← Chapters

ဖန်တီးရှင်သခင်ရဲ့ ကရုဏာ

Vol. 110 Ch. 1148

ဖန်တီးရှင်သခင်ရဲ့ ကရုဏာ

Vol. 110 Ch. 1148

တာအိုဖန်တီးရှင် ဖြစ်လာဖို့အတွက် မဟာတာအို အထွတ်အထိပ် ထိပ်ဆုံး ကျင့်ကြံသူတွေဟာ နည်းလမ်းပေါင်းမျိုးစုံ တွေးတော ကြံစည်ကြပါတယ်။ ဟန်လင်လိုပဲ လူအများကြီးက အရည်အချင်းခိုးဖို့ ကြံကြပါတယ်။

ဟန်ကျွယ်ဟာ ဟန်လင်ကို အပြစ်မတင်ပါဘူး။ ကျင့်ကြံခြင်းလမ်းစဉ်က အတ္တလမ်းစဉ်ပါ။ အင်အားကြီးမားတဲ့လူက အင်အားနည်းတဲ့လူကို စားသောက်ပါတယ်။ ဒါကြောင့်မလို့ ဘာမှ ပြောစရာ မရှိပါဘူး။

နောက်ပြီး အဲဒီမိစ္ဆာနတ်ဆိုးက လွယ်လွယ်ကူကူ ရင်ဆိုင်လို့ရတဲ့ တည်ရှိမှု မဟုတ်ပါဘူး။

ဟန်လင်နဲ့ မိစ္ဆာနတ်ဆိုးက တစ်ယောက်ကို တစ်ယောက် ဓားသွေးကျောက်တွေ ဖြစ်သွားကြမှာပါ။

ဒီနှစ်တွေမှာ ဟန်ဟွမ်ဟာ ဗလာနယ်မြေအနှံ့ ခြေဆန့်နေပါတယ်။ ဟန်ကျွယ်ဟာ စာစောင်တွေထဲကနေ ဟန်ဟွမ်က နယ်မြေအသစ်တွေ ရှာဖွေတွေ့ရှိတာကို သတိပြုမိထားပါတယ်။ ဟန်ဟွမ်ဟာ လောကဦးနတ်ဘီလူးရဲ့ ရက်စက်ကြမ်းတမ်းမှုကို ရှောင်ခွာပြီး တာအိုရသွားတဲ့ ကျင့်ကြံသူနဲ့ ပိုပိုတူလာတာကြောင့် ဟန်ကျွယ်ကို အတော်လေး စိတ်ကျေနပ်သွားစေပါတယ်။

ဒီအတိုင်းဆိုရင် ဟန်ဟွမ်ဟာ မကြာခင်မှာ အဆုံးမဲ့ခေတ်ရဲ့ ပထမဆုံး တာအိုဖန်တီးရှင် ဖြစ်လာမှာပါ။

ဟန်ကျွယ်ဟာ မူလ ကာလဒေသကို စူးစမ်းလေ့လာဖို့ စေလွှတ်ထားတဲ့ ကိုယ်ပွားကို ကြည့်လိုက်ပါတယ်။ ဂျိရှင်းရှန် တစ်ခုခု ဖြစ်သွားကတည်းက ဟန်ကျွယ်ဟာ ကိုယ်ပွားတွေ စေလွှတ်ပြီး ဂျိရှင်းရှန်ကို ရှာဖွေနေခဲ့ပါတယ်။ တကယ်တော့ ဂျိရှင်းရှန်ကို ရှာဖွေတာက အရေးကြီးဆုံးကိစ္စ မဟုတ်ပါဘူး။ အဓိကက မူလ ကာလဒေသကို စူးစမ်းလေ့လာတာပါ။

မူလ ကာလဒေသက တကယ်ကို အထင်ကြီးဖို့ ကောင်းပါတယ်။ ဗလာနယ်မြေရဲ့ နိယာမတွေအရဆိုရင် ကျင့်ကြံသူတွေက အချိန်-အာကာသကို ပြောင်းလဲနိုင်သလို ဖျက်ဆီးပစ်လို့လည်း ရပါတယ်။ ဒါပေမဲ့ မူလ ကာလဒေသကိုတော့ ဖျက်ဆီးပစ်လို့ မရပါဘူး။ မူလ ကာလဒေသက သီးခြားတည်ရှိမှုပါ။

မူလ ကာလဒေသက ဗလာနယ်မြေ နိယာမတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို သတ်မှတ်ပေးပါတယ်။ သက်ရှိတွေရဲ့ အတိတ်နဲ့ အနာဂတ်ကို သတ်မှတ်ပေးတာ မဟုတ်ပါဘူး။

