← Chapters

ပဋိပက္ခသိစိတ်ရဲ့ ရည်မှန်းချက်၊ အမျိုးအမည်မသိ စွမ်းအား

Vol. 110 Ch. 1146

ပဋိပက္ခသိစိတ်ရဲ့ ရည်မှန်းချက်၊ အမျိုးအမည်မသိ စွမ်းအား

Vol. 110 Ch. 1146

နှစ်တစ်သောင်း ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ချူရှောင်ချီကို ကြည့်လိုက်ပါတယ်။

ဟန်ကျွယ် ချူရှောင်ချီကို ကူညီပြီးကတည်းက အချိန်အကြာကြီး တံခါးပိတ် မကျင့်ကြံရဲပါဘူး။ သူ တံခါးပိတ် ကျင့်ကြံနေတုန်း ချူရှောင်ချီ သေသွားမှာစိုးလို့ပါ။

ဒီနှစ်တစ်သောင်းအတွင်း ချူရှောင်ချီနဲ့ ချန်ကျွယ်ဟာ တာအိုဆန်းကြယ်နယ်မြေမှာ နာမည်ကြီးလာပါတယ်။ သူတို့တွေဟာ အင်မော်တယ်ကမ္ဘာရဲ့ နတ်မိသားစု မော့ကြည့်ရတဲ့ ဒဏ္ဍာရီလာပုဂ္ဂိုလ်တွေ ဖြစ်လာကြပါတယ်။

ဟန်ကျွယ်ရဲ့ မျက်လုံးထဲမှာ နှစ်တစ်သောင်းက တစ်ရက်ပဲ ရှိပါတယ်။ တော်တော်ကို တိုတောင်းလွန်းတဲ့ အချိန်ပါ။ ဒါပေမဲ့ ကျင့်ကြံသူတွေရဲ့ မျက်လုံးထဲမှာတော့ နှစ်တစ်သောင်းက ခေတ်တစ်ခေတ်ပါ။

အခုကြည့်ရသလောက်တော့ ချူရှောင်ချီနဲ့ ချန်ကျွယ်ဟာ အခြေခိုင်သွားကြပါပြီ။ သူတို့ထက် အများကြီး အဆင့်မြင့်တဲ့ ကျင့်ကြံသူကို ရင်မဆိုင်ရရင် သူတို့တွေ သေဖို့ဆိုတာ အတော်ကို ခက်ခဲသွားပါပြီ။ ချူရှောင်ချီရဲ့ နောက်မှာက ဟွမ်ဇွမ်တျန်ရှိပြီး ချန်ကျွယ်ရဲ့ နောက်မှာတော့ ဟန်ယွင်ကျင်းနဲ့ ဟန်လင် ရှိနေပါတယ်။

ဟန်ကျွယ်ဟာ ပြုံးပြီး သူက ကလေးဆန်လွန်းတယ်လို့ ခံစားလိုက်ရပါတယ်။

ဟန်ကျွယ်ဟာ ဟန်လျန်ကို ကြည့်လိုက်ပါတယ်။ ဟန်လျန်ဟာ အခုဆိုရင် လောကဦးပဋိပက္ခ တာအိုပညာရှိ ဖြစ်လာပါပြီ။

ဟန်ကျွယ်ရဲ့ အကြည့်ကို ခံစားမိတာကြောင့် ဟန်လျန်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ဟန်လျန်ဟာ လက်ဖဝါး‌တွေကို ပွတ်သပ်ပြီး တခစ်ခစ် ရယ်မောကာ “ဘိုးဘိုး... ဘိုးဘိုး နောက်ဆုံးတော့ နိုးလာပြီပေါ့၊ ဘိုးဘိုး ဘယ်တော့မှာ သားကို အပြင်ထွက်ခွင့် ပေးမှာလဲ၊ သားက တာအိုပညာရှိ ဖြစ်နေပြီ၊ သားမှာ လုံလောက်တဲ့ စွမ်းအား ရှိလာပြီ”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “မလုံလောက်သေးဘူး၊ မင်းရဲ့ ပြိုင်ဘက်တွေက တခြားလူတွေရဲ့ ပြိုင်ဘက်တွေထက် စွမ်းအားပိုကြီးတယ်၊ ဘိုးဘိုးပြောတာကို နားလည်လား”

ဟန်လျန်ဟာ နှုတ်ခမ်းမဲ့သွားပါတယ် “သားတို့ တိတ်ဆိတ်ဂိုဏ်းနဲ့ ဟန်မိသားစုက တော်တော်လေး စွမ်းအားကြီးတယ်ဆိုတော့ သား သိပါတယ်၊ နောက်ပြီး ဆရာဦးလေး လုံဟောင်ကလည်း ပြောတယ်၊ ဘယ်သူမှ သားတို့ကို ရန်မစရဲဘူးတဲ့”

“အဲဒီကောင်စကားကို နားမထောင်နဲ့၊ အဲဒီကောင်က အပြင်မှာ သေတော့မလို့ပဲ... ဟွန်း...”

ဟန်ကျွယ်ဟာ ကောင်းကင်တာအို အနန္တကပ်ဘေးမှာ လုံဟောင် ဘာတွေ ကြုံတွေ့ခဲ့ရလဲဆိုတာကို ပြန်ပြောင်း ပြောပြလိုက်ပါတယ်။ ဟန်လျန်ဟာ ထပ်ပြီးတော့ လန့်သွားပါတယ်။ သူ့ရဲ့ နူးညံ့သိမ်မွေ့တဲ့ ဆရာဦးလေးလုံက ဒီလောက်ထိ ဖီဆန်တက်လိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး.

ဟန်ကျွယ်က အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ် “ဒါက ကျရှုံးမဲ့လမ်းပဲ၊ မင်း ဒါကို သင်ခန်းစာ ယူရမယ်၊ ဘိုးဘိုးက သူ့ကို အမြင့်ကြီး တွေးထားခဲ့တာ၊ ဒါပေမဲ့ အခုတော့ ဘိုးဘိုးက မင်းကို အမြင့်ကြီး တွေးထားတယ်၊ ဟန်လျန်... မင်းက ထူးထူးခြားခြား မွေးဖွားလာတာ၊ လူတိုင်းကလည်း မင်းကို ချစ်ကြတယ်၊ မင်းရဲ့ စမှတ်ကလည်း သက်ရှိအားလုံးထက် ပိုမြင့်တယ်၊ အဲဒါကြောင့် မင်းရဲ့ နှလုံးသားက တည်ငြိမ်ဖို့ လိုတယ်၊ ကျင့်ကြံတာက ကျင့်ကြံမှုချည်းပဲ မဟုတ်ဘူး၊ နှလုံးသားကို လေ့ကျင့်တာလည်း ပါတယ်”

ဟန်လျန်ဟာ ဟန်ကျွယ်စကားကို နားလည်သလို ရှိပါတယ်။ ဒါပေမဲ့ ဟန်လျန်ဟာ အတွေ့အကြုံ နည်းနည်းပဲ ရှိသေးတဲ့အတွက် တချို့အရာတွေကို သဘောပေါက် နားလည်ဖို့ ခက်ခဲနေပါသေးတယ်။

“အဲဒါဆို သား ဘယ်အချိန်ကျရင် အပြင်ထွက်လို့ ရမှာလဲ” ဟန်လျန်က မေးလိုက်ပါတယ်။

“အနည်းဆုံး မဟာတာအိုပညာရှိ ဖြစ်ရင်ပေါ့”

“မဟာတာအိုပညာရှိ...” ဟန်လျန်ရဲ့ မျက်နှာဟာ မချိတင်ကဲ ဖြစ်သွားပါတယ်။ မဟာတာအိုပညာရှိ အဆင့်ကိုရောက်ဖို့ လွတ်လပ်တာအိုပညာရှိ တစ်ဆင့်ပဲ လိုတာဆိုပေမဲ့ တော်တော်လေးကိုမှ ဝေးကွားလွန်းပါတယ်။

တာအိုရယူပြီးနောက် ဟန်လျန်ဟာ အဆင့်လေးတစ်ဆင့် ထိုးဖောက်ဖို့တောင် တော်တော်လေး ခက်ခဲတယ်လို့ ခံစားလာရပါတယ်။

ဟန်ကျွယ်ဟာ ဟန်လျန်ကို ဂရုမစိုက်တော့ဘဲ စာစောင်တွေကို စပြီးတော့ စစ်ဆေးပါတယ်။ ဟန်ကျွယ်ဟာ စာစောင်တွေကို ဖတ်ရှုရင်း ဗလာနယ်မြေကို အကဲခတ်တာ အကျင့်ဖြစ်နေပါပြီ။ ဒါက ဟန်ကျွယ်ရဲ့ ပျော်ရွှင်မှု နည်းနည်းလေးတွေထဲက တစ်ခုပါ။

ဟန်လျန်ဟာ အတန်ကြာ ရုန်းကန်ပြီးနောက် ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။

.....

ကိုယ့်လက်ချောင်းကိုတောင် ကိုယ်ပြန်မမြင်ရတဲ့ လျှို့ဝှက်နယ်မြေတစ်ခုမှာ အလင်းရောင် ခပ်ယဲ့ယဲ့ ဖြာထွက်နေတဲ့ ခေါင်းတစ်ခေါင်းဟာ ရှေ့ကို ခရီးနှင်နေပါတယ်။ ဒီခေါင်းက ပဋိပက္ခသိစိတ်ပါ။ သူ့မျက်နှာပေါ်က မျက်လုံးရှစ်လုံးဟာ အရပ်ရှစ်မျက်နှာကို ကြည့်နေပါတယ်။

အချိန်တစ်ခု ကြာသွားတဲ့ အခါမှာတော့ ပဋိပက္ခသိစိတ်ဟာ ရှေ့သွားနေတာ ရပ်လိုက်ပါတယ်။ သူ့ရှေ့မှာ ကြက်သွေးရောင် ဥကြီးတစ်လုံး ပေါ်လာပါတယ်။ ဒီကြက်သွေးရောင်ဥကြီးရဲ့ ပတ်လည်မှာ သွေးကြော အမြောက်အမြား ရစ်ပတ်နေပါတယ်။ အသွင်အပြင်ကို တော်တော်လေး ကြောက်စရာ ကောင်းလှပါတယ်။

နဂါးပုံစံသတ္တဝါတစ်ကောင်ဟာ ဒီဧရာမဥကြီးထဲမှာ ကူးခတ်နေပါတယ်။ မကြာမကြာဆိုသလို ဒီသတ္တဝါဟာ အသွင်ပြောင်းပြီး ရှေးကျတဲ့ရောင်ဝါကို ထုတ်လွှတ်ပါတယ်။

“နောက်ဆုံးတော့ မင်း ရောက်လာပြီပဲ” ရှေးကျတဲ့အသံတစ်သံ ထွက်ပေါ်လာပါတယ်။

ပဋိပက္ခသိစိတ်က မေးလိုက်ပါတယ် “မင်းဘာလုပ်ဖို့ စီစဉ်ထားလဲ”

“ငါရဲ့ ပင်မခန္ဓာကိုယ်ကို သူထိန်းချူပ်လိုက်ပြီဆိုတော့ ခံစားလို့ရတယ်၊ မကြာခင်မှာ ငါ့ရဲ့ ပင်မခန္ဓာကိုယ်လည်း သူ့ကျေးကျွန် ဖြစ်သွားလိမ့်မယ်”

ပဋိပက္ခသိစိတ်ဟာ တိတ်ဆိတ်သွားပါတယ်။ သူ ဒီနေရာ လာတာကိုက ကြီးမားတဲ့ စွန့်စားမှုကြီးပါ။

“ပဋိပက္ခသိစိတ်... အခွင့်အရေး ရှိသေးတယ်၊ သူက တာအိုဖန်တီးရှင်အဆင့်ကို ကျော်လွန်သွားလို့ သူ့ကိုယ်သူ အရှင်သခင်လို့ ခေါ်ပေမဲ့ သူက အရာအားလုံးကို မချုပ်ကိုင်နိုင်သေးဘူး၊ ဗလာနယ်မြေထဲမှာ မသိနိုင်တဲ့အရာတွေ အများကြီး၊ ဒီလိုနေ့မျိုး ရောက်လာမယ်ဆိုတာကို ငါ အ‌စောကြီးကတည်းက ကြိုတွက်ထားပြီးသား၊ အဲဒါကြောင့် ငါ့ အတွင်းနတ်ဆိုးကို ဖြတ်တောက်ပြီး နှစ်ပိုင်းခွဲခဲ့တာပဲ၊ ငါ မင်းကို ဒီတစ်ကြိမ် လာခိုင်းတာက တာအိုဖန်တီးရှင်အဆင့်ထက် ကျော်လွန်တဲ့ တည်ရှိမှုတစ်ခုကို ပျိုးထောင်ချင်လို့ပဲ”

“ဒီတည်ရှိမှုသာ ဗလာနယ်မြေထဲက သက်ရှိအားလုံးနဲ့ ပျက်စီးသွားရင် ငါတို့တွေ အရာအားလုံးကို ပြန်တည်ဆောက်လို့ရတယ်”

ရှေးကျတဲ့အသံဟာ ခံစားချက် လုံးဝ မရှိပါဘူး။

ပဋိပက္ခသိစိတ်က မေးလိုက်ပါတယ် “ငါတို့မှာ တကယ်ရော အနိုင်ရနိုင်ခြေ ရှိလို့လား”

“မင်းက ဒီနေရာမှာ ရပ်ချင်လို့လား၊ မင်း တာအိုဖန်တီးရှင်အဆင့်ကို ကျော်မတက်ချင်တော့ဘူးလား”

ပဋိပက္ခသိစိတ်ဟာ ထပ်ပြီးတော့ တိတ်ဆိတ်သွားပါတယ်။ သူဟာ ရှေးကျတဲ့အသံကို မငြင်းဆန်နိုင်ပါဘူး။ တာအိုဖန်တီးရှင်တိုင်းမှာ သက်ရှိအားလုံးထက် ပိုအားကောင်းတဲ့ ရည်မှန်းချက်တွေ ရှိကြပါတယ်။ ပဋိပက္ခသိစိတ်ရဲ့ ရည်မှန်းချက်ကလည်း တခြား တာအိုဖန်တီးရှင် သုံးပါးထက် ပိုကြီးပါတယ်။

ဒါကြောင့်လည်း ဟန်ကျွယ် ပြိုင်ဘက်ကင်းသွားတာတောင် ပဋိပက္ခသိစိတ်ဟာ ဒီနေရာကို လာရဲတာ ဖြစ်ပါတယ်။

အခုအချိန်မှာ သဏ္ဍာန်မဲ့နတ်မင်းနဲ့ ယင်ယန်ချွမ်တုနတ်မင်းက ဟန်ကျွယ်ဆီမှာ အညံ့ခံသွားပါပြီ။ ကျန်တဲ့ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ကလည်း သုံးစားမရပါဘူး။

ပဋိပက္ခသိစိတ်က မေးလိုက်ပါတယ် “အချိန်ဘယ်လောက် ကြာမှာလဲ”

“စောင့်မှာသာ စောင့်စမ်းပါ၊ မင်း တာအိုဖန်တီးရှင် ဖြစ်လာတဲ့ အချိန်လောက်တော့ မကြာပါဘူး၊ အဆုံးမဲ့ခေတ်က တောက်ပပေမဲ့ တကယ်တော့ ပျက်သုန်းမှုဆီ ဦးတည်နေတာ၊ သူက တာအိုဖန်တီးရှင်အဆင့်ကို ကျော်လွန်သွားပေမဲ့ ဗလာနယ်မြေကိုရော လောကဦးပဋိပက္ခ ဘာဖြစ်လို့ ပျက်စီးသွားတယ် ဆိုတာကိုရော နားမလည်ဘူး၊ ငါက သူနဲ့ မတူဘူး”

ဧရာမဥကြီးထဲက သတ္တဝါဟာ ရုတ်တရက် စကားပြောတာ ရပ်ပြီး ‌ပျောက်ကွယ်သွားပါတယ်။ ဧရာမဥကြီးရဲ့ အလင်းရောင်ဟာလည်း တစ်နေရာတည်းမှာ စုစည်းကာ ‌နောက်ဆုံး အမှောင်ထုထဲမှာ ပျောက်ကွယ်သွားပါတယ်။

“မင်းလုပ်ရမှာက အရည်အချင်းရှိတဲ့ လူတွေကို တတ်နိုင်သလောက် ခပ်များများ ပျိုးထောင်ပြီး အင်အားကြီးလာအောင် လုပ်ရမယ်၊ အင်အားကြီးလေလေ ပိုကောင်းလေလေပဲ”

အဲဒီနောက် ပဋိပက္ခသိစိတ်ဟာ အဲဒီနေရာကနေ ထွက်ခွာသွားပါတယ်။

.....

အန္တိမမူလကမ္ဘာ။

အန္တိမမူလကမ္ဘာဟာ အဆုံးမဲ့ခေတ် ရောက်လာကတည်းက ကျယ်ပြန့်တာ ရပ်သွားပါတယ်။ ချွမ်တု မဟာတာအိုကမ္ဘာနဲ့ ပေါင်းစပ်ပြီးနောက် အန္တိမမူလကမ္ဘာဟာ ဗလာနယ်မြေထဲမှာ အကြီးမားဆုံးကမ္ဘာတစ်ခု ဖြစ်လာပါတယ်။

အန္တိမမူလကမ္ဘာဟာ အဆုံးမဲ့ခေတ်ရဲ့ ဗဟိုနဲ့ တော်တော်လေးကိုမှ အလှမ်း ဝေးကွာလွန်းပါတယ်။ လက်တစ်ဆုပ်စာလူတွေပဲ အန္တိမမူလကမ္ဘာနဲ့ ပတ်သက်ကြပါတယ်။ ဒါပေမဲ့ အန္တိမမူလကမ္ဘာရဲ့ ဒဏ္ဍာရီတွေက အဆုံးမဲ့ခေတ်ရဲ့ ဗဟိုထိကို ပျံ့နှံ့ပါတယ်။

အန္တိမမူလကမ္ဘာရဲ့ အတွင်းပိုင်းက တော်တော်‌လေးကိုမှ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ခေတ်တွေ ပြောင်းလဲပြီး ထိပ်သီးကျင့်ကြံသူတွေ အများကြီး ပေါ်လာပါတယ်။

ဟန်လင်ဟာ အန္တိမမူလကမ္ဘာကို ငရဲပြည်ကနေ ရှာတွေ့ခဲ့တာ တော်တော်ကြာသွားပါပြီ။ ရှန်ရှင်းဆယ်ဖော်ထဲက ဟန်ကျစ်ယွမ်လို့ခေါ်တဲ့ အန္တိမမူလ ကျင့်ကြံမှုစွမ်းရည်ကိုတောင် ပျိုးထောင်ခဲ့ပါသေးတယ်။

အဲဒီနောက်ပိုင်းမှာ ဟန်လင်နဲ့ ဟန်ယွင်ကျင်း ပူးပေါင်းပြီး ဖန်တီးရှင်ဧကရာဇ်ရုံးတော်က တပည့်တွေနဲ့ ဟန်မိသားစု မျိုးဆက်တွေကို အန္တိမမူလကမ္ဘာထဲ စေလွှတ်ခဲ့ပါတယ်။ သူတို့တွေဟာ အန္တိမမူလကမ္ဘာရဲ့ စိတ်ဝိညာဉ်ချီက တခြားကမ္ဘာတွေထက် အများကြီး ပိုသိပ်သည်းပြီး အထွတ်အထိပ် နိယာမ ရှစ်ပါးရှိတာကို ရှာတွေ့သွားခဲ့ပါတယ်။ ဒါက အထင်ကြီးစရာ အကောင်းဆုံး ကမ္ဘာတစ်ခုမလို့ သူတို့တွေဟာ ဟန်ကျွယ်ကို တွေးမိလိုက်ကြပါတယ်။

ဒါကြောင့်လည်း သူတို့တွေ စိတ်ချလက်ချ နေရဲတာပါ။

ဟန်ကျွယ်က အန္တိမမူလကမ္ဘာကို ထုတ်မပြတဲ့အတွက် သူတို့ကလည်း ဘာမှ မမေးပါဘူး။ အချင်းချင်း နားလည်မှု ရှိပါတယ်။

ဒီအချိန်မှာပဲ အန္တိမမူလကမ္ဘာထဲမှာ နတ်ဆိုးတစ်ကောင် မွေးဖွားလာပြီး ကမ္ဘာပေါင်း ဘီလီယံချီကို သောင်းကျန်းပါတယ်။ ကပ်ဘေးတစ်ခု ဖြစ်ပေါ်လာအောင် လှုံ့ဆော်သလိုမျိုးပါပဲ။

နန်းတော်တစ်ဆောင်ထဲမှာ လူပေါင်းတစ်ထောင်ကျော် စုဝေးနေကြပါတယ်။ သူတို့တွေ အကုန်လုံးက အန္တိမမူလကမ္ဘာထဲမှာ မွေးဖွားလာတဲ့ မဟာတာအို နတ်ဘီလူးတွေပါ။ သူတို့ရဲ့ ကျင့်ကြံမှုက အနိမ့်ဆုံး မဟာတာအိုပညာရှိအဆင့် ရှိကြပါတယ်။ မဟာတာအိုပညာရှိချုပ်ကလည်း သုံးဆယ်ကျော်ပါတယ်။ ဒီအင်အားက နည်းနည်း‌နောနော အင်အား မဟုတ်ပါဘူး။

ဒီလူတွေရဲ့ ခေါင်းဆောင်က အသက်ဓာတ် နတ်ဘီလူးပါ။ သူဟာ ဟန်ကျွယ်ရဲ့ ကိုယ်တိုင် သင်ကြားမှုကို ရရှိခဲ့တဲ့ လက်တစ်ဆုပ်စာ တည်ရှိမှုတွေထဲက တစ်ခုပါ။ အန္တိမမူလကမ္ဘာမှာ အဆင့်အတန်း အမြင့်မားဆုံး တည်ရှိမှုဖြစ်ပြီး နတ်ဘုရားအရှင်လို့ ခေါ်ဝေါ်ကြပါတယ်။

အသက်ဓာတ် နတ်ဘီလူးဟာ အကုန်လုံးကို တစ်ချက် အကဲခတ်ပြီး မေးလိုက်ပါတယ် “ဒီနတ်ဆိုးရဲ့ စွမ်းအားက ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ စွမ်းအားတစ်မျိုးပဲ၊ ငါတို့တွေ ဒီကိစ္စကို ဘယ်လိုဖြေရှင်းသင့်တယ်လို့ ထင်လဲ”

မဟာတာအို နတ်ဘီလူးတွေ အကုန်လုံး တိတ်ဆိတ်နေကြပါတယ်။

ဘယ်သူမှ ပါးစပ် မဟကြပါဘူး။

အဲဒီနတ်ဆိုးက တကယ်ကို စွမ်းအားကြီးတာပါ။ မဟာတာအို နတ်ဘီလူး တော်တော်များများလည်း ရှုံးနိမ့်မှုနဲ့ ပြန်လာခဲ့ရပါတယ်။ မဟာတာအိုပညာရှိချုပ် ဒါဇင်ကျော် ပူးပေါင်းပြီး မတိုက်ခိုက်ရင် သူ့ကို အနိုင်ယူနိုင်မှာ မဟုတ်ပါဘူး။

ဖိနှိပ်ပြီးတာတောင် ဒီနတ်ဆိုးကို ဖျက်ဆီးလို့ မရပါဘူး။ တကယ်ကို မသေနိုင် မပျက်စီးနိုင်တဲ့ တည်ရှိမှုပါ။ အရေးအကြီးဆုံးက ဖိနှိပ်ခံရတဲ့အချိန်မှာတောင် ဒီနတ်ဆိုးက စွမ်းအား ပိုပိုကြီးလာတာပါ။ ဒီအကြောင်းကြောင့်ပဲ သူတို့တွေ အရှက်ရပြီး စိတ်အေးလက်အေး မနေနိုင်တာ ဖြစ်ပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters