← Chapters

အဆင့်၁ နန်းတော်ပင်လယ်နယ်ပယ်

Vol. 4 Ch. 58

အဆင့်၁ နန်းတော်ပင်လယ်နယ်ပယ်

Vol. 4 Ch. 58

ဝိညာဉ်စွမ်းအင် ပြုပြင်ပေးသည့်ဆေးသည် စတုတ္ထအဆင့် မှော်ဆေးလုံး ဖြစ်သော်လည်း လုရွှမ်၏ ခန္ဓာကိုယ်သည် သန်မာလွန်းပြီး နန်းတော်ပင်လယ်ကိုဖွင့်ရန် လိုအပ်သော စွမ်းအင်မှာလည်း မယုံနိုင်လောက်အောင် ကြီးမားသည်။

မတိုင်ခင်က နန်းတော်ပင်လယ် ဒုတိယအဆင့်သို့ တိုးမြှင့်လိုက်သလိုပင်။

နန်းတော်ပင်လယ် နယ်ပယ်၏ အကျိုးသက်ရောက်မှုကို ရပ်တန့်၍မရပေ။ ရပ်တန့်သွားသည်နှင့် နန်းတော်ပင်လယ် နယ်ပယ်အဆင့်သည် ပုံသေဖြစ်သွားလိမ့်မည်။ ၎င်းသည် အနာဂတ်တွင် အဆင့်တက်ဖို့ ခက်ခဲသွားနိုင်သည်။

ဖြစ်နိုင်ပါ့မလား တစ်ကြိမ် ပြန်လည်မွေးဖွားပြီး ၉ကွင်းနယ်ပယ်အတွက် ၉ခါသေ၁ခါရှင်ပြီး တန်းလိစွမ်းအင် ၉ခုအတွက်လည်း ကြိုးစားပြီးပြီ။ နန်းတော်ပင်လယ် နယ်ပယ်ရဲ့ ပထမအဆင့်ကို မရောက်နိုင်ဘူးတဲ့လား?

အကယ်၍ လုရွှမ်သည် ထိုအကြောင်းကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေတယ် ဆိုတာကို အခြားသူများ သိပါက ပြေးလာပြီး လည်ပင်းညှစ်သတ်မှာ သေချာသည်။

နန်းတော်ပင်လယ် နယ်ပယ်ရဲ့ အဆင့်၅နဲ့ အဆင့်၄ကို ရောက်ရှိထားသူများကို ပါရမီရှင်များဟု ဆိုကြပြီး အဆင့်၃ကို ရောက်ရှိသူများသည် ရှားပါးလှ၏။

ကျန်းဝူအင်ပါယာကို တည်ထောင်ပြီး နှစ်ပေါင်း ရာနှင့်ချီ ကာလအတွင်း မင်းသမီးလော့ရုံသာလျှင် တတိယအဆင့် နန်းတော်ပင်လယ်ကို ကျင့်ကြံနိုင်ခဲ့ပြီး ထိုအချိန်က ပါရမီရှင်မုယန်ဖုန်းပင် စတုတ္ထအဆင့် နန်းတော်ပင်လယ် နယ်ပယ်သာ ရှိခဲ့သည်။

ကျန်းဝူ အင်ပါယာသည် သေးငယ်တဲ့ နေရာဖြစ်လို့ ပြဿနာမရှိပေမယ့် ယခင်ဘဝက အဓိက ဂိုဏ်းခြောက်ခုမှာ ဒုတိယအဆင့် နန်းတော်ပင်လယ် နယ်ပယ်ကို ရောက်ရှိခဲ့သူ၏ စုစုပေါင်း အရေအတွက်မှာ နှစ်ဆယ်ထက် မကျော်လွန်နိုင်ပေ။

ထိုအဖြစ်အပျက်မှ နန်းတော်ပင်လယ် ဒုတိယအဆင့်၏ အခက်အခဲကို မြင်တွေ့နိုင်သည်။

နန်းတော်ပင်လယ် ဒုတိယအဆင့်ကို ထိုးဖောက်ထားနိုင်ရင် အလွန်ပြင်းထန် သန်မာတဲ့ လမ်းကြောင်းပေါ်ကို လှမ်းတက်သွားပြီလို့ ဆိုလိုတာပဲ ဖြစ်သည်။

လုရွှမ်သည် ဒုတိယအဆင့် နန်းတော်ပင်လယ် နယ်ပယ် ဖြစ်လာခြင်းကို မကျေနပ်သေးပါ။ အခြားသူများ ဤအကြောင်းကို သိလျှင် ဘယ်လောက်တောင် ပေါက်ကွဲလိုက်မလဲ?

ဒါပေါ့။ သူလောဘကြီးတာကို အပြစ်တင်လို့ မရဘူးလေ။ သူ့အရင်ဘဝတုန်းက သူဟာ ဒုတိယတန်း နန်းတော်ပင်လယ် နယ်ပယ်ပဲ။ သူပြန်လည်မွေးဖွားခဲ့ပြီး ၉ကွင်း အဆင့်အထိ လေ့ကျင့်ခဲ့ပြီး ကောင်းကင်ကိုးလွှာ ကျင့်စဥ် ထက်သာလွန်တဲ့ ယွမ်ယန်ကျင့်စဥ်ကို ရရှိခဲ့သည်။

ဒီအခြေအနေအောက်မှာ သူ့ရဲ့ နန်းတော်ပင်လယ် နယ်ပယ်ဟာ အရင်ဘဝကအတိုင်း ဖြစ်နေမှာကို မလိုချင်ပါ။

"ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူလိုက်ရုံနဲ့ နန်းတော်ပင်လယ် နယ်ပယ်က အဆက်မပြတ် ကြီးထွားနိုင်ပေမယ့် အရှိန်က နှေးလွန်းတယ် လက်ရှိအခြေအနေမှာ ဒုတိယအဆင့်ကို ကျော်ဖြတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"

သူ့စိတ်ထဲတွင် အလောကြီးလာကာ လုရွှမ်၏ စိတ်သည် လျှပ်စီးလက်သလို တုန်ခါသွားသည်။

ဝိညာဉ်စွမ်းအင်ကို စုပ်ယူလိုက်ရုံဖြင့် နန်းတော်ပင်လယ် နယ်ပယ်သည် အဆက်မပြတ် ချဲ့ထွင်နိုင်သော်လည်း သက်ရောက်မှုမှာ အကန့်အသတ်ရှိသည်။ နောက်ဆုံးတွင် ဝိညာဉ်စွမ်းအင် လုံလောက်စွာ မရရှိခြင်းကြောင့် လုံးဝ ပျက်စီးသွားမည် ဖြစ်သည်။

"ဝိညာဥ်စွမ်းအင် လုံလောက်အောင် ပြန်လည်ပြုပြင်ခြင်း ဆေးနဲ့ အဆင့်တူတဲ့ မှော်ဆေးလုံးကို ရှာရမယ်"

သို့သော် မှော်ဆေးလုံးများသည် တရုတ်ဂေါ်ဖီထုပ် မဟုတ်ပါ။ ၎င်းကိုအဘယ်မှာ အလွယ်တကူ ရနိုင်မည်နည်း။

သိနေရင်တောင် အချိန်မီ လိုက်နိုင်မှာမဟုတ်။

"ဟင်? ဟုတ်သား ဒါက သခင်ယွမ်ဟုန်ရဲ့ တိတ်ဆိတ်တဲ့ အခန်းပဲ..."

