၃လအတွင်း အဆင့်၅ အဂ္ဂိရတ်ဆရာ ဖြစ်လာစေရမယ်
Vol. 4 Ch. 60
ဒဏ္ဍာရီတွင်သာ ရှိသော အမြင့်ဆုံး နန်းတော်ပင်လယ် နယ်ပယ်သည် ပထမအဆင့် နန်းတော်ပင်လယ်ထက် အားကောင်းသည်။
အရင်ကတော့ ပွင့်ပွင့်လင်းလင်း လုပ်နိုင်မယ်လို့ တွေးမိပေမယ့် ကြိုးကြိုးစားစား လုပ်ပြီးတဲ့နောက်မှာ ဒါက မဖြစ်နိုင်ဘူးဆိုတာ သူသဘောပေါက်သွားသည်။
အခုကျီးကန်းက ယွမ်ယန်ကျင့်စဥ်ကို ပြင်းပြင်းထန်ထန် လေ့ကျင့်ရင် အမြင့်ဆုံး နန်းတော်ပင်လယ် နယ်ပယ်ကို ဖွင့်နိုင်မယ်လို့ ရုတ်တရက် ပြောချလိုက်၏။
ဘာတွေဖြစ်နေတာလဲ?
အမြင့်မြတ်ဆုံး နန်းတော်ပင်လယ် နယ်ပယ်သာ တကယ်ရှိတယ်ဆိုရင် သူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ စွမ်းအားတွေက အဆုံးမရှိလို့ ပြောနိုင်ပြီး သူ့အရင်ဘဝထက် ကျော်လွန်ဖို့ အချိန်တစ်ခုပဲ လိုပါတော့သည်။
"မှန်တယ်...ယွမ် အရာခပ်သိမ်းရဲ့အစ၊ ယွမ်ယန်ကို ကိုးခုခွဲထားတယ် နန်းတော်ပင်လယ် နယ်ပယ်ကို ဖွင့်လိုက်ရင် နန်းတော်ကိုးခု ဖြစ်ပေါ်လာပြီး နန်းတော်ပင်လယ် နယ်ပယ်ကြီး တစ်ခုတည်းအဖြစ် ပေါင်းစည်းရမယ့် အချိန်ရောက်လာတဲ့အခါ သဘာဝအတိုင်း အမြင့်ဆုံး နန်းတော်ပင်လယ် နယ်ပယ် ဖြစ်ပေါ်လာလိမ့်မယ်!"
ကျီးကန်း၏ အမည်းရောင် ဦးခေါင်းသည် ကျေနပ်စွာ စောင်းသွားသည်။
"နန်းတော်၉ခုကို ဖွင့်ရမယ်?" လုရွှမ် နားမလည်ပေ။
"နားမလည်ဘူးလား? ဒါဆို မင်းကို မေးပါရစေ....ကျင့်ကြံသူမှာ နန်းတော်ပင်လယ် ဘယ်လောက်ရှိလဲ?"
"သေချာပေါက် တစ်ခုတည်းပေါ့!" လုရွှမ်ကပြောသည် ။
နန်းတော်ပင်လယ်သည် ဒန်တီယန်ထဲတွင်ရှိပြီး လူတစ်ဦးလျှင် တစ်ခုသာရှိ၍ စစ်မှန်သောစွမ်းအင်ကို သိုလှောင်ရန်အတွက် အသုံးပြုသည်။ထို့အပြင် ဒီထက်ပို၍ အသုံးမဝင်ပေ။
"ယွမ်ယန်ကျင့်စဥ် လေ့ကျင့်ပါ...ဒါဆို မင်း နန်းတော်ကိုးခုကို ဖွင့်နိုင်ပြီ!" ကျီးကန်းကသူ့ကို ကမ္ဘာ့ပညာရှင် တစ်ယောက်လို ငုံ့ကြည့်နေသည်။
"စဉ်းစားကြည့်... ပထမအဆင့် နန်းတော်ပင်လယ်ကတောင် ဒီလောက်မြင့်တာ အဆင့်၉ဆိုရင်? အဲဒီအချိန်ရောက်ရင် မင်းခွန်အားက မကုန်ခန်းနိုင်တော့ဘူးမလား?"
"ဒါက....."
လုရွှမ်၏ နှလုံးခုန်သံ ခုန်သွားသည်။
တစ်ဖက်က ပြောတဲ့စကားတွေက အမှန်တရားပင်။
ပထမအဆင့် နန်းတော်ပင်လယ် နယ်ပယ်တွင်ပါရှိသော စွမ်းအားသည် မထင်မှတ်လောက်အောင် ကြီးမားသည်။
"နန်းတော်၉ခုကို ဘယ်လိုဖွင့်ရမလဲ? အမြင့်ဆုံး နန်းတော်ပင်လယ် ဘယ်လိုပုံစံနဲ့ ဖန်တီးနိုင်မှာလဲ? ကျီး..... ရွှေကျီးကန်းက ညွှန်ပြပေးပါဦး"
လုရွှမ် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
သူ့ရှေ့ကလူက ငှက်တစ်ကောင် ဖြစ်ပေမယ့် ယွမ်ယန်ကျင့်စဥ်ကို ဖန်တီးခဲ့သူနဲ့တောင် သိပြီး ရင်းနှီးတဲ့ ဆက်ဆံရေး ရှိလိမ့်မည်။
ဒါကို သဘောပေါက်တော့ မထီမဲ့မြင်ပြုတာကို ပယ်ရှင်းပြီး အကြံဉာဏ် တောင်းရမည်။
တစ်ဖက်လူ ပြောသည့်အတိုင်းသာ အမှန်ဖြစ်ပါက နန်းတော်ကိုးခုကိုဖွင့်ကာ နန်းတော်ပင်လယ်ကြီးကို အောင်မြင်အောင် လေ့ကျင့်ပြီး ဧကရာဇ်ကျိုးရန်ကို လက်စားချေရမည် ဖြစ်သည်။
ပြန်လည် မွေးဖွားပြီးကတည်းက ဘာလို့ဒီလောက် ပြင်းပြင်းထန်ထန် လေ့ကျင့်ရတာလဲ?
သူ့နှလုံးသားထဲက အမုန်းတရားတွေ အတွက်ပဲ မဟုတ်လား?
"မင်းက ယွမ်ယန်ကျင့်စဥ်ရဲ့ ပထမဝင်ခွင့်အဆင့်ပဲ ရှိသေးတယ်... မင်း တခြားနန်းတော်ပင်လယ်တွေကို ဖွင့်ချင်ရင် အနည်းဆုံးတော့ ပထမအဆင့်ကို ပြီးအောင်လုပ်ရမယ် ဒါ့ပြင် မင်းမှာတခြားအရာတွေ အများကြီး အကူအညီလိုတယ်"
ကျီးကန်းသည် ၎င်း၏အမွေးများကို ကုတ်ခြစ်ကာ ဂုဏ်ယူနေဟန်ဖြင့်
"ဟုတ်ပြီ ငါမစားရတာ နှစ်အတော်ကြာနေပြီ...ငါ့အတွက် စားစရာတွေ မြန်မြန်ပြင်ထား ပြီးတော့ ဝိုင်တစ်အိုး ယူလာခဲ့! ငါ့ကို ကောင်းကောင်း ကျွေးမွေးရင် မင်းကို ဖွင့်နည်းသင်ပေးမယ်...တခြားနန်းတော်ပင်လယ်က မခက်ပါဘူး!"
"စားစရာလား ပိုးကောင်လား? ပိုးကောင်ကြီးတွေ ဒါမှမဟုတ် ပန်းပိုးကောင်တွေ လိုချင်တာလား?"
လုရွှမ်က ငှက်တွေ ပိုးကောင်တွေကို စားရတာ ကြိုက်ပုံရတာ သိပေမယ့် ဘာအရသာ ကြိုက်မှန်း မသိဘူး။
"မင်းခေါင်းကြီးကိုပဲ ပိုးကောင်!! ငါအသားစားချင်တယ် အသားကို အများကြီး အများကြီးစားချင်တယ် မင်းပဲ ပိုးကောင်စား! မင်းတို့တစ်မိသားစုလုံး ပိုးကောင်တွေစား!"
ကျီးကန်းသည် သွားများဖွင့်ကာ ခြေသည်းများ ကခုန်ကာ ဒေါသထွက်လွန်းလို့ အငွေ့ပျံမတတ် ဖြစ်သွားသည်။
"အိုး..."
တစ်ဖက်လူက ပိုးကောင်ကြောင့် ဒေါသအရမ်းထွက်နေတာကို မြင်လိုက်ရတော့ လုရွှမ်လည်း စကားသိပ်မပြောတော့ဘဲ လိုရင်းသာ မေးလိုက်သည်။
"ဒီကနေ ဘယ်လိုထွက်သွားရမလဲ?"
ဘယ်လိုဝင်လာတာလဲ မသိသလို ဘယ်လိုထွက်သွားရမလဲလည်း မသိပါ။
အာကာသ မှော်လက်နက်ကို တစ်ခါမှ မထိတွေ့ဖူးတဲ့ သူဟာ ဘဝနှစ်ခုမှာ လူသားတစ်ယောက်ဖြစ်ရင်တောင်မှ နည်းနည်းတော့ စိတ်ရှုပ်နေတုန်းပါပဲ။
"ဒါက အရမ်းရိုးရှင်းပါတယ် ယွမ်ယန်ရဲ့ ဝိညာဥ်စွမ်းအင်ကို ဖြန့်ကျက်ပြီး အပြင်မှာလို့ တွေးကြည့်လိုက်...ဒါဆို မင်းထွက်သွားနိုင်ပြီ!"
ကျီးကန်က ပြောလာ၏။
"ကောင်းပြီ!"
အဲဒါက အရမ်းရိုးရှင်းတယ်လို့ သိရတော့ လုရွှမ် စကားအများကြီး မပြောဘဲ တခြားသူပြောခဲ့တဲ့ နည်းလမ်းအတိုင်း သူက ပြင်ပကမ္ဘာနဲ့ ဝိညာဉ်ရေးအရ ဆက်သွယ်ပြီး ပေါင်းစည်းထားတဲ့ စစ်မှန်တဲ့စွမ်းအင်ကို ထုတ်လွှတ်လိုက်သည်။
ဟူ.....
ခဏကြာတော့ လေထုဟာ တုန်ခါသွားပြီးနောက် သူ့ရှေ့က လေလုံတဲ့အိမ်လေး ပျောက်သွားလေသည်။
စောစောကနေရာ ပျောက်ကွယ်သွားပြီး ဖန်းရှစ်ပိုင်ရှင် ယွမ်ဟုန်၏ တိတ်ဆိတ်သော အခန်းထဲတွင် ပြန်ပေါ်လာသည်။
"တကယ်အမှန်ပဲကိုး..."
အိပ်မက်တစ်ခုလိုပဲ။ အရင် အဖြစ်အပျက်တွေကို တွေးရင်း လုရွှမ်က စိတ်လှုပ်ရှားစွာနဲ့ သူ့လက်သီးတွေကို အားရပါးရ ဆုပ်ထားလိုက်သည်။
အမြင့်ဆုံး နန်းတော်ပင်လယ်သည် အမှန်တကယ် တည်ရှိပြီး ယွမ်ယန်ကျင့်စဥ်ကို အသုံးပြု၍ ဖြစ်ပေါ်လာနိုင်သည်။
"အစာအကြောင်း ပြောတော့မှ ငါလည်း နည်းနည်း ဗိုက်ဆာနေပြီ!"
မတ်တပ်ထရပ်ပြီး လုရွှမ် ထွက်လာခဲ့သည်။
မုရှန့်အစှအရင် ဖွဲ့စည်းမှု အခန်း၁၀ထဲကို ဝင်သွားတာ တစ်ရက်ကျော်ရှိပြီ။ သူ့ရဲ့ကျင့်ကြံမှုတွေ အရမ်းကောင်းလာပေမယ့် ဗိုက်ထဲက အော်ဟစ်သံကို မကူညီနိုင်တော့ပေ။
.......
တိတ်ဆိတ်နေတဲ့ အခန်းအပြင်ဘက်မှာ ယွမ်ဟုန်သည် အရင်ကကောင်လေး သူ့ကိုပေးထားတဲ့ ကတိကို တွေးပြီး စိတ်လှုပ်ရှားနေတာ ရပ်တန့်လို့မရတော့ချေ။
အဲဒါကို စဉ်းစားပြီးတဲ့အခါ မေးခွန်းသုံးခုကို မဆုံးဖြတ်ခင် အချိန်အတော်ကြာအောင် ရုန်းကန်ခဲ့ရပြီးမှ အပြင်မှာ ထိုင်စောင့်နေခဲ့သည်။
တံခါးပွင့်လာသည်။
"မင်းထွက်လာပြီပေါ့...ဒါကငါ့ရဲ့ မေးခွန်း၃...."
ရေးထားသော မေးခွန်းကို ကျော်ဖြတ်ပြီး တိတ်ဆိတ်နေသော အခန်းတွင်း အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ ယွမ်ဟုန်က ထိတ်လန့်သွားပြီး
"အား.....ငါ့ရဲ့ပြန်လည်ပြုပြင်ခြင်း ဆေးလုံး....ငါ့ရဲ့ ရွှေဝိညာဥ် ဆေးလုံးတွေ...."
ဓားပြ အတိုက်ခံရသလိုမျိုး တိတ်ဆိတ်ငြိမ်သက်နေတဲ့ အခန်းကို မြင်လိုက်ရသည်။ အရင်က နံရံမှာတင်ထားတဲ့ ကျောက်စိမ်းပုလင်းတွေအားလုံး နေရာအနှံ့ ပြန့်ကျဲနေခဲ့၏။
အဖုံးကို ဖွင့်ကြည့်လိုက်တော့ အထဲမှာ ဆေးလုံးတွေ ပျောက်ကွယ်သွားခဲ့ပြီ။
"အဟမျး..အဟမျး...."
ယွမ်ဟုန်၏ ရူးသွပ်သွားသော အသွင်အပြင်ကို မြင်လိုက်ရတော့ လုရွှမ်မှာ ရှက်ရွံ့မှုအပြည့်နှင့်။
တစ်ဖက်လူက သူလေ့ကျင့်ဖို့ တိတ်ဆိတ်တဲ့ အခန်းကို ကြင်နာစွာပေးခဲ့ပေမယ့် နောက်ဆုံးမှာတော့ သူဟာ တစ်ဖက်လူ နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ မှော်ဆေးလုံးတွေကို စားပစ်လိုက်သည်။
ကြီးကျယ်ခမ်းနားသော အရူးဧကရာဇ်သာ် အမှန်တကယ်ပင် ထိုအရာကို ပြုလုပ်ခဲ့ပြီး သူ့မျက်နှာကို ပူလောင်စေခဲ့သည်။
"အဲဒါ... သခင်ဖန်း!"
သူစကားပြောခါနီးတွင် သခင်ဖန်းသည် လူသတ်သည့် အကြည့်ဖြင့် ပြေးထွက်လာသည်ကို တွေ့လိုက်ရသည်။
"တစ်ယောက်ယောက် ခိုးဝင်သွားတာလား? သူ့ကိုသတ်ပစ်မယ်!! မင်းမြင်လိုက်လား..."
"..."
လုရွှမ်က သူ့ခေါင်းကို ကုတ်လိုက်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘဲ
"တောင်းပန်ပါတယ် သခင်ဖန်း... ငါ့ရဲ့ကျင့်ကြံမှု အရေးကြီးတဲ့ အချိန်ကို ရောက်နေပြီလို့ ခင်ဗျားရဲ့မှော်ဆေးလုံးတွေကို စားခဲ့တယ်..."
"မင်း..."
ယွမ်ဟုန်၏ မျက်နှာသည် မစားသင့်သော အရာကို စားလိုက်သကဲ့သို့ စိတ်ရှုပ်ထွေးကာ တစ်ခုခု ပြောချင်သော်လည်း ဘယ်လိုပြောရမှန်း မသိ။
ဒီဆေးလုံးတွေဟာ နှစ်ပေါင်းများစွာ သူ့ရဲ့ လုံ့လဝီရိယ စိုက်ထုတ်မှုတွေပဲ ဖြစ်သည်။
သူတို့ကို ဒီလိုပဲ စားပစ်တယ်လား?
တခြားသူဆိုရင် တစ်ဖက်လူရဲ့ ခြေထောက်ကို ချိုးမိမှာ သေချာပေမယ့် သူ့ရှေ့က ဒီတစ်ယောက်က "ဆရာကြီး" ရဲ့ တပည့်တစ်ယောက်ပင်။
အဂ္ဂိရတ်ပညာ၏ အသိပညာ အချက်ကလေး နည်းနည်းနဲ့ သူ့အဂ္ဂိရတ် အဆင့်ကို ရှေ့ကိုတိုးသွားစေနိုင်သည်။
ဒီဆေးတွေကြောင့် ဒီလူကို စော်ကားရင် နောက်မေးခွန်းသုံးခုရဲ့ အခွင့်အလမ်းတွေ ပျောက်ကွယ်သွားလိမ့်မယ်။
သူ့မျက်နှာတွင် ရှုပ်ယှက်ခတ်နေသော အမူအရာဖြင့် ကောင်လေး၏ စကားများကို ကြားလိုက်ရသည်။
"ခင်ဗျားရဲ့ ဆေးလုံးတွေကို ယူသောက်မိတာ ကျွန်တော့်အမှားပါ...ခင်ဗျားမှာ မေးစရာတွေရှိရင် ဆရာ့ကို ကျွန်တော် မေးပေးနိုင်တယ်... ခင်ဗျားကို သုံးလအတွင်း အဆင့်၅ အဂ္ဂိရတ်ပညာရှင် ဖြစ်လာစေရမယ်လို့ အာမခံတယ်"
လုရွှမ်က ပြောလိုက်သည်။
သူတစ်ဖက်လူရဲ့ မှော်ဆေးလုံးကို စားလိုက်တဲ့ အချိန်ကတည်းက ထိုသူက အဆင့်၄ အဂ္ဂိရတ်ပညာရှင်ဆိုတာကို ပြောနိုင်သည်။ အခြေခံကျင့်စဥ်က မဆိုးပေမယ့် နည်းစနစ်က ကြမ်းတမ်းနေသည်။
နည်းနည်းလေးသာ လမ်းညွှန်ပေးလိုက်ရင် သူ့ရဲ့အဂ္ဂိရတ်ပညာက အများကြီး တိုးတက်လာလိမ့်မည်။
တစ်ဖက်လူရဲ့ ဆေးလုံးတွေ အများကြီးကို သောက်ခဲ့မိလို့ အခုလို ပြန်ဆပ်ဖို့ ကြံစည်ခဲ့တာဖြစ်လေသည်။
တစ်ဖက်လူကို အဆင့်၅ အဂ္ဂိရတ်ဆေးလုံးတွေ သန့်စင်စေချင်တယ်လို့ ပြောရင် တစ်ဖက်က ယုံမှာ မဟုတ်ချေ။ ထို့ကြောင့် တစ်ဖက်လူ နှလုံးသားထဲက 'ဆရာသခင်'ကို ယူသုံးလိုက်သည်။
ဒါပေါ့ ဒီစကားကို ကြားတာနဲ့ ယွမ်ဟုန်ဟာ တုန်လှုပ် ခြောက်ခြားနေတဲ့ မျက်နှာနဲ့ နှုတ်ခမ်းတွေတုန်နေပြီး တစ်ကိုယ်လုံး ဝက်ရူးပြန်ရောဂါလို တုန်လှုပ်သွားတော့သည်။
"မင်းပြောတာ တကယ်လား?"
အဆင့်၅ အဂ္ဂိရတ်ပညာရှင် ဖြစ်လာရန်နှင့် အဆင့်၅ အဂ္ဂိရတ်ဆေးလုံးကို သန့်စင်နိုင်ရန် သူတစ်ယောက်တည်း ဆယ်နှစ်ကျော်ကြာအောင် သင်ယူခဲ့ပြီး အောင်မြင်မှု အနည်းငယ်သာ ရရှိခဲ့သည်။
တစ်ဖက်လူငယ်လေး ပြောတဲ့အတိုင်းသာဆို ၃လအတွင်းမှာ အဆင့်၅ အဂ္ဂိရတ်ပညာရှင် ဖြစ်လာမှာပဲ။
ဒါဆိုရင် စောစောက စားခဲ့တဲ့ ဆေးလုံးတွေကို မပြောနှင့် တိတ်ဆိတ်တဲ့အခန်းကို ရိုက်ချိုးပြီး ဖန်းရှစ်ကို ဖြိုချလိုက်ရင်တောင် ကိစ္စမရှိတော့ဘူး။