သံလက်နတ်ဆိုး အရူးကောင်
Vol. 5 Ch. 65
ဗုန်း
နွားရူးတစ်ကောင် မြေပြင်ပေါ်မှာ လဲလျောင်းနေသည်။
"အဖွားရေ ဒီမှာ သားရဲတွေ အရမ်းများနေတာပဲ!"
သံကြေးစားအဖွဲ့ထဲမှ လူတစ်ဦးသည် သူ့မျက်နှာပေါ်ရှိ သွေးများကို သုတ်ပြီး ပြောလိုက်သည်။
လုရွှမ်နှင့် အခြားသူများသည် ဝမ့်ဖုန်းတောင်ကြားထဲသို့ ဝင်ရောက်လာသည်မှာ နှစ်နာရီကျော်ရှိပြီ ဖြစ်သည်။ ထိုအချိန်ကာလအတွင်းတွင် တောရိုင်းတိရစ္ဆာန်ပေါင်း တစ်ရာထက်မနည်းနှင့် ကြုံတွေ့ခဲ့ရပြီး အများစုမှာ တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့်များ ဖြစ်သည်။
ဤကာလအတွင်း တွေ့ဆုံမှုများသည် လူများစွာကို အပြင်းအထန် ဒဏ်ရာရစေခဲ့ပြီး သောင်းကျန်းတတ်သော သံလက်နတ်ဆိုးသည်လည်း ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ပြတ်ရှဒဏ်ရာများနှင့် အ၀တ်အစားများ၌ သွေးစွန်းထင်းမှုများ အများအပြား ရှိနေသည်။
ဒဏ်ရာလုံးဝ မရှိတာက လုရွှမ် တစ်ဦးတည်းသာ ဖြစ်ပေ၏။
သူ၏ ခွန်အားသည် လူအုပ်ကြားတွင် အမြင့်ဆုံးမဟုတ်ပေ။ သို့သော် သူ့တွင် ယခင်ဘဝ အတွေ့အကြုံများ ရှိထားသည်။
သားရဲ တိုက်ခိုက်ခြင်း၏ အကွာအဝေးနှင့် အရှိန်ကို တိကျစွာ ဆုပ်ကိုင်နိုင်ပြီး သားရဲ၏ တိုက်ခိုက်မှုကို တားဆီးထားနိုင်သည်။ ထို့ကြောင့် သူ့ကိုယ်ပေါ်မှာ ဘာသွေးမှစွန်းမနေချေ။
"ဝမ့်ဖုန်းချိုင့်ဝှမ်းက ဒီလောက်ကြီးတာ ဝိညာဥ်ခုနှစ်မျိုးမှိုက ဘယ်မှာလဲ? သတင်းအတုတွေ မဖြစ်နိုင်ဘူးလား?"
ဝမ့်ဖုန်းချိုင့်ဝှမ်းသည် မိုင်ရာနှင့်ချီ ကျယ်ဝန်းပြီး ၎င်း၏ အရှည်သည် ဆယ်မိုင်ကျော် ရှိသည်။
တကယ်လို့ အခုလို ရည်ရွယ်ချက်မဲ့ ရှာဖွေပါက ၎င်းကို ဘယ်အချိန်ကျမှ ရှာတွေ့မည်နည်း
သားရဲတိရိစ္ဆာန်တွေ အများကြီး ရှိသည်။ အထဲကို ပိုလှမ်းလာလေလေ သားရဲတွေက အဆင့်ပိုမြင့်လေပဲ။ ဆက်သွားနေမယ်ဆိုရင် ၎င်းတို့ကို အသက်ရှင်လျက် ရှာတွေ့နိုင်မလားဆိုတာ ပြောဖို့ခက်သွားပြီ။
"သတင်းက အမှန်ပဲ ငါကိုယ်တိုင် အတည်ပြုပြီးပြီ အထဲမှာပဲ ရှိလောက်တယ် အားလုံး ဒီနေရာမှာပဲ ခဏအနားယူကြမယ်.... နာရီဝက်လောက်ကြာရင် ငါတို့ ဆက်သွားကြမယ် မမှောင်ခင် ချိုင့်ဝှမ်းအလယ်ကို ရောက်အောင် သွားရမယ်၊ မဟုတ်ရင် ညဘက်တွေမှာ ပိုအစွမ်းထက်တဲ့ သားရဲတွေ ထွက်လာနိုင်လို့ အရမ်း အန္တရာယ်များတယ်!"
တျယ်လုံက ရှေ့ကို လှမ်းကြည့်ရင်း အသံနက်ကြီးဖြင့် ပြောလိုက်သည်။
"ဟုတ်တယ်!"
အားလုံးက တစ်ချိန်တည်းမှာ ခေါင်းညိတ်ပြပြီး အနားယူဖို့ ထိုင်လိုက်ကြသည်။ လုရွှမ်လည်း စကားမပြောဘဲ ထိုင်ချလိုက်ပြီး စတင် လေ့ကျင့်ပါတော့သည်။
သူသည် နန်းတော်ပင်လယ် နယ်ပယ်ကို မကြာသေးမီကပင် ဝင်ရောက်လာခဲ့ပြီး သူ၏ခန္ဓာကိုယ်ရှိ စစ်မှန်သော ချီဝိညာဥ်က အလွန်အားနည်းနေပြီး ဤနေရာတွင် ဝိညာဉ်စွမ်းအင်များ အများအပြားရှိနေသည်။
ကျင့်ကြံဖို့ အသင့်တော်ဆုံးပဲ။
သာမန်အဆင့်၅ နန်းတော်ပင်လယ် နယ်ပယ်သည် စစ်မှန်သော ဝိညာဥ်ချီ ၂၀% စုဆောင်းခြင်းဖြင့် အစောပိုင်းအဆင့်သို့ မြင့်တက်နိုင်သည်။
၄၀%သည် အလယ်အလတ်အဆင့် နှင့် ၆၀%သည် နှောင်းပိုင်းအဆင့်ဖြစ်ကာ ၁၀၀%ဆိုရင်တော့ ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ပြီဖြစ်သည်။
လုရွှမ်ရဲ့ ပထမအဆင့် နန်းတော်ပင်လယ် နယ်ပယ်က မတူချေ။ စတင်ကတည်းက သာမန် နန်းတော်ပင်လယ် အဆင့်တွေထက် ဆယ်ဆပိုများသည်။
ဆိုလိုသည်မှာ အစောပိုင်းအဆင့်ရောက်ဖို့ ၂၀၀% စစ်မှန်တဲ့ ဝိညာဥ်ချီလိုအပ်သည်။ ဒါက သာမန်လူတွေ လိုအပ်တဲ့ ဝိညာဥ်ချီထက် ပိုများတာလေသည်။
ဤအချက်ကြောင့် သူသည် အားကိုးရာမဲ့ ဖြစ်နေသည်မှာ အတိအကျပင်။ သူ၏ ခွန်အားကို မြှင့်တင်ရန် သာမန်လူများထက် အချိန်ကို ပိုသုံးစွဲရန် လိုအပ်သည်။
အချိန်အနည်းငယ် ကြာပြီးနောက် သူသည် စစ်မှန်သော စွမ်းအင်လှိုင်းလုံးများကို စုပ်ယူခါနီးတွင် အသားကင်ထားသော အကင်နံ့ကို ရုတ်တရက် အနံ့ရလိုက်သည်။
မျက်လုံးကိုဖွင့်လိုက်တော့ ဒေါသအိုး သံလက်နတ်ဆိုးကြီးသည် ဘယ်အချိန်က သားရဲကောင်ကြီး ကင်နေလဲမသိ မွှေးကြိုင်သော အနံ့များ ထွက်လာသည်ကို မြင်လိုက်ရသည်။
လက်မှုပညာရှင် အဖွဲ့အစည်းမှ ထွက်သွားကတည်းက သူတို့သည် များပြားလွန်းသော တိုက်ပွဲများနှင့်အတူ တစ်လမ်းလုံး ပြေးလွှားနေကြပြီး လူတိုင်း ဆာလောင်နေကြကာ အနံ့ကို ရလိုက်သောအခါတွင် လက်ညိုး တထိုးထိုးဖြင့် စိတ်လှုပ်ရှားနေပုံရသည်။
လုရွှမ်သည် မျက်မှောင်ကြုတ်ကာ မတ်တပ်ထရပ်၍ မီးပုံဆီသို့ ခြေလှမ်းနှစ်လှမ်းလှမ်းကာ လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။
ဟူ.....
လက်ဖဝါးအရှိန်ကြောင့် မီးပွားတွေ ဖိတ်စင်သွားသည်။
"ဟင်?"
သူ့လုပ်ရပ်ကိုမြင်တော့ အားလုံး အံ့ဩသွားကြသည်။
မီးကို ထွန်းညှိခဲ့သူမှာ သံလက်နတ်ဆိုးဖြစ်ပြီး လူအုပ်ထဲတွင် ဒေါသအဆိုးဆုံးနှင့် အထူးဆန်းဆုံးလူဖြစ်သည်။
မီးကိုငြှိမ်းသတ်ဖို့ ရုတ်တရတ် ပြေးတက်လာတယ်ပေါ့? ဘာကြောင့် ဒီလောက် အတင့်ရဲရတာလဲ?
"အကောင်ငယ်လေး..... မင်းသေချင်နေတာလား?"
သံလက်နတ်ဆိုး၏ မျက်နှာသည် ချက်ချင်း မည်းမှောင်သွားသည်။
အသားက အနံ့ကောင်းပြီး မကျက်ခင်မှာ မီးငြိမ်းသွားတဆိုတော့ ဒီကလေးက သူ့မျက်နှာကို ဖြတ်ရိုက်လိုက်တာပဲ။
"အရူး! ပါးစပ်ပိတ်ထား!"
လုရွှမ်၏ မျက်နှာသည် မည်းမှောင်သွားပြီး ရုတ်တရက် အေးစက်စွာ ပြန်ကြည့်လိုက်သည်။
"ဒီကောင်လေးက သံလက်နတ်ဆိုးကို အရူးလို့ ပြောလိုက်တာလား?"
"အရင်ကတော့ သံလက်နတ်ဆိုးကြီးရဲ့ စကားကို တစ်ဝက်လောက်တောင် ပြန်မပြောရဲတာ သူဘာလို့ရုတ်တရက် အရမ်း သတ္တိတွေ ရှိလာတာလဲ?"
"မသိဘူးလေ... တိုက်ပွဲမှာ သားရဲတစ်ကောင်က ခေါင်းကို ရိုက်ပစ်လိုက်လို့ ဦးနှောက်ပျက်သွားတာ ဖြစ်နိုင်တယ်..."
မထင်မှတ်ပဲ တစ်ချိန်လုံး နှုတ်ဆိတ်နေသော လုရွှမ်သည် ရုတ်ခြည်း မတ်တပ်ထရပ်ပြီး အခုလိုလုပ်လိုက်တာကြောင့် အဖွဲ့ဝင်များ အားလုံး လန့်သွားသည်။
သံလက်နတ်ဆိုးသည် သတ္တိကောင်းပြီး အဖွဲ့ခေါင်းဆောင် တျယ်လုံပင် ကြောက်လန့်၍ စကားကို ကြီးကြီးကျယ်ကျယ် မပြောဝံ့ပေ။နန်းတော်ပင်လယ် နယ်ပယ်ကို ရောက်ဖူးတာနဲ့ ဤကလေးသည် အလွန်မာနကြီးနေ၏။
"မင်းဘာပြောလိုက်တယ်?"
လုရွှမ်ရဲ့ စကားကြားတာနဲ့ သံလက်နတ်ဆိုးက မတ်တပ်ထရပ်ပြီး သူ့အဆုတ်တွေ ပေါက်ကွဲတော့မတတ် ဒေါသထွက်လာကာ
"အကောင်ငယ်လေး ကြည့်ရတာ မင်းကအဲဒီ၂%ကိုလည်း မလိုချင်တော့ဘူး ထင်တယ်....ဒါဆိုလည်း လူလို ဘယ်လိုနေရမလဲ ဆိုတာကို လောင်ဇီက သင်ပေးရတာပေါ့!"
စကားပြီးသောအခါတွင် သံလက်တစ်စုံကို ပွတ်သပ်ကာ လုရွှမ်ဆီသို့ လျှောက်သွားလိုက်သည်။
လူမြင်ကွင်းမှာ သူမျက်နှာပွင့်ဖို့ ဒီကောင်လေးကို သူဘယ်လောက် အစွမ်းထက်တယ်ဆိုတာ သိအောင် ဒီတစ်ခါတော့ သင်ခန်းစာတစ်ခု သင်ပေးရမယ်။
ဟူ.....
သို့သော် ရှေ့သို့မရောက်မီ ယခုလေးတင် မာနကြီးနေခဲ့သော လူငယ်က လှည့်ကြည့်ကာ ပြေးသွားသည်။
"ဘာ?"
လူတိုင်း အံသြသွားကြသည်။
ဒီကောင်လေးက ဦးနှောက်ပျက်ပြီး သံလက်နတ်ဆိုးကို ပြန်ပြောရဲတာ ကျင့်ကြံမှု အားကောင်းနေလို့ပဲလို့ ထင်ခဲ့ပေမယ့် တစ်ဖက်လူက စကားတစ်ခွန်းမှ မပြောရဲဘဲ ထွက်ပြေးသွားခဲ့သည်။
သံလက်နတ်ဆိုးသည် လူငယ်သည် ကျိုးကြောင်းဆီလျော်စွာ လှည့်ကွက်များ ကစားမည်ဟု မျှော်လင့်ထားကာ အခုလိုဖြစ်သွားရာ ဒေါသတကြီးဟောက်သည်။
"ခွေးကောင် မင်းလွတ်မြောက်နိုင်မယ်လို့ ထင်လား? ငါဒီနေ့သင်ခန်းစာ မပေးရရင် ငါ့ကို သံလက်နတ်ဆိုးလို့ မခေါ်နဲ့တော့!"
အမီလိုက်ခါနီးမှာ ရုတ်တရက် သူ့တစ်ကိုယ်လုံးမှာ အမွေးတွေ လွင့်သွားသည်။
ဝူ......
ပြင်းထန်သော လေပြင်းသည် မျက်နှာဆီသို့ ပြေးလာပြီး နောက်တွင် ကြီးမားသော ခြေသည်းလက်သည်းများ ကျဆင်းလာသည်။
မထင်မှတ်ပဲ အခြေအနေက မြန်မြန်ဆန်ဆန် ပြောင်းလဲသွားလိမ့်မယ်လို့ မထင်ထားရာ သံလက်နတ်ဆိုးကြီးက သူ့လက်တွေကို ကမန်းကတန်း ယမ်းခါလိုက်ပြီး သံလက်တစ်စုံက ရှေ့ကို တိုက်ခိုက်လိုက်သည်။
ဗုန်း!
သံလက်နှင့် ခွာခြေသည်းတို့သည် အချင်းချင်း ထိမိကြသည်။
ဝုန်း.....
ဆယ်မီတာကျော်ကျော် ဇောက်ထိုး လွင့်ပျံသွားကာ ကျောက်တုံးကြီးကို ကျောနှင့်ထိမှန်ကာ သွေးများ ထွက်လာခဲ့သည်။
သံလက်နတ်ဆိုးသည် အားကောင်းပြီး ပြင်းထန်သော တိုက်ခိုက်နိုင်စွမ်း ရှိသော်လည်း သူ့ရှေ့ရှိ သားရဲကြီးသည် ပို၍ပင် ကြောက်စရာကောင်းနေ၏။
"အဲဒါ... အဆင့်၅ သံလက်မျောက်ဝံ သားရဲပဲ!"
"ကျစ်ရှာတောင်ရဲ့ နက်နဲတဲ့ နေရာမှာပဲ ဒီအဆင့်ရှိတဲ့ သားရဲကောင်တွေ ရှိတာမလား? သူ ဘယ်လိုလုပ် ဒီမှာ ပေါ်လာတာလဲ?"
"အဆင့်၅ သားရဲကြီးတွေက ဝူအဆင့်၅ ပညာရှင်တစ်ယောက်ကိုတောင် တိုက်ခိုက်နိုင်တယ်...သေစမ်းကွာ!"
.......
ရုတ်တရက် ပေါ်လာတာကို မြင်လိုက်ရတော့ အားလုံးက တခဏလောက် အံ့သြသွားပြီး ထိတ်လန့် တုန်လှုပ်သွားကြသည်။
သံလက်မျောက်ဝံ။ အဆင့်၅ သားရဲကြီး။ ဝူအဆင့်၅ လူတစ်ယောက်နှင့် ယှဉ်နိုင်သော သားရဲတစ်ကောင်။ သူတကယ်သာ အပြေးအလွှား တိုက်ခိုက်လာရင် လူတိုင်းကို သေချာပေါက် သုတ်သင်ပစ်နိုင်မှာ ဖြစ်သည်။
"ငါသိပြီ... အဲဒီအကောင်ကြီးက သံလက်နတ်ဆိုးရဲ့ အသားကင် အနံ့ကြောင့် ဆွဲဆောင်ခံလိုက်ရတာ... အခုနက လုရွှမ်မီးကို ရိုက်ထုတ်ပစ်တာက အဲဒီအကောင်ကြီး တွေ့သွားမှာ ကြောက်လို့!"
"ဒီလောက် ကြမ်းတမ်းတဲ့ သားရဲကို ဆွဲဆောင်လာတယ်.... တကယ့်ကို အရူးပဲ...!!"
"နီမာ.... အဲဒီကောင်ကို တွေ့လား....ဘာစကားမှ မပြောလဲ လှည့်ပြီး ထွက်ပြေးသွားတာ... မင်းညီမကို ထွက်ပြေးတာလား ငါတို့က တစ်ဖွဲ့တည်းရော ဟုတ်သေးရဲ့လား?"
သံလက်မျောက်ဝံ၏ အသွင်အပြင်ကို မြင်တော့ သူသည် သံလက်နတ်ဆိုးကို တစ်ချက်လှုပ်လိုက်ရုံဖြင့် သွေးအန်သွားစေတာကြောင့် လူအားလုံးသည် ယခုမှပင် လုရွှမ် လုပ်ခဲ့သောအရာကို နားလည်သွားကြသည်။
လူငယ်သည် တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်သဖြင့် မီးကိုငြိမ်ပြီး ကျိန်ဆဲကာ လှည့်ထွက်ပြေးခဲ့သည်။
ဒါပေမဲ့ ဒီလိုရက်စက်တဲ့ သားရဲကို တွေ့တာတောင် တစ်ခွန်းမှ မပြောဘဲ လှည့်ပြေးသွားတာက အရမ်းရက်စက်လွန်းတယ် မဟုတ်လား?
"ပါးစပ်ပိတ် ထွက်ပြေး!"
တျယ်လုံသည်လည်း ရုပ်ဆိုးသော မျက်နှာဖြင့် ကြိမ်းမောင်းပြီး ရှေ့သို့ ပြေးသွားခဲ့သည်။
ထိုအချိန်တွင် သူသည် ဤသံလက်နတ်ဆိုးကို ဒေါသအပြည့်ဖြင့် ကြည့်နေလေသည်။
သူ့ကြောင့်သာ မဟုတ်ရင် ဒီလိုကြောက်စရာကောင်းတဲ့ အရာကို ဘယ်လိုလုပ် ဆွဲဆောင်နိုင်မှာလဲ?
"ငါ့ကိုစောင့်ဦး"
လူတိုင်း ထွက်ပြေးသွားကြတာကို မြင်လိုက်ရတော့ စောစောတုန်းက မာနကြီးနေခဲ့သော သံလက်နတ်ဆိုးသည် သံလက်မျောက်ဝံ သားရဲကိုကြည့်ပြီး မထိန်းနိုင်တော့ဘဲ အော်ဟစ်လိုက်ကာ ထပြေးတော့သည်။