ရုတ်တရက် စိတ်တွေ လှုပ်ရှားသွားကာ တစ်ခုခုကို သတိရသွားပြီး ခေါင်းမော့ကြည့်လိုက်သည်။

ဤအခန်းသည် သခင်ယွမ်ဟုန် အဂ္ဂိရတ်ပညာကို လေ့ကျင့်ပြီး ဆုတ်ခွာသွားသော နေရာမှတစ်ပါး အခြားမဖြစ်နိုင်။ ပတ်ဝန်းကျင်နံရံများသည် နှစ်များတစ်လျှောက် အဂ္ဂိရတ်ပညာ၏ အောင်မြင်မှုများဖြင့် ပြည့်နှက်နေသည်။

ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းနှင့် စတုတ္ထတန်း ဆေးလုံး အများအပြားရှိသည်။

"အခုလောလောဆယ်တော့ ဒါကို သိပ်ဂရုမစိုက်တော့ဘူး အပြင်ထွက်မှပဲ သူ့ကို လျော်ကြေးပေးဖို့ နည်းလမ်းရှာရမယ်...နန်းတော်ပင်လယ် နယ်ပယ်အဆင့်က အခွင့်အရေးတစ်ခုပဲ ရှိတယ် တစ်ခါမှားသွားရင် နောက်ပိုင်း အောင်မြင်ဖို့ မဖြစ်နိုင်တော့ဘူး!"

အံကြိတ်ရင်း မတ်တပ်ရပ်လိုက်သည်။

သူ့ကိုယ်သူ သူခိုးလို့ မပြောချင်ပေမယ့် အခုထွက်သွားလို့ မဖြစ်တာကို သိတာကြောင့် တခြားနည်းလမ်း မရှိတော့ပေ။ တစ်ဖက်လူ လက်ခံလာတဲ့အထိ စောင့်နေရင် နန်းတော်ပင်လယ် နယ်ပယ်ကို အဆင့်တက်ရမယ့် အကောင်းဆုံး အချိန်ကို လွတ်သွားလိမ့်မည်။

စည်းမျဥ်းစည်းကမ်းများ ရှိခြင်းသည် ၎င်းတို့အား မဖြစ်မနေ လိုက်နာရန် မဆိုလိုပါ။

လုရွှမ်သည် မာနကြီးသော ကိုယ်ရည်ကိုယ်သွေးရှိသော်လည်း သူသည် မိုက်မဲသူ မဟုတ်ပေ။

"ဂရုမစိုက်တော့ဘူး!"

နည်းနည်းလေးမှ တုံ့ဆိုင်းမနေတော့ဘဲ မတ်တပ်ရပ်လိုက်ပြီး ဆေးပုလင်းတစ်ခုဆီ ရောက်သွားကာ ပါးစပ်ကိုဖွင့်၍ အတွင်းမှ ဆေးအားလုံးကို မျိုချလိုက်သည်။

ဗုန်း!

မှော်ဆေးလုံး ဝမ်းဗိုက်ထဲသို့ ဝင်လာသည်နှင့် ဆေးစွမ်းအား ကုန်ဆုံးသွားသောကြောင့် ကြီးထွားမှု ရပ်တန့်တော့မည့် နန်းတော်ပင်လယ် နယ်ပယ်အဆင့်သည် တစ်ဖန် ကြီးထွားလာသည်။

ဝုန်း!

နောက်ထပ် မှော်ဆေးလုံး ပုလင်းကို ပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်။

နန်းတော်ပင်လယ်၏ ပထမအဆင့်နှင့် ဒုတိယအဆင့်ကြား ကြီးမားသော ကွာခြားချက်မှာ သမုဒ္ဒရာနှင့် ရေကန်ကြား ကွာဟမှုကဲ့သို့ပင် ဖြစ်ပြီး လိုအပ်သော စွမ်းအင်မှာ အံ့ဩစရာကောင်းလောက်အောင် ကြီးမားလှသည်။

နေ့တစ်ဝက်အောက်၌ လုရွှမ်သည် ယွမ်ဟုန်နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ ဆေးလုံးတွေကို စားလို့ ကုန်လုနီးပါး ဖြစ်သွားသည်။

ဝုန်း.....

