည်ပြုပြင်ခြင်း ဆေးလုံး၏ ဆေးစွမ်းအားကို စတင် စုပ်ယူပစ်လိုက်တော့သည်။
စတုတ္ထတန်း မှော်ဆေးလုံးက မျှော်လင့်ထားသည့်အတိုင်း ဆေးစွမ်းအားသည် မြစ်ရေကဲ့သို့ဖြစ်ပြီး တစ်ကိုယ်လုံးကို ထိုးဖောက် ဝင်ရောက်ကာ အခန်း၁၀တွင် သူရရှိခဲ့သော ဒဏ်ရာများကို အမြန်ပျောက်ကင်းစေသည်။
နေ့တစ်ဝက် ကြာတော့ လုရွှမ် သူ့တစ်ကိုယ်လုံး စွမ်းအင်တွေ ပြည့်နေပြီး သူ့အရင် ဒဏ်ရာတွေက အရင်အတိုင်း ပြန်ကောင်းလာသည်။ သူ့ခွန်အားက တန်းလိစွမ်းအင် ၉ခုမှာ လုံးဝတည်ငြိမ်နေပြီး သူ့ရဲ့လှုပ်ရှားမှုတိုင်းက ကြီးမားလှတဲ့ စွမ်းအားတွေကို သယ်ဆောင်လာသလိုပင်။
"ဆေးရဲ့စွမ်းအား ထက်ဝက်လောက် စုပ်ယူပြီးသွားပြီ ဆေးရဲ့အစွမ်းကို အသုံးချပြီး နန်းတော်ပင်လယ် နယ်ပယ်ကို တိုက်ရိုက်သွားလိုက်မယ်!"
သူ့ခန္ဓာကိုယ်အတွင်း ပြန်လည်ပြုပြင်လြင်း ဆေး၏ ဆေးစွမ်းအားကို ခံစားလိုက်ရပြီး တစ်ဝက်လောက်ကို စုပ်ယူပြီးသွားပြီ ဖြစ်သည်။
နန်းတော်ပင်လယ် နယ်ပယ်။ နန်းတော်ပင်လယ် နယ်ပယ်သည် ခန္ဓာကိုယ်အတွင်း ပွင့်လာသည်နှင့် ဝိညာဥ်စွမ်းအင်သည် စစ်မှန်သောချီ အဖြစ်သို့ စုစည်းကာ ပိုမိုပြင်းထန်သော တိုက်ခိုက်ရေး စွမ်းအင်များ ထွက်ပေါ်လာသည်။
ဤအဆင့်သည် ဝူအဆင့်များအတွက် ယခင် လေ့ကျင့်မှု အဆင့်သုံးဆင့်နှင့် သိသိသာသာ ကွာခြားပါသည်။ အထူးသဖြင့် နန်းတော်ပင်လယ် နယ်ပယ်ကို ဖွင့်ရန် အရည်အချင်း လိုအပ်သည်။
မရေမတွက်နိုင်သော လူများသည် ဤအဆင့်တွင် ပိတ်မိနေမည်ဖြစ်ပြီး ဆယ်နှစ် သို့မဟုတ် နှစ်ဆယ်အတွင်း ဖြတ်ကျော်နိုင်မည် မဟုတ်ပေ။
ရိုးရိုးရှင်းရှင်း ပြောရလျှင် ပထမဝူအဆင့် ၃ဆင့်ကို နယ်ပယ်တစ်ခုဟု ဆိုနိုင်ပါသည်။ အကယ်၍ ပင်ကိုယ်စွမ်းရည်က မူလအမှတ် နယ်ပယ်ထဲကို ဝင်နိုင်ပြီဆိုရင် ကြိုးစားမှုကြောင့် တန်းလိနယ်ပယ်ကို ရောက်ရှိနိုင်သည်။
နန်းတော်ပင်လယ် နယ်ပယ်သည် ကွဲပြား၏။ ပါရမီမရှိရင် တိုးတက်ရန် မဖြစ်နိုင်ပေ။
"ပြန်လည်ပြုပြင်ခြင်း ဆေးလုံးမှာ လုံလောက်တဲ့ စွမ်းအားတွေ ကျန်နေသေးတယ် ငါ့ရဲ့ အရင်စုဆောင်းမှုကလည်း အားကောင်းတယ်... ဒါပေမယ့် နန်းတော်ပင်လယ် နယ်ပယ်ကို အဆင့်တွေအများကြီး ခွဲထားတယ်....အစပျိုးမှု မကောင်းရင် အနာဂတ်မှာ အကျိုးရလဒ်က ဆိုးဝါးနိုင်တယ်"
နန်းတော်ပင်လယ် နယ်ပယ်ကို အဆင့်တက်ရန် အခွင့်အရေးကောင်း တစ်ခုဖြစ်ကြောင်း သိသော်လည်း လုရွှမ်သည် စတင်ရန် အလျင်စလိုမလုပ်ခဲ့ပေ။
နန်းတော်ပင်လယ် နယ်ပယ်သည် ခန္ဓာကိုယ်အတွင်း စစ်မှန်သော စွမ်းအင်ကို သိုလှောင်ထားရာ နေရာဖြစ်ပြီး အဆင့်ပိုမြင့်လေ ၎င်းသည် အနာဂတ် ခွန်အားအတွက် အထောက်အကူ ဖြစ်စေမည် ဖြစ်သည်။
နန်းတော်ပင်လယ် အဆင့်၅!
ပထမအဆင့်သည် အမြင့်ဆုံးဖြစ်ပြီးအဆင့်၅သည် အနိမ့်ဆုံးဖြစ်သည်။
ပထမအဆင့်သည် ကြီးမားကျယ်ပြန့်သော သမုဒ္ဒရာတစ်ခုနှင့် တူပါက အဆင့်ငါးသည် ရေကန်နှင့်တူသည်။ နေရာထိုင်ခင်း ပေးနိုင်သည့် စစ်မှန်သော စွမ်းအင်ပမာဏကို နှိုင်းယှဉ်ကြည့်လျှင် လုံးဝနှိုင်းယှဉ်စရာ မရှိချေ။
နန်းတော်ပင်လယ် ဖွင့်လှစ်ခြင်း အဆင့်ကို အချက်နှစ်ချက်ဖြင့် ဆုံးဖြတ်နိုင်သည်။ ပထမအချက်မှာ အစောပိုင်းအဆင့်တွင် စုဆောင်းမှုများလေ နန်းတော်ပင်လယ် ဖွင့်လှစ်ခြင်း အဆင့်သည် ပိုမိုမြင့်မားလေ ဖြစ်သည်။
သူကိုယ်တိုင်လိုပင်။ ပထမဆုံး ဝူအဆင့် ကွင်းကိုးကွင်း။ ထို့နောက် တန်းလိစွမ်းအင် ၉ခု။ ဒီလိုစုဆောင်းခြင်းက သူ့ကို ပိုမြင့်တဲ့အဆင့်ကို ပို့ပေးနိုင်သည်။
ဒုတိယအချက်က နန်းတော်ပင်လယ် နယ်ပယ်ကို ဖွင့်ခြင်းနည်းလမ်းနှင့် သက်ဆိုင်၏။
နည်းလမ်းသည် မြစ်တစ်စင်းနှင့် တူသည်။ စီးဆင်းလေလေ မြစ်သည် ကျယ်ပြန့်လေလေ ဖြစ်၏။ ဆန့်ကျင့်ဖက်အားဖြင့် ကျဉ်းလေလေဖြစ်သည်။
နယ်ပယ်ကို ဖွင့်ခြင်းနည်းလမ်းသည် အဆင့်မြင့်ပြီး စုဆောင်းထားတဲ့ ဝိညာဥ်စွမ်းအင်လည်း သန်မာပါက နန်းတော်ပင်လယ် နယ်ပယ်သည်ပိုမိုမြင့်မားသော အဆင့်သို့ ရောက်ရှိသွားမည်ဖြစ်သည်။
၎င်းသည် လေ့ကျင့်သူ၏ စိတ်ဆန္ဒ သန်မာတယ်အားနည်းတယ်နှင့် သက်ဆိုင်သော်လည်း ဤအချက် နှစ်ချက်သည် အရေးကြီးဆုံး ဖြစ်သည်။
"ဝူအဆင့်ရဲ့ အသံကိုးကွင်းနဲ့ တန်းလိစွမ်းအင် ၉ခုက ငါ့ကိုအဆင့်တစ်ခုစီ တိုးလာစေနိုင်တယ်... ပုံမှန်အတိုင်း ဖွင့်လိုက်ရင် အရင်စုဆောင်ထားတဲ့ စွမ်းအင် အခြေအနေအရဆို နန်းတော်ပင်လယ် အဆင့်၃လောက်တော့ ရောက်နိုင်တယ်"
သူ့လက်ရှိ အခြေအနေ အကြောင်းတွေးရင်း လုရွှမ် ရေရွတ်မိသည်မှာ
"ဒါပေမယ့်... ငါ့ပန်းတိုင်က ဒုတိယအဆင့် ဒါမှမဟုတ် ပထမအဆင့်ပဲ!"
သူ့အရင်ဘဝတုန်းကတော့ ဒုတိယအဆင့် နန်းတော်ပင်လယ် နယ်ပယ်ကို ဖွင့်နိုင်ခဲ့သည်။ သူဟာ ထိပ်တန်းပထမအဆင့် မဟုတ်ပေမယ့်လည်း သူ့ကိုကမ္ဘာက ဂုဏ်ယူဖို့ လုံလောက်ပါသည်။
သို့သော် သူပြန်လည် မွေးဖွားလာကတည်းက သူသည် ဒဏ္ဍာရီဆန်သော ကွင်း၉ကွင်းသို့ပင် ရောက်ရှိနိုင်သောကြောင့် သဘာဝအတိုင်း ပိုမိုမြင့်မားသော အဆင့်ကို တက်ချင်ခဲ့သည်။
"ဒဏ္ဍာရီထဲမှာ... ပထမအဆင့်အထက်မှာ မြင့်မြတ်သော နန်းတော်ပင်လယ် နယ်ပယ်ရှိတယ်လို့ ဆိုပေမယ့် ဒီလိုအရာ ရှိမရှိ ဘယ်သူမှ မသိဘူး...အနည်းဆုံးတော့ တိမ်ပင်လယ် နယ်မြေထဲမှာ ဘယ်သူမှ မအောင်မြင်ဖူးဘူး။"
လုရွှမ်သည် မျက်လုံးများကို မှိတ်ထားလိုက်သည်။
ပုံမှန်အခြေအနေအရ နန်းတော်ပင်လယ် နယ်ပယ်၏ အဆင့်ငါးခုကို အဆင့်တစ်ခုအဖြစ် ပေါင်းစည်းနိုင်လျှင် ၎င်းတို့ကို အထွတ်အထိပ်ဆုံးဟု သတ်မှတ်နိုင်သည်။
ယခင်ဘဝက နတ်ဆိုးဧကရာဇ် ချုံလူသည် အဆင့်တစ်သာ ရှိသော်လည်း ထာဝရနဂါးငွေ့တန်းကို တွေ့ကြုံပြီးနောက် လျှို့ဝှက်ချက်ကို သူသိလာသည်။ ဆိုလိုသည်မှာ မြင့်မြတ်သော နန်းတော်ပင်လယ် နယ်ပယ်လည်း ရှိပါသည်။
သို့သော် ဤအခြေအနေသည် ဒဏ္ဍာရီတွင်သာ ရှိပြီး ကွင်း၉ကွင်းထက်ပင် ပို၍ဝေးကွာသည်။
"စမ်းကြည့်ရအောင်!"
မျှော်လင့်ချက် များစွာမရှိဘဲ လုရွှမ်သည် သူ့စိတ်ကို အာရုံစူးစိုက်ပြီး သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားစေရန် ဆေး၏စွမ်းအားကို ထိန်းချုပ်လိုက်သည်။
များမကြာမီတွင် ကြီးမားသော ဆေးအစွမ်းသည် သွေးကြောများတစ်လျှောက် လျင်မြန်စွာ စုရုံးလာပြီး ကြီးမားသော ရေဝဲများ ဖြစ်ပေါ်လာသည်။
ရေဝဲသည် ပိုကြီးလာပြီး အရှိန်လည်း ပိုမြန်လာသည်။
"ယွမ် အရာခပ်သိမ်း၏အစ... ယန်... ကောင်းကင်နှင့်မြေကြီး၏ ဖြောင့်မတ်ခြင်း...ယွမ်ယန် ကောင်းကင်နှင့်မြေကြီး၏ ဖြောင့်မတ်ခြင်း စုရုံးခြင်းသည် အရာခပ်သိမ်း၏ ဘိုးဘေးဖြစ်သည်"
ယွမ်ယန်ကျင့်စဥ်၏ စာသားများသည် သူ့စိတ်ထဲတွင် လျင်မြန်စွာ လည်ပတ်နေပြီး သူသည် ကမ္ဘာမှ ထွက်သွားသကဲ့သို့ လူတစ်ကိုယ်လုံး၏ စိတ်ဝိညာဥ်သည် လွင့်မျောကာ သွက်လက်နေသည်။
တစ်နေ့ပြီးနောက်။
ဗုန်း!
အသံတစ်ခု နှင့်အတူ ပြန်လည်ပြုပြင်ခြင်း ဆေးလုံး၏ ကျန်ရှိသော ဆေးစွမ်းအား အားလုံးသည် ယွမ်ယန်ကျင့်စဥ်၏ ကျင့်ကြံမှု ဗဟိုချက်တလျှောက် မြင့်တက်သွားပြီး စွမ်းအင်များသည် တစ်စုံတစ်ရာ ကွဲထွက်သွားသကဲ့သို့ ပြင်းထန်စွာ တုန်ခါသွားသည်။
နန်းတော်ပင်လယ် နယ်ပယ်!
တန်းလိ နယ်ပယ်သို့ စတင်ချီတက်ပြီး ငါးရက်အကြာတွင် လုရွှမ်သည် နန်းတော်ပင်လယ် နယ်ပယ်ကို ထိုးဖောကိ အောင်မြင်ခဲ့သည်။
ဒီသတင်းကို ကျန်းဝူအင်ပါယာမှာရှိတဲ့ တခြားပါရမီရှင်တွေ သိသွားရင် သူတို့လန့်ပြီး သေမှာ သေချာသည်။
၎င်းကို ပါရမီရှင်တစ်ဦးအဖြစ် မဖော်ပြနိုင်တော့ပြီ။
အဘယ်ကြောင့်ဆိုသော် ပါရမီရှင် တစ်ဦးသည် မည်မျှပင် အရည်အချင်းရှိပါစေ ထိုသို့ပြုလုပ်ရန် မဖြစ်နိုင်ပေ။
"ချဲ့ထွင်!"
အောင်မြင်စွာ အဆင့်တက်သွားပေမယ့် စိတ်မလျှော့သေးဘဲ ယွမ်ယန်ကျင့်စဥ်၏ စွမ်းအင်များသည် သူ့ခန္ဓာကိုယ်ထဲတွင် အရူးအမူး ပြေးလွှားနေပြီး သူ့ဒန်တီယန်အတွင်းရှိ နန်းတော်ပင်လယ် နယ်ပယ်ကို ချဲ့ထွင်နေ၏။
နန်းတော်ပင်လယ် နယ်ပယ် ချဲ့ထွင်မှု ကြီးမားလေ အဆင့် မြင့်မားလေဖြစ်သည်။
သူ၏ အာရုံစိုက်မှုအောက်တွင် နန်းတော်ပင်လယ် နယ်ပယ်သည် ရပ်တန့်မသွားဘဲ မကြာမီတွင် အဆင့်၅မှ အဆင့်၄သို့ ခုန်တက်သွားသည်။
အဆင့်၃!
အဆင့်၂!
ဒုတိယအဆင့်သို့ ရောက်ရှိရန် အချိန်အတော်ကြာခဲ့ခြင်း မရှိပေ။ သို့သော် ပြန်လည်ပြုပြင်ခြင်း ဆေးစွမ်းအားသည် ယခုအချိန်တွင် ကုန်ဆုံးလုနီးပါး ဖြစ်နေပြီး အဆင့်မြှင့်တင်မှု အရှိန်သည် အချိန်မရွေး ရပ်တန့်သွားမည်ဖြစ်သည်။
"ရပ်သွားတာနဲ့ အဆင့်က တည်ငြိမ်သွားလိမ့်မယ်... ငါစွမ်းအင်တွေ အများကြီး စုဆောင်းထားပြီးပြီ နောက်တစ်ကြိမ်လည်း ပြန်မွေးဖွားလာပြီးပြီ ပထမအဆင့် နန်းတော်ပင်လယ် နယ်ပယ်ကိုတောင် မရောက်နိုင်ဘူးလား?"
လုရွှမ် စိုးရိမ်မိလာသည်။