လန်ရော့ရှင်းအကန်ခံရခြင်း
Vol. 5 Ch. 68
"ဝိညာဥ်ခုနှစ်မျိုးမှိုက အသေးအဖွဲ့လေးပဲ... အရေးကြီးဆုံး အရာက ဝိညာဉ်အရည်...."
ဆေးပင်များကို ကောက်ယူပြီးနောက် လုရွှမ်သည် စိတ်လှုပ်ရှားခြင်း မရှိသော်လည်း မတ်တပ်ရပ်ကာ ပတ်ပတ်လည်ကို စောင့်ကြည့်လိုက်သည်။
ဝိညာဉ်ခုနစ်မျိုးမှိုသည် ယခုအချိန်တွင်လည်း သူ့အတွက် အသုံးဝင်သော်လည်း မရှိမဖြစ် လိုအပ်နေတာမျိုးတော့ မဟုတ်။ သူ့ကိုဆွဲဆောင်နိုင်တဲ့ အရာက ဝိညာဥ်အရည်ပဲ ဖြစ်သည်။
ဤအရာကို သူရှာတွေ့နိုင်လျှင် အချိန်တိုအတွင်း သူရဲ့ကျင့်ကြံမှုဟာ ကြီးကြီးမားမား တိုးလာမည်ကို သူ လုံးဝယုံကြည်သည်။
"ဒီဝိညာဥ်ခုနှစ်မျိုး မှို၅ပွင့်က မျဥ်းဖြောင်းအတိုင်း ပေါက်နေတယ်ဆိုတော့ ဝိညာဥ်အရည်တွေက မျဥ်းဖြောင့်အတိုင်း စီးဆင်းနေတာ ဖြစ်ရမယ်...မဟုတ်သေးဘူးလေ ဘယ်လိုဖြစ်ပြီး ကျောက်နံရံ ဖြစ်နေတာလဲ?"
အရင်ကတည်းက ဝိညာဥ်အပင်တွေရဲ့ ပေါက်ဖွားရာ နေရာအကြောင်းကို သူ့ခေါင်းထဲမှာ အလွတ်ကျက်ထားပြီးသား။ သို့သော် ယခုဝိညာဥ်အရည် လမ်းကြောင်းကိုကြည့်ပြီး မျက်မှောင်ကြုတ်မိသည်။
မှတ်တမ်းတွေအရ ဝိညာဥ်အပင်က မျဥ်းတစ်ဖြောင့်တည်း ရှင်သန်နေလျှင် ဝိညာဥ်အရည်များကလည်း မျဥ်းတစ်ဖြောင့်တည်း ရှိနေသင့်ပြီး မဝေးလှသော နေရာတွင် ဝိညာဥ်ရေအိုင် ရှိနေရမည်။
ဒါပေမဲ့ ဘယ်လိုလုပ်ပြီး ကျောက်နံရံ ဖြစ်နေတာလဲ?
တစ်နည်းဆိုရသော် ဂူကြီးသည် ဆုံးသွားပြီလေ
"ဧကန္တ....."
လှည့်ကြည့်ပြီးနောက် သူ့ခန့်မှန်းချက် မှန်ကန်ကြောင်း တွေ့ရှိပြီးနောက် လုရွှမ်သည် ရုတ်တရက် အတွေးတစ်ခု ထွက်ပေါ်လာသည်။
"စမ်းကြည့်ရအောင်....."
မဆိုင်းမတွ ကျောက်နံရံကို ခုန်ပျံပြီး သူ့ရှေ့က ကျောက်နံရံကို လက်ဖဝါးနဲ့ ရိုက်ချလိုက်သည်။
ဝုန်း!
ကျောက်နံရံတွေ လှုပ်ခါပြီး ကျောက်စရစ်တွေ ပြိုကျလာသည်။
သူ့ခန္ဓာကိုယ်ထဲက တန်းလိစွမ်းအင် ကိုးခု၊ စစ်မှန်တဲ့ ဝိညာဥ်ချီနဲ့ နဂါးဆင်ရွှေလက်ဝါးတို့ ပေါင်းစပ်ထားတဲ့ စွမ်းအားသည် အံ့သြဖွယ်ကောင်း၏။ သူ့ရှေ့ရှိ ကျောက်သားနံရံသည် မာကျောသော်လည်း သူ့လက်ဖဝါးအောက်တွင် တိုဟူးကဲ့သို့ပင် အားနည်းသွားသည်။
ဝုန်းဝုန်းဝုန်း
လက်ဖဝါး အချက်ပေါင်း တစ်ဒါဇင်ကျော်ဖြင့် ဆက်တိုက် ကျောက်နံရံပေါ်ကို ရိုက်ချလိုက်သောအခါ မီတာဝက်ခန့်နက်သော အပေါက်တစ်ခုကို တွေ့လိုက်ရသည်။
ဝုန်း...
အပေါက်ပေါ်လာသည်နှင့် တပြိုင်နက် သူ့မျက်နှာဆီသို့ ဝိညာဥ်ချီ အငွေ့အသက်များ ရုတ်တရက် ပြေးဝင်လာပြီး ချက်ချင်း လန်းဆန်းလာစေသည်။
ကျောက်ဆောင်ရဲ့ နောက်ကွယ်မှာ အရည်စိမ်းရောင်ရှိပြီး စွမ်းအင်ကြွယ်ဝတဲ့ မီတာဝက်လောက်ရှိသော ရေကန်ငယ်လေးကို တွေ့လိုက်ရသည်။
ဝိညာဥ်အရည်
ဝိညာဉ်စွမ်းအင်ဖြင့် လုံး၀ ပြည့်ဝနေသော အရည်။
"မျက်စိနီ မျောက်ဝံသားရဲက ဒီမှာနေတာ ဒီလောက်ကြာတာကို မတွေ့ခဲ့ဘူးပဲကိုး မဟုတ်ရင် ဒါကိုထားခဲ့ဖို့ မဖြစ်နိုင်ဘူး!"
စိတ်လှုပ်ရှားစွာ ခေါင်းညိတ်ရင်း လုရွှမ် သဘောပေါက်သွားသည်။
ဝိညာဥ်ခုနှစ်မျိုးမှိုသည် ဝိညာဥ်အရည်နှင့် စိုစွတ်မှု ရှိနေမှသာ ပေါက်ပွားနိုင်သည်။ ဤအရာသည် အကြီးတန်း အဂ္ဂိရတ်ပညာရှင် မဟုတ်ရင် မည်သူမျှ မသိနိုင်သော လျှို့ဝှက်ချက်ဖြစ်သည်။
ဝိညာဥ်အပင်များ ရှိရာနေရာတွင် ဝိညာဥ်အရည် ရှိနိုင်တယ်ဆိုတဲ့ အချက်ကိုလည်း အဆင့်မြင်တဲ့ အဂ္ဂိရတ်ပညာရှင်တွေသာ သိနိုင်သည်။
ဤအချက် နှစ်ချက်သာကြောင့် လူများစွာသည် ဝိညာဥ်အရည်ကို ရတနာအဖြစ် အလေးအနက် မထားမိကြခြင်း ဖြစ်၏။
ထို့အပြင် ဝိညာဉ်ရေးအရည်သည် ကျောက်နံရံနောက်ကွယ်တွင် ဝှက်ထားသဖြင့် ကျောက်ကို မခွဲထုတ်ဘဲ ရှာဖွေတွေ့ရှိရန် မဖြစ်နိုင်ပေ။ မျက်လုံးနီ နတ်ဆိုးမျောက်ဝံသည် ဤနေရာတွင် နေ့တိုင်းနေထိုင်သော်လည်း ကျောက်တုံး၏ နောက်ကွယ်တွင် ဤမျှ အဖိုးတန်သောအရာတစ်ခု ရှိနေမည်ကို မသိခဲ့။
ဝိဥာဉ်အရည်သည် သားရဲကြီးများ အပေါ်တွင် ကြီးမားသော အကျိုးသက်ရောက်မှု ရှိသည်ကို သိထားရမည်။ ဤဝိညာဥ်အရည်များကို စောစောစီးစီး ရသွားခဲ့လျှင် မျက်လုံးနီနတ်ဆိုးမျောက်ဝံသည် ပိုမိုအားကောင်းသော အဆင့်၇ သားရဲတစ်ကောင် အဖြစ်သို့ ပြောင်းလဲရန် အခွင့်အလမ်း မြင့်မားမည်ဖြစ်သည်။
သို့သော် လုရွှမ်က ဤအရာများကို ရှာတွေ့ခဲ့ပြီမို့ ၎င်းတို့သည် သဘာဝအတိုင်း ပိုင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။
"ဒါပေမယ့်... ဒီဝိညာဥ်အရည်တွေကို ဘယ်လို ယူရမလဲ?
စိတ်လှုပ်ရှားမှု ပြီးဆုံးသော် လုရွှမ် မျက်မှောင် ကြုတ်လိုက်သည်။
သူ့ရှေ့က ဝိညာဉ်အရည်က ဒါဇင်နဲ့ချီတဲ့ လီတာရှိတယ်။ သူမလာခင်မှာ ထည့်စရာတစ်ခုမှ ယူမလာမိဘူး။ အချိန်တိုအတွင်းမှာ ဒီလောက်များတဲ့ ဝိညာဉ်အရည်တွေကို သုံးပစ်ဖို့ကလည်း မဖြစ်နိုင်ဘူး။
သူ အပြင်မထွက်ရသေးပေမယ့် ဝေ့ချန်နဲ့ တခြားသူတွေက အဆင့်၆ မျက်လုံးနီ နတ်ဆိုးမျောက်ဝံနဲ့ မယှဉ်နိုင်ဘူး ဆိုတာကိုလည်း သူသိသည်။ အချိန်ဆွဲထားနိုင်ရင်တောင် မကြာနိုင်ဘူး။
မျောက်ဝံဖြစ်ဖြစ် ဒါမှမဟုတ် ဝေ့ချန်ဖြစ်ဖြစ် သူတို့ထဲက တစ်ယောက်ရောက်လာရင် သူထွက်ပြေးလို့ လွတ်မှာ မဟုတ်ဘူး။
ထို့ကြောင့် ဝိညာဉ်အရည်ကို နှောင့်နှေးခြင်းမရှိဘဲ တတ်နိုင်သမျှ အမြန်ဆုံး ထုတ်ယူပစ်ရမည်။
လှည့်ကြည့်လိုက်ပြီးနောက် လုရွှမ် ခေါင်းခါလိုက်သည်။
ဒီနေရာက လူနေထိုင်ခဲ့တာ ဆိုရင်တော့ ထည့်စရာတချို့ကို တွေ့နိုင်ပေမယ့် မျက်လုံးနီ နတ်ဆိုးမျောက်ဝံတွေ နေထိုင်တဲ့ နေရာမှာတော့ အနံ့ဆိုးထွက်နေတဲ့ မစင်တွေနဲ့ အရိုးတွေကလွဲလို့ ဘာမှမရှိချေ။
ထည့်စရာတစ်ခုခု ခေတ္တရှာဖွေရန် စိတ်ကူးမှာလည်း ကွဲအက်သွားသည်။
"ဟုတ်သားပဲ... ဒီရေကန်ကလည်း ထည့်စရာပဲလေ မြေကြီးအောက်ကနေ တစ်ခါတည်း တူးယူသွားလိုက်မယ်"
ပတ်ပတ်လည်ကို ကြည့်လိုက်တော့ ဒီဝိညာဉ်အရည်တွေကို ထိန်းထားနိုင်တဲ့ ဘာကိုမှ ရှာမတွေ့တော့တာကြောင့် ရုတ်တရက် ထိုအတွေး ဝင်လာခဲ့သည်။
ဤအပေါက်သည် ပတ်ဝန်းကျင် ကျောက်တုံးများနှင့် ကွဲကွာနေသရွေ့ ဤဝိညာဥ်အရည်များသည် ကျောက်တုံးတစ်ခုထဲတွင် ရှိနေလိမ့်မည်။
"စလိုက်ရအောင်...."
အချိန် သိပ်မကျန်တော့မှန်း သိတော့ သူတွေးထားတဲ့အတိုင်း လုရွှမ် မတွန့်ဆုတ်ဘဲ သူ့ရှေ့က ကျောက်တုံးဘေးက မြေတွေကို တူးဆွတော့သည်။
အချိန်တစ်ခုကို ဖြတ်ကျော်ပြီး တစ်မိနစ်ခန့် အကြာတွင် ဝိညာဥ်အရည်များ ပါရှိသည့် ကျောက်တုံးတစ်တုံး ဖြတ်ထုတ်ပစ်လိုက်သည်။
"သွားမယ်!"
လုရွှမ်သည် သူ့ရင်ခွင်ထဲတွင် ဝိညာဥ်အရည် ထည့်ထားသော ကျောက်ကျင်းကြီးကို လက်နှစ်ဖက်ဖြင့် ဆန့်တန်းကာ ပွေ့ထားလိုက်သည်။
"လေးလိုက်တာ!"
လုရွှမ်သည် ကျောက်ကျင်းအားကြောင့် အလွန်တုန်လှုပ်သွားပြီး လဲကျလုနီးပါး ဖြစ်သွားသည်။
အခုလေးတင်ပဲ ဝိညာဥ်အရည်တွေရှိတဲ့ ကျောက်တုံးကြီးကို တူးထုတ်ခဲ့ရာ ကွဲထွက်သွားတဲ့ ကျောက်တုံးရဲ့ အချင်းဟာ တစ်မီတာကျော်ကျော်ရှိပြီး အလေးချိန်ကလည်း ထောင်ဂဏန်းလောက်အထိ ရှိလာသည်။
အကယ်၍ သူ၏ ခွန်အားသည် တန်းလိစွမ်းအင် ကိုးခုသို့ ရောက်ရှိသွားသောကြောင့်သာ မဟုတ်ပါက ၎င်းကို လုံးဝ မြှောက်နိုင်မည် မဟုတ်ပေ။
"မြန်မြန် သွားရမယ်!"
လှိုဏ်ဂူထဲဝင်တာ သုံးလေးမိနစ်လောက် ကြာသွားသည်။ နောက်ထပ် နှောင့်နှေးခဲ့မယ်ဆိုရင် ဝေ့ချန် နဲ့ နတ်ဆိုး မျောက်ဝံတစ်ကောင်က သေချာပေါက် ပြန်လာမှာကို လုရွှမ်သိထား၏။
ဂူအဝင်ဝကို မရောက်ခင်မှာ ရုတ်တရတ် လူတစ်ယောက် ပြေးဝင်လာသည်။
"ဘယ်သူလဲ"
ဂူထဲတွင် အခြားလူ ရှိနေသည်ကို မြင်လိုက်ရသောအခါတွင် သူ လန့်သွားပြီး ကျယ်လောင်စွာ အော်လိုက်သည်။
"သူမပဲ"
လုရွှမ်၏ တစ်ကိုယ်လုံးကို ကျောက်တုံးဖြင့် ပိတ်ဆို့ထားကာ တစ်ဖက်က မမြင်ရသော်လည်း အသံကိုကြားခြင်းဖြင့် တစ်ဖက်လူ၏ အသွင်ပုံစံကို သိသည်။
ဝေ့ချန်၊ အခြားသူများနှင့် အတူရှိနေသည့် လန်ရော့ရှင်း ဖြစ်သည်။
မျက်လုံးနီ နတ်ဆိုးမျောက်ဝံ၏ ခွန်အားသည် ၎င်းတို့၏ မျှော်လင့်ထားတာထက် ကျော်လွန်နေခြင်းကြောင့် လူတိုင်းတိုက်ခိုက်နေစဥ် သူမသည် ဝိညာဥ်ခုနှစ်မျိုးမှိုကို ရှာဖွေရန် အခွင့်အရေး ယူခဲ့သည်။
နတ်ဆိုးမျောက်ဝံသည် တခြားလူတွေနဲ့ လုံးထွေးနေသောကြောင့် ဝိညာဥ်ခုနှစ်မျိုးမှိုကို ရယူရန် ဤနေရာသို့ လာရင် အန္တရာယ်မရှိပေ။သို့သော် ဂူထဲတွင် အခြားလူတစ်ယောက် ရှိနေမယ်ဟု သူမ မထင်ထားခဲ့ပေ။
"စိတ်ပျက်စရာပဲ ငါတို့ကို အသုံးချပြီး အမြတ်ထုတ်တယ်ပေါ့!"
လန်ရော့ရှင်းသည် ယခုအချိန်တွင် ဤလူ ဤနေရာတွင် ပေါ်လာသည်ကို မြင်လိုက်ရသည်နှင့် သူမ နားမလည်သလို ဖြစ်နေကာ သူမ၏ လှပသော မျက်နှာသည် ဒေါသများဖြင့် နီမြန်းလာသည်။
သူ့ရှေ့ကလူဟာ သူတို့ကို မျောက်တွေလို ကစားပြပြီး မျက်လုံးနီ မျောက်ဝံနဲ့ သေတဲ့အထိ တိုက်ခိုက်ဖို့ တခြားသူတွေ မရှိချိန် သူကအောင်မြင်မှုကို ခံစားဖို့ ပြေးချလာခဲ့သည်။
"မိုးဖွဲဓားသိုင်း!!"
သူမ တွေးလေလေ ဒေါသပိုထွက်လေပင်။ လန်ရော့ရှငိးသည် လုံးဝမတွန့်ဆုတ်ဘဲ သူမ၏လက်ထဲက ဓားရှည်ဖြင့် ဝေ့ယမ်းလိုက်သည်။
ဝူအဆင့် တစ်ယောက်အနေဖြင့် သူမသည် ကိုယ်ခံပညာကို လေ့ကျင့်နေပြီဖြစ်ပြီး မိုးဖွဲ့ဓားသိုင်းကို အတိအကျ လေ့ကျင့်ခဲ့သည်။
အကြီးစား အောင်မြင်မှုအဆင့်တွင် ဓားသည် မိုးကဲ့သို့ ကျဆင်းလာနိုင်ကာ ပြိုင်ဘက်ကို အနိုင်ယူဖို့ လွယ်ကူသည်။
သူမအခြေအနေက ဝင်ခွင့်အဆင့်ပဲ ရှိသေးပေမယ့် မဆိုးဘူးဟု ဆိုရမည်။ ဓားဖျားက ပန်းပွင့်ကဲ့သို့ လေထဲတွင်လှုပ်ယမ်းကာ ကျောက်ကျင်းအနောက်ရှိ လုရွှမ်ရှိရာသို့ ပြေးဝင်သွားသည်။
"နှေးနေလို့ မရဘူး....မဟုတ်ရင် ပြေးလို့မလွတ်တော့ဘဲ နေမယ်"
သူသည် ဤအမျိုးသမီးနှင့် ပေါင်းသင်းရန် မဖြစ်နိုင်ကြောင်း သိလိုက်ကာ လုရွှမ် မရှောင်တိမ်းဘဲ ရုတ်တရက် ခြေထောက်ကို မြှောက်ကာ သူမကို ကန်လိုက်သည်။
ကျောက်ကျင်းကို သူ့လက်ထဲတွင် ကိုင်ထားပြီး တစ်ဖက်လူသည် ပထမဦးစွာ တိုက်ခိုက်ရန် ဓားတစ်လက်ကို ထုတ်လာသောအခါ ယခုအချိန်တွင် လှည့်ကွက်အားလုံးသည် အသုံးမဝင်တော့ဘဲ တစ်ဖက်ကိုသာ ဦးအောင် တိုက်ခိုက်ရတော့သည်။
"လူဆိုး...လူမိုက်!"
လုရွှမ်ရဲ့ ကန်သွင်းမှု လမ်းကြောင်းကို မြင်လိုက်ရတော့ လန်ရော့ရှင်း မူးလဲလုနီးပါး ဖြစ်သွားသည်။
ခြေထောက်တွေ ကြားသို့။
သူမသည် မိန်းကလေးဖြစ်မှန်း သိသော်လည်း ခြေထောက်ကြားကို ဆောင့်ကန်လာသည်။ ထိုလူ၏ မျက်နှာကို ကျောက်ကျင်းဖြင့် ပိတ်ဆို့ထားသော်လည်း သူသည် သူ့ခန္ဓာကိုယ်ပုံစံနှင့် သေချာပေါက် ယောက်ျားတစ်ယောက် ဆိုတာ သိသည်။
ဒီလို အရှက်မဲ့တဲ့ ယောက်ျား ကမ္ဘာမှာ ဘယ်လိုလုပ် ရှိနိုင်တာလဲ?