နောက်ဆုံးတွင် နန်းတော်ပင်လယ် နယ်ပယ်အဆင့်သည် သူ၏ကိုယ်တွင်းရှိ ဒုတိယအဆင့်၏ ကန့်သတ်ချက်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီး သူ၏ယခင်ဘဝတွင် သူတစ်ခါမှမအောင်မြင်ခဲ့သော ပထမအဆင့်သို့ရောက်ရှိသွားခဲ့သည်။

ဟူ.....

ပထမအဆင့်ကို ရောက်ပြီးနောက် နန်းတော်ပင်လယ် နယ်ပယ်၏ စွမ်းအင်များ အရှိန်ပျောက်ကာ ဖြည်းဖြည်းမှန်မှန် ရပ်တန့်သွားခဲ့သည်။

ဤကိစ္စတွင် ဝိညာဉ်စွမ်းအား မည်မျှပင် တိုးလာပါစေ ရှေ့သို့ တိုးရန် မဖြစ်နိုင်တော့မည်ကို ကြောက်မိသည်။

"ဒဏ္ဍာရီလာ မြင့်မြတ်သော နန်းတော်ပင်လယ် နယ်ပယ်က အတုဖြစ်နေတုန်းပဲလို့ ထင်တယ်!"

နောက်တစ်ရက်ခွဲ ကြာသောအခါ နန်းတော်ပင်လယ် နယ်ပယ်အဆင့်သည် လုံးဝတည်ငြိမ်သွားပြီး လုရွှမ် မျက်လုံးများကို ဖွင့်ကာ အသက်ရှူထုတ်လိုက်သည်။

ဤဘဝတွင် သူသည် ဒဏ္ဍာရီဆန်သော ကိုးကွင်းနယ်ပယ်ကို ထိုးဖောက်ခဲ့ပြီး ကောင်းကင်ကို အန်တုနိုင်သော ယွမ်ယန်ကျင့်စဥ်နဲ့ လေ့ကျင့်ခဲ့ပြီး တန်းလိစွမ်းအင် ၉ခုကိုစုဆောင်းခဲ့သည်။

ဆေးလုံးများစွာ သောက်ပြီးနောက် သူသည် ပထမအဆင့် နန်းတော်ပင်လယ် နယ်ပယ်အဆင့်ကို ထိုးဖောက်နိုင်ခဲ့သည်။ မြင့်မြတ်သော နန်းတော်ပင်လယ် အဆင့်သည် ဒဏ္ဍာရီတစ်ခုသာဖြစ်ပြီး အဲဒါကို လူသားတွေ နားလည်ဖို့ မဖြစ်နိုင်ပေ။

"ဒါပေမယ့် ပထမအဆင့်ကလည်း အရမ်းကောင်းပါတယ် တိမ်ပင်လယ် နယ်မြေတစ်ခုလုံးမှာ အဲဒီတုန်းက ငါသိခဲ့တဲ့ နတ်ဆိုးဧကရာဇ် ချုံလူကလွဲရင် နောက်ဆုံး ဒီအဆင့်ရဲ့ နန်းတော်ပင်လယ် နယ်ပယ်ကို ဘယ်သူက အောင်မြင်ခဲ့လဲတောင် မသိဘူး!"

လုရွှမ်သည် အနည်းငယ် ပြုံးကာ ကျေနပ်နေလေသည်။

သူသည် သူ၏ယခင်ဘဝတွင် နှစ်ပေါင်းထောင်ချီ နေထိုင်ခဲ့သည်။ သူသိသလောက် တိမ်ပင်လယ် နယ်မြေတွင် ပထမအဆင့် နန်းတော်ပင်လယ်ကို ထိုးဖောက်နိုင်ခဲ့သူမှာ နတ်ဆိုးဧကရာဇ် ချုံလူသာရှိသည်။

ထိုအချိန်က ဧကရာဇ်ငါးပါးထဲက ဧကရာဇ်တစ်ပါးသည်ပင် နန်းတော်ပင်လယ် ဒုတိယအဆင့်သာ ဖြစ်သည်။

ထို့ကြောင့် နတ်ဆိုးဧကရာဇ် ချုံလူသည် ကမ္ဘာပေါ်တွင် တကယ့်နံပါတ်တစ် ပုဂ္ဂိုလ်ဖြစ်သည်။

သူ့ကို သတ်နိုင်ရတဲ့ အကြောင်းရင်းက ကံကောင်းခြင်းတွေလည်း အများကြီး ပါဝင်တယ်လို့ ဆိုရမည်။

"နန်းတော်ပင်လယ် နယ်ပယ်ကိုတော့ ရောက်ပြီ! စစ်မှန်တဲ့ ချီဝိညာဥ်စွမ်းအင်ကို စုပ်ယူပြီး နယ်ပယ်ကိုဖြည့်ဖို့ပဲ လိုတော့တယ်"

နန်းတော်ပင်လယ် နယ်ပယ်သို့ ရောက်ပြီးနောက် စစ်မှန်သော ချီဝိညာဥ်ကို ပေါင်းစည်းနိုင်သည်။

နန်းပင်လယ် နယ်ပယ်၏ ငါးပုံတစ်ပုံကို စစ်မှန်သော ချီဝိညာဥ်စွမ်းအင်ဖြင့် ဖြည့်ခြင်းသည် နန်းတော်ပင်လယ် နယ်ပယ်၏ အစောပိုင်းအဆင့်ဖြစ်ပြီး ၅ပုံ၂ပုံသည် အလယ်အလတ် အဆင့်ဖြစ်သည်။

ဝိညာဥ်စွမ်းအင် ပြည့်ဝစွာ စုပ်ယူပြီးလျှင် နန်းတော်ပင်လယ်ရဲ့ ပြီးပြည့်စုံတဲ့အဆင့်ဟု ခေါ်နိုင်သည်။

"ဒါပေမယ့်... ဒီလောက်ကြီးကျယ်တဲ့ နန်းတော်ပင်လယ် နယ်ပယ် အားလုံးကို ဖြည့်ဖို့ စစ်မှန်တဲ့ စွမ်းအင် ဘယ်လောက်လိုမလဲ? ဝိညာဉ်စွမ်းအင် ဘယ်လောက် စုပ်ယူရမှာလဲ"

လုရွှမ်က ရှုံ့မဲ့စွာ ပြုံးလိုက်သည်။

ပထမအဆင့် နန်းတော်ပင်လယ် နယ်ပယ်သည် အင်အား ကြီးမားသော်လည်း အားနည်းချက်များ ရှိသည်။ ထိုအရာသည် ဝိညာဥ်စွမ်းအင် ဖြည့်တင်းရန် ကြီးမားလွန်းခြင်း ဖြစ်သည်။

ရေလှောင်ကန်ကို ရေဖြည့်တာက အရမ်းရိုးရှင်းပေမယ့် ခြောက်သွေ့တဲ့ သမုဒ္ဒရာကို ဖြည့်ဖို့က မလွယ်ဘူးလေ။

ဖြည့်ရန် စစ်မှန်သော စွမ်းအင်များစွာ လိုအပ်သည့်အတွက် ပထမအဆင့် နန်းတော်ပင်လယ် နယ်ပယ်၏ အားနည်းချက်သည် ဤကိစ္စဖြစ်သည်။

အနာဂတ် လေ့ကျင့်မှုသည် ယခင်ကဲ့သို့ မြန်ဆန်မည်မဟုတ်ဟု ထင်မြင်မိသည်။ သူ၏ထင်မြင် ယူဆချက်များအရ ဤမျှလောက် ကြီးမားသော နန်းတော်ပင်လယ်ကြီးကို စစ်မှန်သောချီဖြင့် ဖြည့်လိုက်ရုံဖြင့် ယွမ်ယန်ကျင့်စဥ်၏ အသွင်ကူးပြောင်းမှုအရှိန်သည် သုံးနှစ်မှ ငါးနှစ်အတွင်း အောင်မြင်ရန် ခက်ခဲလိမ့်မည်။

"အများကြီး မတွေးတော့နဲ့ အရင်ဆုံး ဝိညာဥ်ချီကို စုပ်ယူရအောင်!"

မည်မျှပင် ခက်ခဲစေကာမူ ပထမခြေလှမ်းကို လှမ်းရန်လိုအပ်ကြောင်း သိလျက် လုရွှမ်သည် စိတ်အနှောင့်အယှက် မဖြစ်စေဘဲ မျက်လုံးများကိုမှိတ်ထားကာ လေထဲတွင် ပြန့်ကျဲနေသော ဝိညာဥ်ချီများကို ခန္ဓာကိုယ်ထဲသို့ စုပ်ယူကာ ယွမ်ယန်ကျင့်စဥ်၏ လေ့ကျင့်ရေးနည်း အတိုင်း ယွမ်ယန်ဝိညာဥ်ချီ အဖြစ် ပြောင်းလဲသွားစေသည်။

မကြာခင်မှာပဲ ပထမဆုံး ယွမ်ယန်ဝိညာဥ်ချီကို စုဆောင်းနိုင်ခဲ့သည်။

ဗုန်း!

ချီဝိညာဥ်စွမ်းအင်များကို စုပ်ယူလိုက်တဲ့ အခိုက် လုရွှမ်တုံ့ပြန်ဖို့ အချိန်မရလိုက်ခင်မှာပဲ သူ့စိတ်ထဲမှာ ဗုန်းကနဲ တစ်ခုထွက်ပေါ်လာပြီး သူ့မျက်လုံးရှေ့မှာ အလင်းတန်းကြီးတစ်ခု ထွက်ပေါ်လာပြီး ယွမ်ဟုန်ရဲ့ တိတ်ဆိတ်တဲ့အခန်းထဲက အခန်းထဲကနေ ပျောက်ကွယ်သွားခဲ့တော့သည်။

နောက်အခိုက်အတန့်တွင် သူသည် ပိတ်ထားသော အခန်းတစ်ခုထဲ၌ ပေါ်လာ၏။

"အမ်း? ဒီနေရာက ဘာလဲ? ငါ ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ?"

လုရွှမ် ခဏလောက် အံ့အားသွားပြီး သူ့လက်ဖဝါးကို ပြင်းထန်စွာ မြှောက်လိုက်၍ လက်ရှိနေရာက ဖောက်ထွက်ဖို့ လုပ်လိုက်သည်။

ယခင်ဘဝက အတွေ့အကြုံကို တွေးတောရင်း လုရွှမ်သည် အံ့သြမှုအပြည့်နှင့်။

သို့သော် ၎င်းသည် ပြန်လည်မွေးဖွားခြင်း မဟုတ်ဘဲ ထူးဆန်းသော နေရာတစ်ခုဖြစ်ကြောင်း မကြာမီ သူသဘောပေါက်သွားသည်။

၎င်းသည် မီတာ ၄၀ ကျော် ရှည်လျားပြီး အကျယ် မီတာ ၂၀ ခန့်ရှိတဲ့ လေလုံသော အခန်းငယ်လေး ဖြစ်သည်။

ပြတင်းပေါက်များ၊ တံခါးများ သို့မဟုတ် ဝင်ရန် ထွက်ရန် နေရာမရှိသဖြင့် မည်သို့ဝင်ရမည်ကို မသိပေ။

အခန်းအလယ်တွင် နဂါးများနှင့် ဖီးနစ်များကဲ့သို့ ပျံသန်းနေသော လိုင်းများပါရှိသည့် ကြီးမားသော ကျောက်နံရံကြီးတစ်ခု ရှိနေပြီး လူများကို တိုက်ရိုက် မကြည့်ဝံ့သော ရောင်ဝါများ ထုတ်လွှတ်လျက်ရှိသည်။

All Chapters