ဝမ့်ဖုန်းချိုင့်ဝှမ်း
Vol. 5 Ch. 63
"ဒါက ရိုးရှင်းပါတယ်! ဝိညာဉ်ခုနှစ်မျိးမှိုကို ငါတို့သွားရှာတဲ့အခါ အန္တရာယ်ရှိတာ လူတိုင်းသိပါတယ်...ငါတို့နဲ့ပူးပေါင်းချင်ရင် မင်းတို့မှာ ဝူအဆင့်၃ တန်းလိနယ်ပယ် တစ်ယောက်ရဲ့ အစွမ်းသတ္တိ အနည်းဆုံး ရှိရမယ်... မဟုတ်ရင် အဲဒါကလိုက်လာလည်း ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်နေမှာ" ဟု လူငယ်က ပြောသည်။
"ဝူအဆင့်၃....?"
လုရွှမ်အတွက် ဝူအဆင့်၃ဆိုတာက လွယ်ကူပေမယ့် လက်တွေ့မှာတော့ မရိုးရှင်းပေ။ မနည်းသော ကျင့်ကြံရေး သမားများသည် ဝူအဆင့်၂တွင် တစ်သက်လုံး ပိတ်မိနေပြီး မဖြတ်ကျော်နိုင်ပေ။
နောက်ဆုံးတွင် ခွန်အား တိုးလာခြင်းအတွက် ရတနာများစွာ၊ အဖိုးတန်ဆေးလုံအချို့ လိုအပ်ပြီး အရည်အချင်းများနှင့် ရွှေစတွေမရှိရင်လည်း ဝယ်ယူရရှိရန် မဖြစ်နိုင်ပေ။
ဤတောင်းဆိုချက်ကို ကြားတော့ လူဆယ်ဦးတွင် ကိုးဦးသည် ခေါင်းယမ်းကာ ထွက်ခွာသွားခဲ့ပြီး လုရွှမ် အပါအဝင် လူငါးဦးသာ ကျန်ရစ်ခဲ့သည်။
"ကျွန်တော်က လျိုထောင်းပါ...တန်းလိ နယ်ပယ်ရဲ့ အထွတ်အထိပ်မှာ လူတိုင်းက ကျွန်တော်နဲ့ တိုက်ခိုက်ကြည့်သင့်တယ်လို့ မထင်ပါဘူး!"
၁၇နှစ် သို့မဟုတ် ၁၈နှစ်အရွယ် လူငယ်တစ်ဦးသည် မည်မျှကျန်နေသေးသည်ကို ကြည့်ရန် ရှေ့သို့ တိုးလာကာ လုရွှမ်နှင့် အခြားသူတို့ကို ဂုဏ်ယူစွာကြည့်၍ ဆိုလိုက်သည်။
"မဟုတ်ရင် လှုပ်ရှားဖို့ကလွဲလို့ ကျွန်တော့်မှာ ရွေးချယ်စရာ မရှိတော့ဘူး... ဒါပေမယ့် လက်သီးနဲ့ ခြေထောက်တွေက မျက်စိ မရှိဘူး...တိုက်ခိုက်မိလို့ ဒဏ်ရာရရင် ကြည့်ကောင်းမှာတော့ မဟုတ်ဘူးနော်!"
"တန်လိနယ်ပယ်ရဲ့ အထွတ်အထိပ်လား? ငါရောပဲ ငါတကယ် လှုပ်ရှားချင်ရင် ဘယ်သူက အသတ်ခံရမယ် ဘယ်သူက ဒဏ်ရာရမယ် ဆိုတာ မသိနိုင်ဘူး"
ဒီလူရဲ့စကားကြားတော့ နောက်ထပ်လူငယ်တစ်ယောက် ပေါ်လာပြီး မျက်လုံးတွေက တောက်ပနေသည်။
"တန်းလိနယ်ပယ် အထွတ်အထိပ် နှစ်ယောက်?"
"ကြည့်ရတာ ငါတို့တော့ မျှော်လင့်ချက် ကင်းမဲ့ကုန်ပြီထင်တယ်..."
သူတို့နှစ်ဦး၏ ကျင့်ကြံရေး အဆင့်များကို ဖော်ထုတ်လိုက်သောအခါ စကားပြောလာသည့် နောက်ထပ် လူနှစ်ဦးလည်း ဆုတ်ခွာသွားခဲ့သည်။
အလားတူပင် ကနဦးအဆင့်နှင့် အထွတ်အထိပ်အဆင့်ကြားတွင် ကြီးမားသော ခြားနားချက်တစ်ခု ရှိပါသေးသည်။
"ကောင်လေး မင်းဘာလို့ မထွက်သွားတာလဲ? ဧကန္တ မင်းလည်း တန်းလိနယ်ပယ်ကို ရောက်နေပြီလား?"
"ဘယ်လို အသက်ရှင်ပြီး သေရမှန်း မသိတဲ့ကောင်ပဲ.... ဒီကလေးကို အရင်ဆုံး သင်ခန်းစာ ပေးသင့်တယ်လို့ ထင်တယ်... ကောင်းကင်ကြီးက မြင့်ပြီး မြေကြီးကလည်း ခိုင်ခံ့တယ်ဆိုတာ သိအောင် လုပ်လိုက်!"
ငါးယောက်မှာ နှစ်ယောက်ပဲ ကျန်တော့မယ်လို့ သူတို့ထင်ထားပေမယ့် မထွက်သွားသေးတဲ့ လူငယ်လေး တစ်ယောက်ရှိမယ်လို့ မထင်ထားမိဘူး။ ပြီးတော့လုရွှမ်ကို သူတို့က ယုန်ဖြူလေးတစ်ကောင်လို ကြည့်နေသေးသည်။
ကျင့်ကြံခြင်းက အချိန်များစွာ လိုအပ်သည်။ အထူးသဖြင့် ဝူအဆင့်၃ ဖြစ်ပြီး လေ့ကျင့်ရန် အချိန်မလုံလောက်ပါက အောင်မြင်ရန် မဖြစ်နိုင်ချေ။
သူတို့နှစ်ယောက်ရဲ့ အမြင်မှာတော့ သူ့ရှေ့ကကောင်လေးက ၁၆ ၁၇နှစ်ပဲရှိသေးပြီး ဝူအဆင့် သိုင်းပညာရှင်အဆင့်ကို တက်လှမ်းနိုင်ရင် သူက အရမ်းကောင်းနေပြီ။
ဘယ်လိုလုပ် တန်းလိနယ်ပယ်က လူတွေလို သန်မာနိုင်မှာလဲ?
"အဲဒီကောင်လေးက ပိန်းများပိန်းနေတာလား? အဲဒီလူတွေက တန်းလိနယ်ပယ်ရဲ့ အထွတ်အထိပ်မှာ ရောက်နေပြီလို့ ပြောတာတောင် ရပ်နေတုန်းပဲ... ကောင်းကင်က ဘယ်လောက်မြင့်လဲ မသိဘူးပဲ!"
"ဦးနှောက်က ပုံမှန်မဟုတ်လို့ ဖြစ်မှာပေါ့ မဟုတ်ရင် အစောကတည်းက ထွက်ပြေးနေလောက်ပြီ!"
........
ဒီမြင်ကွင်းကို မြင်တော့ တခြားလူတွေကလည်း တိုးတိုးပြောပြီး လုရွှမ်ကို ဘယ်သူမှ အကောင်းမြင်စိတ် မရှိကြတော့ပေ။
"ကောင်လေး ငါမင်းကိုနောက်ထပ် အခွင့်အရေး ပေးမယ် ချက်ချင်းထွက်သွား! မင်းရဲ့အသိဥာဏ်ကို ဂရုမစိုက်သလို နေပေးမယ်!"
လျိုထောင်းသည် လျှာအရသာခံကာ ခြေလှမ်းနှစ်လှမ်းဖြင့် ရှေ့သို့ ရောက်လာသည်။
"သန်မာသူတွေ နေခဲ့ရမှာ ဟုတ်တယ်မလား?" လုရွှမ်က ပြန်ကြည့်လိုက်သည်။
"မှန်တယ် သန်မာတဲ့သူတွေ နေခဲ့ရမှာ... အစ်ကိုလျိုထောင်း နဲ့ ကျွန်တော် နှစ်ယောက်စလုံး တန်းလိနယ်ပယ်ရဲ့ အထွတ်အထိပ် အဆင့်ကို ရောက်နေပြီ မင်းလိုအမွေးမစုံသေးတဲ့ ကလေးက ဒီလိုမျိုး ခွန်အားတွေ ရှိလို့လား?"
နောက်က လူငယ်တစ်ယောက်လည်း ရှေ့ကိုရောက်လာသည်။
'အမွေးမစုံသေးဘူး' လို့ ပြောတာကိုကြားတော့ လူတွေက စိတ်လှုပ်ရှားစွာ ရယ်မောကြလေသည်။
"အတူတူလာခဲ့ တစ်ချက်လောက် တိုက်ရအောင်!"
လုရွှမ်သည် သူ၏လှောင်ပြောင်မှုကို ဂရုမစိုက်ဘဲ မော့ကြည့်လိုက်သည်။
"ဒီကလေးက ရူးနေတာပဲ!"
"အရူးက ကိုယ့်နေရာကို မသိဘူး!"
"တန်းလိနယ်ပယ်ရဲ့ အထွတ်အထိပ်က သန်မာတဲ့ လူနှစ်ယောက်ကို အတူတူ လှုပ်ရှားခွင့်ပေးလိုက်တာ ဒီကောင်လေး သေချင်နေပုံပဲ!"
......
အနီးနားရှိ လူအားလုံးသည် တခဏမျှ ထိတ်လန့်သွားပြီး တစ်ချိန်တည်းတွင် ရယ်မောလိုက်ကြသည်။
မောက်မာခြင်းသည် တုံးအခြင်းသာဖြစ်ပြီး ခွန်အားသည် အရေးကြီးဆုံး အရာဖြစ်သည်။ ခွန်အားမရှိရင် ဘာမှအသုံးမဝင်ပေ။
"ငါတို့ကို အတူတူ တိုက်ခိုင်းတယ်ပေါ့? ကောင်လေး မင်းက ဝက်ရူးပြန်နေတာလား မြည်းက ခေါင်းကို ကန်ထားလို့လား? ဒါမှမဟုတ် ရယ်စရာ တစ်ခုခု ပြောချင်နေတာလား?"
လျိုထောင်းက ပြုံးပြီး ရှေ့ကို တိုးလာကာ လုရွှမ်ကို ကြည့်လိုက်သည်။
"အခွင့်အရေး ပေးထားတာကို ထွက်ပြေးရမှန်း မသိဘူးပဲ....."
လုရွှမ်သည် စိတ်မကောင်းစွာဖြင့် ခေါင်းယမ်းကာ လက်ဖဝါးကို ဆန့်တန်းလိုက်သည်။
"ဟားဟား ငါ့ကိုတွေ့တာတောင် မင်းကအရင် တိုက်ခိုက်ရဲတယ်? မင်းသေချင်နေပြီကိုး!"
လျိုထောင်း ခဏလောက် ထိတ်လန့်သွားပြီး သူ့မျက်လုံးတွေက ရက်စက်မှုအပြည့်နဲ့
"ဒီကိစ္စမှာ ငါမင်းကို ဘယ်လောက် သန်မာတဲ့လူလဲဆိုတာ မြင်ခွင့်ပေးမယ်!!"
လက်သီးတစ်ချက် ထိုးလာ၏။
ဝုန်း....
လက်သီးနှင့် လက်ဖဝါးချင်း တိုက်မိသောအခါ စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။
"ဘာ!!"
ဟစ်အော်သံနှင့်အတူ လျိုထောင်းသည် မတုံ့ပြန်နိုင်မီ ဇောက်ထိုး လွင့်သွားပြီး ဆယ်မီတာကျော်အကွာမှာ ပြုတ်ကျသွားသည်။
"နန်း... နန်းတော်ပင်လယ် နယ်ပယ်..."
နာကျင်ကိုက်ခဲမှုကို တောင့်ခံ ရုန်းကန်ရင်း လျိုထောင်းသည် ထိတ်လန့်မှုအပြည့်နှင့် လုရွှမ်ကို ကြည့်လိုက်သည်။
လူတစ်ကိုယ်လုံးသည် နှင်းခဲရိုက်ထားသော ခရမ်းသီးနှင့် တူသွားသည်။
သူ့ကို ပြိုင်ဘက်က တစ်ချက်လှုပ်လိုက်ရုံနဲ့ လွင့်သွားစေ၏။ နောက်ဆုံးတော့ တစ်ဖက်က ဘာကြောင့် သူတို့နှစ်ယောက်လုံးကို တစ်ပြိုင်နက် တိုက်ခိုက်ခိုင်းတာလဲ ဆိုတာကို သူနားလည်သွားပါပြီ။
နန်းတော်ပင်လယ် နယ်ပယ်ထဲက သန်မာတဲ့ လူတစ်ယောက် ဖြစ်နေတာပဲ။
ဒီလူငယ်က တကယ်တော့ နန်းတော်ပင်လယ် နယ်ပယ်မှာ သန်မာတဲ့ လူတဲ့လား?
၁၆ သို့မဟုတ် ၁၇နှစ်ပဲ ရှိသေးတဲ့ ကောင်လေးက နန်းတော်ပင်လယ် နယ်ပယ်ကို ရောက်နေပြီတဲ့လား? ကျန်းဝူအင်ပါယာမှာ ဘယ်တုန်းက ဒီလိုပါရမီရှင် ထွက်ပေါ်လာတာလဲ?
တစ်ခါမှလည်း မကြားမိလိုက်ဘူး
"ဒါ"
"ဘယ်လိုဖြစ်တာလဲ?"
ထိတ်လန့်ရုံသာမက ပတ်ဝန်း ကျင်လည်း လုံးဝတိတ်ဆိတ်သွားသည်။
နှစ်ယောက်တိုက်တဲ့အခါ ကောင်လေးက အရိုက်ခံရပြီး ထွကခပြေးသွားလိမ့်မယ်လို့ လူတိုင်းက ထင်ခဲ့ကြပေမယ့် သူတို့ ဘယ်တုန်းကမှ မမျှော်လင့်ထားတဲ့ ရလဒ်က အခုလိုပုံစံ ထွက်လာခဲ့သည်။
"မင်းလည်း စမ်းကြည့်ချင်လား?"
အံ့သြနေသော လူအုပ်ကြီးကို လျစ်လျူရှုရင်း လုရွှမ်သည် ပြင်းထန်စွာ အော်ငေါက်နေခဲ့သော လူငယ်ကို လှည့်ကြည့်လိုက်သည်။
လူငယ်က မျိုချလိုက်ပြီး သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်ပြီး
"မလုပ်ရဲပါဘူး.... မလုပ်ရဲပါဘူး!"
ပြောပြီးသည်နှင့် သူသည် သူ့ရှေ့မှ လူငယ်ဆီက အဖမ်းခံရမည်ကို စိုးရိမ်သောကြောင့် တစ်ခဏမျှ မနေဝံ့ဘဲ လှည့်ထွက်သွားလေ၏။
သူသည် လျိုထောင်းနှင့် တူညီသော ခွန်အားနယ်ပယ်တွင် ဖြစ်ပြီး သူဘယ်လောက်ပဲ တုံးပနေပါစေ သူ့ရှေ့ကလူရဲ့ ခွန်အားက သူ့ထက်သာလွန်နေတယ် ဆိုတာတော့ သူသိသည်။
"အခု မင်းတို့နဲ့ ပူးပေါင်းလို့ရပြီလား?"
လုရွှမ်သည် သံကြေးစားအဖွဲ့ရဲ့ တာဝန်ခံ လူငယ်ကို လှည့်ကြည့်လိုက်ပြီး ပြုံးပြလိုက်သည်။
"သေချာတာပေါ့!"
လူငယ်က ခေါင်းညိတ်ပြပြီး ကျောက်စိမ်းသေတ္တာတစ်လုံးနှင့် ချပ်ဝတ်တန်ဆာ တစ်ပိုင်းကို လွှဲပေးလိုက်သည်။
"ဒါက မင်းအတွက်ပဲ ပြဿနာမရှိရင် အခုထွက်ရအောင်!"
"အင်း"
လုရွှမ်သည် စကားများများ မပြောဘဲ ကျောက်စိမ်းသေတ္တာနှင့် ချပ်ဝတ်တန်ဆာကို ယူလိုက်သည်။
ဝိညာဥ်ခုနှစ်မျိုးမှိုနှင့် ပတ်သက်သော သတင်းများ ပေါက်ကြားသွားရင် သူတို့ ပိုမိုမြန်ဆန်လေလေ ၎င်းကိုရရှိရန် အလားအလာ များလေလေဖြစ်သည်။
နှေးနေပါက အကျိုးကျေးဇူးများ အားလုံးသည် အခြားသူများထံသို့ ရောက်ရှိသွားမည် ဖြစ်သည်။
လူတိုင်းက လုံးဝမရပ်ဘဲ အဖွဲ့ပြီးတစ်ဖွဲ့ လက်မှုပညာရှင် အဖွဲ့အစည်းမှထွက်ကာ ကျစ်ရှာတောင်ဆီသို့ တည့်တည့် ထွက်သွားကြသည်။
လူတိုင်းနောက်သို့ လိုက်ကာ လုရွှမ်သည် ဤလူအုပ်စု၏ ဖွဲ့စည်းပုံကို လျင်မြန်စွာ ရှာဖွေတွေ့ရှိခဲ့သည်။
အရင်က စုဆောင်းခဲ့တဲ့ သူကတော့ သံကြေးစားအဖွဲ့ရဲ့ ခေါင်းဆောင်တျယ်လုံ ဖြစ်သည်။ တျယ်လုံက အသက်သုံးဆယ်ကျော်သာ ရှိပေမယ့် နန်းတော်ပင်လယ် နယ်ပယ်ရဲ့ အထွတ်အထိပ် အဆင့်ကို ပိုင်ဆိုင်ထားပြီးသားဖြစ်ပြီး လျှော့တွက်လို့ မရချေ။
တခြားသူတွေကတော့ တန်းလိနယ်ပယ် အထက်မှာ ရှိကြသည်။
အသစ် စုဆောင်းထားသော သံလက်နတ်ဆိုးနှင့် ရွှေလှံလူသားတို့သည် ထူးဆန်းသော ဒေါသများ ရှိပြီး ဘဝင်ကျချင်စရာ သိပ်မရှိသော်လည်း ၎င်းတို့၏ အစွမ်းသတ္တိမှာ မနိမ့်ကျပေ။
လုရွှမ်၏ လေ့လာတွေ့ရှိချက်အရ သူတို့သည် နန်းတော်ပင်လယ် နယ်ပယ်၏ စွမ်းအားများ ရှိသည်။
ဒါပေါ့။ တစ်ဖက်လူက ဘယ်လောက်ပဲ အဆင့်မြင့်ပါစေ တစ်ဖက်က မတိုက်ခိုက်လာရင် သူလည်း တိုက်ခိုက်မည်မဟုတ်။
ယခင်ကတော့ လူတိုင်းသည် လုရွှမ်ကို အကောင်းမြင်စိတ် မရှိကြပေ။ လျိုထောင်းသည် အလွန် အစွမ်းထက်မြက်ကြောင်း သိပေမယ့် လွယ်လင့်တကူ အနိုင်ယူသွားသည်ကို တွေ့လိုက်သောကြောင့် ရှုတ်ချခဲ့တာကို ပယ်ရှားလိုက်ကြသည်။
လူအုပ်စုသည် အလွန်လျင်မြန်ပြီး နောက်တစ်နေ့ မွန်းတည့်တွင် ၎င်းတို့သည် မိုင်သုံးရာကျော်ရှိသော ကျစ်ရှာတောင်သို့ နက်ရှိုင်းစွာ တိုးဝင်လာခဲ့သည်။
လုရွှမ်သည် တစ်ရက်မျှ အနားယူခြင်းမရှိဘဲ ရှေ့သို့လျှောက်လှမ်းရင်း လေထဲရှိ ဝိညာဉ်စွမ်းအင်များကို စုပ်ယူကာ စစ်မှန်သော စွမ်းအင်အဖြစ် ပြောင်းလဲခဲ့သည်။
ဝိညာဥ်ချီစွမ်းအင်က ပါးလွှာပြီး အကျိုးသက်ရောက်မှု အနည်းငယ်သာ ရှိသော်လည်း အနည်းဆုံးတော့ အချို့သော အကျိုးသက်ရောက်မှု ရှိသေးသည်။
သံကြေးစားအဖွဲ့သည် တောင်များနှင့် သစ်တောများတွင် မကြာခဏ သွားလာကြပြီး အစွမ်းထက်သော သားရဲများ၏ ကျက်စားရာနေရာများအကြောင်း အများအပြား သိရှိထားကြသည်။
လမ်းတစ်လျှောက်တွင် တိုက်ပွဲငယ်အချို့ကို တွေ့ကြုံခဲ့ရသော်လည်း အားကောင်းသည့် သားရဲများကို မတွေ့ရပေ။
"အရှေ့က ဝမ့်ဖုန်းချိုင့်ဝှမ်းပဲ တောရိုင်းတိရစ္ဆာန်တွေ အများကြီး ရှိတယ်.... အားလုံး သတိထားကြပါ!"
နောက်ထပ် တစ်နာရီလောက် လမ်းလျှောက်ပြီးတဲ့ နောက်မှာ ကြီးမားတဲ့ ချိုင့်ကြီးတစ်ခုက သူတို့မျက်စိရှေ့မှာ ပေါ်လာသည့။
ချိုင့်ဝှမ်းသည် ကျယ်ဝန်းပြီး စိမ်းစိုနေသော သစ်ပင် ပန်းပင်များဖြင့် ဖုံးအုပ်ထားသည်။
"ဒီမှာရှိတဲ့ ဝိညာဥ်စွမ်းအင်က အပြင်မှာထက် အများကြီး ပိုများတယ်!"
ချိုင့်ထဲသို့ လှမ်းဝင်ရင်း လုရွှမ်က မထိန်းနိုင်ဘဲ ခေါင်းညိတ်လိုက်သည်။
ချိုင့်ထဲတွင် လေထုသည် မရေမတွက်နိုင်သောဝိညာဥ်ချီများဖြင့် ပြည့်နှက်နေသည်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။ ဤနေရာတွင် လေ့ကျင့်ခြင်းသည် အရှိန်ကို အဆပေါင်းများစွာ တိုးစေနိုင်သည်။
"ခဏလေး...."
အသံတစ်ခု ထွက်ပေါ်လာသောအခါ အားလုံးကို ရှေ့သို့ တိုးသွားမည့် အစီအစဥ်က ရပ်တန့်သွား၏။