← Chapters

ကံကြမ္မာ

Vol. 110 Ch. 1145

ကံကြမ္မာ

Vol. 110 Ch. 1145

“ဘိုးဘိုး မြန်မြန်ကယ်... အခွင့်အ‌ရေးကို လက်မလွှတ်စေနဲ့”

ဟန်လျန်ဟာ ဟန်ကျွယ်ဘေးကို ရောက်လာပြီး လက်မောင်းကို လှုပ်ခါလိုက်ပါတယ်။ ဟန်လျန်ဟာ အလိုလိုက်ခံရတဲ့ ကလေးတစ်ယောက်လိုပါပဲ။ ဒါပေမဲ့ သူက ယောက်ျားလေးနဲ့ မတူဘဲ မိန်းကလေးနဲ့ ပိုတူနေပါတယ်။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ငါတို့တွေ စကားပြောနေတုန်းမှာပဲ သူ့ကို ကယ်ပြီးသွားပြီ”

ဟန်လျန်ဟာ မျက်လုံးပြူးသွားပါတယ် “သူ့ကို ဘယ်သူကယ်လိုက်တာလဲ”

“ဘယ်သူကယ်ရမှာလဲ... ငါပေါ့”

“ဝိုး... ဘိုးဘိုးက ဘာမှလည်း မလှုပ်ဘဲနဲ့ သူ့ကို ကယ်နိုင်တယ်၊ သူ့ကို ကယ်လိုက်တာ ဘိုးဘိုးရဲ့ ကိုယ်ပွားလား”

“ဘိုးဘိုးက သူ့ကို အတွေးတစ်ချက်နဲ့ ကယ်နိုင်တယ်”

“ဝိုး...”

ဟန်လျန်ရဲ့ အပြုအမူက ဟန်ကျွယ်ကို တော်တော်လေး စိတ်ကျေနပ်သွားစေပါတယ် ‘ဒီကောင်လေးက သိတတ်သားပဲ’

ဟန်ကျွယ်ဟာ ဟန်လျန်ကို ရင်ခွင်ထဲ ဆွဲထည့်ပြီး ခေါင်းပွတ်ပေးကာ အပြုံးနဲ့ ပြောလိုက်ပါတယ် “မင်းမှာ မောင်နှမတွေ အများကြီးရှိတယ်၊ ဒါပေမဲ့ အများစုက မင်းထက် အများကြီး ငယ်တယ်၊ သူတို့တွေက မင်းကို တရင်းတနှီး ရှိကြမှာ မဟုတ်ဘူး၊ ဒါပေမဲ့ ဘိုးဘိုးရဲ့ မျက်လုံးထဲမှာ မင်းရဲ့ အရည်အချင်းက အကောင်းဆုံးပဲ၊ အဲဒါကြောင့် နောက်ကျရင် တခြားမောင်နှမတွေနဲ့ အငယ်တွေကို မင်း ကာကွယ်ပေးရလိမ့်မယ်၊ ဘိုးဘိုးပြောတာ နားလည်လား”

ဟန်လျန်ဟာ ဝမ်းသာအားရ ဖြစ်သွားပါတယ်။ သူ့ဘိုးဘိုးရဲ့ ချီးကျူးမှုက ဘယ်အောင်မြင်မှုထက်မဆို ပိုပြီးတော့ တန်ဖိုးရှိပါတယ်။၊ ဟန်လျန်ဟာ စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြီး ရင်ဘက်ပုတ်ကာ ကတိပေးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဟန်လျန်ကို ဟန်မိသားစုရဲ့ အစောင့်အရှောက် လုပ်ခိုင်းဖို့ စီစဉ်ထားပါတယ်။ ဟန်လျန်ရဲ့ အရည်အချင်းက လောကဦး နတ်ဘီလူးနဲ့ ယှဉ်နိုင်ပါတယ်။ မိုးကောင်းကင် ပါရမီရှင် တစ်ပါးထက်ထည်း မဆိုစလောက် ပိုစွမ်းပါတယ်။

အခုအချိန်အထိ ဟန်လျန်ရဲ့ ပြုမူဆောင်ရွက်ချက်တွေက ကျေနပ်စရာ ကောင်းနေတုန်းပါ။

ပြိုင်ဘက်ကင်းလာပြီးနောက် ဟန်ကျွယ် စိတ်အဝင်စားဆုံးက စွမ်းအားကြီးမားတဲ့ မျိုးဆက်တွေကို ပျိုးထောင်ရတာပါ။

.....

လောကဦးခန်းမ။

ဟန်ဟွမ်ဟာ မျက်လုံးပွင့်လာပြီး မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်ပါတယ် “ဘာဖြစ်လို့ အလုပ်မဖြစ်တာလဲ”

မျက်လုံးနီ အရိပ်နက်ဟာ အမှောင်ထုထဲက ထွက်လာပြီး ပြုံးလိုက်ပါတယ် “ကြည့်ရတာ မင်းအဖေက မင်းကို လမ်းမညွှန်ပေးချင်ဘူးနဲ့ တူတယ်၊ တခြားတာအိုဖန်တီးရှင်တွေလိုပဲ သူလည်း နောက်ထပ် တာအိုဖန်တီးရှင်တစ်ပါး ပေါ်လာမှာကို မလိုချင်ဘူးနဲ့ တူတယ်၊ အဲဒါကြောင့် မင်းအဖေက တာအိုဖန်တီးရှင် ဖြစ်တာတောင် တာအိုစက်ကွင်းထဲမှာပဲ ပုန်းနေတာ ဖြစ်ရမယ်”

ဟန်ဟွမ် “ဟွန်း... ငါ့အဖေက အဲဒီလိုမျိုး မဟုတ်ဘူး”

“အဲဒီလိုဆိုရင်တော့ မင်းအဖေရဲ့ နည်းလမ်းက ထပ်မသုံးလို့ရတာ ဖြစ်မယ်၊ လူတိုင်းမှာ လမ်းကိုယ်စီ ရှိတယ်၊ မင်းရဲ့ အကန့်အသတ်က မဟာတာအို အထွတ်အထိပ်အဆင့် ဖြစ်နိုင်တယ်၊ လောကဦးနတ်ဘီလူးက လောကကြီးမှာ ပြိုင်ဘက်ကင်းတယ်လို့ မထင်နဲ့၊ ပဋိပက္ခက လောကဦးပဋိပက္ခကို အစားထိုးခဲ့တယ်ဆိုတာ မေ့မထားနဲ့၊ လောကဦးပဋိပက္ခရဲ့ အရည်အချင်းက ပဋိပက္ခထက် အားနည်းလောက်တယ်”

“ဒါပေမဲ့ မင်းက ပဋိပက္ခထဲမှာရှိတဲ့ သက်ရှိတွေကိုပဲ စံအဖြစ် သတ်မှတ်ထားတယ်၊ တကယ့်စံစနစ်က ပဋိပက္ခကို ဖန်တီးပြီး အစွမ်းထက်ဆုံး တာအိုဖန်တီးရှင် ဖြစ်ခဲ့တဲ့ နဝမပဋိပက္ခပဲ”

မျက်လုံးနီ အရိပ်နက်ရဲ့ စကားကြောင့် ဟန်ဟွမ်ဟာ တိတ်ဆိတ်သွားပြီး ကိုယ့်ကိုယ်ကိုယ် သံသယ ဝင်သွားပါတယ်။ ဟန်ဟွမ်ဟာ အရင်တုန်းက သူ အားကိုးခဲ့တဲ့ စွမ်းအားကို တွေးမိလိုက်ပါတယ်။ အဲဒီစွမ်းအားက သူ့အဖေရဲ့ ဓမ္မစွမ်းအားပါ။

သူ့ရဲ့ လောကဦးနတ်ဘီလူး သွေးစည်းကိုလည်း သူ့အဖေက ပေးခဲ့တာပါ။

‘ငါက လောကဦးနတ်ဘီလူး စစ်စစ် မဟုတ်တာလား၊ ငါ့အမေက ငါ့ကို မွေးဖွားနိုင်မှာ မဟုတ်ဘူး၊ ငါ့အဖေက သူ့သွေးစည်းကို စတေးခဲ့လို့ ငါ မွေးဖွားလာနိုင်တာ၊ ငါ တာအိုဖန်တီးရှင် ဖြစ်မလာနိုင်တာက ဒီအကြောင်းရင်းကြောင့်များလား’

‘ဒါမှမဟုတ် လောကဦးနတ်ဘီလူးက တာအိုဖန်တီးရှင်အဆင့်ကို မရောက်နိုင်တာလား၊ အဖေ တာအိုဖန်တီးရှင် ဖြစ်သွားတာက ဒီထက်မြင့်မားတဲ့ သွေးစည်းကို ရောက်ရှိသွားလို့ ဖြစ်မယ်’

ဟန်ဟွမ်ဟာ အခြေအနေကို သဘောပေါက် နားလည်ပြီး သက်သာရာ ရသွားပါတယ်။

မျက်လုံးနီ အရိပ်နက်ဟာ ဟန်ဟွမ်ရဲ့ အမူအရာကို တွေ့လိုက်ရတဲ့အခါ ပြုံးပြီး အမှောင်ထုထဲ ပြန်ပျောက်ကွယ်သွားပါတယ်။

ဟန်ဟွမ်ဟာ လောကဦးနတ်ဘီလူးရဲ့ ဝန်ထုပ်ဝန်ပိုးကို လွှတ်ချလိုက်တဲ့အခါ တော်တော်လေး အပန်းပြေသွားပါတယ်။ ဟန်ဟွမ်ဟာ မတ်တတ်ရပ်ပြီး ပြုံးလိုက်ပါတယ် “ငါက တကယ်ကို တုံးတာပဲ၊ သက်ရှိအားလုံးရဲ့ ပုံစံမျိုးစုံကို မမြင်ဘဲနဲ့ ငါက ငါ့ကိုယ်ပိုင် မဟာာအိုကမ္ဘာကို ဘယ်လို ဖန်တီးမှာလဲ၊ ငါ့ရဲ့ တစ်ဖက်ပိတ်အမြင်က နက်ရှိုင်းလွန်းလို့ ငါ့ကိုယ်ပိုင် မဟာတာအိုကမ္ဘာကို မဖန်တီးနိုင်တာ ဖြစ်ရမယ်”

ဟန်ဟွမ်ဟာ ရှေ့ခြေတစ်လှမ်း လှမ်းပြီး တံခါးဆီ လျှောက်သွားပါတယ်။

“လောကဦးပဋိပက္ခ... လောကဦးပဋိပက္ခက ဘာလဲ”

ဟန်ဟွမ်ရဲ့အသံဟာ တဖြည်းဖြည်း တိမ်ဝင်သွားပြီး သူ့ရုပ်သွင်ကလည်း ပိုပိုဝေးကွာသွားပါတယ်။

.....

တိမ်ကင်းစင်တဲ့ ကောင်းကင်ပြာအောက်မှာ ပင်လယ်ပြာကြီး ရှိနေပါတယ်။ ဒီကမ်းမမြင်ရတဲ့ အဆုံးမဲ့ ပင်လယ်ပြင်မှာ ချောက်ကမ်းပါးတွေဟာ ထိုးထိုးထောင်ထောင် တည်ရှိနေပါတယ်။ လှိုင်းလုံး အမြောက်အမြားဟာလည်း ချောက်ကမ်းပါးနံရံတွေကို ထပ်ခါထပ်ခါ ရိုက်ခတ်နေပါတယ်။

ချူရှောင်ချီနဲ့ ချန်ကျွယ်ဟာ ချောက်ကမ်းပါးစွန်းမှာ ထိုင်နေပါတယ်။ ချူရှောင်ချီဟာ ပျင်းပျင်းရိရိ အကြောဆန့်ပြီး ဘေးနားက ချန်ကျွယ်ကို ကြည့်ကာ ပြုံးလိုက်ပါတယ် “ငါ မထင်ထားဘူး၊ ဒီလိုဖြစ်လာလိမ့်မယ်လို့ ငါ တကယ် ထင်မထားဘူး”

ချန်ကျွယ်ဟာ ဝတ်ရုံစိမ်းကို ပြောင်းလဲ ဝတ်ဆင်ထားပြီး ကောင်းကင်ပြာကို ငေးကြည့်နေပါတယ်။ တသုန်သုန် တိုက်ခိုက်လာတဲ့ ပင်လယ်လေပြည်မှာ လူးလွန့်သွားတဲ့ ဆံပင်တွေကြောင့် ချန်ကျွယ်ဟာ အပူအပင်ကင်းမဲ့တဲ့ လူတစ်ယောက်လိုပါပဲ။

ချူရှောင်ချီဟာ နည်းနည်း မနာလို ဖြစ်သွားပါတယ်။ ချောမောလှပမှုချင်းယှဉ်ရင် ချန်ကျွယ်က သူ့ဘိုးဘိုးပြီးရင် ပထမပါပဲ။

“မင်း ငါ့ကို ဘာလို့ ကယ်တာလဲ၊ မင်း ဘာဖြစ်လို့ နတ်မိသားစုကို သစ္စာဖောက်လိုက်တာလဲ” ချူရှောင်ချီဟာ စပ်စုလိုက်ပါတယ်။

ချူရှောင်ချီဟာ သူတော့ ကိစ္စပြတ်ပြီလို့ တွေးထားခဲ့တာပါ။ ဒါပေမဲ့ မမျှော်လင့်ဘဲ သူ မျက်လုံး ဖွင့်ကြည့်လိုက်တဲ့အခါ သူ မသေသေးတာကို ရှာတွေ့သွားပါတယ်။ ချန်ကျွယ်က သူ့ကို ကယ်တင်ခဲ့တဲ့အပြင် သူနဲ့အတူ နတ်မိသားစုကို သစ္စာဖောက်မယ်လို့လည်း ပြောခဲ့ပါတယ်။

ချန်ကျွယ်ဟာ တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေပါတယ် “ငါက အစကတည်းက အင်မော်တယ် နတ်ဘုရားတွေကို အမြင်ကြည်တာ မဟုတ်ဘူး၊ ငါ သူတို့ကို ခြေနင်းပြားအနေနဲ့ပဲ သုံးတာ၊ မင်းကတော့ ငါ တွေ့ဖူးသမျှ လူတွေထဲမှာ အတုံးဆုံးပဲ၊ ဘယ်အင်မော်တယ် နတ်ဘုရားမှ မင်းကို မမှတ်မိတာကို၊ မင်းက ပြန်လာပြီး နှုတ်ဆက်သေးတယ်၊ မင်းက တကယ်ကို ငတုံးပဲ၊ ဒါပေမဲ့ မင်းရဲ့စွမ်းအားက မဆိုးဘူး၊ ငါ မင်းဆီမှာ တခြားအလင်းရောင် တစ်ရောင်ကို မြင်ရတယ်”

ချူရှောင်ချီဟာ နှုတ်ခမ်းမဲ့လိုက်ပါတယ်။ ချန်ကျွယ် ပြောနေတာက အမှန်တွေပါ။ ဒါပေမဲ့ ချန်ကျွယ်က တကယ်ကို စွမ်းအားကြီးပါတယ်။ ဘာပဲဖြစ်ဖြစ် ချူရှောင်ချီဟာ ချန်ကျွယ်ကို လက်ခံသွားပါပြီ။ ချူရှောင်ချီဟာ စပ်စုလိုက်ပါတယ် “ဒါဆို မင်း ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ”

“မင်းရဲ့ အစီအစဉ်ကရော”

“ငါ့အစီအစဉ်က လောကကြီးအနှံ့ ခြေဆန့်ဖို့ပဲ”

“ငါလည်း တူတူပဲ”

“ဒါဆို မင်းက ငါ့နောက်ကို တကယ် လိုက်ချင်တာလား”

“မင်း ပြန်လာရဲတယ်ဆိုကတည်းက တာဝန်ယူတဲ့စိတ် ရှိတယ်ဆိုတာ သိသာတယ်၊ အင်မော်တယ် နတ်ဘုရားတွေ လိုက်လံတိုက်ခိုက်တာကိုလည်း အညံ့မခံဘဲ ထိပ်တိုက် ရင်ဆိုင်ရဲတယ်၊ ဒီလိုမျိုးစိတ်ဓာတ်က ငါနောက်ကိုလိုက်ဖို့ အရည်အချင်း ပြည့်မီတယ်”

“မင်းနောက်ကို လိုက်တယ်... ကျွတ်..ကျွတ်... မင်းကသာ ငါ့နောက် လိုက်တာပါ”

ချူရှောင်ချီနဲ့ ချန်ကျွယ်ဟာ စပြီးတော့ ငြင်းခုံကြပါတော့တယ်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး နှုတ်ခမ်းတွန့်သွားကြပါတယ်။

ချူရှောင်ချီဟာ တော်တော်လေး ပျော်ရွှင်သွားပါတယ်။ ဒီလိုမျိုး သူနဲ့အတူ လောကကြီးအနှံ့ ခြေဆန့်မဲ့လူကို ရှာမတွေ့ခဲ့တာ အတော်ကြာသွားခဲ့ပါပြီ။

ချန်ကျွယ်လည်း စိတ်ကောင်းဝင်သွားပါတယ်။ အဖော်ရပြီလို့ ခံစားလိုက်ရတာကြောင့်ပါ။

တကယ်တော့ ချန်ကျွယ် ချူရှောင်ချီကို ရွေးချယ်ခဲ့တာက ပြီးခဲ့တဲ့ တိုက်ပွဲမှာ ချူရှောင်ချီက သူ့ကို သတ်ချင်စိတ် မရှိလို့ပါပဲ။ ပထမ တိုက်ပွဲတစ်ဝက် သူ အရေးနိမ့်နေတုန်းက ချူရှောင်ချီဆီမှာ ဒီထက်စွမ်းအားကြီးမားတဲ့ အင်အားတစ်ခု ရှိနေသေးတာကို ချန်ကျွယ် အာရုံခံမိခဲ့ပါတယ်။

ချူရှောင်ချီပဲ ချန်ကျွယ်ကို မသတ်ချင်တာ မဟုတ်ပါဘူး။ ချန်ကျွယ်ကလည်း ချူရှောင်ချီကို မသတ်ချင်ပါဘူး။ ဒီခံစားချက်က ယုတ္တိတော့ မရှိပါဘူး။

တကယ်တော့ သူတို့နှစ်ယောက် စတွေ့ကတည်းက ချန်ကျွယ်ဟာ ချူရှောင်ချီကို စိတ်ဝင်စားသွားပါတယ်။ ချူရှောင်ချီက သူ့ကို လေ့လာ အကဲခတ်သလို သူကလည်း ချူရှောင်ချီကို အကဲခတ်နေခဲ့တာပါ။

ဒီအကြောင်းရင်းကြောင့်ပဲ ချန်ကျွယ်ဟာ ချူရှောင်ချီနောက် လိုက်ရမဲ့တာဝန်ကို လက်ခံခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်က ရေစက်ပါနေသလိုပါပဲ။

လောလောဆယ်မှာတော့ ချန်ကျွယ်ဟာ ဒီကံကြမ္မာက ထောင်ချောက်တစ်ခု ဖြစ်နိုင်တယ်လို့ မတွေးမိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နှစ်ယောက်မှာ အရင်တုန်းက ဘာကံတရားမှ မရှိခဲ့လို့ပါပဲ။

“ချန်ကျွယ်ရဲ့ မင်းရဲ့ ကျင့်ကြံမှုပန်းတိုင်က ဘာလဲ”

“မင်းအရင်ပြော”

“ငါ လောကကြီးရဲ့ အလှအပကို ခံစားချင်တယ်၊ ငါ တစ်ခါမှ မရောက်ဖူးသေးတဲ့ နေရာတွေကို သွားကြည့်ချင်တယ်၊ ငါ တစ်ခါမှ မမြင်ဖူးသေးတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေရဲ့ ဂုဏ်ကျက်သရေကို မြင်တွေ့ချင်တယ်”

“ငါ့ရည်မှန်းချက်ကတော့ စွမ်းအားကြီးလာဖို့ပဲ၊ ဆက်တိုက် စွမ်းအားကြီးလာပြီး တဖြည်းဖြည်းနဲ့ အစွမ်းအထက်ဆုံး ဖြစ်လာဖို့ပဲ”

ချန်ကျွယ်ဟာ နှုတ်ခမ်းတွန့်ပြီး သူ့ရည်မှန်းချက် ပန်းတိုင်ကို တက်ကြွစွာ ပြောလိုက်ပါတယ်။

ချူရှောင်ချီကလည်း စကားများတတ်တဲ့ သူ့စရိုက်ကို ပြန်ရသွားပြီး တရစပ် မရပ်မနား စကားပြောပါတော့တယ်။

အဝေးက တာအိုစက်ကွင်းထဲမှာရှိတဲ့ ဟန်ကျွယ်ဟာ ဒါကို ကြည့်ပြီး ပြုံးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်နေတာ ဖြစ်ပါတယ်။ ဟန်လျန်လည်း အတူတူပါပဲ။ ဟန်ကျွယ်ရဲ့ မျက်နှာမှာ မဆိုစလောက် အပြုံးတစ်ခု ပေါ်လာတာကို ဘယ်သူမှ သတိမထားမိပါဘူး။

ပြိုင်ဘက်ကင်းပုဂ္ဂိုလ်တွေရဲ့ မျက်လုံးထဲမှာ ဒီလောကရဲ့ ကံကြမ္မာက ကံပါ။

ဟန်ကျွယ် ချူရှောင်ချီနဲ့ ချန်ကျွယ်ကို တွဲပေးလိုက်တာက ဖန်းလျန်နဲ့ ဂျိရှင်းရှန်ကြောင့်ပါ။ တချို့ ရင်းနှီးမှုတွေက အချိန်အကြာကြီး တည်ရှိနိုင်ပါတယ်။ ဟန်ကျွယ်ဟာ ချန်ကျွယ်ရဲ့ စရိုက်ကို တစ်ချက်ကြည့်ရုံနဲ့ ထိုးဖောက်မြင်ပါတယ်။ သူ့လက်ထဲ ချူရှောင်ချီကို ထည့်လိုက်လို့ ရပါတယ်။

ချူရှောင်ချီကလည်း ချန်ကျွယ်ကို နောက်ခံ ပြန်ပေးမှာပါ။ ချူရှောင်ချီနဲ့ တွဲမိတာက ဟန်ဟွမ်ကို နောက်ခံရလိုက်တာနဲ့ အတူတူပါပဲ။ ဟန်ဟွမ်က အနာဂတ် တာအိုဖန်တီးရှင်ပါ။ ဒီလိုနောက်ခံရဖို့ဆိုရင် အရာအားလုံး စွန့်လွှတ်ရလည်း ထိုက်တန်ပါတယ်။

ချန်ကျွယ်က မိုးကောင်းကင်ပါရမီရှင် ဆိုပေမဲ့ နောက်ကျရင် ဟန်ကျွယ်မှာ ဒီလိုမျိုး မျိုးဆက်တွေ အများကြီး ပေါ်လာမှာပါ။ ‌နောက်ပြီး ဝါချင်းကလည်း ကွာခြားလွန်းပါတယ်။ ဒါ့အပြင် ဟန်ကျွယ်ဟာ မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေးတွေကို အများကြီးဖြစ်အောင် စုပြီးမှ သုံးဖို့ ပြင်ဆင်ထားပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters