ဝိညာဥ်ခုနှစ်မျိုးမှို
Vol. 5 Ch. 62
အဂ္ဂိရတ်ပညာရှင် အဖွဲ့နှင့် လက်မှုပညာရှင်အဖွဲ့ အစည်းတို့သည် အကွာအဝေးအားဖြင့် သိပ်မဝေးလှ။ ၎င်းတို့ နှစ်ခုစလုံးသည် ကျန်းဝူမြို့တော်ရှိ အစည်ကားဆုံး လမ်းပေါ်တွင် ရှိသည်။
ခန်းမထဲကို လှမ်းကြည့်လိုက်တော့ အဂ္ဂိရတ်ပညာရှင် အဖွဲ့အစည်းထက်တောင် ပိုရှုပ်ပွနေတာကို တွေ့လိုက်ရသည်။ နေရာတိုင်း လိုလိုမှာ လူတွေ ရှိနေပြီး အသံတိုးတိုးနဲ့ တစ်ခုခုကို ဆွေးနွေးနေကြသည်။
"လူတွေကို ဝယ်ဖို့ ဆွဲဆောင် အားကောင်းတဲ့ လက်နက်အချို့ကို သန့်စင်ထားတာ ထားတာလား?"
လုရွှမ်သည် သံသယစိတ်ဖြင့် ကြည့်လိုက်သည်။
လက်မှုပညာရှင် အဖွဲ့အစည်းသည် အစွမ်းထက်သော မှော်လက်နက်များကို သန့်စင်ပေးနိုင်သော လက်မှုပညာရှင် အများအပြားကို စုဆောင်းထားသည်။ မှော်လက်နက် အသစ်များကို သန့်စင်သောအခါတွင် ၎င်းတို့ကို ဝယ်ယူရန် အားကောင်းသော လူများစွာကို ဆွဲဆောင်လေ့ရှိသည်။
ကျင့်ကြံမှုများကဲ့သို့ မှော်ရတနာများကို သာမန်၊ ဝိညာဉ်၊ ဘုရင်၊ သူတော်စင်နှင့် နတ်ဘုရားဟူ၍ အဆင့်ငါးဆင့် ခွဲခြားထားပြီး ၎င်းတို့ကို အဆင့်နိမ့်၊ အလယ်တန်း၊ အဆင့်မြင့်နှင့် ထိပ်တန်းအဆင့်ဟူ၍ အဆင့်လေးဆင့် ခွဲခြားထားသည်။
ကျန်းဝူအင်ပါယာ၏ အခြေအနေများ အရ သာမန်အဆင့်ထက် အနည်းငယ် ပိုလျှင်ပင် မဆိုးလှချေ။
"တကယ်လို့ မင်းအောင်မြင်နိုင်ရင် မင်းရဲ့ခွန်အားက ခုန်ပျံကျော်လွှားလာမှာ သေချာတယ်!"
"ဟုတ်တယ်! ဒီအခွင့်အရေးကို လုံးဝ လက်လွတ်ခံလို့ မဖြစ်ဘူး.... အဲဒါကို လွတ်သွားတာနဲ့ အခွင့်အရေးကို ရှာရခက်သွားလိမ့်မယ်"
"လူတိုင်း အတူတူရှိနေရင် သိပ်အန္တရာယ် မဖြစ်လောက်ပါဘူး!"
"အဲ့လိုပဲ မျှော်လင့်ပါတယ် ဒါပေမယ့် ကံမကောင်းစွာနဲ့ တည်နေရာ အတိအကျကို ငါမသိဘူး!"
"တည်နေရာ အတိအကျကို မသိတာ ကံကောင်းတာပေါ့ မဟုတ်ရင် ငါတို့အလှည့်ရောက်မယ်လို့ မင်းထင်လား"
"ဒါက......."
.....
လူအုပ်ကြားထဲ လမ်းလျှောက်ရင်း နေရာအနှံ့ရှိ ခန်းမထဲက လူတိုင်းစကားပြောရင်း စိတ်လှုပ်ရှားနေပုံရသည်။
ရှေ့ဆုံးတန်းတွင် လူရာနှင့်ချီရှိနေသည်ကို တွေ့လိုက်ရသဖြင့် လုရွှမ်သည် ယနေ့တွင် ခင်းကျင်းထားသော ဝိညာဥ်အလံများနှင့် ပစ္စည်းများကို ဝယ်ယူနိုင်ခြေသည် အလွန်မမြင့်မားကြောင်း သိလိုက်သောကြောင့် အဝေးမှ ရပ်ကာ သက်လတ်ပိုင်း အမျိုးသားတစ်ဦးကို လှမ်းကြည့်လိုက်သည်။
"ဦးလေး... ဒါ ဘာအတွက်လဲလို့ မေးရမလား? ဘာဖြစ်လို့ လူတွေ ဒီလောက်များနေတာလဲ"
"မင်းမသိဘူးလား?" လူလတ်ပိုင်းအရွယ်က လှမ်းကြည့်ပြီးနောက် ပြုံးပြကာ
"ဒါက လာလျှို့ဝှက်ချက်မှ မဟုတ်ဘူး မင်းကိုပြောပြလို့ရတယ်... အနောက်ဖက်က ကျစ်ရှာတောင်ပေါ်မှာ လူတစ်ယောက်က [ဝိညာဉ်ခုနစ်မျိုးမှို] ကိုတွေ့ရှိခဲ့တာလို့ ပြောတယ်... ပြီးတော့ ဝိညာဥ်ပင်ကောင်းတွေလည်း ရှိတယ်တဲ့ အဲဒါကြောင့် အဲဒါတွေကို သွားရှာကြဖို့ လက်နက်တွေ လာဝယ်နေကြတာလေ"
"ဝိညာဉ်ခုနစ်မျိုးမှို?"
လုရွှမ် အံ့အားသင့်သွားသည်။
ဤအရာသည် ကောင်းကင်နှင့် မြေကြီးမှ ထုတ်ပေးသော ရတနာဖြစ်ပြီး ၎င်းသည် အဆင့်၅ ဝိညာဥ်ဆေးပင် ဖြစ်သည်။
ဝိညာဥ်ဆေးပင်မှာလည်း အဆင့်သတ်မှတ်ချက်များ ရှိလေသည်။ ထိုအရာကို အဂ္ဂိရတ်ပညာရှင်များမှ သတ်မှတ်ထားခြင်း ဖြစ်ပြီး အဆင့်၅ ဝိညာဥ်ဆေးပင်သည် ကောင်းကင်က ထုတ်ပေးသည့် ရတနာဖြစ်ကာ အထူးတလည် ပြန်သန့်စင်ရန်မလိုဘဲ အဆင့်၅ အဂ္ဂိရတ်ဆေးလုံးနှင့် ညီမျှလေသည်။
"တကယ်ကောင်းတဲ့ ပစ္စည်းပဲ" လုရွှမ်က ခေါင်းခါလိုက်ပြီး
"ဝိညာဥ်ခုနှစ်မျိုးမှိုက ဝိညာဥ်သွေးကြောအတွက် ကောင်းတယ်....ဒါပေမဲ့ အခုက ငါ့အပေါ် အများကြီးသက်ရောက်မှု မရှိတော့ဘူး!"
ဝိညာဥ်ခုနစ်မျိုး၏ အစွမ်းထက်ဆုံး အရာမှာ နှလုံး၏အတွင်းပိုင်း စွမ်းအင်သွေးကြောများကို အကောင်းမွန်ဆုံး ပြုပြင်ပေးနိုင်သည့် အရာဖြစ်သည်။ လက်ရာမြောက်နှလုံးသား ဟုလည်း ခေါ်ကြ၏။
ဤလက်ရာမြောက်သော နှလုံးသားကို ရယူခြင်းသည် လူတို့၏ တွေးခေါ်မှုကို ချဲ့ထွင်နိုင်ပြီး လူတို့အား လျင်မြန်သွတ်လတ်လာစေကာ ၎င်းသည် ဝူအဆင့်၅ ပညာရှင်တို့အတွက် ကြီးမားသောအကူအညီဖြစ်သည်။
သူကအခု နန်းတော်ပင်လယ် နယ်ပယ်ကို ရောက်နေပြီ။ စစ်မှန်တဲ့ စွမ်းအင်တွေ စုပ်ယူရင်တောင် ဘယ်နှစ်လနဲ့ချီ ကြာမယ်ဆိုတာ သူမသိပေ။
စိတ်ဝိညာဉ်ခုနှမျိုးမှိုက အဖိုးတန်ပေမယ့် သူ့အတွက် အသုံးမဝင်ပေ။
ထို့အပြင် ဘဝနှစ်ခုရှိသော လူသားတစ်ဦးအနေဖြင့် သူ၏စိတ်နှလုံး အခြေအနေသည် လက်ရာမြောက်စွာ ထွင်းထုထားပြီးသား ဖြစ်ပြီး ဤအရာကို မလိုအပ်ပေ။
ထွက်သွားခါနီးမှာ ရုတ်တရက် သူ့နှလုံးသားက တစ်ခုခုကို သတိရသွားပုံဖြင့် လှုပ်ရှားသွားသည်။ ငြိမ်သက်နေခဲ့သော သူ့မျက်လုံးတွေက ရုတ်တရက် အရမ်းပူလာ၏။
"ဝိညာဥ်ခုနှစ်မျိုးမှိုက ချီဝိညာဥ်တွေ ပေါများတဲ့နေရာမှာ ရှင်သန်တာ...ပြီးတော့ ကြီးထွားသန်မာဖို့ ဝိညာဥ်စွမ်းအင်တွေကို စုပ်ယူရတာ..."
ဝိဥာဉ်ခုနစ်မျိုးမှိုသည် ကြီးထွားရန် ဝိညာဉ်စွမ်းအင်များစွာ လိုအပ်ပြီး ဝိညာဉ်ရေး အရည်နှင့်ပင် စိုက်ပျိုးရန် လိုအပ်သည်။ ဆိုလိုသည်မှာ ဝိညာဥ်ခုနှစ်မျိုးမှို ရှိသည့်နေရာတွင် ဝိညာဉ်စွမ်းအင် အရည်ရှိရမည်။
ဝိညာဥ်ခုနှစ်မျိုးမှိုသည် မိမိကို အနည်းငယ်သာ အကျိုးသက်ရောက်မှု ရှိသော်လည်း ဝိညာဥ်စွမ်းအင် အရည်ကရော?
ဝိညာဉ်စွမ်းအင် အရည်သည် ကြွယ်ဝသောဝိညာဉ်စွမ်းအင်များ စုစည်းမှုဖြင့် ဖွဲ့စည်းထားသည်။ လုံလောက်သော ပမာဏကို ရှာဖွေနိုင်ပါက နန်းတော်ပင်လယ် နယ်ပယ်၏ အစောပိုင်းအဆင့် အတွက် ပြီးပြည့်စုံမှုတစ်ခုကို တစ်ရှိန်ထိုး ရောက်ရှိနိုင်မည် ဖြစ်သည်။
"အဲဒီ ဝိညာဥ်ခုနှစ်မျိုးမှိုက ဘယ်နေရာမှာလဲ? ဘယ်လိုလုပ် ထွက်ပေါ်လာတာလဲ?"
ဒါကိုတွေးပြီး သူ့ရင်ထဲက စိတ်လှုပ်ရှားမှုကို မျိုသိပ်ပြီး မေးလိုက်သည်။
"ကျစ်ရှာတောင်ရဲ့ ဝမ့်ဖုန်းချိုင့်ဝှမ်းမှာ ရှိတယ်လို့ ပြောကြတယ် တည်နေရာ အတိအကျတော့ မသိဘူး.... အဲဒီနေရာမှာ သားရဲတိရစ္ဆာန်တွေ မကြာခဏ သေဆုံးတတ်ပြီး လူအများအပြားလည်း သေခဲ့ကြတယ် ကာကွယ်ရေး လက်နက်တွေနဲ့ မှော်လက်နက် တချို့ကို ဆောင်ထားဖို့ လာဝယ်တာ....ဆေးပင်ထည့်ဖို့ ကျောက်စိမ်းသေတ္တာကိုလည်း ယူသွားရမယ်"
လူလတ်ပိုင်းဦးလေးသည် အလွန် စိတ်အားထက်သန်စွာ ရှင်းပြနေသည်။
"အိုး!"
လုရွှမ် ခေါင်းညိတ်လိုက်သည်။
ဝိညာဥ်ဆေးပင်ရှိသည့် နေရာတွင် သေချာပေါက် ဝိညာဥ်စွမ်းအင်တွေ စုစည်းနေမှာဖြစ်ပြီး ထိုနေရာမျိုးတွင် သားရဲတိရစ္ဆာန်များစွာကို စုစည်းလေ့ရှိသည်။
အစွမ်းထက်သော ဝူအဆင့်များနှင့် ယှဉ်နိုင်သော အချို့သော အစွမ်းထက် သားရဲများသည် ၎င်းတို့၏ အားသာချက်များကို အပြည့်အဝ ကစားနိုင်ရန် မြေမျက်နှာသွင်ပြင်ကို အသုံးပြုနိုင်ပြီး တူညီသော အဆင့်ရှိ လူသားများသည်ပင် ၎င်းတို့၏ ပြိုင်ဘက်မဟုတ်။
ရတနာများ ရှာဖွေရန်အတွက် ကာကွယ်ရေးလက်နက်များကို ပြင်ဆင်ထားရပါမည်။နောက်ဆုံးတွင် ရတနာသည် အရေးကြီးသော်လည်း အသက်သည် ပို၍အရေးကြီးပါ၏။
ဆေးပင်များ ထည့်နိုင်သော အထူးကျောက်စိမ်း သေတ္တာသည် ပို၍ပင် ရိုးရှင်းပါသည်။ အဖိုးတန်ဆေးပင်များသည် အမြစ်များ မြေဆီလွှာမှ ထွက်ခွာသွားသည်နှင့် ဝိညာဥ်စွမ်းအင်များ လေထဲသို့ သဘာဝအတိုင်း လွင့်သွားမည်ဖြစ်၏။
ထို့ကြောင့် သူတို့ကို ထည့်ထားဖို့ ကျောက်စိမ်းသေတ္တာလိုသည်။ ဤနည်းဖြင့်သာ ဆေးကို အလဟဿမဖြစ်ဘဲ ထိန်းသိမ်းနိုင်မည်ဖြစ်သည်။
"ငါတို့ [သံကြေးစားအဖွဲ့]မှာ ပါဝင်ဖို့ ဆန္ဒရှိသူရှိလား? ငါတို့နောက်ထပ် လူသုံးယောက် ပြည့်တော့မယ့်... ခုခံကာကွယ်ရေး လက်နက်နဲ့ ဝိညာဥ်ခုနှစ်မျိုးမှို ထည့်ဖို့ ကျောက်စိမ်းသေတ္တာလည်း ဝယ်ပြီးပြီ... ငါတို့နဲ့ ပူးပေါင်းမယ်ဆိုရင် အခမဲ့ ပေးလို့ရတယ်..."
တွေးနေတုန်း အော်သံတစ်ခု ထွက်ပေါ်လာ၏။
"သံကြေးစားအဖွဲ့? ကျန်းဝူအင်ပါယာရဲ့ ပထမဆုံးသော ကြေးစားအဖွဲ့ပဲ...သူတို့လည်း လှုပ်ရှားလာမယ်လို့ မမျှော်လင့်ထားဘူး"
"ဒါက ဝိညာဥ်ခုနှစ်မျိုးမှိုလေ... သူတို့မပြောနဲ့ တခြားကြေးစား အဖွဲ့တွေလည်း သေချာပေါက် လှုပ်ရှားကြမှာ!"
.....
တစ်ဖက်က သံကြေးစားအဖွဲ့ရဲ့ ခေါ်သံကြားတော့ လူတိုင်း အံ့သြသွားကြသည်။
"ငါပါမယ်!"
လုရွှမ် လှည့်ပြီး လျှောက်သွားလိုက်သည်။
အခုအခြေအနေအရ လက်နက်နဲ့ ကျောက်စိမ်းသေတ္တာတွေကို ဝယ်မယ်ပြီးမှ ကျစ်ရှာတောင်နဲ့ ဝမ့်ဖုန်းချိုင့်ဝှမ်းကို တစ်ယောက်တည်း ရှာရင် ဘယ်နှစ်လနဲ့ ဘယ်နှစ်နှစ်ကြာမယ် ဆိုတာမသိချေ။
တစ်ဖက်က အဖွဲ့ဝင်ကို ခေါ်ယူနေပြီဆိုတော့ သူတို့နဲ့ ပူးပေါင်းလိုက်တာလည်း အဆင်ပြေတာပါပဲ။
"ကျွန်တော်လည်း ပါဝင်မယ်!"
"ငါ့ကို ချန်ထားခဲ့လို့ ဘာဖြစ်မလဲ?"
သံကြေးစားအဖွဲ့မှာ နာမည်ကောင်းရှိသည်။ သူတို့က လူသစ်စုဆောင်းတယ်လို့ ပြောတဲ့အခါ ချက်ချင်းဆိုသလို လူတော်တော်များများကို ဝင်လာဖို့ ဆွဲဆောင်နိုင်ခဲ့ပြီး တစ်ယောက်ပြီးတစ်ယောက် စုပြုံလာကာ သူတို့ရဲ့မျက်လုံးတွေက တောက်ပနေခဲ့သည်။
"အဲဒါ လက်ကိုပြုပြင်ထားတဲ့ သံလက်နတ်ဆိုးမလား? အစတုန်းကတော့ မိသားစုကြီးတစ်ခုရဲ့ နှစ်ရှည်အလုပ်သမား တစ်ယောက်လေ... မိန်းကလေးကို ချစ်မိလို့ ဝန်ခံဖို့သွားခဲ့ပေမယ့် လှောင်ပြောင်ခံခဲ့ရတယ်...အဲဒီမိန်းကလေးက သူ့လက်မောင်းကို ချိုးပြီး အိမ်ကြီးထဲက နှင်ထုတ်လိုက်တာ မထင်မှတ်ဘဲ ကျင့်ကြံခြင်းအဆင့် တိုးလာပြီး လက်မောင်းတွေ သံခြေလက်များအဖြစ် ပြောင်းလဲသွားတာတဲ့ သူပြန်ရောက်လာပြီးတော့ အဲဒီမိသားစုကို တစ်ရှိန်ထိုး သုတ်သင်ပစ်တယ်တဲ့လေ ပြီးတော့ အဲဒီမိန်းမငယ်လေးကို လူရှေ့သူရှေ့မှောက်မှာ ဆယ်ကြိမ်ထက်မက အရှက်ရစေခဲ့ပြီး သေတဲ့အထိ နှိပ်စက်ခဲ့တာတဲ့!"
"ရှူး.... မင်းရဲ့အသံတိုး... သူက အားကောင်းပြီး ဒေါသကြီးတယ် သူကြားသွားရင် ဘာမှကောင်းလာမှာ မဟုတ်ဘူး"
"ဒါ... ကြည့်စမ်း! ရွှေလှံလူသား... ဝူအဆင့်ပညာရှင် သုံးယောက်ကို ခေါင်းငုံ့ပြီး လက်နက်ချစေခဲ့တဲ့ လူပဲ..."
"ဒီလောက် သန်မာတဲ့သူတွေ ရောက်လာမယ်လို့ မမျှော်လင့်ထားဘူး...မေ့လိုက်တာ ပိုကောင်းမယ်ထင်တယ် ဝိညာဥ်ခုနှစ်မျိုးမှိုကို တွေ့ရင်တောင်မှ သူတို့နဲ့ လိုက်သွားရင် ငါ့အတွက် မဟုတ်နိုင်ဘူး"
……
များမကြာမီတွင် သံကြေးစားအဖွဲ့သည် လူများဖြင့် ပြည့်ကျပ်နေပြီး အချို့မှာ အလွန်နာမည်ကြီးပြီး ၎င်းတို့ကို မြင်သည်နှင့် လူအများကို တုန်လှုပ်သွားစေသည်။
"ငါတို့ သံကြေးစားအဖွဲ့က အရည်အချင်းရှိတဲ့ လူတွေကိုပဲ ရှာတယ်... အမှိုက်တွေ မလိုဘူး... သံလက်နတ်ဆိုး အစ်ကိုလျောက် နဲ့ ရွှေလှံလူသား အစ်ကိုဝမ်းက ပြောစရာမလိုပါဘူး အားလုံးကို ကြိုဆိုပါတယ်... နောက်ဆုံး အကဲဖြတ်ဖို့ ကျန်သေးတယ်... အားလုံး စိတ်မရှိဖို့ မျှော်လင့်ပါတယ်"
လူအများအပြား ရောက်လာသည်ကို မြင်တော့ ခေါင်းဆောင်က ကျေနပ်စွာ ခေါင်းညိတ်ပြပြီး လူငယ်တစ်ဦး ထွက်လာကာ ကျယ်လောင်စွာ အော်ပြောသည်။
၎င်းတို့တွင် နေရာသုံးနေရာသာ ကျန်ရှိပြီး သူတို့နောက်လိုက်ရန် သန်မာသော ခွန်အားရှိသူတို့ကို သဘာဝအတိုင်း ရွေးချယ်လိမ့်မည်။
တစ်ဖက်က အားနည်းလွန်းလျှင် ၎င်းတို့နှင့်ပူးပေါင်းပါက ဝန်ထုပ်ဝန်ပိုးကို တိုးစေမည်ဖြစ်ပြီး အကျိုးရှိမည် မဟုတ်ပေ။
လူအတော်များများလည်း ထိုနည်း၎င်းပင် ထင်မြင်ယူဆကြသည်။ အားကြီးသော အဖွဲ့ကိုလိုက်ခြင်းဖြင့် အနည်းဆုံး စိတ်မပူဘဲ သူတို့၏အသက်ကို အာမခံချက်ပေးနိုင်ပြီး ဝိညာဥ်ခုနစ်မျိုးမှိုကို ရနိုင်ခြေမှာ အတော်လေး မြင့်မားပါသည်။
"ဘယ်လို အကဲဖြတ်မှာလဲ?"
တစ်ယောက်ယောက်က ထအော်လိုက်သည်။