သန့်စင်သော ဝိညာဥ်အရည်
Vol. 5 Ch. 70
"ဘယ်လိုဖြစ်တာလဲ?"
ထို့နောက် ဝေချန်၏ ရှည်လျားသော အော်သံကြီး ထွက်ပေါ်လာသည်။ လန်ရော့ရှင်းလည်း အလျင်အမြန် ပြေးဝင်သွားလိုက်ရာ
"ဒါ"
တစ်စုံတစ်ယောက်က သူတို့ထက်အရင် လက်ဦးမှု ရယူသွားခဲ့ပြီ။ ကျောက်တွင်းကြီးကိုပါ တူးယူချသွားရာ ဝိညာဥ်ခုနှစ်မျိုးမှို မပြောနှင့် အပင်လေးတစ်ပင်တောင် မရှိတော့ဘဲ ကွက်လပ်ကြီးသာ ကျန်ခဲ့သည်။
"အစောက လူတစ်ယောက် ရောက်လာတယ်...သူ့ကိုတွေ့လို့ ငါနဲ့တောင် တိုက်ခိုက်လိုက်သေးတယ် ဒါပေမဲ့ သူထွက်ပြေးသွားပြီ"
လန်ရော့ရှင်းလည်း ထိုလူသည် ယခုပင် ရှိသမျှ ပစ္စည်းအားလုံးကို ယူသွားပြီ ဖြစ်ကြောင်း သိလိုက်သည်။ ထို့ကြောင့် ထိတ်လန့်စွာ လွတ်မြောက်ချင်နေသည်မှာ အံ့သြစရာ မရှိတော့ပေ။
"ဘာ!! ဖူ....."
ဝေ့ချန် သွေးအန်ရင်း ယိမ်းယိုင်သွားကာ ပွဲချင်းပြီး သေဆုံးလုနီးပါး ဖြစ်သွားသည်။
ကြိုးစားမှုများစွာနဲ့ သူသည် မျက်လုံးနီ နတ်ဆိုးမျောက်ဝံကို ထောင်ချောက် ဆင်နိုင်ခဲ့သော်လည်း အခြားတစ်ယောက်အတွက် အခွင့်အရေး ပေးသလို ဖြစ်သွားခဲ့သည်။
"ဘယ်သူလဲ! ဘယ်သူလဲဆိုတာ မင်းမြင်လိုက်လား?" သွေးတွေထွက်ပြီး ဝေချန်က သူ့ကို မျက်လုံးနီရဲရဲနဲ့ စိုက်ကြည့်နေ၏။
သူဘယ်သူလဲဆိုတာ သိရင် သေချာပေါက် အပိုင်းပိုင်း ခွဲပစ်မယ်
"ငါ"
လန်ရော့ရှင်းက လုရွှမ် ဖြစ်နိုင်သည်ဟု ပြောတော့မည် ဖြစ်သော်လည်း အကြောင်းတစ်ခုခုကြောင့် သူ့နှုတ်ခမ်းမှ စကားရပ်သွားသည်။
"မသိဘူး... သူမျက်နှာကို ကျောက်တုံးကြီးနဲ့ ဖုံးထားတာ.... ရှင်းရှင်းလင်းလင်း မမြင်လိုက်ရဘူး..."
"ရှင်းရှင်းလင်းလင်း မမြင်လိုက်ဘူးလား? သူ့ကို လိုက်ရှာ!! သူ အဝေးကြီး မပြေးလောက်သေးဘူး ဖမ်းမိလို့ကတော့ ငါ သေချာပေါက် သတ်ပစ်မယ်!"
ဝေ့ချန်က ဟောက်ပြီး ဖြောင့်စင်းတဲ့ ခန္ဓာကိုယ်နဲ့ ဂူထဲကနေ ထွက်လာခဲ့သည်။
ဝိညာဥ်ခုနှစ်မျိုးမှိုကို တခြားသူက သိမ်းယူထားပြီဖြစ်လို့ ဒီမှာနေဖို့က အသုံးမဝင်တော့ဘူး။ အမှန်ကန်ဆုံး နည်းလမ်းက အဲဒီကောင်လေးကို အမြန်ဆုံး ရှာဖို့ပဲ။
သူထွက်သွားတာကို မြင်တော့ လန်ရော့ရှင်းက အဝေးကို လှမ်းကြည့်လိုက်သည်။ အဲဒီလူက သူ့လက်ဖဝါးကို အတင်းပြန်သိမ်းရတာကြောင့် သွေးအန်ခဲ့သည်။
မြေပြင်ပေါ်က သွေးကွက်ကို ရှုပ်ထွေးတဲ့ မျက်လုံးတွေနဲ့ ခဏတုံ့ဆိုင်းစွာ ရပ်ကြည့်နေပြီး နောက်ဆုံးတော့ နောက်ကနေ လိုက်သွားခဲ့သည်။
"အန္တရာယ်များလိုက်တာ!"
ကြီးမားသော ကျောက်ကျင်းကြီးကို ကိုင်ထားရင်း လုရွှမ်သည် တစ်လမ်းလုံး မရပ်မနားဖြင့် မိုင်ဆယ်နှင့်ချီဝေးသော နေရာအထိ အလျင်အမြန် ထွက်ပြေးလာခဲ့သည်။
သူ့နောက်ကို ဘယ်သူမှ လိုက်မလိုက်နိုင်တာကို မြင်လိုက်ရတော့မှ မတတ်နိုင်ဘဲ သက်ပြင်းချပြီး ကျောက်ကျင်းကို ချလိုက်သည်။
သူသည် မိုင်တစ်ဆယ်သာ ပြေးခဲ့သော်လည်း လက်မှုပညာရှင် အဖွဲ့အစည်းမှ သူဒီကို ရောက်လာချိန်ထက် ပိုပင်ပန်းလေ၏။
အကြောင်းရင်းမှာ ကျောက်ကျင်းသည် အလွန် လေးလံနေသောကြောင့်ပင်။ အရေးကြီးဆုံး အချက်မှာ ဘယ်လောက်ပဲ မြန်မြန်ပြေးပါစေ အနည်းငယ် တုန်လှုပ်ခြင်းကို မပြုမိအောင် သတိထားရသည်။
မဟုတ်ပါက အတွင်းက ဝိညာဉ်အရည်များ အက်ကွဲပြီး မြေပြင်ပေါ်သို့ ကျလာမည်ဖြစ်သည်။
ဝိညာဉ်ရေးအရည် တစ်စက်တိုင်းသည် အလွန်အဖိုးတန်သည်။ ယခု သူပိုက်ဆံရှိပြီး အစွမ်းထက်သော်လည်း တစ်စက်ကလေးမှ ဖြုန်းတီးရန် ဆန္ဒမရှိပေ။
"ဒီအတိုင်း ဆက်ပြေးနေရင် စွမ်းအင် ပျောက်ကွယ်သွားမှာ... သားရဲတွေကိုလည်း အများကြီးကို ဆွဲဆောင်ပြီး ဒီမှာ ပိတ်မိနေလိမ့်မယ်!"
လုရွှမ် သူ့နဖူးက ချွေးတွေကို သုတ်လိုက်ပြီး လက်ရှိအခြေအနေကို တွေးလိုက်သည်။
ကျောက်ကျင်းထဲရှိ ဝိညာဉ်အရည်များ၏ စွမ်းအင်သည် အလွယ်တကူ ဖြာထွက်နေသည်။ ဒီအတိုင်း ဆက်လက်၍ အချို့ကို ထုတ်လွှတ်တာက အသေးအဖွဲ ကိစ္စပင် ဖြစ်သည်။
အဓိကမှာ ထူထဲသော ဝိညာဉ်စွမ်းအင်သည် သားရဲများကို အလွယ်တကူ ဆွဲဆောင်နိုင်သည်။
အထူးသဖြင့် ယခုအချိန်သည် ညအချိန်ဖြစ်သောကြောင့် ညဘက်တွင်ရှိသော သားရဲများသည် အလွန်အကဲဆတ်သော နှာခေါင်းနှင့် အကြားအာရုံရှိကြပြီး သူ့ကို ရှာဖွေတွေ့ရှိဖို့က အချိန်တစ်ခုသာ လိုသည်။
"ဒါကိုဖွက်ထားဖို့ နေရာတစ်နေရာ အရင်ရှာရမယ်....ပြီးမှ ဖြည်းဖြည်းချင်း သန့်စင်တာပေါ့..."
ဤကဲ့သို့ အဖိုးတန်သော ဝိညာဉ်အရည်ကို လုယူလာဖို့ဆိုတာ လွယ်ကူခဲ့တာ မဟုတ်ချေ။ တခြားသူနဲ့ နောက်တစ်ကြိမ် လုယက်ရန် ဆန္ဒမရှိပေ။
ယခုပင် ဆိတ်ငြိမ်သော နေရာကို ရှာ၍ ဝိညာဥ်အရည်ကို ဖြည်းဖြည်းချင်း သန့်စင်နိုင်လျှင် အလွန်ကောင်းပေလိမ့်မည်။
"အမ်? ဟိုမှာ လှိုဏ်ဂူရှိတယ်!"
တစ်ပတ် လှည့်ကြည့်လိုက်တော့ သဘာဝအတိုင်း ဖွဲ့စည်းထားတဲ့ လှိုဏ်ဂူကြီး တစ်ခုကို တွေ့လိုက်ရသည်။
စီးဆင်းနေသော ရေကြောင့် အချိန်ကြာလာသောအခါ ဂူကြီးတစ်ခု ဖြစ်သွားဟန် ရှိသည်။ ကျောက်ကျင်းကို ပွေ့ကာ တွန့်ဆုတ်စွာ လျှောက်သွားလိုက်တော့ အထဲမှာ စိုစွတ်နေ၏။
နဂါးဆင် ရွှေလက်ဝါးဖြင့် အကြိမ်အနည်းငယ် ရိုက်ပြီးနောက် ကျောက်ကျင်းထားဖို့ နေရာရသွားသည်။ ဝိညာဥ်စွမ်းအင်တွေ ပြန့်မသွားအောင် ကာကွယ်ဖို့ နောက်ထပ် ကျောက်ပြားတစ်ချပ်ကိုလည်း ရှာယူလိုက်သည်။
လုရွှမ် သက်ပြင်းတစ်ချက် ချလိုက်သည်။
"အပြင်ဖက်ကို ခဏလောက် ဖုံးထားလိုက်မယ်... မဟုတ်ရင် ဒီနေရာကို လာတဲ့လူတွေ အလွယ်တကူ ရှာတွေ့သွားလိမ့်မယ်!"
လုရွှမ်သည် ဂူထဲမှထွက်လာပြီး ဂူဝင်ပေါက်ကို သစ်ကိုင်းများနှင့် မြက်ခြောက်များဖုံးကာ သက်ပြင်းတစ်ချက်ချပြီး ဂူထဲသို့ ပြန်ဝင်သွားပြန်သည်။
"ဝိညာဉ်အရည်နဲ့ ကျင့်ကြံရအောင်!"
အလွန်အားစိုက်ထုတ်ပြီး ဝိညာဉ်အရည်ကို လုယူရခြင်း၏ ရည်ရွယ်ချက်မှာ သူ၏ ခွန်အားကို မြှင့်တင်ရန်ဖြစ်သည်။ ယခုသူ့တွင် ဝိညာဉ်အရည်များ ရှိနေသဖြင့် စိတ်မထိန်းနိုင်တော့ပေ။
အဓိကမှာ သူ၏ ခွန်အားကို တတ်နိုင်သမျှ မြှင့်တင်ရန် ဖြစ်သည်။
ကျောက်ပြားကို ဘေးဖယ်၍ ဝိညာဉ်အရည်တစ်လုတ်ကိုယူပြီး ပါးစပ်ထဲကို ထည့်လိုက်တော့ နွေးထွေးမှု လှိုင်းလုံးကြီးက နှလုံးနဲ့ အဆုတ်ဆီကို ချက်ခြင်းရောက်သွားသလို ခံစားလိုက်ရပြီး သူ့တစ်ကိုယ်လုံး အပူတွေ ပြည့်သွားသည်။
"ကောင်းပြီ!"
ဤအရာသည် ဝိညာဉ်အရည်၏ အကျိုးသက်ရောက်မှု ဆိုတာ သိလိုက်ရသဖြင့် လုရွှအ်၏ မျက်လုံးများသည် စိတ်လှုပ်ရှားစွာ တောက်ပလာပြီး သူ့လက်များကို ပေါင်းစပ်လိုက်ကာ ယွမ်ယန်ကျင့်စဥ် ချက်ချင်းပင် စတင်လိုက်သည်။
ဝိညာဉ်ရေးအရည်မှ ထူထဲသော ဝိညာဉ်စွမ်းအင်များ ထွက်လာပြီး သူ့အပေါ်ကို အဆက်မပြတ် တိုးဝင်လာသည်။
ယခင်က လေထဲမှ ဝိညာဉ်စွမ်းအင်ကို စုပ်ယူခြင်းမှာ ရေကန်နှင့် ဆင်တူသည်ဟု ဆိုပါက ယခု ဝိညာဉ်အရည်ကို မျိုချခြင်းသည် မြစ်များနှင့် ဆင်တူသည်။
ထိုနှစ်ခုသည် လုံးဝ တူညီသော ပမာဏ မဟုတ်ပေ။
လုံလောက်သော ဝိညာဥ်စွမ်းအင်ဖြင့် ယွမ်ယန်ကျင့်စဥ်၏ စွမ်းအားသည် မောပန်းမှု ကင်းသော စက်တစ်ခုလိုဖြစ်ပြီး စစ်မှန်သော စွမ်းအင်အဖြစ်သို့ အဆက်မပြတ် ကူးပြောင်းနေသကဲ့သို့ ပေါ်ထွက်လာသည်။
မတိုင်ခင်က အဆင့်၁ နန်းတော်ပင်လယ် နယ်ပယ်သည် စစ်မှန်တဲ့ စွမ်းအင်ရဲ့ လှုံ့ဆော်မှုအောက်မှာ တဖြည်းဖြည်း ကြီးထွားလာပြီး သူ့ရဲ့ လှုပ်ရှားမှုတိုင်းဟာ ခွန်အားအပြည့်နဲ့ ဖြစ်သည်။
၅%
၁၀%
၂၀%
.......
စဉ်ဆက်မပြတ် စွမ်းအင် စုပ်ယူမှုအောက်တွင် စစ်မှန်သော စွမ်းအင်များ တဖြည်းဖြည်း တိုးပွားလာပြီး မကြာမီတွင် နန်းတော်ပင်လယ် အောက်ခြေအဆင့်ကို လုံးလုံးလျားလျား ပြည့်သွားသည်။
မကြာခင်မှာပဲ တစ်ညတာ ကုန်သွားသည်။
"ဟူး......"
အသက်ရှုထုတ်ရင်း လုရွှမ် မျက်လုံးဖွင့်လိုက်သည်။
"ဝိညာဉ်အရည်တစ်ခုရဲ့ အကျိုးသက်ရောက်မှုက အံ့ဩစရာပဲ! တစ်ညတည်းမှာပဲ ငါ စစ်မှန်တဲ့ စွမ်းအင်လမ်းကြောင်း ၂၀၀%ကို စုဆောင်းခဲ့ပြီး နန်းတော်ပင်လယ် နယ်ပယ်ရဲ့ အစောပိုင်းအဆင့်ကို ရောက်ခဲ့ပြီ!"
တစ်ညသာ ကြာသော်လည်း ဆိုလိုသည်မှာ နာရီအနည်းငယ် ကြာသော်လည်း အကျိုးသက်ရောက်မှုက အံ့ဩစရာ ဖြစ်ခဲ့သည်။
နန်းတော်ပင်လယ် နယ်ပယ်တွင် စစ်မှန်သောစွမ်းအင်သည် ငါးပုံတစ်ပုံအထိ ရောက်ရှိခဲ့ပြီး စစ်မှန်သော စွမ်းအင်၏ စုစုပေါင်း ၂၀၀% ကိုစုစည်းနိုင်ခဲ့သည်။
စစ်မှန်သော ဝိညာဥ်ချီ ၂၀၀%ကို လျှော့တွက်လို့ မရချေ။ အဆင့်၅ နန်းတော်ပင်လယ် နယ်ပယ်ကိုရောက်လျှင် ပြီးပြည့်စုံမှုအဆင့်သို့ ၂ဆ တိုးသွားနိုင်သည်။
ဒါက အရမ်း ကြောက်စရာ ကောင်းပေ၏။
"ရိုးရိုးရှင်းရှင်းပဲ စုပ်ယူခဲ့ရင် ဝိညာဥ်စွမ်းအင် လုံလောက်တဲ့ နေရာဆိုရင်တော့ သုံးလအတွင်း စစ်မှန်တဲ့ ဝိညာဥ်ချီကို ဒီလောက်အများကြီး စုဆောင်းနိုင်မှာ မဟုတ်ပေ။
ဝိညာဥ်ခုနစ်မျိုးမှို တည်ရှိရာ အရပ်တွင် စုဆောင်းခြင်းသည် တစ်နှစ်လျှင် ဝိညာဥ်ချီ ၁၀၀၀နီးပါးကို စုပ်ယူနိုင်သည်ဟု တွေးခဲ့ဖူးသော်လည်း ယခုအခါတွင် သူသည် အကောင်းမြင်လွန်း နေပုံရသည်။
ဝိညာဥ်စွမ်းအင် အားကောင်းလျှင် အစပိုင်းတွင် တိုးတက်မှုက မြန်ဆန်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ခန္ဓာကိုယ်သည် လိုက်လျောညီထွေ ဖြစ်လာသဖြင့် အလွန်မြန်မည်မဟုတ်ပါ။
ပူပြင်းတဲ့ စမ်းရေတွင်းထဲမှာ စိမ်ထားသလိုပင်။ အစပိုင်းမှာတော့ အရမ်းပူပြီး မဝင်ရဲပေမယ့် အရေပြားနဲ့ ခန္ဓာကိုယ်က အပူဓာတ်ကို လိုက်လျောညီထွေ ဖြစ်လာတဲ့အခါ အရမ်းသက်တောင့်သက်သာ ခံစားရပြီး ပူတာမျိုးလည်း မရှိတော့ချေ။
ဝိညာဉ်စွမ်းအား ပြင်းထန်သော နေရာများ အတွက်လည်း အလားတူပင် ဖြစ်သည်။ အစပိုင်းတွင် ဝိညာဉ်စွမ်းအင်များ လွန်ကဲစွာ ရှိနေပြီး အရေပြားအတွင်းသို့ တစ်ချိန်လုံး စိမ့်ဝင်သွားသည်ဟု ခံစားရမည်ဖြစ်သည်။
သို့သော် အချိန်ကြာလာတာနဲ့ ပျောက်ကွယ်သွားပြီး ကျင့်ကြံမှုအရှိန်ကလည်း နှေးကွေးလာလိမ့်မည်။
ဝိညာဉ်အရည်က မတူပါ။
ဝိညာဉ်အရည်သည် သန့်ရှင်းသော ဝိညာဉ်စွမ်းအင် စုစည်းမှုတစ်ခု ဖြစ်ပြီး ၎င်းကိုမျိုချလိုက်ပါက အစာစားချင်းကဲ့သို့ ကောင်းကျိုးများကာ ဆိုးဝါးသော တုံ့ပြန်မှု ရှိလာမည် မဟုတ်ပါ။
လေ့ကျင့်ရေး နည်းလမ်း၏ အရှိန်သည် မြန်ဆန်ပါက စွမ်းအင်စုပ်ယူခြင်း၏ စွမ်းဆောင်ရည်သည်လည်း ပို၍ မြင့်မားလာလိမ့်မည်။
"ဟိုဘက်မှာ သွားကြည့်စမ်း ရှာမတွေ့ဘူးဆိုတာ မယုံဘူး.... သူ တစ်ခုခု ကိုင်ထားတယ်ဆိုတော့ အဝေးကို မပြေးနိုင်ဘူး... အနီးနားမှာ ရှိရမယ်!"
လေ့ကျင့်မှုကို ရပ်တန့်လိုက်သည်နှင့် တပြိုင်နက် လုရွှမ်သည် ခဏတာ အနားယူကာ ဝိညာဉ်အရည်ကို ဆက်လက် သန့်စင်ရန် စီစဉ်ခဲ့သည်။
အဝေးက ကျယ်လောင်သော အော်သံကို ကြားရပြီး မနီးမဝေးမှ ခြေသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
"တွေ့ပြီလား?"
အသံသည် မကြာခင်က တွေ့ခဲ့တဲ့ ဝေ့ချန်ဆိုတာ သိလိုက်ရတော့ လုရွှမ်စိတ်တွေ တင်းမာသွားသည်။