← Chapters

ထျန်ရှင်း၏အဆုံးသတ်

Vol. 008 Ch. 718

ထျန်ရှင်း၏အဆုံးသတ်

Vol. 008 Ch. 718

ရီဖူရှင်းက ခေါင်းငုံ့ကာ တီးခတ်နေသော်လည်း ထိုအရာများ အားလုံးကို သိသည်။ သံစဉ်၏စည်းချက်က မြန်ဆန် သွက်လက်ပေသည်။ အလင်းရောင်များက သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံလာကာ ကြာပန်းမီးအိမ်နှင့် ပေါင်းစပ်သွားသည်။ နန်ရှင်းက ပုဆိန်ရှည်ကို ဆုပ်ကိုင်ကာ ရီဖူရှင်းထံသို့ ဆင်းသက်လာပြီး ခုတ်ချလိုက်သည်။ ပုဆိန်ရှည်က သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာဖြင့် ရီဖူရှင်းထံကို ရောက်လာသည်။ ရီဖူရှင်းအား တခြားလူများကလည်း ဝန်းရံကာ တိုက်ခိုက်ကြသည်။ သည်တိုက်ပွဲက ဤမျှ ပြင်းထန် ကြမ်းတမ်းမည်ဟု မည်သူကမှ မထင်ထားသလို ရီဖူရှင်း ကိုယ်တိုင်ကလည်း မမျှော်လင့်ထားခဲ့ပေ။

ကြောက်မက်ဖွယ် တိုက်ခိုက်မှုများ ရောက်ရှိလာကြသော်လည်း လေထဲတွင် ထူးဆန်းသော ဟန်ချက်ဖြင့် စီးဆင်းနေကြသော သဘာဝ စွမ်းအင်များက လောကဓာတ်များ အဖြစ် ပြောင်းလဲ သွားကြတော့သည်။ ပုဆိန်ရှည်ကား ရီဖူရှင်း၏ အရှေ့တည့်တည့်တွင်ပင် ရုတ်တရက် အေးခဲ ရပ်တန့်သွားသည်။ ပုဆိန်ရှည်ကား ရီဖူရှင်း၏ ခေါင်းတည့်တည့်ကို ရောက်လုနီးပါး အခြေအနေပင်။

အေးခဲနယ်က ပိုမိုကျယ်ပြောလာကာ နန်ရှင်း၏ ခန္ဓာကိုယ်ကလည်း အေးခဲနယ်လှိုင်းထဲကို ရောက်သွားသည်။ အေးခဲနယ်ထဲတွင် ရှိသော အရာခပ်သိမ်းကား လုံးဝ ရပ်တန့်ခြင်းကို ရောက်သွား၏။

နန်ရှင်း၏အမူအရာ ပြောင်းလဲသွားပြီး သူက ခေါင်းငုံ့လျှက် ရီဖူရှင်းကို ကြည့်သည်။ ကြာပန်းမီးအိမ်က သူ၏စွမ်းအားများကို ဆထက် တိုးစေသည်လား။ သူက မည်သို့ ဤမျှ အားကောင်းသနည်း။

ကု့ချင်းသံကိုမူကား ကြားနေရဆဲ...။ နန်ရှင်းက သူ၏စိတ်တန်ခိုးက ထိန်းချုပ်ခံရကာ ပတ်ဝန်းကျင်၏ သဘာဝစွမ်းအင်နှင့် အဆက်ပြတ်သွား၏။ သူတစ်ယောက်တည်းသာ မဟုတ်ဘဲ ရီဖူရှင်းကို တိုက်ခိုက်ရန် ကြိုးစားသူများ အားလုံးကလည်း ထိုနည်းတူ ကြုံရသည်။

လေပြင်းများ တိုက်ခတ်လာကာ အရာအားလုံးကို အပိုင်းပိုင်း ပြတ်တောက်စေသော လေပွေမုန်တိုင်းများ ဖြစ်ပေါ်လာသည်။ လေပွေမုန်တိုင်းက နန်ရှင်းတို့ အုပ်စုအား ရိုက်ခတ်သွားသည်တွင် နန်ရှင်း၏ အမူအရာက ပြောင်းလဲသွားသည်။ လေပွေမုန်တိုင်းကား လေသဘာဝ လောကဓာတ်မှ ဖြစ်တည်လာခြင်းဖြစ်ရာ အန္တရာယ် ရှိပေသည်။ သူက ထွက်ပြေး လွတ်မြောက်ရန် ကြိုးစားသော်လည်း သူ၏ခန္ဓာကိုယ်က လုံးဝ လှုပ်ရှား၍ မရပေ။ လေပွေမုန်တိုင်းက သူတို့၏လည်ပင်းမျာအား ဓားသွားများအလား ဖြတ်တိုက်သွားသည်။

နန်ရှင်း၏ခန္ဓာကိုယ်က တုန်ယင်သွားကာ မျက်လုံးက ကြောက်လန့်မှုကြောင့် ပြူးကျယ်သွား၏။

ဝှစ်… ဝှစ်… စွတ်…

ရီဖူရှင်းကို တိုက်ခိုက်ရန် ကြိုးစားသူများ အားလုံး၏ လည်ပင်းများက သွေးများ ပန်းထွက်လာကြသည်။

ဓားမိစ္ဆာနှင့် ထို့ကျန်းတို့ အားလုံးက ထိုမြင်ကွင်းကို ကြည့်ကာ မျက်လုံးကို မှိတ်လိုက်ကြသည်။ မည်သို့ဆိုစေ ထိုလူများကား တော်ဝင်ကျဲနန်းတော်၏ စွမ်းအားမြင့် တန်ခိုးရှင်များ ဖြစ်ကြသည်။

သို့သော် ရီဖူရှင်းကို အပြစ်တင်နိုင် ပါမည်လော။ ဤသို့သော ထောင့်တွင် ချောင်ပိတ် ရိုက်ခံရသောအခါ ရီဖူရှင်းကလည်း တော်ဝင်ကျဲနန်းတော်ကို ထောက်ထား ညှာတာရန် မျှော်လင့်၍ မရပေ။

ရီဖူရှင်းက နန်းတော်ကို လာကတည်းက အသက်ရှင် ထွက်သွားရန် မျှော်လင့်ချက် မရှိသည်ကို အားလုံးက သိကြသည်။ ရီဖူရှင်းက ပိုင်လွေလီနှင့် တိုက်ခိုက်ကာ နန်းတော်၏ ရပ်တည်ချက်အား မှားယွင်းကြောင်း သက်သေပြလိုခဲ့သည်။ သို့သော်လည်း ထိုအခွင့်အအရေးအား မရလိုက်ပါဘဲနှင့်ပင် အဆုံးသတ်က ရောက်လာခဲ့သည်။ လက်ရှိ ဖြစ်ပျက်နေသည်များကို ရီဖူရှင်းကလည်း မျှော်လင့်ထားမည် မဟုတ်ပေ။ မြေရိုင်းပြည်နယ်တွင် ထိပ်သီး တန်ခိုးရှင်များ အပါအဝင် များစွာသော လူများက သူသေသွားမည်ကို မလိုလားကြပေ။

ထျန်ရှင်း၏ မျက်နှာက အလွန်အမင်း အရုပ်ဆိုးလာခဲ့သည်။ အသတ်ခံရသူများကား ထျန်ရှင်းနန်းဆောင်မှ ဖြစ်ကာ ထိုအထဲတွင် သူ့တပည့်ရင်းများလည်း ပါကြသည်။ သူ၏ခန္ဓာကိုယ်ထံမှ စိတ်စွမ်းအားများ ကွဲထွက်လာပြီး တားမျှတခြင်းဓားက လေကိုခွင်းလျက် ရီဖူရှင်းထံကို တိုးဝင်သွားသည်။ သူ၏ခန္ဓာကိုယ်က လှုပ်ရှားနိုင်ခြင်း မရှိသော်လည်း ဓားအား သူက စိတ်ဖြင့် ထိန်းချုပ်ကာ ရီဖူရှင်းကို သတ်ဖြတ်ရန် ကြိုးစားသည်။

ထျန်ရှင်း၏ မျက်လုံးထဲတွင် အလွန်အမင်း လူသတ်လိုသော အငွေ့အသက်များအား မြင်ကြရသည်။

တရားမျှတခြင်း ဓားကလည်း မြန်ဆန်စွာပင် ရီဖူရှင်းထံကို ရောက်လာသည်။

“ရပ်…” ဟွာဂျီယူက နောက်လှည့်ကာ အော်လိုက်သည်။ ကြောက်မက်ဖွယ် ကောင်းသော စိတ်စွမ်းအားက ဓားကို ချက်ချင်း တားဆီးလိုက်သည်။ သို့သော် လျူချန်း၏ ရတနာကျာပွတ်က သူမကို ရိုက်နှက်မိကာ မျက်နှာက ချက်ချင်း ပြာနှမ်းသွားသည်။

“သေစမ်း…” ရီဖူရှင်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏အသံကား အလွန်အမင်း အေးစက်နေသည်။ အဝေးမှ ရပ်နေသော ထျန်ရှင်းကား သူ့အား အေးခဲစေသော လောကဓာတ်အား ခံစားလိုက်ရသည်။ နောက်မှ လိုက်ပါလာသည်ကား ဓားချွန်များကဲ့သို့ ချွန်ထက်နေသော နွယ်ပင်များ ဖြစ်ကြသည်။

ထျန်ရှင်း၏ အမူအရာက ပြောင်းလဲသွားကာ လောကဓာတ်အား ထိန်းချုပ်လျက် ခုခံရန် ကြိုးစားသော်လည်း ပတ်ဝန်းကျင်မှ အရာခပ်သိမ်းက သူ၏ထိန်းချုပ်မှု စက်ကွင်းတွင် မရှိသည်ကို သိလိုက်ရသည်။

စွတ်… စွတ်…

အေးစက်သော နွယ်ပင်များက သူ၏ခန္ဓာကိုယ် ဒွါရကိုးပေါက်အား ဝင်ရောက်သွားကြကာ ခန္ဓာကိုယ်ကလည်း မာကျော တောင့်တင်းသွားသည်။

“မဟုတ်ဘူး…” လျူချန်းက အော်လိုက်သည်။ ထျန်ရှင်း နန်းဆောင်သခင်ကား တော်ဝင်ကျဲ နန်းတော်ရှေ့တွင်ပင် အသတ်ခံခဲ့ရသည်။

သူက ထို့ကျန်းနှင့် ဓားမိစ္ဆာတို့ဘက်ကို လှည့်ကြည့်လိုက်သည်။ သူ၏စိတ်ထဲတွင် အရာအားလုံးက ဟာလာဟင်းလင်း ဖြစ်သွားသလို ခံစားလိုက်ရ၏။

ဤအရာကပင် နန်းတော်၏အစစ်အမှန် ဘေးအန္တရာယ် များအား။

တော်ဝင်ကျဲနန်းတော်၏ စိတ်နှလုံးက နှစ်ပိုင်းကွဲသွားကာ ထျန်ရှင်းက တိုက်ပွဲထဲတွင် သေဆုံးခဲ့ရသည်။ တော်ဝင်ကျဲနန်းတော်ကို ဆန့်ကျင်နေသော များစွာသော ကောင်းကင်မြေရိုင်း ထိပ်သီးများ ရှိနေသည်။

တော်ဝင်ကျဲ နန်းတော်ကား တစ်ကြိမ်တစ်ခါက မြေရိုင်းပြည်နယ်၏ ယုံကြည်ကိုးကွယ်မှု တစ်ခုဖြစ်ခဲ့သည်။

သူက တော်ဝင်ကျဲ နန်းတော်တွင် မိမိကိုယ်ကို မြှုပ်နှံကာ မြေရိုင်းပြည်နယ် ကောင်းစားရေး အားသွန်ခွန်စိုက် အားထုတ်ခဲ့သည်။ အဘယ်ကြောင့် ဤသို့ ဖြစ်လာရသနည်း။

ရီဖူရှင်းကို ဖမ်းဆီးခြင်းက ဆုံးရှုံးမှု အနည်းဆုံးသော ရွေးချယ်မှုဟု ယုံကြည်ခဲ့သည်။ သို့သော် အဘယ်ကြောင့် တိုက်ပွဲက သည်မျှ ရက်စက် ပြင်းထန်ရသနည်း။ သူကား နားလည်နိုင်စွမ်း မရှိပေ။ သူ၏စိတ်နှလုံးက ပြင်းထန်စွာ တုန်ခါပြီး မိမိကိုယ်ကို သံသယဝင်လာသည်။

“ဒါက ခင်ဗျာလိုချင်တဲ့ အဆုံးသတ်လား…” ရီဖူရှင်း၏ အေးစက်သော အသံက လျူချန်း၏ စိတ်ထဲတွင် တုန်ခါသွားသည်။ သူက မော့ကြည့်ကာ ကု့ချင်း တီးခတ်နေသော လူငယ်နှင့် ရှန့်ထိုတစ်ပါး ပူးကပ်နေသော ဟွာဂျီယူကို ကြည့်သည်။

ကျာပွတ်ကို ကိုင်ဆောင်ထားသော သူ၏လက်က တုန်ယင်သွားသည်။ လျူချန်းက နာကျင်စွာဖြင့် မျက်လုံးကို မှိတ်လိုက်သည်။ ထိုအခိုက်တွင်ပင် သူက လက်မှ ကျာပွတ်ကို လှုပ်ခတ်လိုက်သည်။ မရေမတွက်နိုင်သော အလင်းမှုန်များက ကျာပွတ် တစ်လျှောက် စီးဆင်းသွားသည်။ ထို့နောက် ကျာပွတ်က နဂါးတစ်ကောင်အလား အရာအားလုံးကို ထွင်းဖောက်လျက် ရှေ့ကို တိုးဝင်သွားသည်။

ရီဖူရှင်းကား ကု့ချင်းကို တီးခတ်နေဆဲ ဖြစ်သည်။ စိတ်စွမ်းအားများက သူ၏ခန္ဓာကိုယ်အား လွှမ်းခြုံထားသည်။ လေဟာနယ် အေးခဲခြင်း လောကဓာတ်က တစ်ဖန် ထွက်ပေါ်လာသည်။ သို့သော်လည်း ရတနာကျာပွတ်က လောကဓာတ်များကိုပါ ဖြတ်တောက်လျက် တိုးဝင်လာသည်။

***

ဝမ်ရှင်းနန်းဆောင် သခင်အတွင်း၌ ဝမ်ရှင်းက ဟောကိန်းအား တွက်ချက်နေဆဲ ဖြစ်သည်။ ကြယ်တာရာ အလင်းများ၏အောက်တွင် နန်းတော်ကား လုံးဝ ပျက်စီးသွားရသည်။ သို့သော် နန်းတော်၏အပျက်အစီးပုံထဲမှ မျှော်လင့်ချက် အလင်းရောင်တစ်ခု ထွန်းလင်းလာသည်။

ဝမ်ရှင်း၏ စိတ်နှလုံးက ပြင်းထန်စွာ တုန်ခါသွားသည်။

အဘယ်ကြောင့် ဤသို့ ဖြစ်လာရသနည်း။ ထောင်ကျန်း ပြောသောစကားက အမှန်လား...။

လျူချန်းက ရတနာကျာပွတ်အား ကိုင်ကာ ရိုက်လိုက်သည်တွင် မရေမတွက်နိုင်သော အလင်းစက်များက မုန်တိုင်းတစ်ခုအလား အရာအားလုံးကို ရိုက်ခတ်သွားကာ ရီဖူရှင်းနှင့် ဟွာဂျီယူထံသို့ တိုးဝင်သွားကြသည်။ အလင်းမှုန် တစ်ခုစီတိုင်းက လောကဓာတ်နှင့် ကျာပွတ်စွမ်းအားတို့ ပေါင်းစပ်ထားခြင်း ဖြစ်ရာ ရှန့်ထိုလက်အောက်မှ မည်သည့် တန်ခိုးရှင်မှ အသက်ရှင်သန်နိုင်မည် မဟုတ်ပေ။

ဟွာဂျီယူက ရီဖူရှင်းရှေ့တွင် လာရပ်သည်။ သူမ၏စိတ်ထဲတွင် အသံတစ်သံကို ကြားရသည်… “ငါက ဒီအားကို ခုခံရင် မင်းရဲ့စိတ်က ခံနိုင်ရည်အားထက် ကျော်သွားလိမ့်မယ်…”

“လုပ်ပါ…” ဟွာဂျီယူက  မျက်လုံးကို မှိတ်လိုက်ကာ ချက်ချင်းပင် စိတ်စွမ်းအားက အကန့်အသတ်ထက် ကျော်လွန်သွားသည်။ သူမ၏ဆံပင်များက လေထဲတွင် ပိုမိုပြင်းထန်စွာ လွင့်မျောသွားပြီး ပတ်ဝန်းကျင် တစ်ခုလုံးကလည်း လေပြင်းများ ရိုက်ခတ်လာသည်။

“ငါပြောတဲ့အတိုင်းလုပ်… တစ်ချက်တည်းနဲ့ သူ့တိုက်ခိုက်ရေး စွမ်းအားတွေကို ပယ်ဖျက်မယ်..” ဟွာဂျီယူ၏ စိတ်ထဲတွင် အသံတစ်သံကို ကြားသည်တွင် ဟွာဂျီယူက ခေါင်းညိတ်သည်။ သူမ၏စိတ်စွမ်းအားက လောဟာနယ်၏ နေရာတိုင်းကို ပျံ့နှံ့သွားသည်။

“ဂျီယူ…” ရီဖူရှင်း၏လက်က ကု့ချင်းကြိုးပေါ်တွင် မြန်ဆန်စွာ လှုပ်ရှားသွားသည်။ ကု့ချင်းအသိက အဆုံးစွန်အထိ မြင့်တက်လာကာ လောကတစ်ခုလုံးအား သူက ထိန်းချုပ်သည်။ သူနှင့်အတူ စစ်မှန်သော ကြယ်တာရာ တစ်ခုမွေးဖွားလာကာ လောကတစ်ခုလုံးမှ စွမ်းအားများက ကြယ်တာရာ လောကဓာတ် အနေဖြင့် ဖြစ်ပေါ်လာသည်။ စွမ်းအားက ကြီးမား ကျယ်ပြန့်လာပြီး လျူချန်းထံကို တိုးဝင်သွားသည်။

ကြောက်မက်ဖွယ်နဂါးက ဧရာမနဂါးနှင့် ရင်ဆိုင်မိကာ တဝုန်းဝုန်း ပေါက်ကွဲကြသည်။ ကြောက်မက်ဖွယ် ကောင်းသော မုန်တိုင်းများ ဖြစ်ပေါ်လာသော်လည်း ကျာပွတ်ကာ သူ၏ဦးတည်ရာကို ဆက်လက် တိုးဝင်လာနေဆဲ ဖြစ်သည်။

ထိုအခိုက်တွင် ဟွာဂျီယူ၏ စိတ်စွမ်းအားက လောဟာနယ်ကို စီးဆင်းစေလျက် လျူချန်း၏ စိတ်ထဲကို ဝင်လာသည်။ ထိုအခိုက်တွင် လျူချန်းက သူ့ထံကို လှမ်းလာသော ရှန့်ထိုတစ်ပါးအား မြင်ရသည်။

“နတ်ဘုရားတွေက စတေးမှုတစ်ခု လုပ်တဲ့အခါ လူတစ်ယောက်ရဲ့ အတွေးတွေကလည်း ပြန်တုံ့ပြန်ရတယ်…” လူနှစ်ယောက် စကားပြောသည့်အလား အသံတစ်သံ ထွက်လာသည်။ ထိုစကားက ပတ်ဝန်းကျင်တွင် ကိန်းဝပ်နေသော လောကဓာတ်ဖြင့် ပေါင်းစပ်သွားသည်။

“တားမြစ်ပညာ… ချိန်ညှိခြင်း…” အသံအား နောက်တစ်ဖန် ကြားကြရကာ ထိုနေရာမှ လူများအားလုံး၏ စိတ်နှလုံးက တုန်လှုပ် ချောက်ချား သွားကြသည်။ ထိုအခိုက်တွင် လျူချန်း၏စိတ်ထဲကို ရှန့်ထိုတစ်ပါး၏ ပုံရိပ် ဝင်ရောက်လာကာ သူ့အား သတ်ဖြတ်ခြင်း မှော်စွမ်းအားတစ်ခုဖြင့် တိုက်ခိုက်သလို ခံစားရသည်။ သူ၏မျက်နှာက နာကျင်မှုကြောင့် ရှုံ့မဲ့သွားကာ ထိုပုံရိပ်အား သူ၏ကျာပွတ်ဖြင့် လှမ်းရိုက် လိုက်သည်။

“ကောင်းကင်အေးခဲခြင်း…” ရီဖူရှင်းကလည်း စွမ်းအားကို အဆုံးစွန်အထိ မြှင့်လိုက်သည်တွင် လျူချန်း၏ လှုပ်ရှားမှုများက တုံ့ဆိုင်းသွားသည်။ လျူချန်းက တစ်ချက် အော်လိုက်သည်တွင် သူ၏လက်မှ သွေးကြောများ ထောင်ထလာပြီး လောကဓာတ်များအား ယိုယွင်းစေသည်။ သူက ကျာပွတ်ဖြင့် ရိုက်လိုက်သည်တွင် လောဟာနယ်မှ လောကဓာတ်များအား ကြေပျက်စေလျက် ရီဖူရှင်းထံကို တိုးဝင်သွားသည်။

ကျာပွတ်က လောကဓာတ်များ အားလုံးကို ပျက်စီးစေလျက် ရီဖူရှင်း၏ခေါင်းသို့ ဦးတည် ဝင်ရောက်လာသည်။ ကြာပန်းမီးအိမ်က ပိုမိုလင်းလက်စွာ တောက်ပလာပြီး ရီဖူရှင်းအား အလင်းများဖြင့် ရစ်ပတ်သွားသ်။ သို့သော်လည်း ကျာပွတ် ရောက်လာသောအခါ ကြာပန်းမီးအိမ်ကလည်း ပျောက်ကွယ်သွားရပြီး ဟွာချင်းချင်းအား မြေပြင်ပေါ်တွင် လဲလျောင်းလျက် တွေ့ရသည်။ သူမ၏ပါးစပ်မှ သွေးများ စီးကျလာ၏။ တိုက်ခိုက်မှုက ရီဖူရှင်းကိုလည်း တုန်ခါစေသည်။ သူ၏ဝိညာဉ်က တုန်ခါသွားပြီး ပါးစပ်မှ သွေးများ အန်ကျသည်။

တစ်ချိန်တည်းမှာပင် လျူချန်းကလည်း ညည်းသံပေးသည်။ သူ၏ ကိုယ်ရောင်ကိုယ်ဝါက ကြောက်မက်ဖွယ် ကောင်းသော အမြန်နှုန်းဖြင့် ယုတ်လျော့သွားကာ ရှေ့မှ မြင်ကွင်းအား ဒေါသတကြီး ကြည့်သည်။ သူ့ရှေ့တွင် ပုံရိပ်တစ်ခုက ရပ်နေကာ ကြောက်မက်ဖွယ် ကောင်းသော မှော်စွမ်းအားက သူ၏စိတ်အား ဖြတ်သန်း ရိုက်ခတ်သွားသည်။ သူ၏စိတ်ဝိညာဉ် စွမ်းအားက အစိတ်အစိတ် အပိုင်းပိုင်း ဖြစ်သွားကာ ပါးစပ်မှ သွေးများ အဆက်မပြတ် စီးကျလာတော့သည်။

တစ်ကိုယ်လုံးမှ အားအင်အား ယုတ်လျော့ သွားသည်ကို ခံစားလိုက်ရကာ လျူချန်း၏မျက်နှာက ဖြူလျော့သွားသည်။ တစ်ချိန်တည်းမှာပင် ဟွာဂျီယူကလည်း သွေးများ အဆက်မပြတ် အန်သည်တွင် သူမ၏အဖြူရောင်ဝတ်စုံက သွေးခြင်းခြင်း နီရဲသွားသည်။

***

All Chapters