← Chapters

အမြတ်အစွန်း

Vol. 5 Ch. 67

အမြတ်အစွန်း

Vol. 5 Ch. 67

အကြံရှိတာနဲ့ အစီအစဉ်ဆွဲရန်မှာ များစွာပိုမိုလွယ်ကူပါသည်။ အချိန်တိုအတွင်း လူအနည်းငယ်က အကောင်အထည် ဖော်နိုင်သော အစီအစဉ်တစ်ခုကို အကွက်ချနိုင်သည်။

တစ်ဖက်မှ ခိုးနားထောင်ခြင်းဖြင့် လုရွှမ်သည် လူတိုင်း၏ သရုပ်မှန်ကို နားလည်သွားသည်။

လူအုပ်ကြားတွင် အသန်မာဆုံး ဝေ့ချန်သည် အမှန်တကယ်ပင် ဖိရွှယ်နယ်ပယ်တွင် သန်မာသူတစ်ဦးဖြစ်သည်။ သူသည် ကျန်းဝူအကယ်ဒမီ၏ ကျောင်းသားတစ်ဦး ဖြစ်၏။

နဂါး၏ခေါင်းကိုသာ မြင်ရပြီး အမြီးကို မမြင်ဖူးသော ဒဏ္ဍာရီဆန်ဆန် အတွင်းစည်း ကျောင်းသားလည်းဖြစ်သည်။

ဖိရွှယ်နယ်ပယ်ရှိတဲ့ သန်မာတဲ့ နောက်တစ်ယောက်ကတော့ အခင်းအကျင်းကို ထုတ်ပြလာတဲ့ ကောင်လေးဖြစ်ပြီး ကျန်းယန်လို့ခေါ်သည်။ သူလည်းပဲ အတွင်းစည်း ကျောင်းသားတစ်ယောက် ဖြစ်လေ၏။

သူ၏ ခွန်အားသည် ဝေ့ချန်ထက် နိမ့်သော်လည်း သူ့ညီဟု ယူဆကာ ဝေ့ချန်၏ ဦးဆောင်မှုနောက်ကို လိုက်လေ၏။

ကျန်တဲ့သူတွေ အားလုံးက အဆင့်မြင့်အတန်းက ကျောင်းသားတွေသာ ဖြစ်သည်။

လန်ရော့ရှင်းသည် တန်းလိနယ်ပယ်၏ အစောပိုင်းအဆင့်တွင်သာ ရှိသော်လည်း သူမ ဤနောက်သို့ လိုက်နိုင်သည့် အကြောင်းရင်းနှစ်ခု ရှိသည်။ ပထမအချက်မှာ သူမ၏အဆင့်အတန်း မဆိုးလို့ အခြားလူများက သူမကို အလွန်လေးစားကြသည်။

ဒုတိယက ဝေ့ချန်က သူမအပေါ် အကြံအစည် တစ်ခုရှိပုံရပြီး သူမကို လိုက်နေခဲ့သည်။

"ကောင်းပြီ ဒါလိုပဲ လုပ်ကြရအောင်... သားရဲကို ဆွဲဆောင်ပြီး ဒီကို မျှားထုတ်ဖို့ နည်းလမ်းရှာမယ်...ကျန်းယန်က သားရဲအထဲကို ဝင်လာတာကို တွေ့တာနဲ့ သူက အခင်းအကျင်းကို ချက်ချင်း စဖွင့်လိုက်လိမ့်မယ်...တခြားသူတွေက ကူညီပေးကြ!"

အစီအစဥ်ကို ဆွေးနွေးပြီးနောက် ဝေ့ချန်သည် လူများကို အစီအစဉ်ချပြီး နောက်ဆုံးတွင် လန်ရော့ရှင်းဖက်သို့ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ကြည့်ကာ

"ရော့ရှင်း မင်းက ငါတို့လောက်တော့ မသန်မာပဘူး...ဒါကြောင့် မင်းဘေးက ပုန်းရှောင်ပြီး ဝိညာဥ်ခုနှစ်မျိုးမှိုကို ယူလိုက်.... ငါမင်းကို သေချာပေါက် ကူညီပေးမယ် ဒါက မင်းရဲ့ ခွန်အားကို တိုးတက်အောင် ကူညီပေးမယ့် အခွင့်အရေး အကြီးကြီးပဲ!"

"အင်း!"

လန်ရော့ရှင်းသည် သူမ၏ကိုယ်ပိုင် အစွမ်းသတ္တိကို သိသောကြောင့် သူမကိုယ်သူမ အတင်းအကြပ် မလုပ်ဘဲ သူမ၏သိမ်မွေ့သောခန္ဓာကိုယ်သည် အကြိမ်အနည်းငယ် လှုပ်ရှားသွားကာ ကျောက်ဆောင်နောက်တွင် ပုန်းနေလိုက်သည်။

"အခွင့်ကောင်းကြီးပဲ!"

သူတို့ရဲ့ နည်းဗျူဟာအားလုံးကို ကြားတော့ လုရွှမ်က အနည်းငယ် ပြုံးလိုက်သည်။

သားရဲကို မျှားထုတ်ပြီး ဝိညာဥ်ခုနှစ်မျိုးမှိုကို ရယူဖို့ သူတို့ဖက်က နည်းလမ်းတစ်ခု ရှာလိုက်တယ်ဆိုတော့ သူ့အတွက် အလုပ်နည်းသွားတာပေါ့

"ဂူပေါက်ဝကနေ မီတာ ၅၀၀ အကွာမှာ ခင်းကျင်းထားပြီး သားရဲကို မျှားထုတ်ပြီး ဒီကို ပြေးလာအောင် လုပ်မယ်... အစီအရင်ထဲမှာ ပိတ်မိနေတယ်ဆိုရင် မိနစ်ဝက်လောက် ကြာပါလိမ့်မယ်.. သားရဲ သံသယမဝင်အောင် ဝေ့ချန်က နှိုးဆော်ပေးရမယ် အရှိန်ကမြန်လည်း မမြန် နှေးလည်းမနှေးရဘူး...ဒီအတိုင်းလုပ်ရင် အားလုံးပေါင်း ငါးမိနစ်လောက် ကြာလိမ့်မယ်!"

တစ်ဖက်လူ၏ နည်းဗျူဟာနှင့် မြေပြင်အနေအထားကို ပေါင်းစပ်ပြီး လုရွှမ်က သူ့စိတ်ထဲတွင် တွက်ချက်ကာ ရယ်မောလိုက်ပြီး

"အချိန်ကျပြီ!"

ဝူ.....

ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်ကာ သစ်ပင် ပင်စည်ပေါ် တက်နင်းကာ ဂူပေါက်ဝဆီသို့ အလျင်အမြန် ပြေးသွားခဲ့သည်။

သူသည် နန်းတော်ပင်လယ် နယ်ပယ်၏ အစောပိုင်းအဆင့်တွင်သာ ရှိသော်လည်း သူသည် နှစ်ဘဝနဲ့ လူတစ်ဦးဖြစ်ခဲ့ပြီး ဘယ်နေရာဆိုရင် ကိုယ့်ကိုကိုယ် အကောင်းဆုံး ဖွက်ထားနိုင်လဲ ဆိုတာကိုလည်း သိထားသည်။

သိပ်မကြာခင်မှာပင် လှိုဏ်ဂူနဲ့ ဆယ်မီတာအောက် ဝေးတဲ့နေရာကို တိတ်တဆိတ် ရောက်လာခဲ့သည်။

လမ်းတလျှောက်လုံး ဘယ်သူမှ ရှာမတွေ့ချေ။

"ကောင်းပြီ စလိုက်ကြရအောင်!"

နေရာတစ်နေရာကို အရင်သွားပြီး ပုန်းနေလိုက်သည်။ ထို့နောက် အသာသက်ပြင်းချလိုက်ကာ စတင်လှုပ်ရှား၏။

အစီအစဉ်အရ ဝေ့ချန်သည် ဂူပေါက်ဝသို့ ပြေးထွက်သွားသည်။

"ဝေါင်...."

ဂူထဲကနေ ပြင်းထန်တဲ့ ဟောက်သံတစ်ခု ထွက်ပေါ်လာသည်။

အထဲမှာ တကယ်ပဲ သန်မာတဲ့ သားရဲတစ်ကောင် ရှိနေတာပဲ

ရက်စက်ကြမ်းကြုတ်သော သားရဲများသည် နယ်မြေစိုးမိုးမှု ရှိသည်။ အခြားသားရဲများ ဝင်ရောက်လာသောအခါတွင် ၎င်းတို့သည် ဦးစွာသတိပေးပြီးနောက် တိုက်ခိုက်ကြသည်။

မည်သူမဆို အနိုင်ရပါက နယ်မြေကို သိမ်းပိုက်ခွင့်ရှိသည်။ ရှုံးနိမ့်ပါက သေရမည် သို့မဟုတ်ထွက်ပြေးရမည် ဖြစ်သည်။

ဝေ့ချန် တဖြည်းဖြည်း လျှောက်လာပုံက လှိုဏ်ဂူအတွင်းမှ သားရဲ၏ဂုဏ်သိက္ခာကို စိန်ခေါ်နေသလို ဖြစ်နေသည်။

"ဘာတွေအော်နေတာလဲ? အရည်အချင်းရှိရင် ဒီအဖိုးနဲ့ လာတိုက်စမ်းပါ! ငါမင်းကိုကြောက်မယ် မထင်နဲ့!"

ဝေ့ချန်က ကျယ်လောင်စွာအော်လိုက်သည်။

ဗုန်း ဗုန်း ဗုန်း ဗုန်း

သူ၏စိန်ခေါ်မှု အပြီးမှာ မြေပြင်သည် ခဏတာ တုန်ခါသွားကာ လူသားပုံစံနှင့် သားရဲကြီးတစ်ကောင် ထွက်လာလေသည်။

"ဒါ... အဆင့်၇ သားရဲ... မျက်လုံးနီ မျောက်ဝံလား?"

ဒီအကောင်ကြီးကို မြင်တော့ ဝေ့ချန် လန့်သွားပြီး သူ့မျက်နှာက တော်တော် ရုပ်ဆိုးသွား၏။

လှိုဏ်ဂူမှ ထွက်လာသော သားရဲကြီးသည် အမြင့် ၃ မီတာကျော် ရှိကာ လူနှစ်ယောက် တစ်ခါဖက်စာရှိပြီး ခြေလှမ်းတိုင်းသည် မြေပြင်ကို တုန်ခါသွားစေကာ အရှိန်အဟုန်သည် အံ့မခန်းပင်။

အစကတော့ လှိုဏ်ဂူထဲမှာ အရမ်းအစွမ်းထက်တဲ့ အဆင့်၅ သားရဲတစ်ကောင် ရှိဖို့မယ်လို့ ထင်ခဲ့ပေမဲ့ ဒါဟာအဆင့်၆ သားရဲတစ်ကောင်လို့ တစ်ခါမှ မမျှော်လင့်ခဲ့ဘူး။

ထုံးရွှမ်နယ်ပယ် ဝူအဆင့်၆နှင့် ညီမျှသော အဆင့်ခြောက်ရှိ သားရဲကြီး တစ်ကောင်သည် သူနှင့်ယှဉ်ပြိုင်နိုင်သော အရာမဟုတ်ပေ။

ဝူအဆင့်၉ကို တက်ဖို့ ပိုခက်ခဲလေ ခွန်အားကွာဟမှု ကြီးလေပင်။

အဆင့်၆ ထုံးရွှမ်နယ်ပယ်သည် လူ့ခန္ဓာကိုယ်အတွင်း အထူးနက်နဲသော သွေးပြန်ကြောများကို ပွင့်စေပြီး ၎င်း၏ ခွန်အားသည် ခုန်တက်ကာ တိုးတက်လာသည်။

ထုံးရွှမ်နယ်ပယ်နှင့် နှိုင်းယှဉ်ပါက ဖိရွှယ်နယ်ပယ်သည် ကောင်းကင်နှင့် မြေကြီးလို ခြားနားမှုရှိသည်။

အဆင့်၆ သားရဲကို ဘယ်လိုလုပ် အလွယ်တကူ အနိုင်ယူနိုင်မည်နည်း?

နှစ်ဖက်က အင်အားမမျှကြဘူး

"မင်း... ငါမင်းကိုကြောက်နေတယ် ထင်လို့လား"

သူ့မျက်နှာက ကြည့်ရဆိုးနေပေမယ့် ဝေချန်ဟာ နောက်ပြန်မဆုတ်နိုင်ဘူး ဆိုတာ သိထားသည်။ သူ့လက်ထဲက လက်နက်ကို ဖျတ်ခနဲဆွဲထုတ်လိုက်ပြီး သူ့ရှေ့က မျက်လုံးနီ မျောက်ဝံကို ဓားနဲ့ထိုးလိုက်သည်။

ရွှမ်း....

ဒီအခြေအနေကို မြင်လိုက်ရတော့ မျက်လုံးနီ မျောက်ဝံက ဒေါသတကြီး ဟောက်ပြီး လက်သီးနဲ့ ပြန်ထိုးချလာ၏။

ဝုန်း.....

လက်သီးတစ်ချက်ဖြင့် လက်နက်ကြီးမှာ နှစ်ပိုင်း ကွဲသွားသည်။

ဝေ့ချန်လည်း တွန်းအားကြောင့် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားရသည်။

အတွင်းစည်း တပည့်ဆိုတဲ့အတိုင်း စိတ်လှုပ်ရှားနေသော်လည်း လုံးဝထိတ်လန့်ခြင်း မရှိပေ။သူ၏ခြေကို မြှောက်လိုက်သောအခါတွင် ကြီးမားသော ကျောက်တုံးကြီး တစ်တုံးသည် ချက်ချင်းပင် မြောက်တက်သွားပြီး နတ်ဆိုးမျောက်ဝံ၏ ဦးခေါင်းပေါ်သို့ ထိမှန်သွားသည်။

ဝေါင်....

မျက်လုံးနီ မျောက်ဝံကြီးက သူ့လုပ်ရပ်ကြောင့် တကယ်ကို ဒေါသတကြီး အော်ဟစ်နေတော့သည်။

"ပြေး!!"

မျက်လုံးနီရဲနေသော နတ်ဆိုးမျောက်ဝံ၏ မျက်လုံးများ ပို၍နီရဲလာသည်ကို မြင်လိုက်ရတော့ ဝေ့ချန်သည် မရပ်မနား လှည့်ထွက်ကာ ထွက်ပြေးသွားတော့သည်။

ဝုန်း.....

သူ့ရဲ့ထွက်ပြေးနှုန်းက မနှေးပေမယ့် မျောက်ဝံက ပိုမြန်နေသည်။

"မြန်မြန်ပြေး! မြန်မြန်!"

ပြင်းထန်သော ဖိအားအောက်တွင် သူ၏အရှိန်သည် ရုတ်တရက် တိုးလာကာ ရှေ့သို့ အလျင်စလို ဆက်သွားခဲ့သည်။

"အခွင့်ကောင်းပဲ"

ဘေးက လုရွှမ်သည် ဒီမြင်ကွင်းကို သူ့မျက်လုံးထဲမှာ မြင်လိုက်ရပြီး မျက်လုံးတွေ တောက်ပသွားကာ သူ့ခန္ဓာကိုယ်က ငါးတစ်ကောင်လို့ ရုတ်တရက် ခုန်ပေါက်သွားပြီး ဂူထဲကို ဝင်သွားတော့သည်။

သားရဲကို တစ်ဖက်လုက အဝေးသို့ မျှားခေါ်သွားပြီဆိုတော့ ဤအချိန်သည် အကောင်းဆုံးအချိန်ဖြစ်သည်။

ဒီလိုမှမဟုတ်ရင် အဆင့်၆ သားရဲကို သူတို့ရဲ့လက်ရှိအင်အားနဲ့ ၁၀ယောက်ရှိရင်တောင် ပြိုင်ဘက် မဖြစ်နိုင်ဘူး။

"ကြီးလိုက်တဲ့ နေရာကြီး..."

လှိုဏ်ဂူထဲဝင်သွားပြီး လုရွှမ် လှည့်ပတ်ကြည့်လိုက်သည်။

သူ့ရှေ့က လှိုဏ်ဂူကြီးဟာ ဆယ်မီတာကျော်မြင့်ပြီး အကျယ်က မီတာဆယ်ဂဏန်းကျော် ကျယ်ဝန်း၏။ စီးဆင်းနေတဲ့ ချောင်းရေဟာလည်း လှပတဲ့ ဂီတသံလို ကျောက်ဆောင်တွေကို ရိုက်ခတ်နေသည်။

အထဲကို ဝင်လိုက်သည်နှင့် ချက်ချင်းပင် ဝိညာဥ်စွမ်းအင် ဆွဲဆောင်မှုကို ခံစားရပြီး ၎င်းသည် ပြင်ပလောပထက် အဆများစွာ ပိုပြင်းထန်နေတာ တွေ့ရသည်။

"ဒီမှာ ဝိညာဥ်အရည်နဲ့ ဝိညာဉ်ခုနစ်မျိုးမှို ရှိရမယ်!"

ဤကြွယ်ဝသော အသွင်အပြင်ကို ခံစားလိုက်ရသဖြင့် လုရွှမ်၏ မျက်လုံးများ တောက်ပလာသည်။

အရင်က အတည်မပြုခဲ့ဘူး ဆိုရင်တော့ အခု ရှိမယ်ဆိုတာ သေချာနေပါပြီ။

အချိန်တွေ ကုန်သွားပြီ။ ဝေ့ချန်ဖြစ်ဖြစ် မျက်လုံးနီ မျောက်ဝံ တွေ့တာပဲဖြစ်ဖြစ် ထွက်ပြေးဖို့ ခက်ခဲမှာကြောင့် လုရွှမ်က ရပ်မနေတော့ဘဲ ဂူထဲကို အမြန်ပြေးသွားလိုက်သည်။

အနည်းငယ် ကြာပြီးနောက် ရပ်တန့်သွားသည်။

"၅ခုလောက်ရှိတယ်...... ဟား.. ငါချမ်းသာပြီ!"

လှိုဏ်ဂူ၏ အတွင်းဘက်တွင် ပန်းပွင့်ကဲ့သို့ ဝိညာဥ်ခုနှစ်မျိုး မှိုသည် ငါးပွင့်ခန့် ရှင်သန်ပေါက်ရောက်နေ၏။

သူရှေ့မရောက်ခင်မှာ ကြွယ်ဝတဲ့ စွမ်းအင်က တံခါးဆီကို တန်းတန်းမတ်မတ် လွင့်ပျံလာပြီး နှလုံးသားကိုပင် တုန်လှုပ်သွားစေသည်။

"ငါ မယဉ်ကျေးတော့ဘူး!"

ဝိညာဥ်ခုနှစ်မျိုးမှိုကို မြင်တော့ လုရွှမ်က ပေါ့ပေါ့ပါးပါး ပြုံးပြီး သူ့ရင်ခွင်ထဲက အထူးကိရိယာကို ထုတ်ယူလိုက်ပြီး သူတို့ကို စတင်ကောက်ယူလိုက်သည်။

အနည်းငယ် မှား၍ ဆေး၏ဂုဏ်သတ္တိများ ပျက်စီးမည်ကို ကြောက်ရွံ့သောကြောင့် ဤဝိညာဥ်ဆေးပင်ကို နှုတ်ယူသောအခါ အခြားသူများ အထူး သတိထားရပေမည်။

လုရွှမ်သည် သူ၏ယခင်ဘဝက အဂ္ဂိရတ်ပညာရှင် တစ်ဦးဖြစ်ပြီး ဝိညာဥ်ဆေးပင် နှုတ်ခြင်းက သူ့အတွက် ဘာမှမခက်ခဲချေ။ မျက်တောင်ပင် မခတ်ဘဲ ဝိညာဥ်ဆေးပင်များကို ပေါ့ပေါပါးပါး ယူနေ၏။

All Chapters