ကျီးမည်း
Vol. 4 Ch. 59
"ယွမ်ယန်ကျင့်စဥ်?"
ကျောက်နံရံပေါ်က စကားလုံးတွေကို သူ တစ်ခါမှ မမြင်ဖူးပေမယ့် အကြောင်းတစ်ခုခုကြောင့် တစ်ချက်ကြည့်လိုက်ပြီးနောက် သူလေ့ကျင့်ထားတဲ့ လျှို့ဝှက်နည်းလမ်း ကျင့်စဥ်လို့ ချက်ချင်းနားလည်လိုက်သည်။
"ဧကန္တ... ဒါက အသိစိတ်ပင်လယ်ထဲက အနက်ရောင် ကျောက်စိမ်းတုံးကြီးလား?"
ရုတ်တရက် လုရွှမ်၏စိတ်သည် ယိမ်းယိုင်သွားပြီး ဖြစ်နိုင်ခြေကို တွေးလိုက်မိသည်။
ယွမ်ယန်ကျင့်စဥ်ကို သူသည် ဝူအဆင့်ဖြစ်လာပြီးနောက် သူ့စိတ်ထဲက ကျောက်စိမ်းထဲကနေ ရရှိခဲ့တာ ဖြစ်သည်။ အခုအချိန်အထိတော့ ဒီကျောက်စိမ်းပြား သူ့အသိစိတ်ပင်လယ်ထဲကို ဘယ်လိုရောက်လာမှန်း မသိသလို သူ့ကြောင့် 'ပြန်လည်မွေးဖွားခြင်း!' ဖြစ်ခဲ့သလဲ မသိ။
ဤအရာသည် သူ့တွင် သဲလွန်စမရှိသည့် တစ်ခုတည်းသော အရာဖြစ်ပြီး ယွမ်ယန်ကျင့်စဥ်နှင့် ပေါင်းစပ်ရင်တော့ လက်ရှိ တည်နေရာကို ချက်ချင်း ခန့်မှန်းမိသည်။
"ဟုတ်တယ်... ကြည့်ရတာ သိပ်တော့မပိန်းဘူးပဲ... ဒီလောက်မြန်မြန်နဲ့ ခန့်မှန်းမိသားပဲ"
သူ့စိတ်ထဲတွင် မှန်းဆနေတုန်း ရယ်မောသံက ရုတ်တရက် ထွက်ပေါ်လာသည်။
"ဘယ်သူလဲ?"
ဦးရေပြားသည် ချက်ချင်းပေါက်ကွဲသွားပြီး လုရွှမ်၏ အတွင်းစွမ်းအားများ ပျံ့နှံ့သွားကာ ခုခံမှုပုံစံကို ယူထားသည်။ အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်နေ၏။
ယခင်ဘဝတွင် သူသည် ဖြစ်သလိုကျင့်ကြံခြင်းမှ တစ်ဆင့်ပြီးတစ်ဆင့် လျှောက်လှမ်းခဲ့ပြီး အန္တရာယ်ကို ကာကွယ်ရန် ဗီဇကို ဖန်တီးထားပြီး ဖြစ်သည်။
အရင်က သတိမထားမိတဲ့ အသံက ရုတ်တရက်ကြီး ထွက်လာ၏။
ဒီလို အစွမ်းထက်တဲ့လူ ရှိနေတာကို သူမသိခဲ့ဘဲ အခုမှရှာတွေ့ခဲ့တာ။ တကယ်လို့ တစ်ဖက်ကသာ သူ့ကိုအန္တရာယ်ပြုလာခဲ့ရင် သူအစောကြီးကတည်းက သေသွားလောက်ပြီ။
"ငတုံးလေး ခေါင်းမော့ကြည့်လိုက်"
အသံတစ်သံက ဆက်လက်ထွက်ပေါ်လာသည်။
လုရွှမ်သည် လျင်မြန်စွာ မော့ကြည့်လိုက်တော့ အနက်ရောင် မျက်လုံးများဖြင့် သူ့ရှေ့ရှိ ကျောက်စာတုံးပေါ်တွင် ထိုင်နေသည့် အနက်ရောင် ငှက်တစ်ကောင်ကို တွေ့လိုက်ရသည်။
"မင်း...စကား ပြောနေတာလား?"
လုရွှမ်က သံသယတွေ အပြည့်နဲ့ မေးလာသည်။
အစတုန်းကတော့ သူဟာ ဆရာသခင်တစ်ယောက်လို့ ထင်ခဲ့ပြီး အားကောင်းတဲ့ ယွမ်ယန်ကျင့်စဥ်ရဲ့ စွမ်းအင်တွေကိုတောင် ချန်ထားခဲ့ပေမဲ့ အဲဒါက ငှက်မည်းတစ်ကောင် ဖြစ်နေမယ်လို့ တစ်ခါမှ မမျှော်လင့်ခဲ့ဘူး။
ဒါ့အပြင် အပြင်မထွက်တတ်တဲ့ ကျီးကန်းတစ်ကောင်လည်း ဖြစ်နေသေးတယ်။
"ဟုတ်တယ် အဲဒါ ငါပဲ!" ကျီးကန်းက အော်ဟစ်လိုက်သည်။
"ကျီးမည်း..." လုရွှမ်မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာ ပေါ်လာသည်။
အရင်ဘဝက တန်ခိုးကြီးတဲ့ နတ်ဆိုးတွေနဲ့ သန့်ရှင်းတဲ့ သားရဲတွေ အများကြီး တွေ့ဖူးပြီး စကားပြောတတ်ပေမယ့် ကျီးကန်းတွေကတော့။
"မင်းခေါင်းကသာ မည်းနေတာ...လောင်ဇီက ရွှေကျီးကန်း... အမြင့်မြတ်ဆုံး ရွှေကျီးကန်းပဲ မင်းသိရဲ့လား?!!"
ကျီးမည်း ဟူသော အမည်ကို ကြားလိုက်ရသောအခါ ငှက်အည်းကြီးသည် ဒေါသတကြီး အသံကြီးဖြင့် အော်ဟစ်လိုက်သည်။
"ရွှေကျီးကန်းလည်း... မည်းနေတာပဲ မဟုတ်ဘူးလား?" လုရွှမ်က ပြန်ပြော၏။
မင်းဘာသာ ရွှေကျီးကန်းဖြစ်ဖြစ် ကျီးမည်းဖြစ်ဖြစ် အကုန်ကျီးကန်းတွေချည်းပဲ
ဘာကွာခြားလို့လဲ?
"မင်းပြောတာက...ဒီနေရာက အဲဒီကျောက်စိမ်းပြားထဲမှာလား?... ကျောက်စိမ်းပြားက အာကာသ မှော်လက်နက်တစ်ခုပေါ့?"
ကျီးမည်းသည် ယခင်က ပြောခဲ့သောစကားကို တွေးကာ တဖန် ဒေါသထွက်လာမည်ကို သိလိုက်ရသဖြင့် လုရွှမ်အမြန် ဖြတ်ပြောလိုက်သည်။
အာကာသ မှော်လက်နက်။ နတ်လောကတွင်သာ ဒဏ္ဍာရီလာ ရတနာတစ်ခု ရှိပြီး ၎င်းတွင် ကိုယ်ပိုင်နေရာနှင့် ပစ္စည်းများထားရှိနိုင်သည်။
တိမ်ပင်လယ် နယ်မြေကြီး တစ်ခုလုံးမှာ တစ်ခုတောင် မရှိချေ။ သူ့အရင်ဘဝက ဧကရာဇ်ငါးပါးထဲက တစ်ပါးဖြစ်ခဲ့ပေမဲ့ တစ်ခါမှ မမြင်ဖူးသလို လျှို့ဝှက်စာအုပ်တွေမှာ မှတ်တမ်းတင်ထားတဲ့ အကြောင်းသာ ဖတ်ဖူးခဲ့သည်။
အခုတော့ တံခါးမရှိတဲ့ ကျဉ်းကျဉ်းလေးထဲက ကျောက်စိမ်းပြားထဲမှာ ရှိနေတယ်လို့ ရှေ့က ကျီးကန်းက ပြောတယ်ဆိုတော့ အဲဒါက တကယ့် ဒဏ္ဍာရီ ရတနာများလား?
"အာကာသ မှော်လက်နက်? ဟုတ်တယ်!"
ကျီးကန်းသည် ဂုဏ်ယူစွာ ခေါင်းညိတ်ပြပြီး သူ့မျက်လုံးထဲတွင် မာနကြီးစွာ တောက်ပလာသည်။
"တကယ်လား?"
၎င်း၏ အတည်ပြုချက်ကို ကြားသောအခါ လုရွှမ် တောင့်တင်းသွားသည်။
"အာကာသရဲ့ မှော်လက်နက် တစ်ခုရှိတာ ဘယ်လောက်ထိ တုန်လှုပ်စရာ ကောင်းလိုက်တာလဲ!"
သူ့အသွင်အပြင်ကို မြင်လိုက်ရတော့ ကျီးမည်းက သူ့ကိုတစ်ချက် ကြည့်လာပြီး
"ဒီမှာ တန်ဖိုးအရှိဆုံး အရာက ယွမ်ယန်ကျင့်စဥ်ပဲ မင်းမျက်လုံးနဲ့တောင် မမြင်နိုင်ဘူး!"
"အမ်း!" လုရွှမ်အံ့သြသွားကာ ခေါင်းညိတ်လိုက်သည်။
တစ်ဖက်လူ ပြောတာမှန်သည်။ ယွမ်ယန်ကျင့်စဥ်က ဘယ်လောက်ပဲ အစွမ်းထက် နေပါစေ အပြင်ဖက်တွင် တွေ့ရှိဖို့ မလွယ်ပေ။
"မင်းက ၉ကွင်းနယ်ပယ်ကို ထိုးဖောက်နိုင်ခဲ့လို့ ကျောက်စိမ်းပြားက အသိအမှတ်ပြုပြီး မင်းမှာ ဇွဲလုံ့လနဲ့ အရည်အချင်းရှိကြောင်း ပြသနိုင်ခဲ့တဲ့အတွက် ယွမ်ယန်ကျင့်စဥ်ကို ရခဲ့တာ... ဒါပေမယ့် မင်းရဲ့လက်ရှိအင်အားက အရမ်းနည်းလွန်းတယ်" ဟု ကျီးမည်းက ပြောလေ၏။
လုရွှမ် ခေါင်းထပ်ညိတ်လိုက်သည်။
သူ အရှိန်အဟုန်နဲ့ တိုးတက်နေပေမယ့် သူ့ရဲ့ တကယ့် ခွန်အားက နည်းနေပါသေးသည်။ သူ့အရင်ဘဝနဲ့ ယှဉ်ရင် ရေပုံးထဲက ရေတစ်စက်လောက်ပင် မရှိ။
"မင်းပြောတာက မင်းကရွှေကျီးကန်း? ရွှေကျီးကန်းဆိုတာ ဘာလဲ... မင်းဘာလို့ ဒီမှာရှိနေတာလဲ? ဒီအာကာသရဲ့ မှော်လက်နက်က ဘာလဲ"
လုရွှမ်က လှည့်ပတ်ကြည့်ရင်း အံ့သြတဲ့မျက်နှာနဲ့ မေးလိုက်သည်။
"ရွှေကျီးကန်းဆိုတာ... ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံးငှက်! အမြင့်မြတ်ဆုံးနဲ့ အလှဆုံးငှက်! ဒါကို မင်းဒါကို လုံးဝမသိရင်တော့ မင်းတကယ် တုံးနေလို့ပဲ!"
ရွှေကျီးကန်းကိုတောင် မသိတာမြင်တော့ ကျီးကန်းတစ်ကောင်လို ဟောက်ပြီး မာနကြီးတဲ့လေသံနဲ့ ပြောလိုက်သည်။
"တော်တယ်..." လုရွှမ်က ဆက်စကားမပြောတော့ပေ။
အိုးအောက်ခြေကနေ ငါးမျှားလိုက်သလိုပဲ
"ကောင်းပြီ မင်းနဲ့အပို စကားတွေ ရပ်လိုက်ရအောင်... ဒီ အာကာသ မှော်လက်နက်က ဘာလဲဆိုတာ မင်း အခုသိဖို့ အရည်အချင်း မရှိသေးဘူး မင်း အပြင်းအထန် လေ့ကျင့်ပြီး ယွမ်ယန်ကျင့်စဥ်ကို အဆင့်၉အထိ ထိုးဖောက်နိုင်ရင် အားလုံးကို နားလည်လာလိမ့်မယ်!"
ကျီးကန်းက ပြောသည်။
"အဆင့်၉အထိ ထိုးဖောက်ရမယ်?" လုရွှမ် ခါးသက်စွာ ပြုံးလိုက်သည်။
အခုချိန်ထိ သူ့ပထမအဆင့်က အစပြုရုံသာ ရှိသေးပြီး ဝင်ခွင့်အဆင့်ပင် ရှိသေးရာ အဆင့်၉ဆိုတာကို တွေးပင်မတွေးရဲ။
"ဘာလဲ? ယုံကြည်မှု မရှိဘူးလား" ကျီးကန်းသည် သူ့မျက်လုံးများကို လှောင်ပြောင်ကာ ကြည့်နေ၏။
"တစ်စုံတစ်ယောက် တတ်နိုင်သရွေ့ ငါလည်း လုပ်နိုင်ပါတယ်! ဘယ်သူမှ မလုပ်နိုင်ရင်တောင် ငါမလုပ်နိုင်ဘူး လို့ မဆိုလိုပါဘူး!"
တစ်ဖက်သူရဲ့ မျက်လုံးထဲမှာ မထီမဲ့မြင် ပြုတာကို မြင်လိုက်ရတော့ လုရွှမ် သူ့ရင်ထဲက မာနကြီးမှုတွေ တစ်ဖန်ပြန်နိုးထလာ၏။
ငှက်တစ်ကောင်ရဲ့ မထီမဲ့မြင်ပြုခြင်းကို အရူးဧကရာဇ် တကယ်ကို သည်းမခံနိုင်ဘူး။
"ယုံကြည်မှုလည်း မြင့်မားတယ်... ဒါပေမဲ့ အမှန်တရားက အနာကျင်ဆုံးပဲ... မင်းကို မထိခိုက်စေဘူးဆိုရင် မင်းရဲ့လက်ရှိ အရည်အချင်းနဲ့ တတိယအဆင့်ကို ရောက်ဖို့တောင် အိပ်မက်တစ်ခုပဲ!"
"တတိယအဆင့်ကို မရောက်နိုင်ဘူး?
လုရွှမ် ခေါင်းယမ်းလိုက်သည်။
သူ့အရည်အချင်းက တခြားသူတွေထက် မြင့်တယ်လို့ မပြောချင်ပေမယ့် နိမ့်ကျတာတော့ မဟုတ်ပါပေ။
မဟုတ်ပါက ယခင်ဘဝက ဖြစ်သလို ကျင့်ကြံမှုနဲ့ ကမ္ဘာ့အထွတ်အထိပ်သို့ တစ်ဆင့်ပြီးတစ်ဆင့် သွားရန် မဖြစ်နိုင်ပေ။
အဆင့်၉ကို မလေ့ကျင့်နိုင်ဟု ဆိုရင် ဖြစ်နိုင်ချေ ရှိပေလိမ့်မည်။ လေ့ကျင့်မှုတိုင်းသည် အရည်အချင်းသာမက အခွင့်အရေးလည်း လိုအပ်ပါသေးသည်။
အဆင့်၃ကိုတောင် မလေ့ကျင့်နိုင်ဘူးလို့ ပြောတာက မဖြစ်နိုင်ဘူး !
"မယုံဘူးလား?"
သူ့အတွေးကို မြင်တော့ ကျီးကန်းကြီးက တခစ်ခစ်ရယ်ပြီး
"မင်း မယုံဘူးဆိုတာ ငါသိပါတယ် ဒီကျောက်စာတန်းရဲ့ နောက်ဆုံးစာကြောင်းမှာ ရေးထားတဲ့ စကားလုံးတွေကို ကြည့်လိုက်ရင် မင်းသိလိမ့်မယ်"
"နောက်ဆုံးစာကြောင်း?"
လုရွှမ် ကျောက်နံရံကို ထူးဆန်းစွာ ကြည့်လိုက်သည်။
ဤကျောက်ပြားပေါ်တွင် ရေးထားသော ယွမ်ယန်ကျင့်စဥ်သည် ပြီးပြည့်စုံသော ကျင့်စဥ်မဟုတ်ဘဲ ၎င်းသည် အဆင့်၁ ကျင့်စဥ်ဖြစ်သည်။
မြန်မြန်ဖတ်ပြီးတာနဲ့ နောက်ဆုံးစာကြောင်းကို မျက်စိရောက်သွားတော့။
"ဒါ... ဒါက မဖြစ်နိုင်ဘူး!"
ထိုစာပေါ်တွင် ရေးထားသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့ လုရွှမ်က မျက်မှောင်ကြုတ်ကာ ပြောထွက်လာသည်။
ကျောက်စိမ်းပြား နံရံ၏ အဆုံးတွင် "ပထမအဆင့်ကို ပြီးပြည့်စုံအောင် လေ့ကျင့်ပါ...ဒုတိယအဆင့်ကို ဆက်ကျင့်ပါ... အဆင့်ကိုးကို လေ့ကျင့်ပါ... အမြင့်ဆုံး နန်းတော်ပင်လယ် နယ်ပယ်ကို ပိုင်ဆိုင်ပါစေ" ဟု ရေးသားထားသည်။
"မဖြစ်နိုင်ဘူး? မင်းမလုပ်နိုင်ဘူးလို့ ပြောနေတာလား ဒါမှမဟုတ် ကမ္ဘာပေါ်မှာ အမြင့်မြတ်ဆုံး နန်းတော်ပင်လယ် နယ်ပယ်မရှိဘူးလို့ မင်းထင်နေတာလား?"
ကျီးကန်းသည် တချက်ကြည့်လိုက်သည်။
"ငါ..... ဒီကမ္ဘာမှာ အမြင့်မြတ်ဆုံး နန်းတော်ပင်လယ် နယ်ပယ် မရှိဘူးလို့ ထင်ထားတာ"
အရင်က ကောလဟာလတွေကို ကြားတော့ လုရွှမ်သည် ကမ္ဘာကြီးမှာ အမြင့်ဆုံး နန်းတော်ပင်လယ် နယ်ကယ် တကယ်ရှိမရှိ သံသယဝင်သွားပေမယ့် အခုမှ ထိတ်လန့်သွားပြီးနောက်မှာတော့ အမြင့်ဆုံး နန်းတော်ပင်လယ် နယ်ပယ်လို့ ခေါ်တာ လုံးဝမရှိတာကို သူ လုံးလုံးနားလည်သွားပါပြီ။
ဒီလိုမှမဟုတ်ရင် သူအရင်ဘဝက ၉ကွင်းနယ်ပယ် နဲ့ သူတော်စင်ခန္ဓာကိုယ်ရဲ့ တန်းလိစွမ်းအင်၉ခုကို ဘာကြောင့် မရောက်ရှိနိုင်ခဲ့တာလဲ?
"မဟုတ်ဘူး!"
ကျီးကန်းက "အမှန်တိုင်းပြောရရင် မင်း ယွမ်ယန်ကျင့်စဥ်ကို အဆုံးစွန်ထိ လေ့ကျင့်နိုင်ရင် အမြင့်ဆုံး နန်းတော်ပင်လယ်ကို ဖွင့်နိုင်လိမ့်မယ်!"
"အမြင့်ဆုံး...နန်းတော်ပင်လယ်လား?"
လုရွှမ်၏ တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး မယုံနိုင်စွာ ကြည့်လိုက်မိသည်။