ကျင့်ကြံမှု အရည်အချင်း
Vol. 110 Ch. 1147
တိတ်ဆိတ်နေတဲ့ ခန်းမက တော်တော်လေး ဖိစီးလွန်းပါတယ်။ အသက်ဓာတ်နတ်ဘီလူးဟာ မျက်မှောင်ကြုတ်သွားပြီး မကျေမနပ် ဖြစ်သွားပါတယ်။
“ဒီနတ်ဆိုးရဲ့ စွမ်းအားက သာမန်မဟုတ်တာ အမှန်ပဲ၊ ကောင်းကင်ကို ဘာဖြစ်လို့ အကူအညီ တောင်းမကြည့်တာလဲ” မဟာတာအို နတ်ဘီလူးတစ်ပါးက မေးလိုက်ပါတယ်။
တခြား မဟာတာအို နတ်ဘီလူးတွေကလည်း သဘောတူကြပြီး ပြောစရာ စကားစ ရသွားတဲ့အတွက် ခန်းမတစ်ခုလုံး ရုတ်ခြည်း ဆူညံသွားပါတယ်။
“ဟုတ်တယ်၊ ငါတို့တွေ မသိမှတော့ ကောင်းကင်ကို မေးကြည့်ရမယ်”
“ရှကျဲ့မျိုးနွယ်စုအရှင်က ကောင်းကင်နဲ့ ဆက်သွယ်လို့ရပုံပဲ”
“ရှကျဲ့မျိုးနွယ်စုက ဘာသုံးစားရလို့လဲ၊ ဒီနတ်ဆိုးက သူတို့မျက်စိအောက်မှာ ကြီးလာတာ”
“အဲဒီလိုတော့ မပြောနဲ့လေ၊ မဟာတာအို နတ်ဘီလူးတွေနဲ့ ရှကျဲ့မျိုးနွယ်စုတွေက ကောင်းကင်ရဲ့ မျက်နှာသာပေးမှုကို ရထားတာ၊ ငါတို့တွေ ညီအစ်ကိုလိုမျိုး ရင်းရင်းနှီးနှီး နေထိုင်သင့်တယ်”
အသက်ဓာတ်နတ်ဘီလူးဟာ သူတို့စကားတွေကို ကြားရလို့ မျက်မှောင် ပြေမသွားပါဘူး။ ပိုပြီးတော့ အဓိပ္ပာယ်မရှိဘူးလို့တောင် ခံစားလိုက်ရပါတယ်။ သူသာ ကောင်းကင်ကို မေးနိုင်ရင် မေးပြီးတာ ကြာပါပြီ။
ဒီအချိန်မှာ အဘိုးအိုတစ်ဦးက ထပြောပါတယ် “ငါ့မှာ ဒီနတ်ဆိုးကို ပြန်လည်မွေးဖွားခြင်း စက်ဝန်းဆီ ပို့ပြီး ကြီးထွားလာမှု နှေးအောင် လုပ်နိုင်တဲ့ နည်းလမ်း ရှိတယ်”
မဟာတာအိုနတ်ဘီလူး အများစုဟာ ဒီအဘိုးအိုရဲ့ အဆိုပြုချက်ကို သဘောတူကြပါတယ်။
အသက်ဓာတ်နတ်ဘီလူးဟာ အဓိပ္ပာယ်ရှိတယ်လို့ ခံစားရတာကြောင့် အဘိုးအိုရဲ့ အဆိုကို သဘောတူပါတယ်။
မဟာတာအို နတ်ဘီလူးတွေဟာ သက်ပြင်းရှည်ကြီး ချလိုက်ကြပါတယ်။ အနည်ဆုံး သူတို့မှာ နည်းလမ်း ရှိသေးတယ် မဟုတ်ပါလား။ သူတို့တွေဟာ ဒီနတ်ဆိုးကို ထပ်ပြီးတော့ ရင်မဆိုင်ချင်ကြတော့ပါဘူး။
အန္တိမမူလကမ္ဘာရဲ့ ကပ်ဘေးက ဟန်ကျွယ်ရဲ့ အာရုံကို မဆွဲဆောင်နိုင်ပါဘူး။ တကယ်လို့သာ အန္တိမမူလကမ္ဘာကို အန္တရာယ်ဖြစ်စေမယ်ဆိုရင် သာလွန်နိယာမက ဟန်ကျွယ်ကို သေချာပေါက် သတိပေးမှာပါ။
အဆုံးမဲ့ခေတ်ဟာ ဖန်တီးတဲ့အချိန်နဲ့ တဖြည်းဖြည်း ဝေးကွာလာခဲ့ပါပြီ။ ငြိမ်းချမ်းရေးက ထာဝရ မတည်နိုင်ပါဘူး။ ထိပ်သီးကျင့်ကြံသူတွေ အကုန်လုံးရဲ့ ရည်မှန်းချက်က စတင် ကြီးမားလာပါတယ်။ အထူးသဖြင့် မဟာတာအို အထွတ်အထိပ် ထိပ်ဆုံးအဆင့် ကျင့်ကြံသူတွေပါ။
ဒီလောက် နှစ်တွေကြာသွားတာတောင် သူတို့တွေဟာ တာအိုဖန်တီးရှင် ဖြစ်လာနိုင်တဲ့ နည်းလမ်းကို ရှာမတွေ့တဲ့အတွက် တခြားအတွေးတွေ စတွေးလာကြပါတယ်။
တချို့ သွေးကြွေးရှိတဲ့ အင်အားစုတွေဟာ သဘောထားကွဲလွဲမှုတွေ စတင်ဖြစ်ပေါ်လာပါတယ်။
မဟာကမ္ဘာတွေရဲ့ တိုက်ပွဲက စတင်လာပါပြီ။
မျက်တောင်တစ်ခတ်အတွင်း နှစ်တစ်သန်း ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ချူရှောင်ချီကို ပထမဆုံး ကြည့်လိုက်ပါတယ်။ နှစ်တစ်သန်းက ချူရှောင်ချီအတွက် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ လုံလောက်ပါတယ်။
မဟာကမ္ဘာတိုက်ပွဲတွေ စတင်လာတာနဲ့ တာအိုဆန်းကြယ်နယ်မြေလည်း မုန်တိုင်းထဲ ရောက်သွားပါတယ်။ တာအိုဆန်းကြယ်နယ်မြေရဲ့ ကမ္ဘာငယ်လေးတွေဟာ အင်အားစု အသီးသီးက လာကြတာပါ။ သူတို့တွေက တာအိုဆန်းကြယ်နယ်မြေမှာအောက်မှာ လာစုစည်းနေကြပေမဲ့ သူတို့ကို အရင်ပိုင်ဆိုင်ထားခဲ့တဲ့ အင်အားစုတွေရဲ့ ထိန်းချုပ်မှုက အားကောင်းနေပါသေးတယ်။
ချူရှောင်ချီနဲ့ ချန်ကျွယ်ဟာ သေခြင်းရှင်ခြင်း အခြေအနေကို အကြိမ်ပေါင်း မြောက်မြားစွာ ရင်ဆိုင်ခဲ့ရပါတယ်။ သူတို့နှစ်ယောက်ဟာ ဆက်တိုက် စွမ်းအားကြီးမားလာနေပေမဲ့ တာအိုဆန်းကြယ်နယ်မြေထဲမှာ အောင်မြင်မှု အများကြီး မရယူနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ ဘာအင်အားစုမှ မရှိလို့ပါ။
ဟန်ကျွယ်ဟာ အကြည့်ကို ပြန်ရုပ်သိမ်းပြီး ဟန်လျန်ကို ကြည့်လိုက်ပါတယ်။ သူ့ရှေ့မှာ ထိုင်နေတဲ့ ဟန်လျန်ရဲ့ ခန္ဓာကိုယ်ဟာ ရွှေရုပ်တုလိုပါပဲ။ ကြည့်ရတာ ဟန်လျန်က သူ့ခန္ဓာကိုယ်ကို စပြီး လေ့လာပုံပါပဲ။
ဟန်လျန်ရဲ့ သွေးစည်းက လောကဦးနတ်ဘီလူးထက် မနိမ့်ကျပါဘူး။ နောက်ပြီး သူ့သွေးစည်းက အဆုံးမဲ့ခေတ်ရဲ့ ပထမဆုံး ထိပ်ဆုံး သွေးစည်း ဖြစ်တာကြောင့် ဟန်ကျွယ်ဟာ ဟန်လျန်ကို တော်တော်လေး မျှော်လင့်ထားပါတယ်။
“ဝင်လာခဲ့...”
ဟန်လျန်ဟာ မျက်လုံးဖွင့်ပြီး လှည့်ကြည့်လိုက်တဲ့အခါ ဟန်လင်က ကိုယ်ရောင်ကိုယ်ဝါတွေ ရုပ်သိမ်းပြီး မူလအသွင်နဲ့ တာအိုဘုံကျောင်းထဲ ဝင်လာတာကို တွေ့လိုက်ရပါတယ်။
“ဟီးဟီး... ဒေါ်လေး,လေး မတွေ့ရတာ အတော်ကြာပြီနော်” ဟန်လင်ဟာ ဟန်လျန်ကို ပြုံးပြပြီး ဟန်ကျွယ်ရှေ့ လျှောက်သွားကာ တလေးတစား ဦးညွှတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ စိတ်ထဲမှာ သက်ပြင်းချလိုက်ပါတယ်။ အပြင်ထွက်ပြီး လေ့ကျင့်တဲ့ ဟန်လင်ဟာ သူနဲ့ အရင်တုန်းကလိုမျိုး ရင်းရင်းနှီးနှီး မရှိတော့ပါဘူး။ ဆရာတပည့်လိုမျိုး ဖြစ်သွားပါတယ်။ ဟန်လင် တစ်ယောက်တည်း မဟုတ်ပါဘူး။ အပြင်ထွက်တဲ့ ကလေးတိုင်း မျိုးဆက်တိုင်း ဒီအတိုင်းပါပဲ။
အဲဒါကြောင့်ပဲ ဟန်ကျွယ်ဟာ သူ ပျိုးထောင်ချင်တဲ့လူကို အလွယ်တကူ အပြင်ထွက်ခွင့် မပေးတာပါ။ အပြင်တစ်ခါ ထွက်တာနဲ့ သူတို့ရဲ့ ဆက်ဆံရေးက အရင်လို ပြန်မဖြစ်နိုင်တော့ပါဘူး။
သူ့ကလေးတွေ အပြင်ထွက် လေ့ကျင့်ပြီး သူ ဘယ်လောက် စွမ်းအားကြီးမားတယ်ဆိုတာကို သိလိုက်ရတဲ့အခါမှာ သူ့ကို ကြည်ညိုလေးစားသွားမှာ သေချာပါတယ်။ နောက်ပြီး မတွေ့ရတဲ့နှစ်တွေကလည်း ကြာသွားတော့ သူတို့ရဲ့ ဆက်ဆံရေး အေးစက်သွားတာ အဆန်းတော့ မဟုတ်ပါဘူး။
ဟန်ကျွယ်မှာ သားသမီးငါးယောက်နဲ့ မျိုးဆက် အမြောက်အမြား ရှိတာကြောင့် မိသားစုရင်းနှီးမှုက သူ့အတွက် သိပ်ပြီးတော့ အရေးမကြီးပါဘူး။ အနည်းဆုံး သူ့ကလေးတွေက ဒီလိုမျိုး တွေးကြပါတယ်။
“ဖေဖေ... သမီး အန္တိမမူလကမ္ဘာအတွက် ရောက်လာတာ”
ဟန်လင်ရဲ့ စကားကြောင့် ဟန်လျန်ဟာ ထူးထူးဆန်းဆန်း ဖြစ်သွားပါတယ် ‘အန္တိမမူလကမ္ဘာ...’
ဟန်ကျွယ်က ဘာမှမပြောပါဘူး။ ဟန်လင်က ဆက်ပြောပါတယ်။
ဖန်တီးရှင်ဧကရာဇ်ရုံးတော်က အန္တိမမူလကမ္ဘာဆီ စေလွှတ်ထားတဲ့ ပါရမီရှင်တွေ အကုန်လုံးဟာ အန္တိမမူလသက်ရှိတွေ ဖြစ်သွားကြပါပြီ။ အခု အန္တိမမူလကမ္ဘာထဲက သက်ရှိအားလုံးဟာ ပဋိပက္ခရဲ့ မဟာတာအို အနန္တကပ်ဘေးတုန်းကလိုမျိုး ကြောက်ရွံထိတ်လန့်ပြီး တုန်လှုပ် ချောက်ချားနေကြပါတယ်။
“အဲဒီမိစ္ဆာနတ်ဆိုးရဲ့ စွမ်းအားက တကယ်ကို ထူးဆန်းတယ်၊ သတ်လို့မရတဲ့အပြင် အကန့်အသတ်မရှိ စွမ်းအားကြီးလာနိုင်သေးတယ်၊ အခု သမီးတို့တွေ မဟာတာအိုပညာရှိချုပ် နှစ်ဆယ် ပူးပေါင်းမှပဲ သူ့ကို ဖိနှိပ်နိုင်တော့တာ” ဟန်လင်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
‘မဟာတာအိုပညာရှိချုပ်...’ ဟန်လင်ဟာ ကြောင်လိုမျိုး သိချင်စိတ် ပြင်းပြသွားပါတယ်။ သူ့နှလုံးသားထဲမှာ ပုရွက်ဆိတ်တွေ တွယ်တက်နေသလိုပါပဲ။
ဟန်ကျွယ်ဟာ ခပ်ယဲ့ယဲ့ ပြုံးလိုက်ပါတယ် “သမီးက အဖေ့ရဲ့ အန္တိမမူလကမ္ဘာကို ဘာဖြစ်လို့ ဒီလောက် စိုးရိမ်နေရတာလဲ၊ သာမန်ငယ်လူ တစ်ယောက်အတွက်နဲ့ အဖေ့ဆီ ကိုယ်တိုင်လာတာ တန်လို့လား၊ ဒါ သမီးရဲ့ ပုံစံ မဟုတ်ပါဘူး”
ဟန်လင် မတတ်နိုင်တဲ့အပြုံး ပြုံးလိုက်ပါတယ် “အဖေ့ကို သမီး ဖုံးကွယ်ထားလို့ မရဘူးပဲ၊ တကယ်တော့ သမီးစိတ်ဝင်စားတာက အဲဒီမိစ္ဆာနတ်ဆိုးရဲ့ စွမ်းအား၊ လက်ရှိ အဆုံးမဲ့ခေတ်မှာ တာအိုဖန်တီးရှင် အသစ်တစ်ပါးမှ ပေါ်မလာသေးဘူး၊ သမီးရဲ့ မဟာတာအိုကမ္ဘာက နိယာမတွေ မပြည့်စုံသေးဘူးလို့ အမြဲတမ်း တွေထားခဲ့တာ၊ ဒါပေမဲ့ ဒီမိစ္ဆာနတ်ဆိုးကိုမြင်တော့ သမီးမှာ နောက်ထပ် ရွေးချယ်စရာတစ်ခု ရှိသွားတယ်”
“တာအိုဖန်တီးရှင်အဆင့်ရောက်ဖို့ အရည်အချင်း လိုတယ်မလား”
ဟန်ကျွယ်ဟာ ပြုံးပြီး ဘာမှ ပြန်မဖြေပါဘူး။
ဟန်လင်ဟာ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ် ‘ငါ့ခန့်မှန်းချက် မှန်သွားပုံပဲ’ ဟန်လင်ဟာ စိတ်လှုပ်ရှားသွားပါတယ်။ အနည်းဆုံး တာအိုဖန်တီးရှင် ဖြစ်လာဖို့ အဓိကလျှို့ဝှက်ချက်ကို သိလိုက်ရပြီ မဟုတ်ပါလား။
အရည်အချင်း။
ဒီလောက်များတဲ့ မဟာတာအိုပညာရှိချုပ်တွေက ဘာဖြစ်လို့ တစ်ယောက်မှ တာအိုဖန်တီးရှင် ဖြစ်မလာနိုင်ကြတာလဲ။
မဟာတာအိုကမ္ဘာကလွဲရင် အရည်အချင်းနဲ့လည်း ပတ်သက်နေတာကြောင့်ပါ။ မဟုတ်ရင် ရှေးကတည်းက အခုအချိန်အထိ တာအိုဖန်တီးရှင်က လက်တစ်ဆုပ်စာပဲ ရှိနေမှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ပြုံးရင်း ဟန်လင်ကို စိုက်ကြည့်လိုက်ပါတယ်။ အဆုံးမဲ့ခေတ်ရဲ့ မိစ္ဆာနတ်ဆိုးက တကယ်ကို ထိပ်တန်း အရည်အချင်း ရှိပါတယ်။ ဒီအတိုင်း ဆက်ကြီးထွားရင် တာအိုဖန်တီးရှင် ဖြစ်လာနိုင်ပါတယ်။ သူ့အရည်အချင်းက ဒီလောက်ကောင်းလွန်းလို့လည်း တခြားလူတွေက လိုချင်နေကြတာပါ။
သဘောထား ကွဲလွဲမှုတွေကြောင့် သူတို့တွေ ဆက်တိုက် တိုက်ခိုက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ဘဲ နောက်ဆုံးမှာ သက်ရှိတွေ ခေါ်တဲ့ မိစ္ဆာနတ်ဆိုး ဖြစ်သွားကြပါတယ်။
တကယ်တော့ အန္တိမမူကမ္ဘာထဲက နတ်ဆိုးဟာ မိစ္ဆာနတ်ဆိုးစစ်စစ် မဟုတ်ပါဘူး။ အန္တိမမူလကမ္ဘာထဲမှာ မွေးဖွားလာတဲ့ အကောင်းဆုံး အလားအလားရှိတဲ့လူပါ။ သူသာ ပုံမှန်အတိုင်း နေထိုင်ခွင့်ရမယ်ဆိုရင် တစ်နေ့ကျ သေချာပေါက် တာအိုဖန်တီးရှင် ဖြစ်လာမှာပါ။
ဒီအကြောင်းကြောင့်ပဲ မဟာတာအိုပညာရှိချုပ်တွေဟာ သူ့အနာဂတ်ကို မမြင်နိုင်ကြတာပါ။ အဲဒါကြောင့် သူတို့တွေဟာ သူ့ကို ကပ်ဘေးလို့ ထင်နေကြတာပါ။
ဒါပေမဲ့ ဟန်လင် သူ့ကို ပစ်မှတ်ထားတာက အဲဒီလောက်ထိ ရိုးရှင်းမှာ မဟုတ်ပါဘူး။
ဟန်ကျွယ် “သမီးက ဘာလုပ်ချင်တာလဲ”
ဟန်လင် “သမီးက စပ်စုချင်ရုံပါ၊ သမီးရဲ့ အရည်အချင်းက တာအိုဖန်တီးရှင် ဖြစ်လာဖို့ ဘယ်လောက်လိုသေးလဲဆိုတာ သိချင်လို့”
‘တာအိုဖန်တီးရှင်...’ ဟန်လျန်ဟာ ပိုပြီးတော့ ခေါင်းရှုပ်သွားပါတယ် ‘ဒါ ဘာတွေလဲ’
ဟန်ကျွယ် “သမီးမှာ လိုတာက အချိန်ပဲ”
ဟန်ဟွမ်၊ ဟန်လင်နဲ့ ဟန်လျန်တို့မှာ တာအိုဖန်တီးရှင် ဖြစ်လာဖို့ အရည်အချင်းရှိသလို မဟာဖန်တီးမှုတွေလည်း ရှိကြပါတယ်။ တခြားကလေးတွေကတော့ သူတို့ထက် အများကြီး နိမ့်ကျပါတယ်။
“အဲဒီမိစ္ဆာနတ်ဆိုးကို ဖေဖေ ဘယ်လိုထင်လဲ”
“ဂရုမစိုက်ဘူး”
ဟန်လင်ဟာ ခေါင်းညိတ်လိုက်ပါတယ်။ အဲဒီနောက် သားအဖနှစ်ယောက်ဟာ စကား နည်းနည်းပါးပါး ထပ်ပြောကြပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်လင်ဟာ ဟန်ကျွယ်ကို နှုတ်ဆက်ပြီး ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်ဟာ ဟန်လင် ထွက်သွားတဲ့အခါ အသာ သက်ပြင်းချလိုက်ပါတယ် “လူသားရဲ့ နှလုံးသားက တကယ်ကို နက်ရှိုင်းလွန်းတယ်၊ တာအိုပညာရှိ နှလုံးသားက ဒီထက်တောင် နက်ရှိုင်းသေးတယ်”
ဟန်လျန်ဟာ ခေါင်းကုတ်ပြီး မေးလိုက်ပါတယ် “ဘိုးဘိုးက ဘာပြောချင်တာလဲ”
“ဘာမှ မဟုတ်ပါဘူးကွာ၊ နောက်ကျရင် မင်းရော ပြောင်းလဲသွားမှာလား”
“ပြောင်းလဲသွားမှာပေါ့၊ နောက်ကျရင် ကျွန်တော်က ဒီထက် စွမ်းအားကြီးလာမှာ... ဟီးဟီး...”
“ငတုံးလေး”
“ဟီးဟီး”
ဟန်လျန်ဟာ သူ့ဘိုးဘိုးက သူ့ကို ချီးကျူးနေတယ်လို့ ထင်ပြီး ပိုပြီးတော့ ပြုံးရွှင်သွားပါတယ်။
ဟန်ကျွယ်ဟာ ခေါင်းသာ ခါမိလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဟန်လင်ရဲ့ ရည်မှန်းချက်ကို မြင်နိုင်ပါတယ်။ မဟာာအို အနန္တကပ်ဘေး ပြီးဆုံးကတည်းက ဟန်လင်ဟာ သူ့ဧကရာဇ်စစ်သားတွေက စွမ်းအားသိပ်မကြီးဘူးလို့ ခံစားလာရပါတယ်။ အဲဒါကြောင့် ဟန်လင်ဟာ အကြံကြီးတစ်ခုကြံခဲ့ပြီး နောက်ဆုံး အောင်မြင်သွားခဲ့ပါတယ်။
ဟန်လင်ဟာ ဧကရာဇ်စစ်သားတွေထဲကို သက်ရှိစိတ်ဝိညာဉ်တွေ သန့်စင်ပြီး ထည့်ပါတယ်။ ဒီအခါမှာ အဲဒီဧကရာဇ်စစ်သားတွေရဲ့ ဓမ္မစွမ်းအားနဲ့ အရည်အချင်းက ဟန်လင်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာပါတယ်။ အခု ဟန်လင်ဟာ အန္တိမမူလကမ္ဘာရဲ့ မိစ္ဆာနတ်ဆိုးကို ပစ်မှတ်ထားလာပါပြီ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။