လမ်းလွဲသွားတဲ့ အရည်အချင်း
Vol. 110 Ch. 1144
“ဘယ်တုန်းကမှ ရှာမတွေ့သေးတဲ့ နေရာလား... ဟားဟား...” မုရုံချီဟာ မရယ်ဘဲ မနေနိုင်ပါဘူး ‘ဒီလောကမှာ မင်းရဲ့ဘိုးဘိုး မသိတဲ့ နေရာ ရှိလို့လား.. မင်းရဲ့ ဘိုးဘိုးက အစွမ်းအထက်ဆုံးပဲ’
ဟန်လျန်ဟာ မျှော်လင့်တောင့်တတဲ့ အမူအရာနဲ့ ပြောလိုက်ပါတယ် “ကောင်းကင်က ဘယ်လောက်မြင့်တယ်၊ ပတ်ဝန်းကျင်က ဘယ်လောက်ကျယ်တယ် ဆိုတာကို ကျွန်တော် တွေးနေတာ ကြာပြီ၊ အစ်ကိုမုရုံ တစ်ခုခုက ကျွန်တော်ကို အဝေးကနေ ဆင့်ခေါ်နေတယ်လို့ ခံစားရတယ်”
မုရုံချီဟာ ပြုံးလိုက်ပါတယ် “အဲဒါဆို ကျင့်ကြံမှုကို အာရုံစိုက်၊ မင်းရဲ့ ကျင့်ကြံမှုနဲ့ အပြင်ထွက်ရင် အရိုးတောင်ကျန်မှာ မဟုတ်ဘူး”
“ကျွတ်..ကျွတ်... အစ်ကို ကျွန်တော်ကို ကြောက်အောင် ပြောဖို့ပဲ သိတယ်”
“အသွင်တူ လက်ရည်စမ်းပွဲထဲမှာ မင်းကို အနိုင်မယူနိုင်တဲ့လူ ဘယ်နှယောက်ရှိလဲ၊ ဒါက ငါတို့ရဲ့ တာအိုစက်ကွင်းထဲမှာပဲ ရှိသေးတယ်၊ အပြင်လောကမှာ လူတွေ ဘယ်လောက်ရှိတယ်လို့ ထင်လဲ”
“ဒါပေမဲ့ ကျွန်တော် အဲဒီလူတွေကို တာအိုစက်ကွင်းထဲမှာ မမြင်ရဘူးလေ၊ သူတို့က အပြင်လူတွေ ဖြစ်ရမယ်”
“မင်းက တော်တော် ဉာဏ်ကောင်းတာပဲ”
“ကောင်းတာပေါ့”
သူတို့နှစ်ယောက် ဆက်ပြီးတော့ စကားပြောကြပါတယ်။
ဟန်လျန်ဟာ ဟန်ကျွယ်ရဲ့ ခွင့်ပြုချက်မရဘဲ တာအိုစက်ကွင်းထဲကနေ ထွက်သွားလို့ မရပါဘူး။ သူ မုရုံချီကို တောင်းပန်လည်း အသုံးမဝင်ပါဘူး။
မုရုံချီ ထွက်သွားတဲ့အခါ တခြား တပည့်တွေဟာ ဟန်လျန်ကို အဖော်ပြုပေးပါတယ်။ ဟန်လျန်ဟာ တော်တော်လေးကို အချစ်ခံရပါတယ်။
မြေးချည်းတူပေမဲ့ ချူရှောင်ချီကတော့ ဒီလောက် ကံမကောင်းရှာပါဘူး။ ဟွမ်ဇွမ်တျန်ဟာ အမွေပေးပြီးတာနဲ့ ချူရှောင်ချီကို ထားခဲ့ပြီး ထွက်သွားပါတယ်။
ဟွမ်ဇွမ်တျန်ရဲ့ ညွှန်ကြားမှုအောက်မှာ ချူရှောင်ချီဟာ အင်မော်တယ် နတ်ဘုရား ရာထူးကနေ အနားယူပါတယ်။ ဒီကိစ္စက နတ်မိသားစုကို မကျေမနပ် ဖြစ်သွားစေပါတယ်။ အင်မော်တယ် နတ်ဘုရားတွေ နောက်ဆုတ်ချင်တိုင်း နောက်ဆုတ်လို့ ရနေရင် နတ်မိသားစုရဲ့ ဂုဏ်သိက္ခာက ရစရာကို ရှိတော့မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ချူရှောင်ချီဟာ အမဲလိုက်ခံရပါတယ်။
ချူရှောင်ချီဟာ နောင်တရသွားပါတယ်။ ချူရှောင်ချီဟာ နတ်မိသားစုအပေါ် အကောင်းမြင်စိတ်ရှိလို့ ပြန်သွားပြီး နှုတ်ဆက်တာပါ။ ဒီလိုဖြစ်မယ်မှန်းသာ သိရင် သေချင်ယောင်ဆောင်ပြီး ထွက်ပြေးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နတ်မိသားစုက သူ့ကို မှတ်မိမှာ မဟုတ်ပါဘူး။
ချူရှောင်ချီဟာ ဟွမ်ဇွမ်တျန်ရဲ့ အမွေကို ရပြီးနောက် ဘဝသစ်မွေးဖွားသွားတာကြောင့် သာမန် အင်မော်တယ်တွေဟာ သူ့ကို ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။ နတ်မိသားစုရဲ့ လိုက်လံတိုက်ခိုက်မှုအောက်မှာ ချူရှောင်ချီဟာ နာမည်ကြီးလာပါတယ်။ ချန်ကျွယ်နဲ့ မတွေ့ခင်အထိပေါ့။
ချူရှောင်ချီက ရင်ဆိုင်ဖို့ ခက်ခဲလွန်းတဲ့အတွက် နတ်မိသားစုဟာ ရွေးချယ်စရာမရှိဘဲ ချန်ကျွယ်ကို စေလွှတ်လိုက်ရပါတယ်။
ချူရှောင်ချီဟာ အရင်တုန်းက ချန်ကျွယ်ကို လေးစားအားကျခဲ့ပါတယ်။ ဒါကြောင့် ချန်ကျွယ် သူကို မသိတာတောင် သူ့လမ်းကို လာပိတ်တဲ့အခါ ချူရှောင်ချီဟာ တော်တော်လေး ဖိအား များသွားပါတယ်။
“ချူရှောင်ချီ... အညံ့ခံပါ”
ချန်ကျွယ်ဟာ နတ်မိသားစုရဲ့ ငွေရောင်ချပ်ဝတ်ကို ဝဆင်ထားပြီး ဖီးနစ်တောင်ပံပါတဲ့ သရဖူကို ဆောင်းထားပါတယ်။ သူ့ဝတ်ရုံဟာ လေထဲမှာ လူးလွန့်နေပြီး သူ့ရောင်ဝါက လူတိုင်းကို အမည်နာမတစ်ခု တွေးမိသွားစေပါတယ်။ စစ်နတ်ဘုရားဆိုတဲ့ အမည်နာမပါ။
ချူရှောင်ချီရဲ့ ရုပ်ရည်ကလည်း ချောမောပါတယ်။ ဒါပေမဲ့ သူဟာ ချန်ကျွယ်ရှေ့မှာ ဘာမှမဟုတ်ဘူးလို့ အမြဲတမ်း ခံစားရပါတယ်။
ချန်ကျွယ်ဟာ မျက်မှောင်ကြုတ်ပြီး ပြောလိုက်ပါတယ် “ငါတို့တွေက နတ်မိသားစုထဲဝင်တဲ့ အင်မော်တယ် တစ်သုတ်တည်းဆိုတော့ ငါ မင်းကို မတိုက်ခိုက်ချင်ဘူး၊ အညံ့ခံပါ”
ချန်ကျွယ်ဟာ ချူရှောင်ချီနားကို ဆက်ပြီးတော့ ချဉ်းကပ်ပါတယ်။
ချူရှောင်ချီရဲ့ မျက်ခုံးကြားမှာ ထူးဆန်းတဲ့ အနက်ရောင်သင်္ကေတစ်ခု ပေါ်လာပါတယ်။ ကပ်ဘေးထိန်းချုပ်သူ သင်္ကေတပါ။ ဟွမ်ဇွမ်တျန် သူ့ကို တကယ်ကြီး မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာ ပေးအပ်လိုက်ပါတယ်။
ချူရှောင်ချီဟာ နာမည်ကျော် ချန်ကျွယ်ကို ရင်ဆိုင်ရတဲ့အတွက် အကုန်လုံး ထုတ်တိုက်ဖို့ စီစဉ်ထားပါတယ်။
ချူရှောင်ချီရဲ့ အလျင်က တော်တော်လေးကိုမှ မြန်ဆန်လွန်းပါတယ်။
ချန်ကျွယ် မတုံ့ပြန်နိုင်ခင်မှာပဲ ချူရှောင်ချီဟာ နောက်ကနေ လက်ဝါးရိုက်ချက်ထုတ်ပြီး တိုက်ခိုက်လိုက်ပါတယ်။ ဒီလက်ဝါးကနေ ကြယ်ပေါင်းထောင်ချီ ထွက်ပေါ်လာပြီး လျင်လျင်မြန်မြန်ပဲ ကြီးမား ကျယ်ပြန့်သွားပါတယ်။ ခပ်မြန်မြန် ကြီးမားကျယ်ပြန့်လာတဲ့ ကြယ်တွေဟာ ချန်ကျွယ်ကို ဝင်တိုက်ပြီး အဝေးဆီ လွင့်စဉ်ထွက်သွားစေပါတယ်။
“ဝုန်း... ဝုန်း... ဝုန်း...”
ချန်ကျွယ်ဟာ အငိုက်မိပြီး ကမ္ဘာအဆုံးကို ကျသွားပါတယ်။ ဒီကြယ်တွေက တောင်ကြီးလောက် ရှိပြီး ချန်ကျွယ်ကို ထိမိတာနဲ့ ပေါက်ကွဲတာကြောင့် ချန်ကျွယ် ဘယ်လိုမှ တောင့်မခံနိုင်ပါဘူး။
‘ဒီကောင်လေး...’ ချန်ကျွယ်ဟာ လန့်သွားပြီး ရွေးချယ်စရာ မရှိတာကြောင့် ဆန်းကြယ်စွမ်းအားသုံးကာ ရှောင်တိမ်းလိုက်ရပါတယ်။ ဒါပေမဲ့ ချန်ကျွယ် ပြန်ပေါ်လာတယ်ဆိုရင်ပဲ နောက်ထပ် ကြယ်တစ်စင်းနဲ့ တိုက်မိပါတယ်။ အဲဒီနောက် ကြယ်အမြောက်အမြား နောက်ကနေ ဝင်တိုက်တာကြောင့် ချန်ကျွယ် ခေါင်းမူးသွားပါတယ်။
ချန်ကျွယ်ဟာ ဆက်တိုက် ရွေ့လျားပေမဲ့ ဘယ်ကိုသွားသွား ကြယ်တွေက သူ့နောက်ကို လိုက်ပါတယ်။ ဒါက ကပ်ဘေးထိန်းချုပ်သူ အနေနဲ့ ချူရှောင်ချီရဲ့ ထူးခြား အရည်အချင်းတစ်ခုပါ။ ကပ်ဘေးထိန်းချုပ်သူတိုင်းဟာ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာကို ရတာနဲ့ ကိုယ်ပိုင်အရည်အချင်းတစ်ခုကို ရရှိပါတယ်။ မွေးရာပါ ဆန်းကြယ်စွမ်းအားလို့ ပြောလို့ရပါတယ်။
ချူရှောင်ချီဟာလည်း သူ့စွမ်းအားကို အလိုရှိသလို အသုံးချနိုင်ပါတယ်။ ချူရှောင်ချီဟာ သူက အရမ်းကြမ်းပြီး ပြိုင်ဘက်ကင်းလုနီး ဖြစ်နေပြီလို့လည်း ခံစားလိုက်ရပါတယ်။
တိုက်ပွဲရလဒ်ကလည်း ဒါကို သက်သေပြလိုက်ပါတယ်။ စွမ်းအားကြီးမားလှတဲ့ ချန်ကျွယ်တောင် သူ့စွမ်းအားကို တောင့်မခံနိုင်ဘဲ ဖိနှိပ်ခံလိုက်ရပါတယ်။
ဒီကြယ်တွေက သူ့ဓမ္မစွမ်းအားနဲ့ လုပ်ထားတာမလို့ တကယ့်ကြယ်တွေနဲ့ ဘာမှ မကွာပါဘူး။
ဟွမ်ဇွမ်တျန်ရဲ့ လမ်းညွှန်မှုကြောင့် ချူရှောင်ချီနဲ့ ချန်ကျွယ်ရဲ့ ကျင့်ကြံမှုတွေက အရင်လိုမျိုး အများကြီး ကွာဟ မနေတော့ပါဘူး။ တော်တော်လေးကို နီးကပ်နေပါပြီ။ အဲဒါကြောင့်ပဲ ချူရှောင်ချီဟာ သူ့ဆန်းကြယ်စွမ်းအားနဲ့ ချန်ကျွယ်ကို ဖိနှိပ်နိုင်တာပါ။
‘ငါက စွမ်းအားကြီးလှချည်လား’ ချူရှောင်ချီဟာ စိတ်လှုပ်ရှားသွားပါတယ်။ ဟွမ်ဇွမ်တျန်ကိုလည်း ပိုပြီးတော့ အထင်ကြီးသွားပါတယ်။ သူ့ဆရာသင်ပေးတဲ့ ဆန်းကြယ်စွမ်းအားက ချန်ကျွယ်ကိုတောင် ဖိနှိပ်နိုင်တယ် မဟုတ်ပါလား။
ချန်ကျွယ်ဟာ တိုက်ပွဲရလဒ်ကို ကျေနပ်တာကြောင့် ထွက်ပြေးဖို့ အလျင်မလိုပါဘူး။ ချန်ကျွယ်ဟာ ဆန်းကြယ်စွမ်းအားကို ဆက်တိုက်သုံးပြီး ချန်ကျွယ်ကို မြေပြင်ထိရောက်အောင် ဖိချလိုက်ပါတယ်။
မကြာခင်မှာပဲ ချန်ကျွယ်ရဲ့ ချပ်ဝတ်ဟာ ကွဲကြေပြီး သွေးအလူးလူးဖြစ်ကာ သနားစရာကောင်းတဲ့ ဘဝကို ရောက်သွားပါတယ်။
ချန်ကျွယ်ဟာ တော်တော်လေးကိုမှ ဒေါသထွက်သွားပါတယ်။ ဒီကြယ်တွေက သူ့ကို တော်တော်လေး အနှောင့်အယှက်ပေးလွန်းပါတယ်။ သူ့ရဲ့ မွေးရာပါ အားနည်းချက်လိုပါပဲ။ ဘယ်လိုမှ တန်ပြန် မတိုက်ခိုက်နိုင်ပါဘူး။
ချူရှောင်ချီဟာ ရုတ်တရက် ဆက်မကြည့်နိုင်တော့ပါဘူး။ ချန်ကျွယ် သူ့ကို စတွေ့တုန်းက တစ်ခါတည်း မတိုက်ခိုက်ခဲ့ဘူး မဟုတ်ပါလား။
အဲဒါကြောင့် ချူရှောင်ချီဟာ တစ်ခဏတွေးတောပြီးနောက် ဆန်းကြယ်စွမ်းအားကို ပြန်ရုပ်သိမ်းပြီး အလင်းတန်းအသွင် ပြောင်းလဲကာ ပျောက်ကွယ်သွားပါတယ်။ ဒါပေမဲ့ ချန်ကျွယ်ဟာ အပျက်အစီးတွေကြားထဲက ထွက်ပေါ်လာပြီး ချူရှောင်ချီနောက်ကို ထပ်လိုက်ပါတယ်။
အလျင်ချင်းယှဉ်ရင် ချူရှောင်ချီဟာ ချန်ကျွယ်ကို မမီပါဘူး။ အဲဒါကြောင့် ချန်ကျွယ် လိုက်မီလာတဲ့အခါ ချူရှောင်ချီဟာ သူ့ဆန်းကြယ်စွမ်းအားကို သုံးပြီး ချန်ကျွယ်ကို ထပ်ပြီးတော့ ဖိနှိပ်ပါတယ်။
ဒီလိုမျိုး သံသရာလည်တာ များလာတဲ့အခါ ချူရှောင်ချီဟာ ထိတ်လန့်လာပါတယ်။ ချန်ကျွယ်က သူ့ကို အနိုင်မယူနိုင်ဘူးဆိုပေမဲ့ သူကလည်း ချန်ကျွယ်ကို မသတ်နိုင်ပါဘူး။ သူ့ဓမ္မစွမ်းအားက ကုန်ခါနီးနေပါပြီ။ ဒါပေမဲ့ ချန်ကျွယ်ရဲ့ စွမ်းအားက ထိပ်ဆုံးမှာပဲ ရှိနေပါသေးတယ်။
‘မဖြစ်နိုင်ဘူး... ဒီကောင်ရဲ့ ဓမ္မစွမ်းအားက မကုန်တော့ဘူးလား’ ချူရှောင်ချီဟာ စိတ်ထဲမှာ ကြုံးဝါးပြီး မနာလို ဖြစ်သွားပါတယ်။
ဓမ္မစွမ်းအား ပမာဏာက ကျင့်စဉ်သာမက အရည်အချင်းနဲ့လည်း ပတ်သက်နေတာကို ချူရှောင်ချီ သိပါတယ်။ အဆင့်တူရင် ပါရမီရှင်တစ်ပါးရဲ့ ဓမ္မစွမ်းအားက သာမန်အရည်အချင်း ရှိသူတွေထက် အများကြီး ပိုများပါတယ်။
နောက်ဆုံး ချူရှောင်ချီရဲ့ ဓမ္မစွမ်းအား ကုန်ခမ်းခါနီးမှာ ချန်ကျွယ်ရဲ့ နတ်လှံဟာ ကောင်းကင်ယံနဲ့ အာကာသကိုခွင်းပြီး ချူရှောင်ချီကို ထိုးစိုက်သွားပါတယ်။ ချူရှောင်ချီဟာ သွေးအန်ထွက်ပြီး အောက်က ပင်လယ်ထဲကို ပြုတ်ကျကာ ပေထောင်ချီတဲ့ လှိုင်းလုံးတွေ ဖြစ်ပေါ်သွားစေပါတယ်။
ချူရှောင်ချီရဲ့ သိစိတ်ဟာ ဝေဝါးလာပါတယ်။ ချူရှောင်ချီဟာ လူတစ်ယောက်က ပင်လယ်ထဲ ထိုးဆင်းပြီး သူ့ဆီ ကူးခတ်လာနေတာကို တွေ့လိုက်ရပါတယ်။
‘သေစမ်း... ငါက တော်တော် အားနည်းနေသေးတာပဲ’ ချူရှောင်ချီဟာ သက်ပြင်းချလိုက်ပါတယ် ‘ငါ ချန်ကျွယ်ကိုတောင် အနိုင်မယူနိုင်ရင် အင်မော်တယ်ကမ္ဘာကနေ ခုန်ထွက်ပြီး ဒီထက်မြင့်မားတဲ့ ကောင်းကင်ကို ဘယ်လိုသွားရမှာလဲ’
ချူရှောင်ချီဟာ သူ့ဘိုးဘိုးနဲ့ ထန်ဝမ်ကို တွေးမိလိုက်ပါတယ်။ ချူရှောင်ချီဟာ တကယ်ကို မခံမရပ်နိုင် ဖြစ်သွားပါတယ်။ ချူရှောင်ချီဟာ လက်မလျှော့ချင်ပေမဲ့ အားကုန်သွားပြီမလို့ သတိလစ်သွားပါတယ်။
.....
တာအိုစက်ကွင်းထဲက ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး အသာအယာ သက်ပြင်းချလိုက်ပါတယ်။
ဟန်လျန်ဟာ မျက်လုံးဖွင့်ပြီး သူ့ဘိုးဘိုးကို စူးစမ်းတဲ့အကြည့်နဲ့ ကြည့်လိုက်ပါတယ်။ သူ့ဘိုးဘိုး သက်ပြင်းချတာက ရှားလွန်းတယ် မဟုတ်ပါလား။
ဟန်လျန်ဟာ မေးချင်ပေမဲ့ အဆူခံရမှာကိုလည်း ကြောက်ပါတယ်။
ဟန်ကျွယ်ဟာ ပြုံးပြီး မေးလိုက်ပါတယ် “မင်းရဲ့ ညီအစ်ကိုတစ်ယောက်က အပြင်မှာ လေ့ကျင့်နေတယ်၊ သူ့ကို ကူညီမဲ့လူ မရှိဘူး၊ အခု သူ သေတော့မယ်၊ ငါ သူ့ကို ကူညီသင့်တယ်လို့ ထင်လား”
ဟန်လျန်ဟာ မျက်လုံးပြူးသွားပြီး ရုတ်တရက် မတ်တတ် ကောက်ရပ်လိုက်ပါတယ် “ကူညီရမှာပေါ့၊ ဘိုးဘိုး သူ့ကို ကူညီရမယ်၊ ဘိုးဘိုး... သားကိုလည်း ခေါ်သွားပါ၊ တစ်ယောက်ယောက်က သားရဲ့ ညီအစ်ကိုကို အနိုင်ကျင့်ရဲရင် သား သူ့ကို ဆုတ်ဖြဲပစ်မယ်”
“ဟီးဟီး... မင်းက အပြင်ထွက်ချင်တာမလား၊ မရဘူး”
“အဲဒါဆိုလည်း ကိစ္စမရှိဘူး၊ ဒါပေမဲ့ ဘိုးဘိုး သူ့ကို ကယ်ရမယ်နော်၊ ဘိုးဘိုး သူ့ကို မကယ်ရင် နောက်ကျ သားတစ်ခုခု ဖြစ်ရင်လည်း ဘိုးဘိုးက သားကို ကယ်မှာ မဟုတ်ဘူး”
ဟန်လျန်ဟာ နှုတ်ခမ်းမဲ့ပြီး စိတ်ကောက်သွားဟန် ဆောင်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “သူက မင်းထက် စွမ်းအားကြီးမှာ မကြောက်ဘူးလား”
ဟန်လျန်ဟာ ခေါင်းကုတ်သွားပါတယ် “သူက သားထက် စွမ်းအားကြီးတော့ရော ဘာဖြစ်လဲ၊ တိတ်ဆိတ်ဂိုဏ်းက လူအများကြီး သားထက် စွမ်းအားကြီးတာပဲဟာကို”
ဟန်ကျွယ်ဟာ ဟန်လျန်က အမှန်ပြောနေတယ်ဆိုတာကို အာရုံခံမိတာကြောင့် ရယ်ရခက် ငိုရခက် ဖြစ်သွားပါတယ်။
‘ဒီကောင်လေးရဲ့ အရည်အချင်းက လမ်းလွဲသွားပြီလား၊ ဒီကောင်လေးက အရာအားလုံးကို ဖျက်ဆီးလိုစိတ်နဲ့ မွေးဖွားလာတာ မဟုတ်ဘူးလား’
မြန်မာပြည် ငြိမ်းချမ်းပါစေ။