ဟန်ကျွယ်ရဲ့ အန္တိမမူလကမ္ဘာက နဝမ အထွတ်အထိပ် နိယာမကို ခဲပြီးပါပြီ။ တာအိုဖန်တီးရှင်တွေပဲ နဝမ အထွတ်အထိပ် နိယာမကို မြင်နိုင်ပါတယ်။ အခုအချိန်မှာတော့ ဟန်ကျွယ်ဟာ မူလ ကာလဒေသကို အသုံးပြုပြီး ဒဿမ အထွတ်အထိပ် နိယာမကို ဖန်တီးဖို့ စီစဉ်ပါတယ်။

အထွတ်အထိပ် နိယာမတွေများလေလေ အန္တိမမူလကမ္ဘာက စွမ်းအားကြီးလာလေလေပါပဲ။

နဝမပဋိပက္ခ ပဋိပက္ခကို ဖန်တီးတုန်းက မဟာတာအိုသုံးထောင် မရှိသေးပါဘူး။ နောက်ပိုင်း သူ စွမ်းအားကြီးလာမှ မဟာတာအိုသုံးထောင် ဖြစ်တည်လာတာပါ။

နောက်ကျလို့ ဟန်ကျွယ်မှာ အထွတ်အထိပ် နိယာမတွေ ပိုပိုများလာရင် သုံးထောင် ပြည့်မသွားဘူးလို့ ဘယ်သူမှ အတပ်မပြောနိုင်ပါဘူး။

ချူရှောင်ချီနဲ့ ချန်ကျွယ်ဟာ သူတို့ခြေထောက်ပေါ် သူတို့ ရပ်နိုင်နေကြပါပြီ။

ဟန်ကျွယ်ဟာ အရင်အတိုင်း အချိန်အကြာကြီး တံခါးပိတ် ကျင့်ကြံဖို့ စီစဉ်ထားပါတယ်။ ဟန်ကျွယ်ဟာ ဆက်ပြီးတော့ စွမ်းအားကြီးချင်တဲ့ ပုဂ္ဂိုလ် ဖြစ်နေတုန်းပါ။

ဟန်ကျွယ်ဟာ မျက်လုံးမှိတ်လိုက်ပါတယ်။

ဟန်ကျွယ် မျက်လုံး ပြန်ဖွင့်လိုက်တဲ့အခါမှာတော့ နှစ်ဆယ်သန်း ကုန်ဆုံးသွားပါပြီ။ အခုဆိုရင် ဟန်ကျွယ်ဟာ အသက် သန်း ၅၈၀ ရှိသွားပါပြီ။

နှစ်ဆယ်သန်းက အဆုံးမဲ့ခေတ်အတွက်တော့ တော်တော်လေး ရှည်ကြာတဲ့ အချိန်အတိုင်းအတာ တစ်ခုပါ။

ဟန်လျန်ဟာ မဟာတာအိုပညာရှိ ဖြစ်လာပြီး ကနဦးအဆင့်ကိုတောင် ကျော်လွန်သွားပါပြီ။

ဟန်ကျွယ်က မျက်လုံးမဖွင့်တဲ့အတွက် ဟန်လျန်ဟာ ဟန်ကျွယ်ကို မနှောင့်ယှက်ရဲပါဘူး။ ဟန်လျန်ဟာ ဟန်ကျွယ် မျက်လုံးဖွင့်လာမဲ့အချိန်ကို စောင့်ဆိုင်းနေတာပါ။

ဟန်ကျွယ် မျက်လုံးဖွင့်ပြီး မကြာခင်မှာပဲ ဟန်လျန်ဟာ ကျင့်ကြံရာက နိုးလာပါတယ်။

ဟန်ကျွယ်ဟာ ဟန်လျန် ဘာမှမပြောနိုင်ခင် ပထမဆုံး ပြောလိုက်ပါတယ် “မင်း အပြင်ထွက်လို့ ရပြီ”

“ဝေး...”

ဟန်လျန်ဟာ ကလေးလိုပဲ စိတ်လှုပ်တရှား ထခုန်လိုက်ပါတယ်။ ဟန်လျန်ဟာ ဟန်ကျွယ်ကို ဖားပြီးတာနဲ့ တာအိုဘုံကျောင်းထဲကနေ ခပ်သုတ်သုတ် ထွက်ခွာသွားပါတယ်။

ဟန်ကျွယ်ဟာ ပြုံးပြီး နဝမပဋိပက္ခရဲ့ စိတ်ဆန္ဒကို ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဘယ်တော့မှ နဝမပဋိပက္ခကို ကျွန်ပြုနိုင်မလဲဆိုတာ မသိပါဘူး။

အဲဒီနောက် ဟန်ကျွယ်ဟာ စာစောင်တွေကို စပြီးတော့ စစ်ဆေးပါတယ်။

[သင့်သား ဟန်ဟွမ်သည် သင့်သား ဟန်ထော်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်တပည့် တာအိုအရှင်သခင်သည် ဟင်းလင်းပြင် နတ်မိသားစု တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၈၉၂၈၇၂၃၃၃၀

[သင့်တပည့် ‌ကျောက်ရွှမ်ယွမ်သည်...]

[သင့်မြေးတပည့် ဖန်းလျန်သည် မူလ ကာလဒေသကို သုံးသပ်နားလည်ပြီး ကျင့်ကြံမှု တိုးတက်သွား၏။]

[သင့်မြေး ချူရှောင်ချီသည် မဟာတာအို နတ်စိတ်ဝိညာဉ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားသည်။]

[သင့်သမီး ဟန်လင်သည် အန္တိမမူလကမ္ဘာထဲသို့ ဝင်ရောက်သွားသည်။]

[သင့်မြေး ဟန်လျန်သည် သွေးစည်းစွမ်းအား နိုးထပြီး ကျင့်ကြံမှု များစွာ တိုးတက်သွား၏။]

[သင့်မိတ်ဆွေ သဏ္ဍာန်မဲ့နတ်မင်းသည် ဗလာနယ်မြေ အခြေခံနိယာမ တစ်စွန်းတစ်စကို သုံးသပ်နားလည်ပြီး ကျင့်ကြံမှု တိုးတက်သွား၏။]

[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် ဗလာအက်ကြောင်းထဲ ကျကာ မှော်မဲ့နယ်မြေသို့ ရောက်ရှိသွားသည်။]

လွန်ခဲ့တဲ့ နှစ်ဆယ်သန်းမှာ ဟန်ကျွယ်ရဲ့ မိတ်ဆွေ အသိုင်းအဝိုင်းဟာ စည်စည်ကားကား ပြန်ဖြစ်လာပါတယ်။ တိုက်ပွဲတွေလည်း ပိုဖြစ်လာပါတယ်။

ဟန်ကျွယ်ရဲ့ တချို့တပည့်တွေနဲ့ ကလေးတွေလည်း အချင်းချင်း တိုက်ခိုက်လာကြပါတယ်။ ဟန်ကျွယ်ဟာ ဒီကိစ္စကို စိတ်မဆိုးပါဘူး။ စိတ်ဝင်တစား ကြည့်ရှုပါတယ်။

ဟန်ကျွယ်ဟာ ဖန်တီးရှင်သခင် ဖြစ်သွားကတည်းက စိတ်ဓာတ်တွေ ပြောင်းလဲသွားပါတယ်။ အရင်တုန်းက ဂရုစိုက်ခဲ့တာတွေကို အခု သိပ်ပြီးတော့ ဂရုမစိုက်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဆီမှာ အရာအားလုံးကို ကာကွယ်နိုင်စွမ်း ပြန်လည် တည်ဆောက်နိုင်စွမ်း ရှိနေတာကြောင့်ပါ။

လောကကြီးက အမြဲတမ်း တစ်သမတ်တည်း ဖြစ်နေရင် ဘယ်လိုလုပ်ပြီး စိတ်ဝင်စားဖို့ ကောင်းတော့မှာလဲ။

ဟန်ကျွယ်ဟာ အငယ်တွေ တိုက်ခိုက်တာကို တားဖို့ အကြောင်း မရှိပါဘူး။ ကျင့်ကြံမှု မြင့်မားလေလေ သူတို့ရဲ့ အသိုင်းအဝိုင်းက သေးလာလေလေပါပဲ။ ရနိုင်တဲ့ အကျိုးအမြတ်တွေကလည်း လျော့ကျလာပါတယ်။ ဒီလိုအခြေအနေမျိုးမှာ တိုက်ခိုက်မှုတွေက ရှောင်လွှဲလို့ မရပါဘူး။ ဘယ်သူက တာအိုဖန်တီးရှင် မဖြစ်ချင်ဘဲ နေမှာလဲ။

ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ အကြံတစ်ခု ရသွားပါတယ်။ အဲဒါကြောင့် ဟန်ကျွယ်ဟာ ချက်ချင်းပဲ သဏ္ဍာန်မဲ့နတ်မင်းရဲ့ နန်းတော်ဆီ သွားပါတယ်။

