← Chapters

အနာဂတ်ဟူသည်

Vol. 110 Ch. 1141

အနာဂတ်ဟူသည်

Vol. 110 Ch. 1141

တာအိုဖန်တီးရှင်တစ်ပါးဟာ တခြား တာအိုဖန်တီးရှင် တစ်ပါးရဲ့ အနာဂတ်ကို ထောက်လှမ်းလို့ မရပါဘူး။ နားလည်လွယ်အောင် ပြောရရင် သူ ထောက်လှမ်းတဲ့ အနာဂတ်မှာ တခြား တာအိုဖန်တီးရှင်တစ်ပါး ပေါ်လာမှာ မဟုတ်ပါဘူး။ သူတို့တွေက အများဆုံး မဟာတာအို အထွတ်အထိပ်အဆင့်မှာပဲ ရှိနေမှာပါ။ ဘယ်မဟာတာအိုပညာရှိချုပ်က တာအိုဖန်တီးရှင် ဖြစ်လာနိုင်တဲ့ အခွင့်အရေးရှိလဲ ဆိုတာလည်း မသိနိုင်ပါဘူး။

ဖန်တီးရှင်သခင်ဖြစ်တဲ့ ဟန်ကျွယ်ကလည်း ဘယ်တာအိုဖန်တီးရှင်က ဖန်တီးရှင်သခင် ဖြစ်လာနိုင်လဲဆိုတာ မသိပါဘူး။ ဒါပေမဲ့ အနာဂတ်မှာ တာအိုဖန်တီးရှင် ဘယ်နှပါးရှိလာမလဲ ဆိုတာတော့ မြင်နိုင်ပါတယ်။

ကံက ဆက်တိုက် ပြောင်းလဲတဲ့အတွက် အနာဂတ် တာအိုဖန်တီးရှင်တွေကလည်း ဆက်တိုက် တိုးလာပါတယ်။ ဂျိရှင်းရှန်နဲ့ ဟန်လျန် တာအိုဖန်တီးရှင် ဖြစ်လာတဲ့ အနာဂတ်ကတော့ တော်တော်လေး အလှမ်းဝေးနေပါသေးတယ်။

ဂျိရှင်းရှန်ဟာ မူလ ကာလဒေသထဲ ဝင်ပြီးနောက်ပိုင်း ကံပြတ်သွားပေမဲ့ ဟန်ကျွယ်ဟာ သူ အချိန်-အာကာသမှာ ပြန်ပေါ်လာတာကို တွေ့ထားပါတယ်။ ဒါပေမဲ့ သူ ဖြတ်လိုက်တဲ့ကံက သူ ပြန်ပေါ်လာလို့ နဂိုအတိုင်း ပြန်ဖြစ်သွားမှာ မဟုတ်ပါဘူး။

ကောင်းကင်အရှင်ရွှင်ဟာ ဂျိရှင်းရှန်နဲ့ အတိတ်မှာရော အနာဂတ်မှာရော ပတ်သက်မှု ရှိပါတယ်။ သူတို့နှစ်ယောက်က အခု အတူတူ ပူးပေါင်းပြီး အနာဂတ် ဟန်လျန်ဆီ ရောက်သွားပါတယ်။

ဟန်လျန်ကို ဖမ်းသွားတဲ့ မီးခိုးရောင်ဝတ်ရုံနဲ့လူက အနာဂတ် ဟန်လျန်ပါ။

အခု ဟန်လျန်က ဟန်ကျွယ် လက်ထဲမှာမလို့ သူတို့သုံးယောက် အနာဂတ်မှာ အောင်မြင်ဖို့ဆိုတာ တော်တော် ခက်သွားပါပြီ။

ဟန်ကျွယ်ဟာ အဆုံးစွန်ထိရောက်အောင် ဖိအားပေးခံရပြီဆိုရင် အချိန်-အာကာသ တစ်ခုလုံးကို ဖျက်ဆီးပြီး အရာအားလုံးကို ပြန်ဖန်တီးပစ်မှာပါ။

တာအိုဖန်တီးရှင်တစ်ပါးဟာ တာအိုဖန်တီးရှင် အဆင့်အောက်မှာ အရာအားလုံးကို ဖျက်ဆီးနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလိုမဖြစ်တာက တာအိုဖန်တီးရှင်တွေ အများကြီးရှိနေပြီး အချင်းချင်း ပြန်ထိန်းချုပ်ထားတာကြောင့်ပါ။

ဒါပေမဲ့ ဟန်ကျွယ်က တစ်ဦးတည်းသော ဖန်တီးရှင်သခင်အနေနဲ့ လုပ်ချင်တာ လုပ်လို့ရပါတယ်။ ဘာမှကြောက်စရာ မရှိပါဘူး။

ဒါပေမဲ့ သူတောင် ဖန်တီးရှင်သခင်အဆင့်ကို နှစ်သန်းရာချီနဲ့ ရောက်နိုင်ရင် အနာဂတ်မှာ တခြားလူတွေလည်း ,ရောက်နိုင်မှာပါ။ အဲဒါကြောင့်ပဲ ဟန်ကျွယ်ဟာ အချိန်အကြာကြီး တံခါးပိတ်ပြီး မကျင့်ကြံတာပါ။

အနာဂတ်မှာ ဂျိရှင်းရှန်၊ ဟန်လျန်နဲ့ ကောင်းကင်အရှင်ရွှင်တင် မဟုတ်ပါဘူး။ တခြား တာအိုဖန်တီးရှင်တွေလည်း အတူတူပါပဲ။ သီးခြားလွတ်လပ်တဲ့ တာအိုဖန်တီးရှင်ဆိုတာ မရှိသလောက်ပါပဲ။

ဟန်ကျွယ်ဟာ ဟန်လျန်ကို ခဏကြည့်ပြီးနောက် ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။

ဂျိရှင်းရှန်တို့ သုံးယောက်က ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး။ သူတို့တွေ အချိန်-အာကာသကို ခရီးနှင်ပြီး လျှောက်သွားနေတာက အနာဂတ်မှာ သူတို့ကို ကျော်တက်သွားမဲ့ တည်ရှိမှုဟာ တခြားတာအိုဖန်တီးရှင် အင်အားစုက ဖြစ်နေတာကြောင့်ပါ။

ဒီအကြောင်းကြောင့်ပဲ ကောင်းကင်အရှင်ရွှင်ဟာ လောကဦးနတ်ဘီလူးသုံးပါးရဲ့ အတိတ်ကို ဝင်မနှောင့်ယှက်ရဲတာပါ။

တာအိုစက်ကွင်းထဲက တပည့်တွေဟာ ဝင်လိုက်ထွက်လိုက်ပါပဲ။ ဟန်လျန်ရဲ့ တည်ရှိမှုကိုလည်း တိတ်ဆိတ်ဂိုဏ်း တစ်ဂိုဏ်းလုံး သိသွားကြပါတယ်။ ဟန်လျန်က ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ မြေးဖြစ်ပြီး အလိုလိုက်ခံရတာကိုလည်း အကုန်လုံး သိကြပါတယ်။

ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ကိုယ်တိုင်သင်ကြားပေးတာ ဖြစ်တဲ့အတွက် ဟန်လျန်ရဲ့ နာမည်ဟာ အဆုံးမဲ့ခေတ်မှာ စပြီးတော့ ပျံ့နှံ့လာပါတယ်။ ထုံးစံအတိုင်း မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ထိုင်မနေနိုင်တော့ဘဲ ဟန်ကျွယ်ရဲ့ အိပ်မက်ထဲကို လာလည်ပါတယ်။

ဒါပေမဲ့ ဒီတစ်ခါတော့ ဟန်ကျွယ်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ တောင်းဆိုမှုကို ငြင်းလိုက်ပါတယ်။ ဟန်လျန်က တော်တော်လေး အရေးကြီးပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်က ဟန်လျန်ကို ထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။

အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။ ဟန်လျန်က တစ်နေ့တစ်ခြား စွမ်းအားကြီးလာပေမဲ့ ချူရှောင်ချီကတော့ အင်မော်တယ်ကမ္ဘာမှာ ရုန်းတုန်းကန်တုန်းပဲ ရှိပါသေးတယ်။

ဟန်ကျွယ်ဆီကနေ ထွက်ခွာပြီးနောက် ချူရှောင်ချီရဲ့ သုံးသပ်နားလည်နိုင်စွမ်းဟာ တော်တော်လေးကိုမှ နှေးကွေးသွားပါတယ်။ သူက သာမန်လူသားတစ်ယောက် ဖြစ်တဲ့အတွက် သူ့အရည်အချင်းကလည်း သိပ်ပြီးတော့ မထက်မြက်ပါဘူး။

ချူရှောင်ချီဟာ နတ်မိသားစုရဲ့ ရုံးတော်မှာ ရာထူးကောင်း ရှိပေမဲ့ ချန်ကျွယ်နဲ့ ယှဉ်ရင်တော့ ပိုပိုပြီးတော့ အလှမ်းဝေးလာပါတယ်။ ချန်ကျွယ်ဟာ ဒီအင်မော်တယ်ကမ္ဘာမှာ အတောက်ပဆုံး ကြယ်တစ်စင်းပါ။ သူ့ရည်အချင်းက ပြိုင်ဘက်ကင်းပါတယ်။ ဒီလိုနဲ့ သူ့နာမည်ဟာ တခြားအင်မော်တယ်ကမ္ဘာတွေဆီ ပျံ့နှံ့သွားပါတယ်။

ချူရှောင်ချီနဲ့ ချန်ကျွယ်ဟာ လုံးဝကို မတူညီတဲ့ လူနှစ်ယောက်ပါ။ ဒါကြောင့် သူတို့တွေ သွေးချင်း ဆက်စပ်နေလိမ့်မယ်လို့ ဘယ်သူကမှ မျှော်လင့်မထားကြပါဘူး။

ချူရှောင်ချီနဲ့ ခွဲခွာပြီးနောက် ဟန်ကျွယ်ဟာ ချူရှောင်ချီကို သိပ်ပြီးတော့ ဂရုမစိုက်ပါဘူး။ ဘာပဲဖြစ်ဖြစ် ချူရှောင်ချီ သေသွားရင်တောင် ပြန်မွေးဖွားလာဦးမှာပါ။ ဒီဘဝမှာ ဟန်ကျွယ်က သူ့ကို ထိုက်သင့်သလောက် ကူညီခဲ့ပြီးပါပြီ။ ကျန်တဲ့လမ်းကိုတော့ သူ့ဘာသာ ဆက်လျှောက်ဖို့ လိုပါတယ်။

ဟန်ကျွယ် ချူရှောင်ချီကို သိပ်ပြီး ဂရုမစိုက်တော့တာက ဟန်လျန်ကြောင့်လည်း ပါပါတယ်။

.....

နှစ်တစ်သောင်းဟာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားပါတယ်။

ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းထဲမှာ ဟန်လျန်ကို ပညာသင်ပေးနေပါတယ်။ ဟန်လျန်ဟာ အရပ်ပုပြီး ဆယ်ကျော်သက်အရွယ်လောက်ပဲ ရှိပါသေးတယ်။ သူ့အသက်က နှစ်တစ်သောင်းကျော်နေပြီဆိုတာ ဘယ်လိုမှ စိတ်ကူးကြည့်လို့ မရတဲ့ အရာပါ။

ဟန်လျန်ဟာ ဟန်ကျွယ်ရှေ့မှာ ဦးနှောက်ခြောက်တဲ့ မျက်နှာနဲ့ ထိုင်နေပါတယ်။ သူဟာ ဟန်ကျွယ် သင်ပေးတဲ့ ဆန်းကြယ်စွမ်းအားကို လုံးဝ နားမလည်နိုင်ပါဘူး။

သူ နားမလည်နိုင်တာက ထူးတော့ မထူးဆန်းပါဘူး။ ဟန်ကျွယ် သူ့ကို သင်ပေးနေတာက သာမန် ဆန်းကြယ်စွမ်းအားမဟုတ်ဘဲ အန္တိမမူလ ကောင်းကင်တံဆိပ်တော်ပါ။ ဟန်လျန်မှာက အန္တိမမူလစွမ်းအား မရှိဘူး မဟုတ်ပါလား။

ဟန်ကျွယ်ရဲ့ ရည်ရွယ်ချက်က ဟန်လျန်ကို ကိုယ်ပိုင် ကောင်းကင်တံဆိပ်တော် ဖန်တီးစေချင်တာပါ။ အခုအချိန်အထိ ဟန်လျန် မျိုးနွယ်စုရဲ့ နာမည်ကို မသတ်မှတ်ရသေးပါဘူး။

နာမည်တွေက အရမ်း အရေးကြီးပါတယ်။ အထူးသဖြင့် ဒီလို အသစ်ဖြစ်တည်လာတဲ့ မျိုးနွယ်စုအတွက်ဆို ပိုလို့တောင် အရေးကြီးပါသေးတယ်။ အဲဒါကြောင့် ဟန်ကျွယ်ဟာ ဟန်လျန်ရဲ့မျိုးနွယ်စုကို နာမည်မပေးဘဲ ဟန်လျန်ကိုယ်တိုင် ရှာတွေ့ပြီး သူ့ဘာသာ အဓိပ္ပာယ်ဖွင့်ဆိုခိုင်းတာပါ။

ဟန်ကျွယ်ဟာ တာအိုအသံကို သုံးပြီး ကူညီလိုက်တာကြောင့် ဟန်လျန်ရဲ့ မျက်မှောင်တွေဟာ ပြေလျော့သွားပါတယ်။

ဒီအချိန်မှာ ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို ခံစားမိတာကြောင့် တာအိုဘုံကျောင်းထဲမှာ ကိုယ်ပွားချန်ပြီး တာအိုစက်ကွင်းထဲကနေ ခုန်ထွက်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ တာအိုဆန်းကြယ်နယ်မြေရဲ့ အင်မော်တယ်ကမ္ဘာတစ်ခုဆီ ရောက်သွားပါတယ်။ ဒီအချိန်မှာ နတ်မိသားစုက အနီးအနားမှာရှိတဲ့ မိစ္ဆာကမ္ဘာကို တိုက်ခိုက်နေပါတယ်။ တာအိုဆန်းကြယ်နယ်မြေကို တည်ထောင်ထားတာ အချိန်တစ်ခု ကြာသွားပြီမလို့ ဆန်းကြယ်နယ်မြေထဲက ကမ္ဘာအသီးသီးဟာ ကူးလူးဆက်သွယ်လာကြပါတယ်။

မိစ္ဆာကမ္ဘာလို့ခေါ်တဲ့ ကမ္ဘာမှာလည်း နောက်ထပ် နတ်မိသားစုတစ်စု ရှိပါတယ်။ ဒါပေမဲ့ ရန်သူကို မိစ္ဆာမျိုးနွယ်စုလို့ မသတ်မှတ်ရင် ကိုယ့်ဘက်ကလူတွေကို စိတ်ဓာတ် တက်ကြွအောင် လုပ်နိုင်ဖို့ မလွယ်ပါဘူး။

အင်မော်တယ် နတ်ဘုရား တစ်ပါး အနေနဲ့ ချူရှောင်ချီဟာ ဒီတိုက်ပွဲမှာ ဝင်တိုက်ရပါတယ်။ ဒီအချိန်မှာ ချူရှောင်ချီဟာ ပစ်မှတ်ထားခံရပါတယ်။ သူ့ကို ပစ်မှတ်ထားတာက ကမ္ဘာနှစ်ခုက သက်ရှိတွေ မဟုတ်ဘဲ တာအိုဆန်းကြယ်နယ်မြေထက် ကျော်လွန်တဲ့ တည်ရှိမှု ဟွမ်ဇွမ်တျန်ပါ။

ချူရှောင်ချီဟာ ကြယ်တာရာ ကောင်းကင်မှာ တော်တော်လေး ဆိုးရွားတဲ့ အခြေအနေနဲ့ ခရီးနှင်နေပါတယ်။ သူ ဘယ်ကိုပြေးပြေး နောက်လှည့်ကြည့်လိုက်ရင် ဟွမ်ဇွမ်တျန်ကို တွေ့ရတာကြောင့် ချူရှောင်ချီဟာ လန့်ဖျပ်ပြီး ဆက်ပြေးပါတယ်။

ဟွမ်ဇွမ်တျန်ဟာ ချူရှောင်ချီနောက်ကို မျက်ခြေပြတ်မခံဘဲ တရစပ် လိုက်ပါတယ် ‘ဒီကောင်လေး ဘယ်ကလာတာလဲ၊ ငါ သူ ဘယ်သူလဲဆိုတာကို တွက်ချက်လို့ မရဘူး၊ တာအိုဆန်းကြယ်နယ်မြေက တကယ်ကို မရိုးရှင်းဘူးပဲ’

ဟွမ်ဇွမ်တျန်လည်း တာအိုဆန်းကြယ်နယ်မြေကို သေမျိုးကမ္ဘာတစ်ခု ပေးခဲ့ပါတယ်။ ဟွမ်ဇွမ်တျန်ဟာ တာအိုဆန်းကြယ်နယ်မြေကို စစ်ဆေးတဲ့အခါ ချူ‌ရှောင်ချီကို သွားတွေ့ပါတယ်။ ချူရှောင်ချီရဲ့ အရည်အချင်းက သာမန်ပဲရှိပေမဲ့ ဟွမ်ဇွမ်တျန်ဟာ သူ့အနာဂတ်ကို မတွက်ချက်နိုင်ပါဘူး။

တခြားစွမ်းအားကြီးပုဂ္ဂိုလ်တွေဆို ချူရှောင်ချီကို သတိထားမိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဟွမ်ဇွမ်တျန်ဟာ ကပ်ဘေးထိန်းချုပ်သူ ဖြစ်ခဲ့ဖူးတော့ ဒီလိုကိစ္စမျိုးတွေကို အလိုလို အာရုံခံမိပါတယ်။ ဟွမ်ဇွမ်တျန်ဟာ ချူရှောင်ချီက လုံးဝ မရိုးရှင်းဘူးဆိုတာ ခံစားမိပါတယ်။

ဒီလိုနဲ့ အတော်ကြာသွားတဲ့အခါမှာတော့ ချူရှောင်ချီဟာ ပြေးနေတာ ရပ်ပြီး ဆဲဆိုလိုက်ပါတယ် “ခွေးကောင်... ငါ့ကို သတ်ချင်ရင် သတ်လိုက်၊ စော်ကားနေတာ ရပ်လိုက်တော့”

ချူရှောင်ချီဟာ ဘာကိုမှ မကြောက်တဲ့ ပုံစံ ရှိပေမဲ့ ဟွမ်ဇွမ်တျန် သူ့ရှေ့မှာ ပေါ်လာတဲ့အခါ တုန်တက်သွားပါတယ်။

ဟွမ်ဇွမ်တျန်ဟာ လောကဦးနတ်ဘီလူးပုံ ထိုးထားတဲ့ အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပါတယ်။ သူ့ရောင်ဝါကလည်း ချူရှောင်ချီ မြင်ဖူးသမျှလူတွေထဲမှာ အားအကောင်းဆုံး ရောင်ဝါပါ။ သူ့ဘိုးဘိုးနဲ့ နတ်မိသားစုအရှင်ထက်တောင် စွမ်းအားကြီးလိမ့်မယ်လို့ ချူရှောင်ချီ မှန်းဆလိုက်ပါတယ်။

ဒီလိုတည်ရှိမှုမျိုး‌ရှေ့မှာ သူ ဘယ်လောက်ပြေးပြေး လွတ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ချူရှောင်ချီဟာ သိက္ခာရှိရှိတော့ သေချင်ပါ‌သေးတယ်။

ကံမကောင်းတာက သူ အခုထိ ထန်ဝမ်ကိုရော သူ့ဘိုးဘိုးကိုရော ထပ်မတွေ့ရသေးပါဘူး။ နှစ်တစ်သောင်း ကြာသွားပြီမလို့ ချူရှောင်ချီဟာ ထန်ဝမ်နဲ့ သူ့ဘိုးဘိုးကို အရင်လိုမျိုး စိတ်ထဲမှာ စွဲမနေတော့ပါဘူး။ ချူ‌ရှောင်ချီဟာ လွတ်လွတ်လပ်လပ်ရပ်တည်နိုင်ပေမဲ့ သူတို့နှစ်ယောက်ကို မကြာမကြာ သတိရနေတုန်းပါ။

ဟွမ်ဇွမ်တျန်က မေးလိုက်ပါတယ် “မင်းဘဝအကြောင်း ငါ့ကို ပြောပြ”

“အရည်အချင်းရှိရင် ငါ့မှတ်ဉာဏ်ကို ရှာလေ”

ဟွမ်ဇွမ်တျန်ဟာ ချက်ချင်း လက်ဆန့်ထုတ်လိုက်ပါတယ်။ ချူရှောင်ချီဟာ ခဲသွားပြီး တစ်စက်ကလေးတောင် မလှုပ်ရှားနိုင်တော့ပါဘူး။ ဟွမ်ဇွမ်တျန်ဟာ ချူရှောင်ချီရဲ့ မှတ်ဉာဏ်တွေကို ရှာဖွေပေမဲ့ ဘာမှမတွေ့ရပါဘူး။ ဘာမှမရှိတဲ့ အတိုင်းပါပဲ။

ဒီအဖြစ်ကြောင့် ဟွမ်ဇွမ်တျန်ဟာ လန့်သွားပါတယ်။

‘တာအိုဖန်တီးရှင်... ဒီကလေးက သေချာပေါက် တာအိုဖန်တီးရှင်တစ်ပါးပါးနဲ့ ပတ်သက်နေရမယ်’

‘ဒီကောင်လေးနဲ့ တာအိုဖန်တီးရှင်နဲ့ တကယ် ပတ်သက်နေတယ်ဆိုရင် အဲဒီတာအိုဖန်တီးရှင်က ငါ့ကို သေချာပေါက် သတိပေးလောက်တယ်၊ မဟုတ်ရင်လည်း ငါ့ကို သတ်သွားနိုင်တယ်... ဒါပေမဲ့ အခု သူက ဘာမှမလုပ်ဘူးဆိုတော့...’

ဟွမ်ဇွမ်တျန်ဟာ တခြား ဖြစ်နိုင်ခြေတစ်ခုကို တွေးမိလိုက်ပါတယ်။ တာအိုဖန်တီးရှင်တွေက အနှိုင်းအဆမဲ့ တန်ခိုးစွမ်းအား ကြီးမားတာမလို့ သူ ချူရှောင်ချီနဲ့ ထိတွေ့ဆက်ဆံတာကို သေချာပေါက် အာရုံခံမိမှာပါ။ ဒါပေမဲ့ အခု သူ့ကို သတိလည်း မပေးသလို တိုက်လည်း မတိုက်ခိုက်ဘူးဆိုတော့ ဖြစ်နိုင်ခြေက တစ်ခုပဲ ရှိပါတယ်။

တစ်ဖက် တာအိုဖန်တီးရှင်က သူ့ကို သည်းခံတာကလွဲပြီး ဘာများ ဖြစ်နိုင်ဦးမှာလဲ။

ဟွမ်ဇွမ်တျန်ဟာ ချက်ချင်းပဲ သူ့လက်ကို ပြန်ရုပ်သိမ်းလိုက်ပါတယ်။ ချူရှောင်ချီလည်း နိုးလာပြီး ဟန်ဇွမ်တျန်ကို သတိကြီးကြီး ကြည့်လိုက်ပါတယ်။

“ငါ့တပည့်လုပ်” ဟွမ်ဇွမ်တျန်က တဲ့တိုးပြောလိုက်ပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters