← Chapters

ထိသွားပြီ

Vol. 5 Ch. 69

ထိသွားပြီ

Vol. 5 Ch. 69

မိန်းကလေး တစ်ယောက်ကို ပိတ်ကန်တယ်?

ပြီးတော့ ပြိုင်ဘက်ရဲ့ ခြေဖဝါးတွေရဲ့ အရှိန်ကို ကြည့်ရင်း သူမရဲ့ ဓားရှည်က ပြိုင်ဘက်ကို မထိခင်မှာ ပြိုင်ဘက်ရဲ့ ခြေဖဝါးတွေက သူမကို ကန်မိသွားလိမ့်မည်။

အနည်းငယ်မျှ မဆိုင်းမတွဘဲ လန်ရော့ရှင်းသည် သူမ၏ဓားကို အလျင်အမြန် ဆုတ်ခွာလိုက်ပြီး နောက်ပြန်ဆုတ်သွားခဲ့သည်။

တစ်ဖက်လူ၏ "သတ်ပစ်နိုင်တဲ့" ကန်ချက်ကို ရှောင်တိမ်းရင်း လန်ရော့ရှင်း၏ လှပသော မျက်နှာသည် ပန်းရောင်သန်းလာ၏။

ဘာပဲဖြစ်ဖြစ် သူမဟာ လှပပြီး ဖြူစင်သန့်ရှင်းတဲ့ အပျိုစင်တစ်ယောက် ဖြစ်နေပါသေးသည်။ သူမဟာ လူ့ဘ၀ကို ဖြတ်သန်းခဲ့ဖူးပြီး ယောက်ျားကြီး တစ်ယောက်က လျှို့ဝှက်ထားတဲ့ တစ်နေရာကို ထိမိလုနီးပါး ဖြစ်တာကြောင့် သူမမျက်နှာ နီရဲလာတာ အံဩစရာတော့ မဟုတ်ပါ။

သေချာပေါက် သတ်ပစ်ချင်လာပြီ!

သူ့ရှေ့က ဒီလူဟာ သူ့ကိုယ်သူ ကျောက်ကျင်းအနောက်မှာ ပုန်းအောင်းနေရုံမက ညစ်ညမ်းပြီး အရှက်ကင်းမဲ့သူပင်။ ဒီလိုလူက သေချာပေါက် သေသင့်သည်။

ဟူ.....

နောက်ထပ် ဓားတစ်ချောင်း ထပ်ဝင်လာစာ့။ ဒီလှုပ်ရှားမှုက ပိုလို့တောင် ရက်စက်ကြမ်းကြုတ်ပြီး အတူတူ သေရမယ်ဆိုတဲ့ ရပ်တည်ချက်နှင့်။

"မပြီးသေးဘူးလားဟ!"

တစ်ဖက်လူဆီပ တစ်ချက်ကန်ချက်ကို နောက်ဆုတ်ရင်း လုရွှမ် ထွက်ပြေးဖို့ ကြံလိုက်သော်လည်း တစ်ဖက်က အရူးလို တိုက်ခိုက်လာတာကြောင့် ပြောစရာစကားပင် ပျောက်ရှသွားသည်။

ဝိညာဥ်ခုနှစ်မျိုးမှိုကို တိတ်တဆိတ် ခိုးယူခဲ့တယ်။ စိတ်ပျက်စရာ မကောင်းဘူးလား?

သူက စကားမပြောဘဲ ဆက်ပြီး တိုက်ခိုက်သည်။ ရုန်းရင်းဆန်ခတ်ဖြစ်ရင် ဝေ့ချန်နဲ့ မျက်လုံးနီရဲတဲ့ မျောက်ဝံတို့ ကျိန်းသေပေါက်လာမယ်ဆိုတာ သိလိုက်တာကြောင့် သူမကို ချက်ချင်း ပြန်ကန်ပစ်လိုက်သည်။

"နင်"

လန်ရော့ရှင်း ရူးလုမတတ် ဖြစ်သွားသည်။

တစ်ဖက်လူ၏ ကန်ချက်သည် သူမ၏ သီးသန့်နေရာကို တိုက်ရိုက် ဦးတည်နေသေးသည်။

မုန်းစရာကြီး! မုန်းစရာကြီး!