သဏ္ဍာမဲ့နတ်မင်းဟာ သူ့အဆင့်အတန်းကို ပြသတဲ့အနေနဲ့ ဗလာနယ်မြေ ဗဟိုချက်မရဲ့ အထက်မှာ သီးခြားကမ္ဘာတစ်ခု ဖန်တီးထားပါတယ်။

သဏ္ဍာမဲ့နတ်မင်းဟာ တစ်စုံတစ်ခုကို အာရုံခံမိတာကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် ချက်ချင်း ဦးညွှတ်လိုက်ပါတယ်။ လူကလည်း ရိုရိုကျိုးကျိုး ဖြစ်သွားပါတယ်။

ဟန်ကျွယ်ဟာ သဏ္ဍာမဲ့နတ်မင်းကို အန္တိမမူလ ကောင်းကင်ထောင်နဲ့ ကျွန်မပြုပါဘူး။ အရင်တုန်းက သူ့ဘက်ကို ရွေးချယ်ခဲ့တဲ့အတွက် ဆုပေးတဲ့အနေနဲ့ပါ။

“ငါ့မှာ အန္တိမမူလကမ္ဘာကလာတဲ့ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာ ရှိတယ်၊ မင်း မဟာတာအိုပညာရှိချုပ်တွေကို စုဝေးပြီး သူတို့ကို အခွင့်အရေးပေးလိုက်၊ ငါ ဒီနတ်အခွင့်အာဏာကို အောက်ပိုင်းနယ်မြေတွေဆီ ပစ်ချထားတယ်၊ ဘယ်နေရာမှာလဲ ဆိုတာတော့ သူတို့ဘာသာ ရှာပလေ့စေ”

သဏ္ဍာနတ်မဲ့နတ်မင်းဟာ မော့ကြည့်ပြီး မေးလိုက်ပါတယ် “သူတို့တွေ တာအိုဖန်တီးရှင် ဖြစ်လာနိုင်လား”

“ဖြစ်နိုင်တယ်”

“နားလည်ပါပြီ”

ဟန်ကျွယ်ဟာ ပလ္လင်မှာထိုင်ပြီး သဏ္ဍာမဲ့နတ်မင်းကို တာအိုဟောကြားပေးပါတယ်။ တာအိုဖန်တီးရှင် ဖြစ်လာပြီးနောက် သဏ္ဍာမဲ့နတ်မင်းဟာ တာအိုနားမထောင်ရတာ အတော်ကြာသွားခဲ့ပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ တခြားလူတွေရဲ့ တာအိုက သူ့အတွက် အသုံးမဝင်လို့ပါပဲ။ ဒါပေမဲ့ ဟန်ကျွယ်က ဖန်တီးရှင်သခင်ပါ။

အချိန်တစ်ခု ကြာသွားတဲ့အခါမှာတော့ သဏ္ဍာမဲ့နတ်မင်း နိုးလာပါတယ်။ ဟန်ကျွယ်က ခန်းမထဲမှာ ရှိမနေတော့ပါဘူး။ သဏ္ဍာမဲ့နတ်မင်းဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း... ဖန်တီးရှင်သခင်လို့ မပြောရဘူး”

သဏ္ဍာမဲ့နတ်မင်းဟာ အဆုံးမဲ့ခေတ်ရဲ့ မဟာတာအိုပညာရှိချုပ်တွေနဲ့ တာအိုဖန်တီးရှင်တွေ အကုန်လုံးကို ဆင့်ခေါ်လိုက်ပါတယ်။

နှစ်တစ်ရာကြာတဲ့အခါမှာတော့ မဟာတာအိုပညာရှိအကုန်လုံး ခန်းမထဲမှာ စုဝေးမိသွားပါတယ်။ ပဋိပက္ခသိစိတ်၊ ယင်ယန်ချွမ်တုနတ်မင်းနဲ့ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်တို့လည်း ရောက်လာကြပါတယ်။

အန္တိမမူလကမ္ဘာက မဟာတာအိုပညာရှိချုပ်တွေလည်း လာပါတယ်။ လက်ရှိ အန္တိမမူလကမ္ဘာက အရင်လိုမျိုး တံခါးပိတ်ကမ္ဘာတစ်ခု မဟုတ်တော့ပါဘူး။

သဏ္ဍာမဲ့နတ်မင်း “လက်ရှိကံကို အရှင်သခင်က ငါ့ကို ပေးထားတယ်၊ မင်းတို့တွေ တာအိုဖန်တီးရှင် ဖြစ်လာနိုင်တဲ့ အခွင့်အရေးလို့ ပြောလို့ရတယ်၊ ဒါက အရှင်သခင်ကိုယ်တိုင် ဖန်တီးထားတဲ့ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာပဲ၊ ဒီဟာက အောက်ပိုင်းနယ်မြေကို ရောက်နေပြီ၊ ဘယ်နေရာမှာ ရှိလဲ ဆိုတာတော့ ငါလည်း မသိဘူး”

သဏ္ဍာမဲ့နတ်မင်းရဲ့ စကားသံအဆုံးမှာ ခန်းမတစ်ခုလုံး သောသောညံသွားပါတယ်။ ပဋိပက္ခသိစိတ်၊ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်နဲ့ ယင်ယန်ချွမ်တုနတ်မင်းတို့တောင် အံ့ဩသွားကြပါတယ်။ သူတို့တွေဟာ ဟန်ကျွယ်က အထွတ်အထိပ် နိယာမစွမ်းအားကို ထုတ်ယူပြီး သက်ရှိအားလုံးကို ဆုပေးလိမ့်မယ်လို့ ထင်မထားခဲ့ကြပါဘူး။

ဟန်ဟွမ်၊ ဟန်ထော်၊ ဟန်လင်၊ ဟန်ချင်းအာနဲ့ ဟန်မိသားစုရဲ့ မျိုးဆက်တွေလည်း စိတ်လှုပ်ရှားသွားကြပါတယ်။

မကြာခင်မှာပဲ ဒီနေရာမှာရှိနေတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်အကုန်လုံး ပြဿနာတစ်ခု တက်တော့မယ်ဆိုတာကို သဘောပေါက်သွားကြပါတယ်။

ကပ်ဘေးက လာနေပါပြီ။

တာအိုဖန်တီးရှင် ဖြစ်ဖို့အတွက် သူတို့တွေဟာ သူသေကိုယ်သေ တိုက်ခိုက်ကြမှာပါ။ ကပ်‌ဘေးဖြစ်မယ်မှန်း သိရင်တောင် သူတို့တွေမှာ ဝင်တိုက်ခိုက်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိပါဘူး။

“မဟာနတ်မင်း တစ်ခုလောက် မေးပါရစေ၊ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာက ဘယ်လိုအသွင်မျိုးရှိလဲ” ပဋိပက္ခခေတ်ကို ရှင်သန်ကျန်ရစ်ခဲ့တဲ့ သိကျွင်းက မေးလိုက်ပါတယ်။

ပန်ကူး၊ ဟုန်ကျွင်း၊ ဘိုးဘေးမှော်ပညာရှိ ၁၂ ပါး၊ ဘိုးဘေးရှီတျန်နဲ့ ကောင်းကင်တာအိုက တခြား ရှေးဟောင်း တည်ရှိမှုတွေလည်း မျှော်လင့်ချက်နဲ့ စောင့်စားနားထောင်ပါတယ်။

သဏ္ဍာမဲ့နတ်မင်းက ပြန်ဖြေပါတယ် “ငါ မသိဘူး၊ ငါ မင်းတို့ကို ပြောနိုင်တာ တစ်ခုက ဒီအခွင့်အရေးက တကယ်ရှိတယ်၊ ဒါက သက်ရှိအားလုံးကို ကရုဏာသက်လို့ အရှင်သခင်ပေးထားတဲ့ အခွင့်အရေးတစ်ခုပဲ၊ ဒါပေမဲ့ တာအိုဖန်တီးရှင် ဖြစ်လာဖို့က အဲဒီလောက် မလွယ်ဘူး၊ မင်းတို့တွေ ဒီမဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာကို ရရင်တောင် သုံးသပ်နားလည်ဖို့ လိုသေးတယ်၊ အမြန်အောင်မြင်ဖို့ အလျင်မလိုကြနဲ့၊ ငါတို့ တာအိုဖန်တီးရှင်တွေက ခေတ်ပေါင်း မြောက်မြားစွာကို တွေ့ကြုံပြီးမှ မဟာတာအိုကို ကျော်လွန်နိုင်ခဲ့ကြတာ”

စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ သဏ္ဍာမဲ့နတ်မင်းရဲ့ စကားကို လက်ခံကြပါတယ်။ ဒါပေမဲ့ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာ ဘယ်မှာ ရှိနေလဲဆိုတာကို တွေးနေတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်က ပိုများပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters