ဒုကျောင်းအုပ်ကြီးချန်
Vol. 5 Ch. 64
လုရွှမ်က သူ့ခေါင်းကို လှည့်ကြည့်လိုက်တော့ အခုနက စကားပြောနေတဲ့ လူက သူနဲ့အတူရှိနေတဲ့ သံလက်နတ်ဆိုး ဖြစ်နေသည်။
"အစ်ကိုလျောက် ဘာပြောစရာရှိလဲ မသိဘူး"
ခေါင်းဆောင်တျယ်လုံ တစ်ချက်ကြည့်၍ ပြန်မေးလိုက်သည်။
"အမိန့်မရှိဘူး! တစ်ချက်ရှင်းချင်လို့!"
သံလက်နတ်ဆိုးသည် မျက်နှာပေါ်တွင် အမူအရာ တစ်စုံတစ်ရာမရှိဘဲ ပြောလာ၏။
"ဝိညာဥ်ခုနှစ်မျိုးမှိုက ငါတို့ရှေ့မှာပဲ... ရှာမတွေ့သေးဘူး ဆိုပေမယ့် ပြောသင့်တာကို ပြောထားရမှာပဲ ရှာတွေ့ရင် ဘယ်လိုခွဲယူမှာလဲ? ပြီးတော့ မင်းတို့သံကြေးစားအဖွဲ့မှာ လူဒီလောက်များတာ လှည့်စားထားရင်တောင် ဖမ်းလို့မိမှာ မဟုတ်ဘူး"
"လှည့်စားမယ်? အစ်ကိုလျောက်က အရမ်းနောက်တာပဲ ကျွန်တော်တို့ သံကြေးစားအဖွဲ့က တည်ထောင်ထားတာ နှစ်မကြာသေးပေမယ့် အမြဲတမ်း နာမည်ကောင်းရှိတယ်... ဝိညာဥ်ခုနှစ်မျိုးမှိုက အဖိုးတန်ပေမယ့် ကျွန်တော်တို့ကို လှုပ်ရှားစေတဲ့အထိ မဖြစ်စေပါဘူး"
တျယ်လုံက ရယ်၍ ဆက်ပြော၏။
"ပြီးတော့ အစ်ကိုလျောက့်ရဲ့ ခွန်းအားကလည်း မသေးဘူးလေ....တိုက်ခိုက်ရင် အနိုင်ထက် အရှုံးက ပိုသာနေမှာပဲ မဟုတ်လား?"
"ဟားဟား မင်းတို့ မလုပ်ရဲဘူးကိုး" သံလက်နတ်ဆိုးက သူ့မျက်တောင်တွေကို လှန်လိုက်သည်။
"ဟမျ့!"
ဒါကိုကြားတော့ အဖွဲ့ထဲက တခြားအဖွဲ့ဝင်တွေအားလုံး ရုပ်ဆိုးတဲ့ မျက်နှာတွေဖြစ်ကုန်ပြီး တျယ်လုံက ဂနာမငြိမ်မှုကို ထိန်းဖို့ လက်ကို ဝှေ့ယမ်းပြီး
"ဘယ်လိုခွဲရမလဲဆိုတာ ငါစဉ်းစားပြီးပြီ... ငါတို့ရဲ့ သံကြေးစားအဖွဲ့မှာ အဖွဲ့ဝင် ၁၂ယောက် ရှိတယ်... မင်းတို့က သုံးယောက်... ငါတို့ ဝိညာဥ်ခုနှစ်မျိုးမှိုကို ဘယ်လောက်ပဲ ရပါစေ ငါတို့ 80% ယူမယ် ကျန်တဲ့ 20% ကို မင်းသုံးယောက်ကို ခွဲပေးမယ်"
"လူဆယ့်ငါးယောက်မှာ သုံးယောက်က 20%... တရားမျှတတယ်!"
သံလက်ကောင်က ခေါင်းညိတ်ပြပြီး လုရွှမ်နဲ့ ကျင့်ကျန့်ဝမ်း(ရွှေလှံလူသား) ကို လှည့်ကြည့်လိုက်ပြီး မျက်ခုံးပင့်ကာ
"20% ထဲက ငါ 10% လိုချင်တယ် အဆင်ပြေတယ်မလား!!"
ကျင်းကျန့်ဝမ်းက မျက်မှောင်ကြုတ်ပြီး သူ့အင်အားက တစ်ဖက်လူလောက် မကောင်းမှန်းသိသလို နောက်ဆုံးမှာ လုရွှမ်ကို စိုက်ကြည့်ရင်း ခေါင်းညိတ်လိုက်ပြီး
"ရတယ် ဒါပေမယ့် ကျန်တဲ့ 10%မှာ ငါ့အတွက် 8% လိုချင်တယ်!"
စုစုပေါင်း 20%ထဲက 10%၊ နောက်တစ်ယောက်က 8% ယူတော့ 2% ပဲကျန်တော့သည်။
အားလုံးက လုရွှမ်ကို တညီတညွတ်တည်း ကြည့်ကြပြီး သူ့တုံ့ပြန်မှုကို မြင်ချင်ကြသည်။
သို့သော်လည်း သူတို့ မျှော်လင့်ထားသလို ဖြစ်မလာပေ။ လူငယ်ရဲ့မျက်နှာက လုံးဝကို ခံစားရပုံ မပေါ်ဘဲ ဒါဟာ လုံးဝ မတရားဘူးလို့လည်း ထင်ပုံမပေါ်ချေ။
သန်မာတဲ့လူနဲ့ တွေ့တဲ့အခါ စကားတစ်ခွန်းမှ မပြောဝံ့ဘဲ ရှိနေတဲ့သူ့ကို မြင်တော့ အရင်က သူ့ကို မတူကွဲပြားစွာ ကြည့်နေတဲ့သူတိုင်းက ခေါင်းမခါဘဲ မနေနိုင်ကြတော့ဘူး။
ဘာပဲဖြစ်ဖြစ် ခွဲဝေနည်းကတော့ သူတို့ သုံးယောက်ရဲ့ ကိစ္စပဲ။ မကျေနပ်ဘူး ဆိုရင်တောင် သူတို့ဝင်ကူညီလို့ မရဘူး။
"ကောင်းပြီ ဒီလိုပဲ ဆုံးဖြတ်လိုက်ကြမယ် သွားရအောင်!"
ဆွေးနွေးမှု ပြီးသွားသည်ကို တွေ့တော့ တျယ်လုံက ခေါင်းညိတ်ကာ ချိုင့်ဝှမ်းဆီသို့ ဦးစွာလျှောက်သွားခဲ့သည်။
လုရွှမ်သည် ဝမ့်ဖုန်းချိုင့်ထဲသို့ ဝင်သွားပြီး သူ့ကြောင့် ဥပဒေ အဖွဲ့တစ်ခုလုံး မိုးမီးလောင်နေတာကို မသိချေ။
"ခေါင်းဆောင်.... သေချာပေါက် ကျွန်တော့်အတွက် လက်စားချေပေးရမယ်!"
ချိုဝမ့်ထျန်းသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး ပြင်းစွာ ငိုကြွေးနေသည်။
"မင်းပြောတာက လုရွှမ်လို့ခေါ်တဲ့ အတန်းနိမ့် ကျောင်းသားတစ်ယောက်က တုယန် နဲ့ လျိုချွမ်းကို ဆက်တိုက်သတ်ရုံမက သူ့ကို ဖမ်းဆီးဖို့ လူတွေကို စေလွှတ်လိုက်ပေမယ့် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီး ဥပဒေအဖွဲ့ ဌာနချုပ်ကိုတောင် လာပြီး မင်းကို သေအောင်ရိုက်သွားတယ်ပေါ့!?"
ခေါင်းဆောင်လျောက်ချင်းသည် ထူးဆန်းနေတယ် ဆိုတဲ့ မျက်လုံးတွေနဲ့ ကြည့်လာ၏။
ဒီရက်ပိုင်းမှာ သူ့ခန္ဓာကိုယ်က ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဖန်းရှစ်မှာပဲ နေခဲ့ရသည်။ ထို့ကြောင့် အကယ်ဒမီမှာ အဖြစ်အပျက်တွေ အများကြီး ဖြစ်သွားတာကို သူမသိခဲ့ပေမဲ့ စိတ်ကူးယဉ် ဇာတ်လမ်းတစ်ခုကို ရုတ်တရက် ကြားလိုက်ရတာကို မယုံနိုင်ဘူး ဖြစ်နေသည်။
သူတို့နေရာက ဘာလဲ?
ဥပဒေအဖွဲ့လေ!
ကျန်းဝူအကယ်ဒမီ ကျောင်းသားများကြားတွင် အခွင့်အာဏာ အရှိဆုံး ဤနေရာသည် အခြားသူများကို ပြဿနာရှာရန်သာ ဖြစ်သည်။ အခြားသူများဆီက ပြဿနာရှာခံရတာက ပထမဆုံးအကြိမ် ကြားသိရခြင်း ဖြစ်၏။
"အမှန်ပါပဲ ခေါင်းဆောင်....ဒီကောင့်ကို သင်ခန်းစာ ပေးရမယ် မဟုတ်ရင် ကျွန်တော်တို့ ဥပဒေအဖွဲ့ရဲ့ မျက်နှာပျက်လိမ့်မယ်"
ချိုဝမ့်ထျန်း နှာချေးကိုသုတ်နေစဥ် မျက်ရည်တွေက ကျလာသည်။
ရက်အတော်ကြာပြီး ဆေးတွေ အများကြီး သုံးခဲ့ပေမယ့် လုရွှမ်ရဲ့တိုက်ခိုက်မှုက ပြင်းထန်လွန်းပြီး အခုထိ မခံမရပ်နိုင် ဖြစ်နေတုန်းပါပဲ။ ဒါ့အပြင် သူ မတ်တပ်ရပ်နိုင်ရင်တောင် သူ့ရဲ့ကျင့်ကြံမှုက လုံးဝ အသုံးမဝင်တော့ဘူး။
"ဝူယွမ် ဒါက တကယ်လား?"
လျောက်ချင်းသည် မလှမ်းမကမ်းမှ လူငယ်တစ်ဦးကို လှည့်ကြည့်လိုက်သည်။
နောက်ထပ် ဥပဒေအဖွဲ့၏ လက်ထောက် ဝူယွမ်ဖြစ်သည်။
"ဒါက"
ဝူယွမ်က ခေတ္တရပ်ပြီး
"လုရွှမ်က ဒီကို ပြဿနာရှာဖို့ လာခဲ့တာ မှန်ပါတယ်... ဒါပေမယ့် ခေါင်းဆောင်ချိုက အဲဒီအကြောင်းကြောင့် ပြဿနာတက်တာတော့ မဟုတ်ဘူး! ခေါင်းဆောင်ချိုက သူ့အခန်းဖော်တွေကို ဖမ်းဆီးပြီး ပြင်းပြင်းထန်ထန် နှိပ်စက်ခဲ့တယ် သူ့ဘယ်မှာရှိတယ်ဆိုတာ သိဖို့ စစ်မေးတာ ဒါကြောင့် သူဒေါသထွက်ပြီး ပြဿနာရှာဖို့ ဒီကိုလာခဲ့တာပါ"
"တုယမ်နဲ့ လျိုချွမ်းရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး ဘယ်သူက သတ်လိုက်တာလဲ ဆိုတာတော့ မသိရသေးပါဘူး ဒါပေမဲ့ လုရွှမ်က တရားခံပဲလို့ သံသယဝင်မိပါတယ်"
ဒုခေါင်းဆောင် နေရာအတွက် အပြိုင်အဆိုင် ရှိသည်။ ချိုဝမ့်ထျန်း၏ အသွင်အပြင်ကို မြင်လျှင် ဝူယွမ်သည် အချိန်မနှောင်းမီ အခွင့်အရေးယူကာ သူ့အတွက် ကူမပြောပေးတော့ချေ။
"အဲ့လိုလား?"
လျောက်ချင်းက မျက်မှောင်ကြုတ်ကာ
"ချိုဝမ့်ထျန်း မင်းကပိုပိုပြီး အတင့်ရဲလာတာပဲ! လူကိုရှာမတွေ့တာနဲ့ အတူတူနေတဲ့ အိပ်ဆောင်ထဲက လူတွေကို ဖမ်းဆီးပြီး သူတို့ကို နှိပ်စက်တယ်ပေါ့ ငါတို့ရဲ့ ဥပဒေအဖွဲ့နဲ့ လူမိုက်အဖွဲ့က ဘာကွာခြားချက် ရှိတော့မှာလဲ?"
"ခေါင်းဆောင်....ကျွန်တော်.... "
ခေါင်းဆောင်ရဲ့ ဒေါသသံကိုဘကြားတော့ ချိုဝမ့်ထျန်းက တုန်လှုပ်သွားပြီး သူ့မျက်နှာက ဖျော့တော့သွားသည်။
လျောက်ချင်းကို အမြဲတမ်း မနာလိုဖြစ်နေခဲ့သည်။ သူ့ကို ဥပဒေအဖွဲ့၏ ခေါင်းဆောင်းအဖြစ် ခန့်အပ်ထားသော်လည်း ရုပ်ပိုင်းဆိုင်ရာ ပြဿနာများကြောင့် စီမံအုပ်ချုပ်ရန် အစပျိုးမှု မပြုလုပ်သည်မှာ ကြာမြင့်နေပြီဖြစ်ပြီး အရာများစွာကို ၎င်းတို့နှစ်ဦးထံ လွှဲပြောင်းပေးခဲ့သည်။
သူ့ရှေ့က ဒုခေါင်းဆောင် တစ်ယောက်က သိက္ခာကျတဲ့ ဒီလိုကိစ္စမျိုး လုပ်မယ်လို့ မမျှော်လင့်ထားဘူး။
အကယ်ဒမီ၏ မျက်နှာကို ကိုယ်စားပြုသည့် ဥပဒေအဖွဲ့သည် အမှန်တကယ်တော့ လူမိုက်အဖွဲ့နှင့် တူနေပါသည်။ လူကို ရှာမတွေ့တော့ သူငယ်ချင်းများကို ဖမ်းဆီးကာ ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့သည်။
"ကောင်းပြီ ဒီနေ့ကစပြီး ဒုခေါင်းဆောင် နေရာကို မင်း လုပ်စရာ မလိုတော့ဘူး! လုရွှမ်ရဲ့ ကိစ္စတွေအားလုံးကို ဝူယွမ် လက်ထဲမှာပဲ အပ်ထားလိုက်!"
လျောက်ချင်းက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဟုတ်!"
ဝူယွမ်၏ မျက်လုံးများ တောက်ပလာပြီး ခေါင်းဆောင်၏ အမိန့်နာခံမည့် အချိန်၌ ခန်းမအပြင်ဘက်တွင် ခြေသံများထွက်ပေါ်လာပြီး ပြင်းထန်သော အသံတစ်ခု ထွက်ပေါ်လာသည်။
"အရမ်း စည်ကားနေတာပဲ ဘာဖြစ်နေကြတာလဲ"
ဒီအသံကိုကြားတော့ လူတိုင်းက ရိုသေတဲ့အမူအရာနဲ့ ခေါင်းကို လှည့်လိုက်ကြသလို လျောက်ချင်းလည်း ခြွင်းချက်မရှိပင်။
"ဒုကျောင်းအုပ်ချန်ကို ဂါဝရပြုပါတယ်"
ဒုကျောင်းအုပ် ချန်ဟန်။ ဥပဒေအဖွဲ့ကို ဦးဆောင်သော ခေါင်းဆောင်ကြီးလည်း ဖြစ်ပေသည်။
"ဒုကျောင်းအုပ်... ကျွန်တော် မတရားခံရတာပါ!"
ဒုကျောင်းအုပ်ကို မြင်တော့ ချိုဝမ့်ထျန်းက ကယ်တင်ရှင်ကို တွေ့လိုက်ပုံဖြင့် ကျယ်လောင်စွာ အော်ဟစ်ပြီး ပြေးသွားသည်။
"ဟင်?" ချန်ဟန်က မျက်ခုံးပင့်လိုက်သည်။
"လုရွှမ်လို့ခေါ်တဲ့ ကျောင်းသားတစ်ယောက်က လူတွေကို ဆက်တိုက် သတ်ဖြတ်ခဲ့တယ်...အဲဒါကြောင့် ကျွန်တော်တို့ဥပဒေအဖွဲ့က စုံစမ်းစစ်ဆေးခဲ့တာ ဒါပေမဲ့ အဲဒီလူက ဝန်ခံဖို့ ငြင်းရုံတင်မကဘူး ဥပဒေအဖွဲ့ချုပ်ရဲ့ ဂုဏ်သိက္ခာကို ဂရုမစိုက်ဘဲ အဖွဲ့ဝင်တွေကိုလည်း ရိုက်နှက်ခဲ့သေးတယ် ဂုဏ်သရေရှိတဲ့ ကျွန်တော့်ကိုလည်း ဒီလိုပုံစံဖြစ်အောင် ရိုက်လိုက်တယ်"
ချိုဝမ့်ထျန်းမှာ မျက်ရည်များပင် ဝဲလာသည်။
"သတ္တိကောင်းလိုက်တာ ကောင်းကင်ကို တကယ် ဆန့်ကျင်နေတာပဲ!"
ဒုကျောင်းအုပ်ချန်၏ မျက်နှာမှာ မည်းမှောင်သွားပြီး သူ့မျက်လုံးများက အေးစက်စွာ ကြည့်လာသည်။
"လာကြစမ်း.... အဲဒီလုရွှမ်လို့ခေါ်တဲ့ ကောင်လေးကို ဖမ်းခေါ်လာခဲ့...အကယ်ဒမီရဲ့ စည်းကမ်းကို နားမလည်ဘူးလား ဆိုတာကို ကြည့်လိုက်ဦးမယ်"
"ဒုကျောင်းအုပ်....ဒီကိစ္စက အဲ့လောက် မရိုးရှင်းဘူးလို့ ထင်ပါတယ်"
မထင်မှတ်ဘဲ ဒုကျောင်းအုပ်ချန်သည် ချိုဝမ့်ထျန်းရဲ့ စကားကို ယုံကြည်ပြီး လုရွှမ်ကို ဖမ်းဆီးရန် ဆန္ဒရှိတာကြောင့် လျောက်ချင်း အလျင်စလို ဝင်ပြောလိုက်၏။
"ဘာလို့ အဲဒီသစ္စာဖောက်အတွက် ပြောပေးချင်နေတာတုန်း"
ဒုကျောင်းအုပ်ချန်က မျက်ခုံးပင့်လိုက်ပြီး သူ့မျက်နှာကို ပြင်းပြင်းထန်ထန် တင်းမာထားရင်း
"လျောက်ချင်း....အခုတလော မင်းဥပဒေအဖွဲ့ကို ဂရုမစိုက်ခဲ့ဘူး...ကိစ္စတွေကိုလည်း မမေးမြန်းဘူးဆိုတာ ငါမသိဘူး မထင်နဲ့....မင်းမှတ်ထား ဘာကိစ္စပဲဖြစ်ဖြစ် ငါတို့ဥပဒေအဖွဲ့က အကယ်ဒမီရဲ့ မျက်နှာကို ကိုယ်စားပြုတယ် ဥပဒေအဖွဲ့ကလူကို လာထိရဲရင် သူ့ကိုယ်လက်အင်္ဂါတွေကို ဖြတ်သင့်ရင် ဖြတ်ရမှာပဲ ...သူ့ကျင့်ကြံမှုတွေကို ဖျက်စီးသင့်ရင်လည်း ဖျက်စီးရမှာပဲ....နားလည်လား? !!"
ဒုကျောင်းအုပ်ချန်၏ မျက်လုံးများသည် အေးစက်စက် အငွေ့အသက်တွေနှင့် ပြည့်နှက်နေသည်။
"မင်း သူ့ကို ချက်ချင်း သတ်ပစ်လို့ရတယ်!"
"ဟုတ်ကဲ့!"
ဒုကျောင်းအုပ်ချန် ဒေါသထွက်နေတာကို မြင်တော့ လျောက်ချင်းလည်း ခေါင်းညိတ်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ချေ။