မတတ်နိုင်ဘဲ နောက်တစ်ကြိမ် ပြန်ဆုတ်လိုက်သည်။

သူနောက်ဆုတ်လိုက်သည်နှင့် သူ့ရှေ့က ကျောက်တုံးကြီးကို ကိုင်ထားသည့်လူက ဂူပေါက်ဝနားကို ရောက်နေပြီ။

"ငါနင့်ကို သတ်ပစ်မယ်!"

သူ ဂူဝကိုရောက်တာနဲ့ ဒီလူက ထွက်ပြေးမှာ သေချာတယ် ဆိုတာ သိလိုက်ရတော့ လန်ရော့ရှင်းက ဒေါသတကြီးဖြင့် ဓားရှည်နဲ့ ထပ်ပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြန်၏။

ပါရမီရှင် တစ်ယောက်၏ ဆိုသည့်အတိုင်း အလျင်အမြန် ဆိုသလိုပင် ဓားရေးကျွမ်းကျင်မှုဖြင့် တိုက်ရိုက် တက်လှမ်းသွားကာ ဓားပန်းပွင့်များကို လင်းလက်တောက်ပစေကာ လုရွှမ်၏ အင်္ကျီလက်ကို ဖောက်ထွက်ခဲ့သည်။

"ဒီကောင်!"

တစ်ဖက်က အရေးကြီးတဲ့ အခိုက်အတန့်မှာ တားဆီးနေမယ်လို့ မထင်လားခဲ့။ ဒီအတိုင်းဆက်သွားရင် သူလွတ်မြောက်နိုင်တော့မှာ မဟုတ်ဘူး ဆိုတာကို သိတဲ့အတွက် ချက်ချင်း ကျောက်ကျင်းကို ထောက်ဖို့ ဘယ်လက်ကိုသုံး၍ ညာလက်ဖြင့် နောက်ပြန် ရိုက်နှက်လိုက်သည်။

နဂါးဆင် ရွှေလက်ဝါးဆိုတာ နတ်နဂါးက သူ့အမြှီးကို လွှဲရိုက်လိုက်သလိုပင်။

ဤရွေ့လျားမှုသည် ခန္ဓာကိုယ်ကိုလှည့်ရန် မလိုအပ်သလို ခေါင်းကို လှည့်ရန်လည်း မလိုအပ်ပါ။ ၎င်းကို လုံးဝ မသိစိတ်ဖြင့် ကစားသွားသည်။

ဗုန်း!

သူ့လက်ဖဝါးကြောင့် ကောင်းကင်တစ်ခွင်လုံး ဓားမီးရောင်များ လွင့်ထွက်သွားသည်။

သူ့ခန္ဓာကိုယ်ထဲမှာ နန်းတော်ပင်လယ် နယ်ပယ်ရဲ့ စွမ်းအားတွေ ရှိနေသည်။ နဂါးဆင်လက်ဝါးကိုပါ ပေါင်းထည့်လိုက်သောအခါ လန်ရော့ရှင်းက ဓားနဲ့ထိုးဖောက်လာရင်တောင် ကွာခြားချက်က ကြီးမားနေသေးသည်။

လုရွှမ်သည် တစ်ဖက်လူ ဘယ်သူလဲဆိုတာကို သိတာကြောင့် ပြင်းပြင်းထန်ထန် မတိုက်ခိုက်ခဲ့ပေ။ မဟုတ်ရင် လက်ဝါးတစ်ချက်တည်းနဲ့ တစ်ဖက်လူကို သတ်ပစ်လိုက်မိမှာ သေချာ၏။

ဟူ.....

"သွားပြီ..."

လန်ရော့ရှင်းသည် ဓားဖြင့်တိုက်ခိုက်လိုက်ရာ သူမ၏ ခန္ဓာကိုယ်သည်လည်း တစ်ချိန်တည်းမှာပင် ရှေ့သို့ ရွေ့လျားသွားခဲ့သည်။ သူမသည် နောက်တစ်ကြိမ် လှုပ်ရှားမှုကို ပြုလုပ်လိုသော်လည်း ပြိုင်ဘက်၏ လက်ဖဝါးခွန်အားသည် ဤမျှပြင်းထန်လာမည်ကို သူမမျှော်လင့်ထားခဲ့။

သူမ၏ ဓားစွမ်းအင်ကို ချိုးဖျက်သွားခဲ့သည်။ ထိုအခိုက်အတန့်ကြောင့် သူမ၏ ခန္ဓာကိုယ်သည် မရပ်တန့်နိုင်တော့ဘဲ ပြိုင်ဘက်၏ လက်ဖဝါးကို ခိုကိုးရာမဲ့ ဝင်ဆောင့်ပစ်တော့သည်။

လက်ဝါးစွမ်းအင်ကို ကြည့်လိုက်တာနဲ့ ထိမိပါက သေနိုင်တာကို သံသယဝင်စရာပင် မလိုပေ။

ဒါပေမယ့် တခြားနည်းလမ်း မရှိတော့ဘူး။

အလွန်ထက်မြက်ပြီး ငယ်ရွယ်နုပျိုသော လန်ရော့ရှင်းသည် တခြားတစ်ဦး၏ လက်ချက်ဖြင့် သေဆုံးသွားလိမ့်မည်ဟု သူမ မတွေးခဲ့ဖူးပေ။

"အမ်?"

လုရွှမ်ကတော့ ဒီကောင်မလေးအပေါ် သူ့မှာ ဒေါသတွေ သိပ်မရှိဘူးသလို ဘယ်သူ့ကိုမှ မသတ်ချင်ဘူး။

ဝိညာဥ်အရည်နှင့် ဝိညာဥ်ခုနစ်မျိုးမှိုတို့ကို ရရှိနိုင်ခြင်းသည် တစ်ဖက်လူ၏ ဂုဏ်ကျေးဇူးပင်ဖြစ်သည်။

သူသည် ယခုအချိန်တွင် မသန်မာသေးဘဲ ရတနာကိုရရှိရန် ဤနည်းလမ်းကိုသာ အသုံးချနိုင်သော်လည်း လုရွှမ်သည် သူ့ကိုယ်သူ မာနကြီးပြီး လေးစားမှုတော့ ရှိသည်။

ချက်ချင်းပင် သူ၏ ဝိညာဉ်စွမ်းအင်သည် လှုပ်ရှားသွားကာ ပြင်းထန်စွာ တုန်ခါသွားပြီး နဂါးဆင် လက်ဝါး၏ စွမ်းအားကို အတင်းအကျပ် ပြန်ဆုတ်သွားလိုက်သည်။

ဖူး......

အင်အားကို အတင်းအကျပ် ပြန်သိမ်းလိုက်တာကြောင့် ပါးစပ်ထဲက သွေးများ ထွက်ကျကာ ဒဏ်ရာ ပြင်းထန်စွာ ရသွားသည်။

အရင်ဘဝတုန်းက ဒီလိုခွန်အားကို ပြန်သိမ်းယူလိုက်ရင် ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ ဒါပေမယ့် အခုချိန်မှာတော့ ခွန်အားက အားနည်းလွန်းတော့ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းက အရင်ကထက် ပိုနည်းသွား၏။

ကံကောင်းထောက်မစွာနဲ့ပဲ ခွန်အားတွေ ပြည့်ဝလာလို့သာ မဟုတ်ရင် ဒီကောင်မှာ မသေရင်တောင် ချိနဲ့သွားလိမ့်မည်။

ဒဏ်ရာကြောင့် သူ့ခွန်အားကို ထိန်းနိုင်ပေမယ့် အရှိန် မထိန်းချုပ်နိုင်ဘဲ လက်ဖဝါး၏ ဆန့်ထုတ်မှုကား မရပ်တန့်နိုင်တော့ပေ။

ဟူ.....

အသက်ရှုသွင်းရင်း ယွမ်ယန်ကျင့်စဥ်ကို တစ်ပတ်ပြည့်အောင် လည်ပတ်ကာ ခွန်အားပြန်လည် သက်သာလာခဲ့သည်။ သူ၏လက်ဖဝါးကို ဆုတ်ခွာခါနီးတွင် ရုတ်တရက် သူ့လက်ဖဝါးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည့် နူးညံ့သော အရာတစ်ခုကို ခံစားလိုက်ရသည်။

"အမ်?"

သူ့လက်ဖဝါးပေါ်ရှိ ဘောလုံးကဲ့သို့ အံ့သြဖွယ် ပျော့ပျောင်းမှုကို ခံစားလိုက်ရသဖြင့် လုရွှမ် အံ့အားသင့်သွားသည်။

သူ့အရင်ဘဝတုန်းက ကျင့်ကြံမှုမှာပဲ သူ့ကိုယ်သူ မြှုပ်နှံထားခဲ့တယ်။ သူ့မှာ ချောမောတဲ့ မျက်နှာရှိပေမဲ့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု မရှိခဲ့ဘူးလို့ ဆိုနိုင်သည်။

သူသည် ဘဝနှစ်ခုတွင် လူသားတစ်ဦး ဖြစ်သော်လည်းလေ မိန်းကလေးရဲ့ လက်ကိုတောင် မကိုင်ဖူးဘူး။

ဒီအချိန်မှာ သူ့အနောက်ကွယ် မြင်ကွင်းကို သူ မမြင်ရပေမယ့် သူ့လက်ဖဝါးက ပျော့ပျောင်းမှုနဲ့ အပူတွေက ဘာလဲဆိုတာကို သူ ရှင်းရှင်းလင်းလင်း သိပါသည်။

တုန်လှုပ်သွားပြီး လုရွှမ်၏ လက်ဖဝါးသည် အလိုအလျောက် ကျုံ့သွားပြီး ထူးဆန်းသော ပုံစံဖြင့် ထိလိုက်သည်။

လန်ရော့ရှင်းသည် ပြိုင်ဘက်၏ လက်ဖဝါးဖြင့် ဒဏ်ရာရတော့မည်ဟု ဆုံးဖြတ်ထားပြီး ဖြစ်သော်လည်း ပြိုင်ဘက်သည် သူမကို ဒဏ်ရာမရစေရုံသာမက နောက်ဆုံးအခိုက်အတန့်တွင် သူ၏လက်ဖဝါးအား ဆုတ်ခွာမည်ဟု သူမမျှော်လင့်ထားပေ။

ရလဒ်အနေနဲ့ သူမရဲ့ အပျိုစင်တောင်ထွတ်ဟာ တစ်ဖက်လူရဲ့ လက်ထဲကို ကျရောက်သွားတော့သည်။

"အား"

ထိမိရုံတင်ဆို အရေးမကြီးဘူး။ အဓိကက တစ်ဖက်လူက အဲဒါကို သိသိသာသာကို ထိသွားရာ လန်ရော့ရှင်း သူ့တစ်ကိုယ်လုံး ပျော့ခွေသွားသလို ခံစားလိုက်ရကာ မအော်ဟစ်ဘဲ မနေနိုင်တော့ပေ။

"သွားပြီ!" လုရွှမ် ရှက်သွားသည်။

တကယ်တော့ ဒါဟာ သူထိချင်တာ မဟုတ်ဘဲ အလိုလို တုံ့ပြန်မှုတစ်ခုပင်။

ယောက်ျားဖြစ်သရွေ့ ဒီလိုအခြေအနေမျိုး ကြုံလာရတဲ့အခါ သူ့လက်ဖဝါးကို ကျုံ့မသွားအောင် မကူညီနိုင်ဘူးလေ။

"မြန်မြန် သွားရမယ်!"

ဒီလိုနေရာမျိုးကို ထိတွေ့ပြီးနောက် သူ ထွက်မပြေးရင် ထူးဆန်းသွားလိမ့်မယ် ဆိုတာ သိလိုက်ရတော့ လုရွှမ်က မနေဝံ့ဘဲ ကျောက်ကျင်းကို ပွေ့ဖက်ကာ အမြန်ထွက်လာပြီး ဂူဧရိယာထဲမှ ပျောက်ကွယ်သွားခဲ့သည်။

"နင်...မသွားနဲ့!"

ရင်ဘတ်ကို ထိပြီး လန်ရော့ရှင်း၏ ခန္ဓာကိုယ်သည် အေးခဲသွားကာ တုံ့ပြန်မည်အပြု ထိုလူထွက်ပြေးသွားသည်ကို တွေ့လိုက်ရသည်။ သူမ ဒေါသအရမ်းထွက်ကာ အော်ဟစ်၍ ဓားရှည်ကို ကောက်ကိုင်ကာ လိုက်သွားခဲ့သည်။

သို့သော် သူမ အပြင်သို့ ထွက်လာသောအခါတွင် မြင့်မားသော သစ်ပင်များနှင့် လေပြင်းများ တွေ့ရပြီး မည်သူမျှ မကျန်ခဲ့ပေ။

"လူယုတ်မာ နင်ဘယ်သူလဲဆိုတာ ငါမသိစေနဲ့! မဟုတ်ရင် နင့်ကို သတ်ပစ်မယ်..."

သူမ၏ နုနယ်သော ခန္ဓာကိုယ်သည် တုန်တုန်ယင်ယင် ဖြစ်နေသည်။ ငယ်စဉ်ကတည်းက အရှက်မရှိသော လုရွှမ်နှင့် ပြိုင်ဆိုင်မှုမှလွဲ၍ သူမသည် ဤမျှကြီးမားသော အရှက်ရမှုကို မခံစားခဲ့ရဖူးချေ။

သူမရဲ့ အပျိုစင်တောင်ထိပ်ကို ဒီအတိုင်း ထိလိုက်ရုံနဲ့ ထိမိသွားသည်။

ဒါကိုတွေးပြီး ရှက်လည်းရှက် ဒေါသလည်း ဖြစ်လာသည်။

"အမ်?... အဲဒီပုံစံက ဘာလို့ လုရွှမ် နဲ့ ဆင်တူနေတာလဲ"

ထိုအချိန်က သူမကို အရှက်ရစေခဲ့သော လုရွှမ်ကိုတွေးမိရင်း လန်ရော့ရှင်း ရုတ်တရက် အေးခဲသွားပြန်သည်။

သူမအစောက အရမ်းစိတ်ဆိုးပြီး ဂရုမစိုက်ခဲ့တာ အခုမှ နှိုင်းယှဉ်ကြည့်လိုက်တော့ လွတ်မြောက်သွားတဲ့ လူရဲ့ ကိုယ်ခန္ဓာပုံစံနဲ့ အရပ်အမောင်းအရ လူယုတ်မာ လုရွှမ်နဲ့ အတူတူပဲဆိုတာ ရုတ်တရက် တွေ့လိုက်ရသည်။

"ဧကန္တ သူလား?"

နောက်ကျောနှစ်ခုက တစ်ပုံစံတည်း ဖြစ်နေတာမို့ လန်ရော့ရှင်း သံသယဝင်လာ၏။

"ရော့ရှင်း ဘယ်လိုလဲ? ယူပြီးပြီလား?"

အတွေးဝင်နေတုန်း စိုးရိမ်သောက ရောက်နေတဲ့ အသံတစ်ခု ထွက်ပေါ်လာပြီး ဝေ့ချန် ပြေးလာသည်။

ယခုအချိန်တွင် ဝေ့ချန်သည် ယခင်ကဲ့သို့ ကြည့်မကောင်းတော့ပေ။ သူ၏ အဝတ်အစားများသည် နေရာအနှံ့ စုတ်ပြဲနေပြီး သူ့ခန္ဓာကိုယ်မှာ ရွှံ့များနှင့် သွေးများဖြင့် ဖုံးလွှမ်းနေသည်။ ဒဏ်ရာက မပြင်းထန်ကြောင်း တစ်ချက်ကြည့်လိုက်လျှင် သိသာထင်ရှားသည်။

"မရသေးဘူး"

ထိုမှသာ လန်ရော့ရှင်း တုံ့ပြန်ခဲ့သည်။

"မျက်စိနီ နတ်ဆိုးမျောက်ဝံက အစွမ်းထက်လွန်းတယ် အခင်းအကျင်းက အကြာကြီး မခံဘူး...မြန်မြန် သွားယူလိုက်တော့ မဟုတ်ရင် ငါတို့အားလုံး ဒီမှာပဲ သေကုန်လိမ့်မယ်!"

မမျှော်လင့်ဘဲ လန်ရော့ရှင်း ဤနေရာတွင် အကြာကြီးနေခဲ့ပေမယ့် ဝိညာဥ်ခုနှစ်မျိုးမှိုကို မရရှိခဲ့ပေ။

All Chapters